← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း-(၁၄၅)

‎

နောက်ထပ်ဂိုဒေါင်တွင် အရေးပေါ်နှင့် လုံခြုံရေးဆိုင်ရာ အခြေခံပစ္စည်းများကို ထားရှိထားသည်။အရေးပေါ်ဆေးအိတ်များ၊ ပတ်တီးများ၊ အရိုးထိန်းကိရိယာများ၊ ပိတ်စများ၊ ပိုးသတ်ဆေးများ၊ ဓာတ်မီးများ၊ အရေးပေါ်ဖယောင်းတိုင်များ၊ ဆီမီးခွက်များ၊ တဲများ၊ မီးခြစ်များ၊ ဘက်ထရီများ၊ မီးသတ်ဆေးဘူးများ၊ တာဝါများ၊ အရေးပေါ်စောင်များနှင့် ဆိုလာစွမ်းအင်သုံး ဖုန်းအားသွင်းကိရိယာများကဲ့သို့သော အရေးပေါ်နှင့် ဘေးကင်းရေးဆိုင်ရာ လိုအပ်ချက်ပစ္စည်းများပါရှိသည်။

‎

‎

‎နောက်ဆုံး ဂိုဒေါင်နှစ်ခုတွင် မတူညီသော ထောက်ပံ့ရေးပစ္စည်းများကို သိမ်းဆည်းထားသည်။အိမ်သာသုံးပစ္စည်းများဖြစ်သော အိမ်သာသုံးစက္ကူ၊ လက်ဆေးရည်များ၊ အမှိုက်အိတ်များကို သိမ်းထားပြီး ၊ ၎င်းတို့နှင့်အတူ မိုးကာအင်္ကျီ၊ နေရောင်ကာခရင်မ်၊ ခရီးဆောင်အိတ်ယာနှင့် အင်းဆက်ပိုးမွှားသတ်ဆေးများ ပါဝင်သည်။

‎

‎

‎နောက်ဆုံးဂိုဒေါင်တွင်တော့ သန့်စင်စက်များ၊ အပူပေးစက်များနှင့် သို လှောင်စရာများကဲ့သို့သော ရေနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများပါရှိသည်။

‎

‎

‎အရာအားလုံးကို စုဆောင်းလို့ပြီးတဲ့ချိန်မှာတော့ နေမင်းကြီးက ကောင်းကင်ရဲ့ အတော်အမြင့်ကိုရောက်နေပါပြီ။ ကျင်းရွှီယန်းက သူ့လက်ကနာရီကို စစ်ကြည့်လိုက်ပြီး "ဆိုလာပြား စက်ရုံကို သွားရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎နတ်ဆိုးအဖွဲ့က ရိက္ခာများ စုဆောင်းရန် အလုပ်များနေချိန်တွင် လင်းယုန်အဖွဲ့သားတွေကတော့ ခေါင်းကိုက်နေကြပါပြီ။

‎

‎

‎စက်ရုံမှ ထွက်ခွာလာပြီးတာနဲ့ ယာယီ အသက်ရှင်ကျန်ရစ်သူစခန်း တည်ရှိရာ နယ်စပ်ဒေသဆီသို့ တိုက်ရိုက် သွားကြသည်။ ရိက္ခာများရှာဖွေရန်အတွက် ထွက်လာခဲ့ဖူးတဲ့ သူတို့ရဲ့ အတွေ့အကြုံများအပေါ် အခြေခံရရင်တော့ စခန်းဆီရောက်ဖို့ အနည်းဆုံး နာရီ ၄၀ နှင့် အနည်းဆုံး နာရီ ၆၀ ကြာသည်။

‎

‎

အသက်ရှင်ကျန်ရစ်သူများကို စခန်းဆီမှာ ထားခဲ့ပြီးတာနှင့်

‎ ပိုင်ရီကျီးတို့အဖွဲ့ကို ကျန်းနင်မြို့သို့ ပို့ဆောင်ရန် စီစဉ်ထားသည်။ သူ့ရဲ့အစီစဉ်ဟာ အသက်ရှင်ကျန်ရစ်သူတွေကြောင့် ပျက်သွားတယ်။

‎

‎

‎ယခုအချိန်တွင်တော့ သူတို့ဟာ ဓာတ်ဆီပြန်ဖြည့်ရန် လိုအပ်သောကြောင့် ဓာတ်ဆီဆိုင်တွင် အနားယူနေကြသည်။ နာရီကို ကြည့်လိုက်ပြီးတော့ ဝေယင်းက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်တယ်။ နာရီပေါင်း ၃၀ နီးပါး ခရီးထွက်ခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူစခန်းဆီသွားတဲ့ သူတို့ရဲ့ခရီးက သုံးပုံတစ်ပုံပင် မပြည့်ခဲ့ပေ။

‎

‎

မျက်နှာပေါ်တွင် အပြုံးများဖြင့် နေ့လယ်စာစားနေကြသော အသက်ရှင်ကျန်ရစ်သူများကို ‎သူတစ်ချက်ကြည့်လိုက်တယ်။ ခရီးထွက်ရသလိုမျိုး လေထုက အေးအေးဆေးဆေးဖြစ်ပြီး သူတို့ဘဝအတွက် ထွက်ပြေးနေသလိုမဖြစ်နေဘူး။

‎

‎

‎သူ့ဘေးမှာရပ်နေတဲ့ ပိုင်ရီကျီးက "ဗိုလ်ကြီးဝေ၊ အဲဒီလူတွေအတွက် အစီအစဉ်ရှိလား"လို့ မေးလာတယ်။

‎

‎

သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "သခင်လေးပိုင် မင်းမှာ အကြံဉာဏ်ရှိလား"ဟု ‎ဝေယင်းကပြန်မေးသည်။

‎

‎

‎"သူတို့ကို ဖုတ်ကောင်တွေ သတ်ခိုင်းတာက ပိုကောင်းမယ်ထင်တယ်။ သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ယူနိုင်တာ ပိုကောင်းတယ်။ ခင်ဗျားတို့အဖွဲ့က သူတို့ကို ဒီလိုမျိုးပဲ ဆက်ပြီးကာကွယ်နေမယ်ဆိုရင် သူတို့က ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး အနာဂတ်မှာလည်း ပြဿနာရှိလာနိုင်တယ်" လို့ ပိုင်ရီကျီးက သူ့အတွေးတွေကိုပြောပြလာတယ်။

‎

‎

‎ဝေယင်းက ခဏလောက်စဉ်းစားလိုက်ပြီးမှ

‎"သခင်လေးပိုင်၊ မင်းပြောတာမှန်တယ်။ ဒါပေမယ့်လည်း အရပ်သားတွေကို လေ့ကျင့်ပေးပြီး စည်းကမ်းလိုက်နာခိုင်းဖို့ ကလွယ်မှာမဟုတ်ဘူး" လို့ပြောလိုက်သည်။

‎

‎

‎ပိုင်ရီကျီးက ဝေယင်းကိုကြည့်ကာ "ဗိုလ်ကြီးဝေ၊ အဆုံးမှာဆိုရင် ဘယ်အရာတွေက အရေးကြီးဆုံးလို့ ထင်လဲ"လို့ မေးလာတယ်။

‎

‎

‎"ဆေးရယ် အစာနှင့် ရေရယ်ပဲဖြစ်ရမယ်"လို့ ဝေယင်းက သူထင်တာတွေကို အဖြေပြန်‌ပေးသည်။

‎

‎

‎ "ခင်ဗျားက သူတို့ကို အစာနှင့်ရေ အလကားမပေးဘဲ ဖုတ်ကောင်တစ်ကောင်ကိုသတ်ဖို့ ဆုလာဘ်တစ်ခုအနေနဲ့ အသုံးချလိုက်ရင် လူတချို့ကတော့ လုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဥပမာပေးလိုက်ရင် ပိုများလာလိမ့်မယ်"လို့ ပိုင်ရီကျီးက သူ့ရဲ့ အကြံကိုပြောပြသည်။

‎

‎

‎ဝေယင်းက မျက်ခုံးပင့်ကာ ခဏလောက်စဉ်းစားပြီးပြောလိုက်တယ် "တုတ်နှင့်သကြားလုံးနည်းဗျူဟာကိုသုံးတာက တကယ်ကောင်းတဲ့အဖြေပဲ။ မင်းရဲ့အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်"

‎

‎

ကျေးဇူးတင်စကား ပြောပြီးတာနှင့် အသက်ရှင်ကျန်ရစ်သူ တွေထံ လျှောက်သွားပြီး "လူငါးယောက်စီ အဖွဲ့ဖွဲ့ပြီး အမိန့်ကို စောင့်ပါ" ဟုပြောလိုက်သည်။

‎

‎

‎သူ့စကားကိုကြားတော့ အသက်ရှင်ကျန်ရစ်သူတွေက တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးစွာဖြင့် အပြန်အလှန် ကြည့်နေကြတယ်။ ခဏအကြာမှ သူတို့ထဲက တစ်ယောက်က "ဗိုလ်ကြီးဝေ၊ ငါတို့ကို ဘာလို့ အဖွဲ့ဖွဲ့ခိုင်းတာလဲ" လို့မေးလာတယ်။

‎

‎

‎သူ့ရဲ့စကားကို ဘယ်သူကမှ အလေးအနက်မထားတာကို မြင်လိုက်ရတော့ ဝေယင်းက ပိုင်ရီကျီးရဲ့ စကားနှင့် နတ်ဆိုးအဖွဲ့ ကပေးတဲ့ အချက်အလက်တွေကို တွေးပြီးပြောလိုက်တယ် "ရိက္ခာအကန့်အသတ်ကြောင့် ငါတို့က စားစရာတွေ ရေတွေ မပေးတော့ဘူး"

‎

‎

‎"အစားအစာ ဒါမှမဟုတ် ရေကို လိုချင်တဲ့သူတွေက အမြုတေ နှင့် လဲလှယ်လို့ရတယ်။ သတ္တုရေတစ်ပုလင်းနှင့် ဘီစကွတ်တစ်ဗူးကို အမြုတေတစ်ခုနှင့် လဲလှယ်နိုင်တယ်"

‎

‎

‎သူ့‌ပြောတဲ့စကားတွေကိုကြားသောအခါမှာတော့ အသက်ရှင်ကျန်ရစ်သူများက ဒေါသထွက်ပြီး အပြစ်သားတစ်ဦးလို သူ့ကိုကြည့်ကြသည်။

‎

‎

‎လင်းယုန်အဖွဲ့သားများ၊ ရုန်မိုအာ ၊ ကုရှကျယ် ၊ ပိုင်ရီကျီး တို့အဖွဲ့နှင့် နတ်ဆိုးအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းများ အားလုံးက သူတို့ရဲ့ တုံ့ပြန်မှုများကို မြင်ကြတယ်။

‎

‎

အသက်ရှင်ကျန်ရစ်သူများက သူတို့ရသင့်ရထိုက်တယ်လို့ ထင်ကြတဲ့ အကာအကွယ်နှင့် ရိက္ခာပစ္စည်းများကို စစ်သားတွေတို့ထံမှ မည်သို့တောင်းရမယ်ကို တွေးတောနေချိန်တွင် စစ်သားများက လမ်းလျှောက်လာပြ ဝေယင်းရဲ့အနောက်တွင် ရပ်လိုက်ကြသည်။

‎

‎

‎ဒါကိုမြင်တော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ ပေါ်လာတယ်။ စစ်သားတွေရဲ့ အကာအကွယ်ကို ခံစားပြီး ဗိုက်ပြည့်ပြည့်နှင့် နေချင်ကြတယ်။ ဒါပေမယ့်လည်း သူတို့က ဖုတ်ကောင်တွေကို တိုက်ခိုက်ဖို့တော့ မရဲကြဘူး။

‎

‎

‎အစာနှင့်ရေ မရတော့ဘူးလို့ ပြောလာတော့ သူတို့က ဒေါသဖြစ်သွားကြတယ်။

‎

‎

‎အန်တီဝမ်က သူ့တင်ပါးကို လက်နှစ်ဖက်ထောက်ပြီး မတ်တပ်ထရပ်ကာပြောလာတယ် "ရဲဘော်၊ ရိက္ခာနှင့် ရေတွေ အများကြီးကျန်နေသေးတာကို ငါမြင်တယ်။ ရိက္ခာတွေက မလုံလောက်ဘူးဆိုပြီး ဘယ်လိုလုပ်ပြောထွက်ရတာလဲ ၊ လူတိုင်းက မျက်မမြင်တွေလို့ မင်းက ထင်နေတာလား"

‎

‎

‎"ဒီအဒေါ်ပြောတာ မှန်ပတယ်။ ရဲဘော်၊ အဲဒီပစ္စည်းတွေက စက်ရုံတွေကနေလာတာ စက်ရုံအလုပ်သမားတွေဖြစ်တဲ့ ငါတို့ကို ရိက္ခာတွေ ဖြတ်တောက်လို့မရသလို ဒီဘီလူးတွေကို သတ်ဖို့ ပြောတာလည်း မရဘူး။ မင်းတို့က စစ်သားတွေပဲ အဲဒီဘီလူးတွေကို သတ်ပြီး ငါတို့အရပ်သားတွေကို ကာကွယ်ဖို့က မင်းတို့တာဝန်ပဲ" ဟု အဖိုးအိုက မျက်မှောင်ကြုတ်ကာ ထပ်ပြောသည်။

‎

‎

အရှေ့ကလူတွေရဲ့ ဥပမာတွေကို လိုက်ပြီး ကျန်တဲ့သူတွေကလည်း ဝေဖန်ပြောဆိုလာကြတယ်။ သူတို့ကတော့ ဖြောင့်ဖတ်လွန်းကြသူများဖြစ်ပြီး ဝေယင်းကိုတော့ လူဆိုးကြီးအဖြစ်သို့ပို့ကာ အပြစ်ပြောဆိုကြတယ်။

‎

‎

‎ဝေယင်းက သူတို့ရဲ့အသုံးအနှုန်းများနှင့် စကားများကို သတိပြုမိသည်။ "အသစ်ရှင်ကျန်ရစ်သူစခန်းမှာ ဒီပစ္စည်းတွေပြန်ပို့လာဖို့ကို စောင့်နေတဲ့လူတွေ ထောင်ချီရှိတယ် ၊ ငါက မင်းတို့ကိုစိတ်ကျေနပ်အောင် စားသောက်ခွင့်ပေးလိုက်ရင် အဲဒီလူတွေကကော" လို့ ပြန်မပြောခင်မှာ လူတိုင်းပြောပြီးတဲ့အထိ စောင့်ခဲ့ပါတယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများကတော့ ထိုလူများ ဖြစ်ပျက်သမျှဟာ သူတို့စိုးရိမ်စရာမဟုတ်ဟု ထင်ကြသော်လည်း မည်သူကမျှ သူတို့ရဲ့ အတွေးများကို ကျယ်လောင်စွာ မပြောဝံ့ကြပေ။ ဒီလိုနဲ့ပဲ ဒီအချိန်မှာ နေရာတစ်ခုလုံးမှာ တိတ်ဆိတ်သွားကြတယ်။

‎

‎

သူတို့က ‎ဖုတ်ကောင်တွေကို တိုက်ဖို့ရာ တွန့်ဆုတ်နေတာကို သတိပြုမိတော့ ဝေယင်းကပြောလိုက်တယ် "မင်းတို့အတွက် မတရားဘူးလို့ ခံစားနေရရင် မင်းတို့ကထွက်သွားဖို့ ရွေးချယ်နိုင်တယ်။ ရိက္ခာနှင့် ရေတွေ ပေးလ်ိုက်မယ်။ ပြီးရင်တော့ မင်းတို့က မင်းတို့ရဲ့လမ်းကိုဆက်လျှောက်နိုင်တယ်။ အဲဒီအခါကြရင်တော့ ငါတို့ပြောတဲ့စကားတွေကို မင်းတို့နားထောင်စရာ မလိုတော့ဘဲ မင်းစိတ်တိုင်းကျလည်း စားလို့ရတယ်"

‎

‎

‎"ရဲဘော် ၊ မင်း ငါတို့ကို နောက်နေတာလား" သူတို့ထဲက တစ်ယောက်က သူ့စကားကိုကြားတော့ မယုံကြည်နိုင်စွာ မေးတယ်။

‎

‎

‎

‎

‎

အခန်း-(၁၄၆)

‎

‎ဝေယင်းက မဖြေခင်မှာပဲ ချူကျိမြောင်က "မင်းတို့အားလုံးက ညည်းညူပြီး တောင်းဆိုနေဖို့ကိုပဲ သိတယ်။လက်ရှိအခြေအနေမှာမပြောနဲ့ အေးချမ်းတဲ့ခေတ်မှာဆိုရင်တောင် မင်းတို့က စားသောက်စားရိတ် ပေးနေရအုန်းမှာပဲ"

‎

‎

‎"အဲဒီ ရိက္ခာတွေရဖို့အတွက် စစ်သားတွေက ဘယ်လောက်‌ေတာင်ပေးဆပ်ခဲ့ရလဲ သိလား။ သူတို့က အသက်နှင့်ရင်းပြီး စွန့်စားနေကြရတာ။ ကိုယ့်စားဖို့တောင် မစွန့်စားချင်ကြတဲ့မင်းတို့ကိုကျွေးမွေးဖို့ ဘာမျက်နှာနှင့် သူတို့ကို တောင်းဆိုတာလဲ"

‎

‎

‎အန်တီဝမ်က သူမကို ဆုံးမလာတာကြောက့် မကျေမနပ်ဖြစ်ပြီး မျက်နှာပျက်သွားသလို ခံစားရတယ်။ ဒါနဲ့ သူမက "သမီးလေး၊ မင်းဘာသိလို့လဲ ငါတို့က-"

‎

‎

‎ဒါပေမယ့် သူမစကားမပြီးခင်မှာပဲ

‎ချူကျိမြောင်က သူမကို ဖြတ်ပြောလိုက်တယ် "ငါတို့သူငယ်ချင်းက ရိက္ခာသွားယူတုန်းက သေသွားတဲ့အတွက် ငါကောင်းကောင်းသိတယ်"

‎

‎

‎လော့ကျင်း သေဆုံးတာကို ကြည့်ပြီး သူမ ဘယ်လောက်တောင် အားကိုးရာမဲ့ ဖြစ်ခဲ့လဲဆိုတာကို တွေးရင်း "ဘာမှမသိတဲ့ သူတွေက နင်တို့အားလုံးပဲ" လို့ ပြောရင်း မျက်လုံးတွေကနီရဲလာခဲ့တယ်။

‎

‎"ဘာမှမလုပ်ပဲ သူများဆီက အကာအကွယ်ခံဖို့ပဲမျှော်လင့်နေကြတဲ့ နင်တို့က ဘာအခွင့်အရေးနဲ့ ဒီလိုအရှက်မရှိ တောင်းဆိုနေကြတာလဲ။ နငါတို့အားလုံးဟာ ဝန်ထုတ်ဝန်ပိုးတွေပဲ။ နင်တို့တွေကြောင့် ငါတို့အဖွဲ့တွေ ဒုက္ခမရောက်ခင် ပစ္စည်းတစ်ချို့ယူပြီး ထွက်သွားကြတာက ပိုကောင်းတယ်"

‎

‎

‎အန်တီဝမ်က အလွန်ဒေါသထွက်သွားသဖြင့် ချူကျိမြောင် ကို လက်ညှိုးထိုးပြီး "မင်း၊ မင်း-"ဟု သာ ပြောနိုင်တော့တယ်။

‎

‎

‎ချူကျိမြောင်ရဲ့ စကားတွေကိုကြားတော့ အသက်ရှင်ကျန်ရစ်သူအများစုမှာ ရှက်ရွံ့ကြပြီး သူတို့ရဲ့အပြုအမူအပေါ် ဆင်ခြင်သုံးသပ်ကြသည်။ ကျန်တဲ့သူတွေကတော့ ဒေါသတွေထွက်နေပြီး သူတို့ ဘာအမှားမှမလုပ်မိဘူးလို့ပဒ ခံစားနေရတယ်။

‎

‎

အစ်မဝမ်းက မတ်တပ်ထရပ်ပြီး "ဗိုလ်ကြီးဝေ၊ ကျွန်မတို့က လူငါးယောက်နှင့် အဖွဲ့ဖွဲ့ရမှာလား" လို့မေးတယ်။

‎

‎

‎ဝေယင်းက ခဏလောက်စဉ်းစားလိုက်ပြီး‌ပြန်ဖြေတယ် "မင်းတို့အုပ်စုမှာ လူငါးယောက်ထက်နည်းတာလည်း ရှိနိုင်တယ်။ မင်းတို့ရဲ့ဘေးကင်းရေးအတွက် ငါးယောက်အဖွဲ့ဖွဲ့ခိုင်းလိုက်တာ"

‎

‎

‎"မင်းတို့ရဲ့အဖွဲ့ထဲမှာ လူပိုများလာရင် ဖုတ်ကောင်တွေကို တိုက်ခိုက်ရင်း ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးနိုင်ခြေက နည်းသွားလိမ့်မယ်"

‎

‎

‎"ဒါပေမယ့် မင်းတို့ရဲ့ အရည်အချင်းနှင့် ခွန်အားကို ယုံကြည်မှုရှိတယ်ဆိုရင် ဖုတ်ကောင်တွေကို မင်းတို့ကိုယ်တိုင်သတ်နိုင်တယ်။ ငါတို့အဖွဲ့က မင်းတို့အသင်းဖွဲ့တာ ဒါမှမဟုတ် ဆုလာဘ်တွေကို ခွဲဝေတာမျိူးတွေကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး"

‎

‎

‎သူ့စကားကိုကြားတော့ လူတိုင်းက စွမ်းရည်နိုးထနိုင်ပြီးတဲ့သူတွေကို မြန်မြန်ကြည့်လိုက်ကြတယ်။ အစ်မဝမ်းက ခေါင်းညိတ်ပြီး “နားလည်ပြီ”လို့ ပြန်ဖြေလိုက်သည်။။

‎

‎

‎

‎

‎သူမ ပြန်ထိုင်လိုက်တဲ့အချိန်မှာပဲ ရှောင်ဂျူးက "အစ်မဝမ်း မင်းရဲ့အဖွဲ့ထဲဝင်လို့ရမလား" လို့ မေးလာတယ်။

‎

‎

အစ်မဝမ်းက ခေါင်းညိတ်ပြီးပြန်ဖြေတယ် “ရပါတယ်”

‎

‎

‎“အစ်မဝမ်း ကျွန်တော်လည်း မင်းရဲ့အဖွဲ့ထဲ ဝင်ချင်တယ်” ဟု လူငယ်တစ်ဦးကလာ ပြောလာသည်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎" ဝမ်ဂျီယဲ မင်းရဲ့အဒေါ်နဲ့ မလိုက်သွားဘူးလား" လို့ ရှောင်ဂျူးက မေးတယ်။

‎

‎

‎"ကျွန်တော်က နောက်ထပ် ရက်အနည်းငယ် အသက်ရှင်ချင်ပါသေးတယ်။ နောက်ပြီး ကျွန်တော့်အဒေါ်နှင့် ဆက်ဆံရေးက ဘယ်လောက်ဆိုးနေလဲဆိုတာကို မသိဘူးလား" လို့ ဝမ်ဂျီယဲက နှာမှုတ်ပြီး ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ ငါတို့ကသုံးယောက်အဖွဲ့ဖွဲ့မယ်" အစ်မဝမ်း ပြုံးပြုံးလေးပြောသည်။

‎

‎

‎သူတို့သုံးယောက်က သူတို့ရဲ့အစီအစဉ်ကို ဆွေးနွေးနေကြချိန်မှာ ချူကျိမြောင်က ‎ရုန်မိုအာကိုကြည့်ပြီး "ဂျူနီယာရုန်၊

‎စီနီယာကု၊ မင်းတို့နှစ်ယောက်ကော၊ ငါတို့အဖွဲ့ထဲဝင်ချင်လား"လို့ မေးလိုက်တယ်။

‎

‎

‎ကုရှကျယ်က ပိုင်ရီကျီး နှင့် ဟန်ဂျီယင်းကို လှမ်းကြည့်လိုက်ပြီးမှ "မင်းရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မိုအာ နှင့် ငါက အုပ်စုကြီးတွေနှင့် အတူတိုက်ခိုက်ဖို့က မရင်းနှီးဘူး" လို့ ပြောလိုက်သည်။

‎

‎

‎သူတို့ငြင်းတာကိုကြားတော့ ချူကျိမြောင်က အတင်းအကျပ်မလုပ်ဘဲ " မင်းတို့စိတ်ပြောင်းသွားရင် ငါကိုကို လာရှာလို့ရတယ်" လို့ပြောခဲ့တယ်။

‎

‎

‎ပိုင်ရီကျီးက ကုရှကျယ် ကို ခဏလောက်ကြည့်ပြီးမှ " မြောင်မြောင် ၊ သွားရအောင် " လို့ ပြောလာတယ်။

‎

‎

‎သူတို့အဖွဲ့ ထွက်သွားပြီးနောက်မှ ရုန်မိုအာက "ရှကျယ်၊ ဘာလို့ စီနီယာပိုင်ရဲ့ အဖွဲ့ကိုမ၀င်ချင်တာလဲ" ဟု မေးလိုက်သည်။

‎

‎

‎ကုရှကျယ်က မျက်ခုံးကိုပင့်လိုက်ပြီး "မိုအာ ၊ သူတို့အဖွဲ့က အားကောင်းတယ်လို့ မင်းထင်လား" လို့ မေးလာတယ်။

‎

‎

‎

‎ရုန်မိုအာက ခေါင်းညိတ်ပြီး ပြန်ဖြေသည် "အင်း ၊ စီနီယာလီယောင်က လက်သီးနှင့်ထိုးလိုက်တော့ ဆရာချောင်ကလွှတ်ထွက်သွားတာကို မြင်လိုက်တယ်"

‎

‎

‎ကုရှကျယ်က ခေါင်းညိတ်ပြီး "ဒါဆို ပိုင်ရီကျီးကရော ပိုင် မိသားစုရဲ့ သခင်ငယ်လေးတစ်ယောက်ဆိုတာကို မင်းသိလား"လို့ ထပ်မေးသည်။

‎

‎

‎ဒီတစ်ခါမှာတော့ ရုန်မိုအာက ခေါင်းခါသည်။ သူမ တက္ကသိုလ်စတက်လို့ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားသောအခါမှာပဲ ကမ္ဘာကြီးက ငရဲအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ပိုင်ရီကျီးရဲ့ မိသားစုနောက်ခံအကြောင်းကို သူမက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။

‎

‎

‎ကုရှကျယ်က သူမရဲ့နှာခေါင်းကို ညှစ်လိုက်ပြီး " ငွေဇွန်းကိုက်ပြီး မွေးလာတဲ့ သူတစ်ယောက်အနေနဲ့ သူက မာနကြီးလွန်းပြီး ကိုယ်ကိုကိုယ်လည်း အထင်ကြီးလွန်းတယ်" လို့ ရှင်းပြလိုက်တယ်။

‎

‎

‎"တကယ်လို့ ငါတို့က အေးချမ်းတဲ့ခေတ်မှာဆိုရင် သူ့ရဲ့အကျင့်စရိုက်က အဆင်ပြေတယ်။ ဒါပေမယ့် မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကတောင် မင်းရဲ့အသက်ကို ဆုံးရှုံးစေနိုင်တဲ့ ငါတို့ရဲ့ လက်ရှိအခြေအနေမှာဆို သူ့ရဲ့ မောက်မာမှုက ဆိုးရွားတဲ့ ချို့ယွင်းချက်တစ်ခုပဲ"

‎

‎

‎"အဲဒီလို အစွမ်းထက်တဲ့ လျှပ်စီးအမျိုးအစား စွမ်းရည်နှင့်ဆို သူက တခြားသူတွေထက် ပိုသန်မာတယ်လို့ ထင်ပြီး ပိုသန်မာတဲ့ ပြိုင်ဘက်တွေကို စိန်ခေါ်လိမ့်မယ်။ သူ့ရဲ့မာနက သူ့ကို နောက်ဆုတ်ဖို့ ဒါမှမဟုတ် လွတ်မြောက်ဖို့ ခွင့်ပြုမှာမဟုတမဘူး"

‎

‎

‎"ပြီးတော့ သူ့အဖွဲ့မှာ လူနှစ်ယောက် ပျောက်နေတာကို သတိထားမိလား။ အခုသာ မင်း သူ့နောက်ကိုလိုက်မယ်ဆိုရင် မင်းရဲ့ ရှင်သန်နိုင်ခြေက ပိုများမယ်ထင်လား ဒါမှမဟုတ် နိမ့်မယ် ထင်လား။

‎

‎

‎ရုန်မိုအာက တွေးကြည့်လိုက်သောအခါမှ ပိုင်ရီကျီးတို့အဖွဲ့တွင် အဖွဲ့ဝင်နှစ်ယောက် အမှန်တကယ်ပျောက်ဆုံးနေမှန်း သူမသိလိုက်သည်။ သူတို့ ဘာဖြစ်သွားမလဲဆိုတာကို တွေးကြည့်ရုံနဲ့ သူမရဲ့တစ်ကိုယ်လုံး တုန်ယင်သွားတယ်။

‎

‎

‎သူမက ကုရှကျယ်ရဲ့လက်မောင်းကို ကိုင်လ်ိုက်ပြီး " ပညာရှိကြီးကု ဖြစ်နေတုန်းပဲ" လို့ ပြောလိုက်သည်။

‎

‎

‎ကုရှကျယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "အနာဂတ်မှာ၊ အခြေအနေတိုင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဖြစ်နိုင်ခြေအားလုံး ထည့်သွင်းစဉ်းစားရမယ်။ လူတွေရဲ့ စကားကို မျက်စိမှိတ်မယုံနဲ့ ၊ အရာရာတိုင်းကို သူတို့ရဲ့ ပေါ်ယံကိုကြည့်ပြီးမဆုံးဖြတ်နဲ့"

‎

‎

‎သူ့ရဲ့စကားကိုကြားတော့ ရုန်မိုအာကပြုံးပြီး ပြန်ပြောတယ် "မင်းပြောတာ ငါနားထောင်မယ်။ ဒါပေမယ့် မင်းရဲ့အနားမှာဆို ဘယ်သူကမှ ငါ့ကို အခွင့်ကောင်းမယူနိုင်ဘူးဆိုတာ သေချာတယ်"

‎

‎

‎ကုရှကျယ်က သူမရဲ့ခေါင်းကို ညင်ညင်သာသာခေါက်လိုက်ပြီး "ငါ မင်းရဲ့အနားမှာ ထာဝရနေနိုင်မှာ မဟုတ်ဘူး။ တစ်ခါတလေမှာ လူတွေက ဖုတ်ကောင်တွေထက် ပိုကြောက်စရာကောင်းတယ်။ ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သင်ယူရမယ်"

‎

‎

‎ရုန်မိုအာက သူမရဲ့နဖူးကို ပွတ်လိုက်သော်လည်း ဘာမှမပြန်ပြောပေ။ တစ်နေ့‌တော့ သူထွက်သွားမယ်ဆိုတာ သူမသိတယ်။

‎

‎

‎သူမတို့က အဖွဲ့တစ်ဖွဲ့ဖြစ်ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် သိတာက ရက်အနည်းငယ်ပဲ ရှိပါသေးတယ်။ သူသာ ထွက်သွားဖို့ ဆုံးဖြတ်ပြီးရင် သူ့မှာနေစရာ ဘာအကြောင်းမှရှိမှာမဟုတ်ဘူး။

‎

‎

‎တစ်နာရီကြာပြီးတဲ့နောက်မှာတော့ ဝေယင်းက အသက်ရှင်ကျန်ရစ်သူအုပ်စုတစ်စုရဲ့အရှေ့တွင်ရပ်ကာ သူတို့ကိုကြည့်နေသည်။ ထိုအဖွဲ့တွင် လူလတ်ပိုင်းအများစုက ပါဝင်တယ်။

‎

‎

‎သူတို့ဘာသာရပ်တည်ပြီး ရှင်သန်နိုင်မလားဆိုတာကို သူ မသေချာပေမယ့် သူကမေးနေတုန်းပါပဲ “မင်းတို့အားလုံး ထွက်သွားချင်တာ သေချာလား”

‎

‎

အခန်း-(၁၄၇)

‎

‎

‎

‎အန်တီဝမ်က ခေါင်းညိတ်ပြီး "ရဲဘော်၊ မင်းက ငါတို့အပေါ်မှာ သည်းမခံနိုင်တော့တဲ့အတွက် ငါတို့ ထွက်သွားတာက ပိုကောင်းတယ်။ မင်းမရှိရင် ငါတို့က ဆက်ပြီးရှင်သန်နိုင်မှာ မဟုတ်ဘူးဆိုတာကို ငါမယုံဘူး"

‎

‎

‎သူမစကားကိုကြားတော့ ဝေယင်းက မတုံ့ပြန်ဘဲ သူမကိုပဲ စိုက်ကြည့်နေသည်။ ထ်ိုအုပ်စုက ထွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားတာကိုမြင်တော့ သူက ခေါင်းညိတ်ပြီး "မင်းတို့ရဲ့စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးသားဆိုတော့ ငါတို့က မင်းတို့ကို တားမှာ မဟုတ်ဘူး" လို့ပြောလိုက်တယ်။

‎

‎

‎ဒီလိုပြောပြီးတာနှင့် သူ့ရဲ့တပ်သားတယောက်ကို လက်ဟန်ပြကာ ခေါ်လိုက်ပြီး "သူတို့ကသွားတော့မယ်လူတွေပဲ ရိက္ခာတွေပေးပြီး ထွက်သွားခွင့်ပေးလိုက်" ဆိုပြီး အမိန့်ပေးလိုက်သည်။

‎

‎

‎စစ်သားက ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ ဗိုလ်ကြီး"လို့ ပြန်တုံ့ပြန်သည်။

‎

‎

‎အန်တီဝမ်နှင့် သူ့အဖွဲ့က စစ်သားရဲ့အနောက်ကနေ စစ်ထရပ်ကားဆီသို့ လိုက်သွားကြသည်။ ပစ္စည်းတွေကို မြင်လိုက်တော့ သူတို့ရဲ့မျက်လုံးများက တောက်ပလာတယ်။

‎

‎

‎အစာနှင့်ရေသာမကဘဲ ဆေးဝါးနှင့်နေ့စဉ်သုံးပစ္စည်းတွေလည်းရှိတယ်။ စစ်သားက သူတို့အတွက် စားစရာနှင့် ရေတွေချည်းပဲ ထုပ်ပိုးပေးတာကိုမြင်တော့ အန်တီဝမ်က မျက်မှောင်ကြီးကြုတ်ပြီး မေးလိုက်တယ် "ရဲဘော်၊ ငါတို့က ဘာဆေးမှ မရဘူးလား"

‎

‎

‎“ဒီဆေးတွေကို စခန်းဆီ ပြန်ပို့ရမယ်” ဟု စစ်သားက ပြန်ပြောသည်။

‎

‎

‎အန်တီဝမ်က တခြားသူတွေကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြတယ်။ အကြည့်ချင်းဖလှယ်ပြီးနောက်မှာပဲ သူတို့ထဲမှ တစ်ယောက်က မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားပြီး

‎

‎ "အိုင်းယားးးး ငါ့အစာအိမ်"

‎

‎

‎ ရုတ်တရက်အော်သံကြောင့် စစ်သားကလန့်သွားပြီး ထိုသူကို စစ်ဆေးဖို့ အမြန်သွားလိုက်တယ်။ သက်လတ်ပိုင်းအမျိုးသားရဲ့ ခန္ဓာကိုယ်ကို ကိုင်ထားပြီး “ရဲဘော်၊ မင်း ဘာဖြစ်နေတာလဲ” လို့ မေးလိုက်တယ်။

‎

‎

‎လူလတ်ပိုင်းအရွယ်အမျိူးသားက စစ်သားရဲ့လက်မောင်းကို ဆုပ်ကိုင်ထားပြီး "ရဲဘော်၊ ငါ့ရဲ့အစာအိမ်ကအရမ်းနာနေတယ်။ ငါ့ကို ကယ်ပါဦး"လို့ ပြောလာသည်။

‎

‎

‎“ရဲဘော်၊ ကျွန်တော့်ကို အရင်လွှတ်လိုက်။ ဗိုလ်ကြီးကို အကြောင်းကြားပေးမယ်” ဟု စစ်သားက မျက်မှောင်ကြုတ်ကာ ပြောသည်။

‎

‎

‎လူလတ်ပိုင်းအရွယ်အမျိူးသားက အန်တီဝမ်နှင့် တခြားသူတွေကို ကြည့်လိုက်တယ်။ သူတို့က လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို မြင်တော့ သူက ကျယ်လောင်စွာငိုကျွေးလိုက်သည် "မြန်မြန်လုပ်ပါ ငါသေတော့မယ် အိုင်းယိုး ငါ့အစာအိမ်"

‎

‎

‎စစ်သားက သူ့အပြုမူကြောင့် စိတ်ဆိုးသွားပေမယ့် ခေါင်းညိတ်နေတုန်းပဲ။ လူလတ်ပိုင်းအရွယ်အမျိူးသားက သူ့ကို လွှတ်ပေးလိုက်တော့မှ စစ်သားက မတ်တပ်ထရပ်ပြီး ဝေယင်းကို ရှာဖို့ သွားလိုက်တယ်။

‎

‎

‎သူထွက်သွားတာနဲ့ အန်တီဝမ်နှင့် သူ့အဖွဲ့က ရိက္ခာများကို အမြန်ဆွဲယူလိုက်ကြသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြေးလာပြီး ဆေးသေတ္တာအများအပြားကို ယူလိုက်တယ်။

‎

‎

‎ရိက္ခာတွေကို အိတ်တွေထဲထည့်ရင်း သူတို့ အလုပ်ရှုပ်နေတုန်းမှာပဲ စစ်သားက ဝေယင်းနှင့်အတူ ပြန်ရောက်လာခဲ့တယ်။ ပစ္စည်းတွေ ခိုးယူနေတာကိုမြင်တော့ သူ လှည့်စားခံလိုက်ရတာကို ထိုစစ်သားက ချက်ချင်းသိလိုက်ရတယ်။

‎

‎

‎"ရပ်လိုက်"

‎

‎

‎သူ့အသံကိုကြားတာနဲ့ အန်တီဝမ်နှင့်သူ့အဖွဲ့ဟာ တုံ့ဆိုင်းမနေတော့ဘဲ အမြန်ထွက်ပြေးသွားသည်။ စစ်သားက ခိုးယူထားတဲ့ ပစ္စည်းတွေပြန်ယူဖို့ သူတို့နောက်ကို လိုက်သွားချင်ပေမယ့်‎ ဝေယင်းက သူ့ကို တားလိုက်တယ်။

‎

‎

‎"သူတို့ကိုလွှတ်လိုက်"

‎

‎

‎“ဗိုလ်ကြီး၊ သူတို့က ဆေးအများကြီးကိုယူသွားတယ်” ဟု စစ်သားက မကျေမနပ်ပြောသည်။

‎

‎

‎"ငါတို့က ဆေးတွေကို ပိုရှာနိုင်တယ်၊ အခုချိန်မှာတော့ ငါတို့မှာ ပိုအရေးကြီးတာတွေ လုပ်စရာရှိတယ်" လို့ ဝေယင်းက စစ်သားရဲ့ ပခုံးကို ပုတ်ကာ ပြောလိုက်တယ်။

‎

‎

‎စစ်သားက အပြစ်ရှိစိတ်ကြောင့် ခေါင်းငုံ့လိုက်တယ်။ အသက်ရှင်ကျန်ရစ်သူများက မည်မျှပင် ရမ်းကားနေပါစေ ရိက္ခာများကို ခိုးယူဝံ့မည်မဟုတ်ဟု သူထင်ခဲ့သည်။ မမျှော်လင့်ထားတဲ့ သူတို့ရဲ့ အရှက်မဲ့မှုက သူ့မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့တယ်။

‎

‎

‎"ရိက္ခာတွေကိုစောင့်ဖို့ လူတချို့သွားရှာလိုက်" ဝေယင်းက ဆက်ပြောသည်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎ဆယ်မိနစ်လောက်အကြာမှာ ထိုစစ်သားက သူ့ရဲဘော်တွေနှင့်အတူ ပြန်လာတယ်။

‎

‎

‎ဝေယင်းက သူတို့ကိုကြည့်ပြီးအမိန့်ပေးလိုက်တယ် "မင်းတို့က ဒီမှာနေပြီး ရိက္ခာတွေနှင့်ယာဉ်တွေကို စောင့်ရမယ်။ တစ်စုံတစ်ယောက်က ခိုးဖို့ကြိုးစားရင် ကြိုးနှင့်ချည်ထားလိုက်"

‎

‎

‎“နားလည်ပါပြီ” ဟု စစ်သည်များက တညီတညာတည်း တုံ့ပြန်ကြသည်။

‎

‎

‎နာရီဝက်ကြာပြီးနောက်တွင်တော့ ဝေယင်းက အသက်ကျန်ရစ်သူများရှေ့တွင် ရပ်နေပြီး "မင်းတို့ထဲက ဘယ်သူကမှ ဖုတ်ကောင်တွေကိုသတ်တာ အတွေ့အကြုံမရှိလို့ လေ့ကျင့်ဖို့ အနီးနားကလမ်းကို သွားရမယ်" လို့ပြောလိုက်တယ်။

‎

‎

‎"ဖုတ်ကောင်တွေက ကြောက်စရာကောင်းပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေက လူသားတွေထက် နှေးကွေးတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုသာ မင်းတို့စောင့်ကြည့်နေနိုင်သရွေ့တော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်တယ်"

‎

‎

‎"သူတို့ရဲ့ အားနည်းချက်က သူတို့ရဲ့ ဦးနှောက်ပဲ။ ဒါကြောင့် တခြားအစိတ်အပိုင်းတွေကို ထိအောင်လုပ်ဖို့နဲ့ မင်းတို့ရဲ့ စွမ်းအင်တွေကို မဖြုန်းတီးဘဲ သူတို့ရဲ့ဦးခေါင်းကိုပဲ တိုက်ခိုက်ဖို့ အာရုံစိုက်ပါ။ မင်းတို့က သူတို့ရဲ့ဦးနှောက်တွေကို ဖျက်ဆီးနိုင်သရွေ့ သူတို့ကသေလိမ့်မယ်"

‎

‎

‎

‎"အုပ်စုတစ်ခုစီကို စစ်သားနှစ်ယောက်က ဦးဆောင်လိမ့်မယ်။ ဒဏ်ရာ ဒါမှမဟုတ် သေဆုံးနိုင်ခြေကို လျှော့ချဖို့ မင်းတို့အားလုံးက သူတို့ရဲ့အမိန့်ကို လိုက်နာရမယ်။ တစ်ယောက်ယောက်မှာ မေးစရာရှိသေးလား"

‎

‎

‎သူ့ရဲ့အမေးစကားအဆုံးမှာ ရှောင်ဂျူးက သူမရဲ့လက်ကို မြှောက်လိုက်ပြီး "ဗိုလ်ကြီးဝေ၊ ကျွန်မတို့အဖွဲ့မှာ တာဝန်ကျတဲ့ စစ်သားတွေကို အမြုတေတွေ ခွဲဝေပေးရမှာလား"လို့ မေးလိုက်တယ်။

‎

‎

‎ဝေယင်းက ပြုံးပြီး ပြန်ဖြေတယ် " မလိုပါဘူး၊ သူတို့က မင်းကို ဖုတ်ကောင်တွေကို သတ်နည်းသင်ပေးဖို့ လာတာ။ လေ့ကျင့်ဖို့ ဒီမှာနှစ်ရက်နေမယ်။ ပြီးရင်တော့ စခန်းကို ပြန်လိုက်မလား ဒါမှမဟုတ် ထွက်သွားမလား ဆိုတာကို မင်းတို့ကိုယ်တိုင်ရွေးချယ်နိုင်တယ်"

‎

‎

‎ဘယ်သူကမှ မေးစရာမရှိတော့တာကိုတွေ့တော့ ဝေယင်းက စစ်သားနှစ်ယောက်စီတိုင်းကို အဖွဲ့တစ်ခုစီမှာ တာဝန်ပေးလိုက်ပြီး ဖုတ်ကောင်တွေသတ်တာကိုလေ့ကျင့်ဖို့အတွက် အနီးနားက လမ်းကို သွားခိုင်းလိုက်တယ်။

‎

‎

အစ်မဝမ်းတို့အဖွဲ့တွင် လူသုံးယောက်သာရှိသောကြောင့် စစ်သားတွေက လမ်းမကြီးထက် ဖုတ်ကောင်အရေအတွက်နည်းသော လမ်းငယ်လေးသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ လမ်းငယ်လေးထဲကို လျှောက်ဝင်မသွားခင်မှာပဲ အဝေးက ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကို ကြားလိုက်ရသည်။

‎

‎

မျက်နှာများက ‎ဖြူဖျော့နေပြီး တုန်ရီနေသော လက်များကို သတိပြုတော့ "မကြောက်နဲ့ ၊ မင်းတို့ကို ငါတို့ကစောင့်ရှောက်ပေးမယ်။ အန္တရာယ်ကြုံလာရင်တော့ ငါတို့က ဖုတ်ကောင်တွေကို သတ်ပေးမယ်"လို့ စစ်သားတစ်ဦးက အားပေးသည်။

‎

‎

နီးကပ်လာတဲ့ ဟိန်း‎ဟောက်သံတွေကို နားထောင်ရင်း အစ်မဝမ်းရဲ့ လက်များက တုန်ရီလာသည်။ လက်နက်တွေရှိနေပေမယ့်လည်း အများစုမှာ သံချောင်းများ သို့မဟုတ် သစ်သားချောင်းများသာ ဖြစ်သည်။

‎

‎

ဖုတ်ကောင်တွေကို ‎ကျင်းရွှီယန်းနှင့်ကျိူးလီဇီတို့ သတ်ဖြတ်နေတာကို တွေ့ခဲ့ကြတယ်။ ပုပ်သိုး‌နေတဲ့ ဦးခေါင်းတွေဖြစ်နေရင်တောင်မှ ဖုတ်ကောင်တွေရဲ့ ဦးခေါင်းခွံတွေက ကွဲသွားဖို့မလွယ်ဘူး။

‎

‎

‎"ရားးး"

‎

‎

‎သူမတို့ကိုပြင်ဆင်ရန် အချိန်ပိုတောင်မပေးဘဲ ပထမဖုတ်ကောင်က သူမတို့ရဲ့တည်နေရာသို့ရောက်ရှိလာခဲ့သည်။ သူမတို့ရဲ့ရနံ့ကို ရလိုက်တဲ့အချိန်မှာတော့ ဖုတ်ကောင်ဆီက စိတ်လှုပ်ရှားနေတဲ့ ဟောက်သံတစ်ခုထွက်လာပြီး သူမတို့ကို ခုန်အုပ်လာတယ်။ ဝင်လာသော လက်သည်းများကို ကြည့်ပြီး သူမတို့ရဲ့ မျက်လုံးများကို အလိုလိုမှိတ်ထားလိုက်သည်။

‎

‎

‎"မင်းတို့ရဲ့ မျက်လုံးတွေကိုဖွင့်ပြီး ဝင်လာတဲ့ တိုက်ခိုက်မှုကို ကြည့်"

‎

‎

‎စစ်သားရဲ့အမိန့်ကိုကြားတော့ အစ်မဝမ်းက သူ့မကိုယ် သူမအတင်းတွန်းအား‌ပေးပြီး မျက်လုံး‌တွေကို ဖွင့်လိုက်တယ်။ သူမဆီသို့ ဝင်လာနေတဲ့ ဖုတ်ကောင်ရဲ့ လက်သည်းတွေကို သူမမြင်လိုက်တော့ သူမရဲ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး ထိုမတော်တဆမှုကပဲ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်တယ်။

‎

‎

‎ သူ့ရဲ့ပစ်မှတ်ကို လွဲချော်သွားတဲ့ ဖုတ်ကောင်က‌တော့ အရှိန်လွန်၍ မြေပေါ်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့သည်။ စစ်သားက ထိုအခွင့်အရေးကို သတိပြုမိတော့ ကျယ်လောင်စွာ အော်ပြောလိုက်တယ် "ခေါင်းနောက်ကို ရိုက်လိုက်"

‎

‎

‎ညွှန်ကြားချက်ကိုကြားတော့ အစ်မဝမ်း ၊ ရှောင်ဂျူး နှင့် ဝမ်ဂျီယဲတို့က သံချောင်းနှင့် သစ်သားချောင်းတွေကို မတင်ကာ အောက်သို့ ရိုက်ချလိုက်ကြသည်။

‎

‎

" ဒုတ် ခရစ် "

‎

‎

‎ဦးခေါင်းခွံအက်ကွဲသွားတဲ့ ထိန့်လန့်စရာအသံက သူမတို့နားထဲတွင် မြည်ဟည်းသွားသည်။ ဖုတ်ကောင်က လဲကျသွားတာကို မြင်တော့ သူမတို့က အံကြိတ်ကာ ဆက်တိုက်ရိုက်တယ်။

‎

‎

"ဒုတ် ဒုတ် ဒုတ်"

‎

‎

စစ်သားတွေက ‎ ဖုတ်ကောင်ရဲ့ဦးခေါင်း လုံးဝပျက်စီးသွားတဲ့အထိကိုကြည့်နေပြီး ပြီးတော့မှ စစ်သားတွေထဲက တစ်ယောက်က “လုံလောက်ပြီ။ သေသွားပြီ” လို့ ပြောလိုက်သည်။

All Chapters