← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း-(၁၄၂)

‎

‎ထိပ်ဆုံးကားပေါ်တွင်ထိုင်နေသော ချင်လူဇီက "ကပ္ပတိန် ၊ ဒီဧရိယာမှာ ဖုတ်ကောင်တွေမရှိဘူး" လို့ပြောလာတယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး "ဂိုဒေါင်နေရာကို ရှာတွေ့နိုင်လား" လို့ မေးလိုက်တယ်။

‎

‎

‎ချင်လူဇီက သူ့ရဲ့စိတ်မြေပုံကို စစ်ကြည့်လိုက်ပြီး "မီတာ ၁၀၀ အကွာမှာ ဧရာမအဆောက်အဦးကြီးတစ်ခု ရှိတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ရှန်းကျင်းဇီက ချင်လူဇီ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကားကို မောင်းလာတော့ ကော်ဖီဆိုင်ကို တွေ့လိုက်ရသည်။

‎

‎

‎အဆောက်အဦးအနီးသို့ရောက်သောအခါတွင်တော့

‎ ချင်လူဇီက မျက်မှောင်ကြုတ်ကာ "ကပ္ပတိန် ၊ အထဲမှာက လူ ၃၀ ကနေ ၄၀ လောက်ရှိတယ်" ဟုပြောသည်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး "သူတို့ကို သွားကြည့်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎သံချပ်ကာကားများပေါ်မှ သူတို့ ဆင်းလာစဉ်မှာပဲ အတွင်းမှလူများကလည်း ပြတင်းပေါက်မှတဆင့် မြင်လိုက်ရပြီး ၎င်းတို့ထဲမှ တစ်ဦးက သတင်းပို့ရန် ဒုတိယထပ်သို့ အမြန်ပြေးသွားခဲ့သည်။

‎

‎

‎"အစ်ကိုရှဲ့၊ လူတစ်စုရောက်လာတယ်"

‎

‎

‎ဒုတိယထပ်တွင် လူအများအပြားက ဆွေးနွေးနေပြီး အလယ်ဗဟိုတွင်တော့ စားပွဲကြီးတစ်ခု ချထားသည်။ ထိုသတင်းကိုကြားသောအခါတွင်တော့ အံ့သြတကြီးဖြင့် လှည့်ကြည့်လာကြတယ်။

‎

‎

‎ဖုတ်ကောင်တွေပေါ်လာပြီး တစ်ပတ်ကျော်အကြာမှာတော့ အစာတွေ ကုန်သွားပါပြီ။ ယခုအချိန်တွင်တော့ စက်ရုံမှထွက်ခွာရန်နှင့် ရိက္ခာရှာဖွေရန်အတွက် သူတို့ရဲ့အစီအစဉ်ကို ဆွေးနွေးနေပါသည်။

‎

‎

‎"လူဘယ်နှစ်ယောက်လဲ" လို့ ရှဲ့ချောင်ကျဲ က မေးလိုက်တယ်။

‎

‎

‎"လူ ၁၁ ယောက် ၊ ဒါပေမယ့် သူတို့က စစ်ကားတွေကို မောင်းနေကြတာ။ အစ်ကိုရှဲ့၊ သူတို့က ကျွန်တော်တို့ကို ကယ်ဆယ်ဖို့ အစိုးရက စေလွှတ်လိုက်တဲ့ စစ်သားတွေ ဖြစ်နိုင်တယ်" ဟု သတင်းပို့တဲ့သူက ဝမ်းသာအားရ ပြောသည်။

‎

‎

အဲ‎ဒီလူနှင့်မတူဘဲ ‌ရှဲ့ချောင်ကျဲကတော့ ဒါကိုကြားတာနဲ့ မျက်မှောင်ကြုတ်သွားတယ်။ သူက စားပွဲဝိုင်းမှာ ထိုင်နေတဲ့ လူတွေကို ကြည့်လိုက်ပြီး “မင်းတို့ရော ဘယ်လိုထင်လဲ” လို့ မေးလိုက်တယ်။

‎

‎

‎"အစ်ကိုရှဲ့ သူတို့က တခြားရည်ရွယ်ချက်နဲ့ လာတာထင်တယ်" ဟု လူငယ်တစ်ဦးက ပြောသည်။

‎

‎

‎

‎“အစ်ကို ၊ နောက်ထပ်ရွှေ့ပြောင်းဖို့ ကိစ္စကိုမဆုံးဖြတ်ခင် ကျွန်မတို့က သူတို့ကို အရင်တွေ့သင့်တယ်” ဟု အမျိုးသမီးငယ်တစ်ဦးက ပြောလာသည်။

‎

‎

‎ရှဲ့ချောင်ကျဲက ခဏလောက်စဉ်းစားပြီးမှ "သူတို့က ဘယ်သူတွေနှင့် ဘာလိုချင်လဲဆိုတာကို သွားကြည့်ရအောင်"

‎

‎

‎ထိုစကားကို ပြောပြီးသည်နှင့် လှေကားမှ ဆင်းလာခဲ့သည်။ အဆောက်အဦးထဲက ထွက်လာသောအခါတွင်တော့ အမျိုးသမီးတစ်ဦးက ဘဲခြေထောက်စားနေပြီး အမျိုးသားတစ်စုကတော့ စကားစမြည်ပြောနေတာကိုတွေ့၍ အတွေးပျက်သွားသည်။

‎

‎

‎ရှဲ့ချောင်ကျဲက သံချပ်ကာကားများကို ကြည့်လိုက်ပြီးနောက် အဖွဲ့ကိုပြန်ကြည့်လိုက်သည်။ မော်တော်ကားများက စစ်ဘက်ဆိုင်ရာပစ္စည်းများဖြစ်သော်ငြားလည်း ဤအဖွဲ့က မည်သည့်စစ်ကိရိယာကိုမှ မ၀တ်ဆင်ထားပေ။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်နှင့် နေထိုင်ပုံကို ကြည့်ရတာတော့ သူတို့က တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြတဲ့ သူတွေဆိုတာ ထင်ရှားပါတယ်။

‎

စူးစမ်းနေတဲ့ သူ့ရဲ့‎စူးရှတဲ့အကြည့်တွေကို ပျော့ပျောင်းလိုက်ပြီး "မင်္ဂလာပါ ရဲဘော်။ ဒီကိုလာရတဲ့ မင်းတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျွန်တော်သိချင်ပါတယ်"လို့ နှုတ်ဆက်ကာ မေးလိုက်သည်။

‎

‎

‎သူ့ရဲ့စကားကိုကြားတော့ ကျန်းယွမ်က ပြုံးပြီးပြန်ဖြေတယ် "ရဲဘော်၊ ကျွန်တေည်တို့က ရိက္ခာတွေရှာနေတာပါ ၊ မင်းတို့အုပ်စုက ဒီနေရာကို သိမ်းပိုက်ပြီးပြီဆိုတာကို မသိလိုက်ဘူး"

‎

‎

သူ့စကားတွေကိုကြားတော့ ‎လူတိုင်းက စိတ်ရှုပ်ထွေးစွာ ကြည့်လာကြတယ်။

‎

‎

‎"ရဲဘော် ၊ ဒီစက်ရုံက နေ့စဥ်သုံးပစ္စည်းထုတ်တဲ့ စက်ရုံပါ။ အစားအသောက်နှင့် ရေကလွဲလို့ ဒီမှာ ဘာမဆို ရှာလို့ရတယ်" ဟု ရှဲ့ချောင်ကျဲ ကပြောပြလာသည်။

‎

‎

နေ့စဉ်သုံးပစ္စည်းများရှိကြောင်းကို ကြားသောအခါ ‎ကျိူးလီဇီက ကျင်းရွှီယန်းရဲ့ အင်္ကျီလက်ကိုဆွဲလိုက်ပြီး "အစ်ကိုယန်း ခေါင်းလျှော်ရည်နှင့် ဆပ်ပြာနည်းနည်းယူကြရအောင်။ အိမ်သာသုံးစက္ကူ၊ တဲနှင့် ပစ္စည်းတချို့လည်းလိုတယ်" လို့ပြောလိုက်တယ်။

‎

‎

‎သူမက စိတ်ဝင်စားတာကိုမြင်တော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ပြောလိုက်တယ်။

‎

‎

‎သူ့ရဲ့ အာ့ဇီက ပစ္စည်းတွေကို လိုချင်နေတာကြောင့် သူက ရအောင်ယူပေးမယ်။ သူက‎ ‌ရှဲ့ချောင်ကျဲ ဆီသို့ လျှောက်သွားပြီး သူနှင့် ငါးမီတာအကွာတွင် ရပ်လိုက်သည်။

‎

‎

‎ချင်လူဇီက ဤအဖွဲ့တွင် စွမ်းရည်အသုံးပြုသူ စုစုပေါင်း ခုနစ်ဦးရှိကြောင်း သူ့ကို ပြောထားပြီးဖြစ်သည်။ အရေအတွက်က မများပေမယ့် ကမ္ဘာပျက်ကပ်ရဲ့အစောပိုင်းကာလတွေမှာ သူတို့အနေနဲ့ရှင်သန်နိုင်ဖို့အတွက်တော့ လုံလောက်ပါတယ်။

‎

‎

‎အခန်း-(၁၄၃)

‎

‎

‎မြေပုံကိုရတော့ ကျင်းရွှီယန်းက သူ့အဖွဲ့ဘက်ကိုလှည့်ပြီး "သွားရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ

‎ရှဲ့ချောင်ကျဲက " ဝမ်ယဲ့ ၊ ပစ္စည်းတွေကို သိမ်းထား" လို့ပြောလိုက်သည်။

‎

‎

‎"ဟုတ်ကဲ့ အစ်ကို"

‎

‎

‎ရှဲ့ဝမ်ယဲ့က သေတ္တာတွေကို ထိလိုက်ပြီး သူမရဲ့နေရာလွတ်၌ သိမ်းဆည်းလိုက်သည်။ သူမရဲ့နေရာလွတ်က ၃၀ စတုရန်းမီတာသာရှိသော်လည်း တစ်လစာရိက္ခာကို သိုလှောင်ရန်အတွက်ကတော့ လုံလောက်ပါတယ်။ ဒီရိက္ခာပစ္စည်းများက သူမ၏ နေရာလွတ်ရဲ့ အနည်းငယ်မျှကိုသာ နေရာယူခဲ့သည်။

‎

‎

ထုပ်ပိုးပြီးတာနဲ့ ‎ရိက္ခာပစ္စည်းများနှင့်အတူ ရှဲ့ချောင်ကျဲ တို့အဖွဲ့ဟာ စက်ရုံမှ ထွက်ခွာသွားကြသည်။ သူတို့မှာ တိကျတဲ့ ဦးတည်ရာမရှိတာကြောင့် အနီးနားက ယန်ရှန်းမြို့ကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

‎

‎

‎ထိုအချိန်တွင် နတ်ဆိုးအဖွဲ့ကတော့ ဂိုဒေါင်ဧရိယာသို့သွားခဲ့တယ်။ ခရိုင်အတွင်းရှိ စက်ရုံများရဲ့အကြောင်းကို မြေပုံမှတစ်ဆင့်အကြမ်းဖျင်း အချက်အလက်များ ရယူနိုင်ခဲ့သည်။

‎

‎

‎ဤနေ့စဉ်သုံးပစ္စည်းစက်ရုံအပြင် ဆိုလာပြားစက်ရုံ၊ ဆေးဝါးစက်ရုံနှင့် တပ်မတော်စားနပ်ရိက္ခာစက်ရုံတို့လည်း ရှိသေးသည်။

‎

‎

စက်ရုံရဲ့စာရင်းကို တွေ့လိုက်တော့ ‎ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့ရဲ့ မျက်လုံးများဟာ ပျော်ရွင်မှုတွေကြောင့် တောက်ပသွားတယ်။ သူတို့ရဲ့ယခင်ဘဝတွင် ၊ အစိုးရအခြေစိုက်စခန်းမှ လင်အန်းမြို့ကိုရှင်းလင်းရန် အဖွဲ့များစွာစေလွှတ်ရသည့်အကြောင်းရင်းတစ်ခုမှာ အဆိုပါစက်ရုံများကြောင့်ဖြစ်သည်။

‎

‎

ကမ္ဘာပျက်ကာလနောက်ပိုင်းတွင် အခြေစိုက်စခန်းများ လည်ပတ်ရန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားမှာ ကန့်သတ်ထားသဖြင့် စခန်းအများစုက ဆိုလာပြားများကို ဈေးမြင့်ပေး၍ ဝယ်ယူလေ့ရှိကြသည်။

‎

‎ဟိုတယ်များ သို့မဟုတ် ကုမ္ပဏီကြီးများထံမှ ဆိုလာပြားများ ရရှိနိုင်သော်လည်း ရရှိတဲ့ ဆိုလာအရေအတွက်က စခန်းတစ်ခုလုံး သုံးစွဲနိုင်သည်အထိ လုံလောက်မှု မရှိပေ။ ထို့ကြောင့် ဆိုလာပြားစက်ရုံသည် သူတို့ရဲ့ အဓိကပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်။

‎

‎

‎ဆေးဝါးနှင့် တပ်မတော် စားနပ်ရိက္ခာစက်ရုံများကတော့ အစားအသောက်နှင့် ဆေးဝါးပြတ်တောက်မှုကြောင့်မှလွဲ၍ အခြားအကြောင်းအရင်း မရှိပါ။ မစ်ရှင်ဆုလာဘ်များက မြင့်မားသော်လည်း စက်ရုံခရိုင်ရှိ အဆင့်မြင့်ဖုတ်ကောင်များကြောင့် အဖွဲ့အများစုမှာ ဖျက်စီးသွားခဲ့သည်။

‎

‎

‎အခုဆို သူတို့ဟာ ဖုတ်ကောင်များကို ချေမှုန်းနိုင်ပြီးဖြစ်သလို ရိက္ခာများကိုလည်း ယူဆောင်သွားနိုင်သည်။ ဒီနည်းလမ်းနည်းနှင့်ဆို အစိုးရက ထောက်ပံ့ရေးနှင့်ရိက္ခာပစ္စည်းများရရှိရန်အတွက် လူများစွာ သေဆုံးသွားသည်အထိ စေလွှတ်ရန် မလိုအပ်တော့သလို သူတို့ကလည်းငွေရှာနိုင်မည်ဖြစ်သည်။

‎

‎

‎နောက်တော့ ကျင်းရွှီယန်းက "ဒီစက်ရုံကို ရှင်းပြီးရင် ဒီစက်ရုံသုံးရုံကို အရင်သွားမယ်"

‎

‎

‎မြေပုံပေါ်တွင် ရေးဆွဲထားသော အနီရောင် စက်ဝိုင်းများကို ကြည့်ကာ လူတိုင်း ခေါင်းညိတ်ကြသည်။ "နားလည်ပါပြီ"

‎

‎

‎ဂိုဒေါင်ဧရိယာကို ရောက်သောအခါမှာတော့ အားလုံးက ကားထဲမှ ထွက်လာကြတယ်။

‎

‎

‎

‎ကျင်းရွှီယန်းက ရှောင်ချီ နှင့် ဖုန်းယွင် ဆီသို့ လျှောက်သွားပြီး ဖိုင်တွဲတစ်ခုပေးကာ‎ပြောလိုက်တာ် "ရှောင်ချီ ၊ ဖုန်းယွင် မင်းတို့နှစ်ယောက်က စာရင်းထဲမှာ ပါတာတွေကိုသွားယူလိုက်။ မင်းတို့မှာ မေးစရာတွေရှိရင် ကျန်းယွမ်ကို မေးလိုက်"

‎

‎

‎"ဟုတ်ကဲ့ ကပ္ပတိန်"

‎

‎

‎ထို့နောက် အနားယူနေတဲ့ စစ်သားများကို‌ ကြည့်ပြီးပြောလိုက်တယ် " အနားယူပြီးရင် အဘိုးကြချင်ရဲ့နောက်က လိုက်ပြီး ပတ်၀န်းကျင်ကို စစ်ဆေးလိုက်"

‎

‎

‎"ဟုတ်ကဲ့ ကပ္ပတိန်"

‎

‎

‎စီစဉ်စရာရှိတာတွေ စီစဉ်ပြီးတာနှင့် သူလှည့်ကြည့်လိုက်တော့ ကျိူးလီဇီက ဟိုဟိုဒီဒီ ကြည့်နေတယ်။ စူးစမ်းချင်စိတ်ဖြင့် လျှောက်သွားကာ "အာ့ဇီ ဘာဖြစ်နေတာလဲ"လို့ မေးလိုက်တယ်။

‎

‎

‎ချုံပုတ်တစ်ပုတ်ကို ညွှန်ပြရင်း ကျိူးလီဇီက "အစ်ကိုယန်း၊ အဲဒီချုံပုတ်ရဲ့ပတ်ဝန်းကျင်က အရမ်းသန့်ရှင်းနေတယ်လို့ မထင်ဘူးလား"လို့ မေးလိုက်သည်။

‎

‎

‎သူမရဲ့စကားကိုကြားတော့ သူက မျက်မှောင်ကြုတ်ပြီး သူမညွှန်ပြတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ သွေးများ၊ ဖုန်မှုန့်များနှင့် အသားပုပ်များဖုံးလွှမ်းနေတဲ့ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ထိုချုံပင်ပတ်လည်ရှိနေရာဟာ အမှန်တကယ်ပင် သန့်ရှင်းလွန်းနေသည်။

‎

‎

‎"အာ့ဇီ ဒီမှာ ခဏနေခဲ့" လို့ ချုံပုတ်တွေဆီ လျှောက်မသွားခင် သူက ပြောခဲ့တယ်။

‎

‎

ချုံပုတ်နှင့်‎နီးကပ်လာတော့ သူ့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် လျှို့ဝှက်အန္တရာယ်တစ်ခု ရှိနေသကဲ့သို့ သူ့ရဲ့ခန္ဓာကိုယ်တောင်းတင်းလာသည်။ နှစ်မီတာအကွာအဝေးဆီရောက်တော့‎ ကျိူးလီဇီက ရုတ်တရက်အော်လာတယ် "အစ်ကိုယန်း သတိထား"

‎

‎

"‎ဝှစ် အက်"

‎

‎

‎ချုံပုတ်ထဲကနေ ထူထဲတဲ့စပျစ်နွယ်ပင်ကြီးတစ်ပင်က ကျင်းရွှီယန်းရဲ့ဦးခေါင်းကို ချိန်ရွယ်ပြီး တိုက်ခိုက်လာတယ်။

‎

‎

‎ကျိူးလီဇီရဲ့ သတိပေးမှုကြောင့် ကျင်းရွှီယန်းက တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တယ်။ စပျစ်နွယ်ပင်ဟာ သူ့လည်ချောင်းနှင့် တစ်လက်မလောက်ပဲ ဝေးတော့တယ်။ ရှောင်တိမ်းပြီးလို့ မြေပြင်ပေါ်ခြေချဖို့ လုပ်တဲ့အချိန်မှာ စပျစ်နွယ်ပင်နှင့် ရိုက်မိသွားပြီး လျင်မြန်စွာ အနောက်သို့ဆုတ်လိုက်ရသည်။

‎

‎

‎ကျိူးလီဇီက ပြေးလာပြီးမေးတယ် "အစ်ကိုယန်း မင်း ဒဏ်ရာရသွားသေးလား"

‎

‎

‎ကျင်းရွှီယန်းက ခေါင်းယမ်းပြီး "အဆင်ပြေပါတယ်" ဟု ပြန်ဖြေသည်။

‎

‎

‎သူ့ရဲ့လက်ဖဝါးကိုဖြန့်လိုက်တော့ အနက်ရောင်မီးတောက်တစ်ခုက လက်ဖဝါးထက်မှာလွင့်နေတယ်။ သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး အနက်ရောင်မီးတောက်ကို ချုံပုတ်ဆီသို့ ပစ်ခတ်လိုက်တာနဲ့ ထိတွေ့မှုစစချင်း မီးကတောက်လောင်လာတယ်။

‎

‎

‎

‎မီးလောင်ကျွမ်းနေတဲ့ အပင်ရဲ့စွမ်းအင်ကို စုပ်ယူလိုက်တော့ တစ်ခုခုကို ခံစားလိုက်ရတာကြောင့် မျက်မှောင်ကြုတ်လိုက်မိပြီး လက်ကိုဝှေ့ယမ်းကာ မီးကိုငြိမ်းသတ်လိုက်တယ်။

‎

‎

‎သူမတို့ရှေ့က မြင်ကွင်းကို မြင်လိုက်ရတဲ့

‎ကျိူးလီဇီကတော့ အံ့သြမှုကြောင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူမတို့ရဲ့အရှေ့တွင် အပင်ငယ်တစ်ပင်ဟာ မီးလောင်ကျွမ်းနေသော မြေဆီလွှာနှင့် ပြာမှုန်ဖြူများအလယ်တွင် ရပ်နေပြီး လေထဲတွင် ယိမ်းနွဲ့နေတယ်။

‎

‎

‎သူမက အပင်ကို အနီးကပ်ကြည့်လိုက်ပြီးတော့ "အစ်ကိုယန်း ဒီအပင်က နေကြာပန်းနှင့်တူတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ကောလိပ်ပညာရေးစာအုပ်တွေဖတ်ပြီးတာ နှစ်အတော်ကြာခဲ့ပေမယ့် ရိုးရိုးအပင်တွေကိုတော့ မှတ်မိနေဆဲပါ။ တက်ကြွပြီး တောက်ပသောအရောင်အသွေးကြောင့် ထိုနေကြာဟာ ဗီဇပြောင်းအပင်ဖြစ်သော်လည်း ဖုတ်ကောင်အပင် မဟုတ်ကြောင်း ထင်ရှားသည်။

‎

‎

‎"ကပ္ပတိန်၊ ပတ်ဝန်းကျင်က ရှင်းပါတယ်"

‎

‎

‎ကျို့ဟွာကျဲ့ရဲ့ အသံကို ကြားလိုက်တော့ အနည်းငယ် ယိမ်းနွဲ့နေတဲ့ အပင်ငယ်လေးက ပင်အပ်နှင့်တူသော စပျစ်နွယ်ပင်လေးကို သူ့ဆီသို့ ရုတ်တရက်ပစ်လွှတ်လိုက်သည်။

‎

‎

‎

‎

‎သူတို့ မတုံ့ပြန်နိုင်ခင်မှာပဲ စပျစ်နွယ်ပင်က

‎ ကျို့ဟွာကျဲရဲ့ လက်ကောက်ဝတ်ကိုထိုးလိုက်တယ်။

‎

‎

‎"အားး" စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ကျို့ဟွာကျဲက ဟစ်အော်လိုက်သည်။

‎

‎

‎နောက်အခိုက်အတန့်တွင်တော့ အပင်ငယ်လေးက သူ့ဆီသို့ ပျံသန်းလာပြီး သူ့ရဲ့လက်ကောက်ဝတ်တွင် လာကပ်နေသည်။ ထူးဆန်းတဲ့အပင်ကိုမြင်လိုက်ရတော့ သူ့နှလုံးခုန်သံခဏရပ်တန့်သွားပြီး ဖယ်ထုတ်ပစ်ဖို့ ကြိုးစားလိုက်တယ်။

‎

‎

‎ကျိူးလီဇီက ဓားမြှောင်ကို အမြန်ဆွဲထုတ်ပြီး အပင်ကို ဖြတ်ပစ်ရန် ကြံရွယ်ကာ ပြေးသွားခဲ့သည်။

‎

‎

‎သူမရဲ့ ရည်ရွယ်ချက်ကို အာရုံခံမိလိုက်သလိုပဲ အပင်ငယ်လေးက သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့်ကျုံ့ဝင်သွားတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ၎င်းက သေးငယ်သောအစက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျို့ဟွာကျဲ့ရဲ့ သွေးကြောထဲသို့ ထိုးဝင်ရောက်သွားခဲ့သည်။

‎

‎

‎အပင်က သူ့သွေးကြောထဲကို ဝင်လိုက်တော့ ပူလောင်တဲ့ဝေဒနာတွေက သူ့ခန္ဓာကိုယ်အနှံ့မှာ ပျံ့နှံ့သွားသလို

‎ ကျို့ဟွာကျဲ ခံစားလိုက်ရသည်။

‎

‎

‎"အားးးးး"

‎

‎

‎သူသည် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလျှက်နှင့် မြေပြင်ပေါ်သို့ လဲကျသွားတယ်။ စပျစ်နွယ်ပင်ကြောင့်ရတဲ့ ဒဏ်ရာက ပိတ်နေပြီဖြစ်ပြီး သူရဲ့သွေးကြော‌တစ်‌လျှောက်တွင် လှုပ်ရှားနေသောခပ်စူစူအဖုလေးမှလွဲ၍ မည်သည့်အရာကိုမှ ထူးထူးခြားခြား မမြင်နိုင်ပေ။

‎

‎

‎ကျင်းရွှီယန်းရဲ့ မျက်လုံးတွေက တစ်ချက်တောက်ပသွားပြီး သူ့ရဲဘော်ရဲ့လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ သူ့(ကျို့ဟွားကျဲ)ရဲ့ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ ပေးပို့လိုက်ပြီး အပင်ကို ထုတ်ပစ်ရန် ကျင်းရွှီယန်းက ကြိုးစားလိုက်တယ်။

‎

ကျို့ဟွာကျဲရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ သူ့စွမ်းအင်တွေကို အဖုလုံးလေးက စုပ်ယူသွားသည်။ သို့သော်လည်း ထိုအဖုလေးက ပိုကြီးလာမည့်အစား မမြင်နိုင်တော့တဲ့အထိ သေးငယ်သွားသည်။

‎

‎

‎"အစ်ကိုယန်း ဘာဖြစ်နေတာလဲ" လို့ ကျိူးလီဇီက အထိတ်တလန့်ဖြင့် မေးလာတယ်။

‎

‎

‎

‎

‎

‎

အခန်း-(၁၄၄)

‎

‎

‎ကျင်းရွှီယန်းက သူ့စိတ်ကို အာရုံစိုက်ပြီး အပင်ကိုရှာဖွေရန် သူရဲ့စွမ်းအင်ကို အသုံးပြုခဲ့သည်။ သို့သော် အစိမ်းရင့်ရောင် စွမ်းအင်နှင့် သူ့ကိုယ်ပိုင် အနက်ရောင် စွမ်းအင်မှလွဲ၍

‎ ကျို့ဟွာကျဲရဲ့ ခန္ဓာကိုယ်တွင် အခြားဘာမျှ မရှိပေ။

‎

‎

‎ထိုအစား သူ့(ကျို့ဟွာကျဲ)အား အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် ကျင်းရွှီယန်းက သူရဲ့စွမ်းအင်ကို ဆုတ်ခွာလိုက်ပြီး ခေါင်းယမ်းပြရုံသာ ရှိတော့သည်။ "ကိုယ်မသိဘူး"

‎

‎

‎သူတို့နှစ်ယောက် ထိတ်လန့်စိုးရိမ်နေချိန်တွင် ကျို့ဟွာကျဲက သတိလစ်သွားတယ်။

‎

‎

‎ထိုအချိန်တွင် အစိမ်းနုရောင် စွမ်းအင်အစက်လေးတစ်စက်က သူ့သွေးကြောတွေထဲမှ ဖြတ်သန်းလာကာ သူ့ရဲ့ဦးနှောက်ဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိသွားသည်။ ဦးနှောက်အတွင်း ဝင်ရောက်သွားနိုင်လျိန်မှာ‌တော့ စွမ်းအင်များ ပျော်ကျသွားပြီး အတွင်းဘက်မှာ လှည့်လည်သွားလည်နေ‌တဲ့ နက်မှောင်သော အစိမ်းရောင်စွမ်းအင်များဖြင့် ပေါင်းစည်းသွားတယ်။

‎

‎

‎ပေါင်းစည်းခြင်းလုပ်ငန်းစဉ်က ငါးမိနစ်အောက်သာ ကြာပါတယ်။ စွမ်းအင်တွေ အပြည့်အဝ ပေါင်းစပ်လိုက်ပြီးတဲ့အချိန်မှာတော့ ‎ကျို့ဟွာကျဲရဲ့ ခေါင်းကနေ နေကြာပန်းလေးတစ်ပွင့်ထွက်လာသည်။

‎

‎

‎ဒါကို သတိထားမိလိုက်တဲ့ ကျိူးလီဇီ နှင့် နတ်ဆိုးအဖွဲ့တို့က ထိတ်လန့်သွားတယ်။ ကျို့ဟွာကျဲရဲ့ အခြေအနေကြောင့် သူတို့ရဲ့ အချိန်ဇယားကို ရွှေ့ဆိုင်းလိုက်ပြီး သူ့ကို ဦးစွာ စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြသည်။

‎

‎

‎သူ့ကို ကားပေါ်တင်ပြီး နိုးလာတာကိုသာ စောင့်ဖို့ တွေးထားကြတယ်။ ဒါပေမယ့် သူတို့ သူ့ကို ကားပေါ် မရွှေ့တင်ခင်မှာပဲ သူ့ရဲ့ခေါင်းပေါ်မှာ ပေါက်လာတဲ့ နေကြာပန်းလေးကို တွေ့လိုက်ရတယ်။

‎

‎

‎"ဒါက... အစ်ကိုဟွာကျဲက အပင်ဖြစ်လာမှာလား" လို့ ရှောင်ချီ က မယုံကြည်နိုင်စွာ မေးလိုက်သည်။

‎

‎

နေကြာပန်းလေးကို စေ့စေ့ကြည့်ကာ ‎ကျိူးလီဇီက တွေးကြည့်လိုက်တယ်။ သူမ မှတ်မိတာသာ မှန်မယ်ဆိုရင် ဒီနေကြာပန်းက သူမရဲ့အရင်ဘဝတုန်းက စစ်သားအများအပြားကို သတ်ဖြတ်ခဲ့တဲ့ မျိုးပြောင်းအပင်ဖြစ်နိုင်ပြီး လင်အန်းဖုတ်ကောင်မြို့ရဲ့ အုပ်စိုးရှင်တစ်ဦးဖြစ်မည်။

‎

‎

‎မြင့်မားသော မျိုးပွားနိုင်စွမ်းနှင့် အားကောင်းတဲ့ တိုက်ခိုက်မှုများရှိပြီး ကြောက်စရာအကောင်းဆုံးကတော့ အခြားသူတွေရဲ့ စွမ်းအင်ကိုစုပ်ယူနိုင်ပြီး သူရဲ့ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိတာကြောင့်‌ပဲ သူက အုပ်စိုးသူဖြစ်လာခဲ့တယ်။ ကမ္ဘာပျက်ကပ်ရဲ့ စတုတ္ထနှစ်တွင် အဆင့်ခြောက်သို့ ရောက်ရှိနေပြီဖြစ်သည်။

‎

‎

‎ ကျို့ဟွာကျဲရဲ့ ခေါင်းပေါ်တွင် အခုလို ချစ်စဖွယ် ယိမ်းနွဲ့နေသော အုပ်စိုးရှင်ကို မြင်လိုက်ရတော့ သူမစိတ်တွေ တစ်မျိူးဖြစ်သွားတယ်။ သူမရဲ့ ပြန်လည်မွေးဖွားခြင်းက အရာအားလုံးကို အများပြောင်းလဲသွားစေတယ်။ သူမ ကိုယ်တိုင် တက်ကြွစွာ ပြောင်းလဲခဲ့တာမျိူး ရှိသလို သူမရဲ့ လုပ်ရပ်ကြောင့် သွယ်ဝိုက်သော သက်ရောက်မှု‌ဖြင့် ပြောင်းလဲသွားတာမျိူးလဲ ရှိတယ်။

‎

‎

‎နေကြာပန်းကို စိုက်ကြည့်ရင်း အတွေးတစ်ခု ပေါ်လာတော့ သူမရဲ့ လက်ကိုဆန့်ထုတ်ပြီး ရေဘောလုံးကို ဖန်တီးလ်ိုက်တယ်။

‎

‎

‎

ရေကို သတိပြုမိတာနှင့် ‎နေကြာပန်းကအရွက်များ ဖြန့်ထုတ်လိုက်ပြီး ၎င်းရဲ့ အရွက်ငယ်များကို အသုံးပြု၍ ရေဘောလုံးကို ပွေ့ဖက်လိုက်ကာ ပန်းပွင့်ခေါင်းကို ရေထဲသို့ နှစ်မြှုပ်လိုက်သည်။

‎

‎

‎နေကြာပန်းက ရေသောက်လို့ပြီးတာနှင့် ‎ကျို့ဟွာကျဲက မျက်မှောင်ကြုတ်ပြီး မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်တယ်။ သူ့မျက်နှာကို ကြည့်ရန်အတွက် နေကြာပန်းက ရိုးတံကို ကွေးထားသည်။ သူနိုးလာတာကိုမြင်တော့ ခေါင်းထက်က ပျောက်သွားပြီး သူ့ရဲ့ပခုံးပေါ်မှာပြန်ပေါ်လာတယ်။

‎

‎

‎ကျို့ဟွာကျဲ သတိပြန်ရလာသောအခါတွင် သူ့အဖွဲ့က ရှုပ်ထွေးသောအမူအရာများဖြင့် သူ့ကိုကြည့်နေတာကို သတိပြုမိသည်။ သူ့က အားတင်းကာ "ကျွန်တော် ဘာဖြစ်နေတာလဲ" ဟု တိုးတိုးလေး မေးလိုက်တယ်။

‎

‎

‎ရှောင်ချီက သူ့ပခုံးကို ညွှန်ပြပြီး "အစ်ကို

‎ဟွာကျဲ၊ အစ်ကိုတော့ ပန်းအိုး ဖြစ်သွားပုံရတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျို့ဟွာကျဲက မျက်မှောင်ကြီးကြုတ်ပြီးမေးလိုက်တယ် "မင်း ဘာတွေပြောနေတာလဲ"

‎

‎

‎"ကျွန်တော် မဟုတ်တာမပြောဘူး မင်းပခုံးပေါ်မှာ နေကြာပန်းတစ်ပွင့်ရှိတယ်" လို့ ရှောင်ချီက ပြန်ဖြေသည်။

‎

‎

‎သူ့ရဲ့ခေါင်းကို လှည့်လိုက်တော့‎ ကျို့ဟွာကျဲရဲ့ အကြည့်က သူ့ပခုံးပေါ်က နေကြာပန်းသေးသေးလေးပေါ် ရောက်သွားတယ်။ မျက်လုံးကို နိမ့်ကာကြည့်ရင်း နေကြာပန်းတွေက သူ့ခန္ဓာကိုယ်ထဲမှာ ကြီးထွားလာတာကို သူ သဘောပေါက်သွားသည်။

‎

‎

သူ သဘောပေါက်သွားတဲ့အချိန်မှာပဲ အအေးဓာတ်က သူ့ကျောရိုး တစ်လျှောက်ကို ပြေးဆင်းသွားတယ်။ သူလက်ကိုမကာ သူ့ပခုံးပေါ်မှနေကြာပန်းကိုဆွဲနှုတ်လိုက်သည်။

‎

‎

‎"ခဏနေဦး"

‎

‎

‎ကျိူးလီဇီရဲ့ စကားမဆုံးခင်မှာပဲ ကျို့ဟွာကျဲက နေကြာပန်းရဲ့ခေါင်းက ဆုပ်ကိုင်ပြီး ချက်ချင်းပဲ ဆွဲနှုတ်လိုက်ပါတယ်။

‎

‎

‎သူဆွဲနှုတ်လိုက်သည့်အခိုက်တွင်ပဲ ဦးနှောက်ကကွဲထွက်သွား တော့မလိုမျိုး သူ့ခေါင်းက နာကျင်ကိုက်ခဲမှုတစ်ခုကို ခံစားလိုက်ရသည်။ နေကြာပန်းကို လွှတ်လိုက်ပြီးနောက်မှ နာကျင်မှုက တဖြည်းဖြည်း သက်သာလာပြီး သက်ပြင်းကို ချလိုက်သည်။

‎

‎

‎ခေါင်းကို လှည့်ကြည့်လိုက်တော့ နေကြာပန်းကို မတွေ့ရတော့ဘူး။ ခန္ဓာကိုယ်ကို စစ်ကြည့်သော်လည်း ဘာမှမတွေ့ ပေ။ ထိုအပင်ကို အောင်မြင်စွာ ဖယ်ရှားလိုရ်နိုင်ပြီဟု ထင်ကာ စိတ်သက်သာရာ ရသွားသည်။

‎

‎

‎

နေကြာပန်းက အစိမ်းရောင်အစက်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်အတွင်း၌ ဝှက် နေတာပြိတော့ ‎သူ့မသိလိုက်‌ပေ။ သူရဲ့သခင်က သူကို မုန်းတီးနေပုံပေါက်သောကြောင့် မလိုအပ်ဘဲ သူ့ကိုယ်သူ ထုတ်ဖော်ပြသ တော့မည်မဟုတ်ပေ။

‎

‎

‎တခြားသူတွေ စိတ်သက်သာရာရနေချိန်မှာ

‎ ကျင်းရွှီယန်း နှင့် ကျိူးလီဇီ ကသာ ဒီကိစ္စက သိပ်မရိုးရှင်းဘူးဆိုတာ သိတယ်။ ဒါပေမယ့် သူတို့မှာ ဒီကိစ္စနှင့်ပတ်သက်တဲ့ အချက်အလက်တွေမရှိတာကြောင့် အခြေအနေကိုပဲ အရင်လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။

‎

‎

‎"ကပ္ပတိန် ၊ ကျွန်တော်နေကောင်းပါတယ်" ဟု ကျို့ဟွာကျဲ က ပြောသည်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ပစ္စည်းတွေ သွားယူရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎သူ့စကားကြားတော့ အားလုံးက ရှောင်ချီ နှင့် ဖုန်းယွင် တို့ကို ကူညီဖို့ ဂိုဒေါင်ကို သွားခဲ့ကြသည်။

‎

‎

‎အဆိုပါဒေသတွင် စုစုပေါင်း ဂိုဒေါင်ခြောက်လုံးရှိသည်။ တစ်ခုမှ ရိက္ခာများ စုဆောင်းပြီးနောက်တော့ နောက်တစ်ခုဆီ ဆက်သွားကြတယ်။ အဖွဲ့က လိုအပ်သည်များကို ယူပြီးတာနှင့် ကျိူးလီဇီက တစ်ယောက်တည်း ဝင်လာပြီး ကျန်တာ တွေကို အကုန်သိမ်းယူလိုက်တယ်။

‎

‎

‎ဤစက်ရုံတွင် ပိုးသတ်ဆေး မိုက်ခရိုဖိုက်ဘာ မျက်နှာသုတ်ပုဝါ၊ ဘက်စုံသုံး သန့်စင်ဆေးများ၊ ဖုန်စုပ်စက်များ၊ ပုံးများ၊ အမှိုက်ပုံးများနှင့် အခြားပစ္စည်းများကဲ့သို့သော သန့်ရှင်းရေးပစ္စည်းများကို သူမတွေ့ရှိခဲ့သည်။

‎

‎

‎မီးဖိုချောင်သုံးပစ္စည်းများ—အိုးများ၊ ဒယ်အိုးများ၊ ဓားများ၊ ဖြတ်ညှပ်ဘုတ်များ၊ မီးဖိုချောင်သုံးကတ်ကြေးများ၊ ပန်းကန်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကော်ဖီဖျော်စက်များ၊ လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် မိုက်ခရိုဝေ့ဖ်များကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎သူတို့မှာက ဆိုလာပြားတွေရှိတာကြောင့် အားလုံးကိုယူသွားခဲ့တယ်။ ကျင်းရွှီယန်းက အခြေစိုက်စခန်းကို တည်ဆောက်သောအခါကြရင်တော့ ဤပစ္စည်းများကို ဆုလာဘ်အဖြစ် သုံးနိုင်ပြီး ဆိုလာပြားကလည်း အလုံအလောက်ရှိတာကြောင့် ဓာတ်အားပြတ်တောက်မည်ကိုလည်း စိုးရိမ်စရာ မလိုပါ။

‎

‎

‎ထိုပစ္စည်းများကို စုဆောင်းပြီးနောက်တော့ အခြားဂိုဒေါင်သို့ ပြောင်းရွှေ့ကာ ရှာဖွေကြည့်တာ အဝတ်လျှော်ရန် လိုအပ်သောပစ္စည်းများကို တွေ့ရှိခဲ့သည်။ ဆပ်ပြာများ၊ အစွန်းအထင်းများကို ဖယ်ရှားပေးသည့် ပစ္စည်းများ၊ အခင်းများ၊ အခြောက်ခံ ခုံများ၊ သံပြားများ၊ ၎င်းတို့နှင့်အတူ မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် စင်နှင့် သိုလှောင်သေတ္တာများလည်း ပါဝင်သည်။

‎

‎

‎သူမရဲ့နေရာလွတ်ရှိ မြက်ခင်းပြင်တွင် စုပုံနေသော ရိက္ခာများအ‌ကြောင်းကို စဉ်းစားရင်း ကျိူးလီဇီက အရာအားလုံးကို ယူဆောင်သွားခဲ့သည်။ သူမက ပစ္စည်းများကို အစုံသိုလှောင်ထားရန် ဆုံးဖြတ်ထားတောကြာင့် ဤပစ္စည်းများက အသုံးဝင်လာပါလိမ့်မည်။

‎

‎

ဂိုဒေါင်ရဲ့ ကျန်တဲ့တစ်ဝက်မှာ ရေချိုးခန်းနှင့် အဝတ်ဗီရိုပစ္စည်းတွေ ပါရှိတယ်။ သူမရဲ့ နေရာလွတ်မှာ နေရာအလုံအလောက်ရှိနေသေးတဲ့အတွက် ဂိုဒေါင်ထဲကပစ္စည်းတွေကို အကုန်သိမ်းပြီး ကျင်းရွှီယန်းနှင့်အတူ နောက်ဂိုဒေါင်ကို ဆက်သွားလိုက်တယ်။

‎

‎ဒီဂိုဒေါင်ထဲမှာတော့ ဆိုင်ကယ်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများကို သိုလှောင်ထားသည်။ ငြိမ်းချမ်းတဲ့ခေတ်တွင် အသုံးနည်းသော်လည်း ကပ်ဘေးကာလတွင်တော့ ဒီပစ္စည်းများက တန်ဖိုးကြီးလက်နက်များဖြစ်လာနိုင်သည်။ သံချောင်းတွေနှင့်တင် ဖုတ်ကောင်တွေကို သတ်နိုင်တယ်။

သူတို့ရဲ့ ကြံ့ခိုင်မှုကြောင့် ဒီပစ္စည်းတွေကို ရောင်းချဖို့ မလွယ်ကူခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေက ဂိုဒေါင်တစ်ခုလုံး ပြည့်နှက်နေသည်။

‎

‎

‎သူမက နတ်ဆိုးအဖွဲ့ထံသို့ သံချောင်းများကို ဖြန့်ဝေပေးရန် စီစဉ်ထားသည်။ အထူးသဖြင့် ရှောင်ချီ နှင့် ဖုန်းယွင် တို့က

‎ဖုတ်ကောင်များကိုသတ်ရန်အတွက် သံချောင်းများကို အသုံးပြုနိုင်သည်။

All Chapters