← Chapters

အခန်း (၇၄၁-၇၄၂)

Vol. 75 Ch. 741-742

အခန်း (၇၄၁-၇၄၂)

Vol. 75 Ch. 741-742

ဖန့်ချန်

​အခန်း ၇၄၁ - လီရှောင်းနိုင်ငံ

​「တွေ့ခဲ့ပြီးပြီ တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ」

​မှန်ထဲမှ ဟိန်းထွက်လာသော နက်ရှိုင်းပြီး သြဇာညောင်းလှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

​ဖန့်ချန် ထိုအသံကို ကြားလိုက်ရသည်နှင့် ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့် သေချာပြန်လည် စဉ်းစားကြည့်ရာတွင် ဘယ်အချိန်မှာ ဒီအသံကို ကြားဖူးခဲ့သလဲဆိုသည်ကို ချက်ချင်းပင် မှတ်မိသွားသည်။

ထိုနေ့က တောရိုင်းကျောင်းတော် ၌ စီနီယာအစ်ကိုလီက သူတို့ကို ဆေးဖော်စပ်ရေးဌာနသို့ ခေါ်ဆောင်သွားစဉ် ဆရာချန်ရှင်းက တရားဟောကြားနေသည်နှင့် ကြုံခဲ့ရသည်။

ထိုစဉ်က ဟောကြားချက်အပေါ် သံသယရှိသဖြင့် ကန့်ကွက်စကား ဆိုခဲ့ကြသူများထဲတွင် ထိုအသံရှင်မှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်မဟုတ်ပါလား။

​「အစ်ကို... အစ်ကို အဲ့ဒီကောင်ကို ကိုယ်တိုင် သတ်ပေးလို့ ရမလား」

​ယွီချင်းမေက လေးနက်သော အသံဖြင့် မေးလိုက်သည်။

​မှန်ထဲမှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

「မင်းကတော့ တကယ့်ကို မိုက်မဲလိုက်တာ ညီမလေးရာ သူ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် ငါသာ ကိုယ်တိုင် ထွက်သတ်လိုက်လို့ကတော့ ငါ့အတွက် ပြန်လှည့်လို့မရတဲ့ ပျက်စီးခြင်းတွင်းထဲ ဆင်းရသလို ဖြစ်သွားမှာပေါ့」

ဟု ပြန်ဖြေသည်။

​「ကျွန်မက ပြောကြည့်တာပါ ဘာပဲဖြစ်ဖြစ် ပေါင်ယွမ်ချင်းကို ချန်းရှင်းတာအိုဂိုဏ်း က ရွှိတာအိုဆရာဆီ လွှတ်ထားပြီးပြီ သူက ဖန့်ချန်ကို အပြတ်ရှင်းပေးပါလိမ့်မယ်」

ဟု ယွီချင်းမေက အစ်ကိုဖြစ်သူကို အနည်းငယ် ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။

​「အခု လောလောဆယ် ငါတို့အတွက် ဒီထက်ပို အရေးကြီးတဲ့ ကိစ္စရှိနေတယ် ငါ အာရုံလွှဲလို့ လုံးဝ မရဘူး အဲ့ဒီကိစ္စသာ အောင်မြင်သွားရင် ငါတို့ ယွီမိသားစုအတွက် ကောင်းကင်နဲ့ မြေကြီးလို တုန်ဟီးသွားမယ့် အပြောင်းအလဲကြီး ဖြစ်လာမှာပဲမင်း ဖန့်ချန်ကိစ္စကို ခဏလောက် သည်းခံပြီး လျှော့ထားစမ်းပါ」

​ယွီမိသားစုအတွက် ကောင်းကင်နဲ့ မြေကြီးလို ပြောင်းလဲသွားမယ့် ကိစ္စလား ဖန့်ချန် တွေးတောနေမိသည်။

ဘယ်လောက်တောင် အရေးကြီးလို့ပါလိမ့်

​「အစ်ကို... အစ်ကိုရော သူ့ကို မသတ်ချင်ဘူးလား ကိုင်ဝူ့ကိစ္စကို ထားဦး သူ ချန်းတောက်ပြည်နယ် မှာ လုပ်ခဲ့တာတွေအတွက်ရော အစ်ကို မသတ်ချင်ဘူးလား အစ်ကို့ရဲ့ တပည့် ချင်နယဲ့ တောင် သူ့လက်ထဲမှာ သေခဲ့ရတာလေ အဲ့ဒီကလေးသာ အသက်ရှင်ရင် ငါတို့မိသားစုအတွက် တကယ့် ရတနာပဲ」

​ဖန့်ချန် ရုတ်တရက် ခေါင်းမော့ကာ ယွီချင်းမေကို စိုက်ကြည့်လိုက်မိသည်။

​ချန်းတောက်ပြည်နယ်၊ ချင်နယဲ့

​သူသည် မှန်၏ တစ်ဖက်တွင် ရှိနေသူမှာ မည်သူဖြစ်ကြောင်း သိသွားပြီဖြစ်သည်။

ထိုသူမှာ နတ်သမီးရှန်ကျီက သူ့ကို ရှာခိုင်းထားသည့် ယောင်ယန်ပင် ဖြစ်သည်။

​ယောင်ယန်သည် ယွီမိသားစုမှ ဖြစ်နေရုံတင်မကဘဲ ကျန့်ဘုရင် မယားငယ်၏ အစ်ကို ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

မူလက ထိုကိစ္စသည် မည်သည့် သဲလွန်စမျှ မရှိဘဲ ဦးတည်ချက် ပျောက်ဆုံးနေခဲ့သော်လည်း၊ ယခုအခါ တစ်ဖက်လူက သဲလွန်စကို သူ့ရှေ့မှောက်သို့ ကိုယ်တိုင် လာရောက် ပေးအပ်လိုက်သလို ဖြစ်သွားသည်။

​ယွီချင်းမေက ထိုစကားများကို ပြောရဲသည်ဆိုပါက သူမကိုယ်တိုင်ကလည်း သွေးဝိညာဉ်ဂိုဏ်း က ကျင့်ကြံသူ ဖြစ်ရမည်။

သို့မဟုတ်ပါက... ယွီမိသားစု တစ်စုလုံးကပင် သွေးဝိညာဉ်ဂိုဏ်းဝင်များ ဖြစ်နေခြင်းလော။

​"ငါ့မှာ တပည့်တွေ ကမ္ဘာအနှံ့ ရှိတယ် တစ်ယောက်နှစ်ယောက် သေတာက ငါ့အတွက် ဘာမှမဟုတ်ဘူး သူတို့ အဆုံးထိ မရှင်သန်နိုင်တာဟာ သူတို့ အရည်အချင်း မရှိလို့ပဲ ဒါက သူတို့ရဲ့ ကံကြမ္မာပဲ"

"ချင်နယဲ့ တင် မကဘူး တခြား တပည့်နှစ်ယောက်လည်း ဖန့်ချန်လက်ထဲမှာ သေခဲ့ရသေးတယ် အဲ့ဒီတုန်းက ငါက သူ့ကို ချင်းလုံစစ်သူကြီး နဲ့ လွှတ်ပြီးသတ်ခိုင်းရုံပဲ လုပ်ခဲ့တာ"

"သူ ဒီနေ့လို အဆင့်ထိ ရောက်လာမယ်မှန်း သိရင် ငါကိုယ်တိုင် သတ်ခဲ့မိမှာပဲ ငါကိုယ်တိုင်တောင် မလောတာကို မင်းက ဘာလို့ လောနေရတာလဲ ငါတို့အတွက် ဘယ်ကိစ္စက ပိုအရေးကြီးလဲဆိုတာ မင်း သိသင့်တယ်"

​တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေး ၊ ကျွယ်ဝူတိ ကလည်း ဒီလူ့တပည့်လား ဒါဆို သူ့တပည့်တွေက သူပြောသလို တကယ်ပဲ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတာပေါ့။

​တကယ့်ကို ကောင်းလှချေလား ယောင်ယန်ဝိညာဥ်အရှင်

ကြည့်ရတာ ချန်းတောက်နယ်မြေက တိုက်ပွဲကလည်း မင်းနဲ့ ပတ်သက်နေမှာ သေချာတယ်။

လူက ကျောင်းတော်ထဲမှာ ရှိနေပေမဲ့ တစ်ကမ္ဘာလုံးကို ကစားကွက်ချနေတာပဲ...

​ဖန့်ချန်၏ မျက်လုံးများမှာ ပိုမို လေးနက်လာသည်။

ထိုသည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ ဝိညာဥ်အရှင်အဆင့်ရှိသူများထဲမှ တစ်ဦးသာ ရှိသေးသည်။

သွေးဝိညာဉ်ဂိုဏ်းထဲတွင် ထိုကဲ့သို့သော ဝိညာဥ်အရှင် များစွာ ရှိနေဦးမည်မှာ သေချာသည်။

သူတို့အားလုံးမှာ ယောင်ယန်ကဲ့သို့ အစွမ်းနှင့် အကြံအဖန်များ မရှိနိုင်ကြသော်လည်း၊ သေချာစဉ်းစားကြည့်ပါက သွေးဝိညာဉ်ဂိုဏ်း၏ ကစားကွက်များအောက်တွင် အချိန်တိုင်း လူပေါင်းများစွာ သေဆုံးနေရသည်မှာ ကြောက်စရာကောင်းလှသည်။

​"အစ်ကို ဒါဆိုရင်တော့ ကျွန်မ ခဏ သည်းခံပါ့မယ် ဒါနဲ့ ကိုင်ဝူက အခု ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းဖို့ ပြင်နေတာဆိုတော့ ကျွန်မကို အဆင့် ၄ သွေးဝိညာဉ်ဆေးလုံး လေး တချို့ ပေးပါဦး ကိုင်ဝူ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းတဲ့နေရာမှာ ကူညီပေးဖို့ပါ"

​ယွီချင်းမေက တစ်ဖက်လူက သူမကို မထောက်ခံသည်ကို မြင်သောအခါ စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။

​"အဆင့် ၄ သွေးဝိညာဉ်ဆေးလုံး ဟုတ်လား အဆင့် ၄ ဆေးလုံးတစ်လုံးထဲမှာ ဘယ်လောက်တောင် ကံကြမ္မာတွေ စုစည်းထားရလဲဆိုတာ မင်းသိလား အဲ့ဒီဆေးလုံး တစ်လုံးရဖို့အတွက် အနည်းဆုံး လူသား သန်းပေါင်းများစွာရဲ့ အသက်တွေ ကံတရားတွေ စတေးထားရတာ"

"ကိုင်ဝူလို အောက်ခြေအဆင့် ကျင့်ကြံသူက ဒါကို သုံးဖို့ မလိုသေးဘူး ပြီးတော့ သူက ကျန့်ဘုရင်အိမ်တော်မှာဆိုတော့ ငါ့ယောက်ဖ သိသွားရင် မကောင်းဘူး"

​"ဒါဆို အဆင့် ၅ ရော"

​"ငါ အဆင့် ၆ သွေးဝိညာဉ်ဆေးလုံး တချို့ ပေးလိုက်မယ် ကိုင်ဝူ့အတွက် လုံလောက်ပါတယ် ဒါပေမဲ့ သူ့ကို လီရှောင်းနိုင်ငံ ကို ပြန်ခေါ်ပြီးမှ အဲ့ဒီဆေးကို တိုက်ပါ"

​ယွီချင်းမေက ကျေနပ်စွာ ပြုံးလိုက်ပြီး

"ကောင်းပါပြီ အစ်ကို၊ ကျေးဇူးတင်ပါတယ်"

​"တခြား ဘာကိစ္စရှိသေးလဲ ဒီကာလအတွင်း ငါ့ကို တတ်နိုင်သမျှ ထပ်မရှာနဲ့ဦး ဝိညာဥ်သုတ်သင်ခြင်းဌာနဘက်မှာလည်း တစ်ခုခု လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်"

​ယွီချင်းမေက တစ်ခုခု ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် မှန်၏ အလင်းရောင်မှာ မှိန်ဖျော့သွားပြီး သူမ၏ အစ်ကိုမှာ ထွက်ခွာသွားပြီ ဖြစ်သည်။

ဖန့်ချန်သည် ယွီချင်းမေကို တစ်ချက်ကြည့်ကာ ထိုနေရာမှ ထွက်ခွာခဲ့သည်။

​သူသည် ရှကျီ၏ စံအိမ်သို့ ပြန်ရောက်လာပြီး ရှကျီနှင့် နာရီဝက်ခန့် စကားပြောဆိုပြီးနောက် ရိပ်ခြေဗုဒ္ဓအတတ် ကို အသုံးပြုကာ ကျုံးကျိုးမြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

​ရက်အနည်းငယ်အကြာတွင် ချင်ဟော့ချန်သည် မြို့တော်ရှိ ရှကျီ၏ စံအိမ်သို့ ရောက်လာသည်။

​ဖန့်ဓားဦးဆောင်သူက ထွက်သွားပြီလား ချင်ဟော့ချန်မှာ အံ့သြသွားသည်။

​ရှကျီက ပြုံးလျက်

"သူက ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့အတွက် ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာ ကျင့်ကြံမယ်လို့ ပြောသွားတယ်"

​ချင်ဟော့ချန်မှာ ခေတ္တမျှ မှင်တက်သွားသည်။

ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဖန့်ညီလေးက ပထမဆုံး ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပြီလား။

​"ဒီကောင်ကတော့ လုပ်ပြီ အခု သူက လူအများရဲ့ ပစ်မှတ်ဖြစ်နေတာလေ စီနီယာအစ်ကိုပိုင်ကလည်း တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ငါ့ကို သူ့ကို လာကြိုခိုင်းတာ သူက သူ့ဘာသာသူ ထွက်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

ချင်ဟော့ချန်က စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြောသည်။

​ရှကျီက နှစ်သိမ့်လိုက်သည်

"ချင်မိတ်ဆွေ ဖန့်ကြီးရဲ့ အစွမ်းတွေက သာမန်မဟုတ်ပါဘူး တစ်ယောက်ယောက်က သူ့ကို လုပ်ကြံချင်ရင်တောင် မလွယ်ပါဘူး စိတ်မပူပါနဲ့"

​"ဒါလည်း ဟုတ်တာပါပဲ"

ချင်းဟုချန်က ခေါင်းငြိမ့်ကာ ထွက်သွားသည်။

​အဝေးရှိ အဆောက်အဦးမြင့်ပေါ်တွင် ရွှီချင်းဆုန်းသည် တိတ်တဆိတ် စောင့်ကြည့်နေသည်။

ချင်ဟော့ချန် တစ်ယောက်တည်း ထွက်သွားသည်ကို မြင်သောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။

ဖန့်ချန်သာ ရှကျီ၏ အိမ်တော်ထဲတွင် အမြဲပုန်းနေပါက သူ လုပ်ဆောင်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့ကြောင့် သူသည် ကျီးလျန်ကို သွားတွေ့သည်။

​"မြို့တော်ထဲမှာ လက်စဖျောက်ဖို့က နည်းနည်းတော့ ခက်ခဲလိမ့်မယ် ဒါပေမဲ့ အဲ့ဒီကောင် အခု ဘာလုပ်နေလဲဆိုတာကိုတော့ ငါ စစ်ဆေးပေးလို့ ရပါတယ်"

​ကျီးလျန်က အေးဆေးစွာ ပြုံးလျက်

"ညဉ့်နက်တဲ့အထိ စောင့်လိုက်ပါ"

ဟု ဆိုသည်။

​ရွှီချင်းဆုန်က ကျီးလျန်သည် သူ၏ ယင်စစ်သည် များကို အသုံးပြုတော့မည်ဟု ခန့်မှန်းလိုက်သည်။

အမှန်ပင် ညဉ့်နက်သောအခါတွင် သွေးရောင်စက္ကူရုပ်လေးတစ်ခုမှာ ကျီးလျန်၏ ဘေးတွင် ပေါ်လာသည်။

​"သခင်လေး... ကျုပ်ကို ဘာခိုင်းချင်လို့လဲ"

စက္ကူရုပ်လေးက ရက်စက်သော အပြုံးဖြင့် မေးသည်။

​"မင်းကို နေရာတစ်ခုမှာ သွားပြီး စုံစမ်းခိုင်းချင်တယ် သတိထားပါ ယုံအန်းစောင့်တပ် တွေ မမြင်ပါစေနဲ့"

ကျီးလျန်က ပြုံးလျက် ပြောသည်။

"မဟုတ်ရင် ငါ ရှင်းပြရခက်လိမ့်မယ်"

​"စိတ်ချပါ သခင်လေး ယုံအန်းစောင့်တပ်တွေ ကျုပ်ကို တွေ့ဖို့ဆိုတာ မလွယ်ပါဘူး"

သွေးစက္ကူရုပ်မှာ သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ မှောင်မိုက်သော ညယံနှင့် တစ်သားတည်း ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။

​ရွှီချင်းဆုန်က ထိုမြင်ကွင်းကို ကြည့်ရင်း အားကျစိတ်များ ဖြစ်ပေါ်လာသည်။

တာအိုဂိုဏ်းဝင်တစ်ဦးအနေဖြင့် ဤသည်မှာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံက စက်ဆုပ်သောအတတ်ဖြစ်ကြောင်း သူသိသည်။

ထိုသည်မှာ ရှေးဟောင်း တာအိုအတတ်များ၏ အနှစ်သာရပင် ဖြစ်သည်။

​"ခဏလောက် စောင့်လိုက်ရင် သတင်းရလိမ့်မယ်၊ မလောပါနဲ့"

ကျီးလျန်က ရွှီချင်းဆုန်ကို ကြည့်ကာ ဆက်ပြောသည်

"နောက်ထပ် နှစ်အနည်းငယ်ကြာရင် ငါလည်း ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်တော့မယ် အဲ့ဒီအချိန်ကျရင် နတ်ဘုရားအကြွင်းအကျန်နယ်မြေ ကို ငါသွားမှာ အဲ့ဒီအခါကျရင် တာအိုဂိုဏ်းကြီး ၃ ခုက ငါ့ကို ကူညီမယ်လို့ မင်းထင်လား"

​ရွှီချင်းဆုန်က

"သခင်လေးက ကျုပ်တို့ တာအိုဂိုဏ်း ၃ ခုလုံးရဲ့ တစ်ဦးတည်းသော တာအိုမျိုးဆက် ဖြစ်လာတော့မှာပဲလေ ကျုပ်တို့က သခင်လေးကို မကူညီရင် ဘယ်သူ့ကို ကူညီရမှာလဲ"

​ကျီးလျန်က ကျေနပ်စွာ ပြုံးလိုက်သည်။

ခဏအကြာတွင် သွေးစက္ကူရုပ်မှာ သူတို့ရှေ့တွင် ပြန်လည် ပေါ်လာသည်။

​"သခင်လေး ရှာနေတဲ့သူ မရှိတော့ဘူး"

​"မရှိဘူး ဟုတ်လား"

ကျီလျန် မျက်မှောင်ကြုတ်သွားသည်။

​ရွှီချင်းဆုန်က ချက်ချင်းပင် နှာခေါင်းရှုံ့ကာ

"အဲ့ဒီကောင် မြို့တော်ကနေ တိတ်တဆိတ် ထွက်သွားပြီပဲ ဖြစ်ရမယ်"

​လအနည်းငယ် ကြာပြီးနောက်...

​ဖန့်ချန်သည် ရှေ့မှ ခမ်းနားလှသော မြို့တော်ကြီးကို လှမ်းကြည့်ကာ

"လီရှောင်းနိုင်ငံရဲ့ မြို့တော်က အပြင်ပန်းက ကြည့်ရင် ကျုံးကျိုးမြို့တော်ထက် မနိမ့်ဘူးပဲ"

ဟု ရေရွတ်လိုက်သည်။

​ထိုနေရာကား အဆင့် ၂ အင်ပါယာနိုင်ငံဖြစ်သော လီရှောင်းနိုင်ငံ ပင် ဖြစ်သည်။

​အခန်း ၇၄၂ - ဝိညာဥ်သုတ်သင်ခြင်းဌာနမှ လုပ်ဖော်ကိုင်ဖက်

​လီရှောင်းနိုင်ငံ၏ မြို့တော်မှာ အလွန်ပင် ခမ်းနားထည်ဝါလှပြီး ကင်းစောင့်တပ်များလည်း အလွန်ထူထပ်လှသည်။

မြို့တံခါးဝတွင် အစီရင်တစ်ခုကို တိတ်တဆိတ် ခင်းကျင်းထားပြီး အဝင်အထွက်လုပ်သော ကျင့်ကြံသူတိုင်း ထိုအစီရင်ခံကို ဖြတ်ကျော်ကြရသည်။

​ထိုကဲ့သို့ တင်းကျပ်လှသော လုံခြုံရေးမှာ ကျုံးကျိုးမြို့တော်ထက်ပင် ပို၍ ပြင်းထန်ပုံရသည်။

ဖြစ်နိုင်သည်မှာ ကျုံးကျိုးသည် အဆင့် ၁ အင်ပါယာနိုင်ငံ ဖြစ်သဖြင့် မည်သူမျှ လာရောက်နှောင့်ယှက်ရဲမည် မဟုတ်ဟု ယုံကြည်ထားသောကြောင့် ဖြစ်လိမ့်မည်။

​ဖန့်ချန်သည် အရိပ်များကြားတွင် လျှောက်လှမ်းနေပြီး ထိုအစီရင်ကို ဖြတ်ကျော်သည့်တိုင် မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

​အခြားသူများမှာမူ အစီရင်၏ စစ်ဆေးခြင်းကို ခံရပြီး သူတို့၏ နောက်ကြောင်းနှင့် ကျင့်ကြံသူမှတ်တမ်းများကို တစ်ခုချင်းစီ မှတ်တမ်းတင်ခံရသည်။

ထိုသို့ဖြင့် အဝင်အထွက်လုပ်သော ကျင့်ကြံသူမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်နေရာမှ လာကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်သည်။

​"ကြားတာတော့ ကိုင်ဝူသခင်လေးက မကြာခင်မှာ ဆွေမျိုးတွေဆီ လာလည်မယ်ဆိုပဲ သူက ကျန့်ဘုရင်ရဲ့ သားတော်လေ ငါတို့ ဒီမှာ ကင်းစောင့်နေရင်းနဲ့ တစ်ချက်လောက် တွေ့ခွင့်ရမလား မသိဘူး"

​"ဒါက မြို့တော်ရဲ့ အဓိကဝင်ပေါက်ပဲလေ ငါတို့ တာဝန်ကျနေသရွေ့တော့ ကိုင်ဝူသခင်လေးကို မြင်ရမှာပဲ တကယ်လို့သာ သူ့မျက်စိထဲကျပြီး ကျန့်ဘုရင်အိမ်တော်ကို ခေါ်သွားခံရရင်တော့ တကယ်ကြီး ကံထူးတာပဲ အရင်က လုပ်ဖော်ကိုင်ဖက်တချို့ဆိုရင် အဲ့ဒီလိုနဲ့ပဲ ကြီးပွားသွားကြတာ"

​"အော်... အဲ့ဒီလူတွေက ကိုင်ဝူသခင်လေးရဲ့ မျက်စိထဲကျအောင် ဘယ်လိုလုပ်ခဲ့ကြတာလဲ"

​"မင်းက အခုမှရောက်တာဆိုတော့ မသိတာ မဆန်းပါဘူး ကိုင်ဝူသခင်လေးက ဆွေမျိုးတွေဆီ လာလည်တိုင်း မြို့တော်က မင်းညီမင်းသားတွေ သူဌေးသားတွေကို နဂါးတံခါးကန် မှာ စုပြီး စားပွဲသောက်ပွဲ လုပ်လေ့ရှိတယ် အဲ့ဒီအချိန်ကျရင် စောင့်ရှောက်ဖို့ လူတွေလိုတာပေါ့"

​"တကယ်လို့ နဂါးတံခါးကန် ကိုသာ တာဝန်ကျရင် ကိုင်ဝူသခင်လေးနဲ့ နီးနီးကပ်ကပ် နေခွင့်ရမယ် အဲ့ဒါမှမဟုတ်ရင်တောင် အဲ့ဒီက သခင်လေးတွေ သခင်မလေးတွေရှေ့မှာ မျက်နှာပြခွင့်ရတာပေါ့ အဲ့ဒီ သခင်လေးတွေက သူတို့လူတွေကို အချင်းချင်း တိုက်ခိုက်ခိုင်းတာ ဝါသနာပါကြတယ် အဲ့ဒီအချိန်မှာ မင်းရဲ့အရည်အချင်းကိုသာ ပြနိုင်ရင် သူတို့က တန်ဖိုးထားမှာပဲ"

​"အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်ဗျာ"

​မြို့စောင့်စစ်သည်အချို့၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ ဖန့်ချန် ပြုံးလိုက်မိသည်။

ကြည့်ရသည်မှာ သူက တစ်လှမ်း ပိုမြန်နေပုံရသည်။

​မြို့ထဲသို့ ရောက်သောအခါတွင်လည်း ဖန့်ချန်သည် ကိုယ်ထင်မပြသေးဘဲ၊ နေရာအနှံ့ လှည့်လည်ကြည့်ရှုကာ ထိုနေရာ၏ အခြေအနေအရပ်ရပ်ကို သေချာအောင် စုံစမ်းနေခဲ့သည်။

​နောက်ဆုံးတွင် သူသည် နှစ်ပေါင်းများစွာ လူမနေဘဲ ပစ်ထားပုံရသော အိမ်ကြီးတစ်လုံးသို့ ရောက်လာသည်။

ဤနေရာမှာ နန်းတော်နှင့် မဝေးလှပေ။

အိမ်ပိုင်ရှင်မှာ အိမ်နှင့်ဝေးကွာနေသည်မှာ ကြာပြီဖြစ်ပုံရပြီး ထိန်းသိမ်းမည့် အစေခံလည်း မရှိသဖြင့် နေရာအနှံ့တွင် ဖုန်မှုန့်များ ထူထပ်စွာ တက်နေသည်။

​ထိုနေရာမှနေ၍ နန်းတော်၏ အဓိကဝင်ပေါက်ကို ရှင်းလင်းစွာ မြင်ရသဖြင့် ဖန့်ချန်၏ နောက်ထပ် အစီအစဉ်များအတွက် အလွန် အဆင်ပြေစေသည်။

​နောက်တစ်လခန့်တွင် ဖန့်ချန်သည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

​နောက်ဆုံးတွင် တစ်နေ့၌ အဝေးမှ မသေမျိုးသင်္ဘော တစ်စင်းသည် လေထုကို ခွဲကာ ပျံသန်းလာသည်။

သင်္ဘောဦးတွင် လူသုံးဦး ရပ်နေကြပြီး၊ ထိုသူတို့မှာ ကိုင်ဟုန်၊ ကိုင်ဝူ နှင့် ကိုင်ယန်နော တို့ ဖြစ်ကြသည်။

​ဒီနှစ်ယောက်က ဘာလို့ လိုက်လာကြတာလဲ...

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

​လီရှောင်းနိုင်ငံဘက်မှ ကျွမ်းကျင်သူ အများအပြားနှင့် လူကြီးလူကောင်း အချို့မှာ ထိုသုံးဦးနှင့် သူတို့၏ နောက်လိုက်များကို ကိုယ်တိုင်လာရောက် ကြိုဆိုကာ နန်းတော်ထဲသို့ ခေါ်ဆောင်သွားကြသည်။

​ဖန့်ချန်သည် မဆင်မခြင် လှုပ်ရှားခြင်း မပြုခဲ့ပေ။

​နန်းတော်ထဲသို့ ဝင်ရောက်ပြီး ကိုင်ဝူကို သတ်ရန်မှာ မဖြစ်နိုင်ပေ။

သူသည် အခွင့်အရေးကို စောင့်နေခြင်း ဖြစ်သည်။

ထိုအခွင့်အရေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူသည် ခြောက်လခန့်သာ စောင့်မည်ဖြစ်သည်။

ခြောက်လကြာသည်အထိ အခွင့်အရေးမရပါက သူ ပြန်သွားမည်ဖြစ်ပြီး နောက်တစ်ကြိမ် အခွင့်အရေးကို ထပ်မံစောင့်ဆိုင်းမည် ဖြစ်သည်။

​တစ်နာရီခန့် ကြာပြီးနောက်၊ ကိုင်ဟုန်နှင့် ကိုင်ယန်နော တို့သည် လီရှောင်းနိုင်ငံမှ အရာရှိကြီးအချို့၏ လိုက်ပါပို့ဆောင်မှုဖြင့် ထိုနေရာနှင့် မဝေးလှသော အိမ်တော်တစ်ခုသို့ ရောက်ရှိလာကြသည်။

​"အစ်ကိုကြီး... ကျွန်မတို့က ဘာလို့ ကိုယ်တိုင် လိုက်လာပေးနေရတာလဲ ပြီးတော့ အဲ့ဒီ လီရှောင်းဘုရင်ကလည်း ရိုင်းစိုင်းလွန်းတယ် အစ်ကိုကြီးနဲ့ ကျွန်မ လာတာတောင် သူက မျက်နှာပြမလာဘူး"

​လီရှောင်းနိုင်ငံမှ အရာရှိများ ထွက်သွားသောအခါ ကိုင်ယွန်နော က မကျေမနပ်ဖြင့် ကိုင်ဟုန်ကို ကြည့်ကာ ပြောလိုက်သည်။

​အရိပ်ထဲမှနေ၍ ဖန့်ချန်သည် ကိုင်ဟုန်ကို တိတ်တဆိတ် ကြည့်နေမိသည်။

ကိုင်ဟုန် ကိုယ်တိုင် ဘာကြောင့် လိုက်လာရသနည်းဆိုသည်ကို သူလည်း သိချင်နေသည်။

​တစ်ဖက်လူကလည်း ယွီမိသားစုအပေါ် သံသယဝင်နေခြင်းလော။

​ကိုင်ဟုန်သည် ဝိညာဥ်သုတ်သင်ခြင်းဌာန မှ ကျင့်ကြံသူ ဖြစ်သဖြင့် ထိုသို့ဖြစ်နိုင်ခြေမှာ အမှန်ပင် ရှိနေသည်။

​"ဒီလို လိုက်လာတာကလည်း တတိယညီလေး အတွက်ပါပဲ"

​ကိုင်ဟုန်က အေးဆေးစွာ ပြုံးလျက်

"တတိယညီလေးရဲ့ ဘေးဒုက္ခက ရုတ်တရက်ကြီး ရောက်လာတယ်လို့ မင်းထင်နေတာလား"

​"အော်... သူ့ရဲ့ ဘေးဒုက္ခမှာ တစ်ခုခု ပြဿနာရှိလို့လား"

ကိုင်ယွန်နော့၏ မျက်လုံးများ လှုပ်ရှားသွားသည်။

​"ပြဿနာက အကြီးကြီးပဲ ကျီးလျန် ၊ ကိုင်ဝူ၊ ရွှီဖုန်း နဲ့ ဟို ဖန့်ချန် သူတို့အားလုံးက တစ်ချိန်တည်းမှာပဲ ဘေးဒုက္ခနဲ့ ကြုံနေရတာ ဒါက လုံးဝ တိုက်ဆိုင်မှု မဟုတ်နိုင်ဘူး"

ဟု ကိုင်ဟုန်က ပြောသည်။

"ကျွန်မလည်း ဒါကို ထူးဆန်းတယ်လို့ ထင်ပေမဲ့ ဘေးဒုက္ခဆိုတာကလည်း လာချင်တဲ့အချိန် လာတတ်တာပဲလေ ဒါကို တစ်ယောက်ယောက်က ကြိုးကိုင်လို့ ရနိုင်လို့လား"

ကိုင်ယွန်နော မျက်မှောင်ကြုတ်လိုက်သည်။

​"ရှေးဟောင်း တာအိုအတတ်တွေထဲမှာတော့ ဒီလိုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိကောင်း ရှိနိုင်တယ်"

ကိုင်ဟုန်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

​"ဒါဆို ဖန့်ချန်က တစ်ခုခု လုပ်လိုက်တာလို့ အစ်ကို သံသယဝင်နေတာလား ဖန့်ချန်က လမ်းခုလတ်မှာ ကိုင်ဝူကို လုပ်ကြံမှာကို အစ်ကို စိုးရိမ်နေတာလား"

​ကိုင်ယွန်နောက ပြောရင်း နန်းတော်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်

"သူ့အမေ က သူ့ကို အရမ်း အလိုလိုက်ထားလို့ အခုလို အကျင့်တွေ ပျက်နေတာ သေရင်လည်း သေပါစေပေါ့ အစ်ကိုကြီးက ဘာလို့ ကိုယ်တိုင် လိုက်ပို့နေရတာလဲ"

​"ဘာပဲပြောပြော သူက ငါတို့နဲ့ သွေးချင်း တူတာပဲလေ၊ ဖခင်ရဲ့ သားသမီးပဲ ဖခင်က ဒါကို အရေးမစိုက်ရင်တောင်မှ ငါတို့က ညီအစ်ကိုတွေဖြစ်လို့ တတ်နိုင်သလောက် ကူညီပေးရမှာပေါ့"

​ကိုင်ဟုန်က ရယ်မောလျက်

"ပြီးတော့ ငါတို့အတွက် အချိန်အများကြီး ပေးရတာလည်း မဟုတ်ပါဘူး ဒီမှာ ခဏလောက် နေမယ် ဘာမှ မဖြစ်ဘူးဆိုရင် ငါက ကျူးလု ကို ပြန်မယ် မင်းလည်း ထျန်းချုံး ကို ပြန်ပေါ့"

" တိုက်တိုက်ဆိုင်ဆိုင် ငါတို့နှစ်နိုင်ငံနဲ့ လီရှောင်းနဲ့က စီးပွားရေးအရ အဆက်အသွယ် ရှိနေတာဆိုတော့၊ ဒီအတောအတွင်း လီရှောင်းက လူတွေနဲ့ ထိတွေ့လို့ ရတာပေါ့"

​"အစ်ကိုကြီးက ကျူးလုရဲ့ ဘုရင် ကျွန်မက ထျန်းချုံးရဲ့ ဘုရင်မ အဆင့် ၂ အင်ပါယာနိုင်ငံချင်း အတူတူကို လီရှောင်းဘုရင်က မျက်နှာပြမလာတာက ငါတို့ကို မလေးစားတာပဲ ဘာကို ဆွေးနွေးနေဦးမှာလဲဆွေးနွေးချင်ရင် အစ်ကိုပဲ သွားဆွေးနွေးတော့ ကျွန်မကတော့ ရက်နည်းနည်းနေရင် ပြန်တော့မယ်"

​ကိုင်ယွန်နောက ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

​ဖန့်ချန်မှာ သူ၏ ဘေးဒုက္ခဖိတ်ခေါ်အတတ် ကြောင့် ကိုင်ဟုန်က သူသည် ကိုင်ဝူကို လုပ်ကြံလိမ့်မည်ဟု သံသယဝင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုစဉ်က သေချာ မစဉ်းစားခဲ့မိသဖြင့် မြွေကို တုတ်နဲ့ ခေါက်လိုက်သလို သတိပေးလိုက်သလို ဖြစ်သွားသည်။

​သို့သော်လည်း... ထိုသို့သာ မဟုတ်ပါက ကိုင်ဝူသည် ကျုံးကျိုးမြို့တော်တွင် ရှိနေမည် သို့မဟုတ် ကျန့်ဘုရင်အိမ်တော်သို့ ပြန်သွားမည် ဖြစ်သဖြင့် ယခုကဲ့သို့ အခွင့်အရေးမျိုး ရလာမည် မဟုတ်ပေ။

​ကိုင်ယွန်နော ထွက်သွားပြီးနောက်၊ ကိုင်ဟုန်သည် ရုတ်တရက် လက်ဝှေ့ယမ်းကာ ကန့်သတ်ချက် အစီရင်တစ်ခုကို ခင်းကျင်းလိုက်ပြီး ကောင်းကင်လျှိုဝှက် မှန် တစ်ခုကို ထုတ်ယူလိုက်သည်။

​"ငါ လီရှောင်းနိုင်ငံကို ရောက်ပြီ ဒီမှာ ထူးခြားတာ ဘာမှမရှိဘူး အရာရှိတွေနဲ့ စကားပြောကြည့်ရသလောက်တော့ ဒီနိုင်ငံက အေးအေးချမ်းချမ်း ရှိပါတယ် သွေးဝိညာဉ်ဂိုဏ်းက ပုန်းအောင်းနေရင်တောင်မှ ဘာစီမံကိန်းမှ လုပ်နေတဲ့ လက္ခဏာ မတွေ့ရဘူး"

​မှန်ထဲမှ ဖန့်ချန် အလွန်ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

​ဖန့်ချန်၏ မျက်နှာမှာ ထူးဆန်းသွားသည်။

ထိုအသံမှာ ကျိဓားတောင်ထိပ်မှ စီနီယာအစ်ကိုကြီး ချင်ဟော့ချန် ၏ အသံ ဖြစ်နေသောကြောင့်ပင်။

​စီနီယာအစ်ကိုကြီး ချင် ကလည်း ဝိညာဥ်သုတ်သင်ခြင်းဌာနက လုပ်ဖော်ကိုင်ဖက် ဖြစ်နေတာလား

​အံ့သြသွားပြီးနောက် ဖန့်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

​သွေးဝိညာဉ်ဂိုဏ်းက နေရာအနှံ့ ပျံ့နှံ့နေသော်လည်း၊ ကျုံးကျိုးနိုင်ငံရှိ အသိတရားရှိသူများကလည်း သူတို့ကို ပြန်လည် တိုက်ခိုက်နေကြသည်မှာ ထင်ရှားလှသည်။

​"လီရှောင်းဘုရင်ကိုရော တွေ့ခဲ့လား"

​「မတွေ့ဘူး ပြောရရင် ငါက လီရှောင်းဘုရင်လိုပဲ အဆင့် ၂ အင်ပါယာနိုင်ငံရဲ့ ဘုရင် ဖြစ်ပေမဲ့ သူက မသေမျိုး အဆင့် ငါက ပေါင်းစပ်ခြင်း အဆင့်ပဲ ရှိသေးတာ"

"ငါ့အဖေ နောက်ခံရှိတယ်ဆိုပေမဲ့ မသေမျိုးအဆင့်က ငါတို့ကို အဖက်လုပ်ချင်မှ လုပ်မှာပေါ့ သူက ငါတို့ကို ဘယ်လိုလုပ် ကိုယ်တိုင်လာတွေ့မှာလဲ သူ့မျက်လုံးထဲမှာ ငါက မျိုးဆက်သစ် လူငယ်လေး တစ်ယောက်ပဲလေ"

​"အဲ့ဒါလည်း ဟုတ်တာပါပဲ"

​"ဒါပဲလား မင်းမှာ တခြား သဲလွန်စရှိရင် တိုက်ရိုက်ပြော အရင်က သွေးဝိညာဉ်ဂိုဏ်းက တိတ်တဆိတ် ကြံစည်ပြီး ကျန့်ဘုရင်အိမ်တော်နဲ့ ဓားဂိုဏ်း ကို စစ်ဖြစ်အောင် လုပ်ခဲ့ကြတယ်"

"မအောင်မြင်ခဲ့ဘူးဆိုပေမဲ့ ငါ့ကိုတော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ် ပြီးတော့ အဲ့ဒီကိစ္စက ငါ့ညီလေးနဲ့လည်း ပတ်သက်နေတယ်"

​"ဓားဂိုဏ်းက သစ္စာဖောက်က မြန်မြန်သေသွားလို့ သတင်းအချက်အလက် အများကြီး မရလိုက်ဘူး ဒါပေမဲ့ အကြီးအကဲတချို့ စုံစမ်းကြည့်တော့ သူက အရင်က လီရှောင်းနိုင်ငံမှာ အချိန်အတော်ကြာ နေခဲ့ဖူးတယ်ဆိုတာ သိရတယ်"

" အဲ့ဒီတုန်းက မင်းအဖေက လီရှောင်းဘုရင်ရဲ့ သမီး ယွီချင်းမေကို မယူရသေးဘူး အဲ့ဒီသစ္စာဖောက်က သွေးဝိညာဉ်ဂိုဏ်းကဆိုတာ သေချာသလောက် ရှိပြီ အခုကတော့ ယွီမိသားစုပါ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေမှာကို စိုးရိမ်နေတာ"

​"ချင်မိတ်ဆွေ ဒါကတော့ မဖြစ်နိုင်တာ ယွီမိသားစုက နှစ်ပေါင်းများစွာ အစဉ်အလာ ရှိခဲ့တာ မသေမျိုးအဆင့်လည်း ရှိတယ် သူတို့က ဘာလို့ သွေးဝိညာဉ်ဂိုဏ်းလို ကြွက်စုတ်တွေနဲ့ ပူးပေါင်းရမှာလဲ"

ဟု ကိုင်ဟုန်က ရယ်မောလျက် ခေါင်းခါရင်း ပြောသည်။

​"ဘာပဲဖြစ်ဖြစ် ငါကတော့ ခန့်မှန်းကြည့်တာပါ မင်းလည်း အဲ့ဒီမှာ နည်းနည်းလောက် စုံစမ်းကြည့်ပေါ့"

​"ဒါနဲ့... ဖန့်ချန်က ကျုံးကျိုးမှာ ရှိသေးလား"

​"ဖန့်ညီလေးက ထွက်သွားတာ ကြာပြီ"

​"အဲ့ဒါကြောင့် ပြောတာပေါ့ မင်း အားရင် သူ့ကို နည်းနည်း ဖျောင်းဖျပေးပါဦး ငါ့ညီလေးကို ထပ်ပြီး ရန်မရှာဖို့ အဲ့ဒီကိစ္စမှာ ငါ့ညီလေးက မှားခဲ့တာ မှန်ပေမဲ့ နောက်ကွယ်မှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ သွေးထိုးမှုတွေ ရှိနေတာလေ ပြီးတော့ အဲ့ဒီသစ္စာဖောက်ကလည်း မင်းတို့ ဓားဂိုဏ်းက လူပဲ မဟုတ်လား"

ကိုင်ဟုန်က နှာခေါင်းကို ပွတ်ရင်း ပြောလိုက်သည်။

​"ငါ မပြောနိုင်ဘူး မင်းဘာသာမင်း ပြောတော့ သွားပြီ"

​မှန်၏ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်သွားသည်။

​ကိုင်ဟုန်သည် နှုတ်ခမ်းဆူကာ မှန်ကို သိမ်းလိုက်ပြီး အပြင်သို့ ထွက်သွားသည်။

​ဝိညာဉ်ဓားဂိုဏ်းက သစ္စာဖောက်က... အရင်က လီရှောင်းမှာ နေခဲ့ဖူးတယ် ဟုတ်လား...

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

All Chapters