← Chapters

အခန်း (၇၉၂-၇၉၃)

Vol. 46 Ch. 792-793

အခန်း (၇၉၂-၇၉၃)

Vol. 46 Ch. 792-793

Chapter 792

အနန္တရထားလူသစ်စုဆောင်းရေး စီမံကိန်း ၂

ကီဇိုင်းက ပြောပြောဆိုဆိုနှင့် သွက်လက်စွာ တွားဝင်သွားသည်။ လင်းရှန်နှင့် အခြားသူများ နောက်မှ လိုက်သွားကြရာ ၎င်းမှာ သတ္တုအမှိုက်ပုံများကြားမှ ဖောက်ထားသော လမ်းကြောင်းဖြစ်ပြီး ဗီရိုဟောင်းများနှင့် တံခါးဟောင်းများကို ကွေ့ဝိုက်ကျော်ဖြတ်ကာ အကြိမ်ကြိမ် ကွေ့ပတ်သွားနေရသည်။ နောက်ဆုံးတွင် မီးခိုးရောင် ကွန်ကရစ်တံတိုင်းကြီးတစ်ခု ပေါ်လာပြီး အမှိုက်ပုံကြီးထဲမှ သူတို့ လွတ်မြောက်လာခဲ့သည်။

တံတိုင်းထဲတွင် လူတစ်ယောက် လျှိုဝင်နိုင်သော အပေါက်ငယ်တစ်ခု ရှိသည်။

“ဒီလောက် ထူတဲ့ ကာကွယ်ရေးတံတိုင်းကို ဘယ်လိုလုပ်ပြီး အပေါက်ဖောက်လိုက်တာလဲ”

ချီလီ မျက်မှောင်ကြုတ်သွားသည်။

“အဆင့်နိမ့် မွန်းစတားတွေနဲ့ ဖုတ်ကောင်တွေအတွက်တော့ ခက်ခဲလိမ့်မယ်၊၊ ဒါပေမဲ့ လူသားတွေအတွက်တော့ ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး”

နန်ကျင်းက ဝင်ပြောသည်၊၊

“စွမ်းအားတွေ၊ စက်ရုပ်တွေ၊ ဘာမဆို သုံးလို့ရတာပဲ၊၊ အချိန်ပေးရင် သာမန်စက်ကိရိယာတွေနဲ့တောင် ရတယ်”

“ဟုတ်တယ်” လင်းရှန်က ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ မွန်းစတားတွေသာ လူသားတွေရဲ့ နည်းလမ်းတွေကို သင်ယူသွားမယ်ဆိုရင် ငါတို့ ပိုပြီး ဒုက္ခရောက်ကုန်လိမ့်မယ်”

စကားပြောနေစဉ် ကီဇိုင်းသည် သူတို့ကို မြေအောက်ဥမင်ထဲမှ ခေါ်ထုတ်လာသည်။ အပြင်သို့ ရောက်သောအခါ ဥမင်၏ အတွင်းပိုင်းကို သံဇကာကွက်အကျယ်ကြီးဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။ သူက သူတို့ကို ထိုနေရာမှာ ခဏစောင့်ရန် အချက်ပြလိုက်ပြီးနောက် ဆက်သွယ်ရေးစက်ကို ကောက်ကိုင်လိုက်သည်။

“ရွှေဝါငှက်၊ ရွှေဝါငှက်… အကြောင်းပြန်ပါ”

“ဘာဖြစ်တာလဲ”

“ဒီမှာ ဇီဝအာရုံခံကိရိယာတွေနဲ့ အနီအောက်ရောင်ခြည်ကွန်ရက် ရှိနေတယ်”

လင်းရှန်က ပြောလိုက်သည်။ လွန်ခဲ့သော စက္ကန့်ပိုင်းက သူ တစ်ခုခုလုပ်ရန် ပြင်လိုက်သော်လည်း ကီဇိုင်းသည် အတွင်းမှ တစ်စုံတစ်ဦးထံ အကူအညီတောင်းရန် ဆက်သွယ်နေသည်ကို သတိပြုမိလိုက်၍ ခဏရပ်ထားခြင်းဖြစ်သည်။

သို့သော် စက္ကန့် ၂၀ ကျော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမှ ပြန်မလာပေ။

“ဘာဖြစ်တာလဲ။ ဆက်သွယ်ရေးက ပုံမှန်ပဲဟာကို...”

ကီဇိုင်းသည် သတိအပြည့်နှင့် ရှိနေပြီး သူ၏ရဲဘော်များကို နောက်တစ်ကြိမ် ဆက်သွယ်ရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ စူးရှသော ပစ်ခတ်သံများနှင့်အတူ ပြင်းထန်သော စွမ်းအင်တန်းနှစ်ခုသည် လေထုကို ဖြတ်သန်း၍ လက်ခနဲ ပေါ်လာသည်။

“သတိထား”

တစ်ခဏချင်းအတွင်းမှာပင် လင်းရှန်သည် လက်ကိုမြှောက်၍ AT စွမ်းအင်ဒိုင်းကို ဖြန့်ကျက်လိုက်သည်။ ဘန်းခနဲ အသံနှင့်အတူ သူ၏ရှေ့တွင် မီးပွားများ ပေါက်ကွဲသွားပြီး သူ၏ဘေးမှ ကီဇိုင်းသည် ပုခုံးကို ကျည်ထိမှန်သွားကာ အော်ဟစ်ရင်း လွင့်ထွက်သွားလေသည်။

တဝှစ်ဝှစ်မြည်သံများနှင့်အတူ နောက်ထပ် ပြင်းထန်သော ပစ်ခတ်မှုများ အဝေးမှ ထွက်ပေါ်လာရာ အဖွဲ့သားအားလုံး မျက်နှာပျက်သွားကြသည်။

“နောက်ဆုတ်ကြ”

လင်းရှန်၏ လက်ထဲတွင် လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး AT စွမ်းအားဒိုင်းသည် ချက်ချင်းပင် အဆပေါင်းများစွာ ကျယ်ပြန့်သွားသည်။ တစ်ချိန်တည်းမှာပင် ကီကီသည်လည်း လျင်မြန်စွာ လှုပ်ရှားလိုက်ရာ စိတ်စွမ်းအင်လှိုင်းတစ်ခုက လမ်းပေါ်ရှိ ဆူးကြိုးခွေများနှင့် အတားအဆီးအားလုံးကို လေထဲသို့ မြှောက်တင်လိုက်ပြီး အမှောင်ထုထဲမှ ပစ်ခတ်နေသော လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ဘစ်ဇ် ဘစ်ဇ်

တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော အလင်းတန်းများသည် လေထဲတွင် ရှိနေသော ဆူးကြိုးခွေများနှင့် အတားအဆီးများကို ထိမှန်ကာ မီးပွားများ တဖျတ်ဖျတ် လွင့်စင်ကုန်သည်။

ထိုစဉ် သေနတ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး အဝေးမှ အသံချဲ့စက်ဖြင့် အော်ပြောသော အသံတစ်ခု အမှောင်ထဲမှ ထွက်ပေါ်လာသည်။

“ကျူးကျော်သူတွေ၊၊ ဒါက အာရုဏ်ဦးမြို့တော် ညကင်းလှည့်အဖွဲ့ပဲ။ ခုခံတာကို ချက်ချင်းရပ်ပြီး အစစ်ဆေးခံကြပါ။ အကယ်၍ မပူးပေါင်းဘူးဆိုရင် ဖက်ဒရေးရှင်းဥပဒေအရ မင်းတို့ကို ချက်ချင်း သုတ်သင်ရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ လင်းရှန် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

တကယ်ကို ကံဆိုးတာပဲ… ဝင်လာရုံရှိသေးတယ် မိသွားပြီ၊၊ ဘယ်လိုလုပ်ပြီး ဒီလောက် တိုက်ဆိုင်နေရတာလဲ။

“ညကင်းလှည့်အဖွဲ့က လက်နက်အင်အား တောင့်တယ်၊၊ သတိထားကြ”

ကျန်းရှု့ဝေက သတိပေးသံဖြင့် ပြောလိုက်ပြီး သူမ၏ စွမ်းအားဝတ်စုံမှ ခေါင်းဆောင်းကို တပ်ဆင်လိုက်သည်။

“ကျွန်မတို့ ပြန်တိုက်ရမလား”

နန်ကျင်းက သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရှေ့သို့ တက်လာသည်။ သူမ၏ ကိုယ်မှ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။

“လင်းရှန်၊၊ ကျွန်မတို့ ဘာလုပ်ကြမလဲ”

ကီကီက မေးလိုက်သည်။

သူတို့ဘေးတွင် လုရှင်းချန်ကလည်း မီးလုံးတစ်လုံးကို ကိုင်ထားရင်း အသင့်စောင့်နေသည်။ အကယ်၍သာ မွန်းစတားဆိုလျှင် သူသည် မီးလက်သီးဖြင့် ပစ်လိုက်ပြီးဖြစ်လိမ့်မည်။ သို့သော် ယခုမှာ ဖက်ဒရေးရှင်းမှ လူများဖြစ်နေပြီး သူတို့ကလည်း လျှို့ဝှက်ဝင်ရောက်ရမည့် မစ်ရှင်တွင် ရှိနေသဖြင့် လင်းရှန်၏ အမိန့်မရဘဲ သူ ဘာမှ မလုပ်နိုင်သေးပေ။

“ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်၊၊ နောက်ဆုတ်မလား ဒါမှမဟုတ် အကုန်သတ်ပစ်မလား”

လင်းရှန်က လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။

“လက်နက်ချပြီး အစစ်ဆေးခံပါ”

အသံချဲ့စက်မှ နောက်တစ်ကြိမ် အသံထွက်လာသည်။

“လောလောဆယ် ဘာမှမလုပ်နဲ့ဦး”

လင်းရှန်က ကီကီကို တီးတိုးမှာလိုက်သည်။

“ငါအချက်ပြတာကို စောင့်ဦး၊၊ သူတို့ ဘယ်နှစ်ယောက်ရှိလဲဆိုတာ အရင်ကြည့်ရအောင်”

“အိုကေ” ကီကီက အနည်းငယ် ခေါင်းငြိမ့်ပြသည်။

ထို့နောက် လင်းရှန်သည် လက်ကိုမြှောက်၍ လက်နက်ချသည့်ပုံစံ ဟန်ဆောင်လိုက်သော်လည်း AT စွမ်းအားစက်ကွင်းကိုမူ မရုပ်သိမ်းသေးဘဲ အဖွဲ့သားများကို သူ့အနားသို့ စုရန် အချက်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဥမင်အတွင်း မီတာရာဂဏန်းအတွင်းရှိသော စောင့်ကြည့်ကိရိယာများနှင့် ထောက်လှမ်းရေးကိရိယာ အားလုံးကို တိတ်တဆိတ် ဝါးမျိုပြီး ထိန်းချုပ်လိုက်ပြီဖြစ်သည်။

သူသည် အနားတွင် လဲကျနေသော ကီဇိုင်းကို လှည့်ကြည့်လိုက်ရာ ရှီဇီက သူ့ကို ကုသပေးနေသည်ကို တွေ့ရသည်။ ကံကောင်းတာက လင်းရှန် တုံ့ပြန်မှု မြန်ခဲ့၍သာ ဖြစ်သည်။ မဟုတ်လျှင် ခုနက တိုက်ရိုက်ထိမှန်မှုက ထိုလူငယ်လေးကို အသက်ပျောက်စေခဲ့ပေမည်။

ထိုစဉ် ရှေ့ရှိ ဥမင်ထဲတွင် စူးရှသော အလင်းရောင်များ လင်းထိန်လာပြီး တိုက်ခိုက်ရေးဒရုန်း အချို့သည် သူတို့ထံသို့ အရှိန်ဖြင့် ပျံသန်းလာကာ လင်းရှန်တို့အဖွဲ့ကို ဝန်းရံလိုက်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် ခြေသံများ နီးကပ်လာပြီး လူတစ်စုသည် အမှောင်ထဲမှ ထွက်လာကြသည်။ အားလုံးက လင်းရှန်တို့အဖွဲ့ကို သတိကြီးစွာဖြင့် လက်နက်များဖြင့် ချိန်ရွယ်ထားကြသည်။

ထိုလူများသည် အဆင့်မြင့် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင် လျှပ်စစ်စွမ်းအင်သုံး သေနတ်များကို ကိုင်ထားကြသည်။ ၎င်းကို မြင်သောအခါ လင်းရှန်နှင့် အဖွဲ့သားများသည်လည်း သူတို့၏ စွမ်းအားဝတ်စုံ မျက်နှာဖုံးများကို စွပ်လိုက်ကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ ဦးထုပ်မဆောင်းထားဘဲ သူ၏မျက်နှာတွင် ကြောက်မက်ဖွယ်ရာ အမာရွတ်တစ်ခု ရှိနေသည်။ သူ ဝတ်ဆင်ထားသော တရားဥပဒေစိုးမိုးရေး အမှတ်တံဆိပ်ပါသည့် ရဲတပ်ဖွဲ့ စွမ်းအားဝတ်စုံနှင့် ထိုအမာရွတ်မှာ လားလားမျှ မအပ်စပ်ပေ။ သူက လင်းရှန်တို့အဖွဲ့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“ဟေး... ကြည့်စမ်းပါဦး၊၊ မင်းတို့က ဘယ်သူတွေလဲ၊၊ နတ်ဘုရားတွေလား။ အဆင့်မြင့် စွမ်းအားဝတ်စုံတွေ အကုန်ဝတ်ထားကြတာပဲ။ ဒီညတော့ ငါတို့ ထီပေါက်ပြီ ထင်တယ်။ ဒီလောက် ချမ်းသာနေတာကို ဘာလို့ မှောင်ခိုလမ်းကနေ ခိုးဝင်နေတာလဲ”

ထိုစကားကို ကြားသောအခါ လင်းရှန်က ချက်ချင်းပင် ပြန်မေးလိုက်သည်။

“မင်းတို့က ဒဏ်ငွေရိုက်ဖို့ လာတာလား”

“ဒဏ်ငွေ ဟုတ်လား”

ခေါင်းဆောင်ဖြစ်သူက လှောင်ရယ်ကာ ခေါင်းငြိမ့်ပြသည်။

“ဒါပေါ့၊၊ ဒဏ်ငွေ ရှိတာပေါ့”

ပြောပြောဆိုဆိုနှင့် သူက သေနတ်ကို လင်းရှန်၏ မျက်နှာသို့ တည့်တည့်ချိန်ကာ ငေါက်ငမ်းပြောလိုက်သည်။

“အားလုံး လက်နက်ချစမ်း၊၊ ပြီးတော့ မင်းတို့ရဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ကို ဘယ်မှာ ရပ်ထားလဲဆိုတာ ပြောပြစမ်း”

လင်းရှန်၏ နောက်တွင်ရှိသော ကျန်းရှု့ဝေ၊ မိုနီကာနှင့် အခြားသူများ၏ မျက်နှာတွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာကြသည်။ သူတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ရုံဖြင့် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။

“ငါပြောတာကို နားမလည်ဘူးလား”

လင်းရှန်တို့အဖွဲ့က မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူ၏ အသံမှာ ဒေါသကြောင့် ပိုမာလာသည်။

ထိုအခါမှ လင်းရှန်က ပြန်မေးလိုက်သည်။

“မင်းတို့မှာ လူဘယ်နှစ်ယောက် ရှိလဲ”

“ဘာ”

“အော်... အထင်မလွဲပါနဲ့၊၊ ငါတို့မှာ ပစ္စည်းတွေ အများကြီးပါလာလို့ပါ”

လင်းရှန်က အတည်ပေါက်ဖြင့် ပြောလိုက်သည်။

“မင်းတို့လူတွေ ခွဲယူဖို့ မလောက်မှာ စိုးလို့”

“...”

အမာရွတ်မျက်နှာနှင့်လူသည် ခဏမျှ ကြောင်သွားပြီးနောက် သူ၏ မျက်နှာမှာ အေးစက်သွားသည်။

Chapter 793

အနန္တရထားလူသစ်စုဆောင်းရေး စီမံကိန်း ၃

“မင်း ငါ့ကို လာနောက်နေတာလား”

စကားပင် မဆုံးသေးမီ လင်းရှန်၏ ဘေးမှ ကီကီက လက်ဝါးနှစ်ဖက်ကိုပူးလိုက်ရာ မမြင်ရသော စွမ်းအားတစ်ခုက ထိုလူဆယ်ယောက်ကျော်ကို တစ်နေရာတည်းတွင် စုပြုံသွားအောင် ညှစ်ပစ်လိုက်သည်။ သူတို့၏ စွမ်းအားဝတ်စုံများမှ သတ္တုပွတ်တိုက်သံများ ထွက်ပေါ်လာပြီး မီးပွားများ တဖျတ်ဖျတ် လွင့်စင်ကုန်သည်။

“စွမ်းအားရှင်လား”

အမာရွတ်မျက်နှာနှင့်လူသည် တုံ့ပြန်မှု မြန်လှသည်။ အညှစ်ခံထားရသော ခဏမှာပင် သူ၏မျက်လုံးများ နီမြန်းသွားပြီး ပြင်းထန်သော သွေးစွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းနှင့်အတူ သူ၏ စွမ်းအားဝတ်စုံမှ စွမ်းအင်များ ပေါင်းစပ်ကာ ရုန်းထွက်ရန် ချက်ချင်း ပြင်လိုက်သည်။

ထိုအချိန်တွင် လင်းရှန်ကို ဝန်းရံထားသော ဒရုန်းများ အားလုံးသည် တစ်ပြိုင်နက်တည်း ထိန်းချုပ်မှု လွတ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ ထို့နောက် အဖြူရောင် ဒရုန်းတစ်စီးမှာ ထိုလူစု၏ အပေါ်တွင် ချက်ချင်း ပျံဝဲလာတော့သည်။

၎င်းမှာ “လျှပ်စီးအကျဉ်းထောင်” ဒရုန်း ပင်ဖြစ်သည်။

ဝူး... ဘစ်ဇ်

ခဏချင်းအတွင်းမှာပင် စူးရှသော လျှပ်စစ်သံလိုက်လှိုင်းများ ပေါက်ကွဲထွက်လာပြီး လူအားလုံးကို သတိမေ့သွားအောင် လုပ်ပစ်လိုက်သည်။

“ရှင်က သူတို့ကို အကုန်သတ်ပစ်မယ်လို့ ကျွန်မ ထင်နေတာ”

မိုနီကာက လင်းရှန်နှင့် ကီကီက ထိုလူတစ်စုကို လျင်မြန်စွာ ကိုင်တွယ်လိုက်သည်ကို ကြည့်ကာ စပ်စုသည့်အသံဖြင့် ပြောလိုက်သည်။

“ညကင်းလှည့်အဖွဲ့က လူတွေဖြစ်နေလို့ ပြဿနာတက်မှာ စိုးလို့လား”

ကျန်းရှု့ဝေကလည်း လင်းရှန်၏ ရည်ရွယ်ချက်ကို ရိပ်မိသည့်အလား ဝင်ပြောလိုက်သည်။

လင်းရှန်က သက်ပြင်းတစ်ချက်ချလိုက်သည်၊၊

“ဒါပေမဲ့ ဒီလူတစ်စုက လှည့်ကင်းအဖွဲ့ထက် ဓားပြတွေနဲ့ ပိုတူနေတယ်”

ချီလီက ရှေ့သို့လှမ်းတက်လာသည်၊၊

“သူတို့ဆီမှာ သတင်းအချက်အလက်တွေ ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတွေ ရှိနေမှာပဲ။ မင်း သူတို့ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ ငါ့အထင်တော့ ငါတို့ကို သူတို့ သိသွားလောက်ပြီ”

အမှန်ပင် လင်းရှန်နှင့် အခြားသူများ ထိုလူတစ်စုကို ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက် အဝေးရှိ လိုဏ်ခေါင်းထဲမှ သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုပစ်ခတ်မှုမှာ သူတို့ကို ဦးတည်ခြင်းမဟုတ်ဘဲ အားပြင်းသော ပေါက်ကွဲသံများနှင့် အော်ဟစ်သံများသာ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဖွဲ့သားများက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။ ရှေ့နားတွင် တိုက်ပွဲတစ်ခုဖြစ်ပွားနေသော်လည်း အချိန်မကြာလိုက်ပဲ မိနစ်ဝက်ခန့်အတွင်း အသံများ ပြန်လည်တိတ်ဆိတ်သွားသည်။

မကြာမီမှာပင် လူမမြင်ရသေးခင် ရင်းနှီးနေသော ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

“စောစောရောက်တာထက် အချိန်ကိုက်ရောက်တာက ပိုကောင်းတာပဲ။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ ဒီညကင်းလှည့်အဖွဲ့က ကောင်းကင်ချိုင့်ဝှမ်းပလက်ဖောင်းကို လက်ဦးမှုယူဖို့ ကြံစည်နေမလားလို့ ငါတွေးနေတာ… သူတို့ တကယ်ပဲ ကြံစည်နေကြတာကိုး”

ကျန်းယွမ်က အားအင်အပြည့်နှင့် လမ်းလျှောက်လာပြီး သူ၏နောက်တွင် ယန်ယွီယန်နှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့က အမှောင်ထဲမှ ထွက်ပေါ်လာသည်။ သူက လင်းရှန်ကို ကြည့်ပြီး ပြောလိုက်သည်။

“မတွေ့ရတာကြာပြီနော် ကပ္ပတိန်လင်း”

လင်းရှန်၏ ရှေ့တွင် သတိလစ်နေသော လူအုပ်စုကို မြင်သောအခါ ကျန်းယွမ်၏ လူများက ရုတ်တရက် သေနတ်များကို အောက်စိုက်ကာ ထိုလူများကို အပြတ်ရှင်းလိုက်ကြသည်။

လင်းရှန်က သက်ပြင်းချရင်း ကျန်းယွမ်ကို ကြည့်လိုက်သည်၊၊

“ခဗျားပဲ ဖြစ်မယ်လို့ ကျုပ်ထင်သားပဲ။ ညကင်းလှည့်အဖွဲ့ကို သတ်လိုက်တာ ပြဿနာမတက်နိုင်ဘူးလား”

“ညကင်းလှည့်အဖွဲ့က အခုဆိုရင် ကစဥ့်ကလျားဖြစ်နေပြီ”

ကျန်းယွမ်က ပြန်ဖြေသည်။

“ဒီလူတွေက သန်းခေါင်ယံအချိန်မှာ တာဝန်သိသိနဲ့ ကင်းလှည့်နေတာလို့ မင်းထင်လို့လား”

ယန်ယွီယန်ကလည်း ဝင်ပြောသည်၊၊

“ဒီနယ်မြေကို တာဝန်ယူရတဲ့ ညကင်းလှည့်အဖွဲ့က ကျွန်မတို့ဆီက အကျိုးအမြတ်တွေကို လက်ခံထားတယ်။ အခု မြို့ထဲမှာ အခြေအနေတွေ ရှုပ်ထွေးနေတော့ တချို့လူတွေက ရေနောက်မှာ ငါးဖမ်းချင်နေကြတယ်။ အဲဒီထဲမှာ ညကင်းလှည့်အဖွဲ့ဝင်တွေနဲ့ ဖက်ဒရေးရှင်း အယောင်ဆောင်ထားတဲ့ လူမိုက်တချို့လည်း ပါဝင်ပြီး လူသတ်တာတွေ၊ ဓားပြတိုက်တာတွေ လုပ်နေကြတာပဲ”

“အခုဆိုရင် မြို့တော်မှာ နေ့တိုင်း လူသေနေကြတာပဲ။ မြို့တွင်းပိုင်းနဲ့ ယာဉ်တန်းကြီးတွေရှိတဲ့ အချက်အချာနေရာတွေကလွဲရင် ကျန်တဲ့နေရာတွေက မလုံခြုံတော့ဘူး”

ကျန်းယွမ်က အမာရွတ်နှင့် လူ၏အနားသို့ လျှောက်သွားကာ သူ၏ဦးခေါင်းကို ခြေထောက်ဖြင့် ဖယ်လိုက်ရာ နားရွက်နောက်မှ ရုပ်လုံးကြွနေသော ဝံပုလွေခေါင်းတက်တူးကို တွေ့လိုက်ရသည်။

“ဒါက သွေးဝံပုလွေဂိုဏ်းပဲ။ အရင်က ဒီလူတွေက အာရုဏ်ဦးမြို့တော်ထဲကို ခိုးဝင်ပြီး လမ်းတစ်လျှောက် ဓားပြတိုက်လာကြတာပဲ။ သူတို့ဝတ်ထားတဲ့ ညကင်းလှည့်အဖွဲ့ရဲ့ စွမ်းအားဝတ်စုံတွေကလည်း ခိုးလာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကံဆိုးတာက သူတို့ ဒီတစ်ခါတော့ ပြိုင်ဘက်ကောင်းနဲ့ တွေ့သွားတာပဲ”

လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်၊၊

“မြို့ထဲက အခြေအနေက ဒီလောက်တောင် ဆိုးဝါးနေပြီလား။ ဟမ့်... ဒါကိုသာ သိရင် ကျုပ်လည်း သူတို့ကို ဒီလောက် ယဉ်ကျေးနေမှာ မဟုတ်ဘူး”

“ဟုတ်တယ်”

ကီကီက မြေပြင်ပေါ်ရှိ သွေးဝံပုလွေဂိုဏ်းဝင်များကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်၊၊

“အားအများကြီးသုံးလိုက်ရင် အကုန်သေကုန်မှာစိုးလို့ ကျွန်မ မနည်းသတိထားခဲ့ရတယ်”

ယန်ယွီယန်က ဖိသိပ်ခံရမှုကြောင့် ပုံပျက်သွားသော စွမ်းအားဝတ်စုံကို ကြည့်ပြီးနောက် ကီကီကို အံ့သြသလို ကြည့်လိုက်သည်။

“ရပါတယ်၊၊ ဒီနေရာက စောင့်ကြည့်ကင်မရာတွေ အကုန်လုံး အော့ဖ်လိုင်းဖြစ်နေတာ။ ငါတို့က...”

ကျန်းယွမ်က စောင့်ကြည့်ကင်မရာများအကြောင်းပြောရန် လမ်းကြောင်းတစ်လျှောက် အပေါ်ကို မော့ကြည့်လိုက်သော်လည်း နံရံပေါ်တွင် ကြိုးစတစ်မျှပင် မကျန်တော့ဘဲ အလွတ်ဖြစ်နေသည်ကို တွေ့ရသဖြင့် ခေတ္တမျှ မှင်တက်သွားပြီးမှ လင်းရှန်ကို ကြည့်လိုက်သည်၊၊

“ဒါက...”

“မတော်တဆဖြစ်မှာစိုးလို့ပါ”

လင်းရှန်က ပြောလိုက်သည်။

“ကပ္ပတိမ်လင်းက တကယ်ကို သတိကြီးတာပဲ” ကျန်းယွမ်က ချီးကျူးလိုက်သည်။

ထို့နောက် လင်းရှန်၏နောက်မှ ကီဇိုင်းကို တစ်ချက်ကြည့်ကာ သူ့လူများကို ပြောလိုက်သည်၊၊

“ကီဇိုင်းကို ဆေးကုပေးဖို့ စီစဉ်ကြ”

“ဟုတ်ကဲ့”

လူအချို့ အုပ်စုထဲမှ ထွက်လာပြီး ကီဇိုင်းကို မလိုက်ကြသည်။ ကျန်းယွမ်က လင်းရှန်ကိုပြောလိုက်သည်၊၊

“ဒီနေရာက စကားပြောဖို့ မကောင်းဘူး၊၊ အရင်ဆုံး ငါနဲ့ လိုက်ခဲ့”

ထို့နောက် အဖွဲ့သားများသည် ပလက်ဖောင်း၏ လျှို့ဝှက်လမ်းမှတစ်ဆင့် ထွက်ခွာခဲ့ကြသည်။

နံနက် ၁ နာရီ မိုးရွာနေသော အမှောင်ညထဲတွင် လမ်းဟောင်းများထဲ၌ ထူးဆန်းသောအနံ့ဆိုးများ ပျံ့လွင့်နေပြီး ပန်းရောင်ဘားမီးရောင် အနည်းငယ်သာ မှိတ်တုတ်မှိတ်တုတ် လင်းနေကာ ဖျော်ဖြေရေးနေရာ အချို့တွင် ကပွဲများရှိနေသေးကြောင်း ပြသနေသည်။

လျှပ်စစ်ဝါယာကြိုးများမှ မိုးစက်များသည် အမှိုက်ပုံး အဖုံးများပေါ်သို့ တဖောက်ဖောက် ကျရောက်ကာ နားငြီးဖွယ်ကောင်းသော ရမ်သမ်တစ်ခုကို ဖန်တီးနေသည်။

ညှော်နံ့၊ တိတ်ဆိတ်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့ ရောယှက်နေသည်။

လမ်းဘေးတစ်လျှောက်တွင် အသက်ရှင်ကျန်ရစ်သူများသည် မိုးခိုရန် နေရာများ ပြုလုပ်ထားကြသည်။ ဒုဥက္ကဋ္ဌကျိုးက မြို့တစ်ခုလုံးကို ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် နံနက် ၁ နာရီအချိန်တွင် လမ်းများပေါ်၌ ကင်းလှည့်နေသော အစောင့်တပ်ဖွဲ့ဝင်များမှလွဲ၍ မည်သူမျှမရှိတော့ပေ။

ခရိုင်ဟောင်းရှိ ကျဉ်းမြောင်းသော တိုက်ခန်းတွဲတစ်ခုတွင် မှိန်ဖျော့သော မီးများ လင်းနေပြီး အလွန်ပင် ကျပ်ညပ်နေပုံရသည်။ သံချပ်ကာယာဉ် အမြောက်အမြားသည် လမ်းကြားအချို့တွင် ပြည့်နှက်နေပြီး ဤတိုက်တစ်ခုလုံးမှာ ကျန်းယွမ်၏ ယာဉ်တန်းအခြေစိုက်စခန်းပင်ဖြစ်သည်။ ခေါင်မိုးပေါ်ရှိ အထူးပြုပြင်ထားသော အခန်းတစ်ခုသို့ ကျန်းယွမ်က လင်းရှန်နှင့် အဖွဲ့သားများကို ခေါ်ဆောင်သွားပြီး အခြေအနေကို ရှင်းပြသည်။

“ဒီနေရာကတော့ ခဏတော့လုံခြုံပါတယ်။ ဒါပေမဲ့ မင်းတို့က ညဈေးပတ်ဖို့ လာတာမဟုတ်မှန်း ငါသိပါတယ်။ ဒါ့အပြင် အာရုဏ်ဦးမြို့တော်မှာ ကြည့်စရာလည်း ဘာမှ သိပ်မရှိတော့ပါဘူး။ နောက်တစ်လဆိုရင် အာရုဏ်ဦးက ပျောက်ကွယ်သွားပြီး တကယ့်ကို ညမြို့တော် ဖြစ်လာတော့မှာ”

ထို့နောက် သူက လင်းရှန်ကို ကြည့်ကာ ပြုံးလျက် လက်ကမ်းပေးလိုက်သည်။

“မေ့တော့မလို့… အခုလို ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်”

လင်းရှန်က လက်ဆွဲနှုတ်ဆက်လိုက်သည်၊၊

“ခဗျားကို မြို့ကနေ ဆုတ်ခွာသွားပြီလို့ ကျုပ်ထင်နေတာ”

“ငါလည်း အဲဒီလို စဉ်းစားခဲ့သေးတယ်၊၊ ဒါပေမဲ့ မင်း မြို့ထဲကို ဝင်လာနိုင်တယ်လို့ ငါ ခန့်မှန်းမိလို့ ကူညီပေးဖို့အတွက် ကျန်နေခဲ့တာ။ အဆင်ပြေသွားတာပေါ့ ဟုတ်တယ်မလား”

ကျန်းရှု့ဝေက မေးလိုက်သည်၊၊

“ကျန်းယွမ်၊၊ အခု အခြေအနေတွေ ဘယ်လိုရှိလဲ”

“အပြင်ပန်းအရတော့ အဆင်ပြေပါတယ်”

ကျန်းယွမ်က လေးနက်သောအမူယာဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဒါပေမဲ့ အခု ညကင်းလှည့်အဖွဲ့နဲ့ မြို့တော်ကာကွယ်ရေး အစောင့်တပ်ဖွဲ့တွေက ဖိအားတွေ အများကြီးအောက်ရောက်နေတယ်။ ညမထွက်ရအမိန့်ကတော့ အရှင်းဆုံးလုပ်ဆောင်ချက်ပဲ။ သန္ဓေပြောင်း သတ္တဝါ ဒါမှမဟုတ် ထူးဆန်းတဲ့ လူသား (အနီရောင်သတ္တဝါ) တိုက်ခိုက်မှု တစ်ခုခုဖြစ်တိုင်း လူအသေအပျောက်တွေ အများကြီးရှိလာတယ်။ များသောအားဖြင့် သေဆုံးသူတွေက အပြန်အလှန် ပစ်ခတ်မှုတွေကြားကနေ ပါသွားကြတာပဲ”

လင်းရှန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊၊

“ဘာခွဲခြားမှုမှ မရှိဘဲ ရှင်းပစ်တာလား”

“အာ့အတိုင်းပဲ” ကျန်းယွမ်က ပခုံးတွန့်ပြသည်။

“ဖက်ဒရေးရှင်းက အတော်လေး တင်းမာနေသလို မြို့ခံတွေကလည်း ထိတ်လန့်နေကြတယ်။ ကျိုးမင်ယွမ် ခဏထိန်းချုပ်ထားတဲ့ အနီရောင်ကမ္ဘာရဲ့ ပြဿနာက အခုဆိုရင် တစ်ခုခုဖြစ်လာတော့မယ်လို့ လူအများစုကို ခံစားလာစေတယ်...”

“ဘာလို့လဲ”

ကျန်းယွမ်က မြောက်ဘက်သို့ ညွှန်ပြလိုက်သည်။

“ဖီးနစ်လား”

“ဟုတ်တယ်”

“အဲဒီမှာ ဆိုက်ကပ်ထားတဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက အာရုဏ်ဦးမြို့တော်အပေါ် အပြည့်အဝ ဖိအားပေးနေတယ်။ ဖီးနစ်က အမှောင်ဂိုဏ်းတွေကို ရှင်းထုတ်ချင်တာပဲဖြစ်ဖြစ်၊ တခြားရည်ရွယ်ချက်ပဲရှိရှိ မြို့ခံတွေအတွက်တော့ ကြီးကြီးမားမား တစ်ခုခုလာတော့မယ်ဆိုတဲ့ အချက်ပြမှုပဲ။ ဒါ့အပြင် အမှောင်ကျူးကျော်မှုကြောင့် ရေအရင်းအမြစ် ဖိအားကလည်း မြင့်တက်လာနေတယ်။ ဒါကြောင့် အာရုဏ်ဦးမြို့တော်ကို အပြီးတိုင် ပိတ်ချမထားရင် ထွက်ပြေးချင်တဲ့ လူတွေကို တားဆီးနိုင်မှာ မဟုတ်ဘူး”

“ဒါက ပထမဆုံးနေ့ပဲ ရှိသေးတယ်… မနက်ဖြန်ကျရင် ပိုပြီး သက်ဝင်လှုပ်ရှားလာလိမ့်မယ်”

ကျန်းယွမ်က ပြောသည်၊၊

“အခုက ညဘက်ဆိုတော့ အခြေအနေတွေက နည်းနည်းတော့ ငြိမ်သွားပါပြီ”

ထိုအချိန်တွင် လင်းရှန်က မေးလိုက်သည်၊၊

“တာ့လီ ခရီးသွားအဖွဲ့ ဘယ်မှာရှိလဲဆိုတာ ခဗျားသိလား”

“သိတယ်”

လင်းရှန်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ထပ်မေးသည်။

“ဒီကနေ ဘယ်လောက်ဝေးလဲ”

“ငါ ခုနက ဥက္ကဋ္ဌ ကျန်းဆီကနေ ကြိုပြီး သတင်းရထားပါတယ်။ ဒါပေမဲ့ မင်းတို့ ဒီလောက် လူအများကြီးနဲ့ ညဘက် လှုပ်ရှားဖို့ဆိုတာ မလွယ်ဘူး”

All Chapters