အခန်း (၇၃၁-၇၃၂)
Vol. 74 Ch. 731-732
ဖန့်ချန်
အခန်း ၇၃၁ - အခက်အခဲရှာခြင်း
"ဒီမိန်းကလေးက ဘယ်လိုဖြစ်ပြီး တိထျန်း က လာတဲ့ ဓားကျင့်ကြံသူကို သွားပြီး ပြဿနာရှာမိတာလဲ... တကယ့်ကို ကံဆိုးတာပဲ..."
"ဒါပေမဲ့ ဒီနေရာက မြို့တော်လေ ဒီဓားကျင့်ကြံသူတွေလည်း လျှောက်လုပ်ရဲမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား"
"လျှောက်တော့ မလုပ်လောက်ပါဘူး ဒါပေမဲ့ နည်းနည်းပါးပါးတော့ အထိနာသွားမှာပဲ ဓားကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်ကို မင်းလည်း သိတာပဲ သူတို့က ဒီအတိုင်း အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး"
ချုံလိုနှင့် မလှမ်းမကမ်းရှိ လမ်းမပေါ်တွင် မြို့တော်သား ကျင့်ကြံသူ အတော်များများ စုရုံးနေကြပြီး၊ ပိန်ပိန်ပါးပါး မိန်းကလေးတစ်ဦးကို လက်ညှိုးထိုးကာ တိုးတိုးတိုးတိုး ပြောနေကြသည်။
ထိုမိန်းကလေး၏ ရှေ့တွင်တော့ လူသုံးဦး ရပ်နေပြီး၊ တစ်ဦးမှာ ခွန်လွန်ဓားဂိုဏ်း မှ ဓားကျင့်ကြံသူ ဝူချန်ကျိုက် ပင် ဖြစ်သည်။
"မိန်းကလေး မင်းရဲ့ ကျင့်စဉ်အဆင့်ကလည်း သိပ်မမြင့်တာ ငါမြင်ပါတယ် ငါ့ကို ဒီကျုံးကျိုးမြို့တော်ထဲမှာ လိုက်ပို့ပေးပါလား အခုနက မင်းပြောတဲ့စကားတွေကို ငါ မကြားချင်ယောင် ဆောင်ပေးမယ်ဘယ်လိုလဲ"
ဝူချန်ကျိုက်က ခပ်နောက်နောက် ပြုံးလျက် ပြောလိုက်သည်။
ရုန့်ချို မျက်မှောင်ကြုတ်သွားပြီးနောက် အေးဆေးစွာ ပြန်ပြောသည်
"ကျွန်မ သခင်လေးနောက်ကို လိုက်လို့ မရပါဘူး အိမ်ပြန်ပြီး ဟင်းရည်ချက်ရဦးမှာမို့လို့ပါ သခင်လေးဘာသာ သဘောရှိ လည်ပတ်ပါ"
ပြောပြီးသည်နှင့် ရုန့်ချိုက လှည့်ထွက်ရန် ပြင်လိုက်သော်လည်း၊ ဝူချန်ကျိုက်က လွှတ်ပေးမည့်ပုံ မရှိပေ။
သူ၏ မျက်လုံးများ လှုပ်ရှားသွားသည်နှင့် ပြင်းထန်သော ဓားဆန္ဒ တစ်ခုက ရုန့်ချို၏ ရှေ့ရှိ မြေပြင်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။
"တကယ့်ကို ထက်မြက်တဲ့ ဓားဆန္ဒပဲ"
အနီးအနားရှိ ကျင့်ကြံသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာပျက်သွားကြသည်။
"တိထျန်းက လာတဲ့ ဒီဓားကျင့်ကြံသူတွေကတော့ တကယ့်ကို အတင့်ရဲတာပဲ ကျုံးကျိုးမြို့တော်ထဲမှာတောင် ဓားဆန္ဒကို စိတ်တိုင်းကျ ထုတ်ဖော်ရဲတယ်"
"ယုံအန်းအစောင့်တပ် ဘယ်ဘက်ကင်းလှည့်ဌာနက လူကြီးတွေ ဘာလို့ ရောက်မလာသေးတာလဲ"
"လာမှာ မဟုတ်တော့ဘူး ထင်တယ် မင်းမသိသေးဘူးလား ခွန်လွန်ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ယန်ခုန်း က ဒီနေ့ မြို့တော်ထဲ ရောက်နေတာ"
" အခု နန်းတော်ထဲမှာ လူကြီးလူကောင်းတွေနဲ့ ကိစ္စပြောနေတာလေ ဒီဓားကျင့်ကြံသူတွေဘက်က သိပ်ပြီး လွန်လွန်ကျူးကျူး မလုပ်သရွေ့တော့ ယုံအန်းအစောင့်တပ်ကလည်း တစ်ဖက်ပိတ် မျက်စိမှိတ်ထားမှာပဲ"
ရုန့်ချိုသည် ထိုဓားဆန္ဒကြောင့် ဖြစ်သွားသော မြေပြင်ကွဲအက်မှုကို အေးစက်စွာ ကြည့်လိုက်ပြီးမှ ပြုံးစစ ဖြစ်နေသော ဝူချန်ကျိုက်ကို မော့ကြည့်လိုက်သည်။
"မိန်းကလေး ဘယ်လိုလဲ အစောပိုင်းက မင်းပြောတဲ့ စကားတွေက ငါတို့ ခွန်လွန်ဓားဂိုဏ်းကို တော်တော်လေး စော်ကားရာ ရောက်နေတယ် အခု ငါက မင်းကို မြို့တော်ထဲ လိုက်ပို့ခိုင်းတာက ဒီကိစ္စကို အေးအေးဆေးဆေး ပြေလည်သွားအောင် လုပ်တာပဲလေ၊ မလွန်ဘူးမလား"
ဝူချန်ကျိုက်က ရယ်မောကာ ပြောသည်။
"အခုနက ရှင်တို့တွေ ဖန့်သခင်လေးကို အပုပ်ချနေလို့ ရှင်တို့က ဖန့်သခင်လေးကို မမှီပါဘူးလို့ ကျွန်မပြောလိုက်လို့လား"
ရုန့်ချိုက စဉ်းစားဟန်ဖြင့် ပြောသည်
"တကယ်လို့ အဲ့ဒီကိစ္စကြောင့် ရှင်တို့ ခွန်လွန်ဓားဂိုဏ်းကို စော်ကားမိတယ်လို့ ထင်ရင်တော့ အမှားက ကျွန်မဆီမှာ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ ကျွန်မက အမှန်တရားကိုပဲ ပြောလိုက်တာမို့လို့ပါ"
"ဒီမိန်းကလေးက ဘယ်သူလဲ ဖန့်ဓားဦးဆောင်သူနဲ့ သိနေတာလား"
"မသိဘူး၊ တစ်ခါမှ မမြင်ဖူးဘူး ဖန့်ဓားဦးဆောင်သူနဲ့ သိချင်မှ သိမှာပါ အခု မြို့တော်ထဲမှာ ဖန့်ဓားဦးဆောင်သူနဲ့ တွေ့ချင်နေတဲ့ သူဌေးသမီးတွေမှ အများကြီးပဲဟာ"
"ဒါပေမဲ့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ကျုံးကျိုးမှာ နံပါတ်တစ် ဓားဂိုဏ်းဆိုပေမဲ့ ခွန်လွန်ဓားဂိုဏ်းနဲ့ ယှဉ်ရင်တော့ နည်းနည်း နိမ့်ကျသေးတယ်"
"ဒီဓားကျင့်ကြံသူက ဒီမိန်းကလေးကို တွယ်ကပ်နေတာ... တကယ်တော့ သူ့ရည်ရွယ်ချက်က အဲ့ဒါ မဟုတ်လောက်ဘူး သူက ဖန့်ဓားဦးဆောင်သူကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်..."
လူအုပ်ကြီးက တိုးတိုးတိုးတိုးဖြင့် ဝေဖန်နေကြသည်။
အနီးအနားတွင် ကျင့်ကြံသူများ ပိုပိုများလာပြီး၊ အဆင့်မြင့် မျိုးနွယ်စုများမှ ပါရမီရှင်များလည်း ပါဝင်သော်လည်း၊ ဝူချန်ကျိုက်တို့၏ အဆင့်အတန်းကို သိထားသဖြင့် မည်သူမှ ဝင်ရောက် မပတ်သက်ရဲကြပေ။
ထိုအချိန်တွင် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် အပြေးအလွှား ရောက်လာသည်။
သူက ဝူချန်ကျိုက်တို့ သုံးဦးကို မြင်သည်နှင့် အလွန်အမင်း ဖော်လွေသော အပြုံးဖြင့်
"လူကြီးမင်း သုံးယောက် ဒေါသမထွက်ကြပါနဲ့ ဒီမိန်းကလေးက လူကြီးမင်းတို့ကို ပြစ်မှားမိတယ်ဆိုရင် ကျုပ် သူမကို တောင်းပန်ခိုင်းပါ့မယ် ကျုံးကျိုးနဲ့ တိထျန်းကြားမှာ ချစ်ကြည်ရင်းနှီးမှုက အဓိကပဲ မဟုတ်လား"
ထို့နောက် ကျန်းအိမ်တော်ထိန်းက ရုန့်ချိုကို ကြည့်ကာ မျက်နှာပျက်လျက်
"ရုန့်ချို နင် ဘယ်လိုဖြစ်ပြီး ဒီလူကြီးမင်းတွေကို သွားပြစ်မှားမိတာလဲ မြန်မြန် တောင်းပန်လိုက်စမ်း၊ ငါတို့ နဂါးစားအိမ်တော် ကို ဒုက္ခမပေးနဲ့"
"နဂါးစားအိမ်တော်"
ဝူချန်ကျိုက် ခဏ မှင်တက်သွားပြီး
"သူက ဖန့်ချန်ရဲ့ မိန်းမ မဟုတ်ဘူးလား"
"ဖန့်ချန် အော်... ဟို ဖန့်ဓားဦးဆောင်သူလား..."
ကျန်စီမံခန့်ခွဲသူ မျက်နှာပျက်သွားပြီး အားတင်းကာ ပြုံးပြသည်
"အမှန်အတိုင်း ပြောရရင် ဒီမိန်းကလေးက ကျုပ်တို့ သခင်လေးရဲ့ စီနီယာအစ်မပါ ဒါပေမဲ့ သခင်လေးနဲ့ ဖန့်သခင်လေးက သူငယ်ချင်းတွေမို့လို့ သူတို့လည်း ရင်းနှီးကြတာ ဖြစ်နိုင်ပါတယ်"
"ဖန့်ချန်နဲ့ မဆိုင်ဘူးပေါ့"
ဝူချန်ကျိုက် ခဏ စဉ်းစားလိုက်ပြီးမှ ပြုံးလိုက်သည်
"ဒါလည်း ဘာဖြစ်လဲ ဖန့်ချန် သူငယ်ချင်းရဲ့ မိန်းမဆိုလည်း အတူတူပါပဲ ငါနဲ့အတူ မြို့တော်ထဲ လည်ပတ်မယ် မနက်ဖြန်မှ မင်းကို အိမ်ပြန်ပို့ပေးမယ် ဒါဆိုရင်တော့ ငါ နင်တို့ကို အပြစ်မယူတော့ဘူး"
ရုန့်ချို၏ အကြည့်များ အေးစက်သွားသည်။
သူမက ဓားကျင့်ကြံသူဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုမစိုက်ပေ။
သူမ မျက်လုံးထဲတွင်တော့ ဒီလူက လမ်းဘေးက လူရမ်းကား တစ်ယောက်နှင့် ဘာမှမထူးပေ။
ရှကျီကို ဒုက္ခရောက်မှာ စိုးရိမ်သောကြောင့်သာ သူမ သည်းခံနေခြင်း ဖြစ်သည်။
"ရုန့်ချို နင် ရှသခင်လေးကို ဒုက္ခမပေးချင်ဘူးမလား ဒီကိစ္စကို နင်ဘာသာ နင် မြန်မြန် ဖြေရှင်းလိုက်စမ်း ကိစ္စကို အကြီးကြီး မလုပ်နဲ့ မဟုတ်ရင် နဂါးစားအိမ်တော်ကို သတင်းရောက်သွားလို့ မင်းသားကြီး အပြစ်ပေးတာ ခံရလိမ့်မယ်"
ကျန်းအိမ်တော်ထိန်းက တိုးတိုးလေး သတိပေးသည်။
"ဒီမိန်းမက ရှကျီရဲ့ လူပေါ့ ဒါဆိုရင်တော့ ပွဲကောင်းပြီ"
ကြယ်တာအိုဂိုဏ်း မှ ကျောက်ပေ က ဘေးကနေ ကြည့်ရင်း လှောင်ပြုံးပြုံးကာ ဖုန်းယာ ကို ပြောလိုက်သည်။
ဖုန်းယာကတော့ တည်တည်ငြိမ်ငြိမ်ပင်
"ခွန်လွန်ဓားဂိုဏ်းက ဒီကိစ္စကို သုံးပြီး ဖန့်ဓားဦးဆောင်သူကို ပြဿနာရှာချင်နေပုံရတယ်"
"အတူတူပါပဲ မင်းရဲ့ အစ်ကိုဝမ်းကွဲ ရှကျီလည်း ဒီထဲ ပါသွားမှာပဲ နှစ်ယောက်စလုံး ခွန်လွန်ဓားဂိုဏ်းရဲ့ ဆုံးမတာ ခံလိုက်ရရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့"
ကျောက်ပေက ပြုံးလိုက်သည်။
"ဝူချန်ကျိုက်က ခွန်လွန်ဓားဂိုဏ်းမှာ ရာထူးမသေးဘူးလို့ ကြားတယ် သူက ဝိညာဉ်သန္ဓေသားအဆင့် ပဲ ရှိသေးပေမဲ့ တစ်ခါက ဓားတစ်ချက်တည်းနဲ့ ဝိညာဉ်ခွဲဖြာခြင်းအဆင့် တစ်ယောက်ကို သတ်ခဲ့ဖူးတယ်တဲ့"
" အဲ့ဒါကြောင့်လည်း ယန်ခုန်းဓားဦးဆောင်သူက သူ့ကို ကျုံးကျိုးအထိ ခေါ်လာတာ ယန်ခုန်း ရာထူးက ဆင်းရင် သူက ခွန်လွန်ဓားဂိုဏ်းရဲ့ နောက်မျိုးဆက် ဓားဦးဆောင်သူ ဖြစ်လာလိမ့်မယ်"
တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။
လူတိုင်း၏ အကြည့်များက လေးနက်သွားကြသည်။
ထို ဝူချန်ကျိုက်သည် မြို့တော်ထဲတွင်ပင် ထိုမျှ ရိုင်းစိုင်းရဲသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။
ခွန်လွန်ဓားဂိုဏ်း၏ နောက်မျိုးဆက် ဓားဦးဆောင်သူ ဆိုသည့် ဂုဏ်ပုဒ်က မည်မျှ ကြီးကျယ်သနည်း ၎င်းနှင့် ယှဉ်လျှင် ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ လက်ရှိ ဓားဦးဆောင်သူမှာပင် အနည်းငယ် အားနည်းသလို ထင်ရသည်။
"လူကြီးမင်း... ကျုပ်တို့ တကယ်ပဲ ဝင်မပါရဘူးလား"
အဝေးတစ်နေရာတွင် ယုံအန်းအစောင့်တပ် တစ်စုက ရပ်ကြည့်နေကြသည်။
တစ်ဦးက ဟုန်ရှန့် ကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာလို့ ဝင်ပါရမှာလဲ"
ဟုန်ရှန့်က အေးအေးဆေးဆေး ပြောသည်
"ဒါက ခွန်လွန်ဓားဂိုဏ်းနဲ့ ဟင်လင်ပြင်ဓားဂိုဏ်းတို့ရဲ့ ကိစ္စပဲ ငါတို့ ကျုံးကျိုးနဲ့ ဘာဆိုင်လို့လဲ နှစ်ဖက်လုံးက ခွေးရူးတွေပဲ သူတို့အချင်းချင်း ကိုက်ပါစေပေါ့ ငါတို့ မြို့တော်ရဲ့ ဥပဒေကိုလည်း ဟင်လင်ပြင်ဓားဂိုဏ်းက အမြဲတမ်း လိုက်နာနေတာမှ မဟုတ်တာ"
"ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းရှန့်ဂိုဏ်း က ရွှီထျဲခွန် ရဲ့ တောင်ပံတွေကို ဘယ်သူ ဖြတ်ပစ်ခဲ့တာလဲဆိုတာ မင်းတို့ မေ့သွားပြီလား သူတို့က ဥပဒေကို မလေးစားမှတော့ ငါတို့ကလည်း လွှတ်ထားလိုက်ရုံပဲ"
"ဒါပေမဲ့ အဲ့ဒီကိစ္စက ကျုပ်တို့ ပြည်တွင်းရေးလေ အခုက ကျုံးကျိုး ကျင့်ကြံသူနဲ့ တိထျန်းက ကျင့်ကြံသူတွေ ပြဿနာဖြစ်နေတာ..."
"ဘာမှမထူးဘူး တကယ်လို့ မင်း ဝင်ပါချင်တယ်ဆိုရင်လည်း ငါ မတားပါဘူး ဒါပေမဲ့ ခွန်လွန်ဓားဂိုဏ်းက ဝူချန်ကျိုက်က မင်းကို မျက်နှာပေးမပေးတော့ မင်းဘာသာ ကြည့်ပေါ့"
"အရှက်ကွဲသွားရင် ယုံအန်းအစောင့်တပ်ရဲ့ မျက်နှာကို ဖျက်သလို ဖြစ်သွားမယ် အဲ့ဒီအခါကျရင် အထက်က လူကြီးတွေက ခွန်လွန်ဓားဂိုဏ်းကို ဘာမှမလုပ်နိုင်ရင် မင်းကိုပဲ လာပြီး အပြစ်ရှာလိမ့်မယ်"
ဟုန်ရှန့်က ပြုံးလျက် ပြောလိုက်သည်။
ထိုစစ်သည်မှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်း နှုတ်ဆိတ်သွားတော့သည်။
"တစ်ခါတလေကျရင် အထက်က အမိန့်မရှိဘဲ လျှောက်မလုပ်နဲ့ မင်းကတော့ အထက်ကလူတွေအတွက် အလုပ်တစ်ခု ဖြေရှင်းပေးလိုက်တယ်လို့ ထင်ပေမဲ့၊ တကယ်တမ်းကျတော့ အပြစ်တင်တာပဲ ခံရလိမ့်မယ် ငါတို့က ဂိုဏ်းဂဏတွေက လာတာ မဟုတ်တဲ့အတွက် စည်းမျဉ်းတွေကို ကောင်းကောင်း လိုက်နာရမယ်"
ဟုန်ရှန့်က တစ်ခွန်း မှာကြားပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ အသာအယာ ရပ်ကြည့်နေသည်။
ဖန့်ချန်နှင့် ရှကျီတို့ ချုံလိုဘက်မှ အပြေးအလွှား ရောက်လာသည်ကို မြင်တော့မှ သူ၏ မျက်ခုံးများကို အသာအယာ ပင့်လိုက်သည်။
အခန်း ၇၃၂ - ရွေးချယ်စရာ နှစ်ခု
"ရုန့်ချိုမိန်းကလေး အမှန်အတိုင်း ပြောရရင် ရှသခင်လေးဟာ ခွန်လွန်ဓားဂိုဏ်းကို ယှဉ်နိုင်တဲ့သူ မဟုတ်ဘူး မင်းက ဒီလို ခေါင်းမာနေရင် ရှသခင်လေးကို ဒုက္ခပေးတာနဲ့ အတူတူပဲ ဒါဟာ မင်းအတွက်ရော ရှသခင်လေးအတွက်ရော အိမ်တော်အတွက်ရော ဘာအကျိုးမှ မရှိဘူး"
ကျန်းအိမ်တော်ထိန်းက စေတနာရှင်ကြီးလို ဟန်ဆောင်ကာ ဆက်လက် ဖျောင်းဖျနေသည်
"ဒီသခင်လေးကို မြို့တော်ထဲ လိုက်ပို့ပေးရုံနဲ့ မင်းရဲ့ အမွေးတစ်ပင်မှ ကျွတ်သွားမှာ မဟုတ်ပါဘူး ဒါကို ဘာလို့ ငြင်းနေရတာလဲ"
ထိုစကားပြောနေစဉ်မှာပဲ ရှကျီနှင့် ဖန့်ချန်တို့ ရောက်ရှိလာသည်။
"စီနီယာအစ်မ ဘာမှမဖြစ်ဘူးမလား"
ရှကျီက ရုန့်ချိုရှေ့သို့ အပြေးရောက်လာပြီး သူမကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။
ဒဏ်ရာရထားခြင်း မရှိသည်ကို မြင်တော့မှ သူ စိတ်အေးသွားရသည်။
"ရှသခင်လေး... လာတာ အတော်ပဲ ကျုပ်က..."
ကျန်းအိမ်တော်ထိန်းက စကားပြောရန် ပြင်လိုက်သော်လည်း၊ ရှကျီ၏ လက်ဝါးစောင်းရိုက်ချက်က သူ့မျက်နှာပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားပြီး ခြေလှမ်းအတော်များများ နောက်သို့ လွင့်ထွက်သွားစေသည်။
သူသည် မယုံကြည်နိုင်ဟန်ဖြင့် ရှကျီကို စိုက်ကြည့်နေမိသည်။
အိမ်တော်ရဲ့ သားကြီးဖြစ်သူ ချန်မန် တောင် မြို့တော်ကို ရောက်နေပြီလေ ဒီကောင်က သူ့ကို ရိုက်ရဲသေးတယ်လား
"နဂါးစားဘုရင် အသစ်လက်ခံထားတဲ့ မွေးစားသားပဲ..."
"သူဖြစ်နေတာကိုး"
"သူ့ဘေးကလူက ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဖန့်ဓားဦးဆောင်သူနဲ့ တူတယ်"
အနီးအနားရှိ ကျင့်ကြံသူ အတော်များများက သူတို့နှစ်ဦးကို မှတ်မိသွားကြသည်။
ဖုန်းယာတို့ တစ်စုကတော့ ရှကျီနှင့် ဖန့်ချန် ရောက်လာသည်ကို မြင်သည်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အခြေအနေကို အသာအယာ စောင့်ကြည့်နေကြသည်။
ယုံအန်းအစောင့်တပ်ကလည်း အခုထိ ဝင်မပါသေးတာကို ကြည့်ရင် သူတို့ရဲ့ သဘောထားက ရှင်းနေပါပြီ။
"ရှသခင်လေး ကျုပ်က အိမ်တော်အတွက် စေတနာနဲ့ လုပ်ပေးနေတာပါ မင်းက အခုလို လက်ပါလိုက်တာက လက်အောက်ငယ်သားတွေကို စိတ်ပျက်အောင် လုပ်တာပဲ"
ကျန်းအိမ်တော်ထိန်းက ပါးကို အုပ်ကာ ရှကျီကို မကျေမနပ် စိုက်ကြည့်နေသည်။
"မင်းအကြောင်းကို နောက်မှ ရှင်းမယ်"
ရှကျီက ပြုံးလိုက်သော်လည်း ထိုအပြုံးက အေးစက်လှသည်။
သူက ကျန်းအိမ်တော်ထိန်းကို ဂရုမစိုက်တော့ဘဲ ဝူချန်ကျိုက်ဘက် လှည့်ကာ အေးဆေးစွာ မေးလိုက်သည်
"ခွန်လွန်ဓားဂိုဏ်းက ဓားကျင့်ကြံသူလား ဓားသမားတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ လမ်းဘေးမှာ အမျိုးသမီးတွေကို အနိုင်ကျင့်နေရတာလဲ ဒါက ဓားသမားတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်"
"အို သူက မင်းရဲ့ မိန်းမလား ဒါဆိုရင်တော့ လာတာ အတော်ပဲ ငါတို့ ဓားသမားတွေက သူမကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူး၊ သူက စကားပြောမတတ်ဘဲ ငါတို့ ခွန်လွန်ဓားဂိုဏ်းကို စော်ကားမိလို့ပါ"
ဝူချန်ကျိုက်က ရယ်မောကာ ဖန့်ချန်နှင့် ရှကျီကို တစ်လှည့်စီ ကြည့်လိုက်ပြီးမှ ရှကျီကို စိုက်ကြည့်ရင်း
"ငါက ဒီမိန်းကလေးကို မြို့တော်ထဲ လိုက်ပို့ခိုင်းရုံတင်ပါ မနက်ဖြန်ကျရင် ငါကိုယ်တိုင် အိမ်ပြန်ပို့ပေးမယ်၊ ဒါက ဘာခက်လို့လဲ ဒါကို အနိုင်ကျင့်တယ်လို့ ခေါ်သလား တခြားလူသာဆိုရင် ငါ့ဓားအောက်မှာ အသက်ပျောက်နေတာ ကြာလှပြီ"
"မင်းက ငါ့စီနီယာအစ်မကို မင်းနဲ့အတူ လိုက်ပို့ခိုင်းချင်တာလား"
ရှကျီ ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိသည်
"မင်းရဲ့ သောက်ခွက်ကို မှန်ထဲမှာ အရင်သွားကြည့်လိုက်ဦး မင်းက သူမနဲ့ တန်လို့လား"
ဝူချန်ကျိုက်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။
ဘေးပတ်ဝန်းကျင်က လူများလည်း မျက်နှာပျက်သွားကြပြီး ကိစ္စကတော့ အကြီးကြီး ဖြစ်တော့မည်ဟု တွေးလိုက်ကြသည်။
ဓားသမားတစ်ယောက်ကို အခုလိုမျိုး စော်ကားတာကို ဘယ်ဓားသမားကမှ သည်းခံနိုင်မည် မဟုတ်ပေ။
"နဂါးစားဘုရင်ရဲ့ မွေးစားသားဆိုတော့ အဆင့်အတန်းကတော့ မသေးဘူးပေါ့ နောက်ခံမှာ မသေမျိုးဘုရင် လည်း ရှိနေတာပဲ ဒါပေမဲ့ ငါတို့ ခွန်လွန်ဓားဂိုဏ်းရှေ့မှာ မသေမျိုးဘုရင်ဆိုတာ ဘာများမို့လို့လဲ"
ဝူချန်ကျိုက်က ရှကျီကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်
"နဂါးစားဘုရင်က မင်းကို တကယ်ပဲ ကာကွယ်ပေးနိုင်မယ်လို့ မင်း ထင်နေတာလား"
လူတိုင်း ထိတ်လန့်သွားကြသည်။
ခွန်လွန်ဓားဂိုဏ်းက ဒီဓားကျင့်ကြံသူတွေကတော့ တကယ့်ကို အတင့်ရဲလွန်းသည်။
တပည့်တစ်ယောက်ကတောင် နဂါးစားဘုရင်ကို ဒီလောက်အထိ မလေးမစား ပြောရဲသည်လား ဒါဟာ ကျုံးကျိုးကို လုံးဝ အရေးမလုပ်တာပဲ ဖြစ်သည်။
ရှကျီ နှုတ်ဆိတ်နေသည်ကို မြင်တော့ ဝူချန်ကျိုက်က ပြုံးလိုက်သည်
"မင်းရဲ့ စီနီယာအစ်မကို ငါနဲ့အတူ လိုက်ပို့ခိုင်းလိုက်စမ်းပါ ဒါဆိုရင်တော့ ငါ့ဒေါသက ပြေသွားမှာပါမဟုတ်ရင်တော့ အခုပဲ သူမကို ငါ သတ်ပစ်လိုက်မယ်"
သူက ခဏရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ နောက်ဆုံးတွင် ဖန့်ချန်ကို စိုက်ကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်
"မင်းကို ဘယ်သူ ကူညီရဲမလဲဆိုတာ ကြည့်ကြတာပေါ့"
"ဒါက ဖန့်ကြီးကို ပစ်မှတ်ထားနေတာပဲ"
ရှကျီ ရုတ်တရက် သဘောပေါက်သွားသည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး
"အခုနက ဖြစ်သွားတာတွေက နားလည်မှုလွဲတာပါ ကျုပ်ကိုယ်တိုင် စားပွဲပြင်ပြီး တောင်းပန်ပါ့မယ်ဘယ်လိုလဲ"
အရင်က မာန်တက်ပြီး အခုကျမှ အောက်ကျို့နေတာလား
လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာသည်။
တချို့ကလည်း ရှကျီကို လှောင်ပြုံး ပြုံးကြသည်။
ကြောက်တတ်ရင်လည်း အစကတည်းက စကားကြီးစကားကျယ်တွေ မပြောသင့်ဘူး မဟုတ်လား။
ဖုန်းယာကတော့ ရှကျီကို အထင်အမြင်သေးစွာ ကြည့်ရင်း
"ရှကျီက ဘာမှမကြောက်ဘူး ထင်နေတာ၊ အခုတော့ သေမှာကို ကြောက်နေတာပဲ"
ကျောက်ပေကလည်း ရယ်မောရင်း
"ဟန်ဆောင်နေတာပါကွာ ဒီလိုမှ ဟန်မဆောင်ရင် နဂါးစားဘုရင်ရဲ့ အရေးပေးမှုကို ဘယ်ရပါ့မလဲ"
"ရှသခင်လေး အခုကျမှ ခွန်လွန်ဓားဂိုဏ်းကို တောင်းပန်ချင်နေတာလား"
ကျန်းအိမ်တော်ထိန်းက လှောင်ပြုံး ပြုံးလိုက်သည်
"နောက်ကျသွားပြီ ထင်တယ် ကျုပ် အိမ်တော်က မင်းသားကြီးဆီ သတင်းပို့ထားပြီးပြီ၊ သူ အခု လာနေပြီ ဒီကိစ္စကို မင်းသားကြီးကပဲ ဖြေရှင်းပေးလိမ့်မယ်"
"မင်းတို့အိမ်တော်က မင်းသားကြီးကို ဒုက္ခပေးနေဖို့ မလိုပါဘူး၊ ဒီကိစ္စက သူနဲ့ မဆိုင်ဘူး"
ဖန့်ချန်က ရုတ်တရက် ရယ်မောလိုက်ပြီး ရှကျီကို ကြည့်ကာ
"သူတို့က ငါ့ကို ပစ်မှတ်ထားနေတာ ဒီကိစ္စကို ငါပဲ ရှင်းလိုက်မယ်"
"မရဘူး ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ မင်း ဘေးဖယ်နေလိုက်"
ရှကျီက မျက်နှာပျက်ပျက်ဖြင့် ပြောသည်။
ရုန့်ချိုသည်လည်း အခုမှ အခြေအနေကို ရိပ်မိသွားပုံရသည်။
သူမ မျက်နှာပျက်သွားပြီး ရှကျီကို လျှို့ဝှက် အသံလှိုင်းဖြင့် ပြောလိုက်သည်
"ဒီကိစ္စကို မမပဲ ဖြေရှင်းလိုက်ပါ့မယ် သူ့နောက်ကို လိုက်သွားရုံတင်ပဲဟာ ဘာမှမဖြစ်ပါဘူး ဖန့်သခင်လေးကို ဒုက္ခမရောက်စေချင်ဘူး ဒါက မမ ပါးစပ်သရမ်းမိလို့ ဖြစ်ရတာ..."
"မမ... သူတို့က အကွက်ချပြီး လာတာ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အကြောင်းရှာမှာပဲ ဒါက မမနဲ့ မဆိုင်ဘူး"
ရှကျီက ခေါင်းခါပြလိုက်ပြီး ဖန့်ချန်ကို အသံလှိုင်းဖြင့် သတိပေးလိုက်သည်
"ဖန့်ကြီး မင်းမှာ ဘေးဒုက္ခတွေ ရောက်နေတာလေ ဒါ့အပြင် ဒီကောင်က မင်းထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ ဝိညာဉ်သန္ဓေသားအဆင့် ဓားကျင့်ကြံသူပဲ သူတို့ရဲ့ ထောင်ချောက်ထဲကို မဝင်ပါနဲ့၊ မင်း အရင်ထွက်သွားလိုက်၊ ဒါကို ငါ ရှင်းလိုက်မယ်"
"ငါတို့ သိလာတာ ဘယ်လောက်တောင် ကြာပြီလဲ အာမခံချက်မရှိဘဲ ငါ လုပ်ပါ့မလား"
ဖန့်ချန်က ပြုံးလျက် ပြန်ပြောသည်။
ထိုစကားကို ကြားတော့ ရှကျီ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ရုန့်ချိုကို ဆွဲကာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
"ဘယ်လိုလဲ ဖန့်ဓားဦးဆောင်သူက သူ့သူငယ်ချင်းအတွက် ရှေ့ထွက်ပေးမလို့လား"
ဝူချန်ကျိုက်၏ မျက်နှာမှ အပြုံးက ပိုပြီး ကျယ်ပြန့်လာသည်
"ဒီလိုလုပ်ရအောင် မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ် တစ်ခုက မင်းသူငယ်ချင်းရဲ့ စီနီယာအစ်မကို ငါနဲ့အတူ မြို့တော်ထဲ လိုက်ပို့ခိုင်းမလား ဒါမှမဟုတ်... မင်း ဒီလမ်းလယ်ခေါင်မှာ ဓားတစ်ကွက် ကပြမလား မင်းတို့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားပညာက ဘယ်လောက်တောင် ထူးကဲလဲဆိုတာ ငါ မြင်ချင်လို့ပါ ဒါဆိုရင်တော့ ဒီနေ့ နားလည်မှုလွဲတာတွေကို အကုန် ဖြေရှင်းပြီးသား ဖြစ်သွားမယ်"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မှင်တက်သွားကြသည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူကို လမ်းလယ်ခေါင်မှာ ဓားကခိုင်းတာလား ဒါဟာ ဟင်လင်ပြင်ဓားဂိုဏ်းရဲ့ သိက္ခာကို မြေကြီးပေါ်မှာ နင်းခြေခိုင်းတာပဲ။
တကယ်လို့ ဖန့်ဓားဦးဆောင်သူကသာ အဲ့ဒီအတိုင်း လုပ်လိုက်ရင် တစ်ရက်အတွင်းမှာပဲ ဒီသတင်းက ကျုံးကျိုး၊ တိထျန်းနဲ့ မြောက်ဘက်ကြယ်စု အထိ ပြန့်သွားလိမ့်မည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်းဟာလည်း လူတကာရဲ့ လှောင်ပြောင်စရာ ဖြစ်သွားတော့မည်။
"ဒီကောင်ရဲ့ ရည်ရွယ်ချက်က မသေးဘူးပဲ သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်က ခိုင်းတာလား ဒါမှမဟုတ် သူကိုယ်တိုင် လုပ်တာလား မသိဘူး"
လူအုပ်ထဲက ပါရမီရှင်များက တိုးတိုးလေး ဆွေးနွေးနေကြသည်။
"ဗိုလ်ချုပ်... ကျုပ်တို့ ဝင်မပါသေးဘူးလား"
ဟုန်ရှန့်၏ လက်အောက်ငယ်သားက ထပ်မေးပြန်သည်။
ဟုန်ရှန့်က ပြုံးလိုက်သည်
"မလောပါနဲ့ဦး စောင့်ကြည့်လိုက်ပါဦး ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဒီလောက်အလွယ်တကူနဲ့ အရှက်ခွဲခံမှာ မဟုတ်ပါဘူး"
ပြောပြီးနောက် သူက နန်းတော်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဒီနေ့ ကင်းလှည့်ခြင်း မပြုမီက သူသည် ခွန်လွန်ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ယန်ခုန်းကို မြင်တွေ့ခဲ့ရသည်။
ထိုသူ၏ စွမ်းအားမှာ တကယ်ကို နက်ရှိုင်းလွန်းလှပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဧကရာဇ်စာရင်း ထဲမှာ ပါဝင်လာမည့်သူ ဖြစ်သည်။
"ဟာသပဲ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူကို လမ်းလယ်ခေါင်မှာ ဓားကခိုင်းရအောင် ခွန်လွန်ဓားဂိုဏ်းက ဒီလောက်တောင် ရိုင်းစိုင်းရတာလား ငါတို့ ကျုံးကျိုးကို ဧည့်သည်အဖြစ် လာတာက ဒီလိုမျိုးလား"
ဖန့်ချန် စကားမပြောရသေးခင်မှာပဲ လူတစ်ယောက်က ဓားတစ်လက်ကို ကိုင်ကာ ရောက်လာပြီး ဝူချန်ကျိုက်ကို အေးစက်စွာ ကြည့်လိုက်သည်။
"လင်ယွင်ဓားဂိုဏ်း က ဝမ်ရိ လား သူက ဘာလို့ ဝင်ပါတာလဲ..."
ဖန့်ချန်နှင့် ယှဉ်လျှင် ဝမ်ရိသည် မြို့တော်ထဲတွင် သူငယ်ချင်း အများကြီး ရှိသဖြင့် သူ ပေါ်လာသည်နှင့် လူတိုင်း မှတ်မိသွားကြသည်။