← Chapters

အခန်း (၇၂၃-၇၂၄)

Vol. 73 Ch. 723-724

အခန်း (၇၂၃-၇၂၄)

Vol. 73 Ch. 723-724

​​အခန်း ၇၂၃ - ဆရာဖန့်

​"ခု... ခုနစ်ယောက်မြောက် ဆရာကြီးလား မဟုတ်မှလွဲရော..."

လီယန်ရှီးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဖန့်ချန်ကို လှည့်ကြည့်လိုက်မိသည်။

​ထိုစဉ် ကျိမသေမျိုးဘုရင်က လက်ကို ဝှေ့ယမ်းလိုက်ရာ လီယန်ရှီး၏ မျက်လုံးများမှာ ခေတ္တမျှ ဝေဝါးသွားပြီးနောက် သူက ခါးသီးစွာ ပြုံးလျက်

"ကျွန်တော် ရဲ့ မှတ်ဉာဏ်တွေကို ဖျက်လိုက်တာလား"

​"သွားတော့"

ကျိမသေမျိုးဘုရင်က ပြုံးလျက် ပြောလိုက်သည်။

​လီယန်ရှီးသည် ဖန့်ချန်ကို တစ်လှည့်၊ ကျိမသေမျိုးဘုရင်ကို တစ်လှည့် ကြည့်ပြီးနောက် သက်ပြင်းချကာ ထွက်ခွာသွားတော့သည်။

သူသည် လမ်းလျှောက်ရင်း မည်သည့်မှတ်ဉာဏ်များ ပျောက်ဆုံးသွားသနည်းဟု အသည်းအသန် စဉ်းစားသော်လည်း သူ၏ကျင့်စဉ်အဆင့်မှာ ကျိမသေမျိုးဘုရင်နှင့် အလှမ်းဝေးလွန်းလှသည်။

ထိုအတိတ်ကို ပြန်လှန်ရန်ဆိုလျှင် သူကိုယ်တိုင် မသေမျိုးဘုရင်အဆင့်သို့ ရောက်ရုံသာမက ကျိမသေမျိုးဘုရင်ထက်ပင် ကျင့်စဉ်သာလွန်မှ ဖြစ်ပေလိမ့်မည်။

​ဖန့်ချန်မှာလည်း မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ကျိမသေမျိုးဘုရင်ကို သတိဖြင့် ကြည့်နေမိသည်။

တာအိုပေါင်းစပ်ခြင်း အဆင့်ရှိသူတစ်ဦး၏ မှတ်ဉာဏ်ကို အေးအေးဆေးဆေး ဖျက်ဆီးနိုင်သည့် ထိုသို့သော နည်းလမ်းမျိုးက သူ့ကိုပင် တုန်လှုပ်စေသည်။

​မိမိ၏ မှတ်ဉာဏ်များသာ ဖျက်ဆီးခံရလျှင် မည်သို့ဖြစ်မည်နည်း မိမိကိုယ်တိုင် သတိမထားမိဘဲ ဖြစ်နေမည်လား သို့မဟုတ် ယခင်က ထိုသို့ ဖြစ်ဖူးခဲ့သလော

​"မင်းက ဘာကို ကြောက်နေတာလဲ ဒီကျင့်စဥ်ကို မင်းအပေါ် သုံးမှာမဟုတ်ပါဘူး ဒါမှမဟုတ် ပြောရရင် နောက်ပိုင်းမှာ ဘယ်သူမှ မင်းအပေါ် ဒီကျင့်စဥ်ကို သုံးရဲမှာမဟုတ်ဘူး အဲ့ဒီ အဘိုးကြီး သာ သိသွားရင် သူတို့ အရိုးတောင် ကျန်မှာမဟုတ်ဘူး"

ကျိမသေမျိုးဘုရင်က ပြုံးလျက် ပြောလိုက်သည်။

​"အဘိုးကြီး အခုတော့ ငါ့ကို ဒီလိုပဲ ခေါ်နေကြပြီလား"

စီနီယာရွှင်သည် လက်ကို နောက်ပစ်ကာ လျှောက်လှမ်းလာပြီး ကျိမသေမျိုးဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။

​"ကျောင်းအုပ်ကြီး"

ကျိမသေမျိုးဘုရင်က ချက်ချင်းပင် လက်အုပ်ချီနှုတ်ဆက်ကာ ပြုံးဖြီးဖြီးဖြင့်

"အဘိုးကြီးဆိုတာ ဂုဏ်ပြုတဲ့ အခေါ်အဝေါ်ပါဗျာ ကျွန်တော် တို့လို လူတွေက အဘိုးကြီးလို့ ခေါ်တယ်ဆိုတာ ကျောင်းအုပ်ကြီး သက်တမ်းတစ်သောင်းတိုင် အသက်ရှည်ပါစေလို့ ဆိုလိုတာပါ"

​"မင်းနဲ့ စကားများမနေချင်ဘူး"

စီနီယာရွှင်က ခပ်အေးအေး ပြောလိုက်ပြီးနောက် ဖန့်ချန်ကို ရတနာတစ်ခုလို သဘောကျစွာ ကြည့်လိုက်သည်။

​"ဖန့်လေး သီးသန့်ခန်းထဲက ကျမ်းစာတွေကို အကုန်ဖတ်ပြီးပြီလား"

​"ဖတ်ပြီးပါပြီ"

ဖန့်ချန်က ရိုသေစွာ ဖြေလိုက်သည်။

အခုတော့ ထိုပုဂ္ဂိုလ်မှာ တောရိုင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်ပြီး ကျုံးကျိုးပြည်နယ်၏ ဂိုဏ်းချုပ်အဆင့် ဆရာကြီး ငါးဦးထဲမှ တစ်ဦးဖြစ်ကြောင်း သူ သေချာသွားပြီဖြစ်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်မှု ရှိလိမ့်မည် မဟုတ်ဟုလည်း သူ တွေးလိုက်မိသည်။

​"ဖတ်ပြီးရင် ပြီးတာပါပဲ ဒီကျမ်းစာတွေက တာအိုသုံးထောင်ဂိုဏ်း နဲ့ ပတ်သက်နေတာ ဒါပေမဲ့ ငါက ယွမ်ဟယ် ရဲ့ လမ်းညွှန်မှုရထားတဲ့သူတွေကို အများကြီး ဖိတ်ခေါ်ပြီး ပြခဲ့ဖူးပေမဲ့ သူတို့လည်း ဒီထဲက စာသားတွေကို မမြင်နိုင်ခဲ့ကြဘူး မင်းတစ်ယောက်ပဲ မြင်နိုင်တာ"

​စီနီယာရွှင်က ဆက်လက်၍

"မင်းက ယွမ်ဟယ်ရဲ့ စစ်မှန်တဲ့ အမွေအနှစ်ကို ရထားပြီလို့ ငါ သံသယရှိတယ် ဒါပေမဲ့ မကြောက်ပါနဲ့ ငါတို့ တောရိုင်းကျောင်းတော်က တာအိုသုံးထောင်ဂိုဏ်းနဲ့ ဘာရန်ငြိုးမှ မရှိသလို ယွမ်ဟယ်နဲ့လည်း ရန်သူမဟုတ်ဘူး"

" မင်း ဒီကျမ်းစာတွေကို ဖတ်တာက ငါ့လက်ကနေတစ်ဆင့် တာအိုသုံးထောင်ဂိုဏ်းကို ပြန်ပေးလိုက်သလိုပါပဲ ဒါပေမဲ့ မင်းကို ငါတို့ကျောင်းတော်ရဲ့ ခုနစ်ယောက်မြောက် ဆရာကြီး အဖြစ် ခန့်အပ်ချင်တယ် ဒီကျမ်းစာတွေကို သင်ကြားပြသပေးဖို့ပေါ့"

​သူက ခေတ္တရပ်ကာ

"ဒီကျမ်းစာတွေက တာအိုသုံးထောင်ဂိုဏ်းနဲ့ ပတ်သက်နိုင်ပေမဲ့ နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ ဘယ်သူမှ သေချာမပြောနိုင်တော့ဘူး မင်း ဘယ်လိုသဘောရလဲ"

​ဖန့်ချန်က ခေတ္တစဉ်းစားပြီးနောက်

"စီနီယာရွှင်... ကျိဆရာကြီး... ယွမ်ဟယ်ဆရာက ကျွန်တော့် အပေါ် ကျေးဇူးကြီးမားပါတယ် ဒီကျမ်းစာတွေက တာအိုသုံးထောင်ဂိုဏ်းက ဆင်းသက်လာတာဆိုရင် ကျွန်တော် က တခြားသူတွေကို ခွင့်ပြုချက်မရှိဘဲ လိုက်မသင်ပေးနိုင်ပါဘူး"

​"ဘယ်သူက ခွင့်ပြုချက်မရှိဘဲ သင်ခိုင်းလို့လဲ မင်းဆီက အတတ်ပညာ သင်ယူတဲ့သူတွေကို ငါက မင်းရဲ့ တာအိုသုံးထောင်ဂိုဏ်းဝင်တွေအဖြစ် သတ်မှတ်ပေးမယ် အခုကော ဘယ်လိုလဲ"

စီနီယာရွှင်က ပြုံးလျက် မေးလိုက်သည်။

​ဖန့်ချန်မှာ အံ့အားသင့်သွားသည်။

ဆိုလိုသည်မှာ တောရိုင်းကျောင်းတော်က တပည့်တွေ ဒီကျင့်စဥ်တွေကို သင်ယူရင် တာအိုသုံးထောင်ဂိုဏ်းဝင် ဖြစ်သွားမည်ဟု ဆိုလိုခြင်းလော

​"ငါတို့လို အဘိုးကြီးတွေက ဂိုဏ်းဂဏ စွဲလမ်းမှုတွေ အများကြီး ရှိတယ်လို့ မထင်ပါနဲ့ အချင်းချင်း ခွဲခြားထားရတာကလည်း အခြေအနေအရပါပဲ"

စီနီယာရွှင်က ရယ်မောလျက်

"ကျုံးကျိုးက ကျင့်ကြံသူတွေ အစွမ်းထက်လာဖို့အတွက်ဆိုရင် ဘာကိုမဆို အလျှော့ပေးလို့ ရပါတယ်"

​ဖန့်ချန်က ထူးဆန်းသော မျက်နှာပေးဖြင့်

"ဒါပေမဲ့ စီနီယာရွှင်... အခု တာအိုသုံးထောင်ဂိုဏ်းဆိုတာ မရှိတော့ဘူးလေ..."

​"ချန်းတောက်နယ်မြေက တာအိုတစ်ထောင်ဂိုဏ်း က အရင်က တာအိုသုံးထောင်ဂိုဏ်းလို့ ခေါ်တာ မဟုတ်လား အဲ့ဒီနာမည်ကို ပြန်ပြောင်းလိုက်ပေါ့ ငါကိုယ်တိုင် နန်းတော်က လူကြီးတွေကို ပြောပေးမယ် ဒါက လွယ်လွယ်လေးပါ"

​"ကျေးဇူးတင်ပါတယ် စီနီယာရွှင် ကျွန်တော် တောရိုင်းကျောင်းတော်ရဲ့ ဆရာကြီးအဖြစ် လက်ခံပါတယ်"

ဖန့်ချန်က နောက်ထပ် စကားမပြောတော့ဘဲ ရိုသေစွာ ဂါရဝပြုလိုက်သည်။

​"အေး မင်းရဲ့ မူလသရုပ်မှန်ကိုတော့ လျှို့ဝှက်ထားရမယ် ရန်သူတွေ ရန်ကနေ ကာကွယ်ဖို့ပေါ့ဆရာကြီး ၆ ယောက်နဲ့ အဆင့်မြင့်နည်းပြ ၂၂ ယောက်ပဲ မင်းရဲ့ သရုပ်မှန်ကို သိလိမ့်မယ်"

"မင်း တစ်နှစ်ကို တစ်လပဲ ဒီမှာ ကျမ်းစာဟောပြောရမယ် မင်းရဲ့ ရုပ်ဖျက်တာကို ငါကိုယ်တိုင် ကူညီပေးမယ် ကျန်တဲ့အချိန်တွေကတော့ မင်းသဘောပဲ"

"ဒါပေမဲ့ တောရိုင်းကျောင်းတော်က မင်းကို အထောက်အပံ့တွေ ပေးထားတာဆိုတော့ တခြားဟာတွေတော့ သိပ်မပေးနိုင်တော့ဘူး မင်းရဲ့ လစာ ကို ဟင်လင်ပြင်ထာဝရဓားဂိုဏ်းကပေးတဲ့ အတိုင်းပဲ တစ်နှစ်ကို အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးမယ်"

​စီနီယာရွှင်က ရယ်မောလျက် ကျိမသေမျိုးဘုရင်ကို ကြည့်ကာ

"ဘာရပ်ကြည့်နေတာလဲ အကုန်မှတ်ထားပြီလား"

"မှတ်ထားပါပြီ"

​"စီနီယာရွှင်... ကျွန်တော့် ကို နှစ်တစ်ရာစာ လစာ ကြိုထုတ်ပေးလို့ ရမလားဗျ"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

​"မင်း ဒီလိုလုပ်မယ်ဆိုတာ ငါ သိပြီးသား ဆယ်နှစ်စာပဲ ပေးမယ် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းအတိုင်းပဲအပိုမရှိဘူး"

စီနီယာရွှင်က နှာခေါင်းရှုံ့ကာ

"တောရိုင်းကျောင်းတော်က ဩဇာကြီးတယ်ဆိုပေမဲ့ အလယ်အလတ် ဝိညာဉ်ကျောက်တုံးတွေက အပုံလိုက် ရှိနေတာ မဟုတ်ဘူး"

" အခုခေတ်မှာ ကျင့်ကြံသူက များလာပြီး အထက်ဘုံလောက တံခါးက ပိတ်နေတာ ကြာပြီဆိုတော့ အလယ်အလတ်၊ အဆင့်မြင့်နဲ့ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေက ပိုပိုပြီး ရှားပါးလာနေပြီ"

​"အလယ်အလတ် ဝိညာဉ်ကျောက်တုံးတွေက အထက်ဘုံလောကက လာတာလားဗျ"

ဖန့်ချန်က မေးလိုက်သည်။

​"ဒါပေါ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေပဲ လူသားလောကမှာ ဖြစ်တည်နိုင်တာ မင်းတို့ အခုသုံးနေတဲ့ အလယ်အလတ် ကျောက်တုံးတွေက အရင်က ကျန်ခဲ့တာတွေပဲ သုံးရင် သုံးသလောက် လျော့သွားမှာ"

စီနီယာရွှင်က ပြုံးလျက်

"မင်းက ဆရာကြီးဖြစ်ပြီဆိုတော့ ဘွဲ့နာမည် တစ်ခုတော့ လိုမယ် မင်းကို ဘယ်လိုခေါ်ရမလဲ "

​"ယွမ် "

ဖန့်ချန်က ချက်ချင်း ဖြေလိုက်သည်။

"ကျွန်တော်က ဆရာ့ကိုယ်စား သင်ပြမှာဆိုတော့ ဆရာ့နာမည် ယွမ်ဟယ် ထဲက ယွမ် ကိုပဲ သုံးပါ့မယ်"

​"မဖြစ်ဘူး တချို့လူတွေက ငါ ယွမ်ဟယ် ကို ပြန်ခေါ်လာပြီလို့ ထင်သွားရင် ငါတို့ကျောင်းတော်က လူတိုင်းရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်"

စီနီယာရွှင်က ခေါင်းယမ်းလိုက်သည်

"မင်းရဲ့ မျိုးရိုးက ဖန့် ဆိုတော့ ဆရာဖန့် လို့ပဲ သုံးလိုက် မင်းရဲ့ သရုပ်မှန်ကို ဘယ်သူမှ ရိပ်မိမှာ မဟုတ်ဘူး"

​"ကျောင်းအုပ်ကြီး ဒါဆို ဆရာဖန့်ကို ဒီနေ့ပဲ သင်ကြားမှု စခိုင်းမလို့လား"

ကျိမသေမျိုးဘုရင်က မေးလိုက်သည်။

​"သူ့ကို အရင်ပြန်လွှတ်လိုက်ဦး တာအိုသုံးထောင်ဂိုဏ်း နာမည်ကို အရင်ပြန်ပြောင်းခိုင်းရမယ် ငါလည်း ကျုံးကျိုးက လူကြီးတွေကို သွားအသိပေးရဦးမယ်"

စီနီယာရွှင်က အေးဆေးစွာ ပြောပြီးနောက် လှည့်ထွက်သွားကာ ပျောက်ကွယ်သွားတော့သည်။

​"ဆရာဖန့် အခုကစပြီး ကျုပ် တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီပေါ့"

ကျိမသေမျိုးဘုရင်က ဖန့်ချန်ကို အထင်ကြီးစွာ ကြည့်လိုက်သည်။

သူ တစ်ခါတည်းနဲ့ ခေါ်လာတဲ့လူက ကျောင်းတော်ရဲ့ ဆရာကြီး ဖြစ်လာလိမ့်မယ်လို့ သူလည်း မထင်ထားခဲ့ပေ။

​"ဆရာကျိ ကျွန်တော့် ကို အဲ့လို မခေါ်ပါနဲ့"

ဖန့်ချန်က ခေါင်းယမ်းလိုက်သည်။

​"ဘာလို့ မခေါ်ရမှာလဲ မင်းက သင်ကြားပြသနိုင်ပြီဆိုမှတော့ ဆရာကြီး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်"

ကျိမသေမျိုးဘုရင်က ပြုံးလျက် လက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော စွမ်းအင်တစ်ခု ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ တောရိုင်းတံဆိပ် ထဲသို့ စီးဝင်သွားသည်။

​"ငါ မင်းရဲ့ တံဆိပ်ထဲမှာ စွမ်းအင်အချို့ ထည့်ပေးထားတယ် ဒါကို သုံးပြီး တောရိုင်းကျောင်းတော်ကို တစ်နှစ်စောင့်စရာမလိုဘဲ သုံးကြိမ်အထိ အချိန်မရွေး လာလို့ရတယ်"

"ဒါက အသက်ကယ်နည်းလမ်းလည်း ဖြစ်တယ် မင်းကို တစ်ခါတည်း ဖမ်းဆီးမခံရသရွေ့ ဂိုဏ်းချုပ်အဆင့် ဆရာကြီး နဲ့ တွေ့ရင်တောင် တောရိုင်းကျောင်းတော်ထဲကို ထွက်ပြေးလာလို့ ရတယ်"

​ဖန့်ချန် စိတ်လှုပ်ရှားသွားပြီး

"ကျေးဇူးတင်ပါတယ် ဆရာကျိ"

​ထိုအသက်ကယ်နည်းလမ်းမှာ တကယ့်ကို အဖိုးတန်လှပေသည်။

ကျိမသေမျိုးဘုရင်ထံမှ ထွက်လာပြီးနောက် ဖန့်ချန်သည် တောရိုင်းကျောင်းတော်မှ ထွက်ခွာလာခဲ့ပြီး ယခင် ကျိမသေမျိုးဘုရင် ဆေးဖော်စပ်ခဲ့သည့် နေရာသို့ ပြန်လည်ရောက်ရှိလာတော့သည်။

​အခန်း ၇၂၄ - တိထျန်း နှင့် ခွန်လွန်ဓားဂိုဏ်းက ယန်ခုန်း

​"ဖန့်ဓားဦးဆောင်သူ ထွက်လာပြီလားခင်ဗျာ"

​ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် ဖန့်ချန်ရှေ့သို့ အပြေးအလွှား ရောက်လာပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။

ဖန့်ချန်သည် ထိုသူအား ရှကျီ၏ အိမ်တော်ကို စောင့်ကြပ်ပေးခဲ့သည့် အစောင့်များထဲမှ တစ်ဦးဖြစ်ကြောင်း မှတ်မိလိုက်သည်။

​ထိုစဉ်က အစောင့်အချို့သည် လူသားလောက၏ နတ်အသိစိတ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရစဉ် ကျင့်ကြံခြင်းဆိုသည်မှာ မိမိ မည်သို့ရှင်သန်နေထိုင်ရမည်ကို ရွေးချယ်ပိုင်ခွင့်ရှိရန် ဖြစ်သည် ဟု ပြောခဲ့သူမှာ ထိုသူပင် ဖြစ်သည်။

​"မင်းတို့ သခင်လေး အိမ်မှာ ရှိလား"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​ထိုကျင့်ကြံသူက ကမန်းကတန်း ပြန်ဖြေသည်

"သခင်လေးက အခု ချုံလို မှာ နယ်ပယ်အသီးသီးက လူကုံထံတွေနဲ့အတူ စားသောက်ပွဲ ကျင်းပရင်း တာအိုဆွေးနွေးနေပါတယ်ခင်ဗျာ"

​"အို ဘယ်လို လူကုံထံတွေပါလဲ"

ဖန့်ချန်၏ အကြည့်က တစ်ချက်လှုပ်ရှားသွားသည်။

​ထိုသူက ကျီးလျန်၊ ဖုန်းယာ စသည့် နာမည်ကြီး ပုဂ္ဂိုလ်များကို တစ်ဦးချင်း ရေရွတ်ပြသည်။

ထို့ပြင် နဂါးစဿားဘုရင်အိမ်တော်မှ အကြီးဆုံးသခင်လေးလည်း ရောက်နေပြီး ထိုစားသောက်ပွဲကို သူကပင် ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

​"သခင်လေးက ကျွန်တော့်ကို ဒီမှာ ဓားဦးဆောင်သူကို စောင့်နေဖို့ မှာထားပါတယ် တကယ်လို့ ဓားဦးဆောင်သူ တောရိုင်းကျောင်းတော်က ပြန်လာချိန်မှာ စားသောက်ပွဲ မပြီးသေးရင် အတူတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခိုင်းထားပါတယ်ခင်ဗျာ"

ထိုသူက အရိုအသေပေးလျက် ပြောသည်။

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်

"ကောင်းပြီ ဒါဆို မင်းပဲ လမ်းပြပေးပါဦး"

​သူတို့နှစ်ဦး ချုံလိုသို့ ထွက်ခွာသွားပြီး မကြာမီမှာပင် အမှောင်ထဲမှ စောင့်ကြည့်နေသော အရိပ်အချို့လည်း တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။

​လမ်းခရီးတွင် ဖန့်ချန်သည် ထိုကျင့်ကြံသူနှင့် စကားစမြည်ပြောရင်း သူ၏အမည်မှာ ကော်ရှောက် ဖြစ်ကြောင်းနှင့် ချီသန်စင်ခြင်းအဆင့် ကတည်းက နဂါးစားဘုရင်အိမ်တော်၏ မသေမျိုးစစ်သည်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း သိလိုက်ရသည်။

​"ကော်မိတ်ဆွေ မင်းအရင်က ပြောဖူးတယ်နော်ကျင့်ကြံခြင်းဟာ ကိုယ်ဘယ်လိုရှင်သန်မလဲဆိုတာကို ရွေးချယ်ခွင့်ရဖို့ဆိုတာ ဒါဆို ကျုပ် တစ်ခုလောက် မေးပါရစေ မင်းကော ဘယ်လိုရှင်သန်ဖို့ ရွေးချယ်ခဲ့တာလဲ"

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

​ကော်ရှောက်မှာ ကြောင်အသွားသည်။

သူ မတော်တဆ ပြောခဲ့မိသည့် စကားကို တစ်ဖက်လူက စိတ်ထဲမှတ်ထားရုံသာမက သူ့ကို မိတ်ဆွေ ဟုပင် လေးလေးစားစား ခေါ်ဝေါ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

​"ဓားဦးဆောင်သူ မိတ်ဆွေဆိုတဲ့ အခေါ်အဝေါ်ကို ကျနော် မခံယူရဲပါဘူး"

ကော်ရှောက်က ရှက်ကိုးရှက်ကန်း ပြောရှာသည်။

​ဖန့်ချန်က ရယ်မောလိုက်ပြီး

"ဘာလို့ မခံယူရဲရမှာလဲ"

​"ကျွန်တော်... ကျွန်တော်က နဂါးစားဘုရင်အိမ်တော်ရဲ့ သာမန် စစ်သည်လေး တစ်ယောက်ပဲလေ ဓားဦးဆောင်သူကကျတော့..."

ကော်ရှောက်က စကားလုံးများကို သေချာရွေးချယ်ကာ ပြောနေသည်။

​"မိတ်ဆွေ မင်းက ပုံစံခွက်ထဲ ပိတ်မိနေပြီပဲ ဒါမှမဟုတ် ဒါကပဲ မင်းရွေးချယ်ထားတဲ့ လမ်းစဉ်လား"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​ကော်ရှောက်မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ ခါးသီးစွာ ပြုံးလိုက်သည်

"ဓားဦးဆောင်သူ ကျွန်တော့် ခေါင်းထဲမှာလည်း အရမ်းရှုပ်ထွေးနေပါတယ် ကျင့်ကြံခြင်းက ဘယ်လိုရှင်သန်မလဲဆိုတာ ရွေးချယ်ခွင့်ပေးတယ်ဆိုပေမဲ့ တကယ့်လက်တွေ့မှာတော့ ကိုယ်တိုင် မတတ်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေသေးတာပဲဗျာ"

​"ဟုတ်တာပေါ့ ကျင့်ကြံနေရင်တောင် ကိုယ်တိုင် မတတ်နိုင်တဲ့ အရာတွေ အများကြီး ရှိနေဦးမှာပဲ ဒီဘဝမှာ ရှင်းရှင်းလင်းလင်း ရှင်သန်သွားနိုင်ရင်ပဲ တော်လှပြီ တကယ်လို့ ဒီဘဝမှာ ဂုဏ်သိက္ခာလေး နည်းနည်းပါးပါး ရှိရှိနဲ့ ရှင်သန်နိုင်မယ်ဆိုရင်တော့ ပိုတောင် ကောင်းသေးတာပေါ့"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

​"ဂုဏ်သိက္ခာလေး နည်းနည်း..."

ကော်ရှောက်၏ မျက်ဝန်းများမှာ ရုတ်တရက် ဝေဝါးသွားသည်။

​ထိုစဉ် ဖန့်ချန်က ခြေလှမ်းရပ်လိုက်သည်ကို ကော်ရှောက် သတိပြုမိသွားသည်။

သူ မော့ကြည့်လိုက်ရာ ရှေ့တွင် မည်သည့်အချိန်က ရောက်နေသည်မသိသော လူအုပ်စုတစ်စုနှင့် ထိပ်တိုက်တိုးနေသည်ကို တွေ့လိုက်ရသည်။

​ထိုလူအုပ်စုတွင် ထူးခြားချက်တစ်ခု ရှိသည်။

လူတိုင်းဆီမှ မည်သူမျှ အနားမကပ်ရဲလောက်အောင် ပြင်းထန်လှသော ဓားအသိ များ ထွက်ပေါ်နေခြင်းပင်။

အနည်းငယ်မျှ အတွေ့အကြုံရှိသော ကျင့်ကြံသူဆိုလျှင် ထိုသူများသည် ဓားဂိုဏ်းမှ ဆင်းသက်လာသော ဓားကျင့်ကြံသူ များဖြစ်ကြောင်း ချက်ချင်း သိနိုင်ပေသည်။

​ကော်ရှောက် အံ့ဩသွားမိသည်။

ထိုလူများသည် ဟင်လင်ပြင်ထာဝရဓားဂိုဏ်း သို့မဟုတ် လင်ယွင်ဓားဂိုဏ်းမှ ကျင့်ကြံသူများနှင့် မတူပေ။

ကျုံးတူးမြို့တော်ထဲကို ဘယ်တုန်းက ဒီလို အမည်မသိ ဓားကျင့်ကြံသူတွေ ရောက်လာတာလဲ

​ထို့ပြင် သူတို့၏ ဓားအသိများမှာ ဖန့်ချန်ကို ဦးတည်ကာ တိုက်ခိုက်နေသကဲ့သို့ ရှိသည်။

​"ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဓားဦးဆောင်သူလား"

ရှေ့ဆုံးမှ ဓားကျင့်ကြံသူက ဖြည်းညှင်းစွာ မေးလိုက်သည်။

​သူသည် အလွန်ငယ်ရွယ်သော ပုံစံရှိသော်လည်း မျက်ဝန်းထဲမှ ရင့်ကျက်မှုများကို ဖုံးကွယ်ထား၍မရပေ။

အနည်းဆုံး နှစ်ပေါင်း ရာချီ သို့မဟုတ် ထောင်ချီ ကျင့်ကြံထားသူ ဖြစ်ရပေမည်။

​"ဟုတ်ပါတယ် မင်းက ဘယ်သူလဲ"

ဖန့်ချန်က ခေါင်းညိတ်ကာ မေးလိုက်သည်။

​"ခွန်လွန်ဓားဂိုဏ်းက ယန်ခုန်း ပါ"

​ခွန်လွန်... ဓားဂိုဏ်း

ဘေးပတ်ဝန်းကျင်မှ လူများသည် ခွန်လွန်ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ခေတ္တမျှ စဉ်းစားလိုက်ကြပြီးနောက်၊ သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ထွက်ပေါ်လာတော့သည်။

​"သူတို့က တိထျန်း က ဓားကျင့်ကြံသူတွေပဲ"

​"ခွန်လွန်ဓားဂိုဏ်းဆိုတာ တိထျန်း ရဲ့ နံပါတ်တစ် ဓားဂိုဏ်းလေ အခု တိထျန်း ရဲ့ ကျင့်ကြံသူစာရင်း မှာ နံပါတ်တစ် ဖြစ်နေတဲ့သူက ခွန်လွန်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဆင့် ဆရာကြီးပဲ..."

​ထိုနေရာမှာ ကျုံးကျိုးပြည်နယ် မြို့တော်ဖြစ်သဖြင့် ဒီက ကျင့်ကြံသူတိုင်းမှာ အရှိန်အဝါရှိသူများ ဖြစ်ကြသည်။

သို့သော် တိထျန်း ၏ ခွန်လွန်ဓားဂိုဏ်းဟူသော အမည်ကို ကြားလိုက်ရချိန်တွင်မူ သူတို့၏ မာန်မာနများ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့ရိုသေမှုများ ဝင်ရောက်လာတော့သည်။

​"ဖန့်ဓားဦးဆောင်သူ ယန်ခုန်းစီနီယာက ငါတို့ ခွန်လွန်ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူပဲ မင်းက ဘာလို့ ဂါရဝမပြုသေးတာလဲ"

ယန်ခုန်း၏ နောက်ကွယ်မှ ဓားကျင့်ကြံသူတစ်ဦးက ပြောင်လှောင်သော အကြည့်ဖြင့် ဖန့်ချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

​"ခွန်လွန်ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ"

ဘေးလူများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။

ခွန်လွန်ဓားဂိုဏ်း၏ ဓားဦးဆောင်သူမှာ လောကတွင် ရှိနေသည်မှာ ကြာပြီဖြစ်ပြီး ဝါရင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်၏ ကျင့်စဉ်အဆင့်မှာ မည်မျှအထိ မြင့်မားနေမည်နည်း

​"ခွန်လွန်ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူက ငါတို့ ကျုံးကျိုးမြို့တော်ကို ဘာကိစ္စနဲ့ လာတာလဲ..."

​"ဒီဖန့်ဓားဦးဆောင်သူကို တကူးတက လာရှာတာလား ဓားဂိုဏ်းတွေမှာ ဓားဦးဆောင်သူအဖြစ် ဘွဲ့အပ်နှံခံရဖို့ဆိုရင် ဓားစိန်ခေါ်ခြင်းကို ဖြတ်သန်းရတယ်လို့ ကြားဖူးတယ် နယ်ပယ်အသီးသီးက မျိုးဆက်တူ ဓားသမားတွေကို အကုန်အနိုင်တိုက်နိုင်မှ အသိအမှတ်ပြုခံရတာလေ"

​"မဖြစ်နိုင်တာ အဲ့ဒါက မျိုးဆက်တူမှ ဖြစ်မှာလေ ခွန်လွန်ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူက အသက်ကြီးလှပြီ၊ သူက ဝါရင့်လူကြီးပိုင်းထဲ ပါနေပြီပဲ"

​ဘေးပတ်ဝန်းကျင်မှ လူများက တီးတိုးဆွေးနွေးနေကြစဉ် ယန်ခုန်းကိုလည်း စူးစမ်းစွာ ကြည့်နေကြသည်။

​"ဪ... ခွန်လွန်ဓားဂိုဏ်းက ယန်ဓားဦးဆောင်သူကိုး..."

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်

"ယန်ဓားဦးဆောင်သူက ဒီကို ဘာကိစ္စနဲ့ ကြွလာတာလဲဆိုတာ သိပါရစေဦး"

​"ဟင်လင်ပြင်ဓားဂိုဏ်းကလူတွေက ဒီလောက်တောင် လူမှုရေး မသိတာလား"

ဖန့်ချန်က သူ့ကို အဖက်မလုပ်သဖြင့် ယန်ခုန်နောက်က ဓားကျင့်ကြံသူ၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ၏ ဓားအသိများမှာ ပို၍ ပြင်းထန်လာသည်။

​ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် အန္တရာယ်ကို ရိပ်မိသဖြင့် ဝေးဝေးသို့ ရှောင်သွားကြပြီး အချို့မှာ အာဏာပိုင်များထံ အကြောင်းကြားရန် ပြင်ကြတော့သည်။

ထိုသူများမှာ ဓားကျင့်ကြံသူများ ဖြစ်သဖြင့် ရုတ်တရက် တိုက်ခိုက်ကြလျှင် မြို့တော်အတွင်း ပျက်စီးမှု ကြီးမားနိုင်ပေသည်။

​"မင်း တစ်ခုခု မှားနေတာလား ငါကလည်း ဟင်လင်ပြင်ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူပဲလေ ရာထူးချင်းယှဉ်ရင် ယန်ဓားဦးဆောင်သူနဲ့ ဘာကွာလို့လဲ ဘာလို့ သူ့ကို ဂါရဝပြုရမှာလဲ"

ဖန့်ချန်က ထိုဓားကျင့်ကြံသူကို ပြုံးကြည့်လိုက်သည်

"တကယ်လို့ လူမှုရေးအကြောင်း ပြောကြစတမ်းဆိုရင် မင်းတို့တွေ ငါ့ကို မြင်ရင် ပိုပြီး ဂါရဝပြုသင့်တာ မဟုတ်ဘူးလား ဒါမှ တိထျန်းရဲ့ လူမှုရေးစံနှုန်းကို ငါကလည်း မြင်ဖူးတာပေါ့"

​ကော်ရှောက်မှာ ဘေးမှနေ၍ ရင်တထိတ်ထိတ် ဖြစ်နေမိသည်။

ဖန့်ချန်က ဤမျှ အစွမ်းထက်သော လူအုပ်ရှေ့တွင် အေးအေးဆေးဆေး စကားပြောနေသည်ကို မြင်ရသဖြင့် မိမိကိုယ်ကိုပင် ရှက်မိသွားသည်။

သူသာဆိုလျှင် စကားပင် လည်နေမည် မဟုတ်ပေ။

ထိုသူများ၏ နောက်ကွယ်တွင် လူသားလောက၏ နံပါတ်တစ် ဂိုဏ်းချုပ်အဆင့် ဆရာကြီး ရှိနေသည် မဟုတ်ပါလား။

​"ဟဲဟဲ ဖန့်ဓားဦးဆောင်သူက သတ္တိပိုင်းမှာတော့ အရည်အချင်း ပြည့်မီသားပဲ ဒါပေမဲ့ မင်းရဲ့ လက်တွေ့စွမ်းရည်ကကော လူတွေကို အထင်ကြီးစေနိုင်မလားဆိုတာတော့ မသိဘူး"

ယန်ခုန်းက ရုတ်တရက် ရယ်မောလိုက်သည်

"နှမြောစရာကောင်းတာက မင်းနဲ့ငါက မျိုးဆက်တစ်ခုတည်းမှာ မမွေးလာခဲ့တာပဲ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းမှာ နှစ်ပေါင်းများစွာကြာမှ မင်းလို ဓားဦးဆောင်သူတစ်ယောက် ပေါ်လာတာဆိုတော့ စည်းကမ်းအရ ငါက မင်းနဲ့ လက်ရည်စမ်းလို့ မရဘူး"

​သူက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး

"ဒါပေမဲ့ ငါတို့ ဟင်လင်ပြင်ဓားဂိုဏ်းကို ၁၀ နှစ်ပဲ အချိန်ပေးထားတယ် ၁၀ နှစ်အတွင်း မင်း ဝိညာဉ်သန္ဓေသား အဆင့်ကို မရောက်နိုင်ရင် ဒီဓားဦးဆောင်သူ ဘွဲ့ကို အလိုအလျောက် ပြန်ရုပ်သိမ်းခံရလိမ့်မယ်"

" တကယ်လို့ မင်းသာ ဝိညာဉ်သန္ဓေသား အဆင့်ကို ရောက်ခဲ့ရင်တော့ ဓားစိန်ခေါ်ပွဲ ကို စတင်ရလိမ့်မယ် အဲ့ဒီအချိန်ကျရင် ခွန်လွန်ဓားဂိုဏ်းမှာ ဖန့်ဓားဦးဆောင်သူရဲ့ စွမ်းရည်ကို ကိုယ်တိုင်ကြည့်ဖို့ ငါ စောင့်နေမယ်"

​ပြောပြီးသည်နှင့် ယန်ခုန်းသည် လူအုပ်ကို ဦးဆောင်ကာ ဖန့်ချန်ဘေးမှ ဖြတ်သွားတော့သည်။

ဖန့်ချန်ကို မကျေမနပ်ဖြစ်နေသော ဓားကျင့်ကြံသူမှာ ဖန့်ချန်ဘေးမှ ဖြတ်သွားချိန်တွင် သူ့ကို စူးစိုက်ကြည့်ကာ ပြုံးလျက် ပြောသွားသည်

"ဖန့်ဓားဦးဆောင်သူ ငါ့နာမည်က ဝူချန်စိုက် ပါ ငါ့နာမည်ကို သေချာမှတ်ထားလိုက်ပါ"

​သူ၏ မျက်ဝန်းထဲတွင် ပြောင်လှောင်မှုများ ပြည့်နှက်နေပြီး အထက်စီးဆန်လှသော အမူအရာဖြင့် ထွက်ခွာသွားတော့သည်။

All Chapters