← Chapters

အခန်း (၇၇၆-၇၇၇)

Vol. 46 Ch. 776-777

အခန်း (၇၇၆-၇၇၇)

Vol. 46 Ch. 776-777

Chapter 776

ဒုတိယအကြိမ် နိုးထခြင်း၊ ကြယ်နက်ပန်းပဲဖို ၁

အခြေအနေများ ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုအတွင်းသို့ ချက်ချင်း ဝင်ရောက်လိုက်သည်။ မြင်ကွင်းများ ရုတ်ခြည်းပြောင်းလဲသွားကာ သူသည် ထိုဧရာမ ကြယ်ကြီးအတွင်းသို့ တစ်ဖန်ရောက်သွားပြန်သည်။ ခုနက မြင်ခဲ့ရသော အနက်ရောင် ကမ္ဘာပျက်ကပ်ရထားကြီးသည် ယခုအခါ ဆွဲငင်အားမဲ့စွာဖြင့် လေထုထဲ၌ တိတ်ဆိတ်စွာ ဝဲပျံနေသည်။ ရထားတွဲ ဆယ်တွဲကျော်သည် တစ်ခုနှင့်တစ်ခု လိမ်ပတ်လျက် လင်းရှန်၏ အမိန့်ကို စောင့်နေကြဟန်ရှိသည်။

ထိုအချိန်တွင် လင်းရှန်သည် ဤရထားအပေါ် မည်သည့်လုပ်ဆောင်ချက်မဆို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ကျန်းရှု့ဝေပေးထားသော စံနှုန်းမီ အာကာသရထားတွဲပုံကြမ်းကို ကြယ်နက်ပန်းပဲဖိုထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ ထုတ်လုပ်မှုအစီအစဥ်တစ်ခုကို အသုံးပြုရုံဖြင့် ဤကမ္ဘာပျက်ကပ်ရထားကို စံနှုန်းမီ သင်္ဘောရထားတွဲအဖြစ် တိုက်ရိုက်ပြောင်းလဲနိုင်ပြီဖြစ်သည်။

[စံနှုန်းမီ သင်္ဘောရထားတွဲ တည်ဆောက်ရေးလုပ်ငန်းကို စတင်ရန် ထုတ်လုပ်မှုအစီအစဥ် ၁ ကို အသုံးပြုမည်လား အတည်ပြုပေးပါ။ ကြာမြင့်ချိန် - ၁၆ ရက်]

[အကြံပြုချက် - ယန္တရားထုတ်လုပ်မှုအဆင့်ကို မြှင့်တင်ခြင်းနှင့် ထုတ်လုပ်မှုအစီအစဥ်များ ထပ်မံဖြည့်စွက်ခြင်းဖြင့် တည်ဆောက်ချိန်ကို တိုတောင်းစေနိုင်သည်]

“၁၆ ရက်တောင်လား။ ဒါဆို ထုတ်လုပ်မှုအစီအစဥ် ၅ ခုလုံးကို တစ်ပြိုင်နက်သုံးရင်ရော”

[စံနှုန်းမီ သင်္ဘောတွဲ တည်ဆောက်ရေးလုပ်ငန်းကို ထုတ်လုပ်မှုအစီအစဥ် ၁ မှ ၅ အထိ အသုံးပြု၍ စတင်ရန် အတည်ပြုပါ။ ကြာမြင့်ချိန် - ၃.၂ ရက်]

“ထင်တဲ့အတိုင်းပဲ”

စနစ်မြင်ကွင်းကို ကြည့်ရင်း လင်းရှန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကမ္ဘာပျက်ကပ်ရထားကို သင်္ဘောရထားတွဲအဖြစ် ပြောင်းလဲခြင်းသည် အဆင့်မြှင့်တင်ခြင်းသက်သက်မဟုတ်ဘဲ အစိတ်အပိုင်းများ ဖြုတ်ထုတ်ပြီးမှ ပြန်လည်တည်ဆောက်ခြင်းမျိုးဖြစ်သည်။ ကြယ်နက်ပန်းပဲဖို၏ ထုတ်လုပ်မှုအစီအစဥ်သည် ယန္တရားဝါးမျိုမှုကိုပါ အထောက်အပံ့ပေးနိုင်သည်လားဟု သူတွေးမိသည်။

ထိုသို့တွေးမိသည်နှင့် သူချက်ချင်း စမ်းသပ်ကြည့်ရာ ထင်သည့်အတိုင်းပင် ဖြစ်နေသည်။ ထုတ်လုပ်မှုအစီအစဥ်ထဲ၌ အလိုအလျောက် ယန္တရားဝါးမျိုမှု လုပ်ငန်းစဉ်တစ်ခုပေါ်လာသည်။

[ပစ်မှတ် ၁ ကို အလိုအလျောက် ယန္တရားဝါးမျိုမှု ပြုလုပ်ရန် အတည်ပြုပါ။ ကြာမြင့်ချိန် - ၅ နာရီ]

“ငါထင်သားပဲ”

လင်းရှန်သည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

“အစီအစဉ် ၅ ခုလုံးကို တစ်ပြိုင်နက်စတင်ရင် ဒီရထားတွဲ ဆယ်တွဲကျော်ကို ၁ နာရီအတွင်း ဝါးမျိုနိုင်မှာပေါ့”

“ဒါပဲလေ”

လင်းရှန်သည် အချိန်ဆိုင်းမနေဘဲ အစီအစဉ် ၅ ခုလုံးကို တစ်ပြိုင်နက်စတင်ကာ ဝါးမျိုမှုလုပ်ငန်းကို လုပ်ဆောင်စေလိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုဧရာမကြယ်အတွင်း၌ ထုတ်လုပ်ရေးလိုင်း ၅ ခုမှ ယန္တရားလက်တံအမြောက်အမြား ထွက်ပေါ်လာသည်။ ဖြတ်တောက်ခြင်းနှင့် အစိတ်အပိုင်းဖြုတ်ခြင်း အလင်းတန်းများစွာ တောက်ပသွားပြီး လင်းရှန်၏မျက်စိရှေ့တွင်ပင် ဧရာမ ကမ္ဘာပျက်ကပ် ရထားကြီးသည် လျင်မြန်စွာ ပြိုကွဲသွားလေသည်။

ထို့နောက် လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုအတွင်းမှ ပြန်ထွက်လာပြီး ဟာလာဟင်းလင်းဖြစ်နေသော နေရာလွတ်ထဲ၌ ပင်ပန်းစွာ အသက်ရှူရင်း စဉ်းစားနေမိသည်။

အကယ်၍ သူသည် ကြီးမားသော ယန္တရားပစ္စည်းများကို ကြယ်နက်ပန်းပဲဖိုထဲသို့ ထည့်သွင်းနိုင်ပါက ပြန်လည်ပုံဖော်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ခြင်းတို့အပြင် ဝါးမျိုမှုလုပ်ငန်းကိုပါ တိုက်ရိုက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိမည့်အပြင် အရေးကြီးဆုံးမှာ အလွန်လုံခြုံခြင်းပင် ဖြစ်သည်။

သို့သော် ဤကဲ့သို့ ထည့်သွင်းထုတ်လုပ်ခြင်းသည် လွယ်ကူလှသည်တော့မဟုတ်ပေ။ သူ၏ စွမ်းအင်များအားလုံး ကုန်ခမ်းလုနီးပါး ဖြစ်သွားရသည်။ ဤနည်းလမ်းကိုသုံး၍ အတိုင်းအတာကြီးမားသော ဝါးမျိုမှုနှင့် ဖြုတ်ထုတ်မှုများကို လုပ်ဆောင်ရန်မှာမူ မဖြစ်နိုင်သေးပေ။ ဤလုပ်ဆောင်ချက်ကို အရေးကြီးသောပစ္စည်းများ ထုတ်လုပ်ရန်နှင့် အဆင့်မြှင့်တင်ရန်အတွက်သာ အဓိကထား အသုံးပြုရပေလိမ့်မည်။

“ဒါပေမဲ့ အရေးကြီးတဲ့ အချိန်ကျရင် ဒီနည်းလမ်းကို သုံးပြီး ကြီးမားတဲ့ ကိရိယာတွေကို ငါ ယူသွားလို့ရတယ်”

လင်းရှန်သည် မျက်နှာဖြူဖျော့လျက် အားပျက်စွာ ရေရွတ်လိုက်သည်။ စွမ်းရည်ကို ကိုယ်တိုင်ထိန်းချုပ် အသုံးပြုနိုင်ခြင်းနှင့်စာလျှင် ယခုကဲ့သို့ စွမ်းရည်က သူ၏အားအင်ကို အတင်းအကျပ် စုပ်ယူသွားခြင်းမျိုးကိုမူ လင်းရှန် သဘောမကျပေ။ ထိုသို့ဖြစ်ခြင်းက သူ့ကို အမြဲအားနည်းသွားစေသောကြောင့်ဖြစ်သည်။ ထို့ပြင် ဤအားအင်ကုန်ခမ်းမှုမှာ နွမ်းနယ်ခြင်းသက်သက်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံးဝချည့်နဲ့သွားသကဲ့သို့ ခံစားရသည်။

သူအချိန်ကို ကြည့်လိုက်ရာ ညနေ ၄ နာရီ ရှိနေပြီဖြစ်သည်။ တစ်နေ့တာလုံး သူသည် ဤစက်ရုံထဲ၌သာ ပိတ်မိနေခဲ့သဖြင့် အာရုဏ်ဦးမြို့တော်နှင့် ရှင်းဂျီတို့ဆီမှ မည်သည့်သတင်းအသစ်များ ရောက်နေမည်ကို မသိရသေးပေ။

လင်းရှန်သည် စွမ်းအားနိုးထလာမှုနှင့် အဆင့်မြင့်လာမှုအတွက် ကျေနပ်ဂုဏ်ယူနေရင်း စက်ရုံထဲမှ ဒယိမ်းဒယိုင်ဖြင့် ထွက်လာခဲ့သည်။ သူသည် ရှင်းဂျီနှင့် ကျန်းရှု့ဝေကို သွားရောက်ရှာဖွေချင်သော်လည်း မတ်တတ်ပင် မရပ်နိုင်တော့ပေ။

“ကပ္ပတိန်လင်း”

“ကပ္ပတိန်”

“ကပ္ပတိန်လင်း ဘာဖြစ်တာလဲ”

လမ်းတစ်လျှောက်တွင် ပေါင်းစည်းယာဉ်တန်းမှ အဖွဲ့ဝင်များက လင်းရှန်ကို ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းနေကြသည်။ လင်းရှန်သည် ခေါင်းခါပြရုံသာ တတ်နိုင်ပြီး လမ်းကိုသာ မနည်းအားယူလျှောက်နေရသည်။ ရင်းနှီးသော မျက်နှာတစ်ခု လူအုပ်ထဲမှ ထွက်လာသည်အထိပင်။

ချန်ဆီရွှမ်၊၊

လင်းရှန်၏ အခြေအနေကို မြင်သောအခါ ချန်ဆီရွှမ်လည်း အံ့အားသင့်ကာ စိုးရိမ်သွားတော့သည်။

“လင်းရှန်”

“ဆရာမချန်...”

လင်းရှန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မျက်စိရှေ့တွင် မှောင်အတိကျသွားကာ ချန်ဆီရွှမ်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်လဲကျသွားခဲ့သည်။ ချန်ဆီရွှမ်၏ လက်မောင်းထဲတွင် မှီရင်း သူ၏မျက်နှာထက်၌ အပြုံးရိပ်တစ်ခု ပေါ်လာကာ သတိလွတ်စွာဖြင့် ရေရွတ်လိုက်မိသည်။

“ငါ အခု ယန္တရားအရှင်သခင်ဖြစ်သွားပြီ။ ဒီစွမ်းရည်က စောက်ရမ်းမိုက်တယ်။ အနန္တရထားကို ကောင်းကင်အမိုးခုံးအဆင့်ထိ မြှင့်တင်ချင်တယ်...”

“ဘာပြောလိုက်တာလဲ”

လင်းရှန် ဘာတွေ တီးတိုးပြောနေသည်ကို ချန်ဆီရွှမ် သေချာမကြားရပေ။ သူ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း လင်းရှန် အိပ်ပျော်သွားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။

….

“နင် နောက်ဆုံးတော့ အိပ်ပျော်သွားပြီပေါ့”

ဤစကားမှာ အလွန်ထူးဆန်းနေသော်လည်း လင်းရှန်သည် သူနားကြားမမှားကြောင်း သိနေသည်။ သူ မျက်စိဖွင့်ကြည့်လိုက်သောအခါ လင်းထိန်ပြီး သန့်ရှင်းကျယ်ဝန်းသော အစည်းအဝေးခန်းမတစ်ခုသို့ ရောက်နေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ခန်းမ၏ တစ်ဖက်တွင် ဖျတ်လတ်တတ်ကြွသောပုံရိပ်တစ်ခုက နံရံကိုမှီလျက် လက်ပိုက်ရပ်နေသည်။ သူ၏ ငွေမှင်ရောင် ဆံပင်ရှည်များကို မြင်းမြီးပုံစံ စည်းထားပြီး ခန္ဓာကိုယ်ပေါ်ရှိ စက်ယန္တရားဝတ်စုံမှ စွမ်းအင်လိုင်းများက ဖြည်းညှင်းစွာ စီးဆင်းနေသည်။ ထိုသူကို သေချာမတွေ့ရသေးသော်လည်း လင်းရှန်သည် ချူယန်နှင့် စိတ်ချင်းဆက်နွှယ်သွားပြန်ပြီဖြစ်ကြောင်း သိလိုက်သည်။

တစ်ဖက်တွင် လင်းရှန်သည် ဤခံစားချက်ကို မနှစ်သက်ပေ။ အချိန်မရွေး ထိန်းချုပ်ခံရနိုင်သည်ဟူသော စိုးရိမ်စိတ်ရှိနေသည်။ တစ်ချိန်တည်းမှာပင် သူ့တွင် ဖြစ်ပေါ်နေသော ဤထူးဆန်းမှုကိုလည်း သတိထားနေမိသော်လည်း လက်ရှိအခြေနေတွင်မူ သူဘာမှမတတ်နိုင်ပေ။ ချူယန်နှင့် စိတ်ချင်းဆက်နွှယ်မှုမှာ အမြဲဖြစ်နေချင်းတော့မဟုတ်ပေ။ လင်းရှန် ပုံမှန်အိပ်ပျော်နေချိန်တွင် ထိုသို့မဖြစ်တတ်ဘဲ သူ၏ စိတ်မတည်ငြိမ်ချိန် သို့မဟုတ် သတိလစ်သွားချိန်များတွင်သာ များသောအားဖြင့် ဖြစ်ပေါ်တတ်သည်။

သို့သော်လည်း ချူယန်နှင့် ဆက်နွှယ်မှုကြောင့် အသုံးဝင်သော သတင်းအချက်အလက်များစွာ ရရှိခဲ့သဖြင့် ဤသည်မှာ လုံးဝဆိုးရွားသော အရာမဟုတ်ဟု လင်းရှန် ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်သည်။

“မင်းက ငါ့ကို စောင့်နေတာလား”

လင်းရှန် အာရုံစိုက်လိုက်သောအခါ ပတ်ဝန်းကျင်က ပိုကြည်လင်လာသည်။ အစည်းအဝေးခန်းမ၏ နံရံတစ်ခုပေါ်တွင် တောက်ပနေသော အနီရောင်ဖီးနစ်အမှတ်အသားကို မြင်လိုက်ရသဖြင့် ချူယန်သည် ယခု ဖီးနစ်၏ နယ်မြေထဲတွင် ရှိနေနိုင်ကြောင်း လင်းရှန် ရိပ်စားမိလိုက်သည်။

ချူယန်က လင်းရှန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီတစ်ခါတော့ နင်ခန့်မှန်းတာ မှန်တယ်။ ငါ နင့်ကို စောင့်နေတာပဲ”

“တစ်ခုခုဖြစ်လို့လား”

“နောက်ဆုံးအကြိမ် တွေ့ပြီးတဲ့နောက် ငါသေချာစဉ်းစားခဲ့တယ်။ တစ်ကိုယ်တော်လှုပ်ရှားမှုနဲ့ အဖွဲ့အစည်း ရှုထောင့်အရ… ငါတို့ကြားက ဒီဆက်နွှယ်မှုကို အဖွဲ့အစည်းဆီ အစီရင်ခံဖို့ တာဝန်ရှိတယ်လေ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက ပြဿနာဖြစ်လာနိုင်လား”

“ပြဿနာတော့ မဟုတ်ပါဘူး။ ငါ့ရဲ့ တာဝန်ကို ပြန်ညှိလိုက်တာပါ။ ဒါကတော့ ငါ့အတွက်ပေါ့”

“ငါက ငါ့အကြောင်း မေးနေတာလေ”

လင်းရှန်က ဘာပြောရမှန်းမသိဖြစ်ကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ မြောက်အမေရိက ပေါင်းစည်းတပ်ဦး ဒါမှမဟုတ် ဖီးနစ်အသင်းက ငါ့ကို စုံစမ်းစစ်ဆေးတော့မှာလား”

“နင်စိုးရိမ်နေတာတွေက မလိုအပ်ပါဘူး”

ချူယန်က လင်းရှန်ကို ကြည့်ကာ အေးဆေးစွာ ပြောသည်။

“ငါတို့က နင့်အပေါ် ရန်လိုစိတ်မရှိပါဘူး။ ဖီးနစ်က နင့်ကို အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့်လည်း ငါ ဒီမှာ နင့်ကို စောင့်နေတာပေါ့”

Chapter 777

ဒုတိယအကြိမ် နိုးထခြင်း၊ ကြယ်နက်ပန်းပဲဖို ၂

“ဘာကိုဆိုလိုတာလဲ”

ချူယန်က အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သဖြင့် လင်းရှန်လည်း အမူအရာ ပြောင်းသွားကာ ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။ ထိုအခါမှသာ အစည်းအဝေးခန်းမထဲတွင် ချူယန်တစ်ယောက်တည်းမဟုတ်ဘဲ အခြားတစ်ယောက်ရှိနေသေးကြောင်း သူသတိပြုမိတော့သည်။

အသက် ၅၀ ကျော်ခန့်ရှိမည့် အမျိုးသမီးတစ်ဦးသည် အစည်းအဝေးစားပွဲ၏ ထိပ်ဆုံးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး လင်းရှန်ကို ကြည့်နေသည်။ သူမ၏ မီးခိုးရောင်ဝတ်စုံနှင့် ဆံပင်တိုတိုနှင့် ထက်မြက်ပုံရသည်။ သူမ၏ မျက်နှာတွင် အိုမင်းရင့်ရော်မှုများ ရှိနေသော်လည်း မျက်ဝန်းများမှာမူ ကြယ်တာရာများကဲ့သို့ ခန့်ညားတည်ငြိမ်လှသည်။ သူမသည် လင်းရှန်ကို မြင်နေရသလား သို့မဟုတ် ချူယန် စကားပြောနေသည့် ဘက်ကိုကြည့်ကာ လင်းရှန်၏ တည်နေရာကို ခန့်မှန်းနေသလား မသိရသော်လည်း သူမ၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။ ပထမဆုံး မြင်လိုက်ရသည့် အကဲဖြတ်ခြင်းက ပြင်းထန်သော်လည်း သူမက ပညာတတ် တက္ကသိုလ်ပါမောက္ခတစ်ဦးနှင့် တူလှသည်။

“မင်္ဂလာပါ လင်းရှန်။ ငါက ဖီးနစ်ရဲ့ တပ်မှူးယဲ့လန်ပါ။ အခုလို နည်းလမ်းမျိုးနဲ့ ဆက်သွယ်ရတဲ့အတွက် တောင်းပန်ပါတယ်”

လင်းရှန်၏ မျက်နှာမှာ ဖြည်းဖြည်းချင်း တည်ကြည်သွားသည်။ ထိုအချိန်တွင် ချူယန်က လင်းရှန်၏ ဘယ်ဘက်ရှိ ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်ရင်း ပြောလိုက်သည်။

“ပါမောက္ခယဲ့က ငါတို့ကြားက ဒီဆက်နွှယ်မှုကို သုံးပြီး နင်နဲ့ စကားပြောချင်နေတယ်”

တပ်မှူး။

ဤရာထူးအမည်ကို ကြားလိုက်ရသည်နှင့် လင်းရှန်သည် ရှေ့တွင်ရှိနေသော ပုဂ္ဂိုလ်အပေါ် လေးစားမိသွားကာ ယဲ့လန်ထံမှ ချူယန်ထံသို့ အကြည့်ကို လွှဲလိုက်သည်။

“မင်းက ဘာသာပြန်ပေးမှာလား”

“တစ်ဆင့်ပြောပြပေးမှာပါ”

ချူယန်က တည်ငြိမ်စွာ ပြောသည်။

“နင်ပြောတာကို ငါတစ်ယောက်ပဲ ကြားနိုင်တာလေ”

“ကောင်းပြီလေ”

လင်းရှန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ စိတ်ချင်းဆက်နွှယ်နေခြင်း ဖြစ်သော်လည်း ဤမီးရောင်အောက်တွင် သူသည် ကြီးမားသော ဖိအားကို ခံစားနေရသည်။ ယဲ့လန်က လင်းရှန်၏ တုံ့ပြန်မှုကို ကြိုသိနေသကဲ့သို့ပင် အေးအေးဆေးဆေး ပြောလိုက်သည်။

“စိတ်မလှုပ်ရှားပါနဲ့။ ဖီးနစ်နဲ့ ပူးပေါင်းခဲ့တဲ့ အကြိမ်ပေါင်းများစွာမှာ မင်းက ကမ္ဘာကြီးကို အံ့အားသင့်စေလောက်တဲ့ ဉာဏ်ပညာနဲ့ တာဝန်သိစိတ်ကို ပြသခဲ့ပြီးသားပါ။ လူသားယဉ်ကျေးမှုရဲ့ ဒီကပ်ဘေးကြီးထဲမှာ မင်းက ငါတို့ ယုံကြည်ရတဲ့သူတစ်ယောက် ဖြစ်သလို ဘုံရည်မှန်းချက်အတွက် ပေါင်းစည်းနိုင်တဲ့သူတစ်ယောက်လို့ ငါတို့ သတ်မှတ်ထားတာကို မင်းနားလည်မယ်လို့ ယုံကြည်ပါတယ်”

“အခုလို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တပ်မှူးယဲ့”

“ကမ္ဘာပျက်ကပ်မတိုင်ခင်က ပါမောက္ခယဲ့လန်က ကြယ်မြို့တော်တက္ကသိုလ်ရဲ့ အဏုမြူ ရူပဗေဒပါမောက္ခဖြစ်ခဲ့သလို ဖက်ဒရေးရှင်းသိပ္ပံနဲ့ နည်းပညာမြှင့်တင်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့တယ်။ ဒါကြောင့် နင်က သူမကို ပါမောက္ခယဲ့လို့လည်း ခေါ်နိုင်တယ်”

ချူယန်က လေးနက်စွာ ပြောသည်။

လင်းရှန်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။ ခဏစဉ်းစားပြီးနောက် သူက တိုက်ရိုက်ပင် ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို ပါမောက္ခယဲ့ကို ငါ့စကားတွေ ပြောပြပေးပါ။

ဖီးနစ်နဲ့ ကျုပ်ပူးပေါင်းခဲ့တာတွေက ကိုယ်တိုင်အသက်ရှင်ရပ်တည်ဖို့ လိုအပ်ချက်ပေါ်မှာပဲ အမြဲအခြေခံခဲ့တာပါ။ ကျုပ်မှာ အဲ့ဒီလောက်ကြီးမားတဲ့ ဉာဏ်ပညာနဲ့ တာဝန်သိစိတ်တွေ မရှိပါဘူး။ ဒါပေမဲ့ ဖီးနစ်ရဲ့ ယုံကြည်မှုကို ရတာကတော့ ဂုဏ်ယူစရာပါပဲ”

ချူယန်က လင်းရှန်၏ စကားများကို တစ်လုံးမကျန် ယဲ့လန်ထံသို့ ပြန်ပြောပြပေးလိုက်သည်။ ယဲ့လန်က ထိုစကားကို ကြားသောအခါ လင်းရှန်ရှိရာဘက်သို့ ကြည့်ကာ ပြုံးလိုက်ပြီး အေးဆေးစွာ ပြောသည်။

“ရှင်သန်ရပ်တည်ချင်တာက လူသားတွေရဲ့ မူလဗီဇပဲ။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ ဘယ်သက်ရှိမဆို ဒီတိုင်းပါပဲ။ ဒါပေမဲ့ လူသားယဉ်ကျေးမှုရဲ့ မီးပွားလေးတွေ ထောင်စုနှစ်ချီပြီး တည်တံ့နေတာကတော့ အချင်းချင်း ကူညီစောင့်ရှောက်မှုနဲ့ စည်းလုံးမှုတွေကြောင့်ပဲ။ ဒါဟာ ယဉ်ကျေးမှုထွန်းကားလာရခြင်းရဲ့ အဓိပ္ပာယ်ပဲလေ။ အခုလို ကပ်ဘေးနဲ့ ရင်ဆိုင်ရချိန်မှာ ရှင်သန်မှုက ဗီဇဖြစ်ပေမဲ့ စည်းလုံးမှုကတော့ ရွေးချယ်မှုပဲ။ ဒီရွေးချယ်မှုကို ယူပေဆိပ်ကမ်းမှာကတည်းက မင်းလုပ်ခဲ့ပြီးသား မဟုတ်လား”

လင်းရှန် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

“ကောင်းပြီလေ။ ဘာလို့လဲဆိုတော့ ကျုပ်က လူသားအားလုံးကို ကယ်တင်မယ်ဆိုတဲ့ ကြွားဝါတဲ့ ကြွေးကြော်သံမျိုးတွေ မပြောချင်သလို၊ စွမ်းအားကြီးရင် တာဝန်ကြီးတယ်ဆိုတဲ့ အတွေးအခေါ်မျိုးကိုလည်း မဝေဖန်ချင်ပါဘူး။ ဒါပေမဲ့ မူအရတော့ ကျုပ်က ဖီးနစ်ကို ထောက်ခံပါတယ်။ အနည်းဆုံးတော့ ကျုပ်ရဲ့ တန်ဖိုးထားမှုအရ ဖီးနစ်က အခု ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်နေတဲ့ ကြိုးပမ်းမှုတွေကို ကျုပ်အသိအမှတ်ပြုပါတယ်။ ဒါကြောင့် ကျုပ်ကူညီနိုင်တာရှိရင် ပြောနိုင်ပါတယ်”

ယဲ့လန်က လင်းရှန်ရှိရာ နေရာလွတ်ဘက်သို့ ကြည့်လိုက်သည်။ အခန်းထဲတွင် လူနှစ်ယောက်သာရှိသော်လည်း တတိယမြောက်လူတစ်ယောက် နားထောင်နေသည်ကို သိနေသကဲ့သို့ပင်။

“ကပ္ပတိန်လင်း… တွင်းနက်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်တော့မယ်။ ဖီးနစ်ကိုယ်စား ငါတောင်းဆိုချင်တာကတော့ အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာကို ပစ်မှတ်ထားတဲ့ ငါတို့ရဲ့ စစ်ဆင်ရေးမှာ မင်းပါဝင်ပေးဖို့ပါပဲ”

“သန့်စင်ခြင်း စီမံကိန်း”

…

ညအမှောင်မကျမီ၊၊ ညနေ ၅ နာရီအချိန်၊၊

အာရုဏ်ဦးမြို့တော်၊၊

မနေ့ညက ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကို မြို့စောင့်တပ်နှင့် ညကင်းလှည့်အဖွဲ့တို့၏ ပြင်းထန်သော နှိမ်နင်းမှုများဖြင့် ခေတ္တထိန်းချုပ်နိုင်ခဲ့သည်၊၊ သို့သော်လည်း မိုးလင်းကတည်းက အခြေအနေမကောင်းကြောင်း ရိပ်မိနေသည့် အလတ်စားနှင့် အကြီးစားယာဉ်တန်းအချို့၏ လှုပ်ရှားမှုများ စတင်လာခဲ့သည်၊၊ ယာဉ်တန်းအမြောက်အမြား မြို့ထဲမှ စတင်ထွက်ခွာကြရာ အချို့မှာ ချင်းပိုမြို့ရှိ ဖီးနစ်၏ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော အခြေစိုက်စခန်းဆီသို့ ဦးတည်ကြပြီး အချို့မှာမူ ယုံကျန်းဆိပ်ကမ်းရှိ ရှင်းဟွာ အကြီးစားစက်မှုလုပ်ငန်း၏ အမှတ် ၃ တည်ဆောက်ရေးစခန်းဆီသို့ ဦးတည်သွားကြသည်၊၊ သို့သော်လည်း ၈ ခုမြောက် တွင်းနက်သည် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာနေသဖြင့် ယုံကျန်းဆိပ်ကမ်းသည် ဝင်ရိုးစွန်းညထဲသို့ ရောက်ရှိရန် တစ်လပင် မလိုတော့ပေ၊၊ ထို့ကြောင့် လူအများစု၏ ရည်မှန်းချက်မှာ ခန်းချန်မြို့သို့ သွားရောက်ကာ ထိုနေရာသို့ ရောက်ရှိလာမည့် တပ်ရင်း ၈၃ သံမဏိအစောင့်တပ်နှင့် ပူးပေါင်းရန်ဖြစ်သည်၊၊ ရထားယာဉ်တန်းများသာလျှင် သမုဒ္ဒရာရထားလမ်းပေါ်သို့ တက်ရောက်ရန် ကြိုးစားကြသည်၊၊

မြို့တွင်း၌လည်း မိုးလင်းကတည်းက ညနေပိုင်းအထိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးများမှာ ပိတ်ဆို့နေခဲ့သည်၊၊ ဤသို့ မြို့သားများ ထွက်ခွာသွားမှုကို ဟန့်တားရန်နှင့် အာရုဏ်ဦးမြို့တော်၌ ဆက်လက်နေထိုင်စေရန်အတွက် ကျိုးမင်ယွမ်သည် အပေါ်ယံတွင် ရိုးရှင်းသော်လည်း အမှန်တကယ်တွင် အချိန်ဆွဲရန် ရည်ရွယ်သည့် တားမြစ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်၊၊ ထွက်ခွာသူများ၏ ဘေးကင်းရေးနှင့် ရှင်သန်နိုင်စွမ်းမြှင့်တင်ရန်ဟု အကြောင်းပြလျက် မြို့မှထွက်မည့်သူအားလုံးကို နောက်ဆုံးပေါ် စိတ်ဝိညာဉ်တန်ဖိုး တိုင်းတာစက်ဖြင့် တစ်ဦးချင်း စစ်ဆေးရမည်ဟု အမိန့်ထုတ်ထားသည်၊၊ ထိုစက်သည် အမှောင်အမှတ်သားကို စစ်ဆေးရုံသာမက လူသားတို့၏ ခန္ဓကိုယ်ထဲမှ အမှောင်ကျူးကျော်မှု ပြင်းအားကိုပါ တိုင်းတာနိုင်သည်ဟု သတင်းထွက်နေသည်၊၊

ဤလုပ်ဆောင်ချက်သည် တကယ်ပင် ထိရောက်မှုရှိခဲ့သည်၊၊ မြို့မှထွက်ခွာလိုသော ရှင်သန်ကျန်ရစ်သူများမှာ ဂိတ်တွင် အရှည်ကြီးတန်းစီကာ စောင့်ဆိုင်းနေကြရသည်၊၊ ညနေ ၄ နာရီ နောက်ပိုင်းတွင် တန်းစီနေသူ ထက်ဝက်ကျော်လောက် လျော့သွားသည်၊၊ အကြောင်းမှာ ယခုအချိန်မှ မြို့ပြင်ထွက်ပါက ခန်းချန်မြို့သို့ မမှောင်မီ မရောက်နိုင်တော့သဖြင့် အသက်ရှင်ကျန်ရစ်သူများအတွက် အလွန်အန္တရာယ်များသောကြောင့်ဖြစ်သည်၊၊

ထို့အပြင် ဤအမှောင်ကျူးကျော်မှု ပြင်းအားဆိုသည့်အချက်ကြောင့် မြို့ပြောင်းရန် စဉ်းစားနေသူများမှာ “၉၅ ရာခိုင်နှုန်း သန့်စင်သောရေ” ရရှိသည့် အာရုဏ်ဦးမြို့တော်ကို စွန့်ခွာရမည့် အကျိုးဆက်ကို ပြန်လည်စဥ်းစားလာကြရသည်၊၊ ဤသည်မှာ အဖွဲ့အစည်းငယ်လေးများနှင့် ယာဉ်တန်းငယ်များကို အမှန်ပင် ခြောက်လှန့်နိုင်ခဲ့သည်၊၊ ၎င်းအပြင် ဖက်ဒရေးရှင်းအစိုးရသည် အာရုဏ်ဦးမြို့တော်၏ ပြည်တွင်းကွန်ရက်မှတစ်ဆင့် သတင်းမှားများကို ချေပသည့် အကြောင်းအရာများကို အဆက်မပြတ် ဖြန့်ဝေနေသည်၊၊ အချို့သော ပုဂ္ဂလိက အကောင့်များကပင် ဤဖြစ်ရပ်သည် ဖီးနစ်ပေါ်လာခြင်းနှင့် ဆက်စပ်နေကြောင်း တမင်တကာ သွယ်ဝိုက်ရေးသားကာ လူထုအမြင်ကို လွှမ်းမိုးရန် ကြိုးပမ်းနေကြသည်၊၊ ကမ္ဘာပျက်ကပ်အခြေအနေအောက်တွင် အသက်ရှင်ကျန်ရစ်သူများသည် အလွန်ပင် စိတ်လှုပ်ရှားလွယ်နေကြသဖြင့် အလွန်အကျွံမလိုအပ်ဘဲနှင့် အစိုးရ၏ အကာအကွယ်ကို စွန့်ခွာရန် ဝန်လေးနေကြသည်၊၊

“ကောလာဟလလား… ဒါမှမဟုတ် ပူးပေါင်းကြံစည်မှုလား… ၉၅ ရာခိုင်နှုန်း အမှောင်စွမ်းအင် သန့်စင်ခြင်းနည်းပညာက အခုမှ ပေါ်လာတာပါ၊၊ တိတ်ဆိတ်မြို့တော်နဲ့ ဖီးနစ်က ဘာကို ရည်ရွယ်နေတာလဲ”

“S-Class အဆင့် မြူမီးခိုးမွန်းစတားကို ကမ္ဘာပေါ်မှာ ပထမဆုံး အနိုင်ယူနိုင်ခဲ့တာက ဘယ်သူ့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေလို့လဲ”

“အမြင့်ပိုင်း မြို့တော်ကို တည်ဆောက်ထားပြီးပြီ၊၊ ဘယ်ကျူးကျော်သူကိုမှ မကြောက်နဲ့”

All Chapters