အခန်း (၇၈၆-၇၈၇)
Vol. 46 Ch. 786-787
Chapter 786
စစ်ဆင်ရေးစတင်ခြင်း ၃
“ဩော်... မေ့နေလို့။ ဖီးနစ်ရဲ့ စာပို့သမားက တိတ်ဆိတ်မြို့တော်ကို ရောက်နေပြီလို့ ငါ ပြောဖို့ မေ့သွားတယ်”
ရှင်းဂျီက ပြောရင်း လှည့်ထွက်ရန် ပြင်လိုက်သည်။
“ငါ အခု သူတို့ကို သွားတွေ့ရမယ်။ သူတို့ ငါ့ကို ဘာလို့လာရှာတယ်ဆိုတာ ငါသိတယ်”
“ဘာကိစ္စလဲ”
ရှင်းဂျီက ပြောရင်း ထွက်သွားသည်။
“ငါ့ရဲ့ တိတ်ဆိတ်မြို့တော်က လူ ငါးသိန်းလောက်ကို လက်ခံထားနိုင်တယ်”
“ဟေး...”
လင်းရှန်သည် ခဏမျှ တိတ်ဆိတ်သွားသည်။ သူသည် အာရုဏ်ဦးမြို့တော်သို့ တစ်ညလုံး အပြေးသွားရန် ပြင်ဆင်နေပြီး ရှင်းဂျီထံမှ သယ်ယူပို့ဆောင်ရေးယာဉ်တစ်စင်း ရလိုရငြား မျှော်လင့်နေခြင်းဖြစ်သော်လည်း ထိုလူသည် လှည့်ထွက်သွားခဲ့လေပြီ။
ထူးဆန်းသည်မှာ ရှင်းဂျီနှင့် ရွှန်းတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် ပင်မကွပ်ကဲခန်းမ၏ ယန္တရားတံခါးအပြင်ဘက်မှ တစ်ဒေါက်ဒေါက်နှင့် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ ဤကဲ့သို့သော အလိုအလျောက်တံခါးမျိုးကို မည်သူက တံခါးခေါက်နေသနည်းဟု လင်းရှန် အံ့သြသွားစဉ် တံခါးဘေးရှိ မျက်နှာပြင်ပေါ်တွင် ကြောက်ရွံ့တုန်လှုပ်နေသော ပုံရိပ်တစ်ခု ပေါ်လာ၏။ လင်းရှန် ကြည့်လိုက်သည့်အခါ ထိုသူမှာ ရှီဇီဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ကျွီ~
အလိုအလျောက်တံခါးသည် လျင်မြန်စွာ ပွင့်သွားပြီး ရှီဇီသည် တံခါးဝတွင် အနေခက်စွာ ရပ်နေလေသည်။
“တောင်းပန်ပါတယ်၊၊ ကျွန်မ ကူညီဖို့ ရောက်လာတာပါ”
လင်းရှန်က တံခါးအပြင်ဘက်ရှိ ခလုတ်ကို ညွှန်ပြကာ ဆို၏။
“တကယ်တော့ ဒီခလုတ်ကို နှိပ်လိုက်ရင် တံခါးပွင့်ပါတယ်”
“ဟုတ်ကဲ့၊၊ အစည်းအဝေးလုပ်နေကြတယ်ဆိုတာ သိလို့ပါ၊ အဲဒါကြောင့်...”
ရှီဇီ၏ အသံသည် နူးညံ့သိမ်မွေ့နေသည်။ အခန်းအတွင်းရှိ လူအုပ်ကြီးကို ကြည့်ရင်း သူမက အလျင်အမြန် မေးလိုက်၏။
“အခု စကားပြောလို့ အဆင်ပြေရဲ့လားဟင်”
“ဘယ်လို အကူအညီမျိုးလဲ”
လင်းရှန်က စိတ်ဝင်တစား မေးလိုက်သည်။
ရှီဇီက ကိုယ်မတ်လိုက်ပာ ခြေစုံရပ်လျက် ပြောသည်။
“...ကျွန်မ တစ်ယောက်တည်းပါ။ ရှင်းဂျီက ကျွန်မကို ရှင်တို့နဲ့အတူ မြို့ထဲလိုက်သွားဖို့ ပြောလိုက်လို့ပါ”
“အမ်” လင်းရှန် မျက်လုံးများ ပြူးသွားသည်၊၊
“ဒါပဲလား...”
“ဒါ့အပြင် Swordfish သယ်ယူပို့ဆောင်ရေးယာဉ် တစ်စင်းလည်း ပါပါတယ်။ ပြီးတော့ ရှင်တောင်းဆိုထားတဲ့ အာကာသအခြေစိုက်လက်နက် ‘ရွှမ်’ ကိုလည်း အနန္တ ရထားဘေးက ပလက်ဖောင်းကို ပို့ပေးထားပြီးပါပြီ”
လင်းရှန် အခုမှ သက်ပြင်းချနိုင်တော့သည်။
“ဒီလူကတော့ တကယ်ပါပဲ...”
သူသည် ရှေ့တွင်ရှိသော ရှီဇီကို ကြည့်ကာ ပြုံးပြလိုက်ပြီး ရင်းနှီးစွာ ပြောလိုက်သည်၊၊
“အာရုဏ်ဦးမြို့တော်ကို သွားရမှာက အတော်လေး အန္တရာယ်များနိုင်တယ်၊၊ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်ရတာနဲ့ မတူဘူးဆိုတာ ကြိုပြောထားပါရစေ၊၊ ဒါပေမဲ့ ငါတို့နဲ့ ပူးပေါင်းတာကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”
ရှီဇီသည် လင်းရှန်၏ ရင်းနှီးမှုကို ခံစားလိုက်ရပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊၊ ကျွန်မ မကြောက်ပါဘူး၊၊ အယ်... ရှင်က ကျွန်မကို စိုက်ကြည့်မနေဘူးဆိုရင်ပေါ့လေ...”
လင်းရှန် မျက်မှောင်ကြုတ်သွားမိသည်။ ဤမိန်းကလေးသည် လူသေများ သို့မဟုတ် ထူးဆန်းသော သတ္တဝါများကို မကြောက်သော်လည်း လူများက သူမကို စိုက်ကြည့်သည်ကိုမူ ကြောက်လန့်နေတတ်သည့် ထူးဆန်းသော စရိုက်ရှိကြောင်း သူ သတိပြုမိခဲ့ဖူးသည်။
သို့သော် သူသည် ဘာမှမပြောဘဲ အကြည့်ကို လွှဲလိုက်ကာ ရှီဇီကို ပင်မကွပ်ကဲခန်းမအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
ယခုအခါ သယ်ယူပို့ဆောင်ရေးယာဉ် ရရှိပြီဖြစ်သဖြင့် လူတိုင်း လှုပ်ရှားမှုအစီအစဉ်ကို ဆွေးနွေးလိုက်ကြသည်။
“အာရုဏ်ဦးမြို့တော်ရဲ့ မြို့တံခါးတွေမှာ ဘက်စုံစောင့်ကြည့်ရေးနဲ့ စစ်ဆေးရေးစနစ်တွေ ရှိတယ်၊၊ ရှင်က အခု ဖက်ဒရေးရှင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတာဆိုတော့ စွမ်းအားဝတ်စုံ ဝတ်တာမျိုး ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ ခိုးဝင်ဖို့ကတော့ မဖြစ်နိုင်ဘူး”
ကျန်းရှု့ဝေက ပြောသည်။
“ဒါဆိုရင် ဥက္ကဋ္ဌကျန်းမှာ တခြားနည်းလမ်း ရှိပုံရတယ်” လင်းရှန်က သူမကို ကြည့်လိုက်သည်။
“ရှင်ထင်တာ မှန်ပါတယ်၊၊ ဖက်ဒရေးရှင်းရဲ့ အစီအမံတွေက အပြင်ပန်းမှာ တင်းကျပ်ပုံရပေမဲ့ မြို့ထဲကို ဝင်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်”
“ဒါဆိုရင် အချိန်မဆွဲတာ အကောင်းဆုံးပဲ။ ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ကျန်းယွမ်က ငါတို့ကို လာကြိုမှာ မဟုတ်လား”
“ဟုတ်တယ်”
“လင်းရှန်” ချန်ဆီရွှမ်က ဝင်ပြောသည်။
“လူ ပိုခေါ်သွားသင့်တာ မဟုတ်ဘူးလား”
“မလိုပါဘူး၊၊ လူများရင် အာရုံစိုက်ခံရလိမ့်မယ်။ မြို့ထဲရောက်တာနဲ့ NAUF(မြောက်အမေရိက ပူးပေါင်းတပ်ဦး) က လူတွေက ငါတို့နဲ့အတူ လှုပ်ရှားကြလိမ့်မယ်”
လင်းရှန်က အချိန်ကို ကြည့်လိုက်သည်၊၊
“ထုံးစံအတိုင်းပဲ ဆရာမချန်နဲ့ အစ်ကိုရှီတို့က ဒီမှာပဲ စောင့်ကြည့်ပေးပါ။ အစ်မနန်ကျင်း၊ ချီလီ၊ မိုနီကာ၊ ကီကီနဲ့ ရှီဇီတို့က ငါနဲ့အတူ လိုက်ခဲ့ရမယ်၊၊ မီးတောက်ကိုလည်း တစ်ခါတည်း ခေါ်သွားတာ အကောင်းဆုံးပဲ”
“ကျွန်မလည်း လိုက်မယ်”
ကျန်းရှု့ဝေက အေးစက်စွာ ပြောလိုက်သည်၊၊
“ဟုတ်သားပဲ၊၊ မင်းရဲ့ ငွေကြယ်အကြောင်းကို မေ့နေတော့မလို့”
“ဒါက ကျွန်မလိုက်ရမယ့် အဓိကအကြောင်းရင်း မဟုတ်ပါဘူး”
ကျန်းရှု့ဝေက ရှင်းပြသည်။
“မြို့ထဲက အခြေအနေက အရမ်းရှုပ်ထွေးနေတယ်၊၊ ကျွန်မရဲ့အဖွဲ့က အဲဒီမှာ ရှိနေသလို ကျန်းယွမ်နဲ့ ကျွန်မက ရှင့်က်ု မြို့ပြကာကွယ်ရေး ကွန်ရက်တစ်ခုလုံး ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်လို့ပဲ”
လင်းရှန် ခေါင်းငြိမ့်လိုက်၏။ “ဒါက ယုတ္တိရှိပါတယ်”
“ကောင်းပြီ၊ ဒါဆို ဒီအတိုင်းပဲ သွားကြတာပေါ့”
ချီလီက တတ်ကြွစွာ မတ်တပ်ရပ်လိုက်ပြီး နေကာမျက်မှန်ကို တပ်ဆင်လိုက်သည်။
“အား... ကြယ်မြို့တော်… မဟုတ်ဘူး၊၊ အာရုဏ်ဦးမြို့တော်ပေါ့၊၊ အမှတ်တရတွေ ရှိခဲ့တဲ့ ဒီညမြို့တော်ဆီ ငါ နောက်ဆုံးတော့ ပြန်ရတော့မယ်”
“ဘာလဲ၊၊ အရင်က ပျော်ပါးခဲ့တဲ့ ရက်တွေကို လွမ်းနေတာလား”
မိုနီကာက ရယ်မောလျက် ပြန်ပြောသည်။
“ငါက အပျော်အပါးကို မကြိုက်ဘူး၊၊ အဲဒါက ပေါ့ပျက်ပျက်ဆန်လွန်းတယ်။ ငါက အနုပညာဆန်တဲ့ ဘဝကိုပဲ လိုက်စားတာ၊၊ မင်း နားလည်ရဲ့လား”
ချီလီသည် သူ၏ တောက်တောက်ပြောင်ပြောင် ဝတ်စုံကို ပြင်လိုက်ရင်း မျက်နှာကို မော့၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်၊၊
“လင်းရှန်”
လူတိုင်း ထွက်ခွာရန် ပြင်ဆင်နေစဉ် ချန်ဆီရွှမ်က လူသွားလမ်း၌ လင်းရှန်ကို တားလိုက်သည်။
“ကျွန်မကို ဘာလို့ ခေါ်မသွားတာလဲ။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ဆိုရင် သွားလာရတာ ပိုလွယ်မှာ မဟုတ်ဘူးလား။ အရင်ထဲက အခုထိ ရှင်က ကျွန်မကို ကင်းစောင့်ခိုင်းနေတုန်းပဲလား”
“အခုက ရထားကို စောင့်ရုံတင် မဟုတ်ဘူး၊၊ မြို့ကို စောင့်ရမှာ”
“မြို့ကို စောင့်ရမှာ ဟုတ်လား”
“ဟုတ်တယ်”
လင်းရှန်က သူမကို တည်ကြည်စွာ ကြည့်လိုက်သည်။
“အနန္တရထား၊ ပေါင်းစည်းယာဉ်တန်း၊ ကောင်းကင်အမိုးခုံးရထားနဲ့ တိတ်ဆိတ်မြို့တော်တွေ အားလုံးက ကျင်းဟိုင်မှာ ရှိနေတယ်၊၊ ပြီးတော့ ဖီးနစ်ကလည်း ချင်းပိုမှာ ရှိနေတယ်။ သံမဏိအစောင့်တပ်ဖွဲ့ကလည်း အရှေ့ဘက်ကနေ နီးကပ်လာနေပြီ၊၊ အခြေအနေက အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်။ ဒါပေမဲ့ ငါတို့က တွင်းနက် သုံးခုရဲ့ ဝန်းရံခြင်းကို ခံနေရတယ်။ အကယ်၍ ပြဿနာတစ်ခုခုပေါ်လာခဲ့ရင် ငါတို့ သေချာပြင်ဆင်ထားမှ ဖြစ်မယ်”
ချန်ဆီရွှမ်သည် သူ၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် သူမ၏ အမူအရာပြောင်းလဲသွားသည်။ သူမ သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်၏။
“နားလည်ပါပြီ၊၊ ဒီဘက်ကို ကျွန်မလက်ထဲပဲ ထားလိုက်ပါ”
“ကောင်းပြီ”
ကျန်းရှု့ဝေမရှိသည့်အချိန်တွင် ရှီတိယွမ်က စက်မှုဇုန်၏ ကာကွယ်ရေးကို စောင့်ကြည့်ရမည် ဖြစ်သည်။ ရှင်းဂျီ၏ တိတ်ဆိတ်မြို့တော်နှင့် ဖီးနစ်တို့သည်လည်း သီးခြားလှုပ်ရှားမှုအစီအစဉ်များ ရှိနေပြီး၊ အတွင်းအပြင်ရှိ လူပေါင်း ထောင်ချီနှင့် ကောင်းကင်အမိုးခုံးရထားကို ထိန်းချုပ်ရန် လင်းရှန်အနေဖြင့် ချန်ဆီရွှမ်ကိုသာ တာဝန်ပေးခဲ့ရခြင်း ဖြစ်သည်။
Chapter 787
စစ်ဆင်ရေးစတင်ခြင်း ၄
ထိုအချိန်တွင် ရင်ပြင်၌ Swordfish သယ်ယူပို့ဆောင်ရေးယာဉ် တစ်စင်း ဆိုက်ကပ်ထားပြီး ၎င်းမှာ သေးငယ်ကာ လျင်မြန်သော လေယာဉ်တစ်စင်း ဖြစ်သည်။
လင်းရှန်သည် အနန္တရထားဆိုက်ကပ်ထားသည့် ပလက်ဖောင်းထံသို့ ရောက်ရှိလာသောအခါ ဒုံးပျံကြီးများကဲ့သို့ ဘေးတိုက်ချထားသည့် ကြောက်မက်ဖွယ် ကိရိယာနှစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ၎င်းတို့ကို အထူးလွှတ်တင်စင်တစ်ခုပေါ်တွင် တင်ထားပြီး မိုးကာဖျင်စဖြင့် အုပ်ထားလေသည်။
“ဒီအရာကို နောက်ဆုံးတော့ မြင်လိုက်ရပြီပဲ”
လင်းရှန် အနားသို့ အပြေးအလွှား သွားလိုက်၏။ အနားသို့ ရောက်လေလေ ထိုအရာသည် မည်မျှ ကြီးမားကြောင်း ပို၍ သိသာလာလေလေ ဖြစ်သည်။ ဒုံးကျည်၏ အချင်းသည် အနန္တရထားထက်ပင် ပိုမိုကျယ်ဝန်းပြီး အလျားမှာ မီတာ ၇၀ ကျော် ရှိရာ ကြီးမားလှသော တိုက်ချင်းပစ် ဒုံးကျည်ကြီးတစ်ခုကဲ့သို့ပင်။ သို့သော် လင်းရှန် သိသည်မှာ ဤအရာသည် လမ်းညွှန်ပဲ့ထိန်းလက်နက်တစ်ခုဖြစ်ပြီး ယင်း၏ ဖျက်ဆီးအားမှာ တိုက်ချင်းပစ် ဒုံးကျည်ထက် အဆပေါင်းများစွာ သာလွန်နိုင်သည်ဟူ၍ ဖြစ်၏။ လေထဲတွင် ပုံစံပြောင်းလဲပြီးပါက ၎င်းသည် ဧရာမဓားကြီးတစ်စင်း၏ လက်ကိုင်နှင့် ဆင်တူသွားမည် ဖြစ်ရာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
“ဒါက ဘာကြီးလဲ”
ကီကီက ထိုစဉ် အနားသို့ လမ်းလျှောက်လာရင်း မေးလိုက်သည်။
“ဟိုင်ပိုလုံ လမ်းညွှန်ပဲ့ထိန်းစွမ်းအင်အမြောက်လေ၊၊ ရှင်းဂျီ ပေးလိုက်တာ”
လင်းရှန်က ဖြေလိုက်သည်။
“အာကာသအခြေစိုက်လက်နက်ပဲ၊၊ သူက တကယ်ကို ရက်ရောတာပဲ”
ကျန်းရှု့ဝေလည်း ရောက်လာကာ အံ့သြတကြီး ပြောလိုက်လေသည်။
“ဒီပစ္စည်း တစ်ခုတည်းရဲ့ တန်ဖိုးကတင် လူနှစ်ထောင်ပါတဲ့ အလတ်စား ယာဉ်တန်းတစ်ခုလုံးကို အပြည့်အစုံ တပ်ဆင်ပေးလို့ ရတယ်။ အခုဆိုရင် ဒီလိုလက်နက်မျိုးတွေကို အာရုဏ်ဦးမြို့တော်နဲ့ ဖီးနစ်လို အဖွဲ့အစည်းကြီးတွေကပဲ S-Class ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ သုံးကြတာ… စွမ်းအင်စုစည်းမှု အားသာချက်က နျူကလီးယားဗုံးရဲ့ ကွင်းဆက်တုံ့ပြန်မှုထက်တောင် ပိုပြီး ကြီးမားတယ်”
“ဒုကွပ်ကဲမှူးကျန်း ပီသပါပေတယ်၊၊ ဗဟုသုတကတော့ တကယ်ကို စုံလင်တာပဲ”
ကျန်းရှု့ဝေက သူ့ကို တစ်ချက်ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
“အဆင်ပြေမယ်ဆိုရင် ကျွန်မကို ကျန်းရှု့ဝေလို့ပဲ ခေါ်ပါ”
“ဒုကွပ်ကဲမှူး လုပ်တော့မှာ မဟုတ်ဘူးလား”
လင်းရှန်က မေးလိုက်သည်။
“ဟုတ်ပါတယ်၊၊ ဒါပေမဲ့ ဒုကွပ်ကဲမှူးလို့ အခေါ်ခံရတာကို မကြိုက်သလို အဲဒီနာမည်ကိုလည်း သဘောမကျလို့ပါ”
ကျန်းရှု့ဝေက တည်ငြိမ်စွာ ပြန်ပြောသည်၊၊
“ဒါဆို ဥက္ကဋ္ဌကျန်းဆိုရင်ရော”
“ရှင့်သဘောပါ”
“ဒါဆိုရင်လည်း ကောင်းပြီလေ ဒုကွပ်ကဲမှူးကျန်း”
“…”
လင်းရှန်က နောက်ကလိုက်လာသည့် ရှီဇီကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ရှင်းဂျီကို ငါ့ကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”
ရှီကျစ်က ခေါင်းငြိမ့်ပြပြီး ကီကီ၏ နောက်သို့ ပြန်ဆုတ်သွားသည်။
“ဘယ်အချိန်ထွက်မှာလဲ”
မိုနီကာက အနားသို့ လာ၍ မေးလိုက်၏။
လင်းရှန်သည် သူရှေ့ရှိ ဟိုင်ပိုလုံ လမ်းညွှန်ပဲ့ထိန်းစွမ်းအင်အမြောက်ကြီးကို ကြည့်ကာ အချိန်ကို စစ်ဆေးလိုက်ပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။
“နောက်မိနစ် ၂၀ ကြာရင် သယ်ယူပို့ဆောင်ရေးယာဉ်ဆီမှာ လူစုကြမယ်”
…
ဝီး ဝီး
ကျယ်ဝန်းလှသော ကုန်တင်စက်ရုံအတွင်း လျှပ်စစ်စီးကြောင်းများ လက်ခနဲ ဖြစ်သွားပြီး ဟိုင်ပိုလုံ လမ်းညွှန်ပဲ့ထိန်းစွမ်းအင်အမြောက်ကြီးကို သံလိုက်အားဖြင့် ကြယ်နက်ပန်းပဲဖို၏ ဟင်းလင်းပြင်ယန္တရားတံခါးအတွင်းသို့ ဖြည်းညှင်းစွာ ဆွဲသွင်းလိုက်သည်။ လင်းရှန်သည် ယန္တရားနှလုံးသားစနစ်မြင်ကွင်းကို ဖွင့်လိုက်ရာ ကမ္ဘာပျက်ကပ်ရထားအား ဝါးမျိုမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း တွေ့ရ၏။
[ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၅၀၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၂၀၀]
“အရင်တုန်းက စွမ်းအားဗဟိုချက်တစ်ခုတည်းနဲ့တင် ၇၀၀ တိုးတယ်၊၊ အခုတော့ ဒီရထားတွဲ ဆယ်တွဲကျော်လုံးမှ ၅၀၀ ပဲ ရတယ်။ တကယ်ပဲ... ငါ့ကို ကြယ်ဝါးမျိုသင်္ဘောကြီး ဒါမှမဟုတ် လေယာဉ်တင်သင်္ဘောကြီးကို ဝါးမျိုခိုင်းချင်နေတာလား”
ရရှိလာသော ယန္တရားရင်းမြစ်အမှတ်များကို ကြည့်ကာ လင်းရှန် သက်ပြင်းချလိုက်မိသည်။ ကံကောင်းသည်မှာ ယုတ္တိဗေဒအရ ဤသို့ဝါးမျိုခြင်းသည် သူ့အတွက် တစ်နာရီသာ ကြာမြင့်ပြီး အလိုအလျောက် လုပ်ဆောင်ပေးခြင်းကြောင့် စိတ်သက်သာရာ ရစေသည်။
စဥ်းစားရင်း လင်းရှန်သည် ထုတ်လုပ်မှုအစီအစဉ် ၅ ခုလုံးကို ချက်ချင်း အသက်သွင်းလိုက်သည်။
“မိုးကြိုးသိန်းငှက် ၂၀၀၀ အစင်း ၁၀၀၊၊ ဒါတွေက အဓိကအင်အားစုပဲ”
“မိုးကြိုးအကျဉ်းထောင် အစင်း ၅၀ အရင်ထုတ်မယ်၊၊ အကြီးစား ပေါက်ကွဲမှုအတွက်”
“ဖျက်ဆီးသူကတော့ ပြင်းထန်လွန်းတယ်၊၊ အရေးကြီးတဲ့ အခိုက်အတန့်တွေအတွက် အစင်း ၂၀ ပဲ ထုတ်မယ်”
“ရေခဲပေါက်ကွဲမှု ၁၆၆ ကတော့ ထားလိုက်ပါတော့၊၊ အခုလောလောဆယ် မလိုသေးဘူး”
“သံမဏိမိုး ဒါကတော့ ကောင်းတယ်၊၊ အကြီးစား တိုက်ခိုက်ပေါက်ကွဲစေတဲ့ ကျည်ဆန်တွေ… အစင်း ၅၀”
“သံမဏိအကာကွယ်ကတော့ အစင်း ၅၀ မရှိလို့ မဖြစ်ဘူး၊၊ ရုပ်ပိုင်းဆိုင်ရာ ဒိုင်းကာတွေက မရှိမဖြစ်ပဲ...”
“ဒီလိုဆိုရင် ယန္တရားထုတ်လုပ်မှု ကျွမ်းကျင်မှုက ထိုးတက်သွားတော့မယ်”
ဝူးး
ကြယ်နက်ပန်းပဲဖိုအတွင်း ထုတ်လုပ်မှုအစီအစဉ် ၅ ခုလုံး အစွမ်းကုန် လည်ပတ်နေသည်ကို လင်းရှန် ကြည့်နေမိသည်။ ပြောင်းလဲသွားသော ပစ္စည်းများကို အသုံးပြုနေသည့်အတွက် အချိန်နောက်ပြန်ရေတွက်မှုများ တစ်ပြိုင်တည်း ပေါ်လာခြင်းက သူ့ကို စိတ်လှုပ်ရှားစေလေသည်။
ဤအလိုအလျောက် ထုတ်လုပ်မှုလိုင်းကြောင့် လင်းရှန်၏ ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာ အထူးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် ကုန်ကြမ်းသာ လုံလောက်ပါက ဒရုန်းရာပေါင်းများစွာကို တစ်ရက်တည်းနှင့် ထုတ်လုပ်နိုင်မည် ဖြစ်ရာ ယန္တရားစစ်တပ်ကြီး တည်ထောင်ရန်မှာ အိပ်မက်မဟုတ်တော့ပေ။
ဒရုန်းများအပြင် ရွှန်း သဘောကျသည့် အကြီးစား သံချပ်ကာ မီကာစက်ရုပ်များနှင့် တိုက်ခိုက်ရေးအတွက် ကချေသည် ၀၁ စက်ရုပ်များကိုလည်း ပိုအားကောင်းလာစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် ပြင်ဆင်ထုတ်လုပ်ရန် စိတ်ကူးထားသည်။
“ဒရုန်းတွေ ဒီလောက်များနေမှတော့ အရည်အချင်းရှိတဲ့ Ai အကူအညီပေးသူ တစ်ယောက် လိုအပ်တယ်၊၊ ဟုတ်တယ်မလား ဂရေ့စ်”
[သင်ရဲ့ အတွေးက အလွန်မှန်ကန်ပါတယ်၊၊၊ အကြီးစား ဒရုန်းတပ်ဖြန့်မှုများတွင် အစွမ်းထက်သော AI ဉာဏ်ရည်တု အကူအညီပေးသူမှာ အဓိကပဲ ဖြစ်ပါတယ်၊၊ ဒရုန်းတပ်ဖွဲ့များနှင့် AI ပူးပေါင်းဆောင်ရွက်မှုအတွက် အသေးစိတ် အဖြေကို ပေးရမလား]
စနစ်တစ်ခုလုံး အသစ်ပြန်လည် ရေးသားပြီးနောက် ဂရေ့စ်မှာ ယခုအခါ သန့်စင်သော ဉာဏ်ရည်တုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ကီကီ၏ အချက်အလက်များမှတစ်ဆင့် လက်ရှိကမ္ဘာ၏ အကျပ်အတည်းနှင့် ပတ်ဝန်းကျင်ကို အသေးစိတ် လေ့လာထားသော်လည်း လင်းရှန်နှင့် ဆက်သွယ်ရာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ စကားလုံးများ မပါဝင်တော့ဘဲ အေးစက်စက် အသံထွက်ပေါ်နေသည်။
“ဒါဆို မင်း အရင်က ပြသခဲ့တဲ့ ဟာသဉာဏ်တွေက ပရိုဂရမ်ကြောင့် မဟုတ်ခဲ့ဘူးပေါ့လေ... ကောင်းပါတယ်၊၊ သန့်စင်တဲ့ ယန္တရားဉာဏ်ရည်တုAi ပေါ့”
ပြောရင်း လင်းရှန်သည် လက်ကို ဝှေ့ယမ်းကာ ကြယ်နက်ပန်းပဲဖို၏ ဟင်းလင်းပြင်တံခါးကို ဖွင့်လိုက်ပြီး ဂရေ့စ်ကို အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ထို့နောက် အချိန်ကို စစ်ဆေးကာ စက်ရုံအတွင်းမှ လျင်မြန်စွာ ထွက်လာခဲ့သည်။
အပြင်တွင် ကီကီ၊ ကျန်းရှု့ဝေ၊ ရှီဇီ၊ ချီလီ၊ မိုနီကာနှင့် လုရှင်းချန်တို့သည် လက်နက်အပြည့်အစုံဖြင့် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ မကြာမီမှာပင် စက်မှုဇုန်၏ အထက်ကောင်းကင်ယံ၌ အင်ဂျင်သံတစ်ခု ဝူးခနဲ ထွက်ပေါ်လာပြီး အာရုဏ်ဦးမြို့တော်ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။
တိတ်ဆိတ်မြို့တော်၏ တိမ်စီရင်စုတွင် ရွှန်းသည် လင်းရှန်၏ သယ်ယူပို့ဆောင်ရေးယာဉ် ထွက်ခွာသွားသည်ကို စောင့်ကြည့်ရေးမျက်နှာပြင်မှ ကြည့်နေပြီး ရှင်းဂျီအား ပြောလိုက်သည်၊၊
“လင်းရှန် လှုပ်ရှားနေပြီ၊၊ သူက တကယ်ကို မြန်တဲ့သူပဲ”
ရှင်းဂျီ၏ မျက်နှာမှာ တည်ငြိမ်လျက် ရှိသည်။ သူသည် လက်များကို လက်အင်္ကျီအတွင်း ထည့်ကာ ဟိုလိုဂရမ်မြေပုံပေါ်ရှိ အာရုဏ်ဦးမြို့တော်၏ လေးဘက်လေးတန် တည်ဆောက်ပုံကို ကြည့်ရင်း ပြောလိုက်၏။
“ဖီးနစ်ရဲ့ အဆိုပြုချက်ကို ငါ အများကြီးစိတ်ဝင်စားနေတယ်၊၊ ရွှန်း... အားလုံးကို အကြောင်းကြားလိုက်ပါ”
“မြို့တော် နံပါတ် ၂ ကို နောက်တစ်ကြိမ် ခွဲထုတ်ဖို့ ပြင်ဆင်လိုက်တော့”