← Chapters

အခန်း (၇၈၄-၇၈၅)

Vol. 46 Ch. 784-785

အခန်း (၇၈၄-၇၈၅)

Vol. 46 Ch. 784-785

Chapter 784

စစ်ဆင်ရေးစတင်ခြင်း ၁

လင်းရှန် အံ့သြသွားသည်၊၊

“သြော် ဟုတ်သားပဲ၊၊ မင်းတို့ရဲ့ မြောက်အမေရိက ပူးပေါင်းတပ်ဦး(NAUF)ကလည်း ဒီမှာ ရှိနေတာပဲ၊၊ သူတို့ ဘယ်မှာလဲ”

ချူယန်က မျက်ဝန်းများထဲတွင် အပြုံးရိပ်တစ်ခုဖြတ်ပြေးသွားသော်လည်း ခေါင်းကိုတော့ လှည့်မကြည့်ခဲ့ပေ၊၊

“အာရုဏ်ဦးမြို့တော်ထဲ ရောက်တဲ့အခါ တာ့လီ ခရီးသွားအဖွဲ့အစည်းကို သွားလိုက်၊၊ ငါ့လူတွေ နင့်ကို ဆက်သွယ်လိမ့်မယ်၊၊ ပြီးတော့... နင့်ရဲ့ သရုပ်မှန်မပေါ်အောင်နေ”

…

ကျင်းဟိုင်၊ ကြယ်ပတ်ရထားစက်ရုံ၊ အနန္တရထား အမှတ် ၁ တွဲ၊၊

အချိန်မှာ ၁၉:၀၀ နာရီသို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ကို တွင်းနက်၏ အမှောင်ဒီရေများက ဖုံးလွှမ်းနေပြီဖြစ်သည်၊၊ ကျင်းဟိုင်မြို့၏ လမ်းမများပေါ်တွင် ထူးဆန်းသော အသံများ ပျံ့လွင့်နေသည်၊၊ လင်းရှန်သည် ကုတင်ပေါ်တွင် ထိုင်ကာ သူ့လက်ဖဝါးများကို မျက်နှာသေနှင့် ကြည့်နေမိသည်၊၊

“အားလုံး အတူတူ လှုပ်ရှားကြမှာပဲဘာကို ငါ့ကို ပိုပြောပြရင် ဘာဖြစ်သွားမှာမို့လို့လဲ... ဒီမိန်းမကတော့”

“ထားလိုက်ပါ… ဖီးနစ်ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ့ရဲ့ ယန္တရားစွမ်းရည်ကို သုံးရမယ့်အချိန် ရောက်ပြီပေါ့၊၊ ပရော်ဖက်ဆာယဲ့... မဟုတ်သေးဘူး၊၊ တပ်မှူးယဲ့”

လင်းရှန် မတ်တပ်ရပ်ပြီး အကြောဆန့်လိုက်သည်၊၊

“ခင်ဗျားက ကျုပ်ကို အာရုဏ်ဦးမြို့တော်ရဲ့ Ai ဦးနှောက်နဲ့ အလိုအလျောက် လက်နက်စနစ်တွေကို ထိန်းချုပ်ခိုင်းတယ်ပေါ့”

“ဒါပေမဲ့ ခင်ဗျားတို့ အဲဒါတွေကို ပြန်ရလိမ့်မယ်လို့တော့ ကျုပ်မပြောခဲ့ဘူးနော်...”

….

ယခုအချိန်၌ ကျိုးမင်ယွမ်၏ အုပ်စုအတွင်းရှိ လူများသည် အခြေအနေ အလွန်တင်းမာလျက် ရှိကြ၏။ ဖြစ်ရပ်များကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သော်ငြား မြေအောက်မြို့တော်၏ လှုပ်ရှားမှုများက လူအချို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့ပြီးဖြစ်သည်။ ထိုးဖောက်ရေးစီမံကိန်းဘက်တွင်လည်း အရန်စာရင်းအသစ်များစွာ ထပ်မံတိုးထားရာ စုံစမ်းကြည့်သည့်အခါ အဆိုပါလူများသည် အရာရှိများ၏ သားသမီးများနှင့် မျိုးဆက်များသာ ဖြစ်နေကြသည်။

“စုကျင်းကို ပြောလိုက်။ နိုင်ငံရေးနောက်ခံစိစစ်တာတွေကို ဖျက်သိမ်းလိုက်တော့။ ကြယ်စင်ကောင်းကင် ကိုယ်ခန္ဓာစစ်ဆေးမှု ဒါမှမဟုတ် စရိုက်လက္ခဏာနဲ့ စွမ်းရည်စစ်ဆေးမှုမှာ ကျရှုံးတဲ့သူမှန်သမျှ ဘယ်သူ့မျက်နှာမှ ထောက်မနေဘဲ စာရင်းက ဖယ်ထုတ်လိုက်ပါ”

ချူကျောက်နန်သည် ရုံးခန်းအတွင်းက ဆက်သွယ်ရေးစက်ကို ချလိုက်ပြီးသည်နှင့် တံခါးခေါက်သံ ထွက်လာသည်။ စစ်ဝတ်စုံကို ဝတ်ဆင်ထားကာ တည်ငြိမ်ထက်မြက်သော အကြည့်များရှိသည့် အမျိုးသားတစ်ဦး လမ်းလျှောက်ဝင်လာ၏။ ချူကျောက်နန်သည် လှည့်မကြည့်ဘဲ ခပ်ပြတ်ပြတ် လေသံဖြင့် ဆိုလိုက်သည်။

“မင်း အခုအချိန်မှာ ရှေ့တန်းထိုးဖောက်ရေးစီမံကိန်းရဲ့ မိုးကုတ်စက်ဝိုင်းအလွန်ကြယ်သင်္ဘောပေါ်မှာ ပြင်ဆင်မှုတွေ လုပ်နေရမှာ မဟုတ်လား။ ဒီမှာ ရှိမနေသင့်ဘူး”

ချူကျင်းသည် သူ့ဖခင်၏ နောက်ကျောကို ကြည့်ရင်း ဗိုလ်ချုပ်ဦးထုပ်ကို ချွတ်လိုက်သည်။ သူ ဤနေရာသို့လာရခြင်းမှာ မေးခွန်းနှစ်ခုကို မေးလိုသောကြောင့် ဖြစ်၏။ တစ်ခုမှာ ရှေ့တန်းစီမံကိန်းအကြောင်း ဖြစ်ပြီး နောက်တစ်ခုမှာမူ သင်္ဘောပေါ်လိုက်ပါခွင့်ရသူများ စာရင်းအကြောင်းပင် ဖြစ်သည်။

သို့သော် ထိုကျောပြင်ကို ကြည့်ပြီးနောက် သူသည် ဒုတိယမေးခွန်းကို မမေးရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူသည် ဖခင်ဖြစ်သူကို နားလည်သကဲ့သို့ မိမိကိုယ်ကိုယ်လည်း နားလည်နေသောကြောင့် ဖြစ်၏။ မည်သို့သော အဖြေမျိုး ရလာမည်ကို သိရှိနေပြီး ထိုအဖြေကိုလည်း ထပ်မကြားလိုတော့ပေ။

“အဖေ။ ရှေ့တန်းယာဉ်တန်းက အသင့်ဖြစ်နေပါပြီ။ ထိုးဖောက်ရေးစီမံကိန်း နှစ်ခုထဲက တစ်ခုက ပြီးသွားပြီ။ ဒုတိယတစ်ခုပဲ ကျန်ပါတော့တယ်”

ချူကျောက်နန်သည် စကားတစ်လုံးမျှ မပြောဘဲ ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။ သားအဖနှစ်ဦးသည် တိတ်ဆိတ်မှုမှတစ်ဆင့် ဆက်သွယ်ရသည်ကို ကျင့်သားရနေကြပြီး ၎င်းသည် စကားလုံးများထက် ပို၍အဓိပ္ပာယ်ရှိပုံရသည်။

“အဖေ ခန့်မှန်းတာ မှန်တယ်။ အနီရောင်ကမ္ဘာမှာ တွေ့ရှိခဲ့တဲ့ အမှောင်တိုက်စားမှုဆဲလ်တွေဟာ စွမ်းအားရှင်တွေနဲ့ ကျူးကျော်မှုတွေရဲ့ ရှင်သန်မှုပုံစံအတိုင်းပဲ ရှိနေတယ်။ အကယ်၍ ကျွန်တော်တို့သာ ထပ်ပြီး အသေးစိတ် စူးစမ်းနိုင်မယ်ဆိုရင် အမှောင်ကျူးကျော်မှုနဲ့ သောက်သုံးရေ ပြဿနာတွေကို အမြစ်ပြတ် ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မယ်။ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ ကျွန်တော် ပြောချင်တာက ဖီးနစ်က ဒါကို လုပ်နိုင်တယ် ဆိုတာပါပဲ”

“သူတို့ လုပ်နိုင်မယ်ဆိုတာ ငါ သိတယ်”

ချူကျောက်နန်က တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“ကျွန်တော်တို့ သူတို့ကို အခွင့်အရေးတစ်ခု ပေးလို့မရဘူးလား အဖေ။ ကျွန်တော် ဆိုလိုတာက တခြားလူတွေ အားလုံးကိုပါပဲ။ ကျွန်တော် ဒီမေးခွန်းကို တစ်ညလုံး စဉ်းစားခဲ့တယ်။ အခု အဖေ့ကို မြင်တော့ ဝေခွဲမရဖြစ်သွားတယ်။ ရှေ့တန်းယာဉ်တန်းရဲ့ ကပ္ပတိန်တစ်ယောက်အနေနဲ့ ဒီလိုမေးခွန်းမျိုး မေးတာ အဖေ့ကို စိတ်ပျက်စေမယ်ဆိုတာ သိပါတယ်။ အဖေ ကျွန်တော့်ကို ထိုး‌ဖောက်ရေးစီမံကိန်းရဲ့ အကြီးအကဲအဖြစ် ခန့်အပ်တုန်းက အဖေ့ရဲ့ ဆုံးဖြတ်ချက်ကို နားလည်လားလို့ မေးခဲ့တာ မှတ်မိသေးတယ်။ အဲဒီတုန်းက ကျွန်တော်က ‘နားလည်ပါတယ်’ လို့ ဖြေခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ဝေခွဲမရဖြစ်နေမှုတွေက အဖေ့ရဲ့ ရပ်တည်ချက်ကနေ တကယ်တမ်း နားမလည်နိုင်သေးဘူးဆိုတာ ပြနေတာပါပဲ။ ဒါဟာ ဥက္ကဋ္ဌရဲ့သားဦးဆောင်တဲ့ ထွက်ပြေးတိမ်းရှောင်ရေးအုပ်စုနဲ့ ရင်ဆိုင်ရတာထက် အဆပေါင်းထောင်ချီ ပိုပြီး နာကျင်ရတဲ့ ဆုံးဖြတ်ချက်နဲ့ ဖိအားမျိုးဖြစ်မှာပါ”

“ဒါပေမဲ့ အဖေ။ အကယ်၍ ကျွန်တော်တို့သာ အမှောင်ကျူးကျော်မှုပြဿနာကို ဖြေရှင်းနိုင်ခဲ့ရင် ဒီကမ္ဘာကြီးမှာ နောက်ထပ် ရက်ပေါင်း ရာနဲ့ချီတဲ့ အချိန်တွေ ရလာမှာ မဟုတ်ဘူးလား။ အဲဒီအခါကျရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်တာပေါ့”

“ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီ ယုတ္တိဗေဒက ရှေ့နောက်မညီဘူး”

ချူကျောက်နန်၏ အသံသည် အနည်းငယ် ပျော့ပြောင်းသွားပြီး စိတ်ရှည်လက်ရှည် ပြောလိုက်သည်။

“မင်း ရေတပ်စစ်တက္ကသိုလ်ကို စတက်ပြီး ပြန်လာတုန်းက သင်ယူခဲ့ရတဲ့အကြောင်းတွေကို ငါ့ကို ပြောပြခဲ့တာ မှတ်မိသေးလား”

“ရေငုပ်သင်္ဘောတစ်စင်းရဲ့ အောင်ပွဲဟာ တိုက်ခိုက်ခြင်းမပြုမီ တိတ်ဆိတ်မှုအပေါ်မှာ မူတည်တယ်လို့ သင်ခဲ့ရပါတယ်”

ချူကျင်းက ပြန်ဖြေသည်။

“ဟုတ်တယ်” ချူကျောက်နန်က ခေါင်းငြိမ့်၏။

“အမှောင်ကျူးကျော်မှုဆိုတာ အဆိပ်အတောက်ပဲ။ ကောင်းကင်အကာအကွယ်ဆိုတာကတော့ အတားအဆီးပေါ့။ ပိုးကောင်တွေက ဆေးယဉ်ပါးလာပြီး ဖန်ပုလင်းကို ဖောက်ထွက်နိုင်တော့မယ်ဆိုတာ မင်းသိလိုက်တဲ့အခါ မင်း ဘာလုပ်မလဲ”

“အဖေ။ ကျေးဇူးတင်ပါတယ်။ ပြီးတော့ အဖေ့ကို ဒီလိုစကားမျိုး ပြောခိုင်းမိတဲ့အတွက်လည်း တောင်းပန်ပါတယ်”

ချူကျင်း တိတ်ဆိတ်သွားသည်။ ထိုးဖောက်ရေးစီမံကိန်း၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ့အဖေ၏ ရှုထောင့်မှ ရပ်တည်ကြည့်နိုင်မှသာ ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးဖြင့် ပြောဆိုနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ အာရုဏ်ဦးမျှော်လင့်ချက်ကို ထိုင်စောင့်မနေတော့ဘဲ အပြတ်သားဆုံးသော နည်းလမ်းဖြင့် အရာအားလုံးကို ပုံအောကာ လောင်းကြေးထပ်ရန်ပင် ဖြစ်သည်။

သူသည် ချူကျောက်နန်၏ ထောင်မတ်နေသော ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို ပြန်လွှဲကာ စစ်ဦးထုပ်ကို ပြန်လည်ဆောင်းလျက် ထွက်ခွာရန် ပြင်လိုက်သည်။

“နေဦး”

ချူကျောက်နန်က သူ့ကို လှမ်းခေါ်လိုက်သည်။ ချူကျင်း လှည့်ကြည့်လိုက်သည့်အခါ သူ့အဖေက စာကြည့်ခန်းထောင့်ရှိ အသုံးမပြုဘဲ ထားရှိသော လက်ဖက်ရည်ဝိုင်းကို လက်ညိုးညွှန်ပြနေသည်၊၊

“မင်း အားလုံး ပြင်ဆင်ပြီးပြီဆိုမှတော့… ငါနဲ့အတူ လက်ဖက်ရည် သောက်ရင်း ခဏလောက် နေသွားပါဦး”

၎င်းသည် ကမ္ဘာပျက်ကပ်နေ့ နောက်ပိုင်း မြေအောက်မြို့တော်၌ အခြေချနေထိုင်ပြီးကတည်းက ချူကျောက်နန်အတွက် စိတ်အေးချမ်းမှုအရှိဆုံးသော ညနေခင်း ဖြစ်နိုင်ပေလိမ့်မည်။ သူတို့ သားအဖသည် ရှားရှားပါးပါး လက်ဖက်ရည်တစ်အိုး ဖျော်စပ်ကာ မိသားစုရေးရာအချို့ကို ဆွေးနွေးဖြစ်ကြသည်။ ထို့နောက် ချူကျောက်နန်က ဖက်ဒရေးရှင်းနှင့်အတူ ကြယ်စင်စုများဆီသို့ နယ်ချဲ့ရန် ကြံစည်ခဲ့ဖူးသည့် သူ၏ မူလစိတ်ကူးအချို့ကို ဆွေးနွေးပြီး ချူကျင်းကလည်း ယာဉ်တန်းအကြောင်းများကို ပြောပြလေသည်။ သူတို့သည် လူသားမျိုးနွယ် ယဉ်ကျေးမှုသည် ကြယ်စင်များဆီသို့ ခြေလှမ်းစတင်ခြင်း၏ အရေးပါပုံများကို အတူတကွ ဆွေးနွေးကြသည်၊၊ အမှောင်ယဉ်ကျေးမှု၏ မြင့်မားသောဒိုင်မေးရှင်းရှုထောင့်မှ ခန့်မှန်းချက်များနှင့် နောင်တစ်ချိန်တွင် လူသားများသည် ကမ္ဘာမြေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်မည့် ဖြစ်နိုင်ခြေများကိုပါ ထည့်သွင်းတိုင်ပင်ခဲ့ကြသည်။

ထိုအချိန်အတော်အတွင်း ချူကျောက်နန်သည် ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော ပျော်ရွှင်မှုကို ခံစားနေရသည်။ ခွက်အတွင်းရှိ လက်ဖက်ရည်သည် တစ်ကြိမ်မျှပင် အေးစက်မသွားခဲ့ပေ။ စားပွဲပေါ်တွင် တင်ထားသော ချူကျင်း၏ စစ်ဦးထုပ်ပေါ်မှ တံဆိပ်ငယ်လေးသည် စာကြည့်ခန်း မီးရောင်အောက်တွင် တောက်ပနေသည်ကို သူ ငေးကြည့်နေမိသည်။ ထိုရွှေရောင်အလင်းတန်းအတွင်း၌ သူသည် လူသားမျိုးနွယ်၏ သန္ဓေသားလောင်း သန်းပေါင်းများစွာနှင့် လူငယ်သောင်းပေါင်းများစွာကို တင်ဆောင်လျက် နေမင်း၏ ရွှေရောင်အစက်အေပြာက်များဆီသို့ ဦးတည်မောင်းနှင်နေသည့် ခန့်ညားထည်ဝါသော မိုးကုတ်စက်ဝိုင်းအလွန် အာကာသကြယ်ယာဉ်တန်းကြီးကို မြင်ယောင်နေမိသည်။ ရေတွက်၍မရနိုင်သော ကြယ်တာယာကောင်းကင်ပန်အင်ဂျင်များသည် အပြာရောင်မီးတောက်များကို ဖန်တီးရင်း မျှော်လင့်ချက်အားလုံးနှင့် ယဉ်ကျေးမှု၏ မျိုးစေ့များကို သယ်ဆောင်လျက် ကြယ်စင်စုများဆီသို့ ဦးတည်သွားနေကြလေပြီ။

Chapter 785

စစ်ဆင်ရေးစတင်ခြင်း ၂

ကျင်းဟိုင်မြိုံ၏ ညအချိန်သည် လေပြင်းများ တိုက်ခတ်နေပြီး ပျက်စီးယိုယွင်းနေသော မြို့ပြ၏ လေထုအတွင်း၌ အပုပ်နံ့များ ဖုံးလွှမ်းလျက်ရှိသည်၊၊

ကောင်းကင်အထက်မှ ကြည့်လိုက်ပါက မှောင်မည်းနေသော မြို့ပြပုံရိပ်များကြားတွင် အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းစခန်းများ၏ မှိန်ဖျော့ဖျော့ မီးရောင်အချို့ကို မြင်တွေ့နိုင်သော်လည်း ထိုမီးရောင်များသည် အဆုံးမရှိသော အမှောင်ထုနှင့် အလောင်းကောင်လှိုင်းလုံးများ၏ ဝါးမျိုခြင်းကို ခံနေကြရသည်။ စက်မှုဇုန်ကို မြင့်မားသော တံတိုင်းများနှင့် ခြံစည်းရိုးများဖြင့် လုံးဝ ဝန်းရံထားပြီး ဤနေရာရှိ ဂြိုဟ်ပတ်ရထားစက်ရုံ၌ လူပေါင်းထောင်ချီ တပ်စွဲထားကြလေ၏။ စက်ရုံအတွင်း၌မူ ထုတ်လုပ်ရေး စက်ရုပ်ထောင်ပေါင်းများစွာနှင့် အင်ဂျင်နီယာအဖွဲ့များသည် မပြီးဆုံးသေးသော စံနှုန်းမီ ကြယ်သင်္ဘောကိုယ်ထည်ကို အပြီးသတ်နိုင်ရန် အပြင်းအထန် အချိန်လု၍ လုပ်ဆောင်နေကြသည်။

ကောင်းကင်အမိုးခုံးရထား၏ ပင်မကွပ်ကဲခန်းမအတွင်း၌ တိတ်ဆိတ်မြို့တော်နှင့် အနန္တမဟာမိတ်အဖွဲ့မှ အဓိက အဖွဲ့ဝင်အချို့ စုဝေးနေကြသည်၊၊ လေထုသည် လေးလံထိုင်းမှိုင်းနေပြီး လူတိုင်း၏ ဦးခေါင်းပေါ်တွင် မှောင်မိုက်သော တိမ်တိုက်ကြီးတစ်ခု အုပ်မိုးထားသကဲ့သို့ ရှိနေသည်။

လင်းရှန်သည် စိတ်ဓာတ်ကျဖွယ် အော်ရာများ မပြန့်စေလိုသဖြင့် ရှီတိယွမ်၊ နန်ကျင်း၊ မိုနီကာ၊ ချီလီ၊ ကီကီ၊ ချန်ဆီရွှမ်၊ ဒါရိုက်တာတင်းနှင့် အသစ်ပူးပေါင်းလာသော ကျန်းရှု့ဝေတို့ကိုသာ ခေါ်ယူခဲ့၏။

တိတ်ဆိတ်မြို့တော်ဘက်မှမူ ရှင်းဂျီနှင့် ရွှန်းတို့သာ ရှိနေကြသည်။

“အခုဆိုရင် ဒါဟာ အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသက်သက် မဟုတ်တော့ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေက တွင်းနက်ထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေနိုင်တာပဲ”

မိုနီကာက ပထမဆုံး စကားစလိုက်သည်။ သူမ၏ အမူအရာသည် တင်းမာနေပြီး လေသံသည် အေးစက်နေသော်ငြား လေးလံလျက်ရှိနေသည်၊၊

“ဘာတွေဖြစ်လာနိုင်လို့လဲ”

ချန်ဆီရွှမ်က မေးလိုက်သည်။

“ဒါက သိသာနေတာပဲ မဟုတ်လား။ အရင်တုန်းက ယိကျင်းမြို့မှာလည်း ကျွန်မတို့ ဒါမျိုးတွေ ကြုံခဲ့ရဖူးတယ်လေ”

ကီကီက လေထဲတွင် လွင့်မျောနေရင်း လက်နှစ်ဖက်ကို ပိုက်ကာ တည်ငြိမ်သော မျက်နှာဖြင့် ပြော၏။

“ဒါပေမဲ့ ဒါက ခန့်မှန်းချက်သက်သက်ပဲလေ။ တကယ်ဖြစ်လာချင်မှလည်း ဖြစ်လာမှာပါ”

နန်ကျင်းက လူအုပ်ကြားထဲတွင် ရပ်နေရင်း ပြောလိုက်သည်။

“ကျွန်မ ဆိုလိုတာကတော့ တကယ်လို့ တွင်းနက် ဒါမှမဟုတ် ထူးဆန်းတဲ့ သတ္တဝါတွေကြောင့် အပြောင်းအလဲကြီးတစ်ခုဖြစ်မယ်ဆိုရင် အခုထဲက ဖြစ်နေလောက်ပြီပေါ့”

“ခဗျားရဲ့ အကောင်းမြင်စိတ်ကိုတော့ ကျွန်တော် သဘောကျပါတယ် မစ္စနန်။ ဒါပေမဲ့ ကျွန်တော်က စိတ်ပျက်စရာ စကားနည်းနည်းတော့ ပြောရလိမ့်မယ်”

ရွှန်းက ကွန်ပျူတာပေါ်တွင် တစ်စုံတစ်ခုကို အဆက်မပြတ် ရိုက်နေပြီးနောက် ဟိုလိုဂရမ်မြင်ကွင်းတစ်ခုကို ဖွင့်လိုက်ရင်း ပြောသည်။

“ကမ္ဘာပျက်ကပ်နေ့ကစလို့ တွင်းနက်ထဲက အပြောင်းအလဲတွေဟာ ပုံမှန်မဟုတ်တော့ဘူး။ ဖီးနစ်ရဲ့ အသေးစိတ် စောင့်ကြည့်ချက်တွေနဲ့ ကျွန်တော်တို့ တိတ်ဆိတ်မြို့တော်ရဲ့ စုံစမ်းမှုတွေအရ ရက်ပေါင်း တစ်ရာကျော်အတွင်းမှာတင် အာရှ-ပစိဖိတ်တိုက်က တွင်းနက် ခြောက်ခုတည်းမှာတင် အပြောင်းအလဲပေါင်း သုံးထောင်ကျော် ဖြစ်ခဲ့တယ်။ အများစုကတော့ အပြောင်းအလဲအသေးစားလေးတွေပါပဲ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ တွင်းနက်အပေါ် နားလည်မှုနဲ့ စောင့်ကြည့်မှုတွေက မတိကျဘူးဆိုတာ သက်သေပြနေတာပဲ။ နံပါတ် ၅ တွင်းနက်ထဲက ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်ဟာ လူတွေကြောင့် ဖြစ်လာရတာပဲ။ ဒါဟာ ကမ္ဘာတစ်ခုလုံးကို အဆုံးမဲ့အမှောင်ညဖြစ်စဉ်ကို ပိုမြန်အောင် တွန်းပို့လိုက်တာပဲ။ ဆိုတော့ တွင်းနက်တွေက ဒီထက်ပိုပြီး ပြင်းထန်တဲ့ အခြေအနေကို ရောက်မသွားနိုင်ဘူးလို့ ခဗျားက ဘာလို့ ထင်နေတာလဲ”

“အမှန်ပါပဲ။ စမ်းသပ်ချက်အမျိုးမျိုးနဲ့ ကောက်ချက်တွေအရ ဒီအမှောင်ထုဟာ ကျွန်မတို့ကို ဖျက်ဆီးဖို့အတွက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေတယ်ဆိုတာ သက်သေပြပြီးသားပါ။ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ဆင့်ကဲပြောင်းလဲမှုတွေ၊ လူသားအခြေစိုက်စခန်းတွေကို ဦးတည်တိုက်ခိုက်တာတွေနဲ့ အမှောင်ထဲက အမဲလိုက်မှုတွေက ဒီခြိမ်းခြောက်မှုဟာ ငြိမ်သက်နေတာမဟုတ်ဘဲ လူသားတွေရဲ့ လုပ်ရပ်အပေါ် မူတည်ပြီး တုံ့ပြန်နေတာကို ပြနေတာပဲ”

တင်းကျန်းရီက လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အေးစက်စွာ ရှင်းပြလိုက်သည်။

“စကြဝဠာသီအိုရီနဲ့ ဖာမီပဟေဠိအရဆိုရင် တိတ်ဆိတ်နေခြင်းဟာ ယဉ်ကျေးမှုနှစ်ခုကြားမှာ အကောင်းဆုံးရှင်သန်ခြင်း နည်းဗျူဟာပဲ။ လူသားမျိုးနွယ် တစ်ရာခိုင်နှုန်းလောက် အသက်ရှင်ကျန်နေတာဟာ ဒီလို တစ်ဖက်သတ် ဆန္ဒတွေကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒီတော့ အမှောင်ထုနဲ့ ဆက်သွယ်မှု စတင်လိုက်တာနဲ့ အခြေအနေတွေဟာ ပိုဆိုးတဲ့ဘက်ကိုပဲ ဦးတည်သွားတော့မှာပဲ”

“ဖာ့ခ်… အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းတာဟာ ဖီးနစ်ကို ပြန်တိုက်ဖို့နဲ့ နိုင်ငံရေးအရ ကစားဖို့ပဲလို့ ငါ ထင်ထားတာ။ ဒီလောက်အထိ ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး… သောက်ကျိုးနည်းကောင်တွေ”

ရှီတိယွမ်က မယုံနိုင်ဟန်ဖြင့် ကျိန်ဆဲလိုက်သည်။

“အဲဒါတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတာမှ မဟုတ်တာ”

ထိုစဉ် ကျန်းရှု့ဝေက ဝင်ပြောသည်။

“မူလဖက်ဒရေးရှင်းပဲဖြစ်ဖြစ် အခုအာရုဏ်ဦးမြို့တော်ပဲဖြစ်ဖြစ် အုပ်စုဖွဲ့တာတွေကတော့ အမြဲရှိနေတာပဲ။ ကမ္ဘာပျက်ကပ်က သူတို့ရဲ့ ရပ်တည်ချက်နဲ့ ရှင်သန်ရေးယုံကြည်ချက်တွေကိုပဲ ပြောင်းလဲပစ်လိုက်တာ။ ဖက်ဒရေးရှင်းတစ်ခုလုံးကို အကျိုးစီးပွားပဲ ကြည့်တဲ့အုပ်စုလို့ပဲ မြင်လို့မရဘူး။ ဥပမာ ကျိုးမင်ယွမ် ဦးဆောင်တဲ့ အုပ်စုဆိုရင် အာရုဏ်ဦးမြို့တော်ရဲ့ တင်းကျပ်တဲ့ မူဝါဒတွေနဲ့ အကျိုးစီးပွားကွန်ရက်တွေမှာ သူ့ရဲ့ သြဇာက ကျယ်ပြန့်တယ်၊၊ အာရုဏ်ဦးမြို့တော်ဟာ တကယ်တော့ ကျိုးမင်ယွမ်ရဲ့ လက်ထဲမှာ ရှိနေတာလို့တောင် ပြောလို့ရတယ်။ ကျွန်မ အဲဒီမှာရှိနေတုန်းက ချူကျောက်နန်ကို တွေ့ရခဲပေမဲ့ အဓိကယာဉ်တန်းတွေ၊ သိပ္ပံဌာနနဲ့ အလင်းတမန်စွမ်းအားရှင်ဌာနတွေ အားလုံးက ချူကျောက်နန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ဒီရှေ့တန်းစီမံကိန်းဟာ ချူကျောက်နန်အုပ်စုရဲ့ စီမံကိန်းသက်သက်ပဲ ဖြစ်ဖို့ များတယ်”

လင်းရှန်သည် သူ့ဘေးတွင် မျက်လုံးမှိတ်နေသော ရှင်းဂျီကို ကြည့်လိုက်သည်၊၊

“ခင်ဗျားကော ဘယ်လိုထင်လဲ”

ရှင်းဂျီက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“ယဲ့လန် ပြောတာ မှန်တယ်။ အနီရောင်ကမ္ဘာက အမှောင်တိုက်စားမှုဆဲလ်တွေပေါ်မှာ မှိုမျှင်နည်းပညာ အသုံးပြုမှာကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဖီးနစ်က ဒီအဆိုးဆုံး အခြေအနေကို ကြိုတွေးပြီး ရောက်လာတာပဲ။ ဒီရှုထောင့်ကကြည့်ရင် ယဲ့လန်ဟာ အဆိုးမြင်တတ်သူဖြစ်ပေမဲ့ ထက်မြက်ပြတ်သားတဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်”

“အဲဒါကို ကျုပ်မေးချင်တာ မဟုတ်ဘူး” လင်းရှန်က ပြောလိုက်သည်။

“ကျုပ် မေးချင်တာက ရှေ့တန်စီမံကိန်းက ကောင်းကင်အကာကွယ်ကို ဖောက်ထွက်တာနဲ့ မှိုနဲ့ အမှောင်သတ္တဝါတွေကြား ဆက်သွယ်မှုဖြစ်သွားရင် ဘယ်လောက်အထိ ဆိုးသွားနိုင်မလဲ ဆိုတာကိုပဲ”

“မင်း မေးခွန်းမေးတာ မှားနေတယ်လို့ ငါ ထင်တယ်”

ရှင်းဂျီက လင်းရှန်ကို ကြည့်လိုက်သည်။

“မင်း မေးရမှာက ဒီဖြစ်ရပ်နှစ်ခု- ရှေ့တန်းစီမံကိန်း စတင်တာနဲ့ အမှောင်တိုက်စားမှုဆဲလ်တွေနဲ့ ဆက်သွယ်တာက ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ မဟုတ်ဘူးလား”

ထိုစကားကြောင့် လူတိုင်း၏ အကြည့်မှာ ၎င်းတို့နှစ်ဦးထံသို့ ရောက်ရှိသွားသည်။

လင်းရှန်သည် ထိုစကားကို ကြားသောအခါ ခဏမျှ တုံ့ဆိုင်းသွားပြီး ရှင်းဂျီဆိုလိုသည်ကို ချက်ချင်းပင် သဘောပေါက်သွားလေသည်။

“ခင်ဗျား ဆိုလိုတာက ဒီနှစ်ခုက တစ်ပြိုင်တည်း ဖြစ်လာမှာလား။ ဒါမှမဟုတ် အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာကို အမှောင်တိုက်စားမှုဆဲလ်တွေ အစောကြီး အသက်မသွင်းဖို့ ဖိအားပေးထားတာမျိုးလား”

“အမှန်ပဲ” ရှင်းဂျီက ခပ်ဖွဖွပြုံးလိုက်သည်။

“ဒါကြောင့်လည်း ဖီးနစ်က အာရုဏ်ဦးမြို့တော်ရဲ့ ကာကွယ်ရေးစနစ် ဗဟိုချက်ကို ထိန်းချုပ်ဖို့ မင်းကို အကူအညီ တောင်းတာလို့ ငါ ထင်တယ်။ ဘာလို့လဲဆိုတော့ အနီရောင်ကမ္ဘာက ဒီရှေ့တန်းစီမံကိန်းနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းနေတယ်လို့ သူတို့ ယူဆနေလို့ပဲ”

“ဖီးနစ်က ကျိုးမင်ယွမ်ကိုတင် စိုးရိမ်နေတာ မဟုတ်ဘူး။ အာရုဏ်ဦးမြို့တော်တစ်ခုလုံးက အနီရောင်ကမ္ဘာရဲ့ လက်ထဲ ကျသွားမှာကိုပါ စိုးရိမ်နေတာပဲ”

လင်းရှန်သည် သက်ပြင်းကို လေးလံစွာ ချလိုက်၏။

“ဖီးနစ်ဆီမှာ ပိုပြီး တိကျတဲ့ သတင်းအချက်အလက်တွေ ရှိနေတာ သေချာတယ်။ ဒီကိစ္စက ကျုပ်တို့ ထင်ထားတာထက် အများကြီး ပိုပြီး စိုးရိမ်စရာကောင်းနေပြီ”

“ဒါကြောင့်လည်း ယုံကျန်းဆိပ်ကမ်းမှာ သံမဏိအစောင့်တပ်ဖွဲ့တွေကို ဖြန့်ကျက်ထားတာပေါ့”

ရှင်းဂျီက ထောက်ပြသည်၊၊

“ဒါ့အပြင် ဖီးနစ်က တခြားအင်အားစုတွေကိုလည်း လှုပ်ရှားခိုင်းထားဦးမှာပဲ”

ချန်ဆီရွှမ်က မျက်မှောင်ကြုတ်ရင်း ပြော၏။

“အခု ဖီးနစ်က အာရုဏ်ဦးမြို့တော်မှာ လူရာဂဏန်းလောက်ပဲ ရှိတယ်၊၊ တကယ်လို့ ပြဿနာတက်လာရင် သံမဏိအစောင့်တပ်ဖွဲ့ တစ်ခုတည်းနဲ့ ထိန်းနိုင်မှာ မဟုတ်ဘူး”

လင်းရှန်က ခေါင်းယမ်းလိုက်သည်၊၊

“ဖီးနစ်က ခုခံဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး။ သူတို့က လူတွေအားလုံးကို နေရာရွှေ့ပြောင်းဖို့ စီစဉ်နေတာပဲ။ အခု တွင်းနက် ၅၊၇၊၈ က နီးကပ်လာပြီဆိုတော့ အာရုဏ်ဦးမြို့တော်အတွက် အချိန်သိပ်မကျန်တော့ဘူး”

All Chapters