← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း-(၁၄၈)

‎

‎

‎ဖုတ်ကောင်ကို သတ်ပြီးနောက်တော့ သူတို့ရဲ့ ကနဦးကြောက်ရွံ့မှုက လျော့နည်းသွားသည်။ အနက်ရောင်သွေးတွေနှင့် အသားပုပ်တွေကို ခဏကြည့်လိုက်ပြီးတော့မှ ရှောင်ဂျူးက အန်ချင်သလိုဖြစ်နေပေမယ့် ဖုတ်ကောင်ရဲ့ ဦးနှောက်ကို ထိုးဆွဖို့ သူ့တုတ်ကို အသုံးပြုနေတုန်းပါပဲ။

‎

‎

‎ငါးမိနစ်လောက်အကြာမှာတော့ နေရောင်ရဲ့အောက်မှာ သေးငယ်ပြီး တောက်ပနေတဲ့ အမြုတေငယ်လေးတစ်ခုကို သူမတွေ့လိုက်ရတယ်။ စိတ်လှုပ်ရှားစွာဖြင့် လှမ်းယူလိုက်ပြီး အနက်ရောင်သွေးများနှင့် အသားပုပ်များကို ဖယ်ရှားရန်အတွက် သူမရဲ့လက်များဖြင့် အကြိမ်ပေါင်းများစွာ ပွတ်သုတ်လိုက်သည်။

‎

‎

‎စစ်သားတွေက ခေါင်းညိတ်ပြီးပြောလိုက်တယ် "ဂုဏ်ယူပါတယ် ရဲဘော်။ မင်းက ဖုတ်ကောင်တစ်ကောင်ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့ပြီး အမြုတေလည်း ရခဲ့ပြီ"

‎

‎

'အခုအချိန်တွင်တော့ အမြုတေက အစားအစာနှင့် ရေကို ကိုယ်စားပြုတယ်။' ဤအတွေးကြောင့် သူတို့သုံးဦးဟာ အမြုတေများကို ပိုမိုစုဆောင်းနိုင်ရန်အတွက် ဖုတ်ကောင်များအား တတ်နိုင်သမျှများများသတ်ပစ်ရန်ဆိုတဲ့ ရည်မှန်းချက်အသစ်တစ်ခုကို တွေ့ရှိခဲ့သည်။

‎

‎

အစ်မဝမ်းရဲ့အဖွဲ့က တိုးတက်နေချိန်တွင် အခြားအဖွဲ့တွေကတော့ ရုန်းကန်နေရတယ်။

‎

‎စစ်သားတစ်ယောက်က သူ့ရဲ့ဓားမြှောင်ကို ဖုတ်ကောင်ရဲ့ဦးခေါင်းအနောက်ဘက်ကနေ စိုက်ချလိုက်ပြီး ချက်ချင်းပဲသတ်ပစ်လိုက်တယ်။ ဖုတ်ကောင်က မြေပြင်ပေါ်သို့ လဲကျသွားတာနဲ့သူက အသက်ရှင်ကျန်ရစ်သူများကို ကြည့်လိုက်တော့ အားလုံးကဦးခေါင်းကို လက်ဖြင့်အုပ်ထားပြီး မြေကြီး‌တွင် ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရသည်။

‎

‎

‎သူ့ရဲ့အဖော်ဘက်ကို လှည့်ပြီးမေးလိုက်တယ် "ငါတို့ ဘာလုပ်ကြမလဲ။ ဖုတ်ကောင်တွေကို သတ်ခိုင်းဖို့က မဖြစ်နိုင်ဘူး ထင်တယ်။ သူတို့က ကြည့်တောင် မကြည့်ရဲဘူး"

‎

‎

‎သူ့ရဲ့သူငယ်ချင်းက ခဏလောက်စဉ်းစားပြီးပြန်ပြောလာတယ် “သူတို့ကို ဒီအတိုင်းပြန်လွှတ်လိုက်ရင် ဗိုလ်ကြီးက ငါတို့ကို အပြစ်ပေးလိမ့်မယ်”

‎

‎

‎"ဒါပေမယ့် သူတို့က ကြောက်တတ်လွန်းတယ်။ တိုက်ခိုက်ရဲတဲ့ သတ္တိမရှိရင် သူတို့ကို လေ့ကျင့်ပေးဖို့က နည်းလမ်းမရှိ တော့ဘူး" ဟု စစ်သားက စိတ်ပျက်စွာပြောသည်။

‎

‎

‎သူတို့ရဲ့ပြောစကားတွေကိုကြားတော့ လူငယ်တစ်ယောက်က ခေါင်းကိုမော့လာပြီး "ရဲ-ရဲဘော်၊ ငါတို့က ငကြောက်မဟုတ်ဘူး... ငါတို့က အဲဒါကို ကျင့်သားမရသေးတာပါ" လို့ချီတုံချတုံနှင့် ပြောလာတယ်။

‎

‎

‎စစ်သားတွေက သူတို့ကို မယုံကြည်နိုင်စွာ ကြည့်လာကြသည်။ ယောက်ျားလေးတွေက နည်းနည်းတော့ ပိုကောင်းတယ်။ သူတို့က မျက်လုံးတွေမှိတ်ပြီး ထွက်ပြေးတာပဲလုပ်တယ်။

‎

‎

‎တကယ့်ပြဿနာက မိန်းကလေးတွေပဲ။ ဖုတ်ကောင်တစ်ကောင်ကို တွေ့လိုက်ရတာနဲ့ တိုက်ခိုက်မယ့်အစား သူမတို့က အော်ဟစ်လိုက်ကြတယ်။ ကံကောင်းလို့ သူတို့က လမ်းမကြီးပေါ်မှာရှိမနေတာ မဟုတ်ရင်တော့ သူတို့ရဲ့အော်သံများကြောင့် ဖုတ်ကောင်များကို ပိုမိုဆွဲဆောင်မိသွားနိုင်ပြီး သူတို့အားလုံးကို သေဆုံးသွားစေနိုင်သည်။

‎

‎

‎

‎ခဏလောက် တုံ့ဆိုင်းနေပြီးမှ စစ်သားတစ်ယောက်ကပြောလာတယ် "ငါတို့ နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်။ ဖုတ်ကောင်ကို မင်းတို့မသတ်နိုင်သေးရင်တော့ မင်းတို့ကို ဓာတ်ဆီဆိုင်ဆီ ပြန်ပို့ပေးမယ်။ အဲဒါပြီးရင်တော့ မင်းတို့ အစာစားရတာ မစားရဘူးဆိုတာက ငါတို့ကိစ္စ မဟုတ်တော့ဘူး"

‎

‎

‎သူ့ရဲ့စကားကိုကြားတော့မှ နောက်ဆုံးတော့ အသက်ရှင်ကျန်ရစ်သူများက အမှန်တရားကို နားလည်သွားကြသည်။ အကယ်၍ သူတို့သာ ဖုတ်ကောင်များကို မသတ်နိုင်ပါက အမြုတေမရနိုင်ဘဲ အစာငတ်သွားရလိမ့်မည်။

‎

‎

‎သူတို့အမူအရာပြောင်းသွားတာကိုမြင်တော့ တခြားစစ်သားတစ်ယောက်က "ဖုတ်ကောင်တစ်ကောင်ကို ငါသွားဆွဲမယ်။ အဆင်သင့်ပြင်ထား" လို့ပြောလိုက်တယ်။

‎

‎

ထိုစစ်သားထွက်သွားတော့ လူအုပ်စုက အားတင်းပြီး သစ်သားတုတ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။ သိပ်မကြာခင်မှာပဲ အဝေးဆီက ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကို သူတို့ကြားလိုက်ရတယ်။

‎

‎

ထို‎စစ်သား ပြန်လာတာကိုတွေ့တော့ အနောက်သို့ မသိမသာလှမ်းကြည့်လိုက်ကြတယ်။ ဖုတ်ကောင်အမျိုးသမီးက သူ့အနောက်မှလိုက်‌‌နေပြီး ဝမ်းဗိုက်ကကွဲနေလို့ အူများကတွဲလောင်းကျနေကာ ခြေလှမ်းတိုင်းမှာ အူတွေကပါ ‌လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

‎

‎

‎အမျိုးသမီးတွေရဲ့ပါးစပ်များက ပွင့်လာပြီး အော်ဟစ်ရန် အဆင်သင့်ဖြစ်နေသော်လည်း သူမတို့မအော်လိုက်နိုင်မီတွင်ပဲ စစ်သားကပြတ်သားစွာ ပြောလိုက်သည် “မင်းတို့ ဟစ်အော်လို့ ဖုတ်ကောင်တွေကို ပိုဆွဲဆောင်မိသွားရင် ဖုတ်ကောင်တွေကိုအစာကျွေးဖို့ မင်းတို့ကိုချန်ထားခဲ့မယ်”

‎

‎

‎သူ့ရဲ့သတိပေးချက်ကြောင့် သူတို့က ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်ထားလိုက်ကြပြီး ညည်းတွားသံများသာ ထွက်လာသည်။ သူတို့က အသံမထွက်ဝံ့တော့ဘဲ ဖုတ်ကောင်ကို ထိတ်လန့်စွာဖြင့်သာ ကြည့်နေနိုင်သည်။

‎

‎

ထို‎စစ်သားက သူတို့ဆီပြန်ရောက်တာတေယင် သူတို့နှင့်ဖုတ်ကောင်ကြားမှာ အကွာအဝေးတစ်ခုရှိနေသေးသည်။ အဲဒီကနေပဲ သူတို့က ဖုတ်ကောင်ရဲ့အရှိန်ကို တိုင်းတာနိုင်သင့်တယ်။

‎

‎

ထို‎စစ်သားပြန်လာပြီးနောက်မှာပဲ သူနှင့် သူ့သူငယ်ချင်းက နောက်ပြန်ဆုတ်သွားပြီး အုပ်စုရှိလူအများအပြားကို ဖုတ်ကောင်နှင့် ရင်ဆိုင်စေလိုက်သည်။

‎

‎

‎"ရားးးး"

‎

‎

‎ဖုတ်ကောင်က ချွန်ထက်သော သွားများကို ပြကာ ဟိန်းဟောက်လိုက်ပြီး လူငယ်ကို တိုက်ခိုက်ရန်လုပ်သည်။

‎

‎

ဖုတ်ကောင်က တိုင်ခိုက်ဖို့‎ဝင်လာတာကိုမြင်တော့ လူငယ်က စစ်သားများကို လှမ်းကြည့်တယ်။ ဘေးတွင်ရပ်ပြီး စောင့်ကြည့်နေတာ‌ကိုတွေ့တော့ သူ့ရဲ့နှလုံးသားက နစ်မြုပ်သွားခဲ့ပြီး ဒီတစ်ခါမှာတော့ သူ့ကိုကူညီဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို သူသဘောပေါက်သွားတယ်။

‎

‎

‎အကိုက်ခံရပြီး အရှင်လတ်လတ် စားသောက်ခံရနိုင်ခြေနှင့် ရင်ဆိုင်နေရသောအခါတွင်တော့ သူရဲ့ရှင်သန်လိုစိတ်က သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ သူ့ရဲ့သစ်သားတုတ်ကို မြှောက်ပြီး ခက်ခက်ခဲခဲ တိုက်ခိုက်လိုက်တယ်။

‎

‎

‎

"‎အက်"

‎

‎

‎တုတ်က ဖုတ်ကောင်ရဲ့သွားများကြားတွင် ညှပ်နေပြီး ကွဲထွက်သွားတော့မည့် လက္ခဏာများ ပြသနေသည်။ ပါးစပ်ကို ပိတ်ဆို့ခံထားရသဖြင့် ဖုတ်ကောင်က သူ့ကို မကိုက်နိုင်‌တော့ဘဲ သူရဲ့လက်မောင်းများကို လေထဲတွင် အပြင်းအထန်လွှဲယမ်းရုံသာ လုပ်နိုင်တော့သည်။

‎

‎

‎"မျက်လုံးဖွင့်ပြီး တိုက်ခိုက်မှုရဲ့ ဦးတည်ရာကို ကြည့်ပါ" လို့ လူငယ်က သူ့မျက်လုံးတွေကို ပြန်မှိတ်ချင်နေတာကို တွေ့တဲ့အခါ စစ်သားတစ်ယောက်က အမိန့်ပေးသည်။

‎

‎

‎ဒါကိုကြားတော့ လူငယ်က မျက်လုံးဖွင့်ပြီး သူ့ဆီရောက်လာနေတဲ့ ပုပ်ပွနေတဲ့ လက်တွေကို စူးစိုက်ကြည့်လိုက်ပြီး အနောက်ကို အမြန်ပြန်ဆုတ်လိုက်သည်။လက်သည်းချွန်တွေက ပစ်မှတ်ကိုလွဲချော်သွားပြီး ဖုတ်ကောင်ကိုလည်း ယိုင်နဲ့ထိုးကျသွားစေသည်။

‎

‎

‎"ကန်လိုက်" အခြားစစ်သားတစ်ဦးက ပြောသည်။

‎

‎

‎စကားအတိုင်းလိုက်နာကာ ခြေထောက်ကို မြှောက်ပြီး ဖုတ်ကောင်အား နံဘေးဆီကန်ထုတ်လိုက်သည်။

‎

‎

‎

‎သူ့ရဲ့ ကန်ချက်အားက ဖုတ်ကောင်ကို မြေပြင်ပေါ် ကျသွားစေသည်။ ဖုတ်ကောင်က ထရန်ရုန်းကန်နေချိန်မှာပဲ စစ်သားက "မင်းရဲ့လက်နက်ကိုသုံးပြီးတော့ ခေါင်းကိုရိုက်" လို့ ဆက်ပြီး ညွှန်ပြတယ်။

‎

‎

‎လက်နက်မရှိတော့ဘဲ လူငယ်က အနီးနားရှိအမျိုးသမီးတစ်ဦးရဲ့ လက်ထဲကနေ သစ်သားတုတ်ကို လုယူလိုက်သည်။ ဖုတ်ကောင်က ပြန်မထလာနိုင်ခင်မှာပဲ သစ်သားတုတ်ဖြင့် ဖုတ်ကောင်ရဲ့ခေါင်းအနောက်ဖက်ကို အားပါပါရိုက်ချလိုက်တယ်။

‎

‎

‎" ဒုတ် ဒုတ် ဒုတ် ခရစ် "

‎

‎

‎ အရိုးများ ကွဲအက်သွားသံထွက်လာပြီး သွေးမည်းများနှင့် အသားပုပ်များက ရောနှောကုန်သည်။ အခြားသော အသက်ရှင်ကျန်ရစ်သူများဟာ သူ့ရဲ့ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုကိုကြည့်ရင်း အလိုလိုနောက်ပြန်ဆုတ်သွားကြပြီး သူနှင့်အကွာဝေးခြားလိုက်ကြသည်။

‎

‎

‎မိနစ်အနည်းငယ်အကြာတွင် ဖုတ်ကောင်ရဲ့ဦးခေါင်းက ပုပ်နေသောငါးပိကန်အဖြစ်ကဲ့သို့ ပြောင်းလဲသွားသောအခါတွင်မှ သူကရပ်တန့်လိုက်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ သူ့ရဲ့ဗိုက်က ပြင်းပြင်းထန်ထန် တုန်ခါနေပြီးတစ်ဖက်ကို လှည့်ကာ အန်လိုက်တယ်။

‎

‎

‎စစ်သားတစ်ယောက်က သူ့ကျောပိုးအိတ်ထဲက ရေတစ်ပုလင်းကို ဆွဲထုတ်ပြီး သူ့ဆီ ပေးလိုက်တယ်။ သူက လူငယ်လေးရဲ့ ကျောကို ပွတ်သပ်ပြီးပြောလာတယ် "ကောင်းပြီ၊ အခု ဦးနှောက်ကို စစ်ကြည့်ပြီး အမြုတေရှိမရှိ ကြည့်လိုက်"

‎

‎

‎လူငယ်က ဖုတ်ကောင်ရဲ့ဦးနှောက်ကို မစစ်ဆေးမီတွင် ပါးစပ်ကိုဆေးကြောလိုက်ပြီး ရေအနည်းငယ်သောက်ကာ ပျို့အန်ခြင်းကိုရပ်တန့်ရန် တွန်းအားပေးလိုက်သည်။ ကံကောင်းထောက်မစွာနဲ့ပဲ ကံကောင်းခြင်းက သူ့ဘက်တွင်ရှိနေပြီး အကြည်‌ရောင်အမြုတေကို တွေ့ရှိခဲ့တယ်။

‎

‎

‎ဒါကိုမြင်တော့ လုအုပ်စုက ရွှင်မြူးသွားကြပြီး အမျိုးသမီး တစ်ယောက်က အော်လာသည်"အစ်ကို ၊ ငါတို့က ကံကောင်းလိုက်တာ၊ အနည်းဆုံးတော့ ရေတစ်ပုလင်းနှင့် ဘီစကွတ်တစ်ဗူး ရနိုင်တယ်"

‎

‎

‎လူငယ်လေးက သူ့နှုတ်ခမ်းကို သုတ်ပြီး လှောင်ပြောင်လိုက်တယ်။ "ငါ အန္တရာယ်ထဲ ရောက်နေတုန်းမှာတော့ မင်းတို့အားလုံးက ရပ်ကြည့်နေကြတာလေ။ အခုတော့ ငါ့မှာ အမြုတေရှိနေပြီဆိုတော့ ဝေစုလိုချင်တာလား။ အိပ်မက်မက်နေလိုက်"

‎

‎

‎ ပြောပြီးဒါနဲ့ သူက ဖုတ်ကောင်ရဲ့ပါးစပ်ထဲက သစ်သားတုတ်ကို ဆွဲထုတ်ကာ အမျိုးသမီးငယ်လေးဆီ ပြန်ပစ်‌ပေးလိုက်ပြီး သူ့ရဲ့လက်နက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လမ်းမဘက်ကို ဆက်လျှောက်သွားလို့ နောက်ထပ်ဖုတ်ကောင်တွေကို သူ့ဘာသာသူသတ်ပစ်ဖို့ စိတ်ဆုံးဖြတ်လိုက်သည်။

‎

‎

‎

‎

‎

‎

အခန်း-(၁၄၉)

‎

‎ဤအတောအတွင်း၌ လမ်းမကြီးပေါ်က အဖွဲ့အများစုဟာ စစ်သားများရဲ့ ပံ့ပိုးကူညီမှုနှင့် ညွှန်ကြားချက်များအတိုင်းလိုက်နာခြင်းဖြင့် ဖုတ်ကောင်များကို တိုက်ခိုက်နေကြသည်။

‎

‎

‎အဖွဲ့တိုင်းတွင် အနည်းဆုံးတော့ လူငါးဦးပါဝင် ဒီထက်လည်းပိုများနိုင်သည်။ ကြံ့ခိုင်သောလူတွေကသာ ဖုတ်ကောင်များကို တစ်ယောက်တည်း တိုက်ခိုက်သည်။

‎

‎

‎" ခရစ် "

‎

‎

‎သူ့လက်ထဲရှိ သံတုတ်နှင့် ဖုတ်ကောင်ရဲ့ဦးခေါင်းကို ခမ်းကြမ်းကြမ်းရိုက်လိုက်ပြီး အသားပုပ်တွေက ကွဲကြေသွားစေသလို ဖုတ်ကောင်ရဲ့ဦးခေါင်းခွံကလည်း အက်ကွဲသွားသည်။ ဖုတ်ကောင်က လဲကျသွားပြီး အနက်ရောင်သွေးများက မြေပြင်အနှံ့ စီးကျသွားခဲ့သည်။

‎

‎

‎"ရားးးးး"

‎

‎

အမြုတေကို မစစ်ဆေးနိုင်ခင်မှာပဲ နောက်ထပ်ဖုတ်ကောင်နှစ်ကောင်က ပြေးဝင်လာပြီး အဲဒီလူရဲ့ နောက်ကျောကို တိုက်ခိုက်လာကြသည်။ ဖုတ်ကောင်တွေရဲ့ဟောက်သံကိုကြားတော့ သူက လျင်မြန်စွာလှည့်၍ သံတုတ်ဖြင့် အားအပြည့်တိုက်ခိုက်လိုက်သည်။

‎

‎

‎

‎သက်ရောက်မှုက ဖုတ်ကောင်းရဲ့ လည်ပင်းကို ကျိုးသွားစေရုံသာမကဘဲ အနားရှိ အခြားဖုတ်ကောင်တစ်ကောင်နှင့်အတူ လွှင့်ထွက်သွားစေသည်။ လွှင့်ထွက်သွားသောဖုတ်ကောင်က မတ်တပ်ရပ်ရန် ရုန်းကန်‌နေတာမြင်တော့ သူကပြေးသွားပြီး သံတုတ်ကို မြှောက်ကာ ရိုက်ချလိုက်သည်။

‎

‎

‎

‎

‎သံတုတ်က ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထိသွားပြီး ချက်ချင်းပဲသတ်ပစ်လိုက်တယ်။

‎

‎

‎"ရားးးး"

‎

‎

အောက်က ဖုတ်ကောင်က ချွန်ထက်တဲ့ လက်သည်းတွေကို သူ့ဆန့်ထုတ်လာနေတာ သတိထားမိတော့ အဲဒီလူက ဖုတ်ကောင်ရဲ့လက်မောင်းကို တက်နင်းလိုက်သည်။

‎

‎

" ခရစ်"

‎

‎

‎အရိုးများ ကွဲကြေသွားတဲ့အသံက ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားသည်။ ဖုတ်ကောင်ကို ငုံ့ကြည့်နေတဲ့ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုမရှိတော့ဘဲ၊ စိတ်လှုပ်ရှားမှုနှင့် မုန်းတီးမှုများသာ ကျန်တော့သည်။

‎

‎

‎" ခရစ် ခရစ် ခရစ် "

‎

‎

ဖုတ်ကောင်က မလှုပ်ရှားတော့ဘဲ ငြိမ်ကျသွားသည်အထိ သူရဲ့ သံတုတ်ဖြစ် အကြိမ်ကြိမ် ရိုက်လိုက်တယ်။ ဦးနှောက်ကို ထိုးဆွဖို့ သူတို့ရဲ့လက်နက်တွေကို အသုံးပြုတဲ့ တခြားသူတွေနှင့် မတူဘဲ သူကတော့ သူ့လက်ဗလာနှင့်ပဲ အမြုတေကို ရှာဖွေခဲ့သည်။

‎

‎

‎ဘေးနားတွင် ရပ်နေတဲ့ သင်ပြရန် တာဝန်ကျသော စစ်သားတွေက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဒီလူက အလားအလာရှိတဲ့ လူသစ်ပဲ သူ မကြောက်ဘဲ စွမ်းအင်ကလဲ နိုးထနေပုံရတယ်။

‎

‎

‎ခဏအကြာတွင် သူက အမြုတေတစ်လုံး တွေ့ရှိခဲ့ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ လမ်းမပေါ်ပြန်လှည့်သွားစဉ်တွင် စစ်သားများက ချဉ်းကပ်လာတယ်။

‎

‎

‎"ရဲဘော်၊ ကျေးဇူးပြု၍ ခဏစောင့်ပါ"

‎

‎

‎ဒါကိုကြားတော့ ဟယ်ယွိဖန်က လှည့်လာပြီး "ဘာဖြစ်လို့လဲ"လို့ မေးလိုက်တယ်။

‎

‎

‎"ရဲဘော် ၊ မင်းရဲ့ စွမ်းရည်က နိုးထနေပြီလား" စစ်သားတစ်ယောက်က မေးမြန်းလာသည်။

‎

‎

‎"ကျွန်တော် မသေချာဘူး။ ဒါပေမယ့် အဖျားကြီးပြီး ပြန်ကောင်းလာတော့ ကျွန်တော့်ရဲ့ ခွန်အားတွေက သိသိသာသာ တိုးလာတယ်။ အဲဒါက စွမ်းရည်တစ်ခုလို့ မှတ်လို့ရလား" ယွိဖန်က ပြန်မေးလိုက်တယ်။

‎

‎

‎စစ်သားတွေက ခပ်ပြုံးပြုံးလေး ဖြစ်သွားကြပြီး သူတို့ထဲက တစ်ယောက်ကပြောလာတယ် "ရဲဘော်၊ လင်းယုန်အဖွဲ့ထဲကိုဝင်ဖို့ မင်းစိတ်ဝင်စားလား"

‎

‎

‎ကမ်းလှမ်းမှုကြောင့် ဟယ်ယွိဖယ်က အံ့အားသင့်သွားသည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူကမေးလိုက်တယ် "မင်းတို့အဖွဲ့က စစ်တပ်မဟုတ်ဘူးလား ၊ ကျွန်တော်က အရပ်သားတစ်ယောက်လေ ။ ဘယ်လိုလုပ်ပြီးပူးပေါင်းရမှာလဲ"

‎

‎

‎"ရဲဘော် ၊ အခြေအနေတွေက ပြောင်းသွားပြီ။ ရဲဘော်တွေ အများကြီးက မစ်ရှင်မှာအသက်စွန့်သွားကြပြီမို့ ငါတို့နှင့် ပူးပေါင်းဖို့ သန်မာတဲ့လူတွေ လိုတယ်။ မင်းစိတ်ဝင်စားရင်တော့ အသေးစိတ်ကို ဗိုလ်ကြီးဝေနှင့် ဆွေးနွေးဖို့ ငါတို့နှင့်လိုက်ခဲ့လို့ရတယ်"

‎

‎

‎အစပိုင်းတွင်တော့ဟယ်ယွိဖန်က မည်သည့်အဖွဲ့ကိုမျှ ပါဝင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သို့သော်လည်း စက်ရုံခရိုင်၏ ဖုတ်ကောင်တိုက်ခိုက်ခံရမှုရဲ့ ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်တွေ့ပြီးနောက်တော့ အဖွဲ့တစ်ဖွဲ့ရှိခြင်းက သူရဲ့ရှင်သန်နိုင်ခြေကို တိုးမြင့်လာစေမည်ကို သူနားလည်လိုက်သည်။

‎

‎

‎သူက သန်မာသောလူများကို ရှာဖွေကာ သူကိုယ်တိုင် အဖွဲ့တစ်ဖွဲ့ ဖွဲ့ရန် စီစဉ်ထားသော်လည်း စစ်သားများက သူရဲ့ခွန်အားကို စိတ်ဝင်စားလာလိမ့်မည်ဟုတော့ သူက မမျှော်လင့်ခဲ့ပေ။

‎

‎

‎စစ်မှုထမ်းခြင်းက သူရဲ့လွတ်လပ်မှုကို ကန့်သတ်ချုပ်ချယ်ခြင်းဟု ဆိုလိုသော်လည်း၊ ၎င်းက ငွေပေးချေမှုအဖြစ် ရိက္ခာနှင့် အမြုတေများကို တည်ငြိမ်သောဝင်ရောက်ခွင့်ဖြင့်ပေးစွမ်းမည်ဖြစ်သည်။

‎

‎

‎အားသာချက် အားနည်းချက်တွေကို ချိန်ဆပြီးနောက်တော့ ခေါင်းညိတ်ပြကာ "ကောင်းပြီ" လို့ ပြောလိုက်တယ်။

‎

‎

‎စစ်သားများက သူရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်ကြ ဝေယင်းနှင့်တွေ့ပေးရန် ခေါ်ဆောင်သွားကြသည်။

‎

‎

‎ကျင်းရွှီယန်းက သူ့ရဲ့နတ်ဆိုးအဖွဲ့ထဲသို့ စွမ်းရည်အသုံးပြုသူများ ခေါ်ယူပုံကို မြင်တွေ့ခဲ့ကြသည်။ သူ့အဖွဲ့က စစ်တပ်မဟုတ်တော့ဘဲ ကြေးစားအဖွဲ့ဖြစ်လာမည်ဟု အခိုင်အမာဆိုသော်လည်း သူ့အဖွဲ့ကို အားကောင်းအောင်ပြုလုပ်ရန်ဆိုတဲ့ သူရဲ့ဆုံးဖြတ်ချက်က ပညာရှိသည်။

‎

‎

အဲဒီနေ့ကတည်းက အသက်ရှင်ကျန်ရစ်သူများကိုစောင့်ကြည့်ရန် ဝေယင်းက သူတို့ကို ညွှန်ကြားထားပြီးဖြစ်သည်။ အရည်အချင်းရှိသူကို တွေ့ရှိပါက လင်းယုန်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားရမည်။

‎

‎

စစ်သားတွေနောက်ကို ‎ဟဲယွိဖန် လိုက်လာချိန်မှာ အသက်ရှင်ကျန်ရစ်သူတချို့ သူတို့ရဲ့ ဦးတည်ရာဆီကို ကြည့်လာကြတယ်။

‎

‎

‎အများစုက သာမန်လူများဖြစ်ကြသော်လည်း အချို့က စွမ်းရည်အသုံးပြုနိုင်သူများ ဖြစ်ကြသည်။ စစ်တပ်ထဲကိုဝင်နိုင်ရင် စားနပ်ရိက္ခာနှင့်ရေအတွက် စိတ်ပူစရာ မလိုတော့ဘူး။

‎

‎

‎ဤအတွေးများကို တွေးတောနေရင်းဖြင့်၊ လူအများအပြားက စစ်သားများရဲ့နောက်သို့ လိုက်သွားပြီး လင်းယုန်အဖွဲ့တွင် ပါဝင်ခြင်းက တကယ်မှန်တဲ့ ရွေးချယ်စရာတစ်ခု ဟုတ်မဟုတ်ကို သိလိုကြတယ်။

‎

‎

‎တစ်ချိန်တည်းမှာပဲ လူငယ်တစ်ဦးက နှစ်ထပ်ဆိုင်တစ်ဆိုင်ရဲ့ ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေသည်။ သူ့ဘေးမှာတော့ ကျောက်တုံးတွေပုံထားတယ်။ ဤဧရိယာတွင် လှည့်လည်သွားလာနေသော ဖုတ်ကောင်အရေအတွက်က ဓာတ်ဆီဆိုင်ရဲ့အနီးမှာထက် အဆများစွာ ပိုများနေသည်။

‎

‎

‎ဓာတ်ဆီဆိုင်ရဲ့အနီးတွင်တော့ ဖုတ်ကောင်များကိုသတ်ကာ တိုက်ပွဲဝင်နေသူတွေ များစွာရှိသဖြင့် သူမှာ မည်သည့်အမြု‌တေကိုမျှ မစုဆောင်းနိုင်ခဲ့ပါဘူး။ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းမဖြစ်နိုင်ကြောင်းကို ယုံကြည်ပြီး ဤနေရာတွင် တစ်ယောက်တည်း စွန့်စားခဲ့သည်။

‎

‎

‎အခုတော့ သူ့ရဲ့လက်ထဲမှာ ကျောက်တုံးတစ်တုံးကို ကိုင်ထားပြီး မျက်လုံးတစ်ဖက်ကို မှိတ်ထားလိုက်တယ်။ ဖုတ်ကောင်တစ်ကောင်က ခေါင်းကိုလှည့်လာတာနဲ့ ကျောက်တုံးကို တိကျစွာ ပစ်ချလိုက်သည်။

‎

‎

" ဝှစ် ခရစ် "

‎

‎

‎သာမာန်ကျောက်တုံးလေးက ကျည်ဆန်တစ်တစ်တောင့်ပစ်လိုက်သလို အရှိန်ဖြင့် ရှေ့သို့ ပြေးသွားပြီး ဖုတ်ကောင်ရဲ့ဦးခေါင်းခွံအနောက်ဘက်အထိ ဖောက်ဝင်သွားသည်။ ဖုတ်ကောင်လံကျသွားတာကို ကြည့်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့် လေးတွေက အပြုံးကြောင့် ကွေးညွှတ်လို့သွားတယ်။

‎

‎

‎"တစ်ကောင်ပြီးပြီ" လို့ သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

‎

‎

‎သူရဲ့ လျှို့ဝှက်နေရာနှင့် တိုတောင်းသော အကွာအဝေးကြောင့် ဖုတ်ကောင်များကိုအလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ မိနစ်နှစ်ဆယ်အတွင်းမှာပဲ ဖုတ်ကောင် ဆယ်ကောင်ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်။

‎

‎

‎ခေါင်မိုးပေါ်မှာ ရပ်ပြီး ဧရိယာတစ်ဝိုက်ကို စစ်ဆေးလိုက်တယ်။ နောက်ထပ် ဖုတ်ကောင်တွေ အနားမလာတော့ကြောင်းကို အတည်ပြုပြီးတာနဲ့ ပထမထပ် လသာဆောင်ပေါ်ကို ခုန်ဆင်းပြီး နောက်တော့ မြေကြီးပေါ်ကို တစ်ဖန်ခုန်ဆင်းသွားလိုက်သည်။

‎

‎

‎သူက ဖုတ်ကောင်ရဲ့အလောင်းဆီသို့ လျှောက်သွားပြီး သူ့ရဲ့နောက်ကျောမှ ဓားရှည်ကို ဆွဲထုတ်ကာ အောက်ဘက်သို့ ငုံ့ချလိုက်သည်။

‎

‎

‎" ခရစ် "

‎

‎

‎တစ်ခုတည်းသော လှုပ်ရှားမှုဖြင့် သူက ဖုတ်ကောင်ရဲ့ဦးခေါင်းကို ခွဲထုတ်လိုက်တယ်။ အမြုတေကိုရှာဖွေရန်အတွက် ဓားကို အသုံးပြု၍ ပုပ်နေသောဦးနှောက်ကို ထိုးဆွခဲ့သည်။ ဖုတ်ကောင် ဆယ့်ခြောက်ကောင်တွင် အမြုတေခုနစ်ခုသာ သူတွေ့ရှိခဲ့သည်။

‎

‎

‎သူရဲ့ခါးပတ်အိတ်ထဲတွင် အမြုတေများကို လုံခြုံအောင်ထားပြီးနောက်မှ ဓာတ်ဆီဆိုင်ဆီသို့ ပြန်ပြေးသွားခဲ့တယ်။ သူများတွေ နာရီဝက်လောက်ကြာမယ့် ခရီးမှာ သူကတော့ ဆယ်မိနစ်တောင် မကြာခဲ့ပါဘူး။

‎

‎

‎အံ့အားသင့်ဖွယ်အရှိန်ဖြင့် ရွေ့လျားသွားသောအခါတွင်တော့ သူ့ရဲ့ပုံသဏ္ဍာန်က မှုန်ဝါးသွားသည်။ သူက ပြေးနေရင်းနှင့် စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

‎

‎

‎တစ်ခါက စက်ရုံခရိုင်မှာ ဖုတ်ကောင်အဖြစ်ပြောင်းသွားတဲ့ အမျိုးသမီးတစ်ဦးကို သူတွေ့ခဲ့ဖူးတယ်။ ထိုအချိန်မှစ၍ သူမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းကို သိလိုက်ရသည်။ အကြောင်းအရင်းကတော့ သူမှာ အနက်ရောင်သွေးများဖုံးလွှမ်းနေသော သံအချွန်တစ်ခုကြောင့် အခြစ်ခံခဲ့ရတယ်။

‎

‎

‎ပထမကတော့ သူတော့ကံဆိုးပြီလို့ သူယုံကြည်ခဲ့တယ်။ အသိစိတ်မရှိသော ဘီလူးတစ်ကောင်အဖြစ်သို့ မပြောင်းသွားမီတွင်ပဲ သူ့ဘဝကိုအဆုံးသတ်ရန် ကြံစည်ခဲ့သည်။

‎

‎

‎

‎

‎

အခန်း-(၁၅၀)

‎

‎သူ့ရဲ့ခန္ဓာကိုယ်အပူချိန်က ကျဆင်းလာတဲ့အခါမှာတော့ အနည်းဆုံးတော့ ဗိုက်ပြည့်ပြီးမှ သေလိုက်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ ထို့ကြောင့် စစ်သား‌တွေပေးတဲ့ ရေနှင့်ရိက္ခာ အားလုံးကို အပြီးတိုင် ဖြတ်တောက်လိုက်သည်။

‎

‎

‎မျှော်လင့်ထားသလိုမဟုတ်ဘဲ တစ်ညလုံး အဖျားကြီးပြီး နောက်တစ်နေ့မနက်တွင်တော့ အိပ်ရာက နိုးလာပြီး ခန္ဓာကိုယ်ကလည်းလုံးဝပုံမှန်ပါပဲ။ ဒါတင်မကဘဲ မျက်လုံးရဲ့အမြင်အာရုံနှင့် ခန္ဓာကိုယ်ရဲ့ခွန်အားကလည်း သိသိသာသာ တိုးတက်လာပါတယ်။

‎

‎

‎ထိုအချိန်မှာပဲ သူ့စွမ်းရည်က နိုးထလာခဲ့ပြီဆိုတာကို သိလိုက်ရတယ်။ ပြီးတော့ အမြန်နှုန်းအမျိုးအစား စွမ်းရည်ပါ ထပ်မံပေါင်းစပ်သွားတာကြောင့် အခုဆို စွမ်းရည်သုံးမျိူးနှင့် စွမ်းရည်အသုံးပြုသူတစ်ဦး ဖြစ်လာသည်။ အဲဒီအချက်ကပဲ သူ ဤကဲ့သို့အန္တရာယ်များသော နယ်မြေတွင် တစ်ကိုယ်တည်း အမဲလိုက်ရန် ရဲရင့်နေရသည့် အကြောင်းရင်းခံဖြစ်သည်။

‎

‎

‎ဓာတ်ဆီဆိုင်ကို ပြန်ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဖုတ်ကောင်တွေကို သတ်မယ့်အစား စကားစမြည်ပြောနေကြတဲ့ လူတစ်စုကို သတိထားမိလိုက်သည်။ သိချင်စိတ်အပြည့်ဖြင့် သူကလျှောက်သွားပြီး "အစ်ကို ဘာဖြစ်နေတာလဲ ၊ ဘာလို့ ဖုတ်ကောင်တွေကို မသတ်ကြတာလဲ"လို့ မေးလိုက်တယ်။

‎

‎

‎သူ့မေးခွန်းကိုကြားတော့ သူတို့ထဲက တစ်ယောက်ကပြန်ဖြေလာတယ် "စွမ်းရည်အသုံးပြုသူတစ်ယောက်က သူ့ရဲ့စွမ်းရည်ကိုပြသပြီး အလုပ်ရှုပ်နေတဲ့အချိန်မှာ ဖုတ်ကောင်တွေကို ငါတို့က ဘယ်လိုလုပ်ပြီးသတ်နိုင်မှာလဲ"

‎

‎

‎"ဘယ်သူလဲ"လို့ လူငယ်က စိတ်ဝင်တစားဖြင့် မေးလိုက်တယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူက လမ်းမကြီးဆီသို့ ညွှန်ပြပြီးပြောလာတယ် "ဒီလူက စွမ်းအားကြီးတဲ့လူရဲ့အဖွဲ့ထဲက တစ်ယောက်လို့တော့ ငါကြားတယ်"

‎

‎

‎လူငယ်က မေးခွန်းတွေထပ်မမေးခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်တယ်။ လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က သူ့ကို မကျေမနပ်နဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။

‎

‎

‎"လင်းဖေး မင်းဘယ်သွား နေတာလဲ" လို့ သူမကမေးလာသည်။

‎

‎

လင်းဖေးက ‎မျက်ခုံးပင့်လိုက်ပြီးပြန်ဖြေသည် "ဗိုက်နာလို့ အိမ်သာသွားတာ။ ဘာဖြစ်လို့လဲ ၊ မင်းက ငါ့နှင့်ပူးပေါင်းချင်လို့လား"

‎

‎

‎အမျိုးသမီးက မျက်မှောင်ကြုတ်ကာမေးတယ် "လင်းဖေး၊ မင်းရဲ့ သဘောထားက ဘယ်လိုလုပ်ပြီး ပြောင်းသွားရတာလဲ ၊ ဖုတ်ကောင်တွေကို အတူတူသတ်ဖို့ ငါတို့ သဘောတူခဲ့တာ မဟုတ်ဘူးလား"

‎

‎

‎"အဖွဲ့ထဲမှာက လူတွေအများကြီးရှိတာပဲကို လူတစ်ယောက်ဆုံးရှုံးလိုက်ရတာက ဘာထူးခြားသွားမှာမဟုတ်ဘူးမလား" လင်းဖေးက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

‎

‎

‎"လင်ဖေး၊ မင်းဒီလိုပဲ ဆက်လုပ်နေရင်

‎ မန်နေဂျာဝမ်က မင်းကို အဖွဲ့ထဲကထုတ်လိုက်တာနဲ့ ငါလည်း မင်းကို ကူညီနိုင်မှာ မဟုတ်တော့ဘူး" လို့ အမျိုးသမီးက ဒေါသတကြီးဖြင့် အရိပ်အမြွက်ပြောလာတယ်။

‎

‎

‎လင်းဖေးက သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ "စုလင်၊ ငါတို့လမ်းခွဲရအောင်" ပြောလိုက်တယ်။

‎

‎

‎သူ့စကားကိုကြားသောအခါ မယုံနိုင်ဖြစ်သွားတဲ့ စုလင်ရဲ့မျက်လုံးများက ပြူးကျယ်သွားသည်။ သူမက သူ့လက် မောင်းကိုဆွဲပြီး "လင်းဖေး နင်ဘာကိုဆိုလိုတာလဲ ၊ ငါမင်းအတွက်အကုန်လုပ်ပေးပြီးတော့မှ မင်းကငါ့ကိုလမ်းခွဲချင်နေတာလား"လို့ မေးလာတယ်။

‎

‎

‎လင်းဖေးက သူမလက်ကို တွန်းဖယ်လိုက်ပြီး "စုလင်၊ ငါ့နောက်ကွယ်မှာ မင်းဘာတွေလုပ်နေလဲဆိုတာကို ငါမသိဘူးထင်နေတာလား။ မင်းရဲ့ညစ်ပတ်တဲ့ အကြောင်းအရာတွေကို ထုတ်မပြောစေချင်ရင် ငါ့ကို လာမရှုပ်နဲ့"

‎

‎

‎မထွက်သွားခင်မှာ သူကဆက်ပြောခဲ့သေးတယ် "အဲဒီအဘိုးကြီးကို ကျေနပ်စေချင်ရင်တော့ ဒါက မင်းရဲ့ရွေးချယ်မှုပဲ၊ ဒါပေမယ့် ငါ့ကိုတော့ မင်းရဲ့ခြေနင်းကျောက်အဖြစ် သုံးနိုင်မယ်လို့တော့ တွေးမနေနဲ့"

‎

‎

‎သူ့ရဲ့စကားတွေကြောင့် စုလင်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့နောက်ကျောကို စိုက်ကြည့်နေမိသည်။ မန်နေဂျာဝမ် နှင့် တွေ့တိုင်း သူမက အမြဲသတိထားနေခဲ့တယ်။ဒါကို လင်းဖေးက ဘယ်လိုလုပ်ပြီးသိတာလဲ။

‎

‎

‎ထွက်လာပြီးနောက်မှာတော့ လင်းဖေးက ကြွားဝါနေသူကို ကြည့်ရန်အတွက် လမ်းမကြီးဆီသို့ သွားလိုက်သည်။ မသွားရောက်ခင်မှာတောင် ဖုတ်ကောင်တွေရဲ့ဟောက်သံကို သူကြားနေရပါပြီ။

‎

‎

‎"ဘုန်းး"

‎

‎

‎ကျယ်လောင်သောအသံကိုကြားတော့ သူက မျက်မှောင်ကြုတ်ကာ အရှိန်ကိုမြှင့်လိုက်တယ်။ ရက်အတော်ကြာ စောင့်ကြည့်ပြီးနောက်တော့ ထိုသို့သောဆူညံသံက ဖုတ်ကောင်များကို ပို၍ဆွဲဆောင်နိုင်တာကို သူသိခဲ့တယ်။

‎

‎

‎"အဲဒီလူက ဦးနှောက်မရှိဘူးလား" လို့ မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

‎

‎

တစ်ကယ့်အခြေအနေကို မြင်လိုက်ရသောအခါတွင်တော့ စကားမပြောနိုင်ဖြစ်သွားတယ်။ ဟန်ဂျီယင်းက ရှေ့တန်းရှိ ဖုတ်ကောင်တွေကို သစ်သားဘောလုံးတွေနှင့်ပစ်ပေါက်ပြီး ခေါင်းကို ရိုက်တယ်။

‎

‎

‎သစ်သားဘောလုံးတွေ ဖုတ်ကောင်များကို သတ်နိုင်ပေမယ့်လည်း ဦးနှောက်တွေကို ဖျက်စီးနိုင်ဖို့အတွက်ကတော့ ကြိမ်ဖန်များစွာ ရိုက်ယူရသည်။

‎

‎

‎သစ်သားဘောလုံးများက လမ်းတစ်လျှောက် ပြန့်ကျဲနေပြီး လွဲချော်သွားသော တိုက်ခိုက်မှုများကြောင့် လမ်းက အက်ကွဲကာ ပျက်စီးနေသည်။ သူတို့သာ ထွက်သွားဖို့လုပ်ရင် နောက်မှ တခြားလမ်းကို ရှာရမှာလား။

‎

‎

‎လင်းဖေးက ဟန်ဂျီယင်းအား တိတ်တဆိတ်ဝေဖန်နေချိန်တွင် ဝေယင်းကတော့ သူရဲ့နှာတံကို ဖိလိုက်တယ်။ ဟန်ဂျီယင်းရဲ့ တိုက်ပွဲကို ကြည့်ပြီး သူခေါင်းကိုက်သွားသည်။

‎

‎

‎ပိုင်ရီကျီးရဲ့အဖွဲ့မှလူတိုင်းက မထက်မြက်ကြရင်တောင် အနည်းဆုံးတော့ သူတို့ရဲ့ခေါင်းဆောင်လိုပဲ အရည်အချင်းပြည့်ဝကြလိမ့်မည်လို့ သူထင်ခဲ့တယ်။ သို့သော် သူတို့ကို သေသေချာချာ လေ့လာကြည့်ပြီးနောက်တော့မှ ချူကျိမြောင်က ရေထုတ်နည်းကိုသာ သိရုံမျှဖြစ်ပြီး တိုက်ပွဲတွင်တော့ သူမကဲ့စွမ်းရည်ကို အသုံးမချနိုင်ကြောင်း သူသဘောပေါက်သွားသည်။

‎

‎

‎ဟန်ဂျီယင်း ကတော့ ရန်သူ ၁၀၀၀ ကို ချေမှုန်းဖို့ စစ်သား ၈၀၀ ကို စတေးပစ်တဲ့ အမျိုးအစားပါ။ ထိရောက်မှုမရှိသော တိုက်ခိုက်မှုများဖြင့် သူရဲ့စွမ်းအင်ကို ဖြုန်းတီးနေရုံသာမကဘဲ သူရဲ့စွမ်းရည်ကိုလည်း အလွန်အမင်း အားကိုးနေသည်။

‎

‎

‎ပိုင်ရီကျီးရဲ့အဖွဲ့တွင် လီယောင် တစ်ဦးတည်းကသာ သင့်တော်သော တိုက်ခိုက်နိုင်စွမ်းရှိသည်။ အခြားသော ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူများနှင့် နှိုင်းယှဉ်ပါက သူက ပိုသန်မာသည်။ လီယောင် ပြောခဲ့တဲ့အတိုင်းဆို သူက အဆင့်တစ်ဖြစ်နေသင့်ပြီ။ ဟန်ချက်မညီသောအသင်းနှင့်အတူ အားကောင်းသောရန်သူများကို ရင်ဆိုင်ရသောအခါတွင်တော့ သူတို့က သေချာပေါက် ရှုံးနိမ့်မည်ဖြစ်သည်။

‎

‎

‎ဝေယင်းက အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေစဉ်တွင် ပိုင်ရီကျီးကလည်း ထိုနည်းလည်းကောင်းပင်။ ဟန်ဂျီယင်းကို တစ်ပတ်ကျော် စောင့်ကြည့်နေခဲ့တယ်။ ယခုတော့ သူ့အား အစွမ်းကုန်ထုတ်ပြလာတာကို မြင်လိုက်ရသောအခါမှာတော့ ကျန်းနင်မြို့ကို ရောက်တာနှင့် သူ့ကို အသင်းမှ ထုတ်ပစ်ရန် အကြံထုတ်လိုက်သည်။

‎

‎

‎ထိုဆုံးဖြတ်ချက်ချပြီးတာနဲ့ သူ့အကြည့်တွေက ရုန်မိုအာ နှင့် ကုရှကျယ်ဆီကို ပြောင်းသွားတယ်။ သူတို့တွင် လူနှစ်ဦးသာရှိသော်လည်း ဖုတ်ကောင်ပေါင်း သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

‎

‎

‎သူတို့ရဲ့ တိုက်ခိုက်မှုပုံစံများက သမားရိုးကျမဟုတ်သော်လည်း ထိရောက်မှုရှိသည်။ သူတို့က မြေပြင်နှင့် ပတ်ဝန်းကျင်ကို ကောင်းစွာအသုံးချတတ်ကြတယ်။ သူတို့ကို သူ့က်ုသာ အဖွဲ့ထဲကိုဖိတ်ခေါ်နိုင်ရင် သူ့အဖွဲ့ရဲ့ အလုံးစုံ အင်အားကို တိုးတက်စေနိုင်သည်။

‎

‎

‎"ဘုန်းးး"

‎

‎

‎ဘေ့စ်ဘောအရွယ် မီးလုံးတစ်လုံးက ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထိမှန်ကာ မီးတောက်လောင်သွားသည်။

‎

‎

‎"ရားးးး"

‎

‎

‎ဖုတ်ကောင်က ဟိန်းဟောက်ပြီး ရုန်မိုအာကို တိုက်ခိုက်လိုက်တယ်။ ချွန်ထက်သောလက်သည်းတွေက သူမထံသို့မရောက်လာမီတွင်ပဲ ကုရှကျယ်က ဘေးမှပေါ်လာပြီး ဖုတ်ကောင်ရဲ့ ဦးခေါင်းအနောက်ဘက်သို့ ဓားမြှောင်နှင့်ထိုးချလိုက်သည်။

‎

‎

ရုန်မိုအာက ‎ဒါကိုမြင်တော့ သူမရဲ့ လက်ဖဝါးကို လက်သီးပုံစံဆုပ်လိုက်ပြီးတာနဲ့ ဖုတ်ကောင်ရဲ့ခေါင်းမှာ တောက်လောင်နေတဲ့ မီးတောက်တွေက ချက်ချင်း ငြိမ်းသွားသည်။

‎

‎

‎ကုရှကျယ်က ဖုတ်ကောင်ရဲ့ဦးခေါင်းထဲက ဓားမြှောင်ကို ဆွဲထုတ်ပြီး "မိုအာ၊ နောက်တစ်ကြိမ်ကြရင် သတိထားအုံး၊ ငါမင်းရဲ့မီးနှင့် ကင်ခံရလုနီးပါးဖြစ်နေပြီ" လို့ပြောလိုက်တယ်။

‎

‎

‎သူ့ရဲ့တိုင်တောချက်ကို လျစ်လျူရှုထားပြီး

အသက်ကိုပြင်းပြင်းရှူကာ ရုန်မိုအာက

‎ "ရှကျယ် အမြုတေကို စစ်ဆေးလိုက်" ဟုပြောသည်။

‎

‎

‎ဓားမြှောင်ကို အသုံးပြု၍ ကုရှကျယ်က ဖုတ်ကောင်ရဲ့ဦးခေါင်းကို ခွဲထုတ်ကာ"အမြုတေ မရှိဘူး" လို့ မပြောခင်မှာ ခဏလောက် ရှာဖွေခဲ့ပါသေးတယ်။

‎

‎

‎ဒါကိုကြားတော့ ရုန်မိုအာက သက်ပြင်းတစ်ချက်ချပြီး " အမြုတေတွေ ထွက်လာဖို့က မလွယ်ဘူးထင်တယ်" လို့ ပြောလိုက်တယ်။

All Chapters