← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 74 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 74 Ch. 739-740

​​အခန်း ၇၃၉ - မင်းကို ကံကောင်းခြင်းတစ်ခု ပေးမယ်

​"ငါ အဆင်ပြေသွားပါပြီ၊ မိစ္ဆာဘေးက ပြီးသွားပြီ"

ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။

​ရှကျီမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ အလွန်အမင်း ဝမ်းသာသွားတော့သည်။

​"မင်း အခုနက ကောင်းကင်ဘုရင့်ကျန့်အိမ်တော် အကြောင်း ပြောလိုက်တယ်နော် အဲ့ဒီဘက်မှာ ဘာဖြစ်လို့လဲ"

ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

​ရှကျီက ဟားဟားတိုက် ရယ်မောလိုက်ပြီး

"ငါ သူငယ်ချင်းတချို့ဆီမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတချို့ လိုက်စုပြီး ယွိယွိနန်းတော် မှာ မူလအသီး ရှိမလားလို့ သွားကြည့်တာ တကယ်လည်း ရှိနေတယ် ဈေးနှုန်းကလည်း အတော်အသင့်ပဲ"

"ငါ ဝယ်ဖို့ ပြင်နေတုန်းမှာပဲ ကောင်းကင်ဘုရင်ကျန့်အိမ်တော်က လူတွေ ရောက်လာပြီး ဈေးအမြင့်ပေးပြီး ဖြတ်ဝယ်သွားကြတာ ကိုင်ဝူ ကတော့ အဲ့ဒီနေရာတင် အသီးကို စားပစ်လိုက်တယ်"

​သူက ဆက်ပြောသည်

"ဒါပေမဲ့ မင်းကတော့ မင်းဘာသာမင်း မိစ္ဆာဘေးကို ကျော်ဖြတ်နိုင်ခဲ့တာဆိုတော့ ပိုက်ဆံကုန်သက်သာသွားတာပေါ့"

​ဖန့်ချန်က ခပ်အေးအေးပင် ခေါင်းညိတ်လိုက်သည်။

​ရှကျီက စိတ်ဝင်တစား မေးသည်

"အခု မိစ္ဆာဘေး ပြီးသွားပြီဆိုတော့ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ စတင်နိုင်ပြီလား"

​"အခုလောလောဆယ်တော့ နယ်ပယ်ကို တည်ငြိမ်အောင် ခဏ စောင့်ရဦးမယ်"

ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။

​ရွှမ်ဖျင့် မိစ္ဆာသားရဲ အကြောင်းကိုတော့ သူ ဘယ်သူ့ကိုမှ မပြောဘဲ ဗိုက်ထဲမှာပဲ အပုပ်ခံထားရမည်။

တကယ်လို့ သူ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ အဲ့ဒီသားရဲရဲ့ သွေး လိုအပ်နေတာကိုသာ တစ်ယောက်ယောက် သိသွားရင်၊ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူကို ဒုက္ခပေးချင်တဲ့သူတွေ အများကြီး ပေါ်လာလိမ့်မည် မဟုတ်ပါလား။

​"ဒါဆိုရင်တော့ ပြဿနာမရှိဘူး မင်းရဲ့ ပါရမီနဲ့ဆိုရင် ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းဖို့ သိပ်မကြာလောက်ပါဘူး"

ရှကျီက ရယ်မောလျက် ပြောသည်။

​"သခင်လေး ကောင်းကင်ဘုရင်ကျန့်အိမ်တော်က အုပ်ချုပ်ရေးမှူးတစ်ယောက် ရောက်လာပြီး ဖန့်ဓားဦးဆောင်သူနဲ့ တွေ့ချင်တယ်လို့ ပြောနေပါတယ်"

အစောင့်တစ်ဦးက အမြန်ပြေးဝင်လာပြီး သတင်းပို့သည်။

​"ကောင်းကင်ဘုရင်ကျန့်အိမ်တော်လား သူတို့ ဘာလာလုပ်တာလဲ မတွေ့ဘူး"

ရှကျီက လက်ယမ်းကာ ငြင်းလိုက်သည်။

​အစောင့်က အခက်တွေ့ဟန်ဖြင့်

"အဲ့ဒီ အုပ်ချုပ်ရေးမှူး ပြောတာကတော့ ဖန့်ဓားဦးဆောင်သူရဲ့ မိစ္ဆာဘေးနဲ့ ပတ်သက်နေတယ်တဲ့တကယ်လို့ တွေ့ဆုံမယ်ဆိုရင် ကျန့်ထျန်းမင်းသားအိမ်တော်က ကူညီပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်"

​"ကောင်းကင်ဘုရင်ကျန့်အိမ်တော်က အဲ့ဒီလောက် စိတ်ကောင်းရှိနေတာလား သူတို့က ဘာကူညီနိုင်မှာလဲ၊ သူတို့ရဲ့ သခင်လေးတောင် မူလအသီး စားနေရတာကို"

ရှကျီက မျက်မှောင်ကြုတ်လိုက်သည်။

​"ငါ သွားတွေ့လိုက်ပါ့မယ်"

ဖန့်ချန်က ပြောလိုက်သည်။

​"ဒါဆိုလည်း သွားပေါ့ ဒါပေမဲ့ သတိတော့ထားဦ မင်း အရင်က ကောင်းကင်ဘုရင်ကျန့်အိမ်တော်က စစ်သည်တွေကို အများကြီး သတ်ခဲ့တာလေ"

ရှကျီက သတိပေးလိုက်သည်။

​ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး အစောင့်နောက်သို့ လိုက်ကာ ဧည့်ခန်းဆောင်သို့ ရောက်လာသည်။

ဝတ်ရုံစိမ်းဝတ် အဖိုးအိုတစ်ဦးမှာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်ကို တွေ့ရသည်။

ဖန့်ချန် ရောက်လာသည်ကို မြင်သော်လည်း ထိုသူက မျက်လုံးအစွန်ဖြင့်သာ တစ်ချက် ကြည့်လိုက်သည်။

​ဖန့်ချန် အနားရောက်မှ ထိုသူက အသာအယာ ပြုံးလျက် ဦးညွှတ်ပြသည်

"ကျုပ်က ပေါင်ယွမ်ချင်း ပါ ဖန့်ဓားဦးဆောင်သူကို နှုတ်ခွန်းဆက်ပါတယ်"

​ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူလား

​ဖန့်ချန်က ပြုံးလိုက်ပြီး

"စီနီယာပေါင်က ကောင်းကင်ဘုရင်ကျန့်အိမ်တော်ရဲ့ အထူးကျင့်ကြံသူ လား "

​"ဖန့်ဓားဦးဆောင်သူက အတော်လေး အမြင်စူးရှတာပဲ"

ပေါင်ယွမ်ချင်းက လှောင်သလိုလိုဖြင့် ပြောလိုက်ရင်း ဖန့်ချန်၏ မီးခိုးရောင် မျက်လုံးများဆီသို့ ခဏမျှ အကြည့်ကို ရပ်တန့်ထားလိုက်သည်။

​"စီနီယာပေါင်က ဘာကိစ္စနဲ့ လာတာလဲ"

ဖန့်ချန်က တစ်ဖက်လူ၏ လှောင်ပြောင်မှုကို မသိချင်ယောင် ဆောင်ထားလိုက်သည်။

​"မင်းကို ကံကောင်းခြင်းတစ်ခု ပေးမလို့လေ"

ပေါင်ယွမ်ချင်း၏ မျက်လုံးထဲတွင် သံသယများ ရုတ်တရက် ပေါ်လာသည်။

ဖန့်ချန်က မိစ္ဆာဘေး ကြုံနေရသည်ဟု သတင်းကြားထားသော်လည်း ယခု ကြည့်ရသည်မှာ သူ၏ အရှိန်အဝါက အလွန် တည်ငြိမ်ပြီး ပြည့်စုံနေသည်။ ဘေးဒုက္ခ ရင်ဆိုင်နေရသူနှင့် လုံးဝ မတူပေ။

​"ကံကောင်းခြင်း"

ဖန့်ချန်က ပြုံးလိုက်သည်

"ဘယ်လိုမျိုးလဲ"

​"ကျုပ်ဆီမှာ မူလအသီး တစ်လုံး ရှိတယ် အဲ့ဒါကို ဖန့်ဓားဦးဆောင်သူကို လက်ဆောင်ပေးချင်လို့ပါဟုတ်ပါတယ် ဖန့်ဓားဦးဆောင်သူရဲ့ ပါရမီနဲ့ဆိုရင် မိစ္ဆာဘေးလေးက ဘာမှမဟုတ်ပါဘူး ဒါပေမဲ့ မူလအသီးက တန်ဖိုးကြီးတယ်လေ နောင်တစ်ချိန် ဒုတိယဘေးဒုက္ခ ကြုံလာရင် စားဖို့ သိမ်းထားလို့ ရတာပေါ့"

​ပေါင်ယွမ်ချင်းက ဆက်ပြောသည်

"ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ဖန့်ဓားဦးဆောင်သူက ယွီမိစ္ဆာမ ဘယ်မှာလဲဆိုတာ ပြောပြရင် ရပါပြီ"

​"မင်းက ကိုင်ဝူ လွှတ်လိုက်တာလား"

ဖန့်ချန်က အေးဆေးစွာ မေးလိုက်သည်။

​ဖန့်ချန် ဒေါသထွက်ပုံ မပေါ်သည်ကို မြင်တော့ ပေါင်ယွမ်ချင်းက ဝမ်းသာသွားသည်။

ကိစ္စက လွယ်ကူသွားပြီဟု သူ ထင်လိုက်သည်။

​"သခင်လေးရဲ့ အဆင့်အတန်းက မြင့်မားတာ မှန်ပေမဲ့ ကျုပ်ကိုတော့ ခိုင်းလို့ မရသေးပါဘူး ကျုပ်က သခင်မ လွှတ်လိုက်လို့ လာတာပါ သခင်မက သခင်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့တာကို စိတ်မကောင်းဖြစ်နေတာလေ"

"ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခု ချို့ယွင်းသွားတာက နောင်တစ်ချိန် ကျင့်ကြံမှုအပေါ် ထိခိုက်မှာကို စိုးရိမ်နေတာပါ ဒီ စေတနာကို ဖန့်ဓားဦးဆောင်သူ နားလည်မယ်လို့ မျှော်လင့်ပါတယ်"

​"ကိုင်ဝူရဲ့ အမေပေါ့"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်

"ကိုင်ဝူက ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားပြီပဲ ယွီလေး ရဲ့ တည်နေရာက မင်းတို့နဲ့ ဘာဆိုင်လို့လဲ သူ့ကို ရှာတွေ့ရင် ကိုင်ဝူက ပြန်ကောင်းလာမှာမို့လို့လား"

​"အနည်းဆုံးတော့ သခင်မ ရင်ထဲက ဒေါသတွေ ပြေလျော့သွားမှာပေါ့ ဖန့်ဓားဦးဆောင်သူ သိထားဖို့က သခင်မက အခု မြို့တော်ကို ရောက်နေတယ် အခုတင်ပဲ အိမ်ရှေ့မင်းသမီးကြီးနဲ့ လက်ဖက်ရည်သောက်ရင်း တရားဆွေးနွေးနေတာ"

ဟု ပေါင်ယွမ်ချင်းက ပြုံးလျက် ပြောသည်။

​စကားထဲတွင် ခြိမ်းခြောက်မှု ပါနေသည်ကို ဖန့်ချန် သိလိုက်သည်။ သူက ပြုံးလိုက်ပြီး

"မင်းတို့ သခင်မက တိုင်းပြည်ရဲ့ ဧကရာဇ်နဲ့ပဲ လက်ဖက်ရည်သောက်နေပါစေ ငါနဲ့ ဘာဆိုင်လို့လဲ စီနီယာပေါင် ငါ တစ်ခါမှ မမြင်ဖူးတဲ့ အိမ်ရှေ့မင်းသမီးကြီးကို အကြောင်းပြလိုက်ရင် ငါက ကြောက်သွားမယ်လို့ ထင်နေတာလား ငါက ဘယ်လို မျိုးရိုးကလဲဆိုတာ မင်း မေ့သွားပြီလား "

​ပေါင်ယွမ်ချင်း၏ မျက်နှာက ချက်ချင်း ပျက်သွားပြီး လေသံမှာလည်း မာကျောသွားတော့သည်

"မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီရှိပြီး အဆင့်အတန်း မြင့်တာကို ငါသိပါတယ် ဒါပေမဲ့ ငါက ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လာပြောတာဟာ သခင်မက မင်းကို တန်ဖိုးထားလို့ပဲ သူက မင်းရဲ့ အဆင့်အတန်းကို လေးစားသလို မင်းကလည်း ကတော့်ကို လေးစားဖို့ မျှော်လင့်တယ်"

​"မူလအသီးကို ယူသွားလိုက်ပါ ယွီမိစ္ဆာမ ရဲ့ တည်နေရာကိုပဲ ပေး နောက်ပိုင်း ဖြစ်လာမယ့် ကိစ္စတွေက မင်းနဲ့ မဆိုင်တော့ဘူး အရင်က မိစ္ဆာမ ကြောင့် ဖြစ်ခဲ့တဲ့ အထင်လွဲမှုတွေကိုလည်း သခင်မက လျစ်လျူရှုပေးပါလိမ့်မယ်"

​"မင်းတို့ သခင်မက ကျန့်ဘုရင်ရဲ့ မယားငယ် လောက်ပဲ ရှိမှာ မဟုတ်လား ဇနီးကြီးကတော့ ကိုင်ဟုန် ရဲ့ အမေ ဖြစ်ရမှာပေါ့"

ဖန့်ချန်က အံ့သြဟန်ဖြင့် ပြောလိုက်သည်

"ကောင်းကင်ဘုရင်ကျန့်အိမ်တော်ကတောင် ဒီကိစ္စကို လက်လျှော့ထားပြီပဲ မင်းတို့ သခင်မ က ယွီလေးကို ဒုက္ခဆက်ပေးချင်နေသေးတာလား သူက တကယ်ပဲ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းကို မျက်စိထဲ မထည့်တာလား"

​ပေါင်ယွမ်ချင်း မျက်နှာ မည်းမှောင်သွားသည်

"ဖန့်ဓားဦးဆောင်သူ စကားကို နည်းနည်း ယဉ်ယဉ်ကျေးကျေး ပြောပါ မယားငယ် ဆိုတာ ဘာလဲသခင်မ က သခင်မပဲ၊ ဘုရင်ရဲ့ တရားဝင် ဇနီးတစ်ယောက်ပဲ မင်းရဲ့ ဒီစကားတွေ အပြင်ရောက်သွားရင် မင်းကို အပြစ်ပေးဖို့ လုံလောက်တယ်"

​"ပေးလေ... သေချာပေါက် အပြစ်ပေး ဘယ်တော့လဲ ငါ ကြိုတင်ပြင်ဆင်ထားချင်လို့"

ဖန့်ချန်က ခေါင်းညိတ်လျက် ပြောလိုက်သည်။

​ဖန့်ချန်က မိစ္ဆာမ ၏ တည်နေရာကို မပြောတော့သည်ကို ပေါင်ယွမ်ချင်း သိလိုက်သည်။

သူက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်

"မင်းတို့ရဲ့ ဓားနတ်ဘုရားအို က ဒဏ်ရာအပြင်းအထန် ရထားတယ် မဟုတ်လား ဟင်လင်ပြင်ထာဝရဓားဂိုဏ်းမှာ ဒီတစ်ပါးတည်းသော မသေမျိုးဘုရင် ရှိတာလေ တကယ်လို့ သူသာ ကွယ်လွန်တော်မူသွားရင် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ အခြေအနေက ဘယ်လို ဖြစ်သွားမလဲ မသိဘူးနော်"

​"အော်. ဒါကြောင့် မင်းတို့ သခင်မက ယွီလေးကို ပြန်ပြီး ဒုက္ခပေးဖို့ ကြံတာပေါ့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက အရင်လို မဟုတ်တော့ဘူးလို့ ထင်နေတာလား"

ဖန့်ချန်က ပြုံးလိုက်သည်။

​"ဒီနေ့ ပြောတဲ့ စကားတွေကို မင်း နားထဲ ထည့်ထားဖို့ မျှော်လင့်ပါတယ် တကယ်လို့ မင်း စိတ်ပြောင်းသွားရင် နေမဝင်ခင်အထိ အိမ်ရှေ့မင်းသမီးကြီးရဲ့ စံအိမ်တော်ကို လာခဲ့ပါ ငါနဲ့ သခင်မ အဲ့ဒီမှာ ရှိနေမယ်"

ပေါင်ယွမ်ချင်းက ဖန့်ချန်ကို စိုက်ကြည့်ပြီးနောက် ဝတ်ရုံလက်ကို ဝေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။

​ရှကျီ၏ စံအိမ်တော်မှ ထွက်လာချိန်တွင် ပေါင်ယွမ်ချင်း၏ မျက်နှာမှာ ပို၍ မည်းမှောင်လာသည်။

ဖန့်ချန်က မိစ္ဆာဘေးကို ကျော်ဖြတ်ပြီးသား ဖြစ်နေသည်ကို သူ သတိပြုမိလိုက်သည်။

​"ရက်ပိုင်းအတွင်းမှာတင် သူက မိစ္ဆာဘေးကို ကျော်ဖြတ်နိုင်ခဲ့တယ် ဒီလောက် ပါရမီရှင်မို့လို့လည်း ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖြစ်နေတာပေါ့ သူ့ကိုသာ နှစ်ပေါင်း ရာချီ အချိန်ပေးလိုက်ရင် ဘာတွေ ဖြစ်လာမလဲ မသိဘူး"

သူသည် ခြေလှမ်းကို သွက်သွက်လှမ်းကာ နန်းတော်နှင့် လမ်းမတစ်ခုတည်းတွင် ရှိသော အိမ်ရှေ့မင်းသမီးကြီး၏ စံအိမ်တော်ဆီသို့ ဦးတည်သွားတော့သည်။

​စံအိမ်တော်အတွင်းရှိ လှပသော ဥယျာဉ်ထဲသို့ ရောက်သောအခါ မိန်းမပျိုများနှင့် အမျိုးသမီးများ၏ ရယ်မောသံများကို ကြားရသည်။

​ထိုနေရာတွင် ဂုဏ်သရေရှိ အမျိုးသမီးပေါင်း ဆယ်ဂဏန်းခန့် စုဝေးနေကြသည်။

ပေါင်ယွမ်ချင်းက အမျိုးသမီးတစ်ဦး၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

​ထိုအမျိုးသမီးမှာ စကားကို ကြားပြီးနောက် မျက်နှာ ချက်ချင်း တည်သွားသည်။

ထိုသူတို့ကြားတွင် အလယ်၌ ထိုင်နေသော တော်ဝင်အမျိုးသမီးက တစ်ခုခုကို ရိပ်မိဟန်ဖြင့် ပြုံးလျက် မေးလိုက်သည်

"ညီမလေး ယွီ ဘာဖြစ်လို့လဲ"

​ထိုအမျိုးသမီးက စကားပြောလိုက်သည်နှင့် ဘေးပတ်ပတ်လည်ရှိ သူများမှာ ပေါင်ယွမ်ချင်းနှင့် ထိုအမျိုးသမီးထံသို့ အကြည့်များ ရောက်သွားကြသည်။

​မလှမ်းမကမ်းရှိ အမှောင်ရိပ်တစ်ခုထဲမှ မျက်လုံးတစ်စုံကလည်း ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။

​​အခန်း ၇၄၀ - အိမ်ရှေ့မင်းသမီး ဖျင်ရှန်း

​ဖန့်ချန်သည် ထိုနေရာသို့ ဝိညာဉ် ဖြင့် လာခဲ့ခြင်းမဟုတ်ပေ။

အိမ်ရှေ့မင်းသမီး စံအိမ်တော်တွင် မသေမျိုးတစ်ပါးပါး ကင်းစောင့်နေပြီး သူ၏ဝိညာဉ်ကို မြင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူသည် ရိပ်ခြေဗုဒ္ဓ ကို အသုံးပြုခဲ့သည်။

​ထိုကျင့်စဥ်မှာ ကောင်းကင်ဘုံက ကန့်ကွက်ထားသော အတတ်ဖြစ်ပြီး ယင်နတ်သားရဲ ယဲ့ ၏ ဆက်ခံမှုအတတ်တစ်ခု ဖြစ်သည်။

ဖန့်ချန် လေ့လာထားသော တာအိုကျင့်စဥ်များအရ ၎င်းမှာ ထူးခြားလှသော ကိုယ်ဖျောက်အတတ် တစ်ခုပင် ဖြစ်သည်။

သူကိုယ်တိုင်က သတ်ဖြတ်လိုစိတ်ကို ထုတ်မပြသရွေ့ မည်မျှပင် အဆင့်မြင့်သော ကျင့်ကြံသူဖြစ်ပါစေ ကိုကျင့်စဥ်ကို ထိုးဖောက်မြင်နိုင်ရန် အလွန်ခဲယဉ်းလှသည်။

​သူသည် ပေါင်ယွမ်ချင်းနောက်သို့ တစ်လျှောက်လုံး တိတ်တဆိတ် လိုက်ပါလာခဲ့သော်လည်း ပေါင်ယွမ်ချင်းကမူ စိုးစဉ်းမျှ ရိပ်မိခြင်း မရှိပေ။

ပေါင်ယွမ်ချင်း၏ဘေးတွင် ရှိနေသော ညီမလေးယွီ ဆိုသူမှာ ထင်ထားသည့်အတိုင်းပင် ကိုင်ဝူ၏မိခင်ဖြစ်သူ၊ ကောင်းကင်ဘုရင်ကျန့်၏ မယားငယ် ယွီချင်းမေပင် ဖြစ်သည်။

​ဖန့်ချန်သည် ယခင်က ထိုအမျိုးသမီး၏ နောက်ခံကို စုံစမ်းဖူးသည်။

ယွီမိသားစုမှာ အဆင့် ၂ ရှိ လီရှောင်းနိုင်ငံမှ ကျင့်ကြံသူမျိုးရိုးဖြစ်ပြီး၊ ၎င်းတို့မျိုးနွယ်တွင် မသေမျိုးအဆင့်ရှိ ဘိုးဘေးတစ်ဦး ရှိသည်။

လီရှောင်းနိုင်ငံမှာ အဆင့် ၂ နိုင်ငံ ဖြစ်သော်လည်း မသေမျိုးရှိသဖြင့် အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ယွီမိသားစုမှာ ထိုနိုင်ငံ၏ တော်ဝင်မျိုးနွယ်ဖြစ်ပြီး အစဉ်အဆက် အရှိန်အဝါကြီးမားသူများ ဖြစ်ကြသည်။

ကောင်းကင်ဘုရင်ကျန့်က တိုင်းပြည်ကို လှည့်လည်စစ်ဆေးစဉ် ယွီချင်းမေကို မြင်ပြီး တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်ခဲ့ကြသည်ဟု ဆိုသည်။

​"အိမ်ရှေ့မင်းသမီး ဖျင်ရှန်း ကျွန်မသားလေးရဲ့ ကိစ္စကတော့ မပြောတော့ပါဘူး တခြားသူတွေရဲ့ စိတ်ပျက်စရာ မဖြစ်စေချင်လို့ပါ"

ဟု ယွီချင်းမေက အားတင်း၍ ပြုံးလျက် ပြောလိုက်သည်။

​သူမကို မေးခွန်းထုတ်လိုက်သော အမျိုးသမီးမှာ ကျုံးကျိုးနယ်မြေ၏ နံပါတ်တစ် အိမ်ရှေ့မင်းသမီး ဖျင်ရှန်း ပင် ဖြစ်သည်။

သူမ၏ အလှတရားမှာ စူးရှထင်ရှားပြီး စကားပြောဆိုပုံမှာလည်း ဂုဏ်သရေရှိလှသည်။

​မင်းသမီးကြီး ဖျင်ရှန်းက ပြုံးလိုက်ပြီး

"ညီမလေးယွီ မင်းက ကိုင်ဝူ့ကိစ္စနဲ့ စိတ်ဆင်းရဲနေရတာ ကြာပြီပဲ ဒါပေမဲ့ အခု ကိုင်ဝူ့ကျန်းမာရေး ပြန်ကောင်းလာပြီလို့ ကြားတယ်လေ ဘာတွေများ စိတ်ပူနေသေးတာလဲ တစ်ခုခုရှိရင် ပြောပြပါဦး အားလုံး ဝိုင်းစဉ်းစားပေးကြတာပေါ့"

​"ဟုတ်တာပေါ့ ညီမလေး ပြောပြပါ ဒီနေ့ မင်းသမီးကြီး ရှိနေတာပဲ တစ်ခုခု မတရားခံရရင် မင်းသမီးကြီးက ဖြေရှင်းပေးမှာပါ"

ဟု အခြား အမျိုးသမီးများကလည်း ဝိုင်းပြောကြသည်။

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။

တကယ်လို့ ယွီချင်းမေက မင်းသမီးကြီးကို အကူအညီတောင်းလိုက်လျှင် ကိစ္စက ပိုရှုပ်ထွေးသွားနိုင်သည်။

မင်းသမီးကြီး ဖျင်ရှန်းကိုယ်တိုင်ကလည်း ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး မသေမျိုးများကိုပင် ခိုင်းစေနိုင်သူ မဟုတ်ပါလား။

​ယွီချင်းမေက ကျေးဇူးတင်ဟန်ဖြင့် ကြည့်ကာ

"ကျွန်မ အခုတင်ပဲ အိမ်တော်ထိန်းကို လွှတ်ပြီး ဖန့်ချန်ဆီကနေ ယွီမိစ္ဆာမ ရဲ့ တည်နေရာကို မေးခိုင်းတာပါ ဒါပေမဲ့ အဲ့ဒီကောင်က တည့်တည့်ကြီး ငြင်းလွှတ်လိုက်တယ် ဒါကြောင့် ကျွန်မ ဒေါသထွက်မိတာပါ"

​သူမက ဆက်ပြောသည်

"ယွီမိစ္ဆာမက မိစ္ဆာသန္ဓေသား ကို ကျင့်ကြံထားတာလေ သူက မိစ္ဆာဖြစ်ဖို့ပဲ ရှိတာ နောင်ကျရင် သူက ကျင့်ကြံသူတွေကို သတ်ဖြတ်မှာပဲ ကျွန်မသားလေးတောင် သူ့ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ရတယ် ယောက်ျားတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတောင်..."

​ယွီချင်းမေ၏ အသံမှာ တုန်ရီလာပြီး ငိုချင်သလို ဖြစ်လာသည်

"ကျွန်မကတော့ ဒီမိစ္ဆာမကို ရှာပြီး ကျွန်မသားအတွက် ကလဲ့စားချေချင်သလို ကျုံးကျိုးနယ်မြေအတွက်လည်း မိစ္ဆာတစ်ကောင်ကို နှိမ်နင်းပေးချင်တာပါ"

​အမျိုးသမီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့သည် ဖန့်ချန်က မည်သူဖြစ်သည်ကို သိကြသည်။

ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ ဓားဦးဆောင်သူ ဖြစ်ရုံတင်မကဘဲ မနေ့ကလည်း ခွန်လွန်ဓားဂိုဏ်းမှ ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သူဖြစ်သည်။

၎င်းအပြင် တောရိုင်းကျောင်းတော မှ စီနီယာကျိ ၏ တပည့်လည်း ဖြစ်နေပြန်ရာ၊ သူ၏ အရှိန်အဝါမှာ သူတို့ထက်ပင် သာလွန်နေသေးသည်။

မင်းသမီးကြီး ဖျင်ရှန်း တစ်ဦးတည်းသာလျှင် သူ့ကို မကြောက်ဘဲ နေနိုင်လိမ့်မည်။

​"ညီမလေးယွီ အဲ့ဒီကိစ္စက ကောင်းကင်ဘုရင်ကျန့်အိမ်တော်နဲ့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းကြားမှာ ပြေလည်သွားပြီ မဟုတ်လား ဒါက သွေးဝိညာဉ်ဂိုဏ်း ရဲ့ ကြိုးကိုင်မှုကြောင့် ဖြစ်ရတာလေ"

"ဘုရင်ကျန့်နဲ့ ဓားနတ်ဘုရားအိုတို့က ဒီလောက် အသေးအဖွဲကိစ္စနဲ့ အချင်းချင်း မတိုက်ခိုက်ကြပါဘူး"

ဟု မင်းသမီးကြီးက ချင့်ချိန်စွာ ပြောသည်။

​ယွီချင်းမေ မျက်နှာပျက်သွားသော်လည်း

"ကျွန်မ ခဏတာ ဒေါသဖြစ်သွားတာပါ အခု ပြန်စဉ်းစားကြည့်တော့လည်း ဒီကိစ္စကို လက်လွှတ်လိုက်လို့ ရပါတယ်"

ဟု အသာအယာ ပြန်ပြောလိုက်သည်။

​မင်းသမီးကြီး ဖျင်ရှန်းက ပြုံးလိုက်ပြီး

"အဲ့လို တွေးနိုင်ရင် အကောင်းဆုံးပဲ ဓားဦးဆောင်သူ ဖန့်ချန်က အရှိန်အဝါ မသေးဘူး သူ့ကို ရန်သူမလုပ်တာ အကောင်းဆုံးပဲ တကယ်လို့ တစ်ခုခု အထင်လွဲနေတာရှိရင်လည်း မြန်မြန် ဖြေရှင်းလိုက်တာ ကောင်းတယ်"

​ယွီချင်းမေသည် မငြင်းရဲဘဲ ခေါင်းငြိမ့်ပြလိုက်ရသော်လည်း ရင်ထဲတွင်မူ မကျေနပ်မှုများ ပြည့်နေသည်။

ထို့နောက် အမျိုးသမီးများသည် ဖန့်ချန်၏ ရုပ်ရည်နှင့် သူ၏ မျက်စိကွယ်နေမှုများအကြောင်း၊ မည်သည့်အမျိုးသမီးက သူနှင့် လက်ထပ်ခွင့်ရမလဲ ဆိုသည်များကို စိတ်ဝင်တစား ပြောဆိုနေကြသဖြင့် ယွီချင်းမေမှာ ပို၍ စိတ်မသက်မသာ ဖြစ်လာကာ ဦးစွာ ထွက်ခွာခဲ့တော့သည်။

​ဖန့်ချန်သည် အရိပ်ထဲမှနေ၍ ယွီချင်းမေနောက်သို့ လိုက်လာခဲ့ရာ တိတ်ဆိတ်သော အခန်းတစ်ခုသို့ ရောက်လာသည်။

​"ဝုန်း"

​ယွီချင်းမေသည် စားပွဲကို ရိုက်ခွဲပစ်လိုက်ရာ ကျောက်စိမ်းစားပွဲမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။

သူမ ထုတ်ဖော်လိုက်သော အရှိန်အဝါမှာ ပေါင်းစပ်ခြင်းအဆင့် အထိ ရှိနေပြီး ကိုင်ဟုန် နှင့်ပင် ရင်ဘောင်တန်းနိုင်သည်။

​"သခင်မ စိတ်မဆိုးပါနဲ့ ကျုပ် လူလွှတ်ပြီး ရှာခိုင်းထားပါတယ် သတင်းရတာနဲ့ အဲ့ဒီမိစ္ဆာမကို ဖမ်းခဲ့ပါ့မယ်"

ဟု ပေါင်ယွမ်ချင်းက နှစ်သိမ့်သည်။

​"ဖန့်ချန်ကိုလည်း ငါ အလိုရှိတယ် အဲ့ဒီနေ့က သူသာ ဝင်မပါရင် ယွီမိစ္ဆာမက သေနေတာ ကြာပြီ မင်း သူ့ကို သတ်နိုင်မလား"

ယွီချင်းမေက အေးစက်စွာ မေးသည်။

​ပေါင်ယွမ်ချင်းက ခါးသီးစွာ ပြုံးလျက်

"သခင်မ ဖန့်ချန်ကို သတ်ဖို့က မခက်ပေမဲ့ သူက မြို့တော်မှာ သေသွားရင် ကျုပ်တို့အတွက် ပြဿနာကြီးလိမ့်မယ် အိမ်တော်ကိုလည်း ထိခိုက်နိုင်တယ်ယုံအန်းစောင့်တပ် ဆိုတာကလည်း လွယ်တာမဟုတ်ဘူး"

​"မြို့တော်မှာ မလုပ်နဲ့ မင်းသမီးကြီးကတော့ ငါ့ကို ကူညီမှာ မဟုတ်ဘူး ဟွန့်... အိမ်ရှေ့မင်းသမီး ဆိုတဲ့သူကလည်း ဖန့်ချန်ကို ကြောက်နေရတာ ရှက်ဖို့ကောင်းလိုက်တာ"

ယွီချင်းမေက ဆက်ပြောသည်

"မင်း ချန်းရှင်းတာအိုဂိုဏ်း က ရွှီတာအိုဆရာ ဆီ သွားပါ သူက လူသတ်တာ လက်စဖျောက်နိုင်တယ် ဖန့်ချန်က တာအိုသုံးထောင်ဂိုဏ်းနဲ့ ပတ်သက်နေတာဆိုတော့ သူတို့ရဲ့ ရန်သူပဲလေ"

"တကယ်လို့ သူက ဖန့်ချန်ကို ရှင်းပေးနိုင်ရင် ငါတို့က သူ့ကို ချန်းရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်အောင် ထောက်ပံ့ပေးမယ်လို့ ပြောလိုက်"

​"ဟုတ်ကဲ့ပါ သခင်မ"

​"ကိုင်ဝူရော သူ့အစ်ကိုတွေနဲ့အတူ ခရီးစတင်ပြီလား"

​"ဟုတ်ကဲ့ မကြာခင် အိမ်တော်ကို ပြန်ရောက်တော့မှာပါ"

​"ကောင်းပြီ ကိုင်ဝူ အိမ်တော်ရောက်ရင် ဝိညာဉ်သန္ဓေသားကို စတင်ဖွဲ့စည်းမယ် ပြီးရင်တော့ အဲ့ဒီ နတ်ဘုရားအကြွင်းအကျန် နယ်မြေ ကို သွားမယ် သူသာ အဲ့ဒီက ရတနာကို ရလိုက်ရင် နောင်တစ်ချိန် အိမ်တော်ကို ဆက်ခံမယ့်သူဟာ ကိုင်ဟုန် ဖြစ်ချင်မှ ဖြစ်တော့မှာ"

ယွီချင်းမေက ပြုံးလျက် ပြောကာ ပေါင်ယွမ်ချင်းကို ထွက်သွားစေသည်။

​ကိုင်ဝူက အိမ်တော်ကို ပြန်သွားပြီလား

ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။

ကျန့်ဘုရင်အိမ်တော်ထဲသို့ ခိုးဝင်ပြီး ကိုင်ဝူကို သတ်ရန်မှာ မလွယ်ကူပေ။

သို့သော် သူ သိချင်သော သတင်းများကို ရပြီဖြစ်သဖြင့် ထွက်ခွာရန် ပြင်လိုက်စဉ် ယွီချင်းမေက ထူးဆန်းသော မှန်ချပ်တစ်ခုကို ထုတ်ယူလိုက်သည်ကို တွေ့ရသည်။

​"အစ်ကို နင် ဖန့်ချန်ကို တွေ့ပြီးပြီလား"

​

All Chapters