အခန်း (၇၃၃-၇၃၄)
Vol. 74 Ch. 733-734
အခန်း ၇၃၃ - ဓားကခြင်း
"နောက်ထပ် ဓားကျင့်ကြံသူတစ်ယောက်လား မင်းရဲ့ အငွေ့အသက်က ဟင်လင်ပြင်ဓားဂိုဏ်းနဲ့ မတူဘူးပဲ မင်းက ဘယ်သူလဲ"
ဝူချန်ကျိုက်က ဝမ်ရိကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည်။
"လင်ယွင်ဓားဂိုဏ်းက ဝမ်ရိပဲ"
ဝမ်ရိက လေးနက်သော လေသံဖြင့် ပြန်ပြောသည်။
မလှမ်းမကမ်းတွင်ရှိသော ဟန်လင်ချိုးနှင့် စူလင်ကျူးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
သူတို့လည်း ဝူချန်ကျိုက်၏ ရည်ရွယ်ချက်ကို ရိပ်မိကြသည်။
တစ်ဖက်လူက ဟင်လင်ပြင်ဓားဂိုဏ်းကိုတင် မဟုတ်ဘဲ ကျုံးကျိုးပြည်နယ်ရှိ ဓားကျင့်ကြံသူအားလုံးကို အရှက်ခွဲရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဝမ်ရိသည် လင်ယွင်ဓားဂိုဏ်း၏ နတ်မျိုးစေ့ တစ်ဦးဖြစ်ရာ ထိုမြင်ကွင်းကို မြင်တွေ့ပါက ဝင်မပါဘဲ နေနိုင်မည်မဟုတ်ပေ။
သူ ကူညီနိုင်စွမ်း မရှိလျှင်တောင် ရှေ့ထွက်ပြရပေလိမ့်မည်။
"လင်ယွင်ဓားဂိုဏ်းလား အော် သိပြီ ရှန်းတောက်တာအိုကျောင်း ရဲ့ လက်အောက်ခံ လင်ယွင်ဓားဂိုဏ်းကို ပြောတာကိုး"
ဝူချန်ကျိုက်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖြဲပြုံး ပြုံးလိုက်သည်
"ငါနဲ့ ဖန့်ဓားဦးဆောင်သူ ကြားက စကားဝိုင်းမှာ မင်းလိုကောင်က ဘာဝင်ပြောပိုင်ခွင့်ရှိလို့လဲ ဒီကျုံးကျိုးပြည်နယ်ကြီးတစ်ခုလုံးမှာ ဓားကျင့်ကြံသူ အချင်းချင်းအဆင့်အတန်း ပြောရမယ်ဆိုရင် ဟင်လင်ပြင်ထာဝရဓားဂိုဏ်း တစ်ခုပဲ ငါတို့နဲ့ စကားပြောဖို့ တန်တယ် ကျန်တဲ့အမှိုက်တွေကတော့ မထိုက်တန်ဘူး"
"မင်းတို့ ခွန်လွန်ဓားဂိုဏ်းက တကယ့်ကို အတင့်ရဲလွန်းတာပဲ လင်ယွင်ဓားဂိုဏ်းကိုတောင် မျက်လုံးထဲ မထည့်ဘူးလား"
ကျင့်ကြံသူ အတော်များများက ဒေါသတကြီး ရေရွတ်လိုက်ကြသည်။
လွန်လွန်းလှသည်။
လင်ယွင်ဓားဂိုဏ်းသည် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းလောက် မတော်သော်လည်း သူတို့နောက်ကွယ်တွင်လည်း မသေမျိုးဘုရင် ရှိနေသည်သာ။
သူတို့၏ အစွမ်းက ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ ဓားနတ်ဘုရားအိုကြီးထက် အနည်းငယ် နိမ့်ကျရုံသာ ရှိသည်။
အရေးကြီးသည်မှာ လင်ယွင်ဓားဂိုဏ်း၏ နောက်ကွယ်ရှိ ရှန်းတောက်တာအိုကျောင်းတွင် 'းဂိုဏ်းချုပ်အဆင့်ဘိုးဘေး တစ်ပါးပင် ရှိနေခြင်း ဖြစ်သည်။
"မင်းတို့ ခွန်လွန်ဓားဂိုဏ်းက သိပ်ပြီး ရိုင်းမနေနဲ့ ဒါက ကျုံးကျိုးလေ မင်းတို့ရဲ့ တိထျန်း မဟုတ်ဘူး"
လူတစ်စုသည် တစ်လှမ်းချင်း လျှောက်လာကြသည်။
သူတို့ တစ်ဦးချင်းစီ၏ ကိုယ်ပေါ်တွင် အားနည်းသော ဓားဆန္ဒများ ဖုံးလွှမ်းနေကြသည်။
"လင်ယွင်ဓားဂိုဏ်းက တင်းဟောက် ပဲ သူက မကြာခင်မှာ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ကို တက်လှမ်းတော့မယ်လို့ ကြားတယ်"
"ကြည့်ရတာ လင်ယွင်ဓားဂိုဏ်းကတော့ ဒီကိစ္စမှာ ဝင်ပါတော့မယ် ထင်တယ်"
လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ခေါင်းဆောင်လာသူ တင်းဟောက်သည် မြို့တော်တွင် အတော်လေး နာမည်ကျော်သူဖြစ်ပြီး လင်ယွင်ဓားဂိုဏ်း၏ မျိုးဆက်သစ်ထဲတွင် ထင်ရှားသော ဓားကျင့်ကြံသူ တစ်ဦးဖြစ်သည်။
"နောက်ထပ် အသေးအမွှားလေးတွေ ထပ်ရောက်လာပြန်ပြီလား ဓားကို ဟိုယမ်းဒီယမ်း လုပ်တတ်ရုံနဲ့ မင်းတို့ကိုယ်မင်းတို့ ဓားသမားအစစ်လို့ ထင်မနေကြနဲ့ဦး"
ဝူချန်ကျိုက်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
တင်းဟောက်၏ အငွေ့အသက်က သူနှင့် မနိမ့်မပါး ရှိသော်လည်း ဘာအရေးလဲ ထိုကဲ့သို့သော လူမျိုးကို သတ်ရန် သူသည် ဓားတစ်ချက်တည်းနှင့် လုံလောက်သည်။
လင်ယွင်ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများသည် ဤကဲ့သို့သော စော်ကားမှုကို မည်သို့ သည်းခံနိုင်မည်နည်း။
သူတို့က ချက်ချင်းပင် တုံ့ပြန်ဆဲဆိုလိုက်ကြသည်။
တင်းဟောက်ကတော့ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ချိတ်ဆွဲထားပြီး ဝူချန်ကျိုက်ကို ကြည့်နေသည်။
ဝူချန်ကျိုက်က အစပိုင်းတွင် ပြန်အော်သော်လည်း တစ်ဖက်တွင် ပါးစပ်ပေါင်း ဆယ်ဂဏန်းကျော် ရှိနေသဖြင့် သူ လုံးဝ မယှဉ်နိုင်ကြောင်း သိသွားသောအခါ အေးစက်စက် ပြုံးလိုက်သည်
"ကြည့်ရတာ ကျုံးကျိုးက ဓားကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်စဉ်တွေကို ပါးစပ်မှာပဲ လေ့ကျင့်ထားကြတာကိုး မင်းတို့က ဓားသမားတွေလား၊ ပါးစပ်သမားတွေလား"
တင်းဟောက်က ရယ်မောရင်း
"ငါတို့ရဲ့ ဓားကလည်း ထက်တယ်၊ ပါးစပ်ကလည်း ပိုထက်တယ် မင်းတို့ ခွန်လွန်ဓားဂိုဏ်းက ဓားပဲလေ့ကျင့်ပြီး ပါးစပ်မလေ့ကျင့်ထားပုံရတယ် အပြင်မှာ လူတကာရဲ့ ဆဲတာကို ခံနေရမှာပေါ့"
သူပြောနေစဉ်မှာပဲ သူ့ဘေးက ဓားကျင့်ကြံသူတွေက နားမခံသာသော စကားလုံးပေါင်း ရာချီပြီး ထပ်ဆဲလိုက်ကြပြန်သည်။
ဝူချန်ကျိုက်ဘေးက ကျန်တဲ့ ဓားကျင့်ကြံသူ နှစ်ယောက်မှာ မျက်နှာတွေ စိမ်းဖန်နေပြီ ဖြစ်သည်။
"ဓားကျင့်ကြံသူတွေဆိုတာ တကယ့်ကို မခေပါလား လူချင်းရှုံးရင်တောင် ပါးစပ်ချင်း မရှုံးဘူးဆိုတာ ဒီနေ့မှပဲ မြင်ဖူးတော့တယ်"
ကျင့်ကြံသူအများအပြားက ထူးဆန်းသော အမူအရာဖြင့် ရေရွတ်နေကြသည်။
နောက်နောင်တွင် ဒီဓားကျင့်ကြံသူတွေနဲ့တော့ ပြဿနာမဖြစ်အောင် နေမှဖြစ်မည်ဟုလည်း ဆုံးဖြတ်လိုက်ကြသည်။
တစ်ဖက်လူ ဆဲလိုက်လျှင် ဘာမှပြန်ပြောနိုင်မှာ မဟုတ်ပေ။
"ကောင်းပြီ၊ ပါးစပ်သရမ်းတာတော့ တော်တော်တော်တာပဲ"
ဝူချန်ကျိုက်က ခေါင်းညိတ်ပြလိုက်သည်
"ငါလည်း လေးစားသွားပြီ ဒါပေမဲ့ မင်းတို့ ဘယ်လောက်ပဲ ဆဲဆဲ၊ နောက်ဆုံးမှာတော့ လက်ထဲက ဓားနဲ့ပဲ စကားပြောရမှာပဲ ဒီနေ့ မင်းတို့အားလုံးက ငါ့ကို ဓားချင်းယှဉ်ပြိုင် ချင်နေကြတာလား"
ထိုစကားကြောင့် လင်ယွင်ဓားဂိုဏ်းမှ လူများ တဖြည်းဖြည်း တိတ်ဆိတ်သွားကြပြီး မျက်လုံးများ လေးနက်သွားကြသည်။
အစွမ်းချင်းယှဉ်လျှင် လင်ယွင်ဓားဂိုဏ်းသည် ဟင်လင်ပြင်ဖာဝရဓားဂိုဏ်းကိုတောင် မမီရာ ခွန်လွန်ဓားဂိုဏ်းနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
ဓားချင်းယှဉ်ပြိုင်ခြင်းသည် အလကားနေရင်း အသက်ပေးရခြင်းသာ ဖြစ်လိမ့်မည်။ သူတို့က လူအ တွေ မဟုတ်ပေ။
"မပြောတော့ဘူးလား နောက်ဆုံးတော့လည်း... သေမှာ ကြောက်နေတာပဲ မဟုတ်လား"
ဝူချန်ကျိုက်က ပြုံးလိုက်ပြီးနောက် ဖန့်ချန်ဘက် လှည့်ကာ
"ဘယ်လိုလဲ ဖန့်ဓားဦးဆောင်သူ မင်းသူငယ်ချင်းအတွက် ရှေ့ထွက်ပေးဦးမလား ဒီကိစ္စကို မင်းကပဲ တာဝန်ယူမှာလား ဒါဆိုရင်တော့ ငါ အခုနက ပြောခဲ့တဲ့ အဆိုပြုချက်ကို အသေအချာ စဉ်းစားလိုက်ပါ"
"ဖန့်ဓားဦးဆောင်သူ လမ်းလယ်ခေါင်မှာ ဓားကပြဖို့ဆိုတာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စပဲ"
တင်းဟောက်နှင့် ဝမ်ရိတို့က ဖန့်ချန်ကို ကြည့်ကာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ဒါဟာ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာတင်မကတော့ဘဲ ကျုံးကျိုးရှိ ဓားကျင့်ကြံသူ အားလုံးရဲ့ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သွားပြီဖြစ်သည်။
"မင်းတို့တွေက သိပ်ပြီး အလေးအနက်ထားလွန်းနေကြတာပဲ ဓားကပြရုံတင်ပဲဟာ၊ ဒါက ဘာဖြစ်လို့လဲ"
ဖန့်ချန်က ပေါ့ပေါ့ပါးပါး ပြုံးလျက် ပြောလိုက်သည်။
လူတိုင်း မှင်တက်သွားကြသည်။ ဖန့်ချန်က တကယ်ပဲ လမ်းလယ်ခေါင်မှာ ဓားကပြတော့မည်လား
ဝမ်ရိက ဒေါသတကြီးဖြင့်
"မင်း လုပ်ကြည့်စမ်း"
တင်းဟောက်ကလည်း မျက်နှာပျက်လျက်
"ခွန်လွန်ဓားဂိုဏ်းက မင်းကို အရှက်ခွဲဖို့ ကြိုးစားနေတာ ငါတို့ မင်းဘက်က ရပ်တည်ပေးမယ် တကယ်တိုက်ရလို့ အသက်ဆုံးရှုံးရရင်လည်း တစ်ခါပဲ သေမှာပေါ့ ဒါပေမဲ့ မင်းသာ ငါတို့ ကျုံးကျိုးဓားသမားတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့ရင်တော့ ဒါဟာ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ"
ဖန့်ချန်က ရယ်မောလိုက်ပြီး သူတို့နှစ်ဦးကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နောက်ဆုံးတွင် ဝမ်ရိဆီမှာ အကြည့်ရပ်သွားသည်
"မင်းရဲ့ ဓားကို ခဏလောက် ငှားစမ်းပါ"
"လုံးဝ မငှားနိုင်ဘူး"
ဝမ်ရိက အေးစက်စွာ ပြောသည်
"ငါ့ဓားက လူသတ်တဲ့ဓား ဒီလို အရှက်ခွဲတာမျိုးကို ဘယ်တော့မှ လက်မခံဘူး"
"ဘာတွေ စကားများနေတာလဲ၊ ငှားမယ်ဆို ငှားလိုက်စမ်းပါ"
ဖန့်ချန်၏ မျက်နှာက တည်သွားသည်။
ဝမ်ရိ ခဏ မှင်တက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ဝူချန်ကျိုက်က ထိုမြင်ကွင်းကို ပြုံးစစဖြင့် ကြည့်နေပြီး
"ဖန့်ဓားဦးဆောင်သူကတောင် တောင်းဆိုနေတာပဲ မင်းက ဓားမပေးသေးဘူးလား မင်းရဲ့ ဓားကို ဖန့်ဓားဦးဆောင်သူက ကပြလိမ့်မယ်ဆိုတာ သမိုင်းဝင် ကိစ္စတစ်ခုပဲလေ"
"မင်းမှာ ဓားမရှိဘူးလား"
ဝမ်ရိက မေးသည်။
"ငါ့ဓားက သူတို့ ကြည့်ဖို့ မတန်သေးဘူး"
ဖန့်ချန်က ပြုံးလိုက်သည်။
ဒါဆို ငါ့ဓားကရော ကြည့်ဖို့ တန်လို့လား
ဝမ်ရိသည် ထိုစကားကို အပြင်သို့ ထုတ်မပြောသော်လည်း စိတ်ထဲတွင်တော့ ကျိတ်ဆဲနေမိသည်။
သို့သော် သူ စဉ်းစားပြီးနောက်တွင်တော့ သူ့ဓားကို ထုတ်ကာ ဖန့်ချန်ဆီ ကမ်းပေးလိုက်သည်။
"ဓားကောင်းပဲ"
ဖန့်ချန်က လက်ထဲက ဓားရှည်ကို တစ်ချက် ကြည့်လိုက်သည်။
၎င်းမှာ အဝါရောင်အဆင့် အဆင့်မြင့်မျှသာ ဖြစ်သော်လည်း ၎င်းသည် ဓားကျင့်ကြံသူ၏ ဓားဖြစ်သဖြင့် ပိုင်ရှင်၏ ကျင့်စဉ်အဆင့်နှင့်အတူ တိုးတက်လာမည့် မူလဝိညာဉ်ရတနာ ဖြစ်သည်။
ဓားသွားမှာ ထူးခြားလှပြီး ကိုင်လိုက်သည်နှင့် မသေမျိုး ဖြစ်ချင်သော လွတ်လပ်မှု ဆန္ဒကို ခံစားရစေသည်။
"ဓားကတော့ ကောင်းပါတယ် ဒါပေမဲ့ ပိုင်ရှင် မှားနေပုံရတယ် နောက်ပိုင်းမှာလည်း နာမည်ကျော်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
ဝူချန်ကျိုက်က ခပ်နောက်နောက် ဝေဖန်လိုက်သည်။
ထိုစကားက လင်ယွင်ဓားဂိုဏ်းသားများဆီမှ နောက်ထပ် ဆဲဆိုသံများကို ဖိတ်ခေါ်လိုက်ပြန်သည်။
သို့သော် သူက ဂရုမစိုက်ဘဲ ဖန့်ချန်ကို ပြုံးကြည့်ရင်း
"ဖန့်ဓားဦးဆောင်သူ မင်းက ငါ့အတွက် ဓားကပြဖို့ ရွေးချယ်လိုက်တာကို ငါ တကယ် ဝမ်းသာမိပါတယ် မင်းက ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူလေ မင်းရဲ့ ဓားကတာကို မြင်ရဖို့ဆိုတာ နှစ်ပေါင်း တစ်ထောင်မှာ တစ်ခါတောင် မလွယ်ဘူး"
တင်းဟောက်တို့ တစ်စုကတော့ မျက်နှာများ ပျက်ယွင်းနေပြီး ဘာမှ မပြောနိုင်တော့ပေ။
တခြားသော ကျင့်ကြံသူများကတော့ ဖန့်ချန် တကယ်ပဲ ဓားကပြတော့မည်ကို မြင်လျှင် စူးစမ်းချင်စိတ်များ ပေါ်လာကြသည်။
သူတို့လည်း ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ ဓားဦးဆောင်သူသည် ဓားပညာတွင် မည်မျှအထိ ထူးချွန်သလဲဆိုသည်ကို မြင်ချင်နေကြသည်။
"ညီအစ်ကိုတို့ ဒီလို မြင်ကွင်းမျိုးကို ငါတို့ပဲ ကြည့်နေလို့ မဖြစ်ဘူး လောကသားတွေ အကုန် မြင်စေရမယ်"
ဝူချန်ကျိုက်က သူ့ဘေးက ဓားကျင့်ကြံသူ နှစ်ယောက်ကို ပြောလိုက်သည်။
သူတို့က နားလည်မှုရှိရှိဖြင့် ကောင်းကင်လျှိုဝှက်မှန် များကို ထုတ်ကာ ဖန့်ချန်ဘက်သို့ တေ့လိုက်ကြသည်။
"မောင်လေး... ဖန့်သခင်လေးက ဒီလိုလုပ်တာ..."
"မကြောက်ပါနဲ့ ဖန့်ကြီး ဘာမှမဖြစ်စေရဘူး"
ရှကျီက ရုန့်ချိုကို အသံလှိုင်းဖြင့် အားပေးလိုက်သော်လည်း သူ၏ မျက်လုံးထဲတွင်တော့ စိုးရိမ်ရိပ်များ ရှိနေသည်။
ဖန့်ချန်သည် လက်ရှိတွင် ဘေးဒုက္ခ ကို ရင်ဆိုင်နေရသည်ကို သူ သိထားသောကြောင့် ယခုထက်ပို၍ စိတ်ပူနေရခြင်း ဖြစ်သည်။
ဖန့်ချန်က ဓားကရန် ပြင်လိုက်သည်ကို မြင်သောအခါ၊ ဖန့်ချန်တွင် တစ်ခုခု အစီအစဉ် ရှိလိမ့်မည်ဟု မျှော်လင့်နေသော ဝမ်ရိတို့၏ မျက်နှာများမှာ ပို၍ပင် ဆိုးရွားသွားတော့သည်။
"ဖန့်ချန် မင်း တကယ်ပဲ စဉ်းစားပြီးပြီလား မင်းသာ ဒီနေ့ ဒီမှာ ဓားကပြလိုက်ရင် ငါတို့ ကျုံးကျိုးဓားသမားတွေဟာ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး"
ဝမ်ရိက တစ်လုံးချင်း ပြောလိုက်သည်။
"မင်းတို့တွေက သိပ်ပြီး အလေးအနက်ထားလွန်းနေပြီလို့ ငါ ပြောပြီးပြီပဲ ဓားကပြရုံပါ အတတ်ပညာ ပြနေတာမှ မဟုတ်တာ ငါက ပိုက်ဆံလည်း မယူပါဘူး"
ဖန့်ချန်က ပြုံးလိုက်သည်။
ဓားအစပျိုးကွက်
ရှစ်မျက်နှာအရပ် ဓားကျမ်း ၏ ပထမဆုံးဓားကွက်
ယခုတစ်ကြိမ်တွင် ဖန့်ချန်သည် မည်သည့် ဝိညာဉ်စွမ်းအားကိုမှ အသုံးမပြုဘဲ သန့်သန့်ရှင်းရှင်း ဓားကပြနေခြင်းသာ ဖြစ်သည်။
သူ၏ လှုပ်ရှားမှုများမှာ အလွန် နှေးကွေးလှသည်။
သို့သော် လူ့လောကကြီး၏ မသေမျိုးဆန်သော အငွေ့အသက်များမှာ မသိမသာပင် ဓားနှင့် တစ်သားတည်း ဖြစ်သွားပြီး၊ ဖန့်ချန်နှင့်လည်း တစ်သားတည်း ဖြစ်သွားတော့သည်။
"သူက တကယ်ပဲ အရှက်မရှိဘဲ ဓားဦးဆောင်သူ အဆင့်အတန်းနဲ့ ခွန်လွန်ဓားဂိုဏ်းသားတွေ ကြည့်ဖို့ ဓားကပြနေတာလား"
ဝေးရာရှိ ဟုန်ရှန့်မှာ မှင်တက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
"ဗိုလ်ချုပ် ဟုန်ရှန့် စတုတ္ထမင်းသမီးက အရှင်မင်းကြီးဆီ ခဏလာခဲ့ဖို့ ဖိတ်နေပါတယ်"
အစေခံမလေးတစ်ဦး ရုတ်တရက် ပေါ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
အခန်း ၇၃၄ - ဓားတစ်ချက် နှစ်တစ်သောင်း
ဟုန်ရှန့်နှင့် သူ၏ လက်အောက်ငယ်သားများမှာ ကြောင်အသွားကြသည်။
စတုတ္ထမင်းသမီးက ထိုအချိန်မျိုးမှာ သူ့ကို ဘာအတွက်ကြောင့် ဖိတ်ရသနည်း။
"ဒါဟာ ငါကူညီဖို့ လက်တွန့်နေခဲ့လို့ မင်းသမီးက စိတ်ဆိုးသွားတာများလား"
ဟုန်ရှန့်က အတွေးကို ရုပ်သိမ်းကာ
"လမ်းပြပေးပါ"
ဟု ပြောလိုက်သည်။
ခေတ္တအကြာတွင် အစေခံမလေးက သူ့ကို မြင့်မားသော စင်မြင့်တစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ဟုန်ရှန့် ရောက်ရောက်ချင်းမှာပင် ထိုနေရာရှိ လူများကို မြင်ပြီး လန့်သွားရသည်။
ကေညင်းကင်ဘုရင်ကျန့်အိမ်တော်မှ သားကြီး ကိုင်ဟုန် နှင့် သမီးလတ် ကိုင်ယွန်နော။
ဟင်လင်ပြင်ထညဝရဓားဂိုဏ်းမှ ပိုင်ချင်းမင်။
နဂါးစားဘုရင်အိမ်တော်မှ သားကြီး ချန်မန်
ကိုးဆက်မြောက်ဘုရင်အိမ်တော်မှ ကျီးလျန်။
သို့သော် ယခုအချိန်တွင် ကျီးလျန်သည် အခြားသော လူငယ်တစ်ဦး၏ ဘေးတွင် အလွန် ရိုသေကိုင်းညွတ်စွာ ရပ်နေသည်ကို တွေ့ရသည်။
ထိုသူကား... ကိုးဆက်မြောက်ဘုရင် အိမ်တော်မှ သားကြီး ကျီးကျင် ပင် ဖြစ်သည်။
၎င်းအပြင် ကျင်းရှန့်ဂိုဏ်း ကဲ့သို့သော နန်းတော်အသိုင်းအဝိုင်းမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင် ၇၀၊ ၈၀ ခန့် ရှိနေသည်။
ထိုနေရာရှိ လူတစ်ဦးချင်းစီသည် အပြင်လောကတွင် သာမန်ကျင့်ကြံသူများ တစ်သက်လုံး မော့ကြည့်ရမည့်သူများ ဖြစ်ကြသည်။
ဟုန်ရှန့်သည် ထိုနေရာမှနေ၍ အောက်ဘက်ရှိ မြင်ကွင်းများကို ရှင်းရှင်းလင်းလင်း မြင်ရသည်ကို သတိပြုမိလိုက်သည်။
ဓားကပြနေသော ဖန့်ချန်ကိုလည်း အတိုင်းသား မြင်နေရသည်။
"ကျွန်တော်မျိုး ဟုန်ရှန့် စတုတ္ထမင်းသမီးကို ဂါရဝပြုပါတယ်"
ဟုန်ရှန့်က စတုတ္ထမင်းသမီးကို အရိုအသေပေးလိုက်သည်
"မင်းသမီးက ကျွန်တော်မျိုးကို ဘာကိစ္စကြောင့် ခေါ်ယူရတာပါလဲဘုရား"
"နင့်ကို ခေါ်တာ ငါမဟုတ်ဘူး"
မင်းသမီးက အေးဆေးစွာ ပြန်ပြောသည်။
မင်းသမီး မဟုတ်ဘူး
ဟုန်ရှန့် ကြောင်သွားစဉ်မှာပင် ပုံရိပ်နှစ်ခု လျှောက်လာသည်ကို တွေ့လိုက်ရသည်။
တစ်ဦးမှာ ခွန်လွန်ဓားဂိုဏ်းမှ ယန်ခုန်း ဓားဦးဆောင်သူ ဖြစ်ပြီး...
အခြားတစ်ဦးကို မြင်လိုက်ရချိန်တွင်တော့ ဟုန်ရှန့်၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး ချက်ချင်းပင် ဒူးထောက်ကာ
"ယုံအန်းအစောင့်တပ်၊ ဘယ်ဘက်ကင်းလှည့်စစ်ဌာနချုပ်မှ ဓားကိုင်ဗိုလ်ချုပ် ဟုန်ရှန့် အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်"
ကျုံးကျိုးပြည်နယ်၏ အိမ်ရှေ့မင်းသား ရွှင်ယဲ့
ဟုန်ရှန့် စိတ်ထဲတွင် ထိတ်လန့်သွားရသည်။
ထိုအိမ်ရှေ့မင်းသားသည် တစ်နှစ်ပတ်လုံး ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ဆုံးလေ့ရှိပြီး လူမြင်ကွင်းသို့ ထွက်ခဲလှသည်။
သူ့ကို တွေ့ရခြင်းမှာ မသေမျိုးဘုရင် များကို တွေ့ရသည်ထက်ပင် ခက်ခဲလှသည်။
ယခု... ဤအိမ်ရှေ့မင်းသားသည် ထိုနေရာသို့ ကိုယ်တိုင်ရောက်ရှိနေပြီး သူ့ကို ခေါ်ခိုင်းလိုက်သည်ဆိုကတည်းက...
"ဟုန်ရှန့် ဟုန်မျိုးနွယ်ဝင်ပေါ့"
ရွှင်ယဲ့က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ အကြည့်များမှာ အေးစက်လှသည်
"ငါ မင်းကို ဘာလို့ ခေါ်ခိုင်းလဲ သိလား"
"ကျွန်တော်မျိုး... ကျွန်တော်မျိုး မခန့်မှန်းရဲပါဘူးဘုရား"
ဟုန်ရှန့်၏ နဖူးတွင် ချွေးစေးများ ထွက်လာသည်။
"အင်း... ဘေးမှာ သွားရပ်နေလိုက်ဦး"
ရွှင်ယဲ့က ခေါင်းညိတ်ပြပြီးနောက် ယန်ခုန်းကို လှည့်၍ ပြုံးလိုက်သည်
"ယန်ခုန်း ငါတို့လည်း ဖန့်ဓားဦးဆောင်သူရဲ့ ဓားကကွက်ကို သေချာ ခံစားကြည့်ကြတာပေါ့"
"ကောင်းသားပဲ"
ယန်ခုန်းက ရယ်မောလျက် ခေါင်းညိတ်သည်။
နှစ်ဦးသား ဝရန်တာဆီသို့ လျှောက်သွားကာ အောက်ဘက်ကို ငုံ့ကြည့်ကြသည်။
ဟုန်ရှန့်၏ ကိုယ်ပေါ်မှာတော့ ချွေးတွေဖြင့် ရွှဲစိုနေပြီဖြစ်သည်။
အိမ်ရှေ့မင်းသားက သူ့ကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း သိလိုက်သည်။
"ငါ ပြောမယ် ဒီနေ့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းသာ သိက္ခာကျသွားခဲ့ရင် မင်း ယုံအန်းအစောင့်တပ်ရဲ့ ဗိုလ်ချုပ်ကြီး ဖြစ်လာရင်တောင် ငါ မင်းကို ဓားနဲ့ လိုက်ခုတ်မှာ"
ပိုင်ချင်းမင်က ဟုန်ရှန့်အနား လျှောက်လာပြီး ပခုံးကို ပုတ်ကာ ပြုံးပြုံးလေး ပြောသွားသည်။
ဟုန်ရှန့် မျက်နှာပျက်သွားပြီး ရှင်းပြရန် ပြင်လိုက်သော်လည်း ပိုင်ချင်းမင်မှာ အောက်ဘက်မြင်ကွင်းကို ကြည့်ရန် ထွက်သွားပြီ ဖြစ်သည်။
စင်မြင့်ပေါ်တွင် ရွှီချင်းဆုန်း သည် ပိုင်ချင်းမင်ကို ကြည့်ကာ မျက်နှာက ဖြူလျော့နေသည်။
သူက ကျီးလျန်၏ အနားသို့ လျှောက်သွားရင်း အသံလှိုင်းဖြင့် မေးလိုက်သည်
"နဝမမင်းသား... အဲ့ဒီဆံပင်တွေက တစ်ခုခု မှားနေသလိုပဲ"
ကျိလျန်က မျက်နှာသေဖြင့်
"အင်း... အဲ့ဒီထဲမှာ ကိုင်ဝူရဲ့ ဆံပင်၊ ရွှီဖုန်းရဲ့ ဆံပင်၊ ပြီးတော့ ငါ့ရဲ့ ဆံပင်တွေ ပါနေပုံရတယ်"
ရွှီချင်းဆုန်း၏ ကိုယ်ခန္ဓာမှာ တုန်တက်သွားသည်။
သူသည် အဘယ်ကြောင့် သူ၏ အနှစ်သာရသွေး (၄) စက်ကို လောင်မြှပ်ပြီးမှ ကျိန်စာတိုက်ကျင့်စဉ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့သည်ကို အခုမှ သဘောပေါက်သွားတော့သည်။
"မင်းကို ဖန့်ချန်က ထောင်ချောက်ဆင်လိုက်တာ အခု ကိုင်ဝူက ကံဆိုးခြင်းဘေး ကို ရင်ဆိုင်နေရတယ်၊ ရွှီဖုန်းက ဖျားနာခြင်းဘေး ကို ရင်ဆိုင်နေရပြီး၊ ငါကတော့ မိုးကြိုးဘေး ကို ရင်ဆိုင်ပြီးသွားပြီ"
"ဒါဆို ဖန့်ချန်က..."
ရွှီချင်းဆုန်း၏ မျက်လုံးများမှာ နာကျည်းမှုဖြင့် ပြည့်နှက်သွားသည်။
"ငါ့ရဲ့ ငရဲစစ်သည်တွေ ပြောတာအရဆိုရင် သူလည်း အခု ဘေးဒုက္ခကို ရင်ဆိုင်နေရတယ် ဖြစ်နိုင်တာက မိစ္ဆာဘေး ပေါ့"
"မဖြစ်နိုင်ဘူး သူက ငါတို့ကို ထောင်ချောက်ဆင်ခဲ့ရင်တောင်..."
"သူက ဒီဘေးဒုက္ခတွေကို ကျော်ဖြတ်ပြီးတာနဲ့ ဝိညာဥ်သန္ဓေသားအဆင့် ကို တက်လှမ်းဖို့ ပြင်ဆင်နေတာပဲ ပြီးရင်တော့ သူက တကယ့်ဓားဦးဆောင်သူ အစစ်အမှန်အဖြစ်နဲ့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ဓားချင်းယှဉ်ပြိုင်တဲ့လမ်းကို လျှောက်တော့မှာပေါ့"
"ငါက ဒီကောင့်ရဲ့ အသုံးချတာကို ခံလိုက်ရတာလား..."
ရွှီချင်းဆုန်း၏ မျက်နှာက ပို၍ပင် ဖြူလျော့သွားသော်လည်း သူ နားမလည်နိုင်သည့် အချက်တစ်ခု ရှိသေးသည်
"မင်းသား ဖန့်ချန်က ကျိန်စာတိုက်ကျင့်စဉ်အကြောင်းကို ဘယ်လိုသိတာလဲ ပြီးတော့ ငါတို့ သူ့ကို ကျိန်စာတိုက်မယ်ဆိုတာကိုရော သူက ဘယ်လိုသိနေတာလဲ"
"ဒီမေးခွန်းကို ငါလည်း အကြာကြီး စဉ်းစားဖူးတယ် ငါတို့ဘေးမှာ သူ့လူရှိနေလို့ပဲ ဖြစ်မယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး ဒီနေ့ ဒီဘေးဒုက္ခကို သူ ဘယ်လိုကျော်ဖြတ်မလဲဆိုတာပဲ ကြည့်ရအောင် သူ့အတွက် မိစ္ဆာဘေးက ဘာမှမဟုတ်ပေမဲ့ အခြားနည်းလမ်းသာ မရှိရင်တော့ သူဟာ ဓားကျင့်ကြံသူတွေရဲ့ အရှက်ပဲ ဖြစ်သွားလိမ့်မယ်"
ကျီးလျန်က လှောင်ပြုံး ပြုံးလိုက်ရင်း ဓားကနေသော ဖန့်ချန်ကို စိုက်ကြည့်နေသည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ ဓားဦးဆောင်သူသည် လမ်းလယ်ခေါင်တွင် ခွန်လွန်ဓားဂိုဏ်းမှ ဝူချန်ကျိုက်အတွက် ဓားကပြနေသည်ဟူသော သတင်းမှာ ကူးစက်ရောဂါကဲ့သို့ တစ်နယ်လုံးသို့ ပြန့်နှံ့သွားသည်။
ကောင်းကင်လျှိုဝှက်မှန် များမှတစ်ဆင့် နေရာအနှံ့ရှိ ဓားကျင့်ကြံသူများ အကုန် သိသွားကြသည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်းအတွင်း၌ ချင်ဟော့ချန်နှင့် အခြားသူများသည် မှန်ထဲမှ မြင်ကွင်းကို ကြည့်ကာ နှုတ်ဆိတ်နေကြသည်။
"ဖန့်ချန်က ဓားဦးဆောင်သူ တစ်ယောက်ဖြစ်ပြီးတော့ ဒီလို လမ်းဘေးမှာ ဓားကရဲတယ်လား သူ သိက္ခာချလိုက်တာ ငါတို့ဂိုဏ်းတင် မဟုတ်ဘူး၊ ကျုံးကျိုးတစ်ခုလုံးက ဓားသမားတွေ ခေါင်းမဖော်နိုင်တော့ဘူး"
ကျစ်ကျန့်ဖုန်း မှ တပည့်တစ်ဦးက လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။
"မဟုတ်ဘူး ဖန့်စီနီယာက ဂိုဏ်းရဲ့သိက္ခာကို ဘယ်တော့မှ အကျမခံဘူး သူ ဒီလိုလုပ်တာ သူ့မှာ အကြောင်းပြချက် ရှိလိမ့်မယ်"
လန်ယာဝင်ချိုးက ဒေါသတကြီး ပြန်အော်သည်။
"ဘာအကြောင်းပြချက်လဲ ကြည့်စမ်း သူ ဝိညာဉ်စွမ်းအားတောင် မသုံးဘဲ သာမန်လူလို ဓားကနေတာ၊ ဒါက ဘာအစီအစဉ်လဲ"
တစ်ဦးက ပြန်ချေပသည်။
ချင်ဟော့ချန်က မျက်မှောင်ကြုတ်လျက် အားလုံးကို တားလိုက်သည်
"မင်းတို့အားလုံး ကိုယ့်ကျင့်စဥ်ကို ပိတ်ပြီး ဓားကကြည့်စမ်း ဖန့်ဓားဦးဆောင်သူလိုမျိုး သာမန်လူတစ်ယောက်နဲ့ တစ်ထပ်တည်းတူအောင် လုပ်နိုင်မလား"
အားလုံး ကြောင်သွားကြသည်။
တစ်ဦးက ချက်ချင်းပင် ကျင့်စဉ်ကို ပိတ်ပြီး စမ်းကြည့်သော်လည်း ဓားကွက်များမှာ အရိုးထဲအထိ စွဲနေသဖြင့် ဝိညာဉ်စွမ်းအား မပါလျှင်တောင် သာမန်လူထက် အစပေါင်းများစွာ ပိုပြီး လျင်မြန်လှပနေဆဲ ဖြစ်သည်။
"ဖန့်ဓားဦးဆောင်သူရဲ့ လုပ်ရပ်မှာ နက်နဲတဲ့ အဓိပ္ပာယ် ရှိရမယ် စောင့်ကြည့်ကြစမ်း"
ချင်ဟော့ချန်က ပြုံးလိုက်ရာ အားလုံး၏ စိတ်များ ပြန်လည် တည်ငြိမ်သွားကြသည်။
ဓားကပြခြင်းမှာ နှေးကွေးလှသော်လည်း အဆုံးသတ်သို့ ရောက်ရှိလာသည်။
ဖန့်ချန်က ဓားကို သိမ်းလိုက်ချိန်တွင် ဝူချန်ကျိုက်က အားရပါးရ ရယ်မောကာ လက်ခုပ်တီးလိုက်သည်။
"ကောင်းတယ် တကယ့်ကို ဖန့်ဓားဦးဆောင်သူပဲ ကလိုက်တဲ့ ဓားကတော့ တကယ့်ကို သာမန်ထက် မထူးခြားဘူးပဲ ဒါက မင်းတို့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူရဲ့ အစွမ်းပေါ့လေ... ဟားဟားဟား"
ဝူချန်ကျိုက်က အော်ဟစ် ရယ်မောနေသော်လည်း၊ ရယ်ရင်းရယ်ရင်းဖြင့် သူ၏ အသံမှာ တဖြည်းဖြည်း အိုမင်းရင့်ရော်လာသည်ကို သတိပြုမိလိုက်သည်။
"စီနီယာ... မင်း..."
ဘေးက ဓားကျင့်ကြံသူများမှာ ဝူချန်ကျိုက်ကို ကြည့်ကာ မှင်တက်သွားကြသည်။
ဝူချန်ကျိုက်၏ ရုပ်ရည်မှာ မျက်စိရှေ့တင် အိုမင်းသွားပြီး အရေပြားများမှာ တွန့်လိပ်လာသည်။
ဆံပင်များမှာလည်း အထုပ်လိုက် ကျွတ်ကျကုန်သည်။
၎င်းတင်မကသေးဘဲ သူရယ်လိုက်တိုင်း အဝါရောင် သွားကျိုးကြီးများမှာ တဖြဖြ ကျွတ်ထွက်လာသည်။
ဝူချန်ကျိုက်သည် တစ်ခုခု မှားနေပြီဖြစ်ကြောင်း သိလိုက်သဖြင့် ထိတ်လန့်သွားသော်လည်း၊ တုံ့ပြန်ရန် အချိန်မရှိတော့ဘဲ ကိုယ်ထဲက အင်အားများမှာ ချက်ချင်းပင် ဆုတ်ယုတ်သွားသည်။
သူသည် ဒူးနှစ်ဖက် ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ သူ၏ လက်နှစ်ဖက်မှာ သဲပြင်ကဲ့သို့ လွင့်စင်ပျောက်ကွယ်သွားသည်ကို ကြည့်ကာ မယုံနိုင် ဖြစ်နေရသည်။
"ဒီဓားကကွက်ရဲ့ နာမည်က ဓားတစ်ချက် နှစ်တစ်သောင်း လို့ ခေါ်တယ် မင်း ကြည့်ရတာ ပျော်ရဲ့လား ပျော်တယ်ဆိုရင်တော့... စိတ်အေးလက်အေးနဲ့ သွားတော့လေ"
ဖန့်ချန်က ခေါင်းညိတ်ပြုံးလိုက်သည်။
ထိုစကားအဆုံးတွင်...
ဝူချန်ကျိုက်သည် မကျေမနပ်ဖြစ်စွာ အော်ဟစ်ရန် ကြိုးစားသော်လည်း၊ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပုပ်ပွနေသော ရွှံ့နွံများနှင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး အသက်ပျောက်သွားတော့သည်။
လူတိုင်း ကြောင်အသွားကြသည်။
ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိလိုက်ကြပေ။
ဖန့်ချန် ကိုယ်တိုင်သာ သိသည်။
လူ့လောကနိယာမ နှင့် ပေါင်းစပ်ထားသော ဓားဆန္ဒသည် ဝူချန်ကျိုက်ကို သာမန်လူသားတစ်ဦးအဖြစ် ပြောင်းလဲပစ်လိုက်ပြီး၊ သူ၏ ဓားကကွက်ကို နှစ်ပေါင်း တစ်သောင်းကြာ ကြည့်ရှုစေခဲ့ခြင်း ဖြစ်သည်။
သာမန်လူသားတစ်ယောက်သည် နှစ်ပေါင်း တစ်သောင်းအထိ အသက်ရှင်နိုင်ပါ့မလား