← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း-(၁၃၆)

‎မနက်ခင်းကနေ မွန်းတည့်အချိန်ထိ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ကျိူးလီဇီဟာ သူမရဲ့နောက်ကျောနှင့်ဗိုက်ကတော့ ကပ်နေပြီဆိုသလိုမျိူး ခံစားလိုက်ရတယ်။ သူမက မောပန်းနေတဲ့အပြင် ဆာလောင်ခြင်းနှင့် ရေငတ်ခြင်းတို့ကိုလည်း တစ်ပြိုင်တည်းခံစားနေရတယ်။

‎

‎

‎ထို့ကြောင့် ကျင်းရွှီယန်းရဲ့မေးခွန်းကို ကြားတဲ့အခါမှာတော့ ကျိူးလီဇီက ခေါင်းညိတ်ပြီး "အစ်ကိုယန်း ကျွန်မက ပင်ပန်းနေပြီ၊ လှုပ်တောင် မလှုပ်ချင်တော့ဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ပြုံးလို့ သူမဘက်ကိုလှည့်လာပြီး သူမအရှေ့မှာ ထိုင်ချလိုက်ကာ “ထပါ ၊ ကိုယ်ကမင်းကို ပြန်သယ်သွားပေးပါ့မယ်” လို့ပြောလာတယ်။

‎

‎

‎ကျိူးလီဇီမှာက သူမရဲ့မျက်နှာ သို့မဟုတ် နာမည်ဂုဏ်သတင်းအတွက် စိုးရိမ်စရာမရှိပါဘူး။ မဆိုင်းမတွဘဲ သူ့ရဲ့နောက်ကျောပေါ်တက်ပြီး ခေါင်းကိုတော့ သူ့ရဲ့ပခုံးပေါ်တင်ထားလိုက်သည်။

‎

‎

‎သူမက မှောက်အိပ်လိုက်ပြီးနောက်မှာပဲ ကျင်းရွှီယန်းက သူမရဲ့ပင်ပန်းနွမ်းနယ်မှုတွေ လျော့ပါးသွားစေရန်အတွက် သူရဲ့စွမ်းအင်ကို သူမထံသို့ လွှဲပြောင်းပေးခဲ့တယ်။

‎

‎

‎နတ်ဆိုးအဖွဲ့သားတွေကတော့ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် သူတို့ရဲ့ကပ္ပတိန်က သူ့ရဲ့ချစ်သူရည်းစား‌လေးနှင့် ချစ်ခင်ရင်းနှီးကာပူးကပ်နေတာကို မကြာခဏ မြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။ ဒါကြောင့် သူတို့ရဲ့ PDA ကို ထူးထူးခြားခြားမတုံ့ပြန်တော့ပါဘူး။

‎

‎

‎သူတို့ထဲမှ အချို့က အဖျားကြီးခြင်းကြောင့် မေ့လဲသွားသော အသက်ရှင်ကျန်ရစ်သူများကို သယ်ဆောင်သွားကာ ကျန်သူများကတော့ လမ်းပေါ်တွင် ကျန်ရစ်ခဲ့သော အမြုတေများ ရှိမရှိကို စစ်ဆေးကြသည်။

‎

‎

‎စခန်းသို့ ပြန်သွားပြီးနောက်တော့ သူတို့က သန့်ရှင်းရေးစတင်ပြုလုပ်ကြသည်။

‎

‎

‎ရေချိုးပြီးတာနှင့် သန့်ရှင်းတဲ့အဝတ်အစားတွေ ပြောင်းဝတ်လိုက်ကြတယ်။ ချင်လူဇီ၊ ဖုန်းယွင်၊ လီစီခိုင်နှင့် ရှောင်ချီတို့က နေ့လယ်စာ ချက်ပြုတ်နေစဉ်တွင် ကျန်စစ်သားများကတော့ ညစ်ပတ်သောအဝတ်များကို လျှော်ဖွပ်ကြသည်။

‎

‎

‎ကျန်းယွမ် နှင့် ကျို့ဟွာကျဲတို့က ဖန်တီးထားသည့် အခန်းငယ်လေးကိုတော့ သူတို့ရဲ့ယာယီနေထိုင်ရာအဖြစ် အသုံးပြုခဲ့ကြသည်။

‎

‎

‎အခန်းအတွင်းတွင်တော့ ကုန်းပိုင်က အသက်ရှင်ကျန်ရစ်သူများရဲ့ အခြေအနေများကို စောင့်ကြည့်နေပါသည်။ သူတို့ကို အဖျားကျဆေးနှင့် ဂျယ်လီတချို့ တိုက်ကျွေးလိုက်ပြီး တစိဆယ့်ငါးမိနစ်တိုင်းလည်း ရေပေးသည်။

‎

‎

‎တစ်ချိန်တည်းမှာပဲ ကျိူးလီဇီကလည်း ရေချိုးရန် သွားခဲ့ပြီး ခေါင်းလျှော်နေစဉ်တွင် သူမရဲ့ဆံပင်က အရင်ကထက် ပိုရှည်လာတာကို သတိထားမိလိုက်သည်။

‎

‎

‎သူမရဲ့ ပုခုံးအထက်မှာ ရှိခဲ့တဲ့ဆံပင်တွေက အချိန်တိုအတွင်းမှာပဲ ခါးအထိကို ရောက်သွားတဲ့ပုံရသည်။ ရေချိုးရတာက အဆင်မပြေတာကို တွေးရင်း သက်ပြင်းရှည်ကြီး ထုတ်လိုက်တယ်။

‎

‎

‎သူမရဲ့ဆံပင်ကို ဆေးကြောလိုက်ပြီး ခန္ဓာကိုယ်က အနံ့ဆိုးတွေကို ဆေးကြောဖို့ပါ နာရီဝက်လောက် အချိန်ယူခဲ့ရတယ်။ သူမ ပြန်ထွက်လာတဲ့အခါမှာ‌တော့ နံရံကို မှီကာရပ်နေသော အမျိုးသမီးကို တွေ့လိုက်ရသည်။

‎

‎

‎ကျိူးလီဇီ ထွက်လာတာကိုမြင်တော့ ထိုအမျိုးသမီးက လမ်းလျှောက်လာပြီး "ညီမလေး၊ အတွင်းခံဘောင်းဘီအပိုရှိလား"လို့ မေးလာတယ်။

‎

‎

‎ကျိူးလီဇီက ထိုမျိုးသမီးရဲ့ ညစ်ပတ်နေသောအဝတ်အစားများကို ကြည့်ပြီး "ဒီမှာ ခဏနေအုံး" လို့ပြောလိုက်တယ်။

‎

‎

‎သူမ ကားဆီသို့သွားကာ တီရှပ်တစ်ထည်၊ ဘောင်းဘီနှင့် အမျိုးသမီးအတွင်းခံတစ်ထည်ကို သူမရဲ့နေရာလွတ်မှ ထုတ်ယူလိုက်သည်။

‎

‎

‎အိတ်မရှိလို့ အဆင်မပြေတာကို စဉ်းစားရင်း အထည်စက်ရုံက စုဆောင်းထားတဲ့ သေတ္တာတွေကို စစ်ဆေးကြည့်တော့ အထဲမှာရှိနေတဲ့ အိတ်တချို့ကို တွေ့လိုက်ရတယ်။ သူမက ကြိုးလွယ်အိတ်ကိုထုတ်ကာ အဝတ်အစားများကို အိတ်အတွင်းသို့ထည့်လိုက်သည်။

‎

‎

‎ထို့နောက်တော့ ခေါင်းလျှော်ရည်တစ်ပုလင်း၊ ဆပ်ပြာနှစ်တုံး၊ သန့်စင်ဆေးတစ်ပုလင်း၊ လစဉ်သုံး ပစ္စည်းနှစ်ထုပ်နှင့် ရာသီခံခွက်နှစ်ခွက်တို့ကို ထည့်ပေးခဲ့သည်။

‎

‎

တစ်ကိုယ်ရေသန့်ရှင်းမှုကို ကောင်းမွန်စွာမထိန်းသိမ်းရင် အချို့သောအချိန်များ၌ အမျိုးသားများနှင့် နှိုင်းယှဉ်လိုက်ပါက ‎အမျိုးသမီးများက ဖျားနာနိုင်ခြေ ပိုများကြောင်းကို သူမသိသည်။

‎

‎

‎အကိုက်အခဲပျောက်ဆေးပါထည့်ပြီးနောက်မှ အိတ်ကို ဇစ်ပိတ်လို့ အများသူငှာ ရေချိုးခန်းဆီသို့ ပြန်သွားလိုက်သည်။ ထိုနေရာတွင် ထိုင်စောင့်နေသော အမျိုးသမီးကို မြင်တော့ လျှောက်သွားပြီး အိတ်ကိုပေးလိုက်တယ်။

‎

‎

‎"ရေချိုးပြီးရင် မင်းရဲ့အ၀တ်တွေကို လျှော်လို့ရပြီ"လို့ သူမက အိတ်ကို ကမ်းပေးရင်းပြောလိုက်တယ်။

‎

‎

‎အမျိုးသမီးက အိတ်ကိုလက်ခံပြီး "ကျေးဇူးတင်ပါတယ် ညီမ"လို့ ပြန်ပြောသည်။

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့ကားဆီသို့ ပြန်သွားခဲ့သည်။ ရရှိထားသော အမြုတေများကို သူမရဲ့ အာကာသနေရာလွတ်ထဲမှာ သိမ်းဆည်းပြီးနောက်တော့ သူမက အရိပ်ရတဲ့နေရာတစ်ခုဆီ သွားလိုက်သည်။

‎

‎

‎သူမသည် ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်တယ်။ ပြီးတော့ သူမရဲ့စိတ်စွမ်းအင်ကိုသုံးပြီး ရလာတဲ့မျိုးစေ့တွေကို စမ်းစိုက်ကြည့်နေသည်။

‎

‎

‎အနက်ရောင်မြေဆီလွှာ ၁၀၀ စတုရန်းမီတာကို အသုံးမပြုရသေးတဲ့အတွက် ‎မျိုးပြောင်းးအသီးအနှံ အပင်တွေနှင့် ‎မျိုးပြောင်းသစ်ပင်တွေအားလုံးကို စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်တယ်။

‎

‎

‎မျိုးပြောင်းသီးပင်ပေါင်း ၉၈ ပင်၊ မျိူးပြောင်းသွားသော စတော်ဘယ်ရီချုံ ၂၁ ပင်၊ အခွံမာပင် ၆ ပင်နှင့် မျိုးပြောင်းကော်ဖီပင် ၃ ပင်တို့ ပါဝင်သည်။

အခန်း-(၁၃၇)

‎

‎အမျိုးသမီးရဲ့အသံကိုကြားတော့ ကုန်းပိုင်က ရေသန့်ဘူးကို ပေးလိုက်ပြီး "သူကို ဆယ့်ငါးမိနစ်တစ်ကြိမ် ရေတိုက်ပေးဖို့ သတိရပြီး နာရီဝက်တိုင်းလည်း အပူချိန်ကို စစ်ဆေးပါ။ အပူချိန်တက်လာရင်တော့ ချက်ချင်းလာအကြောင်းကြားပါ"လို့ သတိပေးလိုက်တယ်။

‎

‎

‎အမျိုးသမီးက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုပြောသည်။

‎

‎

‎အခန်းထဲမှ ထွက်လာပြီးနောက်တော့ ကုန်းပိုင်က ရေချိုးလိုက်ပြီး သူ့အဝတ်များကို လျှော်ဖွပ်သည်။ သူကိစ္စတွေပြီးတာနဲ့ နေ့လည်စာက အဆင်သင့်ဖြစ်နေပါပြီ။

‎

‎

‎လူတိုင်းက ပင်ပန်းနေတာကြောင့် ခေါက်ဆွဲခြောက်ကိုပဲ ချက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အသီးအရွက်ခြောက်၊ ဖက်ထုပ်၊ ကြက်ဥ၊ ဝက်အူချောင်းတို့ကို ထည့်ထားသည်။ စားချင်စိတ်များလာကြသောကြောင့် လူတိုင်းအတွက် ခေါက်ဆွဲအိုးကြီးနှစ်လုံး ချက်ပြုတ်ရလေသည်။

‎

‎

‎နေ့လယ်စာက အဆင်သင့်ဖြစ်နေပြီဆိုတာကို‎ ကျင်းရွှီယန်းက မြင်တော့ ကျိူးလီဇီကို ခေါ်ဖို့သွားလိုက်သည်။ သူမကိုတွေ့တဲ့အခါမှာတော့ အိပ်နေပြီလို့ သူကထင်လိုက်သော်လည်း အနားကို လျှောက်သွားလိုက်မှပဲ သူမက ရယ်မောပြီး တိုးတိုးလေး အော်ဟစ်လိုက်တာကို ကြားလိုက်ရသည်။

‎

‎

‎သူက သူမအရှေ့မှာ ထိုင်ချလိုက်ပြီး "အာ့ဇီ နိုးပြီလား"လို့ မေးလိုက်တယ်။

‎

‎

‎သူ့ရဲ့အသံကိုကြားတော့ ကျိူးလီဇီက မျက်လုံးကိုဖွင့်လာပြီး "အစ်ကိုယန်း ကျွန်မတို့က ချမ်းသာပြီ" လို့ ဝမ်းသာအားရပြောလာသည်။

‎

‎

ကျင်းရွှီယန်းက ‎မျက်ခုံးပင့်ကာ မေးလိုက်တယ် "ကိုယ်တို့က ရတနာ ရှာတွေ့ခဲ့တာလား"

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြီး "အစ်ကိုယန်း ကျွန်မအမြုတေတွေကို ရေထားတယ်။ ဖုတ်ကောင်အလုံးအရင်းကြောင့် ကျွန်မတို့မှာက အဆင့်တစ်အမြုတေ ၂၆,၀၀၀ ကျော်နှင့် အဆင့်နှစ်အမြုတေ ၄၃၄ခု ရှိတယ်"လို့ သူမကပျော်ရွှင်စွာဆက်ပြောသည်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ထိတ်လန့်သွားပြီး "ကိုယ်တို့မှာက အဲလောက်တောင် အများကြီးရှိတာလား" လို့ သူကမယုံကြည်နိုင်စွာမေးလိုက်သည်။

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြီး "အဲဒီအထဲမှာ ကျွန်မတို့ အရင်ကရခဲ့တာတွေရောပါတယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎သူမက ဘယ်လောက်တောင် ပျော်နေလည်းဆိုတာကိုမြင်တော့ ကျင်းရွှီယန်းက သူမရဲ့ခေါင်းကို ပွတ်သပ်ပြီး "မနက်ဖြန်ကြရင် နောက်ထပ် အများကြီးထပ်ယူကြမယ်" လို့ပြောလိုက်သည်။

‎

‎

‎

‎မျိုးစေ့စက်ရုံရှိ ရိက္ခာများအကြောင်းကို စဉ်းစားရင်း ကျိူးလီဇီက ခေါင်းညိတ်လိုက်ပြီး "လင်းယုန်အဖွဲ့က ဦးဆုံးထွက်သွားလို့ သူတို့ရဲ့ဝေစု မရနိုင်တော့တာတော့ သနားစရာပဲ့" ဟု သူမက ပြောလ်ိုက်သည်။

‎

‎

ဒါကိုကြားတော့ ‎ကျင်းရွှီယန်းက ပြုံးပြီးပြန်ပြောတယ် "မတတ်နိုင်ဘူး‌ပေါ့ ၊ ကိုယ်တို့က ဖုတ်ကောင်တွေ ဘယ်လောက်တောင် ရင်ဆိုင်ရမယ် ဒါမှမဟုတ် ရှင်သန်နိုင်ပါ့မလား ဆိုတာတောင် မသိသေးဘူးလေ။ အကောင်းဆုံးက သူတို့ကို အရင်ထွက်သွားခိုင်းဖို့ပဲ။ သူတို့ မထွက်သွားခင်ကလည်း ကိုယ်က‎ ကျန်းယွမ်ကို သူတို့ဆီ ရိက္ခာကားလေးစီး ပေးခိုင်းခဲ့တယ်"

‎

‎

‎" ပိုင်ရီကျီးတို့အဖွဲ့နှင့် ကိုယ့်တို့ရဲ့ အဖွဲ့ဝင်တချို့လည်း ပါတာကြောင့် ထောက်ပံ့ရေးပစ္စည်းတွေလည်း ပိုရှာနိုင်ပြီး ရေမလုံလောက်တာမျိူးလည်းဖြစ်မှာမဟုတ်ဘူး။ စက်ရုံတွေမှာရှိနေသေးတဲ့ ရိက္ခာပစ္စည်းတွေကိုလည်း ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီကို ကိုယ်တို့က မျှပေးသွားအုံးမှာပါ"

‎

‎

‎သူ့စကားကိုကြားပြီးနောက်တော့ ကျိူးလီဇီက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း လုပ်မယ်"လို့ ပြန်ဖြေတယ်။

‎

‎

‎"နေ့လည်စာက အဆင်သင့်ဖြစ်နေပြီ။ အရင်သွားစားရအောင်" လို့ ကျင်းရွှီယန်းက သူမလက်ကိုဆွဲပြီး ပြောလိုက်သည်။

‎

‎

‎အားလုံးစားနေတုန်းမှာပဲ ရှောင်ချီက ခေါက်ဆွဲတစ်ပန်းကန်ကို လှမ်းယူလိုက်ပြီး အခန်းထဲကို လျှောက်မသွားခင် ရေတစ်ပုလင်းကို အရင်ယူလိုက်တယ်။ ခေါက်ဆွဲနှင့်ရေကို စားပွဲပေါ်တင်လိုက်ပြီး "အစ်မ မင်းကအရင်စားလိုက်အုံး ကျွန်တော်သူ့ကိုဂရုစိုက်လိုက်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎အမျိုးသမီးက ခေါင်းညိတ်ပြပြီး "ကျေးဇူးတင်ပါတယ်"လို့ ပြန်ပြောသည်။

‎

‎

‎ရှောင်ချီက သတိလစ်နေသောလူဘေးတွင်ထိုင်ကာ "အစ်မ ကျွန်တော်က ရှောင်ချီပါ။ မင်းရဲ့နာမည်ကရော ဘယ်လိုခေါ်လဲ"လို့ မေးလိုက်တယ်။

‎

‎

‎ရေသောက်ပြီးနောက်မှ အမျိုးသမီးက ပြုံးပြီး "ကျွန်မနာမည်က ကျင်ဟွမ်းဟွမ်း ပါ" လို့ ပြန်ဖြေလိုက်ပြီး သူမက မောင်ဖြစ်သူကို လက်ညွှန်းထိုးပြကာ "ဒါကတော့ ကျွန်မမောင် ကျင်ဇီချင် ပါ" လို့ ပြောလိုက်တယ်။

‎

‎

‎မောင်နှမတွေကို ကြည့်လိုက်ပြီးတော့ ရှောင်ချီက "အစ်မ ကျင် မင်းရဲ့မောင်က အရမ်းငယ်သေးတယ်။ နှစ်ယောက်စလုံးက စက်ရုံမှာ အလုပ်လုပ်နေတာလား"လို့ မေးလိုက်တယ်။

‎

‎

‎ကျင်ဟွမ်းက ခေါင်းခါပြီးပြန်ဖြေတယ် "ကျွန်မမောင်က တက္ကသိုလ်ကျောင်းသား‌လေ။ ဖုတ်ကောင်တွေ ပေါ်လာတဲ့အချိန်တုန်းက သူက ငါ့ဆီလာလည်တာ"

‎

‎

‎"ကျွန်မတို့နှစ်ယောက်လုံးက အထိတ်တလန့်ဖြစ်ခဲ့ကြပြီး ကျွန်မရဲ့အဆောင်ခန်းထဲမှာပဲ ပုန်းနေကြရတယ်။ ကံကောင်းလို့ပဲ ကျွန်မမောင်က စားစရာတွေ ယူလာပေးတယ်လေ။ ရေတွေကိုလည်း စုဆောင်းထားခဲ့တော့ အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့တယ်"

‎

‎

‎"စက်ရုံကထွက်လာရင် တခြားသူတွေလည်း ထွက်လိုက်လာလိမ့်မယ်လို့ ကျွန်မတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ မအော်ဖို့ ပြောပေမယ့် ဘယ်သူကမှ နားမထောင်ဘူးလေ။ ခဏကြာတော့ ဖုတ်ကောင်တွေ ထပ်စုလာတယ် ကျန်တာတွေကတော့ မင်းသိပါတယ်"

‎

‎

‎ရှောင်ချီက အသက်ရှင်ကျန်ရစ်သူများရဲ့နောက်သို့ လိုက်လာတဲ့ တုန်လှုပ်ချောက်ချားဖွယ် ဖုတ်ကောင်အရေအတွက်ကို တွေးနေမိသည်။ အကယ်၍ သူသာ သူရဲ့စွမ်းရည်ကို မနိုးထနိုင်မီတွင် သူမတို့ရဲ့အနေအထားတွင် ရှိနေခဲ့ပါက၊ လေ့ကျင့်သင်ကြားထားသည့် စစ်သားတစ်ဦးအဖြစ်နှင့်ပင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။

‎

‎

‎ကျင်ဟွမ်း နှင့် အခြားတစ်ယောက်ကို ကြည်ညိုလေးစားမှု အရိပ်အယောင်များဖြင့် ကြည့်နေစဉ်တွင် ဤအတွေးကြီးက သူ့စိတ်ထဲတွင် ထင်ရှားလာသည်။ ဘေးဆိုးကြီးကနေ လွတ်မြောက်ဖို့က သူတို့အတွက် အဲလောက်မလွယ်ဘူး။

‎

‎

‎ ခေါက်ဆွဲနှင့်ရေကို ကျင်ဟွမ်းက စားသောက်ပြီးသောအခါတွင် ရှောင်ချီက ပန်းကန်အလွတ်ကို ယူသွားသော်လည်း ပုလင်းခွံကိုတော့ ချန်ထားခဲ့သည်။ "အစ်မကျင် ပုလင်းကသိမ်းထားလိုက်နော် မင်းအတွက် နောက်မှ ရေထပ်ဖြည့်ပေးမယ်" လို့ မထွက်သွားခင်မှာ ပြောခဲ့သည်။

‎

‎

‎ကျင်ဟွမ်းက ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်"လို့ ပြောသည်။

‎

‎

‎ရှောင်ချီ ပြန်ရောက်လာသောအခါတွင်တော့ ခေါက်ဆွဲအများစုက စားပြီးပြီဖြစ်သည်။ အိုးအလွတ်နီးပါးဖြစ်‌နေတာကိုမြင်တော့ သူ့ပန်းကန်ကို အမြန်ဆွဲယူပြီး စားလိုက်သည်။

‎

‎

‎သူ့ဘေးမှာထိုင်နေတဲ့ ချင်လူဇီက "မင်း ဘာအချက်အလက်တွေရခဲ့လဲ" လို့ မေးလာတယ်။

‎

‎

‎ရှောင်ချီက သူ့ပါးစပ်ထဲကအစားစာတွေကို မျိုချလိုက်ပြီး "အစ်ကိုလူဇီ၊ သူတို့ရဲ့ နာမည်တွေနှင့် အလုပ်အကိုင်တွေပဲ သိခဲ့တယ်။ အဲဒီအမျိုးသမီးရဲ့ နာမည်က ကျင်ဟွမ်းဟွမ်း ၊ သူ့မောင်က ကျင်ဇီချင် ပါ။ သူမမောင်က တက္ကသိုလ်ကျောင်းသား၊ သူမက စက်ရုံအလုပ်သမတစ်ယောက်တဲ့"

‎

‎

‎"ကမ္ဘာပျက်ကပ်စတင်တဲ့အချိန်တုန်းက သူတို့နှစ်ယောက်က အိပ်ဆောင်ထဲမှာ ပုန်းနေကြတာ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တော့လည်း အနောက်ကလိုက်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အော်သံကြောင့် ဖုတ်ကောင်တွေကို စွဲဆောင်မိသွားတာ"

‎

‎

‎သူ့စကားကိုကြားတော့ ကျိူးလီဇီက အခန်းရှိရာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။ ဤကဲ့သို့သောဇာတ်လမ်းများက ကမ္ဘာပျက်ကပ်တွင် ဖြစ်ရိုးဖြစ်စဉ်များသာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူအများစုကလည်း အလားတူအတွေ့အကြုံများရှိသည်။ ဒါပေမယ့် အဲဒီအမျိုးသမီးက တည်ငြိမ်လွန်းတယ်။ နောက်ပြီး သူမရဲ့နာမည်ကလည်း ရင်းနှီးနေသည်။

‎

‎

‎ကျင်းရွှီယန်းက သူမရဲ့အကြည့်တွေကို သတိထားမိလိုက်တော့ "သူတို့အတွက် စိတ်မပူပါနဲ့။ အဲဒီအမျိုးသမီးနှင့် သူ့ မောင်ကို ယုံကြည်လို့ရတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတာနှင့် ကျိူးလီဇီက သူ့ကိုကြည့်သည်။ သူ့အပြုံးကိုမြင်တော့ သူမက ထိုအမျိုးသမီးရဲ့အမည်ကို ကြားခဲ့ရသည့်နေရာကို သတိရလိုက်သည်။ ကျင်ဟွမ်းက နတ်ဆိုးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဒါပေမယ့် အရင်ဘဝတုန်းကတော့ သူမမှာ မောင်တစ်ယောက်မှ မရှိခဲ့ပါဘူး။

‎

‎

‎သူတို့ရဲ့ အခုအခြေအနေကို တွေးကြည့်တော့ သူ့မောင်က အရင်ဘဝက ဆုံးသွားပုံရတယ်။ ကျင်ဇီချင် ဆိုတဲ့ နာမည်ကို သူမ မမှတ်မိတာက အံ့သြစရာမရှိတော့ဘူး။

‎

‎

‎ ဗိုက်ပြည့်နေတာကြောင့် အခုချိန်မှာ သူမရဲ့စိတ်က ပိုတက်ကြွလာသည်။ အနားယူရင်းနေရင်းနှင့် သူမရဲ့အရင်ဘဝက အမှတ်တရတွေ ပေါ်လာတယ်။

‎

‎

‎သူမရဲ့ယခင်ဘဝတွင် ကျင်ဟွမ်းက ကျင်းရွှီယန်း နှင့် ရင်းနှီးသော တစ်ဦးတည်းသော အမျိုးသမီးဖြစ်ခဲ့ပြီး၊ လူအများကတော့ သူမကို သူ့(ကျင်းရွှီယန်း)ရဲ့ရည်းစားအဖြစ် ယုံကြည်ကြသည်။

‎

‎

'‎အခုဆို ဒီဘဝမှာရော ပြန်ဆုံတွေ့ကြပြီမို့ အတူတူ ကုန်ဆုံးသွားကြအုံးမှာလား' လို့ သူ‌မတွေးနေမိတယ်။

‎

‎

‎

‎

‎

အခန်း-(၁၃၈)

‎ကျင်းရွှီယန်းမှာ သူ့အတိတ်ဘဝက အမှတ်ရစရာတွေရှိမှန်းသိလို့ ကျိူးလီဇီက ကျင်ဟွမ်းအကြောင်း မေးချင်ခဲ့တယ်။ ဒါပေမယ့် အချိန်အကြာကြီး တုံ့ဆိုင်းသွားပြီးနောက်မှ သူမက မမေးဖို့ ဆုံးဖြတ်လိုက်သည်။

‎

‎

‎သူမရဲ့အကြည့်တွေကို သတိထားမိတော့

‎ကျင်းရွှီယန်းက "အာ့ဇီ မင်းသိချင်တာတစ်ခုရှိရင် မေးကြည့်ပေါ့"လို့ ပြောလိုက်တယ်။

‎

‎

သူမရဲ့ စိတ်ထဲမှာ ‎မသက်မသာခံစားရသဖြင့် ကျိူးလီဇီက သူမ ပင်ပန်းနေပြီဟု ထင်ခဲ့သည်။ ထို့ကြောင့် မတ်တပ်ထရပ်ပြီး “အစ်ကိုယန်း ကျွန်မအနားယူတော့မယ်”

‎

‎

‎ထိုစကားများကိုသာ ချန်ထားခဲ့ပြီး ကားဆီသို့ လျှောက်သွားလို့ အနောက်ထိုင်ခုံပေါ်သို့ တက်လိုက်တယ်။ သူမက တံခါးကို မပိတ်တော့ဘဲ တစ်ရေးတစ်မော အိပ်လိုက်သည်။

‎

‎

‎ကျင်းရွှီယန်းက သူမ ထွက်သွားတာကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။ သူမရဲ့စိတ်ထဲမှာ တစ်ခုခု ရှိနေတာကို သူ ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့တယ်။ဒါဆို ဘာလို့ သူမက ဘာမှ မပြောတာလဲ။

‎

‎

သူမကိုမေးရန်အတွက် ‎စိတ်မသက်မသာဖြင့် ကားဆီသို့ လျှောက်သွားခဲ့သည်။ ဒါပေမယ့် အိပ်ပျော်နေတဲ့ သူမကိုမြင်တော့ သူ့ နှိုးလို့မရဘူး။ ထို့ကြောင့် ကားပေါ်သို့တက်ကာ သူ့ရဲ့ပေါင်ကိုပဲ ခေါင်းအုံးအဖြစ် အသုံးပြုစေလိုက်သည်။ သူမရဲ့ခေါင်းကို သူ့ပေါင်ပေါ်တင်ပေးပြီး သူမရဲ့ပါးပြင်လေးကို နမ်းလိုက်သည်။

‎

‎

‎သူမအိပ်နေတာကိုကြည့်ရင်း သူမရဲ့ဆံပင်နှင့် ကစားနေတယ်။ သူမရဲ့ဆံပင်တွေကို သဘောကျတယ်။ နူးညံ့ပြီး အနံ့လဲကောင်းတယ်။ ဆံပင်တွေကပိုရှည်လာတဲ့အခါမှာတော့ သူ့လက်ချောင်းကြားက ခံစားချက်ကလည်း ပိုလို့တောင်ကောင်းလာသည်။

‎

‎

‎ကျိူးလီဇီက နောက်တစ်နေ့နံနက်အထိကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ သူမရဲ့ခန္ဓာကိုယ်ကို လှည့်လိုက်သောအခါ သူမရဲ့နှာခေါင်းက ကြမ်းတမ်းသော်လည်း နွေးထွေးသည့်အရာတစ်ခုဖြစ် ဆောင့်မိသွားတယ်။

‎

‎

‎ခဏလောက်ကြာတော့ သူမက ပျော့ပျောင်းတဲ့ကုတင်ပေါ်မှာ အိပ်နေတယ်ထင်ပြီး နံရံကိုထိဖို့ လက်ကိုဆန့်လိုက်တယ်။ သူမရဲ့ လက်ဖဝါးက ပူနွေးသောနံရံကို ထိလိုက်သောအခါတွင် အဲဒါက ကြီးထွားလာပုံရသည်ဟု ခံစားလိုက်ရပြီးနောက်တော့ မျက်မှောင်ကြုတ်ကာ ညှစ်လိုက်သည်။

‎

‎

‎"ဟစ်"

‎

‎

‎စူးစူးဝါးဝါးအော်သံကို သူမကြားလိုက်သည်နှင့် ချက်ချင်းပင် သူမရဲ့မျက်လုံးများမှိတ်နေရာကနေ ပြူးကျယ်လို့သွားသည်။ သူမရဲ့လက်က ညှစ်ထားတဲ့နေရာကို လှမ်းကြည့်လိုက်တော့ သူမရဲ့စိတ်တွေက ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ လက်ကိုမလွှတ်မီတွင် အရင်ဆုံး ထိတ်လန့်စွာဖြင့် သူမက ထထိုင်လိုက်တယ်။

‎

‎

‎

ကျင်းရွှီယန်းက ‎ထိုင်ခုံပေါ်တွင်မှီလျက်ထိုင်နေပြီး သူမကို တစ်ဝက်မှိတ်ထားသော မျက်လုံးများဖြင့်ရွှင်မြူးစွာ ကြည့်ကာနေသည်။ သူက ပျင်းရိစွာ ပြုံးပြီး "အာ့ဇီ မင်း ကျေနပ်ရဲ့လား" လို့ ခပ်တိုးတိုး မေးလာတယ်။

‎

‎

‎သူ့ရဲ့စကားကိုကြားတော့ ကျိူးလီဇီရဲ့ မျက်လုံးတွေက ပိုပြူးကျယ်သွားပြီး "အစ်ကိုယန်း မင်းဘာတွေပြောနေတာလဲ ၊ ဒါက မတော်တဆဖြစ်တာ"လို့ သူမကအလန့်တကြားအော်လိုက်သည်။

‎

‎

‎ကျင်းရွှီယန်းက မျက်ခုံးပင့်လိုက်ပြီး သူမကို စိုက်ကြည့်ကာ "အာ့ဇီက အဲဒါကိုထိတာက ကြာနေပေမယ့် မတော်တဆလို့ ခေါ်တုန်းပဲ။ သေသေချာချာ စစ်ဆေးဖို့အတွက် အချိန်ကြာကြာ မထိချင်ဘူးလား ၊ ဟမ်းး"လို့ ပြောလိုက်တယ်။

‎

‎

‎နီမြန်းနေသော သူမရဲ့ ပါးပြင်၊ လည်ပင်းနှင့် နားရွက်များကို ကြည့်ရင်း သူက အနားကို တိုးကပ်လို့သွားသည်။ သူက အရှေ့ကို တိုးလာတော့ ကျိူးလီဇီက နောက်ပြန်ဆုတ်သွားတယ်။ ဆုတ်ရင်းနှင့် သူမက သတိမထားမိလိုက်ဘဲ တံခါးနှင့် နောက်ကျောက တိုက်မိသွားသည်။

‎

‎

‎သူမက တုန်ယင်သွားပြီး "အစ်ကို-အစ်ကိုယန်း ကျွန်မ မင်းကို စော်ကားဖို့ မရည်ရွယ်ပါဘူး။ မင်းရဲ့ပေါင်ပေါ်မှာ ဘယ်လိုလုပ်ပြီး ရောက်နေမှန်းတောင် မသိဘူး"လို့ ပြောလိုက်တယ်။

‎

‎

‎သူမရဲ့ ငြင်းတာကိုကြားတော့ ကျင်းရွှီယန်းက သူမကို ငုံ့ကြည့်ပြီး "အာ့ဇီ ကိုယ် မင်းကို စိတ်ဆိုးအောင် လုပ်ခဲ့တာလား"လို့ မေးလိုက်သည်။

‎

‎

‎"မဟုတ်ဘူး" လို့ ကျိူးလီဇီ ခေါင်းခါကာ ပြန်‌ဖြေသည်။

‎

‎

‎"ဒါဆို မင်းက ဘာလို့ ကိုယ့်နှင့် အကွာဝေးထားနေတာလဲ ၊ ကိုယ်တို့ကနမ်းခဲ့ပြီးပြီ ဖုတ်ကောင်တွေကိုလည်း အတူတူ သတ်ခဲ့တာ ကိုယ်တို့က ဆက်ဆံရေးတစ်ခုရှိနေပြီလို့ ကိုယ်တွေးထားတာ။ အဲဒါက ကိုယ့်ရဲ့ဆန္ဒအတိုင်းပဲလို့ ထင်နေတာ" လို့ ကျင်းရွှီယန်းက ဝမ်းနည်းစွာပြောသည်။

‎

‎

‎သူက ဘယ်လောက်တောင် ဝမ်းနည်းနေလဲဆိုတာကို မြင်လိုက်ရတော့ ကျိူးလီဇီဟာ သူမက အမိုက်မဲဆုံး မိန်းကလေးတစ်ယောက်လို့ ခံစားလိုက်ရတယ်။ မကြာသေးမီကမှ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး သူကိုလည်း ယုံကြည်မှုအားလုံးပေးကာ မမှီခိုသင့်မှန်း သူမသိသည်။ ဒါပေမယ့်လည်း အကြောင်းတစ်ခုခုကြောင့် သူမက နှလုံးသားကို တည်တည်ငြိမ်ငြိမ်ထားကာ သူ့ကို ငြင်းပယ်ဖို့ရန်အတွက် မစွမ်းဆောင်နိုင်ခဲ့ဘူး။

‎

‎

နောက်ဆုံးတော့ ‎အချိန်အတော်ကြာ ချီတုံချတုံဖြစ်သွားပြီးနောက်မှ သူမက မျက်လုံးများကို အုပ်ထားတဲ့ ဆံပင်များကို သပ်လိုက်ပြီး “အစ်ကိုယန်း မင်းအပေါ်ထားတဲ့ ကျွန်မရဲ့ခံစားချက်တွေကို ကျွန်မသေချာမသိဘူး၊ ကျွန်မတို့က ငယ်သူငယ်ချင်းတွေဆိုပေမယ့် နှစ်ပေါင်းများစွာကြာမှ ပြန်ဆုံကြတာ” လို့ပြောလိုက်တယ်။

‎

‎

‎"အခုလက်ရှိ ကျွန်မက အရင်က ကျွန်မနှင့် မတူတော့ဘူး။ မင်း ဆုံးဖြတ်ချက် မချခင်မှာ အဲဒါကို စဉ်းစားဖို့ အချိန်တစ်ခုလောက် လိုလိမ့်မယ်"

‎

‎

‎

"‎ မင်းရဲ့ ရည်းစားနှင့်ရော နောက်ထပ်ပြန်မဆုံချင်တော့ဘူးလား" လို့ သူမက အကြည့်တွေကိုလျှော့ပြီး တိုးတိုးလေးပြောလိုက်သည်။

‎

‎

‎သူမရဲ့စကားကိုကြားတော့ ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ကာ မေးလာသည် "အာ့ဇီ ကိုယ့်ရဲ့ရည်းစားနှင့်ပြန်ဆုံတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ"

‎

‎

‎ကျိူးလီဇီက သူမရဲ့ လက်သီးတွေကို ဆုပ်ထားပြီး အားတင်းကာ ပြန်မေးလိုက်တယ် "မင်းနှင့် ကျင်ဟွမ်းက အရင်တုန်းက စုံတွဲတွေမဟုတ်ဘူးလား"

‎

‎

‎သူမရဲ့စကားကိုကြားသောအခါမှ ကျင်းရွှီယန်းက သူမဟာ သူတို့ရဲ့ယခင်ဘဝအကြောင်းကိုပြောနေမှန်း သိလိုက်ရတယ်။ သူမမျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်ပြီး သူမရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။

‎

‎

‎သူမရဲ့အကြည့်တွေထဲက ခံစားချက်အပြောင်းအလဲများကို သူမြင်လိုက်ရတော့ သူရဲ့ စိုးရိမ်သောကရောက်နေတဲ့နှလုံးသားလေးက နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ သူ့ရဲ့ အာ့ဇီက သူ့ကို သဘောကျနေတာကြောင့် မနာလိုဖြစ်နေတာ သေချာတယ်။

‎

‎

‎ဒေါသ သို့မဟုတ် မတရားခံရသလို ခံစားရမည့်အစား ကျယ်လောင်စွာ ရယ်မောခြင်းကို မတားဆီးနိုင်လောက်အောင်ကို သူ ပျော်ရွှင်နေပါသည်။

‎

‎

‎ခဏကြာတော့ သူက တခစ်ခစ်ရယ်ပြီး "မိုက်မဲတဲ့ ကောင်မလေး အဲဒါကို ဘယ်သူက ပြောလိုက်တာလဲ ၊ သူက ကိုယ့်အဖွဲ့ရဲ့ အဖွဲ့ဝင်ပါပဲ။ မင်းကမကြိုက်ရင်တော့ သူ့မောင် နိုးလာတာနှင့် ကိုယ်သူတို့ကို ပြန်လွှတ်လိုက်မယ်"

‎

‎

‎"အာ့ဇီ ကိုယ်က ရည်းစားမထားဖူးဘူး။ မင်းကပဲ ကိုယ့်ရဲ့ ပထမဆုံးနှင့် နောက်ဆုံးဖြစ်လိမ့်မယ်။ မင်းအပြင် တခြားဘယ်သူကိုမှ မလိုချင်ပါဘူးကွာ။ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ကိုယ်က သေချာသိတယ်။ ဒါဆို အာ့ဇီ ကျေးဇူးပြုလို့ ကိုယ့်ကိုယုံပြီး ကိုယ့်ကို အခွင့်အရေးပေးလို့ရမလား" လို့ သူကမေးလိုက်တယ်။

‎

‎

‎သူ့ရဲ့စကားတွေကိုကြားတော့ ကျိူးလီဇီရဲ့ နှလုံးခုန်သံက မြန်သွားတယ်။ ခဏအကြာပြီး နောက်တွက်မှ သူမက "အစ်ကိုယန်း မင်းနှင့်ကျင်ဟွမ်း က တကယ်ကိုဆက်ဆံရေးမရှိတာလား"လို့ ထပ်မေးလိုက်သည်။

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ကျင်းရွှီယန်းက သူမကို စကားလုံးတွေနှင့် မရှင်းပြခဲ့ပါဘူး။ သူက ခေါင်းကိုငုံ့ကာ နှုတ်ခမ်းချင်းဆုံလိုက်ပြီး သူ့ရဲ့ခံစားချက်များကို သက်သေပြရန်အတွက် သူရဲ့ အပြုအမူများကို အသုံးပြုခဲ့သည်။

‎

‎

‎သူ့ရဲ့အနမ်းက နူးညံ့သော်လည်း လွှမ်းမိုးလို့ထားသည်။ သူမရဲ့ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်ပြီး ကျိူးလီဇီ အသက်ရှုရန် နှုတ်ခမ်းကို ဟလိုက်သောအခါတွင်တော့ သူက ထပ်မံနယ်ချဲ့လာ၏။

‎

‎

‎ သူမရဲ့ ပျော့ပျောင်းသောခန္ဓာကိုယ်က သူ့ရဲ့ရင်ခွင်ထဲတွင် ပို၍ပင် ပျော့ပျောင်းလာတာကို ခံစားလိုက်ရတော့ ကျင်းရွှီယန်းရဲ့အကြည့်များ နက်မှောင်သွားကာ သူ့ရဲ့ခန္ဓာကိုယ်ကလည်း တောင့်တင်းလာသည်။

‎

‎

‎ကျိူးလီဇီက ပြင်းထန်လှသောအနမ်းများကြောင့် အသက်ရှုဖို့ရန် အနောက်သို့ ဆုတ်လိုက်သည်။ နှုတ်ခမ်းထက်မှာ ကျန်ရစ်ခဲ့တဲ့ အနွေးဓာတ်ကြောင့် စိတ်လှုပ်ရှားနေပြီး မျက်နှာထက်မှာလဲ အပူတွေတိုးတက်နေတယ်။

‎

‎

‎သူမက ဆုတ်ခွာသွားတာကို ခံစားလိုက်ရသောအခါ ကျင်းရွှီယန်းက သူ့ရဲ့လက်ဖဝါးကို သူမရဲ့လည်ပင်းပေါ်တင်ပြီး သူမကိုအနားသို့ ပြန်ဆွဲခေါ်လိုက်သည်။ သူ့ရဲ့အလေးချိန်နှင့် သူမကို ဖိမိသွားမှာစိုးလို့ ဘယ်ဘက်လက်ကို ပြတင်းပေါက်မှာ တင်ထားလိုက်တယ်။

All Chapters