← Chapters

အခန်း (၇၀၅-၇၀၆)

Vol. 71 Ch. 705-706

အခန်း (၇၀၅-၇၀၆)

Vol. 71 Ch. 705-706

​​အခန်း ၇၀၅ - ခေါင်းဝင်နေတဲ့ လိပ်ကြီး

​ပိုင်ချင်းမင်က နတ်ဆရာ ထင်ပေါက်ကို လှောင်ပြုံးဖြင့် ကြည့်ကာ

"ဘယ်လိုလဲ ငါက မင်းကို အနိုင်ကျင့်တာလား၊ ပညာပေးတာလား"

​"မင်းတို့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက လူကို အရမ်းနှိမ်တာပဲ..."

​နတ်ဆရာ ထင်ပေါက်မှာ ဒေါသကြောင့် နှုတ်ခမ်းများ တုန်ရီနေသည်။

သူ၏ ကိုယ်ပွားတစ်ခု ရှိခဲ့သော နေရာမှာ ယခုအခါ ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို ကြည့်ပြီး သူ၏ ရင်ဘတ်ထဲတွင် သွေးထွက်မတတ် ခံစားနေရသည်။

​နာကျင်လှပေစွ။ ဤကိုယ်ပွားမှာ သူ၏ ကျင့်စဉ်အဆင့် လေးပုံတစ်ပုံ ဖြစ်သည်။

နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံလာခဲ့ပြီး အောင်မြင်သည့်နေ့တွင် ခန္ဓာပေါင်းစပ်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ ကိုယ်ပွားတစ်ခု ဆုံးရှုံးသွားခြင်းမှာ သူ၏ ကျင့်စဉ်အဆင့် တစ်စိတ်တစ်ပိုင်းကို အတင်းအကျပ် ဖြတ်တောက်ပစ်လိုက်ခြင်းနှင့် အတူတူပင်။

ထိုဆုံးရှုံးမှုမှာ မည်သည့်အခါမျှ ပြန်လည် မဖြည့်ဆည်းနိုင်တော့ပေ။

နောင်တွင် သူသည် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် သူ၏ အခြေခံမှာ သာမန် ကျင့်ကြံသူတစ်ဦးထက် အနည်းငယ်မျှသာ သာလွန်ပေလိမ့်မည်။

​ပိုင်ချင်းမင်၏ မျက်နှာမှာ အေးစက်သွားကာ

"မင်း ဆိုလိုတာက ငါက မင်းကို နှိမ်နေတာပေါ့စကားကို ဆင်ဆင်ခြင်ခြင် ပြောပါ၊ စကားမှားရင် အသက်ပါ ပျောက်သွားနိုင်တယ်"

​အေးစက်သော စကားလုံးများကြောင့် နတ်ဆရာ ထင်ပေါက် ချက်ချင်း သတိဝင်လာသည်။

သူသည် အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေသည် မဟုတ်လား သူက အတင်းအကျပ် ပြုံးလိုက်ရင်း

"လူကြီးမင်းက ဘယ်သူလဲဆိုတာ သိပါရစေခင်ဗျာ"

​"ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ပိုင်ချင်းမင်ပဲ မင်း ငါ့နာမည်ကို မကြားဖူးလောက်ပေမဲ့ ရွှီချင်းဆုန် တို့လို လူမျိုးတွေကတော့ ငါ့ကို ကောင်းကောင်း သိမှာပါ"

ပိုင်ချင်းမင်က ရယ်မောကာ ပြောလိုက်သည်။

​ထင်ပေါက်သည် ပိုင်ချင်းမင်၏ အမည်ကို တကယ်ပင် မကြားဖူးချေ။

တစ်ဖက်လူ၏ ကျင့်စဉ်မှာ မည်မျှ အစွမ်းထက်သည်ကိုပင် သူ မခန့်မှန်းနိုင်တော့ပေ။

ဓားလေပင် ကိုယ်ပွားတစ်ခုကို ခြေမှုန်းနိုင်သည်ဆိုလျှင် အနည်းဆုံးတော့ ခန္ဓာပေါင်းစပ်ခြင်း အဆင့်ထက် ကျော်လွန်နေရပေမည်။

​"ဪ စီနီယာအစ်ကို ပိုင် ဖြစ်နေတာကိုး စီနီယာ ဒီနေ့ ဒီကို ဘာကိစ္စနဲ့ ကြွလာတာလဲခင်ဗျာ"

ထင်ပေါက်က အတင်းအကျပ် မျက်နှာချိုသွေးလိုက်သည်။

​ခုနတင်က မောက်မာနေသော ထင်ပေါက်မှာ ယခုအခါတွင် ရိုကျိုးနေသည်ကို တွေ့ရသောအခါ နတ်ဆရာ ချင်းခုန်းနှင့် အပြင်စည်း တာအိုဆရာတို့မှာ အံ့သြမှင်တက်ကုန်ကြသည်။

ဘေးရှိလူများ မှာလည်း စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားကြသည်။

သူတို့ တက်ချင်နေသော တာအိုဂိုဏ်းမှာ သူတို့ ထင်ထားသလောက် မစွမ်းဘူးလား

​"မင်း မျက်စိမပါဘူးလား ငါ့ညီလေး ဖန့်က ဓားစိန်ခေါ်ဖို့ လာတာလေ မင်းတို့ တာအိုဂိုဏ်းက တစ်ခုခုတော့ တုံ့ပြန်ပြရမှာပေါ့ မဟုတ်ရင် ငါနဲ့ ဖန့်လေးက ဒီတံခါးဝမှာပဲ ၁၀ နှစ်လောက် ထိုင်စောင့်နေရမှာလား"

ပိုင်ချင်းမင်က မေးလိုက်သည်။

​ထင်ပေါက်က ခေတ္တစဉ်းစားပြီးနောက် သူ၏ အကြည့်မှာ ချင်းခုန်းဆီသို့ ရောက်သွားကာ ချက်ချင်း လက်ညှိုးထိုးလိုက်သည်

​"စီနီယာအစ်ကို ပိုင် စီနီယာ့ညီလေးက သူ့ကို စိန်ခေါ်လို့ ရပါတယ် ချင်းခုန်းရဲ့ ကျင့်စဉ်က မဆိုးပါဘူး ဂိုဏ်းချုပ်ကိုယ်တိုင်တောင် သူ့ကို နောင်တစ်ချိန်မှာမသေမျိုး ဖြစ်မယ့် ပါရမီရှိတယ်လို့ ပြောခဲ့ဖူးတယ်"

​"မင်း အမေကို... လျှောက်ပြောမနေနဲ့"

​ချင်းခုန်းမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

သူ၏ ဆံပင်များပင် ထောင်ထွက်မတတ် ဒေါသထွက်ကာ ထင်ပေါက်ကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်

​"ငါက မင်းတို့ မျက်လုံးထဲမှာ အမြဲတမ်း လူမပြောချင်တဲ့ အောက်ခြေလူတန်းစားပါ နောင်တစ်ချိန်မှာ ဝိညာဉ်သန္ဓေသား အဆင့်လောက် ဖြစ်လာပြီး ဂိုဏ်းခွဲတစ်ခုမှာ အမှုထမ်းရရင်ပဲ ကျေနပ်နေတဲ့လူပါ"

"ငါက ဘယ်တုန်းက မသေမျိုး ဖြစ်မယ့် ပါရမီရှိလို့လဲ မင်း ဒီနေ့ ဒီစကားကို ရှင်းအောင် မပြောရင် ငါ မင်းကို လုံးဝ မလွှတ်ဘူး"

​အတွင်းစည်းက နတ်ဆရာကြီးနှစ်ဦး အချင်းချင်း ရန်ဖြစ်နေကြသည်ကို မြင်ရသော အပြင်စည်း တာအိုဆရာများမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

သူတို့ ကိုးကွယ်နေသော နတ်ဆရာကြီးများမှာ ထိုကဲ့သို့ ပုံစံမျိုး ရှိသည်ဟု သူတို့ တစ်ခါမှ မတွေးဖူးခဲ့ချေ။

​ထင်ပေါက်၏ မျက်လုံးထဲတွင် အငြိုးအတေးရိပ်များ ဖြတ်ပြေးသွားသော်လည်း သူက ဒေါသကို ထိန်းကာ ပြုံးလိုက်သည်

​"ချင်းခုန်း ဘာလို့ ဝန်မခံချင်ရတာလဲ ကျုပ်တို့ ကျင့်ကြံသူတွေက စိတ်ဓာတ်ကိုပါ ကျင့်ရတာလေ မင်းက ဒါကိုတောင် ဝန်မခံရဲရင် မင်းရဲ့ လမ်းကြောင်းက ဘယ်လိုလုပ် ရှည်ကြာမှာလဲ"

​"ငါသာ ဝန်ခံလိုက်ရင် ဒီနေ့ဟာ ငါ့ရဲ့ သေနေ့ပဲ ဖြစ်သွားမှာပေါ့ နေပါဦး လူကြီးမင်းတို့ ဒါကို မယုံကြပါနဲ့ ငါ့မှာ ဘာပါရမီမှ မရှိပါဘူး တကယ်တော့ တာအိုဂိုဏ်းက တပည့်ရွေးတာ အရမ်း ညံ့ဖျင်းတာပါ"

"ဒါကိုကြည့်ခြင်းအားဖြင့် အထက်လူကြီးတွေက မကောင်းတော့ အောက်ခြေကလူတွေက ဘယ်လိုလုပ် ကောင်းမလဲ အမြစ်က ပုပ်နေမှတော့ အသီးက ဘယ်လို ချိုနိုင်မှာလဲ ဒီနှစ်တွေအတွင်းမှာ တာအိုဂိုဏ်းမှာ မသေမျိုးဘုရင် တစ်ပါးပဲ ရှိတာကို ကြည့်ရင် သိနိုင်ပါတယ်"

"အခုလည်း အဲ့ဒီ ဘိုးဘေးကြီးက မသေမျိုးဘုရင် အဆင့်ကို တက်သွားတော့ တာအိုဂိုဏ်းမှာ ပါရမီရှင်တွေ ပြတ်လပ်ကုန်ပြီ ဒါ သူတို့ ထိုက်နဲ့ သူတို့ ကံပဲ"

​ချင်းခုန်းက ပြောပြီးသည်နှင့် လူအုပ်ရှေ့တွင် သူ၏ ဝတ်ရုံစကို ဓားဖြင့် ဖြတ်လိုက်ကာ ထင်ပေါက်ကို ကြည့်၍ လှောင်ပြောင်လိုက်သည်

​"ငါ ဒီနေ့ကစပြီး မင်းတို့ တာအိုဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး"

​"မင်းက ဂိုဏ်းကို သစ္စာဖောက်မလို့လား"

ထင်ပေါက်က မယုံနိုင်သလို မေးလိုက်သည်။

​"သစ္စာဖောက်တော့ ဘာဖြစ်လဲ မင်း ငါ့ကို ကိုက်မလို့လား လောကကြီးက အကျယ်ကြီးပါ မင်း တကယ် စွမ်းရင် ငါ့နောက်ကို လိုက်ခဲ့ပြီး ဒုက္ခပေးကြည့်လေ"

​ချင်းခုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ဖန့်ချန်နှင့် ပိုင်ချင်းမင်ကို ဂါရဝပြုကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ထွက်ခွာသွားတော့သည်။

​ထင်ပေါက်၏ မျက်နှာမှာ ပို၍ပင် ညိုမှောင်လာသည်။

ပိုင်ချင်းမင်ကမူ လက်ခုပ်တီးလိုက်ပြီး ဟင်းလင်းပြင်ကို ကြည့်၍ ပြုံးလိုက်သည်

​"အားလုံးပဲ ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား မင်းတို့ရဲ့ တပည့်က ဂိုဏ်းကို သစ္စာဖောက်သွားပြီနော် ဒါဟာ မင်းတို့ တာအိုဂိုဏ်းက ဆုံးမသွန်သင်မှု ညံ့ဖျင်းတာကို ပြနေတာပဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြဦး"

​ဖန့်ချန်သည်လည်း ဟင်းလင်းပြင်ကို လှည့်ကြည့်လိုက်သည်။

သူ၏ ဝိညာဉ် သည် ကိုယ်ထဲမှ တစ်လှမ်းချင်း ထွက်ခွာသွားပြီး တားဆီးထားသော အစီအရင်များအတွင်းသို့ တိုးဝင်ကြည့်လိုက်ရာ လူရိပ် ပေါင်းများစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

​ထိုအထဲတွင် ဝိညာဉ်သန္ဓေသားအဆင့်၊ ဝိညာဉ်ခွဲဖြာခြင်း အဆင့်၊ ခန္ဓာပေါင်းစပ်ခြင်း အဆင့်နှင့် တာအိုပေါင်းစပ် ခြင်း အဆင့် နှစ်ဦးပင် ပါဝင်နေသည်။

သို့သော် ထို တာအိုပေါင်းစပ်ခြင်း အဆင့် နှစ်ဦး၏ အရှိန်အဝါမှာ ပိုင်ချင်းမင်လောက် မခိုင်မာလှပေ။

သူတို့သည် မျက်နှာပျက်ပျက်ဖြင့်သာ ရပ်နေကြပြီး လူချင်းပြရန် ဆန္ဒမရှိကြချေ။

​ဖန့်ချန်၏ အကြည့်မှာ ခန္ဓာပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဆီသို့ ရောက်သွားသည်။

ထိုသူမှာ အရင်တုန်းက နတ်ဘုရားမင်းဆက်တွင် ဖန့်ချန်ကို ဘိုးဘိုး၊ ဘွားဘွားဟု ဒူးထောက်ခေါ်ပြီးမှ အသက်ချမ်းသာရာ ရခဲ့သော ရွှီချင်းဆုန် ပင် ဖြစ်သည်။

​ရွှီချင်းဆုန်၏ အကြည့်မှာလည်း ဖန့်ချန်ဆီသို့ ရောက်နေသော်လည်း သူသည် ဖန့်ချန်က မိမိကို မြင်နေရသည်ဟု မသိရှာပေ။

​"တာအိုဂိုဏ်းရဲ့ အင်အားက အခုတော့ သာမန်ပါပဲလား ပါရမီရှင်တွေလည်း ပြတ်လပ်နေသလို ခန္ဓာပေါင်းစပ်ခြင်းအဆင့်တွေကလည်း ဓားဂိုဏ်းထက် အများကြီး နိမ့်ကျနေတယ်"

" အရင်တစ်ခေါက်ကလည်း ဝိညာဉ်ခွာဖြာခြင်းအဆင့်တွေ အများကြီး သေသွားခဲ့သေးတယ် အခုတော့ သူတို့ ပိုင်ချင်းမင်ကို ဘာမှ မလုပ်ရဲကြတော့ဘူး"

ဟု ဖန့်ချန် စိတ်ထဲတွင် တွေးလိုက်သည်။

​သာမန်ကျင့်ကြံသူများ၏ မျက်လုံးတွင် တာအိုဂိုဏ်းမှာ မသေမျိုးဘုရင် ရှိသဖြင့် အလွန်အစွမ်းထက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ဂိုဏ်း၏ အခြေခံမှာ အတော်လေး အားနည်းနေပြီ ဖြစ်သည်။

​ထိုစဉ် ရွှီချင်းဆုန်၏ နှုတ်ခမ်းများ လှုပ်ရှားလာကာ တာအိုပေါင်းစည်းခြင်းအဆင့် နှစ်ဦးကို တစ်ခုခု ပြောနေသည်။

ဖန့်ချန်၏ ဝိညာဉ်ခန္ဓာမှာ သူတို့အနားသို့ တိုးသွားကာ နားထောင်လိုက်သည်။

​"စီနီယာ နှစ်ဦး ဒေါသမထွက်ကြပါနဲ့ဦး ဒီနေ့ ကျုပ်တို့ ထွက်သွားရင် ဓားဂိုဏ်းရဲ့ အကွက်ထဲ ဆိုက်ကုန်ပါလိမ့်မယ် ပိုင်ချင်းမင်က အသက်ငယ်ပေမဲ့ ကျင့်စဉ်က မနိမ့်ပါဘူး"

"သူ အပြင်မှာ လှည့်လည်နေတုန်းက ပထမအဆင့် ပဲ ရှိသေးပေမဲ့ အခုဆိုရင် အနည်းဆုံး စတုတ္ထအဆင့် လောက် ရှိနေပါပြီ ကျုပ်မှာ အကွက်တစ်ခု ရှိပါတယ် ဒီဓားဦးဆောင်သူအသစ်ကို သေအောင် လုပ်လို့ ရပါတယ်"

"ကျုပ်ကို အချိန်နည်းနည်းပဲ ပေးပါ သူ သေသွားရင် ဓားဂိုဏ်းက ကိုယ့်ကိုယ်ကိုယ်တောင် မနည်းကာကွယ်နေရမှာ၊ အဲ့ဒီအခါကျမှ ကျုပ်တို့ အကြွေးပြန်ဆပ်တာပေါ့"

ရွှီချင်းဆုန်က တိုးတိုးလေး ပြောလိုက်သည်။

​တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ဦးက သူ့ကို ဝေ့ကြည့်ကာ

"မင်း သေချာလား ဘယ်လိုနည်းလမ်းနဲ့ ဒီကောင်ကို သတ်မှာလဲ"

​သူသည် ဖန့်ချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​"ဒီနည်းလမ်းက နဝမမင်းသား ပေးထားတာပါ သေချာပေါက် ဒီကောင်ကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ပါတယ်"

ဟု ရွှီချင်းဆုန်က ဆိုသည်။

​"နဝမမင်းသား"

​လူတိုင်း၏ မျက်နှာမှာ ပြောင်းလဲသွားသည်။

တာအိုပေါင်းစပ်ခြင်းအဆင့် နှစ်ဦးမှာ အချင်းချင်း ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်

"အမှားအယွင်း မရှိစေနဲ့ တကယ်လို့ မင်း အဖမ်းခံရရင် ကျုပ်တို့လည်း မင်းကို မကယ်နိုင်ဘူး"

​"စီနီယာတို့ စိတ်ချပါ"

ရွှီချင်းဆုန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

​သူသာ ဖန့်ချန်၏ ပထမဘေးဒုက္ခ ကို ကျရောက်အောင် လုပ်လိုက်လျှင် ထိုအချိန်တွင် ကျင့်ကြံသူ အနည်းငယ်ကို လွှတ်လိုက်ရုံဖြင့် ဖန့်ချန်ကို အလွယ်တကူ သတ်နိုင်မည် မဟုတ်လား။

မည်သူမှလည်း သူ၏ လက်ချက်ဟု သိမည် မဟုတ်ပေ။

​"ဟွန့် ငါတို့ တာအိုဂိုဏ်းသာ အင်အားမချည့်နဲ့ခဲ့ရင် အရင်တုန်းကလို နတ်ဘုရားချုပ်နှောင်ခြင်း အစီအရင် သာ ရှိခဲ့ရင် ဒီပိုင်ချင်းမင်လည်း ဒီနေရာမှာပဲ သေရမှာ"

တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ဦးက အေးစက်စွာ ပြောပြီး လှည့်ထွက်သွားတော့သည်။

​သူထွက်သွားသည်နှင့် လူအုပ်ကြီးလည်း လိုက်ပါသွားကြသည်။

​ပိုင်ချင်းမင်သည် အတော်ကြာ စောင့်နေသော်လည်း အတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသဖြင့် စိတ်ပျက်စွာဖြင့်

"ဒီလိပ်အုပ်စုကတော့ တကယ်ပဲ ခေါင်းဝင်နေတဲ့ လိပ်ကြီး တွေ ဖြစ်ကုန်ပြီ"

​ဖန့်ချန်က ခေတ္တစဉ်းစားပြီးနောက် နတ်ဆရာ ထင်ပေါက်ကို ပြုံး၍ ပြောလိုက်သည်

"မင်းတို့ တာအိုဂိုဏ်းက ဒီနေ့ အချိန်မရှိဘူးဆိုရင်တော့ ကျုပ်ကို (မြို့တော်) မှာ ခဏနေမယ်လို့ ပြောပေးပါ မင်းတို့ အချိန်ရတဲ့အခါ ကျုပ်ဆီကို လာပြီး ပညာစမ်းဖို့ ဖိတ်ခေါ်ပါတယ်"

​အခန်း ၇၀၆ - ရိုသေပါတယ်၊ မလေးစားမိတာ ခွင့်လွှတ်ပါ

​ရွှီချင်းဆုန်သည် တောင်တံခါးအတွင်းမှ ထွက်မသွားသေးဘဲ ဖန့်ချန်၏ စကားကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး စိတ်ထဲတွင် အစီအစဉ်တစ်ခု ရသွားလေသည်။

​"ကောင်းပြီ... ငါ မင်းစကားကို ပါးလိုက်ပါ့မယ်"

​နတ်ဆရာ ထင်ပေါက်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ရင်း ခေါင်းညိတ်လိုက်သည်။

သူသည် ထိုလူနှစ်ယောက် ချက်ချင်း ထွက်သွားတော့မည်ဟု ထင်နေသော်လည်း ပိုင်ချင်းမင်မှာ မထွက်ခွာမီ နောက်ထပ် ဓားတစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

​ယခုတစ်ခေါက်တွင်မူ နတ်ဆရာ ထင်ပေါက်၏ ကျန်ရှိနေသော ကိုယ်ပွား နှစ်ခုလုံးမှာ ဓားချက်အောက်တွင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူ၏ ရုပ်ရည်မှာ မျက်စိရှေ့တင် သိသိသာသာ အိုမင်းသွားပြီး အစပိုင်းက အသက် ၃၀၊ ၄၀ အရွယ် လူလတ်ပိုင်းပုံစံမှ ယခုအခါ အသက် ၈၀၊ ၉၀ အရွယ် အဖိုးအိုတစ်ဦးအသွင်သို့ ပြောင်းလဲသွားတော့သည်။

​"သေ... သေချင်းဆိုးတွေ..."

​ထင်ပေါက်မှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသော နှုတ်ခမ်းများကို တုန်တုန်ရီရီဖြင့် ဆုပ်ကိုင်ထားရင်း သူတို့ ထွက်ခွာသွားသော လမ်းကြောင်းကို နာကြည်းစွာ စိုက်ကြည့်နေတော့သည်။

သူ၏ ကိုယ်ပွား သုံးခုလုံး ခြေမှုန်းခံလိုက်ရသဖြင့် သူသည် ခန္ဓာပေါင်းစပ်ခြင်းအဆင့်တွင် အခြေခံအညံ့ဆုံး ကျင့်ကြံသူ ဖြစ်သွားလေပြီ။

နောင်တွင် သူသည် တာအိုပေါင်းစပ်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် အောက်ခြေအဆင့်တွင်သာ ရှိနေတော့မည် ဖြစ်သည်။

​"နတ်ဆရာကြီး... အဆင်ပြေရဲ့လားခင်ဗျာ"

အပြင်စည်း တာအိုဆရာက ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။

ထင်ပေါက်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာမှာ သေလူတစ်ဦးကဲ့သို့ အသက်မဲ့နေတော့သည်။

​"မြို့တော် ကို သွားဖို့ ငါ လမ်းဖြတ်တစ်ခု သိတယ် တစ်လလောက်ဆို ရောက်နိုင်တယ် ဒါနဲ့... မင်း မြို့တော်ကို ဘာသွားလုပ်မှာလဲဆိုတာ ငါ့ကို အမှန်အတိုင်း ပြောပါဦး"

ပိုင်ချင်းမင်က ဖန့်ချန်ကို တစ်ချက်ကြည့်ရင်း မေးလိုက်သည်။

​"လွန်ခဲ့တဲ့ ရက်ပိုင်းက စီနီယာအစ်မ ကျင် က ပြောပြလို့ပါ ကျုပ်ရဲ့ သူငယ်ချင်းတစ်ယောက်ဟာ မြောက်ပိုင်းက နဂါးစားဘုရင် ရဲ့ မွေးစားသား ဖြစ်သွားတယ်ဆိုပဲ ကျုပ် သူ့ကို မတွေ့ရတာ ကြာပြီမို့လို့ ဒီတစ်ခေါက် သွားတွေ့မလို့ပါ"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

​"နဂါးစားဘုရင် ဟုတ်လား"

​ပိုင်ချင်းမင်က ထူးဆန်းသောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်

"သူက မွေးစားသား လက်ခံရတာ တကယ် ဝါသနာပါတာ အရင်တုန်းက ငါ့ကိုတောင် မွေးစားသား လုပ်မလားလို့ လာကမ်းလှမ်းဖူးသေးတယ်"

​"စီနီယာက လက်မခံဘူးလား ဒါက မသေမျိုးဘုရင်တစ်ပါးလေ"

​"ငါ့အဖေက သဘောမှမတူတာ ငါ့အဖေ ခွင့်မပြုဘဲနဲ့ သူများဆီမှာ မွေးစားသား သွားလုပ်ရင် ငါ့ခြေထောက်တွေ အိမ်အရောက်မှာ အရိုက်ခံရမှာပေါ့"

ပိုင်ချင်းမင်က သက်ပြင်းချလိုက်သည်။

​"စီနီယာ့ရဲ့ အဖေကသာ သိရင် သဘောတူမှာပါ"

​ပိုင်ချင်းမင်က ခေါင်းခါလိုက်သည်

"လုံးဝ မဖြစ်နိုင်ဘူး ငါ့အဖေရဲ့ အကျင့်စရိုက်နဲ့တော့ ငါ့ကို သူများဆီမှာ မွေးစားသား အဖြစ် လွှတ်မှာ မဟုတ်ဘူး"

​ဖန့်ချန်က စိတ်ဝင်တစားဖြင့်

"ဒါနဲ့ စီနီယာ့အဖေက ဘယ်သူလဲဆိုတာ သိပါရစေ"

​"တောင်ပိုင်းက ရှန်းယွဲ့ဘုရင် ပေါ့"

ပိုင်ချင်းမင်က ရယ်မောကာ ပြောလိုက်သည်

"အခုတော့ ငါ့အဖေ ဘာလို့ သဘောမတူလဲဆိုတာ မင်း သိလောက်ပြီပေါ့"

​ဖန့်ချန်၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားပြီး မျက်နှာတွင် အံ့သြမှုများ ထင်ဟပ်လာသည်။ ထို့နောက် သူက လက်အုပ်ချီကာ

​"ရိုသေပါတယ် မလေးစားမိတာ ခွင့်လွှတ်ပါ စီနီယာပိုင်က ရှန်းယွဲ့ဘုရင်ရဲ့ သားတော်ဖြစ်မယ်လို့ ကျုပ် လုံးဝ ထင်မထားခဲ့ဘူး"

​ပိုင်ချင်းမင်က ဖန့်ချန်ကို သေချာကြည့်ပြီးနောက် ရယ်မောလိုက်သည်

"ရိုသေပါတယ် ဆိုတာကြီးက အပိုတွေပါ မင်းမျက်နှာကို ကြည့်ရတာ ရိုသေတဲ့ပုံ တစ်စက်မှ မပေါက်ဘူး မင်းမျက်လုံးထဲမှာတော့ မသေမျိုးဘုရင် ဆိုတာလည်း သာမန်ပဲ မဟုတ်လား"

​"မရဲပါဘူးခင်ဗျာ မသေမျိုးဘုရင်ဆိုတာ တက်လှမ်းခြင်းအထွတ်ထိပ်အဆင့် ကျင့်ကြံသူတွေလေ ရှေးခေတ်ကဆိုရင် အထက်ဘုံတက်ပြီး နတ်မင်းကြီးတွေ ဖြစ်ကုန်ကြပြီ ကျုပ်လို မျိုးဆက်သစ်က မလေးမစား ဘယ်လုပ်ရဲပါ့မလဲ"

ဟု ဖန့်ချန်က အလေးအနက် ပြောလိုက်သည်။

​"တကယ်တော့ အဲ့ဒီ ကောင်းကင်တိမ်တိုက်ဧကရာဇ် က ပိုပြီး လျှို့ဝှက်ဆန်းကြယ်တာ ကောလာဟလတွေအရတော့ သူ့မှာ ဝိညာဉ်အကြွင်းအကျန်ပဲ ရှိတော့တယ် ဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှေးဟောင်းနတ်ဘုရားလမ်းစဥ်မှာ သူက ဂိုဏ်းချုပ်ဘိုးဘေး တစ်ဦးကို ငါးမျှားသလို မျှားပြီး လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်လိုက်တယ်လို့ ကြားတယ်"

"ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အစွမ်းလဲ ငါ့အဖေတောင် အဲ့ဒီ ဂိုဏ်းချုပ်ဘိုးဘေးတွေရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ လက်မောင်းဖြတ်ဖို့ နေသာသာ၊ အမွေးတစ်ပင်တောင် ထိနိုင်မှာ မဟုတ်ဘူး"

​ပိုင်ချင်းမင်က သက်ပြင်းချကာ ဆက်ပြောသည်

"ဒါနဲ့ အဲ့ဒီ ဂိုဏ်းချုပ်ဘိုးဘေးက ဘယ်ကလဲဆိုတာ မသိရဘူး ငါတို့ အလယ်ပိုင်းကလား ဒါမှမဟုတ် တခြား ကမ္ဘာတွေကလားပဲ ဒါနဲ့... မင်းက အဲ့ဒီ စီနီယာကြီးနဲ့ ပတ်သက်မှု ရှိတယ်ဆိုတော့ ငါ မင်းကို ပိုအားကျမိတယ် ငါလည်း အရင်တုန်းက ကံကောင်းလို့ အဲ့ဒီစီနီယာကြီးကို တစ်ခါတွေ့ဖူးပေမဲ့ သူက ငါ့ကို လှည့်တောင် မကြည့်ဘူး"

​ဖန့်ချန်သည် ပိုင်ချင်းမင်၏ စကားမှာ အတည်လား၊ နောက်တာလား မသိသဖြင့်

"စီနီယာကလည်း ရှေးခေတ် တာအိုပညာရပ် တွေကို စိတ်ဝင်စားလို့လား"

​"မင်းပြောတာ ကိုးဆက်မြောက်ဘုရင် ရဲ့ သားတော် ကျီးလျန် ကို ဆိုလိုတာ မဟုတ်လား"

​ပိုင်ချင်းမင်က ပြုံး၍

"ငါက ရှေးခေတ်ပညာရပ်တွေကို စိတ်ဝင်စားတာထက် ငါတို့က မသေမျိုးဘုရင်တွေရဲ့ မျိုးနွယ်ဆိုတော့ သာမန်လူတွေ မသိတဲ့ လျှို့ဝှက်ချက်တွေကို သိထားတာပေါ့ တာအိုဂိုဏ်းက ဘာလို့ တာအိုသုံးထောင်ဂိုဏ်း ရဲ့ တည်ရှိမှုကို ဝန်မခံရဲတာလဲ ကြောက်လို့ပေါ့"

"ကောလာဟလတွေအရ ရှေးခေတ်တာအိုပညာရပ်တွေထဲမှာ အထူးခြားဆုံးပညာရပ်ကို ကောင်းကင်လှည့်စားခြင်းအတတ် လို့ ခေါ်တယ် အဲ့ဒီအတတ်က ကောင်းကင် ပြိုကျလာရင်တောင် ပြန်ထိန်းထားနိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုကြတယ်"

"ဒါပေမဲ့ အဲ့ဒီအတတ်က ပျောက်ကွယ်သွားတာ ကြာပြီ အခု ကျီးလျန်ဆီမှာ ရှေးခေတ်တာအိုအစဉ်အလာ တစ်ခု ရှိနေတယ်ဆိုတော့ သူက အဲ့ဒီဒဏ္ဍာရီလာ အတတ်ကို သုံးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်"

​ဖန့်ချန်မှာ အံ့သြသွားရသည်။

ကျီးလျန်နှင့် ပတ်သက်ပြီး ပိုမို သိရှိလိုက်ရခြင်း ဖြစ်သည်။

ထိုသွေးရောင်စက္ကူရုပ်၏ အရှိန်အဝါမှာ သာမန်နှင့် မတူသဖြင့် ၎င်းသည် တကယ့် ငရဲစစ်သည် ဖြစ်နေပေလိမ့်မည်။

​အချိန်များ ကုန်လွန်သွားပြီး တစ်လအကြာတွင် ပိုင်ချင်းမင်၏ လမ်းပြမှုဖြင့် သူတို့နှစ်ဦး မြို့တော် သို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိလာကြသည်။

မြို့တံခါးဝတွင် စစ်ဆေးနေသော ကင်းစောင့်များမှာ သူတို့နှစ်ဦး၏ အထောက်အထား သည် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းမှ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ

"လူကြီးမင်းတို့ မြို့တော်ထဲမှာ ဓားနဲ့ လက်နက်တွေကို အလွယ်တကူ မထုတ်ဖို့ စည်းကမ်းရှိပါတယ် သိကြတယ် မဟုတ်လား"

ဟု သတိပေးလိုက်ကြသည်။

​"မသိဘဲ နေမလား ငါတို့က ဒီကို ပထမဆုံး လာတာမှ မဟုတ်တာ"

ပိုင်ချင်းမင်က မျက်လုံးပြူးပြလိုက်ပြီး ဖန့်ချန်ကို ဆွဲကာ မြို့ထဲသို့ ဝင်သွားတော့သည်။

​ကင်းစောင့်ခေါင်းဆောင်မှာ ခါးသီးစွာ ပြုံးနေစဉ် ဘေးမှ လက်အောက်ငယ်သားတစ်ဦးက

"ဓားကျင့်ကြံသူဆိုရင်ပဲ အဲ့လောက် မောက်မာနေရတာလား ဒီမှာက မြို့တော်ကြီးလေ နဂါးဖြစ်ဖြစ် ကျားဖြစ်ဖြစ် ဝပ်နေရမှာပေါ့"

ဟု ညည်းတွားလိုက်သည်။

​"မင်း ပါးစပ်ပိတ်ထားစမ်း မင်းကို ငါ သတိမပေးမိလို့ မပြောနဲ့ဦး ခုနက လူက ဓားဂိုဏ်းရဲ့ တပည့်တင်မကဘူး၊ တောင်ပိုင်း ရှန်းယွဲ့ဘုရင်ရဲ့ အထူးဂုဏ်ထူးဆောင် အထောက်အထား ရှိတဲ့သူ သူက လူကုံထံ တစ်ယောက်ပဲ"

ခေါင်းဆောင်က ဟန့်လိုက်သည်။

ထိုစစ်သားမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

သူတို့က ဂိုဏ်းသားတွေကို မကြောက်သော်လည်း အာဏာပိုင်စနစ်ထဲက လူကုံထံတွေကိုတော့ မစော်ကားရဲကြပေ။

​"မြို့တော်ထဲ ရောက်ပြီဆိုရင်တော့ အသက်အန္တရာယ် မရှိတော့ပါဘူး မင်းကိစ္စ မင်းသွားလုပ်တော့၊ ငါလည်း သူငယ်ချင်းအချို့ သွားတွေ့ဦးမယ် ဒါပေမဲ့ မြို့ကနေ ထွက်မယ်ဆိုရင် ငါ့ကို ကြိုပြောဦး မင်းမှာ ကောင်းကင်လျှိုဝှက်မှန် ရှိလား သူငယ်ချင်း အပ်ထားရအောင်"

​ပိုင်ချင်းမင်နှင့် သူငယ်ချင်းအဖြစ် အပ်နှံပြီးနောက် ဖန့်ချန်၏ ကောင်းကင်လျှိုဝှက်မှန်ထဲတွင် လန်ယာဝမ်ချိုးအပြင် ပိုင်ချင်းမင်ပါ တိုးလာလေပြီ။

ပိုင်ချင်းမင်မှာ ကျေနပ်စွာဖြင့် ထွက်ခွာသွားသည်။

​ဖန့်ချန်သည် ဘေးနားမှ ဖြတ်သွားသော ကျင့်ကြံသူတစ်ဦးကို လှမ်းခေါ်လိုက်သည်

"မိတ်ဆွေ... လမ်းတစ်ခုလောက် မေးပါရစေ"

​ထိုကျင့်ကြံသူက ဖန့်ချန်၏ မျက်လုံးများ ပိတ်နေသည်ကို မြင်သောအခါ

"မိတ်ဆွေရဲ့ မျက်လုံးက..."

​"ဟုတ်ကဲ့... ကျုပ် မျက်စိမမြင်ရလို့ပါ"

​ထိုကျင့်ကြံသူက ဖော်ဖော်ရွေရွေဖြင့်

"ရပါတယ် မြို့တော်မှာ မျက်စိမမြင်လည်း ဘာမှမဖြစ်ဘူး ဒီမှာက အေးဆေးပါတယ် မိတ်ဆွေ ဘယ်ကို သွားချင်လို့လဲ"

​"နဂါးစားဘုရင်ရဲ့ မွေးစားသားသစ် ရှကျီ ဆိုတဲ့လူ ဘယ်မှာ နေလဲဆိုတာ သိချင်လို့ပါ"

​"နဂါးစားဘုရင်ရဲ့ မွေးစားသား ရှကျီ ဟုတ်လား"

ထိုကျင့်ကြံသူ၏ မျက်နှာတွင် အားကျမှုများ ပေါ်လာကာ

"မင်းက သူ့ရဲ့ ဆွေမျိုးလား ရှကျီမင်းသားက မင်းရဲ့..."

​"သူငယ်ချင်းပါ"

​ထိုကျင့်ကြံသူမှာ ပို၍ပင် အားကျသွားကာ ဖန့်ချန်ကို လမ်းညွှန်ပြသပေးလိုက်သည်။

ဖန့်ချန်သည် လမ်းအတိုင်း ရှာဖွေသွားရာ နောက်ဆုံးတွင် ခံ့ညားလှသော အိမ်တော်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာသည်။

အိမ်ရှေ့တွင် အစောင့်များ ရှိနေပြီး ဖန့်ချန်ကို မြင်သောအခါ

"ဒီမှာ လာပြီး မရပ်နေနဲ့ ချက်ချင်း ထွက်သွားတော့"

ဟု မောင်းထုတ်လိုက်ကြသည်။

​"အစောင့်တွေတောင် ရွှေအမြုတေ အဆင့်တွေပဲလား"

ဖန့်ချန် စိတ်ထဲတွင် ရေရွတ်လိုက်ပြီးနောက် အစောင့်များကို ပြုံး၍ ပြောလိုက်သည်

"ကျုပ်က ရှကျီမင်းသားကို လာတွေ့တာပါ သူ ရှိနေသလားလို့ သိပါရစေ"

All Chapters