အခန်း (၇၂၇-၇၂၈)
Vol. 73 Ch. 727-728
အခန်း ၇၂၇ - တိတ်တဆိတ် အားပေးခြင်း
ရွှီချင်းဆုန်းသည် ချုံလိုမှ ထွက်ခွာမသွားပေ။
ချုံလိုပိုင်ရှင်မှာ နန်းတော်ထဲမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် သူမဖွင့်လှစ်ထားသော ချုံလိုသည် မြို့တော်ထဲတွင် အလုံခြုံဆုံးနေရာ ဖြစ်သည်။
တိတ်ဆိတ်သော အခန်းတစ်ခုချင်းစီ၏ လုံခြုံမှုမှာ ကျင့်ကြံသူတို့၏ ဂူဗိမာန်များနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး တားမြစ်ချက် အစီအရင်များစွာဖြင့် ဝန်းရံထားသည်။
တိတ်ဆိတ်သော အခန်းထဲသို့ ရောက်သည်နှင့် ရွှီချင်းဆုန်းသည် ဆံပင်စအချို့ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်
"ဖန့်ချန်... ဖန့်ချန်... မင်းမှာ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ထင်ခဲ့ဖူးလား ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါး ကို မင်း ဒီလောက်အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မယ်လို့ ငါတော့ မယုံဘူး"
ဖန့်ချန် (ဝိညာဉ်စွမ်းအားဖြင့် စောင့်ကြည့်နေ) က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
ဘေးဒုက္ခသုံးပါးနှင့် ကပ်ဘေးကိုးပါးကို ကျော်ဖြတ်ရန်မှာ အမှန်ပင် မလွယ်ကူလှပေ။
သို့သော် ကျိန်စာတိုက်ခြင်းနည်းလမ်းသက်သက်ဆိုလျှင်တော့ သူ့ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်အောင် လုပ်နိုင်မည်မဟုတ်ပေ။
ရွှီချင်းဆုန်းတွင် အခြားသော နောက်ကွယ်မှ အစီအစဉ်များ ရှိနေရပေဦးမည်။
ရွှီချင်းဆုန်းသည် ဆံပင်စများကို ရုတ်တရက် ချထားလိုက်ပြီး ကောင်းကင်လျှိုဝှက်မှန် တစ်ချပ်ကို ထုတ်ယူလိုက်သည်
"မင်းတို့တွေ လက်စဖျောက်ပြီး လှုပ်ရှားလို့ ရပြီ ဘာအစအနမှ မချန်ထားခဲ့နဲ့ မဟုတ်ရင် ငါတို့ မဟာချဲ့ထွင်းဂိုဏ်းက မင်းတို့နဲ့ ပတ်သက်တာကို အသိအမှတ်ပြုမှာ မဟုတ်သလို မင်းတို့ကို ပထမဆုံး လိုက်သတ်မယ့်သူကလည်း ငါတို့ပဲ ဖြစ်လိမ့်မယ်"
"စိတ်ချပါ ငါတို့ ကောင်းကင်ကံကြမ္မာခန်းမ က ဘယ်တော့မှ အလုပ်ရှင်ကို သစ္စာမဖောက်ဘူး"
ကောင်းကင်လျှိုက်မှန်ထဲမှ စက်ရုပ်ဆန်ဆန် အသက်မဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
ရွှီချင်းဆုန်းက ပြုံးလိုက်ပြီး မှန်ကို သိမ်းလိုက်သည်။
ဆံပင်စများကို ပြန်ကြည့်ရင်း စိတ်ထဲမှ ကျိန်စာတိုက်ခြင်းအတတ်ကို လေ့ကျင့်နေကာ ခဏနေလျှင် အစီအရင်လုပ်ရန် အသင့်ပြင်လိုက်သည်။
'ကောင်းကင်ံကြမ္မာခန်းမ'
ဖန့်ချန်၏ အကြည့်က လှုပ်ရှားသွားသည်။
မဟာချန်း က သခင်လေးကျား နှင့် နုန်ကွေချွမ်တို့သည် ကောင်းကင်ကံကြမ္မာခန်းမမှ လာသူများ ဖြစ်ကြသလို လီတောက်ယဲ့၏ ဖခင်မှာလည်း အဲဆီမှ ဖြစ်သည်။
ထိုဂိုဏ်းမှာ သာမန်လူတွေ မလုပ်ချင်သော အလုပ် များကို လိုက်လုပ်ပေးသည့် ဂိုဏ်းငယ်လေးတစ်ခုဟု သူထင်ခဲ့သော်လည်း မဟာချဲ့ထွင်းဂိုဏ်းမှ ရွှီချင်းဆုန်းကဲ့သို့သော နတ်မျိုးစေ့ပင် သူတို့နှင့် အဆက်အသွယ် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
'နုန်ကွေချွမ် ပြောဖူးတာက ရိပ်ခြေဗုဒ္ဓကျင့်စဥ်က ကောင်းကင်ကံကြမ္မာခန်းမက လာတာတဲ့ ဒီလိုအတတ်မျိုးကို သိမ်းဆည်းထားနိုင်တယ်ဆိုရင်တော့ ဒါက သာမန်ဂိုဏ်းတော့ မဟုတ်ဘူးပဲ'
ဖန့်ချန် အတွေးနက်နေစဉ်မှာပင် ရွှီချင်းဆုန်းသည် ကျိန်စာတိုက်ခြင်းအတတ်ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
သူသည် တစ်ခုခုကို စီရင်ပြီးနောက် ပါးစပ်ထဲမှ သွေးကို ထွေးထုတ်လိုက်သည်။
၎င်းမှာ သူ၏ အနှစ်သာရသွေး ကို သုံး၍ ဖန်တီးထားခြင်း ဖြစ်သည်။
သွေးနဂါးသည် ဆံပင်စများဆီသို့ ဟိန်းဟောင်းကာ ပြေးဝင်သွားသည်။
ကျိန်စာအောင်မြင်လျှင် ထိုဆံပင်စများသည် သွေးနဂါးထဲသို့ ပေါင်းစည်းသွားရမည်ဖြစ်သော်လည်း ယခုတွင်မူ ဆံပင်စများမှာ သွေးနဂါးနှင့် မည်သို့မျှ ပေါင်းစည်း၍ မရဖြစ်နေသည်ကို ရွှီချင်းဆုန်း တွေ့လိုက်ရသည်။
သွေးနဂါးသည် ခေါင်းပြန်လှည့်ကာ ရွှီချင်းဆုန်းကို ဟိန်းဟောင်းပြနေသည်။
"အနှစ်သာရသွေး မလောက်တာလား"
ရွှီချင်းဆုန်း တစ်ခုခုကို သိမြင်သွားပြီး အံ့ဩသွားသည်။
ကျီးလျန် ပြောခဲ့တာက အနှစ်သာရသွေး တစ်စက်စာဆိုလျှင် လုံလောက်ပြီဟု မဟုတ်ပါလား အခု သူက တစ်စက်စာကို လောင်ကျွမ်းစေခဲ့ပြီဖြစ်သော်လည်း ဘာကြောင့် မလောက်သေးတာနည်း
"ဒီအထိ ရောက်နေမှတော့ လက်လျှော့လို့ မဖြစ်ဘူး"
ရွှီချင်းဆုန်း သွားကို တင်းတင်းကြုတ်လိုက်သည်။
သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ပါးစပ်ကို ဖွင့်ကာ နောက်ထပ် သွေးနဂါးတစ်ကောင်ကို ထပ်မံ ထွေးထုတ်လိုက်ပြန်သည်။
ရလဒ်မှာ ထူးမခြားနားဘဲ အနှစ်သာရသွေးမှာ မလောက်သေးပေ။
ရွှီချင်းဆုန်းမှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေတော့သည်။
"ကျီးလျန်က ငါ့ကို လိမ်စရာ အကြောင်းမရှိဘူး တစ်နေရာရာမှာတော့ လွဲနေတာ သေချာတယ်"
ရွှီချင်းဆုန်းက တစ်ယောက်တည်း ရေရွတ်နေသည်။
မသိလိုက်မသိဘာသာပင် သူ၏မျက်နှာမှာ ပိန်ချောင်သွားပြီး ပါးရိုးများ ငေါထွက်လာကာ ပါးသားများမှာလည်း အနှစ်သာရသွေး နှစ်စက်စာ ဆုံးရှုံးသွားသဖြင့် သိသိသာသာ လျော့ပါးသွားပြီဖြစ်သည်။
အားတင်းထား... နောက်ထပ် အနှစ်သာရသွေး နှစ်စက်စာဆိုရင် လောက်သွားမှာပါ'
ဖန့်ချန်က စိတ်ထဲမှနေ၍ သူ့ကို တိတ်တဆိတ် အားပေးနေမိသည်။
တစ်ဖက်လူမှာ နတ်မျိုးစေ့တစ်ဦးဖြစ်ပြီး ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ရာ ထိုမျှ ကျင့်စဉ်အဆင့်ရှိသူမှာ လမ်းခုလတ်တွင် လက်လျှော့မည့်သူ မဟုတ်သည်မှာ သေချာသည်။
အမှန်ပင်... အချိန်အနည်းငယ်အကြာတွင် ရွှီချင်းဆုန်းက ဆုံးဖြတ်ချက် ထပ်မံချလိုက်ပြီး နောက်ထပ် သွေးနဂါးတစ်ကောင်ကို မှုတ်ထုတ်လိုက်ပြန်သည်။
သွေးနဂါး သုံးကောင်မှာ တစ်ကောင်တည်းအဖြစ် ပေါင်းစည်းသွားပြီး ဆံပင်စများနှင့် ပေါင်းစပ်ရန် ကြိုးစားသော်လည်း ရလဒ်မှာ မလောက်သေးပြန်ပေ။
ဤတစ်ကြိမ်တွင်မူ သူသည် တွန့်ဆုတ်မနေတော့ဘဲ အနှစ်သာရသွေးကို ထပ်မံ လောင်ကျွမ်းစေလိုက်သည်။
"ဒီတစ်ခါမှ မအောင်မြင်ရင်တော့ နောက်အခွင့်အရေးကိုပဲ စောင့်တော့မယ် ငါဆုံးရှုံးသွားတဲ့ အနှစ်သာရသွေးတွေကိုလည်း ကျီးလျန်က ပြန်ဖြည့်ပေးရလိမ့်မယ်၊ မဟုတ်ရင်တော့..."
ရွှီချင်းဆုန်း၏ အကြည့်က မှောင်မိုက်သွားသည်။
နောက်ဆုံးတွင် သူသည် အနှစ်သာရသွေး လေးလစက်စာကို လောင်ကျွမ်းစေခဲ့သည်။
သွေးနဂါး လေးကောင် ပေါင်းစည်းသွားရာ လက်မောင်းကဲ့သို့ တုတ်ခိုင်လာပြီး ရှေ့က ဆံပင်စများကို တစ်လုတ်တည်း ဝါးမျိုလိုက်တော့သည်။
ထိုဆံပင်စများသည် သွေးနဂါး၏ ကိုယ်ပေါ်တွင် ကူးလူးသွားလာနေပြီး နောက်ဆုံးတွင် ၎င်း၏ အကြေးခွံများအဖြစ် ပြောင်းလဲသွားသည်။
"အောင်မြင်ပြီ"
ရွှီချင်းဆုန်း၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
သူက ပါးစပ်က သွေးတွေကို သုတ်လိုက်သည်။
အခု သူ အလွန် အားနည်းနေသလို အနှစ်သာရသွေး လေးစက်စာ ဆုံးရှုံးသွားသဖြင့် သူ၏ သက်တမ်းမှာလည်း ထိခိုက်သွားပြီဖြစ်သည်။
သို့သော် အားလုံးက တန်ပါသည်ဟု သူ ယူဆသည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဓားဦးဆောင်သူကိုသာ ကျိန်စာတိုက် သတ်ဖြတ်နိုင်လျှင် သူသည် မဟာချဲ့ထွင်းဂိုဏ်းအတွက် ကြီးမားသော အမှုထမ်းကောင်းတစ်ခု လုပ်ဆောင်နိုင်ခဲ့ပြီ မဟုတ်ပါလား
သွေးနဂါးသည် ဟိန်းဟောင်းလျက် ပတ်ချာလည် ပျံသန်းနေပြီး နောက်ဆုံးတွင် သွေးရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ပျံတက်ပြီး ပျောက်ကွယ်သွားတော့သည်။
"ကံကြမ္မာ အကြောင်းတရားတွေ... လှုပ်နှိုးခံလိုက်ရပြီ... ဟားဟားဟား..."
ရွှီချင်းဆုန်းက ပါးစပ်ကြီးဖြဲကာ ရယ်မောလိုက်သည်။
အလွန် အားနည်းနေသောကြောင့် ဖြစ်မည်၊ သူသည် မိမိ၏ တံတွေးနှင့် သီးသွားပြီး ရယ်သံမှာ ပြင်းထန်သော ချောင်းဆိုးသံများအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်လည်း သူ၏မျက်နှာတွင် အပြုံးများ ပြည့်နှက်နေဆဲပင်။
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။
ဝိညာဉ်သည် ကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
ကိုင်ဝူသည် စတုတ္ထမင်းသမီးနှင့် စကားလက်ဆုံ ကျနေပြီး ကျီးလျန်တို့တစ်စုကလည်း ရံဖန်ရံခါ ဝင်ရောက် ပြောဆိုနေကြသည်။
ကိုင်ဝူ စကားပြောနေချိန်တွင် သူ၏ မျက်လုံးထောင့်ကနေ ဖန့်ချန်ကို အမြဲ စောင့်ကြည့်နေသည်။
ပိုင်ချင်းမင် သာ မရှိလျှင် ထိုဓားဦးဆောင်သူကို သူ ဘာကြောင့် ကြောက်နေရဦးမည်နည်း။
ဖန့်ချန်ကတော့ ငြိမ်သက်စွာ ထိုင်နေပြီး ကျိန်စာတိုက်ခြင်းအတတ်၏ ရလဒ်ကို စောင့်ဆိုင်းနေသည်။
တစ်နာရီခန့် အကြာတွင် သူ တစ်ခုခုကို ခံစားလိုက်ရပြီး နားထဲတွင် ထူးဆန်းသော အသံအချို့ ကြားလာရသည်။
ထိုအသံများမှာ နားနားကပ်ပြီး ပြောနေသလိုလို၊ အလွန် ဝေးကွာသော နေရာမှ လာနေသလိုလိုပင်။
အသံများမှာ တပိုင်းတစ ဖြစ်နေပြီး သေသေချာချာ နားမထောင်လျှင် အိပ်မက်ထဲက စကားများလို ဘာကိုမှ နားလည်နိုင်မည်မဟုတ်ပေ။
ကိုင်ဝူသည် စကားပြောရင်း လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ရာ ရုတ်တရက် သူ၏မျက်နှာမှာ တောင့်တင်းသွားပြီး ပြင်းထန်စွာ ချောင်းဆိုးတော့သည်။
ကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများကလည်း အဆက်မပြတ် ရုန်းကန် ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
လူတိုင်းမှာ ကြောင်အသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မလှုပ်ရဲကြပေ။
ခဏအကြာတွင် ကိုင်ဝူ၏ မျက်နှာမှာ နီရဲနေပြီးမှ ပြန်လည် တည်ငြိမ်သွားသည်။
သူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေပြီး အတင်း အပြုံးလုပ်ကာ
"ဘာမှမဖြစ်ပါဘူး အခုနက လက်ဖက်ရည်သောက်တာ သီးသွားလို့ပါ"
ပြောပြီးသည်နှင့် သူသည် ထရပ်လိုက်သည်
"အားလုံးပဲ ကျွန်တော် အရင် နှုတ်ဆက်ပါတယ်"
သူ ထွက်သွားရန် ခြေလှမ်းလှမ်းလိုက်စဉ် တစ်ခုခုနှင့် ခလုတ်တိုက်မိသလိုမျိုး ဒိုင်း ကနဲ မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားတော့သည်။
လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များမှာ လေးနက်လာသည်။
ဒါက လုံးဝ မမှန်တော့ပေ။
ကိုင်ဝူသည် ဟင်လင်ပြင်ဓားဂိုဏ်းတွင် ဒဏ်ရာရခဲ့ဖူးသော်လည်း ယခု လူလုံးထွက်ပြနိုင်ပြီဆိုကတည်းက သူ၏ဒဏ်ရာမှာ သက်သာသွားပြီဖြစ်ကြောင်း ပြသနေသည်။
အလွန်ဆုံးရှိလျှင် ကောလာဟလတွေလို ကုလို့မရတဲ့ ဒဏ်ရာအချို့ ကျန်နေရုံသာ ရှိမည်။
ဒါပေမဲ့ အခု သူဖြစ်နေတဲ့ ပုံစံကတော့ တစ်စုံတစ်ယောက်က သူ့ကို တမင် သက်သက် ကစားနေသလိုမျိုး ဖြစ်နေသည်။
"ဘယ်သူလဲ ငါ ကိုင်ဝူကို ရင်ဆိုင်ချင်ရင် ရှေ့ထွက်ခဲ့စမ်း ကွယ်ရာမှာ ဒီလို အောက်တန်းကျတာတွေ လာမလုပ်နဲ့"
ကိုင်ဝူက ချက်ချင်း ထရပ်လိုက်ပြီး ဖန့်ချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ရှကျီက ကြောင်သွားပြီး
"မင်း ဘာတွေ ပြောနေတာလဲ"
"ဒီလို တာအိုအတတ်တွေ ရှိတယ်ဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့"
ကိုင်ဝူက ခါးသီးစွာ ပြုံးလိုက်သည်။
ထိုစဉ် စတုတ္ထမင်းသမီး၏ အသံ ထွက်ပေါ်လာသည်။
သူမသည် ကိုင်ဝူကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်
"မင်းကို ဘယ်သူမှ တိုက်ခိုက်နေတာ မဟုတ်ဘူး မင်းရဲ့ ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါး ရောက်လာတာပဲ အခု မင်းဖြစ်နေတဲ့ အခြေအနေအရဆိုရင်တော့ ဒါဟာ ကံဆိုးခြင်း ဘေးဒုက္ခ ပဲ"
"ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါး"
လူတိုင်း မှင်တက်သွားကြသည်။
ကိုင်ဝူလည်း ကြောင်သွားတော့သည်။
ကျီးလျန်၏ မျက်နှာမှာ တစ်ချက် လှုပ်ရှားသွားပြီး ဖန့်ချန်ကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားသည်။
ဘာလို့ ကိုင်ဝူဆီကို အရင် ဘေးဒုက္ခ ရောက်လာရတာလဲ
"ဟက်ချိုး"
ပြင်းထန်လှသော နှာချေသံကြီးတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းက ရွှီဖုန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ရွှီဖုန်း၏ မျက်နှာတွင် အတင်းလုပ်ထားသော အပြုံးတစ်ခု ပေါ်လာသည်
"ဘာမှမဟုတ်ပါဘူး ရာသီဥတုက နည်းနည်း အေးလာသလိုပဲ"
ပြောရင်းနှင့် သူကိုယ်တိုင်လည်း တစ်ခုခု မမှန်တာကို သတိထားမိသွားပြီး စတုတ္ထမင်းသမီးဘက်သို့ မသိမသာ လှမ်းကြည့်လိုက်တော့သည်။
အခန်း ၇၂၈ - ကိုယ်စားအနစ်နာခံခြင်း
ရာသီဥတုက အေးလာတယ်ဟုတ်လား ဒီနေရာက ကျုံးကျိုးပြည်နယ်ရဲ့ မြို့တော် ယုံအန်းမြို့ လေ။
ရာသီဥတု အပြောင်းအလဲနေနေသာသာ၊ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာရင်တောင် တားမြစ်ချက်အစီအရင်တွေရဲ့ ကာကွယ်မှုကြောင့် ဒီနေရာဟာ အမြဲတမ်း နွေဦးကာလလို သာယာနေတာမျိုး။
တစ်သောင်းပုံတစ်ပုံ အလျှော့ပေးပြီး ပြောရရင်တောင်၊ ရွှီဖုန်းက မြောက်ပိုင်းလို အလွန်အေးစက်တဲ့ ဒေသကို သွားရင်တောင် နှာချေမိတဲ့အထိတော့ အေးခဲသွားမှာ မဟုတ်ဘူး။
သူက ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူလေ သူ့ရဲ့ မူလကိုယ်ထည်က နဂါးသိန်းငှက် မျိုးနွယ်ဖြစ်ပြီး သွေးသားအင်အားက နေမင်းကြီးလို ပူပြင်းလှတာ ဒီလောက် အအေးဓာတ်လေးက သူ့ကို ဘယ်လိုလုပ် လှုပ်ခတ်နိုင်မှာလဲ
ဒါက လုံးဝကို မမှန်ကန်တော့ဘူး။
စတုတ္ထမင်းသမီးက ရွှီဖုန်းကို တစ်ချက်ကြည့်ပြီး ခပ်ဖွဖွ ခေါင်းညိတ်ပြသည်
"မင်းလည်း ဘေးဒုက္ခကြုံရတော့မှာပဲ ဒါဟာ ဖျားနာခြင်းဘေးဒုက္ခ ဖြစ်နိုင်တယ် ဒီဘေးဒုက္ခက ကျော်ဖြတ်ရလွယ်တယ်ဆိုရင်လည်း လွယ်တယ် ခက်တယ်ဆိုရင်လည်း ခက်တယ် အခုပဲ ပြန်ပြီး ကောင်းကောင်း အနားယူလိုက်တော့"
" တကယ်လို့ ဒီဖျားနာမှုထဲမှာ ရောဂါအမြစ်တွယ်သွားရင် နောက်ကျရင် ဝိညာဉ်သန္ဓေသားအဆင့် ကို တက်လှမ်းဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ"
ရွှီဖုန်း၏ မျက်နှာမှာ ဖြူလျော်သွားသည်။
သူ ဘာပြင်ဆင်မှုမှ မလုပ်ရသေးခင်မှာပဲ ဒီကပ်ဘေးက ရုတ်တရက်ကြီး ကျရောက်လာတာလား
"ကိုင်ဝူ... ရွှီဖုန်း... သူတို့ရဲ့ ဘေးဒုက္ခတွေက ဘာလို့ ဒီလောက် တိုက်ဆိုင်နေရတာလဲ နှစ်ယောက်လုံး တစ်ပြိုင်တည်း ဘေးဒုက္ခကြုံနေရတာလား"
လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်မျက်ဝန်းထဲမှာ တစ်ယောက် သံသယအရိပ်အယောင်တွေကို တွေ့နေကြရသည်။
မမှန်ဘူး... လုံးဝကို မမှန်ကန်ဘူး။
ချန်မန်၏ မျက်နှာမှာ လေးနက်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်
"အားလုံးပဲ ဒီနှစ်ယောက်ကို သူတို့ရဲ့ နားနေဆောင်တွေဆီ အမြန်ပို့ပေးလိုက်ကြပါ မင်းတို့လည်း ကိုယ့်အိမ်တော်ကို သတင်းပို့ပြီး ဘေးဒုက္ခကျော်ဖြတ်ဖို့ အကူအညီတောင်းကြဦး"
"ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါးမှာ ပြင်ပလူက အများကြီး မကူညီနိုင်ဘူးဆိုပေမဲ့ အသေးအဖွဲလေးတွေတော့ အထောက်အကူ ဖြစ်နိုင်တယ်"
ကိုင်ဝူနှင့် ရွှီဖုန်းတို့မှာ ခေါင်းတငြိမ့်ငြိမ့် လုပ်နေကြသည်။
ဘေးဒုက္ခသုံးပါးနှင့် ကပ်ဘေးကိုးပါးရှေ့တွင် သူတို့လည်း မပေါ့ဆရဲပေ။
မည်သည့် နောက်ခံရှိသော ကျင့်ကြံသူဖြစ်ပါစေ၊ ဤဘေးဒုက္ခများရှေ့တွင် လူတိုင်း တန်းတူပင် ဖြစ်သည်။
ဒါပေမဲ့ အားလုံးတော့ မဟုတ်ပါဘူး။
အကယ်၍ သူတို့နှစ်ယောက်မှာ မူလအသီး ဒါမှမဟုတ် နေမင်းအသီး လိုမျိုး ကောင်းမွန်တဲ့ ပစ္စည်းတွေရှိရင်တော့ ဘေးဒုက္ခကို ပိုပြီး လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းတွေက လိုက်ပို့ဖို့ ပြင်နေတုန်းမှာပဲ ကောင်းကင်ပေါ်ကနေ ရုတ်တရက် ဟိန်းဟောင်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။
သွေးရောင်လျှပ်စီးတန်းတစ်ခုက ဝင်းကနဲ လက်သွားပြီး
အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက နတ်ဘုရားတို့၏ အပြစ်ပေးမှုအလား လူအုပ်ထဲသို့ တိုးဝင်လာတော့သည်။
"မိုးကြိုးဘေးဒုက္ခ "
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သွေးရောင်မိုးကြိုးဆိုတာ ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါးထဲက မိုးကြိုးဘေးဒုက္ခ ကို ကိုယ်စားပြုတာပဲ။
ဒါဟာ သာမန်မိုးကြိုးဒဏ် နဲ့ မတူသလို ကောင်းကင်ဘေးဒဏ် နဲ့လည်း မတူဘူး။
အားလုံးက မိုးကြိုးစွမ်းအင်ချင်း တူပေမဲ့ သူတို့မှာ တိကျတဲ့ ကွာခြားချက်တွေ ရှိနေတယ်။
ဒီ မိုးကြိုးဘေးဒုက္ခ ဆိုတာက လူ့အသက်ကို ရန်မရှာဘူး၊ ဒါပေမဲ့ အပစ် ခံရတဲ့သူကို စိတ်မနှံ့တဲ့သူ သူငယ်ပြန်သူ ဖြစ်သွားစေတတ်တယ်။
ဘယ်လောက်ကြာကြာ ဖြစ်နေမလဲဆိုတာကတော့ တစ်သက်လုံးလား၊ ဒါမှမဟုတ် ရက်အနည်းငယ်လားဆိုတာ ဘေးဒုက္ခကျော်ဖြတ်သူရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်တယ်။
'ဒီကျီးလျန်က ကံကြမ္မာ အကြောင်းတရားတွေ တကယ် လေးလံတာပဲ၊ မိုးကြိုးဘေးဒုက္ခတောင် ဆွဲခေါ်လာနိုင်တယ်'
ဖန့်ချန် စိတ်ထဲကနေ ခပ်ပြောင်ပြောင် တွေးလိုက်မိသည်။
မြို့တော်ကို မလာခင်က သူ ပိုင်ချင်းမင်ဆီကနေ ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါးအကြောင်း မေးမြန်းခဲ့ဖူးတယ်။
အဲ့ဒီထဲမှာ အမျိုးအစားတွေ အများကြီးရှိပြီး ပိုင်ချင်းမင်တောင် ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူးလို့ ဆိုခဲ့တယ်။
ဂိုဏ်းချုပ်ကြီးတွေတောင် အကုန်လုံး မြင်ဖူးချင်မှ မြင်ဖူးကြမှာ။
ဒီ မိုးကြိုးဘေးဒုက္ခ ကတော့ အထူးဆန်းဆုံးပဲ။
သူက ခန္ဓာကိုယ်ကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ဝိညာဉ်သုံးပါးနဲ့ စိတ်အာရုံခုနစ်ပါး ကို ဦးတည်တာ။
တောင့်မခံနိုင်ရင်တော့ တစ်သက်လုံး အရူးဖြစ်သွားရမှာပဲ။
"ဘယ်သူလဲ ဘယ်သူက မြို့တော်ထဲမှာ ဘေးဒုက္ခခံယူနေတာလဲ မြို့တော်ရဲ့ စည်းကမ်းကို မသိဘူးလား"
ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ နတ်စစ်သည် ဒါဇင်နဲ့ချီပြီး လေဟာနယ်ကို ဖြတ်ကာ ရောက်လာကြသည်။
ဦးဆောင်လာသူရဲ့ အရှိန်အဝါက ပင်လယ်လို နက်ရှိုင်းပြီး လူအုပ်ကို အေးစက်စက် ကြည့်လိုက်သည်။
ဒီနေရာမှာ ရှိနေတဲ့သူတွေက အဆင့်မြင့်မျိုးနွယ်စုတွေရဲ့ သားသမီးတွေ ဖြစ်နေတာကို မြင်တော့ သူ ခဏ မှင်တက်သွားသည်။
ထို့နောက် စတုတ္ထမင်းသမီးကို မြင်လိုက်ရချိန်မှာတော့ သူက လူတွေကိုခေါ်ပြီး မြေပြင်ပေါ် ဆင်းသက်ကာ လက်အုပ်ချီ ဂါရဝပြုလိုက်သည်
"ယုံအန်းအစောင့်တပ် ဘယ်ဘက်ကင်းလှည့်ဌာနက ဟုန်ရှန့် က စတုတ္ထမင်းသမီးကို ဂါရဝပြုပါတယ်"
ထိုအချိန်တွင် ကောင်းကင်ပေါ်က သွေးရောင်မိုးကြိုးသည် တစ်စုံတစ်ရာသော လျှို့ဝှက်အင်အားစု၏ တားဆီးမှုကို ခံထားရသကဲ့သို့ အဆက်မပြတ် ရုန်းကန်နေပြီး ချက်ချင်း ကျမလာနိုင်သေးပေ။
သို့သော် ကောင်းကင်ကြီးမှာတော့ သွေးရောင်အဖြစ် ပြောင်းလဲသွားသဖြင့် မြို့တော်ရှိ လူအပေါင်းက အံ့အားသင့်စွာ မော့ကြည့်နေကြရသည်။
"ဖန့်ကြီး ဒီယုံအန်းအစောင့်တပ်ဆိုတာ ငါတို့ အရင်က မဟာရှမြို့တော်က ရဲရင့်သောဓားအစောင့်တပ် လိုမျိုးပဲ ဧကရာဇ်ရဲ့ လူယုံတော်တွေပေါ့"
ဒါပေမဲ့ မဟာရှမြို့တော်ကတော့ ကျုံးကျိုးနဲ့ ဘယ်ယှဉ်လို့ ရမလဲ
ယုံအန်းအစောင့်တပ်မှာ ဘယ်ဘက်ကင်းလှည့်ဌာနနဲ့ ညာဘက်ငြိမ်ဝပ်ပိပြားရေးဌာနဆိုပြီး ရှိတယ်။
ဘယ်ဘက်က မြို့တော်ရဲ့ လုံခြုံရေးကို ကြည့်ပြီး ညာဘက်ကတော့ တစ်လောကလုံးကို နှိမ်နင်းတာ။
" အခု ဒီစစ်ဗိုလ်ချုပ်ရဲ့ ဝတ်စုံကို ကြည့်ရတာ ဘယ်ဘက်ဌာနက ဓားကိုင်ဗိုလ်ချုပ် ဖြစ်လိမ့်မယ် ရာထူးက အဆင့် ၅၊ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ ခန့်အပ်ခံရတာ"
ရှကျီက တိုးတိုးလေး လျှို့ဝှက်စကား ပြောလိုက်သည်။
ဖန့်ချန်က နားထောင်နေရင်း သူ့နားထဲမှာ ထူးဆန်းတဲ့ အသံတွေကလည်း အဆက်မပြတ် နှောင့်ယှက်နေဆဲပင်။
"ဗိုလ်ချုပ်ဟုန်ရှန့် ဘယ်သူမှ တမင် မြို့တော်ထဲမှာ ဘေးဒုက္ခကျော်ဖြတ်ပြီး မြို့တော်ရဲ့ အစီအရင်ကို အသုံးချဖို့ ကြံစည်နေတာ မဟုတ်ပါဘူး ဒါက တိုက်ဆိုင်မှုပါ"
စတုတ္ထမင်းသမီးက ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ကို တစ်ချက်ကြည့်ကာ
"အားလုံးပဲ မြို့တော်ရဲ့ အစီအရင်က မိုးကြိုးဘေးဒုက္ခကို ခဏတဖြုတ်ပဲ တားထားနိုင်မှာပါ ကိုယ့်ရဲ့ ကံကြမ္မာ အကြောင်းတရားကိုတော့ ကိုယ်တိုင်ပဲ ဖြေရှင်းရမှာပဲ"
" ဗိုလ်ချုပ်ဟုန်ရှန့်ကို ဧကရာဇ်ရဲ့ နဂါးတံဆိပ်နဲ့ အစီအရင်ကို တစ်ခဏလောက် ဖွင့်ခိုင်းလိုက်မယ် မိုးကြိုး ကျလာတော့မှာမို့လို့ ဘေးဒုက္ခကြုံနေရတဲ့သူက ကိုယ့်ဘာကိုယ် အဆင်သင့် ပြင်ထားကြပါ"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်သူက ဘေးဒုက္ခကြုံနေရမှန်း မသိဖြစ်နေကြသည်။
ကျီးလျန်တစ်ယောက်သာ မျက်နှာပျက်နေပြီး ကောင်းကင်က သွေးရောင်မိုးကြိုးကို စိုက်ကြည့်နေရာမှ ရုတ်တရက် ထရပ်လိုက်သည်
"အားလုံးပဲ ဒီမိုးကြိုးက ကျုပ်ဆီ လာနေတာနဲ့ တူတယ် ဗိုလ်ချုပ်ဟုန်ရှန့် အစီအရင်ကို ဖွင့်ပေးပါ ကျုပ်ရင်ဆိုင်ပါ့မယ်"
"ဘာ နဝမမင်းသား ကျီးလျန်ဆီ လာတာလား"
"ကျီးလျန် မင်းမှာ ယုံကြည်ချက် ရှိရဲ့လား"
"ယုံကြည်ချက် မရှိရင်လည်း မြို့တော်အစီအရင်က ထပ်တားပေးလို့ မရဘူးလား ကျုပ်တို့ လူကြီးတွေကို သွားပင့်ပြီး ကူခိုင်းကြမလား"
"ရယ်စရာပဲ ဘေးဒုက္ခကို ဘယ်သူက ကူညီပေးလို့ ရမှာလဲ"
"ယွိယွိနန်းတော် ကို သွားကြစမ်း အဲ့ဒီက ကျုံးကျိုးရဲ့ အကြီးဆုံး ကုန်သည်အိမ်တော်လေ မူလအသီးတို့ ဘာတို့ ရောင်းစရာ ရှိလိမ့်မယ်"
"သူ့ဆီကို မိုးကြိုးဘေးဒုက္ခ ကျတာလား"
ဟုန်ရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
ဒီကိစ္စက နည်းနည်း ကိုင်တွယ်ရခက်သည်။
တကယ်လို့ ကျီးလျန်သာ ဒီမိုးကြိုးကြောင့် တစ်ခုခုဖြစ်သွားရင် အနောက်ပိုင်းပြည်နယ်က ကိုးဆက်မြောက်ဘုရင် က သူ့ကို အပြစ်တင်မလား စိတ်ပူမိသည်။
သူက စတုတ္ထမင်းသမီးဘက် လှည့်ကြည့်ကာ ခွင့်တောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"စတုတ္ထအစ်မ ကျုပ် ဒီဘေးဒုက္ခကို မကြောက်ပါဘူး"
ကျီးလျန်က စတုတ္ထမင်းသမီးကို ကြည့်ကာ ပြောလိုက်သည်။
"အင်း"
စတုတ္ထမင်းသမီးက ခေါင်းညိတ်ပြပြီး ဟုန်ရှန့်ကိုလည်း အချက်ပြလိုက်သည်။
ဟုန်ရှန့်သည် ချက်ချင်းပင် ထူးခြားသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းပေါ်တွင် မြင့်မြတ်သောအလင်းတန်းများ စီးဆင်းနေသည်။
သူသည် ဝိညာဉ်စွမ်းအားများကို တံဆိပ်ပြားထဲသို့ အဆက်မပြတ် ထည့်သွင်းလိုက်သည်။
ကောင်းကင်တွင် မိုးကြိုးဘေးဒုက္ခကို တားဆီးထားသော အစီအရင်အင်အားစုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး၊ သွေးရောင်မိုးကြိုးမှာ ကျီးလျန်ရှိရာသို့ တန်းတန်းမတ်မတ် ကျဆင်းလာတော့သည်။
လူတိုင်း ဘေးသို့ ဆုတ်ခွာသွားကြသည်။
ချန်မန်ကဲ့သို့ ပုဂ္ဂိုလ်ပင် စတုတ္ထမင်းသမီး ဘေးသို့ ရောက်အောင် ဆုတ်သွားပြီး ကျီးလျန်နှင့် အလှမ်းဝေးရာမှာ နေလိုက်သည်။
"ကျီးလျန် သတိထားဦးနော် အပစ်ခံရရင် အရူးဖြစ်သွားလိမ့်မယ်"
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး လှမ်းအော်ပြောသည်။
ကျီးလျန်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။
ရုတ်တရက် သူက ဝတ်ရုံစကို ဝေ့ယမ်းလိုက်ရာ သစ်သားရုပ်လေးတစ်ရုပ်က လေထဲတွင် ကြီးထွားလာပြီး မိုးကြိုးဆီသို့ တိုးဝင်သွားတော့သည်။
ခဏချင်းမှာပင် ထိုသစ်သားရုပ်သည် ကျီးလျန်နှင့် ပုံစံတူ အမွှာညီအစ်ကိုအလား ဖြစ်သွားသည်။
ဝုန်း
သစ်သားရုပ်သည် မိုးကြိုးအပစ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ဒိုင်းကနဲ ကျလာသည်။
၎င်း၏ ကိုယ်ပေါ်မှ မီးခိုးအလိပ်လိပ် ထွက်ပေါ်နေသည်။
မိုးကြိုးဘေးဒုက္ခသည် ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးမှာ ပြန်လည် ကြည်လင်သွားတော့သည်။
လူတိုင်း ကြောင်အသွားကြပြီး မြင်ကွင်းကို မယုံနိုင်သလို ကြည့်နေကြသည်။
ဒါက ဘာအတတ်ပညာလဲ သစ်သားရုပ်ကို အစားထိုးပြီး ဘေးဒုက္ခခံခိုင်းတာလား ဒီလို နည်းလမ်းမျိုး ရှိတယ်လို့ သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြဘူး
ဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ပြီးနောက် ကျီးလျန်၏ အရှိန်အဝါမှာ ပိုပြီး မြင့်မြတ်လာသလို မကြာခင် မသေမျိုးအဖြစ်သို့ ကူးပြောင်းတော့မည့်အလား ဖြစ်လာသည်။
ဒါဟာ အမြုတေပြည်စုံပြီး ဝိညာဉ်အင်အားတွေ လျှံထွက်လာတဲ့ လက္ခဏာပဲ၊ ဝိညာဉ်သန္ဓေသားကို စတင် ဖော်ဆောင်တော့မယ်
'ဒီအတတ်က... စိတ်ဝင်စားစရာပဲ'
ဖန့်ချန်က ထိုသစ်သားရုပ်ကို ကြည့်လိုက်သည်။
ထိုအရာပေါ်မှ ပြင်းထန်သော ကံကြမ္မာ အကြောင်းတရား အနံ့အသက်ကို သူ ခံစားလိုက်ရသည်။
ထိုသစ်သားရုပ်သည် ကျီးလျန်၏ ကံကြမ္မာ အကြောင်းတရား အများစုကို ယူဆောင်သွားပြီး ကိုယ်စားအနစ်နာခံကာ ဘေးဒုက္ခကို ကျော်ဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။
ကျီးလျန်သည် သစ်သားရုပ်ကို ခေတ္တမျှ ကြည့်နေပြီးမှ သက်ပြင်းချလိုက်သည်
"ဒီသစ်သားရုပ်က ကျုပ် မတော်တဆ ရခဲ့တဲ့ ထူးခြားတဲ့ ရတနာတစ်ခုပါ ပိုင်ရှင်အတွက် ဘေးဒုက္ခကို အစားထိုး ခံပေးနိုင်တယ်"
"ဒါက ရှေးခေတ်က ပညာရှင်တွေ ဖန်တီးခဲ့တာမို့ သုံးလေ ကုန်လေပါပဲ တကယ်တော့ ဘေးဒုက္ခသုံးပါးအပြီး ကပ်ဘေးကိုးပါး ကျမှ သုံးမယ်လို့ ရည်ရွယ်ထားတာ အခု ဒီဘေးဒုက္ခက ရုတ်တရက်ကြီး ကျလာတော့ သုံးလိုက်ရတာပဲ နှမြောစရာပဲ... နှမြောစရာပဲ..."