အခန်း (၇၀၃-၇၀၄)
Vol. 71 Ch. 703-704
အခန်း ၇၀၃ - တံခါးဝသို့ လာရောက်၍ ဓားစိန်ခေါ်ခြင်း
မနီးမဝေးတွင် တိမ်တိုက်များ ဖုံးလွှမ်းနေသော နတ်တောင်ကြီးတစ်တောင် ရှိနေသည်။
အနားသို့ပင် မချဉ်းကပ်ရသေးသော်လည်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ အလွန်သိပ်သည်းလွန်းလှသဖြင့် ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေသကဲ့သို့ ခံစားရသည်။
ဖန့်ချန်သည် ထိုနတ်တောင်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ နတ်ဘုရားမင်းဆက် တွင် ရှိနေစဉ် ကောင်းကင်လျှိုဝှက်မှန် မှတစ်ဆင့် ဖြစ်သည်။
ထိုစဉ်က ဟင်လင်ပြင်ထာဝရဓားဂိုဏ်းချုပ်သည် လူများခေါ်ဆောင်ကာ ထိုနေရာသို့ ဓားစိန်ခေါ်ရန် လာရောက်ခဲ့သဖြင့် တာအိုဂိုဏ်း မှာ အငိုက်မိသွားခဲ့ဖူးသည်။
"ဖန့်လေး မင်းအရင် စိန်ခေါ်မလား ငါအရင် လုပ်ရမလား"
ပိုင်ချင်းမင်က ပြုံးဖြဲဖြဲဖြင့် မေးလိုက်သည်။
"ကျုပ်အရင် လုပ်ပါ့မယ် စီနီယာအစ်ကို စီနီယာက တာအိုပေါင်းစည်းခြင်း အဆင့် အစွမ်းထက်သူဆိုတော့ နောက်ဆုံးမှ ပွဲသိမ်းဖို့ ချန်ထားရမှာပေါ့"
ဖန့်ချန်က ရယ်မောကာ ပြန်ပြောလိုက်သည်။
"ကောင်းပြီ သွားပေတော့ ငါ ဒီကနေပဲ ကြည့်နေမယ် တကယ်လို့ တာအိုဂိုဏ်းက စည်းကမ်းမလိုက်နာရင် ကျုပ်က သူတို့ကို လက်ပူးလက်ကြပ် ဖမ်းပြလိုက်မယ်"
ပိုင်ချင်းမင်က မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကဲ့သို့ပင် တာအိုဂိုဏ်း ၏ လူမြင်ကွင်းတွင် ပြသထားသော ထိုနတ်တောင်မှာ အပြင်စည်းဂိုဏ်း သာ ဖြစ်ပြီး အတွင်းစည်းဂိုဏ်း မှာမူ သီးခြား လောကတစ်ခုအဖြစ် တည်ရှိနေသည်။
သို့သော် ထိုနေရာရှိ အပြင်စည်းဂိုဏ်းမှာ လူသူစည်ကားခြင်း မရှိလှပေ။
ထို့ပြင် အပြင်စည်းရှိ တာအိုဆရာများမှာလည်း ကိုယ်ခံပညာရှင်များ မဟုတ်ကြဘဲ အားလုံးမှာ ချီသန့်စင်ခြင်းအဆင့်မှ အခြေခံတည်ဆောက်ခြင်း အဆင့်ကြားရှိ ကျင့်ကြံသူများသာ ဖြစ်ကြသည်။
"အားလုံးပဲ မင်းတို့ ဒီနေ့ ဒီနေရာကို ရောက်လာတာဟာ ကျုပ်တို့ဂိုဏ်းနဲ့ ရေစက်ရှိလို့ပဲ သတိထားရမှာက ရိုရိုသေသေ ရှိကြပါ၊ ဆူဆူညံညံ မလုပ်ကြနဲ့ နတ်ဆရာကြီးတွေ စိတ်ဆိုးသွားရင် မင်းတို့ ဒုက္ခရောက်ကုန်မယ်"
တောင်တံခါးဝတွင် အသက်လတ်ပိုင်း တာအိုဆရာတစ်ဦးက မောက်မာသော အမူအရာဖြင့် ရှေ့မှ လူပေါင်း ရာချီကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
ထိုလူအုပ်ထဲတွင် ကိုယ်ခံပညာရှင်များ၊ သာမန်လူသားများနှင့် လေ့ကျင့်ခြင်း အဆင့် ကျင့်ကြံသူ အနည်းငယ် ပါဝင်သည်။
သူတို့အားလုံးမှာ တာအိုဆရာ၏ စကားကြောင့် ရိုသေကိုင်းညွတ်သွားကြပြီး မည်သူမျှ မရဲဝံ့ကြချေ။
တာအိုဆရာသည် လူအုပ်၏ အမူအရာကို ကျေနပ်သွားကာ သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ကြီးမားသော ကြေးခေါင်းလောင်းကြီးတစ်လုံးသည် လေထဲတွင် ကြီးထွားလာပြီး လူအုပ်ရှေ့သို့ ဝုန်း ကနဲ မြည်ဟည်းကာ ကျဆင်းလာသည်။
"ဒါ ဝိညာဉ်စမ်းသပ်တဲ့ ခေါင်းလောင်း မဟုတ်လားနတ်ဆရာကြီးက ငါတို့ရဲ့ ပါရမီကို စမ်းသပ်ပေးတော့မယ်ဟေ့"
လူအုပ်ကြီး၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
လေ့ကျင့်ခြင်းအဆင့် ကျင့်ကြံသူများပင် ရင်ခုန်နေကြသည်။
တကယ်လို့ စမ်းသပ်မှု အောင်မြင်ခဲ့လျှင် သူတို့သည် တာအိုဂိုဏ်းသို့ ဝင်ခွင့်ရပြီး ရှေ့မှ တာအိုဆရာကဲ့သို့ အစွမ်းထက်သူများ ဖြစ်လာနိုင်သည် မဟုတ်လား။
"သေချာနားထောင်ကြ ဒါဟာ ဝိညာဉ်စမ်းသပ်ခေါင်းလောင်း ပဲ မင်းတို့ ဒီနေ့ ဂိုဏ်းထဲ ဝင်ခွင့်ရမရဆိုတာ မင်းတို့ရဲ့ ပါရမီအပေါ်မှာပဲ မူတည်တယ်"
တာအိုဆရာက ပြုံးကာ လူငယ်တစ်ဦးကို လက်ညှိုးထိုးလိုက်သည်
"မင်း အရင်လာခဲ့"
လူငယ်က ခေါင်းညိတ်ကာ ခေါင်းလောင်းကြီးရှေ့သို့ စိတ်ဝင်တစား လျှောက်သွားသည်။
တာအိုဆရာက စိတ်မရှည်စွာဖြင့်
"လက်သီးနဲ့ ခေါင်းလောင်းကို ထိုးလိုက် အဲ့ဒါဆိုရင် မင်းရဲ့ ပါရမီကို သိရမယ် ဘာကို စောင့်နေတာလဲ"
ဘေးနားရှိ စမ်းသပ်မှု စောင့်နေသူများကလည်း မကျေမနပ် ဖြစ်လာကြသည်။
ဖန့်ချန်သည် ထိုခေါင်းလောင်းကြီးကို အကဲခတ်ကြည့်ရာ ယခင်က ကျူးယွဲ့သီလရှင်တို့ ယူဆောင်လာသော ခေါင်းလောင်းထက် အနည်းငယ်မျှသာ အရည်အသွေး ပိုကောင်းကြောင်း တွေ့လိုက်ရသည်။
ထိုတပည့်ရွေးပွဲမှာ အတွင်းစည်းဂိုဏ်းနှင့် မသက်ဆိုင်ဘဲ အပြင်စည်းအတွက် လူသစ်စုဆောင်းခြင်းသာ ဖြစ်ပေလိမ့်မည်။
"မင်း မစမ်းသပ်ချင်ရင်လည်း တောင်ပေါ်ကနေ ဆင်းသွားတော့"
တာအိုဆရာ၏ အကြည့်များမှာ ပို၍ အေးစက်လာသည်။
ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်
"အကယ်၍ ကျုပ်က ဒီခေါင်းလောင်းကြီးကို ရိုက်ခွဲလိုက်ရင် ဘယ်လို အပြစ်ဒဏ် ခံရမလဲ"
လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။
ထိုလူသည် အရူးများလား နတ်ဘုရားပစ္စည်းကို ရိုက်ခွဲနိုင်မည် ဟုတ်လား
တာအိုဆရာမှာ အံ့သြသွားပြီးနောက် လှောင်ပြောင်လိုက်သည်
"ရိုက်ခွဲမယ် ဟုတ်လား ဒီခေါင်းလောင်းကြီးကို မင်းနေသာသာ ငါကိုယ်တိုင် ဖျက်ဆီးဖို့တောင် တော်တော် အချိန်ပေးရဦးမှာ မင်းလိုလူက"
စကားပင် မဆုံးသေးမီ ဖန့်ချန်၏ လက်သီးက ခေါင်းလောင်းကြီးပေါ်သို့ ကျရောက်သွားသည်။
ဟိန်းထွက်လာသော ခေါင်းလောင်းသံနှင့်အတူ ခေါင်းလောင်းကြီးပေါ်တွင် အက်ကြောင်းများ ထင်ကျန်သွားပြီး 'ဝုန်း' ကနဲ မြည်ကာ မြေပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။
တာအိုဆရာ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်
"မင်းက ဘယ်သူလဲ ငါတို့ တာအိုဂိုဏ်းကို ဘာလာလုပ်တာလဲ"
ခဏချင်းတွင် တာအိုဆရာများစွာသည် တောင်တံခါးအတွင်းမှ ပျံသန်းထွက်လာပြီး ဖန့်ချန်ကို ဝိုင်းရံလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အသက်လတ်ပိုင်း တာအိုဆရာသည် သတင်းပို့အဆောင် တစ်ခုကို မီးရှို့လိုက်သည်။
"ငါ အတွင်းစည်းက နတ်ဆရာကြီးတွေကို အကြောင်းကြားလိုက်ပြီ မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ အဖြေတစ်ခု မပေးဘဲနဲ့ ထွက်သွားလို့ မရစေရဘူး"
သူက အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။
"ကျုပ်က အမည်မသိ လူငယ်တစ်ယောက်ပါပဲ တာအိုဂိုဏ်းရဲ့ ကျော်ကြားမှုကို ကြားဖူးလွန်းလို့ ဒီနေ့ ဒီလမ်းက ဖြတ်သွားရင်း လက်ယားလာတာနဲ့ ဂိုဏ်းက အစွမ်းထက်သူတွေနဲ့ ပညာစမ်းချင်လို့ပါ"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
တာအိုဆရာ၏ မျက်နှာတွင် လှောင်ပြောင်မှုများ ပိုမို ထင်ဟပ်လာသည်
"ပညာစမ်းချင်တယ် ဟုတ်လား ကောင်းပြီလေ... ငါ နတ်ဆရာကြီးတွေကို ခေါ်လိုက်ပြီ ခဏနေရင် သူတို့ လာလိမ့်မယ်"
စကားဆုံးသည်နှင့် တောင်တံခါး ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာပြီး မမြင်ရသော တံခါးကြီးတစ်ခု ဖြည်းဖြည်းချင်း ပွင့်လာသကဲ့သို့ ခံစားရသည်။
အောက်ခြေရှိ လူအုပ်ကြီးမှာ ဤမြင်ကွင်းကြောင့် မှင်တက်သွားကြသည်။
သာမန်လူသားများနှင့် ကိုယ်ခံပညာရှင်များမှာ တကယ့် နတ်ဘုရားများကို တွေ့လိုက်ရသကဲ့သို့ တာအိုဂိုဏ်းအပေါ် ပို၍ပင် ရိုသေကိုင်းညွတ်သွားကြတော့သည်။
"ငါတို့ တာအိုဂိုဏ်းကို ပညာစမ်းဖို့ လာတယ် ဟုတ်လား တကယ့်ကို ရယ်စရာကောင်းတာပဲ ငါတို့ ဂိုဏ်းတံခါးပိတ်ထားတဲ့ အချိန် အခု ပြန်ဖွင့်တဲ့ အချိန်မှာ ဘယ်သူကမှ ဒီလိုမျိုး လာပြီး မစော်ကားရဲဘူး"
" မင်းက အရမ်းကို မောက်မာလွန်းတယ် ငါ တာအိုတရား ကျင့်ကြံလာတာ ကြာပြီ ဖြစ်ပေမဲ့ ဒီနေ့တော့ မင်းကို ဒီနေရာမှာပဲ အပြီးတိုင် မြှုပ်နှံပေးရတော့မယ်"
အလင်းတံခါးအတွင်းမှ လူရိပ်တစ်ခု ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာသည်။
ထိုသူမှာ လက်ကို နောက်ပစ်ထားပြီး ခံ့ညားလှသည်။
သူ၏ ခန္ဓာကိုယ်အထက်ပိုင်းကို အလင်းတန်းများ ဖုံးလွှမ်းထားသဖြင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
သို့သော် ထိုပုံစံမှာပင် နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားရစေသဖြင့် အောက်ခြေမှ လူများမှာ ကြောက်ရွံ့ကိုင်းညွတ်နေကြသည်။
"အတွင်းစည်းက ဘယ်နတ်ဆရာကြီးလဲဆိုတာ သိပါရစေခင်ဗျာ"
အပြင်စည်း တာအိုဆရာသည် ဖန့်ချန်ကို မောက်မာစွာ ဆက်ဆံခဲ့သော်လည်း ယခုမူ အလွန် ရိုသေကိုင်းညွတ်စွာဖြင့် ကောင်းကင်ယံမှ လူရိပ်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ဘေးရှိ တာအိုဆရာများလည်း လိုက်၍ ဂါရဝပြုကြသည်။
"ငါ့အမည်က ချင်းခုန်း ပဲ"
"ဪ... နတ်ဆရာကြီး ချင်းခုန်း ဖြစ်နေတာကိုး"
အပြင်စည်း တာအိုဆရာမှာ အံ့သြဝမ်းသာသွားပြီး ပို၍ပင် ရိုသေသွားတော့သည်။
ချင်းခုန်းဆိုသော နာမည်မှာ တာအိုဂိုဏ်းတွင် အလွန် ကျော်ကြားလှသည် မဟုတ်လား။
"ဟိုအပေါ်မှာ ရပ်ပြီး စကားပြောနေရတာ မမောဘူးလား"
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
နတ်ဆရာ ချင်းခုန်းက အေးစက်စွာ ရယ်မောလိုက်သည်
"မောတယ် ဟုတ်လား မင်းက ငါတို့ တာအိုဂိုဏ်းကို လာပြီး ပြဿနာရှာဖို့တောင် မမောဘူးဆိုရင် ငါက ခဏလောက် ရပ်နေတာ ဘာလို့ မောရမှာလဲ"
စကားအဆုံးတွင် သူသည် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဖန့်ချန်ရှေ့သို့ ဆင်းသက်လာသည်။
"နတ်ဆရာကြီး ချင်းခုန်း ဒီကောင်က ငါတို့ရဲ့ ဝိညာဉ်စမ်းသပ်ခေါင်းလောင်းကို ရိုက်ခွဲလိုက်တာပါ နတ်ဆရာကြီးက ဒီမိစ္ဆာကောင်ကို နှိမ်နင်းပေးပါဦး"
အပြင်စည်း တာအိုဆရာက အလျင်အမြန် တိုင်တန်းလိုက်သည်။
"နတ်ဆရာကြီး နှိမ်နင်းပေးပါ"
ဘေးပတ်ဝန်းကျင်မှ တာအိုဆရာများလည်း ဟိန်းဟောက်၍ တောင်းဆိုကြသဖြင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားရသည်။
နတ်ဆရာ ချင်းခုန်းသည် မောက်မာသော အကြည့်ဖြင့် ဖန့်ချန်ကို တိုက်ရိုက်ပင် မကြည့်ဘဲ ပတ်ဝန်းကျင်ကိုသာ ကြည့်နေသည်။
ခဏအကြာမှ သူသည် ဖန့်ချန်ကို အေးဆေးစွာ ကြည့်လိုက်ပြီး
"မင်း..."
သူ၏ စကားလုံးများမှာ တစ်ချက် တုံ့ခိုင်းသွားသည်။
ထို့နောက် သူသည် ဘာမှမဖြစ်သကဲ့သို့ပင် ဆက်ပြောလိုက်သည်
"မင်းက ပညာစမ်းချင်တယ်ဆိုရင် ရပါတယ်၊ ဒါပေမဲ့ ငါ့ရဲ့ ကျင့်စဉ်က နိမ့်လွန်းလို့ မင်းနဲ့ မယှဉ်နိုင်ဘူး ငါ့ရဲ့ စီနီယာအစ်ကိုတွေကို ခေါ်ပေးမယ် ခဏစောင့်ဦး"
ပြောပြီးသည်နှင့် သူ၏ ဝတ်ရုံအတွင်းမှ သတင်းပို့အဆောင်ကို ထုတ်ယူကာ လူခေါ်ရန် ပြင်လိုက်သည်။
လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။
သူတို့က ထိုနတ်ဆရာကြီးသည် ရန်စသူကို အလွယ်တကူ နှိမ်နင်းလိမ့်မည်ဟု ထင်ထားသော်လည်း ယခုမူ နတ်ဆရာကြီးကိုယ်တိုင်က လူထပ်ခေါ်နေသည် မဟုတ်လား။
"လူခေါ်မနေနဲ့တော့ မင်းက ရွှေအမြုတေ အဆင့်ပဲ မဟုတ်လား ကျုပ်လည်း ရွှေအမြုတေ အဆင့်ပဲ ဒီနေ့ ကျုပ်က မင်းဆီမှာပဲ ဓားစိန်ခေါ် ချင်တယ်"
ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။
နတ်ဆရာ ချင်းခုန်း၏ ခန္ဓာကိုယ်မှာ တစ်ချက် တောင့်တင်းသွားပြီး ခြေထောက်များ ပျော့ခွေသွားကာ လဲကျလုနီးပါး ဖြစ်သွားသည်။
သူ၏ မျက်နှာတွင် အတင်းအကျပ် ပြုံးထားသော အမူအရာတစ်ခု ပေါ်လာပြီး
"မိတ်ဆွေဖန့် ငါနဲ့ မင်းက ဘာရန်ငြိုးမှ မရှိပါဘူး ဓားစိန်ခေါ်မယ်ဆိုရင်လည်း ငါ့ဆီ လာစိန်ခေါ်လို့ မရဘူးလေ မင်း ဘယ်စီနီယာကို စိန်ခေါ်ချင်တာလဲ ပြောပါငါ သေချာပေါက် သတင်းပို့ပေးပါ့မယ်"
အခန်း ၇၀၄ - ဤဓားတစ်ချက်က တစ်သက်လုံးကို မှားယွင်းစေသည်
"ဓားစိန်ခေါ်တာနဲ့ ရန်ငြိုးထားတာ ဘာဆိုင်လို့လဲ ကျုပ်တို့ ဓားကျင့်ကြံသူတွေ ဓားစိန်ခေါ်တယ်ဆိုတာ ကိုယ့်စိတ်အလိုအတိုင်း လုပ်တာပဲ အခု ငါက မင်းကိုပဲ ရွေးလိုက်ပြီ"
ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်ဆရာ ချင်းခုန်းသည် ရှက်ရွံ့ဒေါသထွက်သွားကာ
"မင်း အလကား လျှောက်ပြောနေတာပဲ မင်းတို့ ဓားကျင့်ကြံသူတွေက စိတ်ပုပ်တယ် စိတ်အလိုအတိုင်း ဓားစိန်ခေါ်တယ်လို့ အပြောကောင်းပြီး တကယ်တော့ လက်စားချေချင်နေတာ မဟုတ်လား အရင်တုန်းက ငါတို့ တာအိုဂိုဏ်းက လူတစ်ချို့က မိစ္ဆာမ ကို လိုက်သတ်ခဲ့ဖူးလို့ မင်း ငါတို့ကို ရန်ငြိုးထားနေတာပဲ"
သူသည် စကားပြောရင်း သူ၏ အမူအရာမှာ မလျှော်ကန်ကြောင်း သတိထားမိသွားကာ ချက်ချင်းပင် လေသံကို ပြန်လျှော့လိုက်ပြီး ချိုချိုသာသာဖြင့်
"မိတ်ဆွေဖန့် အရင်တုန်းက ရှေးဟောင်းသားရဲလောကမှာ မင်း ငါတို့ တာအိုဂိုဏ်းကို ပညာစမ်းတုန်းက ဝိညာဥ်ခွဲဖြာခြင်း အဆင့်က စီနီယာတွေကိုပဲ စိန်ခေါ်ခဲ့တာလေ ငါလို ရွှေအမြုတေ အဆင့်လေးနဲ့ အားကုန်ခံမနေပါနဲ့ ဒီလိုလုပ် ငါ မင်းအတွက် ဝိညာဉ်ခွာဖြာခြင်းအဆင့် စီနီယာအစ်ကို အချို့ကို ခေါ်ပေးမယ်"
အပြင်စည်း တာအိုဆရာနှင့် လူအုပ်ကြီးမှာ အခြေအနေကို သဘောပေါက်သွားကြပြီ ဖြစ်သည်။
သူတို့ ရိုသေကိုးကွယ်ရသော အတွင်းစည်း နတ်ဆရာကြီးပင် ထိုလူငယ်ကို ကြောက်လန့်နေသည်ဆိုလျှင် ဤလူငယ်၏ နောက်ခံနှင့် အစွမ်းမှာ မည်မျှ ကြီးမားမည်နည်း။
ချင်းခုန်း၏ အသက်ဘေးမှ လွတ်မြောက်လိုသော ဆန္ဒကို မြင်လိုက်ရသဖြင့် ဖန့်ချန်က ခေတ္တစဉ်းစားပြီးနောက်
"ကောင်းပြီလေ ငါ မင်းကို ဓားနဲ့ မစိန်ခေါ်တော့ဘူး ဒါပေမဲ့ တာအို နဲ့ ပတ်သက်ပြီး တစ်ခုလောက် မေးမယ်"
ချင်းခုန်းမှာ ဓားနဲ့ မစိန်ခေါ်တော့ဘူးဆိုသည့် စကားကြောင့် သက်ပြင်းချရန် ပြင်လိုက်သော်လည်း တရားမေးမည် ဟု ကြားလိုက်ရသောအခါ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားတော့သည်။
သူက ခါးသီးစွာ ပြုံးလိုက်ရင်း ဖန့်ချန်ကို လက်အုပ်ချီကာ
"ကျုပ်က အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တာပါ ဘယ်သူနဲ့မှ ရန်မဖြစ်ချင်ပါဘူး တာအိုဂိုဏ်းက တောင်တံခါး ပြန်ဖွင့်လိုက်ပေမဲ့ ကျုပ်ကတော့ ဂိုဏ်းထဲကနေ တစ်ဖဝါးမှ မခွာဘဲ အေးအေးဆေးဆေး နေနေတာပါ အပြင်စည်းနားမှာပဲ လမ်းလျှောက်တာပါ ကျုပ်ကို အခက်အခဲ မလုပ်ပါနဲ့တော့"
"တာအိုမေးတာပဲကို ဘာကြောက်နေတာလဲ သေသေချာချာ စဉ်းစားပြီး ဖြေရင် ရပြီလေ"
ဟု ဖန့်ချန်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
"တကယ်ပဲ တရားမေးမှာလား"
ချင်းခုန်းက ဖန့်ချန်ကို သံသယဖြင့် စိုက်ကြည့်နေသည်။ ဖန့်ချန် စိတ်မရှည်ဖြစ်လာသည်ကို မြင်သောအခါမှ
"မေးပါခင်ဗျာ... ကျုပ် သိသမျှ အကုန်ဖြေပါ့မယ်"
"ငါ မေးမယ်... မင်းတို့ရဲ့ တာအိုအစဉ်အလာ က ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကနေ ဆင်းသက်လာတာလဲ"
ဖန့်ချန်၏ မေးခွန်းကြောင့် ချင်းခုန်း၏ မျက်နှာမှာ မျှော်လင့်ချက် ကင်းမဲ့သွားကာ
"မင်း ကျုပ်ကိုပဲ သတ်လိုက်ပါတော့"
"ကောင်းပြီလေ"
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး ဓားလေးကို လက်ထဲတွင် ဆုပ်ကိုင်လိုက်သည့် အခိုက်တွင် ချင်းခုန်းက ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်
"ငါတို့ရဲ့ တာအိုအစဉ်အလာက တာအိုသုံးထောင်ဂိုဏ်း ကနေ ဆင်းသက်လာတာပါ"
"ဆရာကြီး ချင်းခုန်း"
အပြင်စည်း တာအိုဆရာနှင့် လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဘာ... တာအိုသုံးထောင်ဂိုဏ်း ဟုတ်လား ကမ္ဘာပေါ်က တရားဓမ္မတွေ အားလုံးဟာ တာအိုဂိုဏ်း ကနေ ဆင်းသက်လာတာ မဟုတ်ဘူးလား တာအိုဂိုဏ်းက အစဉ်အလာရဲ့ အမြစ်အဖျား မဟုတ်ဘူးလား
ဖန့်ချန်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်
"မင်း မှန်အောင် ဖြေနိုင်တယ် ကဲ... လူခေါ်လိုက်တော့"
"ဟုတ်ကဲ့ပါ"
ချင်းခုန်းက စကားမဆန်ဘဲ သတင်းပို့အဆောင်လက်ဖွဲ့ကို မီးရှို့လိုက်သည်။
မကြာမီတွင် ကောင်းကင်၌ ထူးဆန်းသော အလင်းတန်းများ ထပ်မံ ပေါ်လာပြန်သည်။
အလင်းတံခါးအတွင်းမှ လူရိပ်များစွာ လျှောက်လှမ်းထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ဖြူစင်သော အလင်းတန်းများအောက်တွင် နတ်ဘုရားများသဖွယ် ဖြစ်နေသည်။
"ချင်းခုန်း... ဘာကိစ္စ ဒီလောက် အသည်းအသန် ခေါ်နေရတာလဲ"
လူတစ်ဦးက အေးဆေးစွာ မေးလိုက်သည်။
ချင်းခုန်းက အလျင်အမြန် ဂါရဝပြုကာ
"စီနီယာအစ်ကိုတို့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဖန့်ချန် တရားမေးဖို့ ရောက်လာလို့ပါ"
လေထုမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
အလင်းတန်းများ ဖုံးလွှမ်းထားသော ထိုလူရိပ်များမှာ ဖန့်ချန်၏ အမည်ကို ကြားသည်နှင့် နောက်သို့ ချက်ချင်း ပြန်လှည့်သွားကြပြီး ဖြူစင်သော အလင်းတံခါးကြီးမှာလည်း ဝုန်း ကနဲ ပျောက်ကွယ်သွားတော့သည်။
"မိတ်ဆွေဖန့်... ဒါက ကျုပ်နဲ့ မဆိုင်ဘူးနော်..."
ချင်းခုန်းက တောင့်တင်းနေသော လည်ပင်းကို လှည့်ကာ ဖန့်ချန်ကို ကြည့်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ အချင်းချင်း ကြည့်နေကြပြီး ဖန့်ချန်ကို ကြည့်သော အကြည့်များမှာ ပြောင်းလဲသွားသည်။
ထိုလူသည် သေချာပေါက် မိစ္ဆာဘုရင် တစ်ဦး ဖြစ်ရမည်၊ ထို့ကြောင့်လည်း နတ်ဆရာကြီးများပင် ထိုမျှ ကြောက်လန့်နေကြခြင်း ဖြစ်မည်ဟု သူတို့ တွေးတောကုန်ကြသည်။
"ကျုပ် ဒီမှာပဲ စောင့်နေမယ် မင်းတို့ တာအိုဂိုဏ်းက တစ်သက်လုံး တောင်တံခါး ပိတ်ထားမှာတော့ မဟုတ်ဘူး မဟုတ်လား"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
ချင်းခုန်းက သက်ပြင်းချလိုက်ပြီး
"မင်းကို အမှန်အတိုင်း ပြောရရင် ကျုပ်တို့ အရင်တစ်ခေါက် တောင်တံခါး ပိတ်လိုက်တာဟာ မင်းတို့ဂိုဏ်းရဲ့ ဓားစိန်ခေါ်မှုကြောင့်ပဲ"
ဖန့်ချန် စိတ်ထဲတွင် သတိပြုမိလိုက်သည်။
တာအိုဂိုဏ်းသည် ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ လက်ချက်ကြောင့် တော်တော်လေး အထိနာခဲ့ဖူးပြီး နောက်ဆုံးတွင် အရှက်ရကာ တောင်တံခါးပိတ်ပြီး ပုန်းနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ချင်းခုန်း မင်းက ရန်သူဘက်ကနေ ရပ်တည်နေတာကို အထက်လူကြီးတွေ သိသွားရင် မင်းကို ဂိုဏ်းကနေ နှင်ထုတ်လိမ့်မယ်"
ဖြူစင်သော အလင်းတံခါး ပြန်ပွင့်လာပြီး ယခုတစ်ခေါက်တွင် လူရိပ် လေးခု ထွက်ပေါ်လာသည်။
သူတို့၏ အရှိန်အဝါများမှာ ဝိညာဥ်ခွဲဖြာအဆင့်ထက် အဆပေါင်းများစွာ သာလွန်နေပြီး ခန္ဓာပေါင်းစပ်ခြင်းအဆင့်များ ဖြစ်ကြသည်။
အံ့သြစရာကောင်းသည်မှာ ထိုလေးဦးလုံးမှာ ရုပ်ချင်း ထပ်တူကျနေခြင်းပင်။
သူတို့ထဲမှ တစ်ဦးက ချင်းခုန်းကို အေးစက်စွာ ကြည့်လိုက်ရာ ချင်းခုန်း၏ အရေပြားများမှာ ဓားဖြင့် အလှီးခံရသကဲ့သို့ နာကျင်သွားရသည်။
"စီနီယာအစ်ကို ထင်ပေါက် ..."
ချင်းခုန်း၏ မျက်နှာမှာ ပျက်သွားပြီး
"ကျုပ် ဘာမှ လျှောက်မပြောပါဘူး..."
"ဘာမှ မပြောဘူး ဟုတ်လား အခုလေးတင် ဒီလူက တရားအစဉ်အလာ အမြစ်အဖျားကို မေးတော့ မင်း ဘယ်လိုဖြေလိုက်လဲ ပြန်ပြောစမ်း ငါ နားထောင်ကြည့်မယ်"
နောက်ထပ် လူတစ်ဦးက ပြောလိုက်သည်။
သူတို့၏ အသံနှင့် လေယူလေသိမ်းမှာလည်း အားလုံး ထပ်တူကျနေသည်။ ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးမှာ
"ဒါ နတ်ဘုရားတွေရဲ့ ကိုယ်ပွားအတတ် ပဲ ဖြစ်ရမယ်"
ဟု အံ့သြနေကြသည်။
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ရွှေရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
သူ၏ ရှေးဦးနတ်ဘုရားမျက်လုံး ဖြင့် ကြည့်လိုက်သောအခါ ထိုလေးဦးလုံးမှာ တစ်ဦးတည်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"ဒါ ခန္ဓာပေါင်းပ်ခြင်းရဲ့ အဆင့်ရဲ့ စွမ်းရည်လားဒါပေမဲ့ ဝိညာဥ်ခွဲဖြာခြင်းအဆင့် တွေမှာတောင် ဒီလိုစွမ်းရည်မျိုး သုံးတာ မတွေ့ဖူးဘူး..."
ဖန့်ချန်က အတွေးထဲတွင် နစ်ဝင်နေသည်။
ချင်းခုန်းမှာမူ ဘာမှမပြောရဲဘဲ ခေါင်းငုံ့နေရသည်။
ထိုသို့သော ဂိုဏ်းသစ္စာဖောက်သည့် စကားမျိုးကို အပြင်စည်းက လူတွေရှေ့မှာ ပြောလို့ ရသော်လည်း အတွင်းစည်းက စီနီယာတွေရှေ့မှာ ပြောလိုက်လျှင် သူ သေချာပေါက် အထုတ်အပိုးပြင်ပြီး တောင်ပေါ်က ဆင်းရပေလိမ့်မည်။
ချင်းခုန်းက ဘာမှမပြောသဖြင့် ထိုလေးဦးလုံး၏ အကြည့်များမှာ ဖန့်ချန်ဆီသို့ ရောက်လာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်ထွက်လာသည်။
"ဖန့်ချန် ဒီနေ့ တာအိုဂိုဏ်းမှာ အချိန်မရှိဘူး မင်း ဓားစိန်ခေါ်တာပဲဖြစ်ဖြစ်၊ တရားမေးတာပဲဖြစ်ဖြစ်... ပြန်သွားတော့"
တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။
"ကျုပ် မပြန်ဘူးဆိုရင်ကော"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
"မပြန်ဘူး ဟုတ်လား"
သူတို့ လေးဦးလုံးက လှောင်ပြောင်လိုက်ကြပြီး တစ်ဦးက ဆိုသည်
"ဒါဆိုရင်တော့ ငါတို့က မင်းကို ပညာစမ်းတာလို့ မသတ်မှတ်တော့ဘဲ ငါတို့ တာအိုဂိုဏ်းကို လာပြီး ပြဿနာရှာတယ်လို့ပဲ သတ်မှတ်လိုက်မယ်"
"ဒီနေရာဟာ နတ်ဘုရားနန်းတော်လည်း မဟုတ်ဘူးရှေးဟောင်းနတ်ဘုရားလမ်းစဥ် လည်း မဟုတ်ဘူး မင်းတို့ရဲ့ ဓားဂိုဏ်းလည်း မဟုတ်ဘူး လူတိုင်းက ဒီနေရာမှာ လာပြီး ရမ်းကားလို့ ရမယ် ထင်နေတာလား"
"ဒါဆို မင်းက အင်အားကြီးတာကို သုံးပြီး ငယ်သူကို နှိပ်စက်တော့မလို့လား ခန္ဓာပေါင်းခြင်း အဆင့်ကြီးကနေပြီး မျိုးဆက်သစ် လူငယ်လေးကို အနိုင်ကျင့်မလို့လား"
"အနိုင်ကျင့်တာ မဟုတ်ပါဘူး ဒါက လူငယ်တစ်ယောက်က ငါ့ကို အရင် စော်ကားလို့ ငါက ပညာပေးရုံ သက်သက်ပါ ပညာပေးတာနဲ့ အနိုင်ကျင့်တာဟာ မတူဘူးလေ"
ထိုလေးဦးလုံးက အချင်းချင်း ကြည့်ကာ ရယ်မောလိုက်ကြသော်လည်း ရုတ်တရက် မှင်တက်သွားကြသည်။
ထိုစကားမှာ ဖန့်ချန် ပြောလိုက်ခြင်း မဟုတ်ပေ။
သူတို့သည် အသံလာရာသို့ ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဟင်းလင်း ပြင်တွင် ရပ်နေပြီး သူတို့ကို လှောင်ပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နတ်ဆရာ ထင်ပေါက်သည် ချက်ချင်း သတိဝင်လာကာ အလင်းတံခါးထဲသို့ ပြန်ဝင်ပြေးရန် ကြိုးစားလိုက်သော်လည်း ဓားတစ်ချက်က ကောင်းကင်ယံမှ ဝုန်းကနဲ ကျဆင်းလာပြီး ထိုအလင်းတံခါးကို ဖယောင်းတိုင်မီးကို မှုတ်ထုတ်လိုက်သကဲ့သို့ ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
ထို့ပြင် ထိုဓားချက်၏ အရှိန်အဝါမှာ သူတို့ထဲမှ တစ်ဦးကို ထိမှန်သွားရုံမျှဖြင့် ထိုခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကြေမွသွားပြီး ဓားအလင်းတန်းထဲတွင် ပျောက်ကွယ်သွားတော့သည်။
"စီနီယာအစ်ကို ပိုင်က ဒီဓားချက်မှာ အင်အား ဘယ်လောက်တောင် သုံးလိုက်လဲ မသိဘူး"
ဖန့်ချန် စိတ်ထဲတွင် ချီးကျူးမိလိုက်သည်။
အကယ်၍ သူသာ ဤဓားချက်ကို ရင်ဆိုင်ရမည်ဆိုလျှင် သူလည်း ထိုနည်းအတိုင်း ကြေမွသွားပေလိမ့်မည်။
သူ၏ ကိုယ်ထဲမှ မိစ္ဆာသွေးကို အသုံးမပြုဘဲနှင့်တော့ မလွယ်ကူချေ။
လေးဦးထဲမှ တစ်ဦး ပျောက်ကွယ်သွားပြီး ကျန်ရှိနေသော သုံးဦး မှာ မျက်နှာများ ဖြူစုတ်သွားကာ ရုပ်ရည်များပင် အိုမင်းသွားသကဲ့သို့ ခံစားရသည်။
ဖန့်ချန်သည် ထိုကျင့်စဉ်အပေါ် ပို၍ စိတ်ဝင်စားသွားသည်။
ဤကိုယ်ပွားများမှာ သက်တမ်းကိုပါ မျှဝေခံစားနေကြရခြင်း ဖြစ်ပေလိမ့်မည်။
ချင်းခုန်းမှာမူ တုန်တုန်ရင်ရင်ဖြင့် ပိုင်ချင်းမင်ကို ကြည့်လိုက်၊ ဖန့်ချန်ကို ကြည့်လိုက်နှင့် စိတ်ထဲမှ ကြိတ်ဆဲနေတော့သည်။
ဤဖန့်ဆိုသောကောင်သည် တကယ့်ကို ပါးနပ်လွန်းလှသည်၊ ယနေ့ ဓားစိန်ခေါ်ရန် လာသည်မှာ သူ့နောက်ကွယ်တွင် အားကိုးရမည့် တောင်ကြီးတစ်တောင် ပါလာသည် မဟုတ်လား။
သူသည် ထင်ပေါက်၏ စွမ်းအားကို ကောင်းကောင်း သိသည်။
ထင်ပေါက်သည် တာအိုဂိုဏ်း၏ တပည့်များထဲတွင် ထိပ်တန်း ၃၀ အတွင်း ဝင်သူ ဖြစ်သည်။
ခန္ဓာပေါင်းစပ်ခြင်းအလယ်အဆင့်ရှိပြီး ကိုယ်ပွား ၃ ခုအထိ ခွဲနိုင်သူ ဖြစ်ရာ သူ၏ စွမ်းအားမှာ အကြီးအကဲ အချို့နှင့်ပင် ယှဉ်နိုင်သည်။
သို့သော် ယခုမူ ပြိုင်ဘက်၏ ဓားလေပင် မတိုးနိုင်ဘဲ ကိုယ်ပွားတစ်ခု ဆုံးရှုံးသွားရလေပြီ။
ခန္ဓာပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် ထိုသည်မှာ သူ၏ ကျင့်စဉ်အဆင့် တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပစ်လိုက်ခြင်းနှင့် အတူတူပင်။
ထိုဓားတစ်ချက်သည်... တစ်သက်လုံးကို မှားယွင်းစေခဲ့လေပြီ။