← Chapters

အခန်း (၇၂၅-၇၂၆)

Vol. 73 Ch. 725-726

အခန်း (၇၂၅-၇၂၆)

Vol. 73 Ch. 725-726

​အခန်း ၇၂၅ - မသေမျိုးလမ်းစဉ်မှ မသေမျိုးဖြစ်ခြင်း၊ သိုင်းလမ်းစဉ်မှ နတ်ဘုရားဖြစ်ခြင်း

​ကော်ရှောက်သည် မာန်မာနမရှိဘဲ တည်တည်ငြိမ်ငြိမ်ရှိလှသော ဖန့်ချန်ကို ကြည့်ရင်း ရုတ်တရက် အသိတစ်ခု ရသွားသည်။

ဪ... ဒါဟာ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ခြင်းဆိုတာပါလား။

​ကျင့်စဉ်အဆင့်က တစ်ဖက်လူကို မမီလျှင်တောင် ကြောက်ရွံ့စရာမလို၊ ဖားယားစရာမလိုဘဲ ရင်ဆိုင်နိုင်ခြင်း... ထိုအချက်ကို လုပ်ဆောင်နိုင်ရန်ဆိုလျှင်...

​"သေခြင်းတရားကို ပဓာနမထားမှပဲ ဖြစ်နိုင်လိမ့်မယ်ဒါမှမဟုတ် ဓားကျင့်ကြံသူတွေက သူတို့ရဲ့ ဓားစိတ်ဆန္ဒနဲ့တင် စိတ်ဓာတ်ကို မြှင့်တင်ထားနိုင်တာလား"

ကော်ရှောက်က စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။

​"သူတို့ သွားတဲ့ဘက်က နန်းတော်ဘက်လား"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

​ကော်ရှောက်က တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်

"ဖန့်ဓားဦးဆောင်သူ သူတို့တွေ နန်းတော်ဘက်ကို တန်းတန်းမတ်မတ် သွားနေကြတာပါပဲဗျ"

​"တိထျန်းက ဓားကျင့်ကြံသူတွေက ကျုံးကျိုးကို ရုတ်တရက် ရောက်လာပြီး နန်းတော်ကို သွားတယ်ဆိုတော့ ဘယ်သူ့ကို တွေ့ဖို့လဲ ကျုံးကျိုးဧကရာဇ်ကိုလား"

ဖန့်ချန်၏ မျက်ဝန်းထဲတွင် အတွေးနက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

​အရိပ်အယောင်အချို့ကို ကြည့်ရုံဖြင့် တိထျန်းနှင့် ပေတု နယ်မြေတို့သည် ကျုံးကျိုးအပေါ်တွင် စေတနာမရှိကြဘဲ ဝါးမြိုရန် ကြံစည်နေကြသည်မှာ သိသာလှသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က နတ်ဓားအိုကြီးသည် ခွန်လွန်ဓားဂိုဏ်းက ပုဂ္ဂိုလ်၏လက်ချက်ဖြင့် ဒဏ်ရာရခဲ့သည်။

အခု ဟင်လင်ပြင်ဓားဂိုဏ်းက ဓားဦးဆောင်သူသစ် ခန့်အပ်ပြီးကာစမှာပဲ တိထျန်းက ဓားဦးဆောင်သူက ကျုံးကျိုးမြို့တော်သို့ ရောက်လာပြန်သည်။

​ထိုအခြင်းအရာများ၏ နောက်ကွယ်တွင် ထူးခြားသော ဆက်နွှယ်မှုတစ်ခု ရှိနေရပေမည်။

​ဖန့်ချန်သည် အတွေးများကို ခေတ္တဘေးဖယ်ကာ ကော်ရှောက်နောက်သို့ လိုက်ပါရင်း ချုံလိုသို့ ရောက်ရှိလာခဲ့သည်။

​ရှကျီတို့ ရှိနေသည့် စားသောက်ပွဲခန်းမမှာ ချုံလိုအတွင်းရှိ သီးသန့်ခြံဝန်းငယ်တစ်ခု ဖြစ်သည်။

လမ်းတွင် ကျင့်ကြံသူ အစောင့်အကြပ်များစွာက အဆင့်ဆင့် စောင့်ကြပ်နေပြီး ပြင်ပလူများ ဝင်ရောက်ခြင်းကို တားမြစ်ထားကြသည်။

သို့သော် သူတို့သည် ဖန့်ချန်ကို မှတ်မိပုံရသဖြင့် မတားဆီးကြဘဲ ဖန့်ချန်သည် ခြံဝန်းတံခါးဝသို့ ချောချောမောမော ရောက်ရှိသွားသည်။

​"ရှကျီ မင်း ခုနက ပြောတဲ့စကားတွေက နည်းနည်းတော့ အရှက်မရှိလွန်းရာ ကျနေပြီ ငါတို့ နဂါးစားဘုရင်အိမ်တော်က သခင်လေးတွေဟာ လူမှုရေးမသိဘူးလို့ အပြင်လူတွေ အထင်မခံပါနဲ့ ရှိန်းကျင်ထော်ကို တောင်းပန်လိုက်စမ်း ဒါဆို ဒီကိစ္စ ပြီးသွားလိမ့်မယ်"

ခြံဝန်းထဲမှ ဩဇာညောင်းလှသော အသံတစ်သံ ထွက်ပေါ်လာသည်။

​ဆက်လက်၍ ရှကျီ၏ အသံထွက်လာသည်

"အစ်ကို ကျနော်ပြောတာ ဘာမှားလို့လဲ ခန္ဓာကိုယ်ကျင့်ကြံတဲ့လမ်းစဉ် က တကယ်ပဲ လမ်းလွဲကြီးဗျ သုံးနေတဲ့ နည်းလမ်းတွေက သိုင်းသမားတွေနဲ့ ဘာကွာလို့လဲ အားလုံးလည်း သိကြတာပဲ သိုင်းသမားဆိုတာ ဘာလဲ သိုင်းသမားတစ်ယောက်ရဲ့ အထွတ်အထိပ်ကတောင် ချီသန်စင်ခြင်း ၁၂ ဆင့်နဲ့ပဲ အနိုင်အရှုံး ယှဉ်နိုင်တာလေ"

​ရှကျီက ခေတ္တရပ်ကာ

"ကျင်ထော်မိတ်ဆွေက ရှေးဟောင်းနတ်ဘုရားလမ်းစဉ်မှာ နတ်မျိုးစေ့ ဖြစ်ခဲ့ပေမဲ့ အဲ့ဒီကရလာတဲ့ ခန္ဓာကိုယ်ကျင့်စဉ်ကို ဆက်ကျင့်နေမယ်ဆိုရင် ကိုယ့်လမ်းကိုယ် ပိတ်သလိုပဲ ဖြစ်လိမ့်မယ်"

​"ရှသခင်လေး မင်းရဲ့စကားက တစ်ဖက်သတ် ဆန်လွန်းနေပြီ ငါတို့ ကျုံးကျိုးမှာလည်း ကျင်ထော်မိတ်ဆွေရဲ့ ဟွာကျစ်ကျိုက်ဂိုဏ်း လိုမျိုး ခန္ဓာကိုယ်ကျင့်စဉ်ကို အားပြုတဲ့ ဂိုဏ်းတွေ အများကြီး ရှိပါတယ် အဲ့ဒီထဲကနေ ပါရမီထူးချွန်တဲ့ ခန္ဓာကိုယ်ကျင့်စဉ် ပညာရှင်တွေ အများကြီး ထွက်ပေါ်ခဲ့တာပဲ"

"ကျင့်ကြံသူဆိုတာ ကျင့်ကြံသူပါပဲ အပြင်ပိုင်းကို ကျင့်တာပဲဖြစ်ဖြစ် အတွင်းပိုင်းကို ကျင့်တာပဲဖြစ်ဖြစ် သိုင်းသမားတစ်ယောက်နဲ့ ဘယ်လိုလုပ် သွားနှိုင်းလို့ရမှာလဲ မင်းရဲ့ စကားက ကျင်ထော်မိတ်ဆွေကိုတင် မကဘူး လောကမှာရှိတဲ့ ခန္ဓာကိုယ်ကျင့်စဉ်သမား အားလုံးကိုပါ စော်ကားလိုက်တာပဲ"

​"တကယ်တော့ ကျုပ်ကိုယ်တိုင်လည်း တစ်ချိန်က သိုင်းသမားတစ်ယောက်ပဲ ဒါကြောင့်လည်း ခန္ဓာကိုယ်ကျင့်စဉ်လမ်းစဉ်ဟာ လမ်းမှန်မဟုတ်ဘူးဆိုတာကို သေချာသိနေတာပေါ့"

"ဒါကို ကျင်ထော်မိတ်ဆွေက နေ့နေ့ညည သိုင်းသမားတွေရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကိုပဲ လေ့လာနေတာက အချိန်ဖြုန်းတာ မဟုတ်ဘူးလား ကျုပ်က စေတနာနဲ့ သတိပေးတာကို ခင်ဗျားတို့က ဘာလို့ ကျုပ်ကို ဝိုင်းပြီး အပြစ်တင်နေကြတာလဲ"

ရှကျီ၏ အသံမှာ မကျေမနပ်ဖြစ်နေပုံ ပေါ်သည်။

​ဖန့်ချန်သည် ထိုအထိ ကြားပြီးနောက် ကော်ရှောက်ကို ခေါ်ကာ ခြံဝန်းထဲသို့ ဝင်လိုက်သည်။

ထိုအခါ အချင်းချင်း ငြင်းခုန်နေကြသူများ၏ အာရုံမှာ ရှကျီနှင့် ရှိန်းကျင်ထော်တို့ဆီမှ ဖန့်ချန်ဆီသို့ ရောက်ရှိသွားတော့သည်။

​ရွှီဖုန်သည် ဘေးမှနေ၍ ပျော်ပျော်ကြီး ကြည့်နေရာမှ ဖန့်ချန်ကို မြင်လိုက်ရချိန်တွင် သူ၏မျက်နှာမှာ ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

လူအုပ်ထဲတွင်မူ ကိုင်ဝူသည် ငြိမ်သက်စွာ ထိုင်နေပြီး ဖန့်ချန်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​"သူကလည်း ဘာလို့ တောရိုင်းကျောင်းတော်ကနေ ဒီလောက်အမြန် ပြန်ထွက်လာတာလဲ"

"ရှကျီလိုပဲ တစ်ယောက်ယောက်ကို သွားစော်ကားမိလို့ အနှင်ထုတ်ခံလိုက်ရတာလား မသိဘူး"

လူအုပ်က တီးတိုးပြောဆိုနေကြသည်။

​ကျီးလျန်သည် ဖန့်ချန်ကို ကြည့်ကာ ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြသည်။

သူ၏ တောရိုင်းကျောင်းတော်ဝင်ခွင့်ကို ဖန့်ချန်က လုယူသွားခဲ့သည်ကိုပင် စိတ်မဆိုးသည့်အလား။

​လူအုပ်၏ အလယ်ဗဟိုတွင်မူ ခံ့ညားထည်ဝါသော ပုဂ္ဂိုလ်တစ်ဦး ထိုင်နေသည်။

ထိုသူ၏ ဆံပင်များမှာ မီးလျှံကဲ့သို့ နီရဲနေပြီး ပွယောင်းယောင်း ဖြစ်နေသော်လည်း၊ သူ၏ ဝတ်ရုံအောက်တွင် သန်မာလှသော ကြွက်သားများကို မြင်တွေ့နိုင်ကာ ကြီးမားသော ခွန်အားများ ကိန်းအောင်းနေသည့်အလား ရှိသည်။

သူသည် ဘာစကားမှ မပြောဘဲ ဖန့်ချန်ကိုသာ စူးစိုက်ကြည့်နေသည်။

​"ဖန့်ကြီး မင်းလည်း ပြန်လာပြီလား အချိန်ကိုက်ပဲကွာ"

ရှကျီက ဖန့်ချန်ကို မြင်လျှင် ချက်ချင်းပင် လှမ်းခေါ်ကာ ဖန့်ချန်၏ ပုခုံးကို ဖက်လျက် လူအုပ်ရှေ့သို့ ခေါ်လာသည်

​"မင်းလည်း အရင်က သိုင်းပညာ လေ့လာခဲ့ဖူးတာပဲ ဟွာကျစ်ကျိုက်ဂိုဏ်းက ကျင်ထော်မိတ်ဆွေကလည်း တစ်ချိန်က သိုင်းဝါသနာအိုးတစ်ယောက်ပဲလေ"

"အခုတော့ သူက ခန္ဓာကိုယ်ကျင့်စဉ်ကိုပဲ အားစိုက်ပြီး ငါတို့နဲ့ မတူတဲ့ လမ်းစဉ်သစ်တစ်ခု ဖောက်ဖို့ ကြိုးစားနေတာ သိုင်းပညာနဲ့ မသေမျိုးဖြစ်အောင် လုပ်မယ်ဆိုပဲ"

"မင်းတို့နှစ်ယောက် ဝိညာဉ်စွမ်းအင်တွေကို ပိတ်ထားပြီး သိုင်းသမားတွေလိုပဲ ယှဉ်ပြိုင်ကြည့်ကြရင် မကောင်းဘူးလား တကယ်လို့ ကျင်ထော်မိတ်ဆွေက မင်းကိုတောင် မနိုင်ဘူးဆိုရင် သူသွားနေတဲ့ လမ်းစဉ်ဟာ ငါပြောသလိုပဲ အနာဂတ်မရှိဘူးဆိုတာ သေချာသွားမှာပေါ့"

​"ဖန့်ဆိုတဲ့သူက အရင်က သိုင်းပညာ ကျင့်ခဲ့ဖူးတာလား"

လူအုပ်မှာ အံ့ဩသွားကြသည်။

ဤသတင်းမှာ သူတို့အတွက် အလွန် ထူးဆန်းနေသည်။

​ထိုအထဲမှ တိုတိုညှပ်ထားသော ဆံပင်နှင့် အားကစားဝတ်စုံကို ဝတ်ထားသည့် လူငယ်မှာ ဖန့်ချန်ကို ချက်ချင်း လှမ်းကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာသည်

"ဖန့်ဓားဦးဆောင်သူက အရင်က သိုင်းပညာနဲ့ ပတ်သက်ခဲ့ဖူးတာလား"

​"သိပ်အများကြီးတော့ မဟုတ်ပါဘူး"

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်

"ခင်ဗျားတို့က ဒါကြောင့် ငြင်းခုန်နေကြတာလား သိုင်းသမားတွေရဲ့ လမ်းစဉ်က အဝေးကြီး မရောက်နိုင်ဘူးဆိုတာ လူတိုင်း သိကြတာပဲလေ"

​ထိုလူငယ်က ရယ်မောလိုက်ပြီး

"အရင်က ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်ခဲ့တာဝါသနာပါလို့သာ နှစ်အတော်ကြာ လေ့လာခဲ့တာလေ"

"ဒါပေမဲ့ ရှေးဟောင်းမသေမျိုးလမ်းစဉ်ကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ကျုပ် ရဲ့ အတွေးတွေ ပြောင်းလဲသွားခဲ့ပြီ မသေမျိုးလမ်းစဉ်ကနေ မသေမျိုးဖြစ်နိုင်သလို၊ သိုင်းလမ်းစဉ်ကနေလည်း နတ်ဘုရား ဖြစ်နိုင်ပါတယ်"

​လူအများအပြား၏ မျက်ဝန်းထဲတွင် ပြောင်လှောင်လိုစိတ်များ ပေါ်လာသော်လည်း ထိုလူငယ်ကို မည်သူမျှ မချေပကြပေ။

အပေါ်ယံတွင်မူ လမ်းစဉ်တိုင်းမှာ ဖြစ်နိုင်ခြေ ရှိပါသည်ဟု ခေါင်းညိတ်ပြကြသည်။

အကယ်၍ ကိုယ်ပိုင်လမ်းစဉ်သစ်တစ်ခုကို ဖောက်နိုင်လျှင် သမိုင်းတွင် ကျန်ရစ်မည် မဟုတ်ပါလား။

ထိုအထဲတွင် ကျီးလျန်ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသော ရွှီချင်းဆုန်လည်း ပါဝင်သည်။

​"ရှကျီ မင်းက ဒီလိုပြောမှတော့ ဖန့်ဓားဦးဆောင်သူနဲ့ ရှိန်းကျင်ထော်တို့ကို ယှဉ်ပြိုင်ခိုင်းကြည့်ရတာပေါ့ သူတို့ရဲ့ သိုင်းပညာ အခြေခံ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ကြတာပေါ့"

"ငါတို့ကလည်း သက်သေအဖြစ် စောင့်ကြည့်ပေးမယ် တကယ်လို့ ရှိန်းကျင်ထော် နိုင်ခဲ့ရင်တော့ သူ့ကို မနှောင့်ယှက်နဲ့တော့"

အလယ်တွင် ထိုင်နေသော ဆံပင်နီနှင့် ပုဂ္ဂိုလ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

​"ဒါက ငါ့အစ်ကို ချန်မန် လေ နဂါးစားဘုရင် မွေးစားထားတဲ့ ပထမဆုံး မွေးစားသားပဲ သူက မကြာခင် မသေမျိုး အဆင့်ကို ရောက်တော့မယ်လို့ ကြားတယ်"

ရှကျီက ဖန့်ချန်ကို လျှို့ဝှက်သတင်းပေးလိုက်သည်။

​ထို့နောက် ရှကျီက ရှိန်းကျင်ထော်ကို ကြည့်ကာ ပြုံးလျက်

"ကျင်ထော်မိတ်ဆွေ ကျုပ်အစ်ကို ပြောတာလည်း ဟုတ်ပါတယ် ခင်ဗျားက သိုင်းပညာနဲ့ နတ်ဘုရားဖြစ်ချင်တာဆိုတော့ ဖန့်ကြီးနဲ့ ယှဉ်ကြည့်လိုက်လေတကယ်လို့ ခင်ဗျားက သူ့ကို သိုင်းပညာမှာ အနိုင်ယူနိုင်ရင် ခင်ဗျားစကားကို ကျုပ် ယုံမယ် ဘာလို့လဲဆိုတော့ သိုင်းပညာမှာဆိုရင် ဖန့်ကြီးကိုပဲ ကျနော် အလေးထားတာမို့လို့ပဲ"

​လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားကြသည်။

ဟင်လင်ပြင်ဓားဂိုဏ်းက ဓားဦးဆောင်သူတစ်ယောက် ဝိညာဉ်စွမ်းအင် မသုံးဘဲ ဟွာကျစ်ကျိုက်ဂိုဏ်းက သိုင်းရူးတစ်ယောက်နဲ့ ယှဉ်ပြိုင်တာကို ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။

တကယ်လို့ ဖန့်ချန် ရှုံးသွားရင်တော့ ပိုတောင် ကောင်းသေးသည်။

​ထိုအခါ ကျီးလျန်တို့တစ်စုကလည်း ရှကျီ၏ အဆိုကို ဝိုင်း၍ ထောက်ခံကြတော့သည်။

​"ဖန့်ဓားဦးဆောင်သူက ဓားကျင့်ကြံသူပဲလေယှဉ်ပြိုင်တာကတော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ စည်းကမ်းတော့ ရှိရမယ် မဟုတ်ရင် ကျုပ် ကပဲ တိုက်ရိုက်အရှုံးပေးလိုက်တာ ပိုကောင်းမယ်"

ရှိန်းကျင်ထော်က ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။

​ချန်မန်က ခေါင်းညိတ်ပြသည်

"ဟုတ်တာပေါ့ မင်း စည်းကမ်းကို ပြောလေ ဖန့်ဓားဦးဆောင်သူကတော့ စိတ်ထဲထားမှာ မဟုတ်ပါဘူး"

​သူက ဖန့်ချန်ကိုယ်စား ဆုံးဖြတ်ချက် ချပေးလိုက်ခြင်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် ဖန့်ချန်က ပြန်ပြောမိမည် ဖြစ်သော်လည်း၊ ယခုအချိန်တွင် ရှကျီက သူ့ကို တိုက်ခိုက်စေချင်နေကြောင်း သူ ရိပ်မိလိုက်သည်။

​ရှကျီက ဘာတွေ ကြံစည်နေသလဲဆိုတာကို သူ ကြည့်ရပေဦးမည်။

​​အခန်း ၇၂၆ - ပွဲကောင်း

​"ဖန့်ဓားဦးဆောင်သူက ရှေးဟောင်းမြေရိုင်း နယ်မြေမှာ တာအိုပညာကို သုံးပြီး ဝိညာဥ်ခွာဖြာခြင်းအဆင့် တွေရဲ့ အသက်ကို အေးအေးဆေးဆေး နှုတ်ယူခဲ့တာပဲ ဒီလိုစွမ်းရည်မျိုးကို ကျင်ထော်ကတော့ အဝေးကနေပဲ လေးစားနေရမှာပါ"

​ရှိန်းကျင်ထော်က ပြုံးလျက်

"ပထမစည်းကမ်းကတော့ ဖန့်ဓားဦးဆောင်သူအနေနဲ့ တိုက်ပွဲအရှိန်တက်လာလို့ဆိုပြီး တာအိုပညာတွေကို မသုံးပါနဲ့ မဟုတ်ရင် ကျုပ်မှာ အသက်ကိုးချောင်းရှိရင်တောင် ဖန့်ဓားဦးဆောင်သူ သတ်တာကို ခံနိုင်မှာမဟုတ်ဘူး"

​"ဒါကတော့ ဖြစ်သင့်တာပေါ့"

ချန်မန်က အေးအေးဆေးဆေး ခေါင်းညိတ်သည်။

​ဘေးကလူတွေရဲ့ မျက်လုံးထဲမှာတော့ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး အကြည့်တွေက လူအုပ်ထဲက လူအချို့ဆီကို မသိမသာ ရောက်သွားကြသည်။

ထိုလူတွေထဲမှာ တာအိုဂိုဏ်းက ဆင်းသက်လာတဲ့သူတွေဖြစ်တဲ့ ရွှီချင်းဆုန်းလည်း ပါဝင်သည်။

​ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တာဆိုပေမဲ့၊ အဲ့ဒီတုန်းက အခင်းဖြစ်ပွားရာနေရာမှာ မရှိခဲ့တဲ့သူတွေတောင် တာအိုသုံးထောင်ဂိုဏ်း က ဖန့်ချန်ရဲ့ တာအိုစိန်ခေါ်တာကို ခံရပြီး အရှက်တကွဲ ထွက်ပြေးခဲ့ရတာကို ကြားဖူးကြသည်။

ထွက်ပြေးတဲ့အချိန်မှာတောင် ဝိညာဥ်ခွာဖြာခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရတာကို ဘယ်သူကများ စိတ်ထဲကနေ မကြောက်ဘဲ နေနိုင်မှာလဲ

​"ဒါ့အပြင် ဓားကျင့်ကြံသူတွေမှာ ဓားခန္ဓာ ဆိုတာ ရှိတယ်လို့ ကြားဖူးတယ် ဒါက ကျုပ်တို့ ခန္ဓာကိုယ်ကျင့်စဉ်နဲ့ ဆင်တူသလိုလိုရှိပေမဲ့ မတူတာတွေလည်း ရှိမှာပဲ"

" ဒါကြောင့် သိုင်းပညာသက်သက် ယှဉ်ပြိုင်တဲ့အခါမှာ နှစ်ဖက်စလုံးက ကိုယ့်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိတ်ထားပြီး သာမန်လူတစ်ယောက်ရဲ့ အင်အားနဲ့ပဲ ယှဉ်ပြိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်"

​ရှိန်းကျင်ထော်က ထပ်မံပြောကြားသည်။

ချန်မန် စကားပြန်ပြောတာကို မစောင့်ဘဲ သူက ဆက်ပြောလိုက်သည်

"နောက်ဆုံးတစ်ချက်ကတော့ ဖန့်ဓားဦးဆောင်သူ ဓားမသုံးရဘူး"

​"ဒီစည်းကမ်းတွေကတော့ ဆင်ခြင်တုံတရား ရှိပါတယ်"

ချန်မန်က ခေါင်းညိတ်ပြီး ဖန့်ချန်ဘက် လှည့်ကြည့်ကာ

"ဖန့်ဓားဦးဆောင်သူ မင်းကော ဘယ်လိုသဘောရလဲ"

​"ကျင့်ကြံသူတွေဖြစ်နေပြီးမှ ဒီလို အကျိုးမရှိတဲ့ ယှဉ်ပြိုင်မှုမျိုး လုပ်နေတာက ဘာထူးမှာလဲအတတ်ပညာပိုင်းမှာပဲ ဘယ်သူက ပိုသာလဲဆိုတာ ယှဉ်လိုက်တာက ပိုမကောင်းဘူးလား"

​ရုတ်တရက်၊ ဩဇာရှိလှတဲ့ အသံတစ်သံနှင့်အတူ လူအုပ်စုတစ်စု ခြံဝန်းထဲသို့ ဝင်လာသည်။

အစေခံမလေးတွေနဲ့ အစောင့်အကြပ်တွေကလည်း ဝန်းရံထားကြသည်။

​"စတုတ္ထမင်းသမီး"

ချန်မန်က ချက်ချင်း ထရပ်လိုက်ပြီး မျက်ဝန်းထဲမှာ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

​"ကျွန်တော်တို့ စတုတ္ထမင်းသမီးကို ဂါရဝပြုပါတယ်"

ကျီးလျန်နှင့် အခြားသူများလည်း အသီးသီး ထရပ်ကာ အလေးပြုကြသည်။

​"ဒီမိန်းမက ဘာလာလုပ်တာလဲ"

ရှကျီက မျက်မှောင်ကြုတ်လိုက်သည်။

​စတုတ္ထမင်းသမီးရဲ့ အဆင့်အတန်းက ဒီနေရာမှာ အမြင့်ဆုံးဖြစ်နေသည်။

သူမက ကျုံးကျိုးတော်ဝင်မိသားစုကို ကိုယ်စားပြုတာကြောင့် ချန်မန်ကတောင် သူထိုင်တဲ့နေရာကို ဖယ်ပေးလိုက်ပြီး သူမရဲ့အောက်မှာပဲ ဝင်ထိုင်လိုက်သည်။

​စတုတ္ထမင်းသမီး ထိုင်ပြီးနောက် ဖန့်ချန်နှင့် ရှိန်းကျင်ထော်တို့ကို အေးစက်စက် ကြည့်ကာ ပြုံးလိုက်သည်

"တစ်ယောက်က ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ နောက်တစ်ယောက်က ဟွာကျစ်ကျိုက်ဂိုဏ်းရဲ့ ထူးချွန်တဲ့ နတ်မျိုးစေ့ တကယ်ပဲ သာမန်လူတွေလို လက်သီးချင်းထိုး ခြေထောက်ချင်းကန်ပြီး ပြိုင်ကြတော့မလို့လား အပြင်လူတွေ ကြားရင် ရယ်စရာကြီး ဖြစ်နေလိမ့်မယ်"

​"မင်းသမီး ဒါကို မသိလို့ပါ တကယ်လို့ ဒီလိုလုပ်လို့ ကျင်ထော်မိတ်ဆွေ နောင်တရပြီး ဒီလမ်းလွဲမှာ အချိန်မဖြုန်းတော့ဘူးဆိုရင် အကုန်လုံးက တန်ပါတယ်"

ရှကျီက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။

​ကျီးလျန်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ပြုံးလျက်

"စတုတ္ထအစ်မ ရှကျီ ပြောတာလည်း အကျိုးအကြောင်း ရှိပါတယ် သူတို့နှစ်ယောက်ကို ယှဉ်ပြိုင်ခိုင်းလိုက်ပါ တကယ့်စွမ်းအားတွေ မသုံးကြဘူးဆိုတော့ ရင်းနှီးမှုကိုလည်း မထိခိုက်နိုင်ပါဘူး"

​စတုတ္ထမင်းသမီးက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်

"ကောင်းပြီ... ဒါဆို မင်းတို့နှစ်ယောက် စနိုင်ပြီ"

​ရှိန်းကျင်ထော်က ဖန့်ချန်ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

သူ၏ တိုတိုညှပ်ထားသော ဆံပင်က သူ၏မျက်နှာကို ပို၍ ခိုင်မာပြတ်သားစေသည်။

သူ၏ မျက်ဝန်းအစုံကလည်း ကြယ်တာရာတွေ ကိန်းအောင်းနေသကဲ့သို့ တောက်ပနေသည်။

​ရုတ်တရက်၊ သူ၏ အရှိန်အဝါများက တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး နောက်ဆုံးတွင် သာမန်လူတစ်ယောက်နှင့် မခြားတော့ပေ။

ကျင့်ကြံခြင်း အမှတ်အသား လုံးဝ မတွေ့ရတော့ပေ။

လူတိုင်းက သိကြသည် သူသည် မိမိကိုယ်ကို ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း။

​"ဖန့်ဓားဦးဆောင်သူ သင်ပြပေးပါဦး"

​ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ မီးခိုးရောင် သမ်းနေသော မျက်ဆံများက ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ အရှိန်အဝါကလည်း သာမန်လူတစ်ယောက်အလား ဖြစ်သွားသည်။

ရှိန်းကျင်ထော်နဲ့ မတူတာက ဖန့်ချန်ရဲ့ အရှိန်အဝါက ပိုပြီး စစ်မှန်နေပုံရသည်။

ရှေ့မှာရပ်နေတဲ့ ဖန့်ဓားဦးဆောင်သူဟာ မူလကတည်းက သာမန်လူတစ်ယောက်ဖြစ်နေသလိုမျိုး ခေတ္တမျှ ဝေဝါးသွားစေသည်။

​ထိုဝေဝါးမှုကို မဆုံးဖြတ်နိုင်ခင်မှာပဲ ရှိန်းကျင်ထော်က တိုက်ခိုက်လိုက်ပြီဖြစ်သည်။

သူ၏ တိုက်ကွက်များက အချက်အချာကျသော နေရာများကိုသာ ဦးတည်နေသည်။

သူ၏ ကိုယ်ဟန်အနေအထားနှင့် လမ်းကြောင်းများမှာ လုံးဝ ပြည့်စုံလွန်းလှပြီး အပြစ်ပြောစရာ မရှိပေ။

သာမန်တိုက်ကွက်တစ်ခုက ရှိန်းကျင်ထော်ရဲ့ လက်ထဲမှာတော့ ထူးခြားဆန်းပြားတဲ့ လက်ရာတစ်ခု ဖြစ်သွားသည်။

​"သူ့ရဲ့ သိုင်းပညာအခြေခံက တကယ်ပဲ ငါ့ ထက် သာနေတာပဲ"

ဖန့်ချန် စိတ်ထဲက ရေရွတ်လိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ ရှိန်းကျင်ထော်၏ တိုက်ကွက်ကို ခုခံလိုက်သည်။

ထို့နောက် အရှိန်ကို အသုံးချကာ နှစ်လှမ်းခန့် ပြန်ဆုတ်ပြီး တစ်ဖက်လူ၏ အင်အားကို ပါးပါးနပ်နပ် ချေဖျက်လိုက်သည်။

​တိုက်ကွက် တစ်ကွက်တည်းနှင့်တင် ရှိန်းကျင်ထော်၏ သိုင်းပညာအမြင်က မိမိထက် အများကြီး ပိုသာကြောင်း သူ အတပ်သိလိုက်ပြီဖြစ်သည်။

​"ကောင်းကောင်း ခုခံနိုင်သားပဲ၊ နောက်တစ်ခါ လာဦးမယ်"

ရှိန်းကျင်ထော်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး ဖန့်ချန်ဆီသို့ ထပ်မံ ချဉ်းကပ်လာသည်။

​နှစ်ဦးသား အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ တခဏအတွင်းမှာပင် တိုက်ကွက် တစ်ဒါဇင်ကျော်သွားပြီဖြစ်သည်။

ကျင့်ကြံသူတွေရဲ့ အမြင်မှာတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေက မမြန်လှဘဲ လိပ်တစ်ကောင်လို နှေးကွေးနေသလိုပင်။

​ဒါပေမဲ့ သေချာကြည့်ရင်တော့ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေမှာ ပိုနေတဲ့အရာ တစ်ခုမှ မရှိတာကို တွေ့ရလိမ့်မည်။

လှုပ်ရှားမှု တိုင်းမှာ ရည်ရွယ်ချက် ရှိနေပြီး အဲ့ဒီထဲမှာ... တာအို တစ်ခု ကိန်းအောင်းနေသလိုပင်။

​"ဖန့်ချန်က ရှိန်းကျင်ထော်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ကျီးလျန်က ရုတ်တရက် ပြုံးလျက် ပြောလိုက်သည်။

​လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။

ရှိန်းကျင်ထော်ရဲ့ တိုက်ကွက်တွေက ပိုပြီး ပြင်းထန်လှသည်။

အခုတော့ နှစ်ဖက်စလုံးက အပြန်အလှန် တိုက်နေသလို ထင်ရပေမဲ့ ဖန့်ချန်ကတော့ စပြီး အားနည်းလာပြီဖြစ်သည်။

​တကယ်လည်း နောက်ထပ် တိုက်ကွက်အချို့အကြာတွင် နှစ်ဦးသား လူချင်း ကျော်ဖြတ်သွားစဉ် ဖန့်ချန်၏ လည်ပင်းပေါ်တွင် သွေးစွန်းရာတစ်ခု ထင်ကျန်ခဲ့သည်။

ဆံပင်အချို့လည်း မြေပြင်ပေါ်သို့ ကြွေကျသွားသည်။

​ခုနက ရှိန်းကျင်ထော်က လက်ဝါးကို ဓားလို သုံးလိုက်ခြင်းဖြစ်သည်။

ဖန့်ချန်သာ အချိန်မီ မရှောင်နိုင်ခဲ့ရင် ခေါင်းပြတ်သွားနိုင်လောက်သည်။

ဖန့်ချန်က လည်ပင်းက သွေးရာကို စမ်းကြည့်ပြီး ပြုံးလိုက်ကာ ရှိန်းကျင်ထော်ကို ခေါင်းညိတ်ပြလိုက်သည်

"ခင်ဗျားရဲ့ သိုင်းပညာက ကျုပ်ထက် အများကြီး ပိုသာပါတယ် ကျုပ် ရှုံးပါပြီ"

​"ဖန့်ဓားဦးဆောင်သူ... ကျေးဇူးတင်ပါတယ်"

ရှိန်းကျင်ထော်က လက်အုပ်ချီ နှုတ်ဆက်ပြီး သူ၏နေရာတွင် ပြန်ထိုင်လိုက်သည်။

​ရှကျီကတော့ ဖန့်ချန်နဲ့ ရှိန်းကျင်ထော်ကို တစ်လှည့်စီ ကြည့်ရင်း မှင်တက်နေပြီးမှ သက်ပြင်းချလိုက်သည်

"ကြည့်ရတာ ကျင်ထော်မိတ်ဆွေရဲ့ သိုင်းပညာက တကယ့်ကို ထူးခြားတာပဲ"

​"မင်းသိရင် ပြီးတာပဲ၊ နောက်ကို သူများသွားတဲ့လမ်းကို ဝင်မစွက်ဖက်နဲ့ဦး ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်"

ချန်မန်က ရယ်မောလျက် ပြောလိုက်သည်။

​"အစ်ကို ဆုံးမတာ မှန်ပါတယ် ကျွန်တော် လက်ခံပါတယ်"

ရှကျီက လက်အုပ်ချီပြီး ဖန့်ချန်ကို ဆွဲကာ နေရာမှာ ပြန်ထိုင်လိုက်သည်။

​ထိုအချိန်တွင် အကြည့်တစ်စုံက မြေပြင်ပေါ်က ဆံပင်စအချို့ဆီမှာ စွဲမြဲနေသည်။

ထိုအကြည့်ပိုင်ရှင်၏ လက်စွပ်က တစ်ချက် လှုပ်ရှားသွားရာ ထိုဆံပင်စများက မြေကြီးထဲ ငုပ်လျှိုးသွားပြီး ခဏအကြာမှာတော့ ထိုသူရဲ့ လက်ထဲကို ရောက်သွားတော့သည်။

​"အားလုံးပဲ ကျုပ် တို့ ဒီမှာပဲ ခဏ နားကြတာပေါ့ ကျုပ် အရင် နှုတ်ဆက်ပါတယ်"

ရွှီချင်းဆုန်းက ထရပ်လိုက်ပြီး လူအုပ်ကို လက်အုပ်ချီနှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

​"ဖန့်ကြီး အစီအစဉ်က အောင်မြင်သွားပြီ ဒါပေမဲ့ ငါက ကိုယ့်သဘောနဲ့ကိုယ် နည်းနည်း ထပ်ဖြည့်လိုက်လို့ ခဏနေရင် ပွဲကောင်း ကြည့်ရလိမ့်မယ်"

​"ခုနက ဆံပင်တွေထဲမှာ ငါ့ဆံပင်က တစ်ပင်ပဲ ပါတာလေ ကျန်တဲ့ဆံပင်တွေက ဘယ်သူ့ဟာလဲ ငါ ဝင်လာတုန်းက ငါ့ဆံပင်တွေကြားထဲ မင်း ဘာတွေ ထည့်ထားတာလဲ"

​"တစ်ပင်က ကိုင်ဝူ့ဟာ တစ်ပင်က ရွှီဖုန်းဟာ၊ နောက်တစ်ပင်က ကျီးလျန်ဟာ"

​"ဒါဆိုရင်တော့ ပွဲကောင်း ကြည့်ရတော့မှာပဲ"

ဖန့်ချန်၏ မျက်နှာပေးက ထူးဆန်းသွားသည်

"မင်း သူတို့ သုံးယောက်ရဲ့ ဆံပင်ကို ဘယ်လို ရလာတာလဲ"

​"လျှို့ဝှက်ချက်"

ရှကျီ၏ မျက်ဝန်းထဲမှာ အပြုံးတွေ ပိုတိုးလာသည်။

​"ရှိန်းကျင်ထော်က မင်းရဲ့လူလား"

​"ဟုတ်တယ် ငါ့ညီအစ်ကိုပဲ သူက စိတ်ထားဖြူစင်တယ် သူ့စိတ်ထဲမှာ သိုင်းပညာပဲ ရှိတာ သူ နောက်တစ်ချိန်မှာ ဒီလမ်းစဉ်မှာ ကိုယ်ပိုင် အောင်မြင်မှုတစ်ခု ရလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

ရှကျီက ခေါင်းညိတ်လိုက်ပြီး ရှိန်းကျင်ထော်နဲ့ အကြည့်ချင်းဆုံလိုက်သည်။

သူတို့နှစ်ယောက်ရဲ့ အကြည့်ထဲမှာ သူတို့ချင်းပဲ သိတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေသည်။

All Chapters