အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
အခန်း-(၁၃၉)
ကျိူးလီဇီမှာတော့ အနမ်းကြောင့် မူးဝေလာတယ်။ အသက်ရှုခြင်းကရပ်တန့်ခံလိုက်ရသလိုပဲ။
အချိန်အတော်အတန်ကြာပြီးနောက်မှ ကျင်းရွှီယန်းက သူမကို မကျေမနပ်နဲ့ လွှတ်ပေးလိုက်သည်။
သူ ငုံ့ကြည့်လိုက်တော့ သူမက အသက်ရှုကြပ်နေတာကို တွေ့လိုက်ရတယ်။ သူမရဲ့ ပါးပြင်များက နီမြန်းနေပြီး မျက်ရည်များကတော့ မျက်လုံးများကို မြူမှုန်များလို ဖုံးလွှမ်းနေတယ်။ စိုစွတ်ပြီးရောင်ရမ်းနေသော နှုတ်ခမ်းနီလေးများနှင့် သူမကို မြင်လိုက်ရသောအခါတွင်တော့ သူမှာ ငုံ့၍ နောက်ထပ် အနမ်းတစ်ခု ပေးရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
ကားအပြင်ဘက်က ရှောင်ချီမှာတော့ သူ့ရဲ့ကပ္ပတိန်က လက်ဖဝါးကို ပြတင်းပေါက်မှမှာ တင်ထားတာကို တွေ့လိုက်ရပြီး ကားကလဲ နည်းနည်းရွေ့သွားတာကို တွေ့လိုက်ရတယ်။ ကလေးများအတွက် မသင့်တော်သော ပုံရိပ်များက သူ့စိတ်ထဲတွင် ပေါ်လာပြီး သူ့ရဲ့နှာခေါင်းမှလည်း သွေးများ စီးကျလာသလို ခံစားလိုက်ရသည်။
ခဏအကြာတော့ သူတို့ကပ္ပတိန်ရဲ့ အချိန်ကောင်းကို မနှောင့်ယှက်တော့ရန် ဆုံးဖြတ်ပြီး သူက စခန်းဆီသို့ ပြန်သွားခဲ့သည်။
ကျန်းယွမ်က ကြောင်တက်တက်နှင့်ပြန်လာတဲ့ ရှောင်ချီကိုမြင်လိုက်တော့ "နောက်ထပ်အစီအစဉ်ကို ကပ္ပတိန်ဆီ မေးခဲ့လား" လို့ မေးလိုက်တယ်။
ရှောင်ချီက စကားတစ်ခွန်းမှ ပြန်မပြောဘဲ ကျောက်တုံးပေါ်တွင် ထိုင်လိုက်သည်။
တစ်စုံတစ်ခုဖြစ်သွားတာကို သတိပြုမိတာကြောင့် ကျန်းယွမ်က သူ့ပခုံးကိုပုတ်ကာ " ရှောင်ချီ မင်းဘာတွေတွေးနေတာလဲ"လို့ ထပ်မေးလိုက်တယ်။
ပုခုံးကိုပုတ်ခံလိုက်ရတာကြောင့် လန့်ဖျပ်သွားသော
ရှောင်ချီက သတိပြန်ဝင်လာပြီးနောက်တော့ ခေါင်းကိုမော့ကြည့်လိုက်သည်။ ဒုကပ္ပတိန်ရဲ့အကြည့်ကို တွေ့လိုက်သောအခါမှ " ဒုကပ္ပတိန် ကျွန်တော်မမေးခဲ့ပါဘူး" ဟု အဖြေပေးလိုက်သည်။
"ဘာလို့မမေးခဲ့တာလဲ"လို့ ကျန်းယွမ်က မျက်မှောင်ကြီးကြုတ်ကာ ပြန်မေးတယ်။
"အဲ... အဲဒါက ကပ္ပတိန် အလုပ်ရှုပ်နေလို့" ဆိုပြီး ရှောင်ချီက အထစ်ထစ်အငေါ့ငေါ့နှင့်ပြန်ဖြေသည်။
ဒီစကားကိုကြားတော့ ကျန်းယွမ်က သူ့ရဲ့လက်ပတ်နာရီကို စစ်ကြည့်လိုက်တယ် "ခုနစ်နာရီတောင်မထိုးသေးဘူးလေ ၊ ကပ္ပတိန်က ဘာလုပ်..."လို့ ရေရွတ်လိုက်တယ်။
သူ့ရဲ့စကားမဆုံးခင်မှာ အတွေးတစ်ခုက သူ့ခေါင်းထဲကို တိုးဝင်လာခဲ့သည်။ သူက ရှောင်ချီရဲ့ နီရဲနေသောနားရွက်ကိုကြည့်လိုက်ပြီး ရှောင်ချီပြောတဲ့ သူ့ကပ္ပတိန်က အလုပ်ရှုပ်နေတယ်ဆိုတာကို ချက်ချင်းနားလည်လိုက်သည်။
ကိုးရိုးကားယားနိုင်သော အခြေနေကြောင့် ချောင်းဟန့်လိုက်ပြီး "ကပ္ပတိန်က အလုပ်ရှုပ်နေရင် နောက်မှမေးမယ်" လို့ ပြောလိုက်တယ်။
ထိုစကားကို ပြောပြီးနောက်မှ ကျန်းယွမ်က ကျန်အဖွဲ့သားများကို နှိုးလိုက်သည်။ အဖွဲ့သားတွေက ဆေးကြောပြီး မနက်စာပြင်ဆင်နေကြချိန်မှာမှ နောက်ဆုံးတော့ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က ကားထဲကနေ ထွက်လာကြသည်။
စစ်သားတွေက သူမရဲ့ နီမြန်းနေတဲ့ ပါးပြင်တွေနှင့် နှုတ်ခမ်းတွေ ရောင်နေတာကို သတိထားမိကြတယ်။ သူမက မရှက်သွားစေရန်အတွက်သာ သူတို့က ဘာကိုမှ မမြင်ချင်ယောင်ဆောင်နေကြပြီး သူ့တို့ရဲ့ကပ္ပတိန်ကိုတော့ စိတ်ထဲတွင် ကြိမ်းမောင်းနေကြသည်။
သူတို့တွေက အပြင်မှာ ရှိနေပေမယ့် ကပ္ပတိန်က မထိန်းချုပ်ဘဲ ကားထဲမှာလုပ်တယ်။ ကောင်မလေးအတွက် ပိုတွေးပေးသင့်တယ်။ ဘယ်နေရာမှာမဆို သူက ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ။
စစ်သားများက ကျိူးလီဇီကို ထုံးစံအတိုင်း ဆက်ဆံကြသော်လည်း ၊ သူတို့ရဲ့ ကပ္ပတိန်ကိုတော့ စိုက်ကြည့်ကြတာကြောင့် ကျင်းရွှီယန်းကို စိတ်ရှုပ်ထွေးစေခဲ့သည်။
သူတို့ မနက်စာစားနေတုန်းမှာပဲ ကျင်ဟွမ်းက ရွှင်မြူးနေတဲ့ အသံနှင့် အခန်းထဲကထွက်လာပြီး "ရဲဘော်၊ ကျွန်မမောင် နိုးလာပြီ"လို့ ဝမ်းသားအားရပြောလာတယ်။
ဒါကိုကြားတော့ ကုန်းပိုင်က သူ့ရဲ့စားလက်စယာဂုကို တစ်ကျိုက်တည်းနှင့် ပြီးအောင်သောက်ပြီး အခန်းထဲသို့လိုက်သွားလ်ုက်တယ်။ ဝင်လာတော့ သူ့မျက်လုံးတွေထဲမှာ အံ့သြမှုအရိပ်အယောင်တွေ ပြည့်သွားသည်။
သူ့ရှေ့မှာ ရပ်နေတဲ့ လူငယ်လေးကက မျက်နှာဖြူဖြူနှင့် တခြားလူတစ်ယောက်ကို ကြည့်နေတယ်။ သူ့အစ်မပြန်ရောက်လာတာကိုမြင်တော့ ကျင်ဇီချင်က "အစ်မ ၊ ကျွန်တော်သေတော့မှာလား" လို့မေးလိုက်တယ်။
ကျင်ဟွမ်း အမြန်လျှောက်သွားပြီး "မင်းသေမှာမဟုတ်ဘူး"လို့ နူးနူးညံ့ညံ့လေးပြောလိုက်သည်။
လူငယ်လေးရဲ့ဘေးတွင် ရပ်နေသော "လူ" ဟာ အမှန်တကယ်တော့ လူပုံသဏ္ဍာန်ရှိသော အရိပ်တစ်ခုဖြစ်ကြောင်းကို ကုန်းပိုင်က သတိပြုမိလိုက်တယ်။ သူက ၎င်းကိုစစ်ဆေးရန်အတွက် အနီးဆီကပ်သွားလိုက်တော့ ထိုအရိပ်တွင် ကျင်ဇီချင်ကဲ့သို့ တိကျသောအင်္ဂါရပ်များရှိကြောင်းကို တွေ့ရှိခဲ့သည်။
သူ့အကြည့်ကို အောက်ပို့လိုက်တော့မှ ကျင်ဇီချင် နှင့် ရုပ်ချင်းဆင်နေတဲ့ အရိပ်ပါးပါးလေးသာဖြစ်ကြောင်း သတိထားမိလိုက်တယ်။ ငုတ်တုတ်ထိုင်ချကာ သူ့အိတ်ကပ်ထဲက ဓာတ်မီးလေးကိုယူပြီး ဖွင့်လိုက်သည်။
အရိပ်လူကို အလင်းရောင်နှင့်ချိန်ရွယ်ကြည့်တော့ အရိပ်လူက ပျောက်သွားတယ်။ ဓာတ်မီးပိတ်လိုက်သောအခါတွင်တော့ ပြန်ပေါ်လာသည်။
အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးနောက်တော့ ဤအရိပ်ခန္ဓာဟာ ကျင်ဇီချင်ရဲ့ စွမ်းရည်ဖြစ်ကြောင်းကို သူသေချာသွားသည်။ မတ်တပ်ထရပ်လ်ုက်ပြီး သူ့ဓာတ်မီးကို အိတ်ထဲသို့ပြန်ထည့်ကာ "စိတ်မပူပါနဲ့ ဒါက မင်းရဲ့စွမ်းရည်ပဲ" လို့ ပြောလိုက်သည်။
ထို့နောက် သူက သာမိုမီတာကိုယူကာ ကျင်ဇီချင်ရဲ့ အပူချိန်ကို စစ်ဆေးလ်ုက်တယ်။ သူက ခေါင်းညိတ်လိုက်ပြီး "၃၇.၁ ဒီဂရီ၊ မင်းက နေကောင်းနေပြီပဲ ငါ့တို့အဖွဲ့က မနက်စာစားနေတယ်၊ မင်းတို့နှစ်ယောက်လည်း အရင်သွားစားသင့်တယ်" လို့ ပြောလိုက်သည်။
မနက်စာဆိုတဲ့ အသံကိုကြားတဲ့အချိန်မှာတော့ ကျင်ဇီချင်ရဲ့ ဗိုက်ထဲက အသံထွက်လာတယ်။ နိုးလာပြီးနောက်မှာတော့ နွားတစ်ကောင်ကိုတောင် စားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိူး သူဆီမှာပေါ်လာသည်။ ဗိုက်ကို ပွတ်ပြီး နှုတ်ခမ်းကို သပ်လိုက်တယ်။
သူမရဲ့မောင်၏ သေးငယ်တဲ့ လှုပ်ရှားမှုလေးတွေကို သတိပြုမိတာကြောင့် ကျင်ဟွမ်းက ခေါင်းညိတ်ပြပြီး အခန်းထဲကနေ ကုန်းပိုင်နှင့်အတူ လိုက်ထွက်လာခဲ့တယ်။ ရှက်ရွံ့နေတယ်ဆိုရင်တောင် သူ့အတွက်ဆို သူမရဲ့မာနကိုတော့ ဘေးဖယ်ထားရမယ်။
စစ်သားတွေ စားနေတာကိုမြင်တော့ မိန်းကလေးက လျှောက်လာပြီး “ရဲဘော်၊ ကျွန်မရဲ့မောင်အတွက် ဂျုံယာဂု တစ်ခွက် လောက်ရနိုင်မလား” လို့ မေးလိုက်တယ်။
ကျိူးလီဇီက သူမကို လှည့်ကြည့်လိုက်ပြီး "ထိုင်ပါဦး" လို့ပြောလိုက်တယ်။
ရှောင်ချီက ပန်းကန်လုံးနှစ်လုံးကိုယူကာ ကြက်ဥစုပ်ပြုပ်ကို ဖြည့်လိုက်ကာ သူမတို့ထံ ပေးလိုက်ပြီး "အစ်မကျင်၊ ရေလိုချင်ရင် အဲဒီအိုးထဲက ပြုတ်ထားတဲ့ရေကိုပဲ သုံးပါ" လို့ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်" လို့ ကျင်ဟွမ်းက သူ့မောင်အတွက် ရေယူဖို့ မသွားခင် ပြောလိုက်သည်။
စစ်သားများက ကျင်ဇီချင်ရဲ့ အနောက်မှ အရိပ်လူကို စိုက်ကြည့်နေစဉ်တွင် ကျင်းရွှီယန်းက သူတို့ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူ့ရဲ့အာ့ဇီက မနာလိုဖြစ်နေလို့ သူ့မတို့ကို အဖွဲ့ထဲမှာ ဆက်နေခွင့်ပေးမှာမဟုတ်ဘူး။
အရင်ဘဝကသူနှင့် ကျင်ဟွမ်းတို့ ပတ်သက်တယ်ဆိုသော ကောလာဟလက မမှန်သော်လည်း၊ အကြောင်းပြချက်တစ်ခုကြောင့် အရင်ကတည်းက ပျံ့နှံ့နေခဲ့တယ်။ သူနှင့် အာ့ဇီ အကြား အကွဲအပြဲဖြစ်သွားမှာမျိူးကို စွန့်စားမည့်အစား သူမကို အနားမထားတာက ပိုကောင်းသည်။
ကျင်ဇီချင်ရဲ့ တစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့ ကျိူးလီဇီကလည်း သူ့ရဲ့ စွမ်းရည်ကြောင့် အံ့အားသင့်သွားခဲ့တယ်။ လုပ်ကြံသတ်ဖြတ်ခြင်းစွမ်းရည်ကြောင့် ကျော်ကြားသော ရှားရှားပါးပါး စွမ်းရည်အသုံးပြုသူ အကြောင်းကို သူမ ကြားဖူးတယ်။
အဲဒီလူက ဘယ်သူလဲ၊ သူရဲ့ အရည်အချင်းက ဘယ်လောက်ရှိလဲဆိုတာကို ဘယ်သူကမှ မသိကြဘူး။ သိထားသမျှကတော့ သူ့ကို ငှားတာက ကြေးကြီးပြီး သူက တာဝန်ယူမယ်လို့လဲ အာမခံချက်ကမရှိဘူး ဆိုတာပဲ။
ဤလူငယ်က ကျော်ကြားသော သခင်ဖြစ်နိုင်ခြေကို တွေးတောနေစဉ်တွင်ပဲ ကျင်းရွှီယန်းက ရုတ်တရက် မေးလာသည် "အာ့ဇီ သူက ရုပ်ချောလား"
သူ့ရဲ့လေသံထဲက ချဉ်သောအသံကို သတိပြုမိတာကြောင့် ကျိူးလီဇီက စကားမပြောနိုင်တော့သလိုတောင် ဖြစ်သွားတယ်။ သူမက သူ့ကိုကြည့်ကာ "အစ်ကိုယန်း မင်းက အချောဆုံးပဲ" လို့ ဝတ်ကျေတန်းကျေ ပြောလိုက်သည်။
သူမရဲ့ ပေါ့ပေါ့ပါးပါး တုံ့ပြန်မှုကြောင့် မပျော်မရွှင်ဖြစ်သွာစသော ကျင်းရွှီယန်းက ကျင်ဇီချင်ကို စိုက်ကြည့်ကာပြောလိုက်တယ် "မနက်စာစားပြီးရင် မင်းနှင့်မင်းအစ်မကို ရိက္ခာနဲ့ လက်နက်တွေ ပေးမယ်။ နှစ်ယောက်စလုံ ထွက်သွားလို့ရပြီ"
သူ့ရဲ့စကားကိုကြားတော့ စစ်သားများက အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ ကျင်ဇီချင်ရဲ့ ထူးခြားတဲ့စွမ်းရည်ကြောင့် ကျင်မောင်နှမများကို နေခွင့်ပေးလိမ့်မည်ဟု သူတို့ကယူဆထားကြသည်။ မထင်မှတ်ထားဘဲ သူတို့ရဲ့ကပ္ပတိန်ကတော့ ထိုမောင်နှမကို ထွက်သွားစေချင်တယ်။
အခန်း-(၁၄၀)
ကျိူးလီဇီက ကျင်းရွှီယန်းရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားသော်လည်း ကားထဲက သူမတို့ရဲ့ စကားဝိုင်းကို ပြန်သတိရသောအခါမှာတော့ နားလည်နိုင်သည်။
အစပိုင်းတွင်တော့ ကျင်ဟွမ်းက သူမမောင်ရဲ့စွမ်းရည်ကို အသုံးပြုကာ စေ့စပ်ညှိနှိုင်းကာ ဆက်နေရန်မျှော်လင့်ခဲ့သည်။ မထင်မှတ်ပဲ သူမက စကားတောင် မပြောနိုင်ခင်မှာပဲ ကပ္ပတိန်ဖြစ်သူက ဖြစ်နိုင်ချေကို ပိတ်ထားလိုက်တယ်။
သနားစရာပင်ဖြစ်သော်လည်း သူတို့ကို ထပ်မံနှောင့်ယှက်ပေးရင်လည်း မနှစ်သက်လို့ သူမနှင့်သူမရဲ့မောင်တို့ အန္တရာယ်ဖြစ်စေနိုင်တာကို သူမသိသည်။
အဲဒါနှင့် သူမက ခေါင်းညိတ်ပြီး "ရဲဘော်၊ ကျွန်မတို့မောင်နှမကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ၊ ထမင်းစားပြီးတာနှင့် ကျွန်မတို့ ထွက်သွားပါ့မယ်"
မနက်စာစားပြီးသောအခါတွင် စစ်သားများက သန့်ရှင်းရေးလုပ်ကြပြီး ကျိူးလီဇီကတော့ သူမရဲ့ကားဆီသို့ သွားလိုက်သည်။
သူမရဲ့ နေရာလွတ်မှ ကျောပိုးအိတ်နှစ်လုံးကို ထုတ်ကာ အစာခြောက်များ၊ ဆေးဝါးများ၊ သကြားလုံးအချို့၊ အဝတ်သန့်နှစ်စုံနှင့် သူမရဲ့ ကန်ရေဖြည့်ထားတဲ့ ရေသန့်ပုလင်းများစွာတို့ကို ထည့်ပေးခဲ့သည်။ သူမက သူတို့အတွက် ဘေးဘက်အိတ်ကပ်ထဲတွင် အမြုတေအခငငါးဆယ်ကိုလည်း ထည့် ပေးလိုက်သေးတယ်။
သူမပေးသော အမြုတေအရေအတွက်က သူမပိုင်ဆိုင်သည့်အရာများနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်သော်လည်း ကမ္ဘာပျက်ကပ်ရဲ့အစတွင်တော့ သူတို့ရှင်သန်ရန်အတွက်တော့ လုံလောက်သည်ထက်ပိုပတယ်။
လောဘကြီးပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေ လုပ်မိသွားနိုင်တာကြောင့် ဒီထက် အပိုမပေးတော့ဘူး။
သူမက ကျောပိုးအိတ်တွေကို ဇစ်ပ်ိတ်လိုက်ပြီး ကျင်ဟွမ်းဆီကို လျှောက်သွားလိုက်ကာ " ကျောပိုးအိတ်ထဲမှာ မင်းတို့နှစ်ယောက်လုံးအတွက် အမြုတေတစ်ချို့ကို ထည့်ပေးထားတယ် ၊ မင်းရဲ့ မောင်၏ စွမ်းရည်အဆင့်ကို မြှင့်တင်ဖို့ ဒါမှမဟုတ်လည်း ရိက္ခာအတွက် လဲလှယ်ဖို့သုံးနိုင်တယ်" လို့ပြောလိုက်တယ်။
ကျင်ဟွမ်းက ကျောပိုးအိတ်ကိုယူကာ "ကျေးဇူးတင်ပါတယ် ညီမလေး။ ငါတို့တွေ ပြန်ဆုံတွေ့ဖို့ ကံကြမ္မာကမျက်နှာသာပေးရင်တော့ မင်းရဲ့အသက်ကယ်တဲ့ ကျေးဇူးကို ငါသေချာပေါက် ပြန်ပေးမှာပါ" လို့ပြောလိုက်သည်။
ကျိူးလီဇီက ခေါင်းကိုခါပြီးပြောလိုက်တယ် "မင်းရဲ့အသက်ကို ကယ်တင်တဲ့သူတွေက ကျွန်မ မဟုတ်ဘဲ စစ်သားတွေပဲ၊ ကျွန်မကိုလည်း မင်းအနေနဲ့ပြန်ဆပ်ဖို့ မလိုဘူး။ နောင်မှာပဲ စစ်သားတွေကို ဖေးမကူညီပေးဖို့ပဲ မျှော်လင့်တယ်"
သူမရဲ့စကားကိုကြားတော့ ကျင်ဟွမ်းက ခေါင်းညိတ်ပြီး "မင်းရဲ့စကားတွေကို ငါမှတ်ထားလိုက်မယ်။ ညီမလေး ငါတို့သွားတော့မယ်"လို့ ပြန်ပြောလာသည်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး "အသက်ရှင်နေပါ"လို့ ပြောကာ နှုတ်ဆက်လိုက်တယ်။
ကျင်မောင်နှမများ ထွက်သွားပြီးနောက်မှ သူမက ကျင်းရွှီယန်းဆီသို့ လျှောက်သွားပြီး မေးလိုက်တယ် "အစ်ကိုယန်း မင်း သူတို့ကို ဒီအတိုင်းပဲလွှတ်လိုက်မှာလား"
"ဒါက အရိပ်အမျိုးအစား စွမ်းရည်ကို နိုးထလာနိုင်တဲ့ သူတစ်ယောက်နှင့် ပထမဆုံးတွေ့ဖူးတာဘဲ။ သူ့ကိုသာ လေ့ကျင့်ပေးလိုက်ရင် သူက ကျွန်မတို့အဖွဲ့အတွက် အဖိုးတန်တဲ့တစ်ခု ဖြစ်လာလိမ့်မယ်။ ပြီးတော့ အန္တရာယ်နှင့် ကြုံပြီး ကျင်ဟွမ်းသာ သေရင် ဘယ်လိုလုပ်မလဲ"
ကျင်းရွှီယန်းက သူမကိုကြည့်ကာ "ဒီစွမ်းရည် မပါဘဲနဲ့တောင် ကိုယ်အဖွဲ့က ရှင်သန်နိုင်တယ်"
ထို့နောက် သူက သူမရဲ့မျက်လုံးများကို အနီးကပ်ကြည့်ကာ "အာ့ဇီ တခြားသူတွေရဲ့ အသက်နှင့် သေဆုံးမှုတွေကို ကိုယ် ဂရုမစိုက်ဘူး။ မင်းကိုပဲ ကိုယ်ဂရုစိုက်တယ်။ မင်းကို စိတ်မချမ်းသာအောင် ထားလိုက်ရတာထက် သူတို့ကို လွှတ်လိုက်တာက ပိုကောင်းတယ်"
ကျိူးလီဇီက သူ့မျက်လုံးတွေထဲမှ ရူးသွပ်မှုကို တွေ့လိုက်ရသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ခဏလောက် စိုက်ကြည့်နေကြပြီးနောက်မှ သူမက သက်ပြင်းချကာ “မင်း စိတ်ထဲ ဆုံးဖြတ်လိုက်ပြီ ဆိုတော့ ကျွန်မကနားထောင်မယ်” လို့ ပြောလိုက်တယ်။
ထိုစကားကိုကြားပြီးတာနှင့် ကျင်းရွှီယန်းရဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာတယ်။ "အာ့ဇီ တစ်ယောက်တည်းက ကိုယ့်အတွက် လုံလောက်တယ်" လို့ ပြောပြီးနောက် သူမရဲ့နှုတ်ခမ်းပေါ်ကို အနမ်းတစ်ပွင့် တင်လိုက်သည်။
"ကပ္ပတိန်၊ ကျွန်တော်တို့သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ"
ကျန်းယွမ်ရဲ့ အသံကိုကြားတော့ ကျင်းရွှီယန်းက သူ့ကျောကို မတ်လိုက်ပြီး "အာ့ဇီ ကိုယ်တို့ မျိုးစေ့စက်ရုံကို ပြန်သွားပြီး ကျန်တဲ့ ပစ္စည်းတွေ သွားယူရအောင်" လို့ပြောလိုက်တယ်။
"ကောင်းပြီ"
အသက်ရှင်ကျန်ရစ်သူလေးဦးက မနိုးသေးတာကြောင့် ကုန်းပိုင်က လီစီခိုင် ၊ ယင်းယွီရှန်း တို့နှင့်အတူ ကျန်ရစ်ခဲ့သည်။ ကျန်တဲ့သူတွေကတော့ သံချပ်ကာကားတွေနှင့် စခန်းကနေ ထွက်သွားကြတယ်။ သူတို့ရဲ့အဖွဲ့တွင် လူကိုးယောက်သာရှိသောကြောင့် သံချပ်ကာကားနှစ်စီးကိုသာ အသုံးပြုခဲ့သည်။
ကားအတွင်းက ချင်လူဇီသည် ဧရိယာကို စစ်ဆေးလိုက်တော့ စက်ရုံအတွင်းတွင် အဖြူရောင်အစက်တွေ များစွာ ရှိနေကြောင်းကို တွေ့ရှိခဲ့သည်။ ဖုတ်ကောင်အစုအဝေးကြီးကို ရှင်းပြီးနောက်တွင် အနီရောင်အစက်များကို မတွေ့ရတော့ပါ။
မျိုးစေ့စက်ရုံသို့ ရောက်သောအခါတွင်ပင် နယ်မြေကရှင်းလင်းနေသည်။ ကားများထဲမှ ထွက်လာပြီးနောက်တော့ စက်ရုံထဲသို့မဝင်မီတွင် ဖုန်းယွင်က သံချပ်ကာယာဉ်များကို သူ့ရဲ့နေရာလွန်၌ အရင်ဆုံးသိမ်းဆည်းခဲ့သည်။
ဂိုဒေါင်ဆီသို့ လျှောက်သွားစဉ်တွင် "ကပ္ပတိန် အနီးနားက အဆောက်အအုံတွေမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးတယ် ၊ ဒါပေမယ့်ဖုတ်ကောင်တွေတော့ မရှိတော့ဘူးလို့ "ချင်လူဇီက သတင်းပို့လာသည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး "သူတို့က ဘယ်နှစ်ယောက်ရှိလဲ"မေးတယ်။
ချင်လူဇီက "လူ ၁၀၀ မှ ၂၀၀ လောက်ရှိတယ်" လို့ မပြောခင်မှာ ခဏလောက် ငြိမ်သွားခဲ့သည်။
"လောလောဆယ်တော့ သူတို့ကို လျစ်လျူရှုလိုက်။ သူတို့အတွက် ရိက္ခာတချို့ ချန်ထားခဲ့မယ်" ဟု ကျင်းရွှီယန်းက ပြောတယ်။
ခတ်ထားတဲ့ သော့တွေက ဝိန့်မိုအရှေ့မှာဆို ဘာမှအသုံးမဝင် တော့ဘူး။ သူ့ရဲ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တာနှင့် သော့ခလောက်က သော့ပွင့်ပြီး ကျယ်လောင်သော အသံနှင့်အတူ ပြုတ်ကျသွားသည်။
တံခါးကိုဖွင့်နေရင်းနှင့် ကျင်းရွှီယန်းက အမိန့်ပေးလိုက်တယ် "ဒီဧရိယာမှာက မှိုမျိူးစေ့တွေပဲရှိတယ်။ ရှောင်ချီ ၊ ဖုန်းယွင် မင်းတို့နှစ်ယောက်က ကျန်းယွမ် နှင့် လိုက်သွားပြီး ဧရိယာ G ကို စစ်ဆေးလိုက်။ အဲဒီမှာက သိမ်းထားတဲ့ ဆန်တွေရှိရမယ်"
အမိန့်ကိုကြားတော့ စစ်သားတွေက ခေါင်းညိတ်ပြီး နောက်တစ်နေရာကို ဆက်သွားသည်။ သူတို့ထွက်သွားပြီးနောက်တော့ ကျိူးလီဇီက ဂိုဒေါင်ထဲသို့ဝင်သွားလိုက်တာ မျိူးမှုန် (မှိုစသောအပင်များကို မျိူးပွားဖန်တီးဖို့မျိူးမှုန်) များကိုတွေ့လိုက်ရသည်။ ကျင်းရွှီယန်းက တံခါးကို စောင့်ကြပ်ပေးနေသဖြင့် အရာအားလုံးကို ပျော်ရွှင်စွာဖြင့် သူမက သိမ်းဆည်းခဲ့တယ်။
ဂိုဒေါင်ထဲရှိ မှိုမျိူးမှုန်များကို သူမရဲ့နေရာထဲတွင် သိမ်းဆည်းရန် တစ်နာရီခန့် အချိန်ယူခဲ့ရသည်။ ပြီးသောအခါ သူတို့နှစ်ဦးသည် သူမရဲ့ကားကို အသုံးပြု၍ အစေ့ကြမ်းများကို သိမ်းဆည်းထားသည့် ဧရိယာ F သို့ သွားလိုက်ကြသည်။
ထိုဧရိယာတွင်တော့ အဆောက်အအုံရှစ်လုံးရှိပြီး ဂိုဒေါင်တစ်ခုစီတွင် မျိုးစေ့အမျိုးမျိုးကို သိမ်းဆည်းထားတယ်။ တံခါးကိုဖွင့်လိုက်တော့ ဂျုံ၊ ပြောင်း၊ ကောက်နှံ၊ အုတ်ဂျုံ၊ ပြောင်းနှံစား ၊ ကီနိုအာ ၊ ဆန်လုံးညိုနဲ့ စပါးရိုင်း တွေကို တွေ့တယ်။
သူတို့က အစေ့ကြမ်းတွေကို သိမ်းနေတုန်းမှာပဲ စစ်သားတွေကတော့ ဆန်တွေကောက်ရင်း အလုပ်ရှုပ်နေကြတယ်။ ရှောင်ချီ နှင့် ဖုန်းယွင်ရဲ့နေရာလွက်များအတွင်းတွင် ထောက်ပံ့ရေးပစ္စည်းများရှိနေသောကြောင့် ဂိုဒေါင်ဆယ့်နှစ်လုံးမှ သုံးလုံးစာကိုသာ သိမ်းဆည်းနိုင်ခဲ့သည်။
ဖုန်းယွင်က စစ်ထရပ်ကားများကို ထုတ်ယူပြီးနောက်တော့ သူရဲ့နေရာထဲသို့ ဆန်များများစုဆောင်းခဲ့သည်။ စစ်ထရပ်ကားနှစ်စီးကို အပြည့်တင်ဆောင်နိုင်ခဲ့တာကြောင့် နောက်ထပ်ဂိုဒေါင်ကို ရှင်းလင်းနိုင်ခဲ့သည်။
ကျန်ပစ္စည်းများကို ကြည့်လိုက်ပြီးတော့ ကျန်းယွမ်က "ကပ္ပတိန်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်မယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီ"
သိပ်မကြာခင်မှာပဲ ကျင်းရွှီယန်း နှင့် ကျိူးလီဇီက လမ်းလျှောက်ပြီးလာနေတာကို တွေ့လိုက်ရသည်။
"ပစ္စည်းတွေ သိမ်းပြီးပြီလား" ကျင်းရွှီယန်းက မေးသည်။
"ကပ္ပတိန် ၊ ကျွန်တော်တို့က ဂိုဒေါင်လေးခုကို သိမ်းပြီးပါပြီ ရှစ်ခုပဲ ကျန်တော့တယ်" လို့ ရှောင်ချီက ပြန်ဖြေတယ်။
အခန်း-(၁၄၁)
နောက်သုံးလအတွင်းတွင်ဖြစ်လာမယ့် လင်အန်းမြို့ရဲ့ အခြေအနေအကြောင်းကို စဉ်းစားရင်း ကျင်းရွှီယန်းက ပြောလိုက်တယ် "ကျန်းယွမ် ၊ အသက်ရှင်ကျန်ရစ်သူတွေကို သွားစုလိုက် ရိက္ခာတွေကို သူတို့ကြားထဲမှာ ခွဲဝေပေးပြီး သူတို့ကို သွားခိုင်းလိုက် "
"ကပ္ပတိန် ၊ ကျွန်တော်တို့က ရိက္ခာတွေကို ခွဲပေးလိုက်ရင်တောင် ရိက္ခာတွေက အများကြီး ကျန်နေသေးတယ်" လို့
ကျန်းယွမ်က ပြောလာတယ်။
"ရတယ်၊ အသက်ရှင်ကျန်ရစ်သူတွေကို စုလိုက်ရုံပဲ။ ဒီမှာပြီးတာနှင့် ကျန်တဲ့စက်ရုံတွေကို စစ်ဆေးမယ်။ ဒီစက်ရုံက မလုံခြုံတော့ဘူး။ ကျန်ရစ်သူတွေကို အကြောင်းကြားပြီး အမြန်ဆုံး ထွက်ခွာခိုင်းလိုက်" ဟု ကျင်းရွှီယန်းက လေးနက်စွာ ပြောလိုက်သည်။
လူတိုင်းက မနေ့ကတည်းကပင် ဖုတ်ကောင်များအကြောင်းကို တွေးထားပြီးဖြစ်တာကြောင့် ပုန်းကွယ်နေသော အန္တရာယ်ကို နားလည်ကြတယ်။
တကယ်ဆိုရင် ဖုတ်ကောင်အရေအတွက်က ဒီလောက်မများသင့်ဘူး။ မနေ့က သူတို့သတ်ခဲ့တဲ့ ဖုတ်ကောင်အများစုဟာ ဒဏ်ရာရပြီး သန္ဓေပြောင်းသွားတဲ့ အသက်ရှင်ကျန်ရစ်သူတွေပါ။
မမြင်ရတဲ့ အန္တရာယ်ကို ထားခဲ့မယ့်အစား ဖုတ်ကောင်တွေကို ရှင်းပစ်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို အစိုးရရဲ့ ယာယီစခန်းတွေဆီကို သွားခွင့်ပေးလိုက်တာက ပိုကောင်းတယ်။
စကားဆုံးတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး "နားလည်ပြီ" ဟုပြောသည်။
သူတို့ထွက်သွားပြီးနောက်မှ ကျင်းရွှီယန်းက ကျိူးလီဇီကိုကြည့်ကာ "အာ့ဇီ ရိက္ခာတွေအားလုံးကို ယူသွားလို့ရလား"
ကျိူးလီဇီက ခေါင်းညိတ်ပြီး "ကိစ္စမရှိပါဘူး" လို့ပြောပြီး သူ့ရဲ့အမေးစကားကို အဖြေပေးလိုက်တယ်။
ကျိူးလီဇီတို့က ပစ္စည်းများကိုသိမ်းနေစဉ်တွင် ကျန်းယွမ်တို့အဖွဲ့ကတော့ အိပ်ဆောင်ဘက်သို့သွားကြတယ်။ ချင်လူဇီရဲ့ ဦးဆောင်မှုအောက်မှာပဲ အသက်ရှင်ကျန်ရစ်သူတွေ ပုန်းအောင်းနေတဲ့နေရာကို ရှာတွေ့ခဲ့ပါတယ်။
ဝိန့်ခိုင် နှင့် ဝိန့်မိုတို့က သတ္တုမျှော်စင်ကို ဖန်တီးပြီး ကျန်းယွမ် ကို အပေါ်မှာရပ်စေခဲ့တယ်။ သုံးမီတာအမြင့်မှာဆို အိပ်ဆောင်ခန်းထဲမှာ ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေက သူ့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။
သူရဲ့ လက်နှစ်ဖက်ကို ပါးစပ်အပေါ်မှာ ခွက်ပုံစံအုပ်ပြီး "အားလုံးပဲ ဖုတ်ကောင်တွေကို သတ်လို့ပြီးသွားပြီ။ မင်းတို့က အခုချက်ချင်း ထွက်သွားလို့ရတယ် ၊ မင်းတို့ကို အစာနှင့်ရေ ပေးမှာဆိုတော့ အသက်ရှင်ကျန်ရစ်သူ စခန်းကို သွားလို့ရပြီ" လို့ ပြောလိုက်သည်။
သူ ဒီစကားကို ပြောပြီးနောက်မှာတော့ ဧရိယာတစ်ဝိုက်လုံးမှာ တိတ်ဆိတ်သွားသည်။ ငါးမိနစ်လောက်အကြာမှာတော့ ပြတင်းပေါက်ကပွင့်လာပြီး လူလတ်ပိုင်းတစ်ယောက်က မေးလာတယ် "မင်းက ဘယ်သူလဲ၊ ငါတို့က မင်းကို ဘာလို့ယုံရမှာလဲ"
ကျန်းယွမ်က သူ့ကိုကြည့်ကာ "ငါတို့က ကြေးစားအဖွဲ့တစ်ခုပဲ။ မင်းအနေနှင့် ငါ့ကိုမယုံဖို့ ရွေးချယ်နိုင်ပေမယ့် ဒါက မင်းအတွက်ရှင်သန်ဖို့ တစ်ခုတည်းသောအခွင့်အရေးပဲ"
"ငါတို့က ဆယ့်ငါးမိနစ်ပဲ စောင့်မယ်။ အချိန်ကျလာရင် ငါတို့ ထွက်သွားမယ်။ ငါတို့ပြောတာကို နားထောင်မယ်၊ မထောင်ဘူးဆိုတာက မင်းတို့အပေါ်ပဲ့ မူတည်တယ်"
ကျန်းယွမ်က ပြောပြီးတာနှင့် ဝိန့်မိုက သူ့လက်ကို မြှောက်လိုက်ပြီး သတ္တုမျှော်စင်ကိုထိန်းချုပ်ကာ မျှော်စင်ရဲ့ပုံသဏ္ဍာန်ကို တဖြည်းဖြည်းပြောင်းလဲလိုက်သည်။
မျှော်စင်က မြေပြင်ရဲ့အထက် တစ်မီတာသာ ကျန်တော့တဲ့အချိန်မှာ ကျန်းယွမ်က ခုန်ဆင်းလိုက်တယ်။ သူခုန်ချလိုက်တာနှင့်တပြိုင်နက်တည်း ဝိန့်မိုကလည်း သူရဲ့လက်သီးများကို ဆုပ်လိုက်ပြီး သတ္တုမျှော်စင်ဟာလဲ သတ္တုအတုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ရဲ့လက်များကို လှုပ်ရှားလိုက်တော့ သတ္တုအတုံးက မရေမတွက်နိုင်သော သတ္တုကျည်ဆန်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ပြီးသွားသောအခါတွင်တော့ ဖုန်းယွင်က သတ္တုကျည်ဆန်များကို သူ့ရဲ့နေရာလွတ်တွင် အလျင်အမြန် သိမ်းဆည်းထားလိုက်ပြီး တစ်ခုမှတောင် မကျန်စေခဲ့ပေ။
သတ္တုကို ထိန်းချုပ်နိုင်ပြီး ပျောက်ကွယ်သွား အောင်လုပ်နိုင်တာကိုပါ တွေ့လိုက်ရတော့ အသက်ရှင်ကျန်ရစ်သူများက အံ့သြသွားကြပါတယ်။
စူပါပါဝါရှိတဲ့သူတွေရှိတယ်ဆိုတာကို တချို့ကသိကြတယ်။ ပြီးတော့ မနေ့က ထွက်သွားတဲ့ လူတချို့မှာလည်း စူပါပါဝါတွေ ရှိတယ်။
ဒါပေမယ့် သူတို့ထွက်သွားပြီးနောက်မှာပဲ ဖုတ်ကောင်တွေရဲ့ဟိန်းဟောက်သံနဲ့ သူတို့ရဲ့အော်သံတွေကို ကြားလိုက်ရတယ်။ ဖုတ်ကောင်တွေကြောင့် အဆွဲအဖြဲခံရပြီး အရှင်လတ်လတ် စားသောက်ခံရတာကိုလည်း လူတိုင်းကမြင်ကြသည်။
အလွန်ကြောက်လန့်သွားကြပြီး အိပ်ဆောင်ထဲကနေ ဘယ်သူမှ မထွက်ရဲကြတော့ပေ။နောက်ဆုံးတော့ အချိန်အတော်ကြာပြီးမှ သူတို့ကို လှည့်စားရန် ရောက်လာသော လူတစ်စုကို တွေ့လိုက်ရသည်။
အသက်ရှင်ကျန်ရစ်သူများရဲ့ ခေါင်းထဲတွင် သံသယများပြည့်နှက်နေချိန်တွင် ကျန်းယွမ်ကတော့ သူရဲ့နာရီကိုသာ စစ်ဆေးနေခဲ့သည်။ ခုနစ်မိနစ်ကျော်သွားပေမယ့် ဘယ်သူကမှ မထွက်လာကြသေးဘူး။
သူ့ကို ဘယ်သူကမှ ယုံမှာမဟုတ်ဘူးလို့ တွေးလိုက်တဲ့ အချိန်မှာပဲ လူတစ်စုက ထွက်လာတာကို တွေ့လိုက်ရတယ်။ နှုတ်ခမ်းတွေကွဲနေတာကိုမြင်တော့ "ရှောင်ချီ သူတို့ကို ရေနှင့် ဘီစကွတ်ပေးလိုက်" ဟု ကျန်းယွမ်က အမိန့်ပေးလိုက်သည်။
ရှောင်ချီက ခေါင်းညိတ်ပြပြီး တွင်းထွက်ရေဘူးတစ်ပုလင်းနှင့် ဘီစကွတ်တစ်ဗူးကို သူ့ရဲ့နေရာလွတ်မှ ထုတ်ယူလိုက်သည်။ ဖုတ်ကောင်အလုံးအရင်းကြောင့် လင်းယုန်အဖွဲ့ထံ ထောက်ပံ့ရေးပစ္စည်းများပေးရန် အခွင့်အရေးမရှိခဲ့ပေ။ အခုတော့ အသက်ကျန်ရစ်သူတွေကို ပေးနိုင်ပြီ။
ရေကိုမြင်တာနှင့် “ရေနည်းနည်းလောက်ပေးပါ” လို့ပြောပြီး အပြေးအလွှားရောက်လာကြတယ်။
ရှောင်ချီဆီ မရောက်ခင်မှာ မြေတံတိုင်းကြီးတစ်ခု ပေါ်လာပြီး သူတို့ကို ပိတ်ဆို့လိုက်ပါတယ်။ ကျန်းယွမ်က သူတို့ကိုကြည့်ပြီး ပြောလိုက်တယ် "တန်းစီလိုက် မဟုတ်ရင် တစ်ယောက်မှမရဘူး"
လူတိုင်းက ဗိုက်ဆာနေပြီး ရေငတ်တဲ့အတွက် နာခံပြီး တန်းစီကြတယ်။ အလျင်စလို မတွန်းတိုက်ကြတော့တာကြောင့် ကျန်းယွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်တာ မြေတံတိုင်းကြီးက ပျောက်သွားသည်။
ရှောင်ချီက ရေနှစ်ပုလင်းနှင့် ဘီစကွတ်တစ်ဗူးကို သူတို့တစ် ယောက်စီတိုင်းအား ပေးလိုက်သည်။ ဒါကိုမြင်တာနှင့် အဆောက်အဦးထဲက အသက်ရှင်ကျန်ရစ်သူတွေကလည်း ကျန်းယွမ်ရဲ့စကားကို သံသယမဝင်တော့ဘဲ တယောက်ပြီးတယောက် ထွက်လာကြတယ်။
ဆယ့်ငါးမိနစ် အချိန်ကန့်သတ်ချက်ကပြည့်သွားသောအခါမှာတော့ ကျန်းယွမ်က "ငါတို့သွားမယ်"လို့ ပြောလိုက်သည်။
ပြောပြီးဒါနဲ့ သူက လှည့်ထွက်ပြီး ဂိုဒေါင်ဆီကို ပြန်လာခဲ့တယ်။
သူတို့ထွက်သွားတာကို မြင်တော့မှ ပုန်းနေကြတဲ့သူတွေကထိတ်လန့်တကြားဖြင့် အမြန်ထွက်လာကြတယ်။ ကံမကောင်းစွာနဲ့ပဲ အဆောက်အဦးတွေကနေ သူတို့ထွက်လာချိန်မှာတော့ ကျန်းယွမ်နှင့်သူ့အဖွဲ့ မရှိတော့ပါ။
ဖုတ်ကောင်များရဲ့ သတ်ဖြတ်ခြင်းကို ခံရမည်ကို စိုးရိမ်သဖြင့် အသက်ရှင်ကျန်ရစ်သူများက အဆောက်အဦးထဲသို့ ပြန်သွားကာ ဆက်လက် ပုန်းအောင်းနေကြသည်။
ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူများနှင့်အတူ ပြန်လာသောအအချိန်တွင်တော့ ကျိူးလီဇီက ဂိုဒေါင်အတွင်းရှိ ဆန်အားလုံးကို ကောက်ယူပြီးသွားခဲ့ပြီဖြစ်တယ်။
အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကို ကြည့်ပြီး ထွက်လာဖို့ ငြင်းဆန်သူတွေ ရှိနေကြောင်းကို ကျင်းရွှီယန်းက သိလိုက်သည်။ အသက်ရှင်ကျန်ရစ်သူတွေက သူတို့ကို မယုံတဲ့အတွက် သူတို့က ဘာမှလုပ်ပေးလို့ မရဘူး။
"ကပ္ပတိန်၊ ဒါတွေက ဒီစက်ရုံမှာ ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေပဲ ၊ တချို့ကတော့ပုန်းနေသေးပြီး ထွက်လာဖို့ ငြင်းဆန်နေတုန်းပဲ" ဟု ချင်လူဇီက သတင်းပေးပို့သည်။
"သူတို့က မထွက်လာချင်တာဆိုတော့ ထားလိုက်။ ရှောင်ချီ ၊ သူတို့ကို တစ်ပတ်စာ လုံလောက်တဲ့ ရိက္ခာတွေပေးပြီးတာနဲ့ သူတို့ကို ထားခဲ့လိုက်" လို့ ကျင်းရွှီယန်းက ပြောလိုက်တယ်။
ဒါကိုကြားပြီးတဲ့နောက်တော့ အသက်ရှင်ကျန်ရစ်သူတွေက အဆုံးမှာ ပြုံးကာ ကျေးဇူးတင်ကြသည်။ သူတို့မထွက်သွားခင်မှာ အရင်ဆုံး ဝိန့် ညီအစ်ကိုတွေက သူတို့ကို မိမိဘာသာ ကာကွယ်နိုင်စေဖို့အတွက် ဓားမြှောင်တစ်ချောင်းစီပေးလိုက်ပြီး ကျန်းနင်မြို့ကို သွားခိုင်းလိုက်တယ်။
အသက်ရှင်ကျန်ရစ်သူများ ထွက်ခွာသွားပြီးနောက်တွင်တော့ ကျင်းရွှီယန်း နှင့် သူ့အဖွဲ့ဟာ အနောက်ဘက်စက်ရုံသို့ သွားလိုက်ကြသည်။
မနေ့ညတုန်းက ဖြစ်ခဲ့တဲ့တိုက်ပွဲရဲ့ အသံကြောင့် ဆွဲဆောင်ခံလိုက်ရတဲ့ ဖုတ်ကောင်တွေကြောင့်ဖြစ်မယ် သူတို့ စက်ရုံကိုရောက်လာတဲ့အခါမှာတော့ ဂိုထောင်ဂိတ်တံခါးကပျက်စီးနေတာ တွေ့လိုက်ရတယ်"
သံချပ်ကာကားတွေဟာ ထွက်ခွာသွားရမည့်အစား စက်ရုံထဲသို့ မောင်းဝင်သွားကြသည်။