← Chapters

အခန်း (၇၇၈-၇၇၉)

Vol. 46 Ch. 778-779

အခန်း (၇၇၈-၇၇၉)

Vol. 46 Ch. 778-779

Chapter 778

အချိန် ၄ လ ပျောက်ဆုံးခြင်း ၁

ပြည်တွင်းကွန်ရက်ပေါ်တွင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ရေးသားချက်များမှာ အပြိုင်ဖြစ်နေပြီး တစ်ရက်အတွင်းမှာပင် မှတ်ချက်များက ဆူညံပွက်လောရိုက်နေလေသည်၊၊ အငြင်းပွားမှုများက အုပ်စုသုံးစုကွဲနေသည်၊၊ ဖီးနစ်ကို ထောက်ခံသူများ၊ အာရုဏ်ဦးမြို့တော်ကို ထောက်ခံသူများနှင့် လူသားအချင်းချင်း ကူညီသင့်ပြီး အနီရောင်ကမ္ဘာဖြစ်ရပ်ကို သေချာစုံစမ်းကာ အမြင့်ပိုင်းခေါင်းဆောင်များကို သန့်ရှင်းရန်လိုအပ်သည်ဟု ယူဆသည့် ကြားနေအုပ်စုတို့ဖြစ်သည်၊၊

လင့်ဇ်ဘား၏ သီးသန့်ခန်းကြီးတစ်ခုအတွင်း၌ လူ ၂၀ ကျော် တိုးဝှေ့စုရုံးနေကြသည်၊၊ ၎င်းတို့မှာ လူ ၂၀၀၀ ကျော်ရှိသော အကြီးစားယာဉ်တန်းများ၏ ခေါင်းဆောင်များဖြစ်ကြပြီး လေပြင်းမဟာမိတ်ယာဥ်တန်း၏ အဖွဲ့ဝင်များဖြစ်သည်၊၊ အားလုံး၏ မျက်နှာများမှာ တည်ကြည်လေးနက်နေပြီး အခန်းတွင်း လေထုမှာလည်း ဖိအားများနေသည်၊၊

“ဖက်ဒရေးရှင်းက ဒါကို တမင်လုပ်နေတာပဲ၊၊ လူဦးရေထိန်းချုပ်ရေးဗျူရိုက အလကားကောင်တွေပဲ၊၊ မြို့ထဲမှာ ပိုက်ဆံကောက်တုန်းကတော့ ရဲအရာရှိတွေ ရာနဲ့ချီရှိပြီး အခု မြို့ပြင်ထွက်မယ့်နေရာကျတော့ ဂိတ်နှစ်ခုပဲ ဖွင့်ပေးထားတယ်၊၊ ဒီနှုန်းအတိုင်းဆို ၃ရက် တန်းစီရင်တောင် မြို့ထဲက ထွက်နိုင်မှာ မဟုတ်ဘူး”

မုတ်ဆိတ်ဗရပျစ်နှင့် ထွားကြိုင်းသော အမျိုးသားတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်၊၊ သူ၏အမည်မှာ ဝမ်ဟုန်ယွမ်ဖြစ်ပြီး “ဟုန်ယွမ် စီးပွားရေးမဟာမိတ်” ၏ ခေါင်းဆောင်ဖြစ်သည်၊၊ အသက် ၄၅ နှစ်ရှိပြီဖြစ်သော သူသည် ရွှေဆွဲကြိုးကြီးကို ဖြုတ်ကာ ကျည်ခွံများဖြင့် ပြုလုပ်ထားသော ဆွဲကြိုးကို ပြောင်းဝတ်ထားသည်၊၊ ပုံစံမှာ ကြမ်းတမ်းသော်လည်း သူ၏ယာဉ်တန်းမှာ လူ ၈၀၀၀ ကျော်ရှိပြီး ကမ္ဘာပျက်ကပ်စည်းမျဉ်းများကို လိုက်နာကာ ဂိုဏ်းစတားနယ်မြေတွင် သစ္စာတရားကို အလေးထားသူဖြစ်သည်၊၊

“ထူးဆန်းတယ်၊၊ အခုက မြို့ထဲက ထွက်တဲ့သူက များနေတယ်၊၊ ဝင်တဲ့သူက နည်းနည်းလေး၊၊ မြို့ထဲမှာ လူတွေကလည်း ကျပ်ညပ်နေတာပဲ၊၊ ဖက်ဒရေးရှင်းက ဘာလို့ ဒီလောက် အတင်းတားနေတာလဲ”

အမျိုးသမီး ခေါင်းဆောင်တစ်ဦးက မေးလိုက်သည်၊၊

“အဟက်… ထွက်သွားတဲ့သူတွေက ယာဉ်တန်းအကြီးကြီးတွေလေ၊၊ ဝင်လာတဲ့သူတွေက အကောင်ပေါက်လေးတွေ၊၊ ကျိုးမင်ယွမ်က ငတုံးလို့ မင်းထင်လို့လား၊၊ နောက်ပြီး ယာဉ်တန်းကြီးတွေထဲက စွမ်းအားရှင်တွေက လွှမ်းမိုးနိုင်စွမ်းပိုကြီးတယ်၊၊ အထူးသဖြင့် ဟို အလင်းတမန်တော်လူသားဆင့်ကဲပြောင်းလဲမှုစာရင်းထဲမှာ ပါတဲ့သူတွေက အတော်လေး လွှမ်းမိုးမှုရှိတယ်၊၊ တစ်ယောက် ဆုံးရှုံးသွားတာတောင် အာရုဏ်ဦးမြို့တော်အတွက် တိုက်ခိုက်ရေးစွမ်းအား အကြီးအကျယ် ဆုံးရှုံးတာပဲ”

စွန့်းဖုန်းက ပြောလိုက်သည်၊၊ သူသည် “ခေတ်သစ် အင်ဂျင်နီယာအဖွဲ့” ၏ ခေါင်းဆောင်ဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် နည်းပညာဝါသနာရှင်တစ်ဦးဖြစ်သည်၊၊ သူ၏ ပညာတတ်ဆန်သော ပုံစံနှင့် မလိုက်ဖက်စွာပင် သူ၏ စွမ်းအားဝတ်စုံတွင် လက်နက်များ ပြည့်နှက်နေသည့် တန်စတင်-တိုင်တေနီယမ် သတ္တုစပ် ယန္တရားလက်တံကြီးများကို တပ်ဆင်ထားသဖြင့် သူ့ကို “လက်လေးဖက်” ဟု အမည်ပြောင်ပေးထားကြသည်၊၊ သူ၏ယာဉ်တန်းမှာ တောင်ပိုင်းမှ တက်လာခြင်းဖြစ်ပြီး လူ ၅၀၀၀ ကျော်ရှိသည်၊၊

“ဟုတ်တယ်၊၊ တိုက်ခိုက်ရေးစွမ်းအား မြင့်မားတဲ့သူတွေ ဆုံးရှုံးသွားရင် လူတွေ ထိတ်လန့်သွားလိမ့်မယ်၊၊ တစ်ခါ စဖြစ်ပြီဆိုရင် အလင်းတမန်ဝန်ကြီး လော့မင်ကိုယ်တိုင် ဦးဆောင်ပြီး တားဆီးရင်တောင် ရမှာမဟုတ်တော့ဘူး”

“ဒါဆို ဘာဖြစ်လဲ၊၊ ဖက်ဒရေးရှင်းနဲ့ အနီရောင်ကမ္ဘာက ပူးပေါင်းကြံစည်နေတာက အမှန်တရားပဲ၊၊ လူထုအမြင်ကို ဖိနှိပ်ထားလို့ ဘာထူးမှာလဲ၊၊ ဒါက ရှင်သန်ရေးနဲ့ဆိုင်တဲ့ ကိစ္စပဲ၊၊ လူတွေက မသိချင်ယောင်ဆောင်နေလို့ မရဘူး”

“သံမဏိဒိုင်းအဖွဲ့”၏ ခေါင်းဆောင် လျန်ဟောင်က ပြောသည်၊၊ သူသည် စစ်ဘက်သုံး စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တိုတိုနှင့် စစ်သားဟောင်းတစ်ဦး၏ ပုံစံရှိသည်၊၊ မျက်နှာပေါ်ရှိ အမာရွတ်ကြီးက သူ၏ ရိုးဖြောင့်သော ပုံစံကို ဖုံးကွယ်မထားနိုင်ပေ၊၊

သံမဏိဒိုင်းအဖွဲ့သည်လည်း ယာဉ်တန်းကြီးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုအတိုင်း ကျင့်သုံးသည်၊၊ လျန်ဟောင်သည် အရပ်သားများကို စစ်မှုထမ်းဟောင်း စံနှုန်းအတိုင်း လေ့ကျင့်ပေးထားပြီး ရှေ့တန်းတပ်၊ ပင်မတပ်နှင့် ဆေးတပ်ဟူ၍ ခွဲခြားထားကာ လူ ၃၀၀၀ ကျော်ရှိသည်၊၊

“အဲ့ဒါကလည်း အမြဲတမ်းတော့ မမှန်နိုင်ဘူး”

ပေါ့ပါးသော အသံတစ်ခုက အငြင်းပွားမှုကို ဖြတ်ပြောလိုက်သည်၊၊ အားလုံး၏ အကြည့်မှာ တံခါးဆီသို့ ရောက်သွားပြီး ကျန်းယွမ်နှင့် ယန်ယွီယန်တို့ တွန်းဖွင့်ကာ ဝင်လာကြသည်၊၊ သူတို့က ဝင်လာရင်းနှင့်ပင် ပြောလိုက်သည်၊၊

“အခု အာရုဏ်ဦးမြို့တော်က ရွှံ့ရေလိုပဲ နောက်ကျိနေတယ်၊၊ ဒါပေမဲ့ ဖက်ဒရေးရှင်းကို ဖြိုချဖို့ဆိုတာ အဲ့လောက်မလွယ်ဘူး”

“ဘာလို့လဲ၊၊ အာရုဏ်ဦးမြို့တော်က လူတိုင်းကို အတင်းအကျပ် ဖမ်းဆီးထားပြီး ကျွန်စနစ်ကို ထူထောင်မှာလား”

သက်လတ်ပိုင်း ခေါင်းဆောင်တစ်ဦးက ချက်ချင်း မျက်မှောင်ကြုတ်ကာ မေးသည်၊၊

လူအုပ်ကြီးက နေရာပေးလိုက်ရာ ကျန်းယွမ်က သူတို့အလယ်တွင် ဝင်ထိုင်လိုက်သည်၊၊ သူ၏ အကြည့်မှာ ထက်ရှနေပြီး ခုနက ပြောလိုက်သူကို ပြန်ပြောလိုက်သည်၊၊

“အဲ့လောက် မရိုးရှင်းဘူး၊၊ ဟို ဗီဒီယိုက မီးစမွှေးလိုက်တာပဲ၊၊ တကယ်လို့ နောက်ထပ် ခိုင်မာတဲ့ သက်သေသာ မလာတော့ဘူးဆိုရင် ဒါမှမဟုတ် ဖီးနစ်က ဘာမှ ထပ်မလုပ်ဘူးဆိုရင် အခြေအနေက အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်”

“ဟုတ်တယ်”

ထောင့်တစ်နေရာမှ အေးစက်စက် အမျိုးသမီးအသံတစ်ခု ထွက်လာသည်၊၊ အသက် ၃၀ ကျော်ခန့်ရှိမည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး စွမ်းအားဝတ်စုံကို ဝတ်ဆင်ကာ လက်ပိုက်လျက် တည်ငြိမ်စွာ ရပ်နေသည်၊၊

သူမမှာ ဟယ်လင်ချူးဖြစ်ပြီး အသက် ၃၆ နှစ်ရှိပြီဖြစ်သည်၊၊ သူမသည် လေပြင်းမဟာမိတ်အဖွဲ့တွင် အကြီးဆုံး အမျိုးသမီးဦးဆောင်သည့်အဖွဲ့ဖြစ်သော “လောင်ကျွမ်းနေသော ဖီးနစ်” ၏ ခေါင်းဆောင်ဖြစ်သည်၊၊

သူမသည် သမီးငယ်လေးတစ်ယောက်နှင့်အတူ ထွက်ပြေးလာရသော သာမန်အရပ်သားတစ်ဦးအဖြစ်မှ စတင်ခဲ့သော်လည်း ငရဲခန်းကဲ့သို့သော အခက်အခဲများကို ကျော်ဖြတ်ကာ ဓားပြအဖွဲ့၏ အကျဉ်းသားယာဉ်တန်းမှ ဖောက်ထွက်လွတ်မြောက်လာခဲ့သည်ဟု ကောလာဟလများရှိသည်၊၊

လမ်းတစ်လျှောက်တွင် သူမသည် အားနည်းသူများကို ကာကွယ်ရင်း အင်အားစုစည်းခဲ့ရာ ယခုအခါ လူ ၆၀၀၀ အထိ ရှိနေပြီဖြစ်သည်၊၊ သူမ၏အဖွဲ့သည် မြို့ပြင်ရပ်ကွက်များတွင် အဓိကနေထိုင်ပြီး မြို့၏ မှောင်ခိုဈေးကွက်မှတစ်ဆင့် အရင်းအမြစ်များကို လဲလှယ်ကာ အင်အားတောင့်တင်းအောင် လုပ်ဆောင်ထားသည်၊၊ သူမကို ပရိယာယ်ကြွယ်ဝပြီး ထက်မြက်သော သူရဲကောင်းအမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ထားကြသည်၊၊

သူမက ပြောလိုက်သည်၊၊

“အခု ဖြစ်နေတဲ့ ဆူပူမှုတွေကိုပဲ ကြည့်ပြီး အရူးလုပ်မခံကြနဲ့၊၊ လူတိုင်းမှာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရှိကြတယ်၊၊ ဖီးနစ်ကို ထောက်ခံသလိုလို ပြနေတဲ့သူတွေက တကယ်တမ်းကျ ထွက်သွားကြမှာ မဟုတ်ဘူး၊၊ အများစုက ဒီမငြိမ်မသက်မှုတွေကြားမှာ သူတို့ရဲ့ ဖိနှိပ်ခံထားရတဲ့ စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြီး အခွင့်အရေးတောင်းဆိုနေကြတာပဲ၊၊ အာရုဏ်ဦးမြို့တော်ကို အရူးအမူးထောက်ခံနေတဲ့သူတွေကလည်း ကျိုးမင်ယွမ်နဲ့ အနီရောင်ကမ္ဘာ ပူးပေါင်းနေတာကို တကယ်ယုံတာ မဟုတ်ဘူး၊၊ အဲ့ဒီလူတွေက မထွက်ချင်ကြတာထက် မထွက်ရဲကြတာပဲ၊၊ လူတိုင်းမှာ အသက်တစ်ချောင်းပဲ ရှိတာလေ၊၊ နောက်ဆုံးတော့ ခိုလှုံဖို့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ရထားတာဆိုတော့… သူတို့က အာရုဏ်ဦးမြို့တော် ပျက်စီးသွားမှာကို အကြောက်ဆုံးသူတွေပဲ”

“အမှန်ပဲ” ဝမ်ဟုန်ယွမ်က ခက်ထန်စွာ ပြောလိုက်သည်၊၊

“ရှင်သန်ဖို့အတွက်ဆိုရင် ရပ်တည်ချက်က အရေးမကြီးဘူး၊၊ တကယ်ထွက်ချင်တဲ့သူတွေနဲ့ စိုးရိမ်စိတ်ရှိတဲ့သူတွေက မြန်မြန်ထွက်ဖို့ပဲ စဉ်းစားကြလိမ့်မယ်၊၊ အင်တာနက်ပေါ်မှာ ငြင်းခုံအာချောင်နေတဲ့သူတွေက မထွက်မယ့်သူတွေပဲ၊၊ ကျုပ်ပြောတာ မှန်တယ်မလား ကပ္ပတိန်ကျန်း”

ကျန်းယွမ်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ခေါင်းညိတ်ပြသည်၊၊

“ဟုတ်ပါတယ်”

“ဒါဆို အခု ဖီးနစ်ဆီက ဘာသတင်းရလဲ”

စွန်းဖုန်းက သူ၏ ယန္တရားလက်တံဖြင့် မျက်မှန်ကို ပင့်တင်ရင်း မေးလိုက်သည်၊၊

“ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက အခု ချင်းပိုမြို့ အခြေစိုက်စခန်းမှာပဲ ဆိုက်ထားတယ်၊၊ ဘာသတင်းမှ ထပ်မလာသလို ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှင့်မှုတွေလည်း ရပ်သွားပြီ”

Chapter 779

အချိန် ၄ လ ပျောက်ဆုံးခြင်း ၂

ကျန်းယွမ်အနားမှ ယန်ယွီယန်က ပြောရင်း သူမ၏ လက်ကိုင်ကိရိယာတစ်ခုကို ထုတ်လိုက်သည်၊၊ သူမက နှိပ်လိုက်သောအခါ အခန်းလယ်တွင် ဟိုလိုဂရမ်စနစ်မြင်ကွင်းတစ်ခု ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်၊၊

“ဖီးနစ်ရဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက အခု ချင်းပိုမြို့ မြောက်ဘက်မှာ ရှိနေတယ်၊၊ တိတ်ဆိတ်မြို့တော်နဲ့ အနန္တရထားကတော့ ကျင်းဟိုင်မှာ ရှိနေပြီး ယုံကျန်းဆိပ်ကမ်းက တပ်ရင်း ၈၃ သံမဏိအစောင့်တပ်ဖွဲ့က အာရုဏ်ဦးမြို့တော်ဆီကို ချဉ်းကပ်လာနေပြီ၊၊ မြို့ထဲက အဖွဲ့အစည်းကြီးအချို့ကလည်း ထွက်ခွာဖို့ ပြင်ဆင်နေကြတယ်၊၊ လေလွင့်သူမဟာမိတ်အဖွဲ့က လူများစုကတော့ ဇန်ဂိတ်ကို ပြောင်းရွှေ့သွားကြပြီ၊၊ သူတို့ရဲ့ ပစ်မှတ်က အာရုဏ်ဦးဗဟိုစင်တာဖြစ်ပုံရတယ်၊၊ ဒါကတော့ အာရုဏ်ဦးမြို့တော်ပတ်ဝန်းကျင်က အင်အားစုတွေရဲ့ လက်ရှိအခြေအနေပဲ”

“၇ ခုမြောက်နဲ့ ၈ ခုမြောက် တွင်းနက်တွေက ဒီလောက်တောင် မြန်မြန်ကျယ်လာတာလား၊၊ လုံကျန်းက တစ်လအတွင်းမှာ ပျောက်ကွယ်သွားတော့မှာလား”

သံမဏိဒိုင်းအဖွဲ့မှ လျန်ဟောင်က မြေပုံသစ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်၊၊

“အခု အာရုဏ်ဦးမြို့တော်ကတော့ လေးဘက်လေးတန်က ဝိုင်းရံခံထားရပြီပဲ၊၊ အခြေအနေက တကယ်ကို စိုးရိမ်စရာပဲ”

ဝမ်ဟုန်ယွမ်က ပြောသည်၊၊

“နေရာတိုင်းမှာ ဒီလိုပါပဲ၊၊ မြောက်အမေရိက၊ အရှေ့ဘက်တိုက်ကြီး၊ တောင်အမေရိကနဲ့ ဥရောပအချို့နေရာတွေကလွဲရင် ကျန်တာတွေက သမုဒ္ဒရာကြီးတွေပဲ ရှိတော့တယ်”

ကျန်းယွမ်က ပြောသည်၊၊

“ဥက္ကဋ္ဌကျန်းက ငါတို့ဆီ သတင်းပို့ထားတယ်၊၊ ငါတို့က အနန္တရထားနဲ့ မဟာမိတ်ဖွဲ့လိုက်ပြီ၊၊ သူတို့က တိတ်ဆိတ်မြို့တော်ရဲ့ အကူအညီနဲ့ ကောင်းကင်အမိုးခုံးအဆင့်ရထားကို အရေးပေါ် တည်ဆောက်နေကြတယ်”

“အံဩစရာပဲ၊၊ သူမက တိတ်ဆိတ်မြို့တော်ကိုတောင် ကိုင်တွယ်နိုင်တာလား”

စွန်းဖုန်းက မေးသည်၊၊

“သူမ ကိုင်တွယ်တာ မဟုတ်ဘူး”

ကျန်းယွမ်က ပြုံးလိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်က ငါတို့နဲ့ မဟာမိတ်ဖွဲ့ခဲ့တာပဲ”

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်၊၊

“ဘာ… တိတ်ဆိတ်မြို့တော်က ငါတို့နဲ့ မဟာမိတ်ဖွဲ့တာ ဟုတ်လား”

“သူတို့ ရည်ရွယ်ချက်က ဘာလဲ”

“ငါနားကြားများ မှားတာလား၊၊ ဒါဆို ငါတို့က တိတ်ဆိတ်မြို့တော်ထဲကို ဝင်လိုက်ရမှာလား”

“…”

လူအုပ်ကြီးသည် အံ့ဩတုန်လှုပ်စွာဖြင့် ငြင်းခုံဆွေးနွေးလာကြသည်၊၊

ကျန်းယွမ်က လက်မြှောက်ကာ တားပြီး ပြောလိုက်သည်၊၊

“လူတိုင်းထင်သလို မဟုတ်ပါဘူး၊၊ ငါတို့က အနန္တရထားနဲ့ မဟာမိတ်ဖွဲ့ထားတာပါ၊၊ တိတ်ဆိတ်မြို့တော်ကလည်း အနန္တရထားနဲ့ပဲ မဟာမိတ်ဖွဲ့ထားတယ်၊၊ တစ်ဖွဲ့ထဲဝင်သွားတာမျိုး မဟုတ်ဘဲ အခု ငါတို့က ပိုပြီး အစွမ်းထက်တဲ့ မဟာမိတ်နှစ်ဖွဲ့ ရသွားတာပဲ”

“အနန္တရထား”

ဟယ်လင်ချူးက သူ့ကို ကြည့်လိုက်သည်၊၊

“အဲ့ဒါက စီလန်မြို့တိုက်ပွဲမှာ ဖီးနစ်နဲ့အတူ S-Class အဆင့် မွန်းစတား ပင်လယ်ဖြူကောင်ကို အောင်အောင်မြင်မြင် ရှင်းပစ်နိုင်ခဲ့တဲ့ အဖွဲ့ မဟုတ်လား”

“ဟုတ်တယ်၊၊ ငါတို့လိုပဲ သူတို့လည်း ဖီးနစ်တံဆိပ်ပိုင်ရှင်ပဲ၊၊ ဖီးနစ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့သူတွေပဲ”

ကျန်းယွမ်က ပြောသည်၊၊

“ကပ္ပတိန်လင်းရှန်က ယန္တရားစွမ်းအားရှင်တစ်ယောက်ပဲ၊၊ ငါရထားတဲ့ သတင်းအရတော့ သူက တိတ်ဆိတ်မြို့တော်ကို တွင်းနက်ထဲကနေ ကယ်ထုတ်ပေးပြီးတဲ့နောက်မှာ... ရှင်းဂျီက ကောင်းကင်အမိုးခုံးရထားအပေါ် အခြေခံပြီး ကပ္ပတိန်လင်းနဲ့ မဟာမိတ်ဖွဲ့ပြီး ကူညီဖို့ ရွေးချယ်ခဲ့တာပဲ”

အတော်ကြာသည်အထိ အာမေဍိတ်သံများ ဆက်တိုက်ထွက်ပေါ်နေသည်၊၊

“တိတ်ဆိတ်မြို့တော်ကို ကယ်ထုတ်ခဲ့တာလား”

“ဒီလူက တကယ်ပဲ အဲ့လောက်စွမ်းတာလား”

“ဒါဆို ကပ္ပတိန်လင်းက ကောင်းကင်အမိုးခုံးရထားကို တာဝန်ယူလိုက်ပြီပေါ့”

“ဟုတ်တယ်၊၊ ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ”

ကျန်းယွမ်က ယူပေဆိပ်ကမ်း တိုက်ပွဲ၌ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည့် ထိုလူကို သတိရကာ ပြုံးလိုက်မိသည်၊၊

“တိတ်ဆိတ်မြို့တော်ရဲ့ အကူအညီနဲ့ ကပ္ပတိန်လင်းရဲ့ ယန္တရားစွမ်းအားနဲ့ဆိုရင် ဒီအာကာသရထားကြီးက သူ့ရဲ့ အခန်းကဏ္ဍကို အပြည့်အဝ ဖော်ဆောင်နိုင်လိမ့်မယ်၊ အခု အဲ့ဒီဘက်မှာ ဖင်းဂါးအုပ်စုရဲ့ အင်ဂျင်နီယာအဖွဲ့နဲ့ ပေါင်းရင် လူ ၅၀၀၀ လောက် ရှိနေပြီ”

“စွမ်းအားနဲ့ တည်ဆောက်မှုကို အချောသတ်ပေးတာလား” စွန်းဖုန်း မှင်တက်သွားသည်၊၊

“ဘာကို ဆိုလိုတာလဲ၊၊ သူက သူ့ရဲ့ စွမ်းအားတစ်ခုတည်းနဲ့ ယာဥ်ကို တည်ဆောက်နိုင်တာလား”

“ခင်ဗျားက မယုံဘူးလား” ကျန်းယွမ်က မေးသည်၊၊

“ငါ... မဟုတ်ပါဘူး... အဲ့ဒီစွမ်းအားက တရားလွန်နေတယ် မဟုတ်လား”

“အရင်တုန်းက စီလန်မြို့ကနေ အနန္တရထားအကြောင်း သတင်းအချို့ ရခဲ့တယ်”

ထိုအချိန်တွင် ဟယ်လင်ချူးက လေးနက်စွာ ပြောလိုက်သည်၊၊

“သူ့ရဲ့ ယန္တရားစွမ်းအားက G-3 လျှပ်စစ်သံလိုက်အမြောက်ကို တည်ဆောက်နိုင်ရုံတင်မကဘူး၊၊ ဖီးနစ်ရဲ့ အင်ပါယာပရောဂျက်မှာလည်း ပါဝင်ပြီး ဧရာမ စစ်ယန္တရားကြီးကို ပြုပြင်ပေးခဲ့တယ်လို့ ပြောကြတယ်၊၊ စီလန်တိုက်ပွဲမှာ S-Class အဆင့်ကို သတ်နိုင်ခဲ့တဲ့ အဆုံးအဖြတ်လှုပ်ရှားမှုကလည်း သူ့ကြောင့်ပဲလို့ သိရတယ်”

“အဲဒီတိုက်ပွဲက တကယ်ကို ပြင်းထန်ခဲ့တယ်လို့ ကြားတယ်၊၊ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်တွေအပါအဝင် စီလန်မြို့မှာ လူတစ်သိန်းတောင်မပြည့်ဘူး၊၊ ဒါပေမဲ့ သူတို့ဟာ နှင်းတစ္ဆေသန်းပေါင်းများစွာရဲ့ တိုက်ခိုက်မှုကို နှစ်ရက်နဲ့ နှစ်ညကြာအောင် ကြံ့ကြံ့ခံနိုင်ခဲ့ရုံတင်မကဘဲ အထူးအဆင့် တွင်းနက်ပိုးကောင်နှစ်ကောင်နဲ့ S-Class အဆင့် ပင်လယ်ဖြူကောင်ကိုပါ သတ်ပစ်နိုင်ခဲ့တယ်၊၊ ဒါက တကယ်ကို မယုံနိုင်စရာပဲ”

ဝမ်ဟုန်ယွမ်က အံ့ဩတကြီးဖြင့် နှုတ်ခမ်းသပ်ရင်း ပြောလိုက်သည်၊၊

“အမှောင်အမှတ်အသားဆိုတာလည်း စီလန်မြို့ တိုက်ပွဲကြီးက ရလာတဲ့ စစ်အောင်နိုင်မှု လက်ဆောင်တစ်ခုပဲ၊၊ ရှစ်… ငါ အဲဒီသတင်းကြားတုန်းက ကလေးတစ်ယောက်လိုတောင် ငိုမိတယ်၊၊ တကယ်ကို စိတ်ဓာတ်တက်ကြွစရာပဲ”

လျန်ဟောင်က စိတ်လှုပ်ရှားစွာ ပြောသည်၊၊

“ဟုတ်တယ်၊၊ အဲဒီတိုက်ပွဲက တကယ်ကို ကြီးကျယ်ခဲ့တယ်၊၊ ကာကွယ်ရေးတပ်ရင်း ၇ ရဲ့ တပ်မှူး ဟီကျန်းက ငါ့ရဲ့ အထက်လူကြီးဟောင်းပဲ၊၊ ဒီအနန္တရထားဆိုတာက သာမန်အဖွဲ့အစည်းတစ်ခုတော့ လုံးဝမဟုတ်ဘူး၊၊ တခြားလူတွေ ဘယ်လိုပဲထင်ထင် ငါ လျန်ဟောင်ကတော့ ရာနှုန်းပြည့်ထောက်ခံတယ်”

ဤစကားများကြောင့် အခန်းထဲရှိ လေပြင်းမဟာမိတ်ယာဉ်တန်းသည် စိတ်လှုပ်ရှားသွားပြီး ပိုတတ်ကြွလာကြသည်၊၊

အရင်က လေပြင်းမဟာမိတ်နှင့် ဖင်းဂါးအုပ်စု၊ ယခု တိတ်ဆိတ်မြို့တော်နှင့် အနန္တရထား၊၊ ဤကဲ့သို့ စိတ်တူကိုယ်တူယာဉ်တန်းများ စုဝေးမိခြင်းကြောင့် အားလုံး အားတက်သွားကြသည်၊၊ လက်ရှိ ရုန်းရင်းဆန်ခတ်အခြေအနေတွင် ဤကဲ့သို့ အင်အားကြီးအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှုပင်ဖြစ်သည်၊၊

“အခု ကျွန်မတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ၊၊ အနန္တရထားနဲ့ တိုက်ရိုက်သွားပူးပေါင်းမှာလား”

ဟယ်လင်ချူးက ကျန်းယွမ်ကို စိတ်အားထက်သန်စွာ ကြည့်ရင်း မေးလိုက်သည်၊၊

ကျန်းယွမ်က ခေါင်းခါပြသည်၊၊

“အရင်အစီအစဉ်က ငါတို့အားလုံး ချင်းပိုကို ရွှေ့ကြမယ်၊၊ ပြီးမှ ကျင်းဟိုင်နဲ့ ငွေကြယ်တို့ ဆုံဖို့ စောင့်မယ်၊၊ ဒါပေမဲ့ အခု အပြောင်းအလဲရှိသွားပြီ”

“ဘာအပြောင်းအလဲလဲ”

“အခုနေရာမှာပဲ ဆက်နေမယ်”

ဟယ်လင်ချူး၏ မျက်လုံးများက စူးရှသွားသည်၊၊

“ဖီးနစ်က တိတ်ဆိတ်မြို့တော်နဲ့ အနန္တရထားတို့နဲ့ မဟာမိတ်ဖွဲ့လိမ့်မယ်လို့ ရှင်ထင်လို့လား”

“လုံးဝ ဖြစ်နိုင်တာပေါ့” ကျန်းယွမ်က ပခုံးတွန့်ရင်း ပြောသည်၊၊

“ဖီးနစ် ဒီကိုလာတာ ရည်ရွယ်ချက် တစ်ခုခုရှိနေတယ်၊၊၊ ဖက်ဒရေးရှင်းကိုပဲဖြစ်ဖြစ် အနီရောင်ကမ္ဘာကိုပဲဖြစ်ဖြစ် ဆန့်ကျင်ဖို့ ကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိလာလိမ့်မယ်၊၊ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော ဒီကို ရောက်လာကတည်းက ဖက်ဒရေးရှင်းနဲ့ ဖီးနစ်ကြားမှာ ရှင်သန်ရပ်တည်ရေးအတွက် ဖြေရှင်းလို့မရတဲ့ ကွဲလွဲမှုတစ်ခုရှိနေတယ်ဆိုတာ ပြနေတာပဲ၊၊ ဒါကြောင့် အခု အကောင်းဆုံးအလုပ်က ဘာမှမလုပ်ဘဲ နေဖို့ပဲ”

“ဇန်ဂိတ်ကို ဆုတ်ခွာသွားတဲ့ လေလွင့်သူမဟာမိတ်အဖွဲ့ကလည်း မင်းလိုပဲ တွေးနေပုံရတယ်”

စွန်းဖုန်းက သူ၏ အနက်ရောင်မျက်မှန်ကို ပြင်လိုက်သည်၊၊

“ငါတို့ အာရုဏ်ဦးမြို့တော်ကနေ ခဏလောက် မထွက်သင့်ဘူးလား”

ယခု အာရုဏ်ဦးမြို့တော်သည် မုန်တိုင်းဗဟိုချက်အခြေအနေဖြစ်နေသည်၊၊ မြို့ထဲကနေ ထွက်ခွာခြင်းကသာ အန္တရာယ်အကင်းဆုံးဖြစ်နိုင်သည်၊၊

ကျန်းယွမ်က အားလုံးကို ကြည့်ပြီး ဟိုလိုဂရပ်ဖစ်စနစ်မြင်ကွင်းကို လက်ညှိုးထိုးပြကာ ပြောသည်၊၊

“အခု အခြေအနေက ရှုပ်ထွေးနေတယ်၊၊ ယာဉ်တန်းတွေ အများကြီးထွက်ခွာနေကြပေမဲ့ မြို့ထဲက လူဦးရေက ပိုတိုးလာနေတယ်၊၊ အပြင်ဘက်မြို့တွေနဲ့ အနောက်တောင်ဘက်ကနေ အမှောင်ထုကြောင့် မြို့ထဲကို မောင်းထုတ်ခံလိုက်ရတဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူတွေ အများကြီးပဲ၊၊ အာရုဏ်ဦးမြို့တော်ကတော့ တည်ငြိမ်မှုရှိမှာမဟုတ်တော့ဘူး၊၊ လေလွင့်သူမဟာမိတ်အဖွဲ့ ရပ်နေတာဟာ သူတို့မှာ လူတွေအများကြီးရှိနေလို့ပဲ၊၊ ယုဟွေ့အန်းက သတိကြီးတဲ့လူဆိုတော့ သူ ဇန်ဂိတ်မှာ ခေတ္တစခန်းချပြီး အာရုဏ်ဦးဗဟိုစင်တာဆီကို ချက်ချင်းသွားမှာမဟုတ်ဘူးလို့ ငါခန့်မှန်းတယ်”

“ဒါပေမဲ့ အခု ငါတို့က အနန္တရထားရဲ့ ကပ္ပတိန်လင်းနဲ့ မဟာမိတ်ဖွဲ့ထားပြီဆိုတော့ တပ်ဖြန့်မှုအားလုံးဟာ ငါအပါအဝင် သူ့ရဲ့ အမိန့်အောက်မှာပဲ ရှိရမယ်၊၊ ဒါကြောင့် ငါက ဥက္ကဌကျန်းနဲ့ ဆွေးနွေးပြီးပြီ၊၊ ကပ္ပတိန်လင်းက တခြားတညွှန်ကြားချက် မပေးမချင်း အားလုံးက မြို့ထဲမှာပဲနေပြီး ကိုယ့်နေရာကို ထိန်းထားရင်း ငြိမ်သက်နေဖို့လိုတယ်၊၊ အခု ကျင်းဟိုင်ကို သွားလည်း ဘာမှထူးမှာမဟုတ်ဘူး”

All Chapters