အခန်း (၇၁၃-၇၁၄)
Vol. 72 Ch. 713-714
အခန်း ၇၁၃ - အဆင့်နိမ့် နဂါးသွေးကြောဆေးလုံး
"အားလုံးပဲ ဟင်လင်ပြင်ဓားဂိုဏ်းရဲ့ လက်ရှိဓားဦးဆောင်သူ ဖန့်ချန် မြို့တော်ကို ရောက်နေပြီ နဂါးစားဘုရင်ရဲ့ မွေးစားသား ရှကျီနဲ့ အတူတူရှိနေတာ"
ကျီးလျန်က သူ၏အနားတွင်ရှိနေသော ဝမ်ယိတို့ လူစုကို အသံလှိုင်းဖြင့် အသိပေးလိုက်သည်။
ဟန်လင်းချိုး၊ ဝမ်ယိ၊ ရွှီဖုန်းနှင့် စူလင်ကျူတို့သည် ထိုစကားကြောင့် လှည့်ကြည့်လိုက်ကြပြီး ဖန့်ချန်ကို မြင်သည့်အခါ သူတို့၏ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"နှစ်အနည်းငယ်လောက် ပုန်းနေပြီးမှ ထွက်လာရဲသေးတယ်ပေါ့"
ရွှီဖုန်း၏ မျက်ဝန်းတွင် လှောင်ပြောင်ရိပ်များ ပြည့်နှက်နေသည်။
ဖန့်ချန် အသက်ရှင်နေသေးပြီး ဓားဦးဆောင်သူ ဖြစ်လာသည်ကို သိရကတည်းက လူတိုင်းက တစ်ခုခုကို ခန့်မှန်းထားကြသည်။
အဲ့ဒီတုန်းက ဖန့်ချန်သည် ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ထဲကို ရောက်သွားသော်လည်း အစောကြီးကတည်းက ရှုံးနိမ့်ပြီး ပြန်ထွက်လာခဲ့ရကာ အရှက်ရမှာစိုး၍ ပုန်းနေခြင်းဖြစ်မည်ဟု သူတို့က ယူဆထားကြသည်။
ထိုအချက်မှလွဲ၍ တခြား အကြောင်းပြချက် မရှိနိုင်ပေ။
"သူနဲ့ ရှကျီက ဘယ်လိုလုပ် သိနေကြတာလဲ"
စူလင်ကျူက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"နဂါးစားဘုရင် အိမ်တော်နဲ့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဆက်ဆံရေး သိပ်မရှိပါဘူး သူတို့ အရင်ကတည်းက သိနေတာ ဖြစ်နိုင်တယ်"
ဟု ဟန်လင်းချိုးက သုံးသပ်သည်။
"သူတို့က ငါတို့နဲ့ ဘာဆိုင်လို့လဲ ဒီလူနှစ်ယောက်က အရေးမပါပါဘူး အဓိကက ဒီနေ့ နဂါးသွေးကြောဆေးလုံး အောင်မြင်ပါ့မလား ဆိုတာပဲ ဒီတစ်ခေါက် ဆေးဖော်စပ်ဖို့အတွက် နဝမင်းသားအိမ်တော်၊ တာအိုဂိုဏ်းနဲ့ တောရိုင်းဂိုဏ်းတို့က အကုန်အကျခံထားတာ ဆေးလုံးထွက်လာရင် ကျိမသေမျိုးဘုရင်က တစ်လုံးပဲယူပြီး ကျန်တာကို သုံးဖွဲ့ ခွဲယူကြမှာ"
ရွှီဖုန်း၏ မျက်လုံးများက လောဘကြောင့် အရောင်တောက်လာပြီး
"ငါသာ တစ်လုံးလောက် ရရင် အာနိသင် ဆယ်ပုံတစ်ပုံလောက်ပဲ စုပ်ယူနိုင်ရင်တောင် ကျင့်စဉ်နှစ်ပေါင်း တစ်ရာစာလောက် တိုးတက်သွားမှာပဲ"
"ဆယ်ပုံတစ်ပုံ မပြောနဲ့ တစ်ရာပုံ တစ်ပုံတောင် မင်း မစုပ်ယူနိုင်ပါဘူး"
ဝမ်ယိက သူ့ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောသည်
"ဒီလို အဆင့်မြင့်ဆေးလုံးရဲ့ အာနိသင်က ငါတို့အတွက်ဆိုရင် အထက်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ အတူတူပဲ"
"သောက်လိုက်တာနဲ့ သေမှာ သေချာတယ် ဘယ်ဂိုဏ်းက တာအိုပေါင်းစပ်ခြင်းအဆင့် ပုဂ္ဂိုလ်ကြီးတွေ ရမလဲဆိုတာပဲ ကြည့်ရမှာ ဒီဆေးကို သောက်နိုင်ရင် ကပ်ဘေးကျော်ဖြတ်ဖို့ တစ်ဝက်လောက် သေချာသွားပြီ"
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ဤဆေးမျိုးမှာ သူတို့နှင့် မထိုက်တန်မှန်း၊ ရလျှင်ပင် မသောက်နိုင်မှန်း သူတို့ သိကြသည်။
သူတို့ တိတ်တဆိတ် စကားပြောနေချိန်တွင် ဖန့်ချန်ကလည်း ထိုလူစုနှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လေ့လာနေသည်။
ရှကျီက ကြိုတင်စုံစမ်းထားသဖြင့် မည်သူက မည်သည့်ဂိုဏ်းမှဖြစ်ပြီး ကျင့်စဉ်အဆင့် မည်မျှရှိသည်ကို ဖန့်ချန်အား တစ်ဦးချင်း ရှင်းပြပေးနေသည်။
ယနေ့ အခမ်းအနားသို့ တာအိုဂိုဏ်း၊ တောရိုင်းဂိုဏ်းနှင့် အင်ပါယာနိုင်ငံ အသီးသီးမှ ကျင့်ကြံသူ အများအပြား ရောက်ရှိနေကြသည်။
ဖန့်ချန်သည် သူ၏ ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်ကာ လူအုပ်ထဲတွင် တစ်စုံတစ်ဦးကို လိုက်ရှာနေသည်။
နောက်ဆုံးတွင် သူ့ကို သွားဖြဲပြနေသော ပိုင်ချင်းမင် ကို တွေ့လိုက်ရသော်လည်း ရှန်ကျီ ကိုမူ မတွေ့ပေ။
ပိုင်ချင်းမင်၏ အနားတွင် တာအိုပေါင်းစပ်ခြင်းအဆင့်ရှိ ပုဂ္ဂိုလ်ကြီး အချို့လည်း ရှိနေပြီး သူတို့အားလုံး ကျိမသေမျိုးဘုရင်၏ ဆေးဖော်စပ်မှုကို အာရုံစိုက်နေကြသည်။
"ဖန့်လေး မင်းပြောတဲ့ မိတ်ဆွေဟောင်းဆိုတာ နဂါးစားဘုရင်ရဲ့ မွေးစားသား ရှကျီကို ပြောတာလား"ာ
ပိုင်ချင်းမင်၏ အသံက ဖန့်ချန်၏ နားထဲသို့ ရောက်လာသည်။
"ဟုတ်ကဲ့ပါ အစ်ကို"
ဖန့်ချန်က အသံလှိုင်းဖြင့် ပြန်ဖြေသည်။
"မဆိုးဘူး နဂါးစားဘုရင်ရဲ့ အမြင်က တော်တော်စူးရှတာပဲ ရှကျီမှာ ဘာထူးခြားချက်ရှိလဲ ငါအခုထိ မမြင်ရသေးပေမဲ့ မင်းရဲ့ သူငယ်ချင်းဖြစ်နေမှတော့ သာမန်လူတော့ မဟုတ်လောက်ဘူး"
ပိုင်ချင်းမင်က ဆက်ပြောသည်
"ဒီနေ့ ဆေးဖော်စပ်တာကို သေချာကြည့်ထား ငါတို့ ဓားဂိုဏ်းက အကုန်ကောင်းပေမဲ့ ဆေးဆရာ မထွက်တာ တစ်ခုပဲ သေချာကြည့်ပြီး တစ်ခုခု ရအောင်ယူ"
ဖန့်ချန် စင်မြင့်ပေါ်သို့ လှမ်းကြည့်လိုက်သည်။
ကျိမသေမျိုးဘုရင်မှာ ဝတ်စုံဖြူဖြင့် ခန့်ညားစွာ ရပ်နေပြီး သူ ထုတ်လွှတ်လိုက်သော မီးလျှံများမှာ မြို့တစ်မြို့ နိုင်ငံတစ်နိုင်ငံကိုပင် ပြာချနိုင်လောက်အောင် အစွမ်းထက်လှသည်။
သို့သော် သူ၏ရှေ့မှ ဆေးဖိုကြီးမှာမူ ထိုအပူရှိန်အောက်တွင် ပျက်စီးသွားခြင်း မရှိပေ။
'ဒီဆေးဖိုက ရိုးရိုးမဟုတ်ဘူး ဒဏ္ဍာရီလာ ဝိညာဉ်လက်နက် ၃၀၀ ထဲက တစ်ခု ဖြစ်နိုင်တယ်...'
ဖန့်ချန်သည် မသေမျိုးဘုရင်ထက် ထိုဆေးဖိုကို ပို၍ စိတ်ဝင်စားနေသည်။
သူ၏ အမြင်တွင် ကျိမသေမျိုးဘုရင်၏ ဆေးဖော်စပ်နည်းမှာ ရှေးဟောင်းကျမ်းစာများနှင့် ယှဉ်လျှင် အင်မတန် ရိုးရှင်းလွန်းလှသည်။
သူ၏ ကိုယ်ထဲရှိ ဓားငယ်လေး မှာလည်း ထိုဆေးဖို၏ အရှိန်အဝါကြောင့် မငြိမ်မသက် ဖြစ်နေသည်။
"မှန်လေး မင်းရဲ့အမြင်အရ ဒီလောကက လက်နက်တွေကို ဘယ်လိုအဆင့်ခွဲမလဲ အခု ဒီဆေးဖိုနဲ့ မင်းနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ ဓားငယ်လေးနဲ့ရော"
"ဒီမေးခွန်းကတော့ ငါ ဖြေပေးလို့ ရပါတယ်"
ရှောင်ကျိုးက ပြန်ဖြေသည်
"ဒီမှာက လက်နက်တွေကို ကောင်းကင်၊ မြေ၊ နက်နဲ၊ ဝါ ဆိုပြီး အဆင့်ခွဲကြတယ် ဒါက လက်နက်ထဲမှာရှိတဲ့ တံဆိပ် တွေအပေါ် မူတည်တာ တံဆိပ် ၇၂ ခုက တစ်ဆင့် မြင့်သွားတာမျိုးပေါ့ တံဆိပ်အမျိုးအစားပေါ် မူတည်ပြီး အဆင့်ကွာသွားတယ် ဝိညာဉ်လက်နက် ဆိုတာက လက်နက်ထဲမှာ ဝိညာဉ် စတင် ပေါက်ဖွားလာတာကို ပြောတာ ငါတို့လိုမျိုးပေါ့"
"ဒါဆို ဝိညာဉ်လက်နက်က ကောင်းကင်အဆင့် လက်နက်နဲ့ တူတူပဲလား ဝိညာဉ်ပါတာပဲ ကွာတာလား ဓားငယ်လေးနဲ့ မင်းရော ဝိညာဉ်လက်နက်ပဲလား"
"ဓားငယ်လေးကတော့ ဟုတ်တယ်၊ ဒါပေမဲ့ သူက မကြီးထွားသေးဘူး သူ့ကို တခြားဝိညာဉ်လက်နက်တွေနဲ့ ပေးမတွေ့တာ အကောင်းဆုံးပဲ မဟုတ်ရင် သူတို့က ဓားငယ်လေးရဲ့ ဝိညာဉ်ကို ဝါးမြိုသွားလိမ့်မယ် ငါကတော့ မသေမျိုးလက်နက် ကွ တိုက်ခိုက်လို့ မရပေမဲ့ ငါ့ရဲ့ အသုံးဝင်မှုက ဒီဝိညာဉ်လက်နက်တွေထက် အများကြီး သာတယ်"
ဟု မှန်လေး က ကြွားလိုက်သည်။
"မင်းက ငါ့ကို နှိမ့်ချပြီး မင်းကိုယ်မင်း မြှောက်နေတာလား"
ဓားငယ်လေးက ရုတ်တရက် ဝင်ပြောသည်။
ဖန့်ချန်က သူတို့နှစ်ဦး ရန်မဖြစ်မီ တားလိုက်ကာ
"မှန်လေး မင်းပြောတာက ဝိညာဉ်လက်နက်တွေက တခြားလက်နက်တွေကို ဝါးမြိုပြီး အဆင့်တက်လို့ ရတာလား"
"အင်း... ဒီလောကက ဝိညာဉ်လက်နက်တွေက အချင်းချင်း ဝါးမြိုနိုင်တယ် ဒါပေမဲ့ ဓားငယ်လေးက ပိုအစွမ်းထက်တယ် ဘာလို့လဲဆိုတော့ သူက မသေမျိုးလောကက လာတာမို့လို့ပဲ"
ဖန့်ချန် စဉ်းစားမိသွားသည် နောင်တွင် ဝိညာဉ်လက်နက်များ ရှိသည့်နေရာ၌ ဓားငယ်လေးကို အလွယ်တကူ ထုတ်မသုံးရန် သူ သတိထားရတော့မည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်၌ အံ့သြသံများ ထွက်ပေါ်လာသည်။
ကျိမသေမျိုးဘုရင်၏ ကိုယ်မှ ဝိညာဉ်စွမ်းအင်များ ဆေးဖိုထဲသို့ အလုံးအရင်းဖြင့် ဝင်သွားပြီးနောက် နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာသည်။
နဂါးအရိပ်တစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး ပျောက်ကွယ်သွားသည်။
ဆေးလုံး အောင်မြင်သွားပြီလား လူတိုင်းက စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ကျိမသေမျိုးဘုရင်က လက်တစ်ချက် ဝှေ့လိုက်သည့်အခါ ဆေးဖိုထဲမှ လက်သီးဆုပ်ခန့်ရှိသော၊ တောက်ပသော ဆေးလုံး (၄) လုံး ထွက်ပေါ်လာသည်။
ဖန့်ချန်က ထိုဆေးလုံးများကို ကြည့်ကာ ရေရွတ်လိုက်သည်
"စွမ်းအင်က မပြည့်စုံသေးဘူး အလင်းထဲမှာ အညစ်အကြေးတွေ ပါနေသေးတယ် ဒါက အဆင့်နိမ့် နဂါးသွေးကြောဆေးလုံး ပဲ"
အခန်း ၇၁၄ - နဂါးစစ်စစ် အရိုးမှုန့်
"မြန်မြန်ကြည့်လိုက်ဦး တောက်ပနေတဲ့ အလင်းတန်းတွေထဲမှာ နဂါးတစ်ကောင် ကူးခတ်နေသလိုပဲ"
"နဂါးအရိပ် သဏ္ဌာန်ပေါ်လာပြီ ဒါ အစစ်အမှန် နဂါးသွေးကြောဆေးလုံးပဲ"
"ဒီဆေးတစ်လုံးထဲနဲ့တင် အထက်အဆင့် ကျင့်ကြံသူတွေရဲ့ ကျင့်စဉ်သက်တမ်းကို နှစ်ပေါင်းတစ်ထောင် တိုးစေနိုင်တာ တန်ဖိုးက ခန့်မှန်းလို့တောင် မရနိုင်ဘူး"
"အဲ့လောက်လည်း မပိုပါနဲ့ တကယ်တော့ မသေမျိုးဘုရင်တွေအတွက်ဆိုရင်တော့ ဒီဆေးက ကျင့်စဉ်နှစ်တစ်ရာလောက်ပဲ တိုးစေနိုင်တာပါ"
"မင်းပြောတာကလည်း နှစ်တစ်ရာဆိုတာ သက်တမ်းနှစ်တစ်ရာပဲလေ အခုခေတ်မှာ မသေမျိုးဘုရင်တွေရဲ့ ကျင့်စဉ်ကို တိုးတက်စေနိုင်တဲ့ ဆေးလုံးမျိုးက ဘယ်နှစ်မျိုး ရှိလို့လဲ"
လူအုပ်ကြီးသည် နဂါးသွေးကြောဆေးလုံးကို ကြည့်ကာ ဝိုင်းဝန်းပြောဆိုနေကြပြီး သူတို့၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပနေသည်။
"ဆေးလုံး (၄) လုံးတောင် ထွက်လာတာဆိုတော့ ငါတို့ တာအိုဂိုဏ်းလည်း တစ်လုံးတော့ ရမှာပဲ"
ဟု ရွှီဖုန်းက ဝမ်းသာအားရ ပြောလိုက်သည်။ ဟန်လင်းချိုးတို့ လူစုကလည်း တိတ်တဆိတ် ခေါင်းညိတ်ကြသည်။
တာအိုဂိုဏ်းက တစ်လုံး၊ ကိုးဆက်မြောက်ဘုရင်အိမ်တော်က တစ်လုံး၊ ကျိမသေမျိုးဘုရင်ကိုယ်တိုင် တစ်လုံးယူပြီး ကျန်တစ်လုံးကို တောရိုင်းဂိုဏ်းက ယူမည်ဆိုလျှင် အားလုံးအတွက် အချိုးကျ ခွဲဝေပြီးသား ဖြစ်ပေလိမ့်မည်။
'မဟုတ်သေးဘူး နဂါးသွေးကြောဆေးလုံးသာ အောင်မြင်ရင် နဂါးသွေးထဲက အဆီအနှစ်တွေ အားလုံးကို ဆေးလုံးထဲမှာပဲ သိပ်သည်းနေရမှာ အခု အလင်းတန်းထဲမှာ နဂါးရုပ်ပေါ်နေတာက အဆီအနှစ်တွေ အပြင်ကို ယိုစိမ့်ထွက်နေတာပဲ'
ဖန့်ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဒီဆေးလုံး (၄) လုံးမှာ အဆင့်နိမ့်တောင် မဟုတ်တော့ဘဲ ဖော်စပ်မှု ကျရှုံးသွားခြင်းသာ ဖြစ်သည်။
မကြာခင်မှာ ဒီဆေးလုံးတွေက သုံးစားမရ ဖြစ်သွားတော့မည်။
သူ့စိတ်ထဲတွင် တွေးလိုက်ရုံရှိသေး တောက်ပနေသော နဂါးရုပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး အလင်းတန်းများ မှိန်ကျသွားကာ ကွဲအက်သံတစ်ချက် ထွက်ပေါ်လာသည်။
လက်သီးဆုပ်ခန့်ရှိသော ဆေးလုံးများပေါ်တွင် အက်ကြောင်းများ ထင်လာပြီး တောက်ပသော အရောင်အဝါများ ကွယ်ပျောက်ကာ ဝိညာဉ်စွမ်းအင်များလည်း လွင့်စင်ကုန်တော့သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အားလုံးမှာ ဆွံ့အသွားကြသည်။
အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်နှာပျက်ကုန်ကြသည်။
ကျိမသေမျိုးဘုရင်မှာမူ အမူအရာမပျက်ဘဲ ဆေးလုံး (၄) လုံးကို စိုက်ကြည့်နေသော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးများမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ဘာဖြစ်တာလဲ..."
ကျီးလျန်တို့ လူစုမှာ ဘာဖြစ်မှန်း မသိဘဲ ဖြစ်နေကြသည်။
ခုနကတင် ဆေးဖော်စပ်လို့ အောင်မြင်သွားတာ မဟုတ်ဘူးလား ဘာလို့ မျက်စိတစ်မှိတ်အတွင်းမှာ ဒီလို ဖြစ်သွားရတာလဲ။
"ဖန့်ကြီး... ကျိမသေမျိုးဘုရင် ဆေးဖော်စပ်တာ ရှုံးသွားပြီလား"
ရှကျီက အသံလှိုင်းဖြင့် တိုးတိုးလေး မေးလိုက်သည်။
"အင်း... ရှုံးသွားပြီ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင် ထိုဆေးလုံး (၄) လုံးကို လိုချင်စိတ် ပေါ်လာသည်။
တကယ်လို့ နဂါးသွေးကြောဆေးလုံးသာ အောင်မြင်သွားလျှင် သူ လိုချင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဆေးအာနိသင် ပြင်းထန်လွန်းသဖြင့် အဆင့်နိမ့်ကျင့်ကြံသူများ သောက်လိုက်ပါက ဝိညာဉ်ပါ ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ဆေးဖော်စပ်မှု မအောင်မြင်ဘဲ အက်ကြောင်းထွက်ကာ သုံးစားမရ ဖြစ်သွားလျှင်မူ ၎င်းကို နဂါးစစ်စစ် အရိုးမှုန့် ဟု ခေါ်ဆိုကြသည်။
မဟာကောင်းကင်ဆေးပညာ ကျမ်းစာအရ ဤအရိုးမှုန့်မှာ အလွန်ရှားပါးသော ဆေးဖက်ဝင် ပစ္စည်းဖြစ်သည်။
ဝါ၊ နက်နဲ၊ မြေ အဆင့် ဆေးနည်းပေါင်း ၆,၀၀၀ နီးပါးအနက် အနည်းဆုံး ဆေးနည်း ၈၀၀ ခန့်မှာ ဤအရိုးမှုန့်ကို အသုံးပြုရသည်။
တကယ်လို့ တခြား ဆေးမြက်တွေနဲ့သာ ပေါင်းစပ်နိုင်ရင် နဂါးသွေးကြောဆေးလုံးငယ် ကို ဖော်စပ်နိုင်ပေလိမ့်မည်။
ထိုဆေးလုံးငယ်၏ အာနိသင်မှာ မူလဆေးလုံး၏ ဆယ်ပုံတစ်ပုံသာ ရှိသော်လည်း ဖန့်ချန်အတွက်မူ ကျင့်စဉ်တိုးတက်ဖို့ အလွန်ပင် အသုံးဝင်လှသည်။
"ဒီအခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး ဒီလိုပစ္စည်းမျိုးကို နောက်တစ်ခါ တွေ့ဖို့ဆိုတာ ဘယ်နှစ်နှစ် စောင့်ရဦးမလဲ မသိဘူး"
ဟု ဖန့်ချန် စဉ်းစားနေမိသည်။
သူ၏ လက်ရှိကျင့်စဉ်ဖြင့် နဂါးသွေးကြောဆေးလုံးကို ဖော်စပ်ဖို့ဆိုတာ မဖြစ်နိုင်သော်လည်း ဤအရိုးမှုန့်ကို အသုံးချကာ ဆေးလုံးငယ်ကိုမူ ဖော်စပ်နိုင်ပေသည်။
ပထမကပ်ဘေးကို ကျော်ဖြတ်ပြီးလျှင် ဝိညာဉ်သန္ဓေသား အဆင့်သို့ အမြန်ရောက်ရန်အတွက် ဒီဆေးလုံးငယ်က အကောင်းဆုံးပင်။
"ငါကတော့ အားလုံးကို ဟာသလုပ်ပြလိုက်သလို ဖြစ်သွားပြီပဲ"
ကျိမသေမျိုးဘုရင်က အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလိုမျိုး ပြောလိုက်သည်။
"ဆရာကျိ ဆေးဖော်စပ်တာမှာ ရှုံးတာနိုင်တာက သဘာဝပါပဲ စိတ်ထဲ မထားပါနဲ့ အဲ့ဒီအစား ဒီနေ့ ရောက်နေတဲ့ လူငယ်တွေကို ဆေးပညာအကြောင်း နည်းနည်းလောက် ဟောပြောပေးပါဦးလား"
ဟင်းလင်ပြင်ထဲမှ ပုံရိပ်တစ်ခု ပေါ်လာသည်။
မည်သူမှန်း မသိရသော်လည်း သူသည်လည်း မသေမျိုးဘုရင် တစ်ပါးဖြစ်ရမည်။
"ကောင်းပါပြီ အလယ်ပိုင်းနိုင်ငံရဲ့ ဆေးပညာက အခုနောက်ပိုင်း မှေးမှိန်လာနေပြီ ဒီနေ့ ရောက်နေတဲ့ လူငယ်တွေထဲမှာ ဆေးပညာ ပါရမီရှင် ပါသလားဆိုတာ ငါ ကြည့်ရတာပေါ့"
ကျိမသေမျိုးဘုရင်က ပြုံးကာ လူအုပ်ကြီးကို ကြည့်လိုက်သည်
"ပါရမီအရှိဆုံး လူငယ် (၄) ယောက်ကို ဒီအသေဆေး (၄) လုံး လက်ဆောင်ပေးမယ် စားလို့တော့ မရပေမဲ့ လေ့လာဖို့အတွက်တော့ အသုံးဝင်မှာပါ"
လူငယ်များ၏ မျက်လုံးများမှာ အရောင်တောက်သွားကြသည်။
ဤဆေးလုံးမှာ ပျက်စီးသွားပြီ ဆိုသော်လည်း ဆေးမြက်ပေါင်း ထောင်ချီ အသုံးပြုထားသဖြင့် မသေမျိုးဘုရင်ထံမှ လက်ဆောင်ရဖို့ဆိုသည်မှာ နည်းပါးလှသော အခွင့်အရေးပင်။
"စပြီ..."
တိတ်တဆိတ် ရှိနေသော ဖုန်းယာ က ပြုံးကာ ရှကျီကို ကြည့်လိုက်သည်။
ကျိမသေမျိုးဘုရင်သည် တပည့် (၄) ယောက် ရွေးမည်ကို သူ ကြိုသိထားသည်။
ထိုသတင်းမှာ သာမန်လူများ မသိနိုင်ဘဲ နောက်ခံအင်အား ရှိသူများသာ သိနိုင်သည့် သတင်းဖြစ်သည်။
ရှကျီမှာလည်း ထို (၄) ယောက်ထဲတွင် ပါဝင်ဖို့ သတ်မှတ်ခြင်း ခံထားရသည်။
'မွေးစားအဖေက မင်းကို တော်တော်မျက်နှာသာ ပေးတာပဲ မင်းအတွက်နဲ့ ကျိမသေမျိုးဘုရင်ကို အကြွေးတစ်ခါ တင်ခံထားတယ်ပေါ့ ငါသာ အစ်ကိုကြီးဆီက မသိခဲ့ရင် အမြဲတမ်း အရူးလုပ်ခံနေရမှာပဲ'
ဖုန်းယာက ရှကျီကို ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်နေသည်
'ငါက ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာလာတာ မင်းကို အလွယ်တကူ ကျိမသေမျိုးဘုရင်ရဲ့ တပည့် အဖြစ်ခံမှာ မဟုတ်ဘူး စတုတ္ထမင်းသမီးရဲ့ ကြင်ယာတော် ဖြစ်ဖို့လည်း အိပ်မက်မက်မနေနဲ့'
ထို့နောက် ကျိမသေမျိုးဘုရင်က စင်မြင့်ပေါ်တွင် ထိုင်ကာ ဆေးပညာအကြောင်း စတင်ဟောပြောသည်။
ဆေးလုံးများ၏ အနှစ်သာရမှသည် ဆေးမီးလျှံများ အကြောင်းအထိ အသေးစိတ် ရှင်းပြလေသည်။
အားလုံးက စိတ်ဝင်တစား နားထောင်နေကြပြီး ရှကျီလည်း ထိုအထဲတွင် ပါဝင်သည်။
ဖန့်ချန်ကမူ သူ၏ ကျမ်းစာများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ ကျိမသေမျိုးဘုရင် ပြောသမျှထဲတွင် မှန်ကန်သည့် အချက်များ ရှိသလို လွဲမှားနေသည့် အချက်များလည်း ရှိနေသည်ကို တွေ့လိုက်ရသည်။
အတန်ကြာပြီးနောက် ကျိမသေမျိုးဘုရင်က ပြောလိုက်သည်
"ငါ အခုပြောပြခဲ့တဲ့ ဆေးမီးလျှံ ဖော်ထုတ်နည်းကို ဘယ်သူ စမ်းကြည့်ချင်လဲ"
လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မတက်ရဲဘဲ ဖြစ်နေကြသည်။
အချိန်တိုအတွင်းမှာ အကုန်လုံး မှတ်မိဖို့ဆိုသည်မှာ မလွယ်ကူပေ။
"မင်း နည်းလမ်းကို မှတ်မိလား စင်ပေါ်တက်ပြီး ဆေးလုံးတစ်လုံး ရအောင်ယူခဲ့"
ဟု ဖန့်ချန်က ရှကျီကို ပြောလိုက်သည်။
"မှတ်မိတော့ မှတ်မိတယ် ဒါပေမဲ့ ခံစားချက်က တစ်မျိုးကြီးပဲ. နည်းလမ်းက ငါ့ခေါင်းထဲကို အလိုလို ရောက်နေသလိုမျိုး တစ်ခုခုတော့ မှားနေသလိုပဲ ငါမတက်တာ ကောင်းမယ် ထင်တယ်"
ရှကျီက ခေါင်းခါလိုက်သည်။
ခေတ္တအကြာတွင် လူ (၁၅) ယောက်ခန့် စင်ပေါ်သို့ တက်လာကြသည်။ ကျီးလျန်နှင့် ဖုန်းယာတို့လည်း ပါဝင်သည်။
ထိုစဉ် ဝတ်စုံဖြူနှင့် မိန်းမလှလေးက ရှကျီကို ကြည့်ကာ လှမ်းပြောလိုက်သည်
"ရှကျီ နင် မတက်ဘူးလား"
"နဂါးစားဘုရင်ရဲ့ မွေးစားသားလေးလည်း တက်လာခဲ့လေ"
ဟု ကျိမသေမျိုးဘုရင်ကပါ ပြုံးကာ လှမ်းခေါ်လိုက်သည်။
"ကျွန်တော်လား"
ရှကျီမှာ မိန်းကလေးရော၊ မသေမျိုးဘုရင်ပါ ခေါ်နေသဖြင့် ရှောင်လွှဲမရတော့ဘဲ ပြုံးကာ စင်မြင့်ပေါ်သို့ တက်လှမ်းသွားတော့သည်။