အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အခန်း (၂၈၆) - ဓာတ်ကြီးငါးပါး၏ အစွမ်းအစနှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်းအစ (အပိုင်း - ၅)
~အရှင်သခင် လေ့ထင်းသည် အလယ်အလတ်စား ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်ပြီးနောက် ခပ်ပြုံးပြုံးဖြင့် မေးမြန်းလိုက်လေ၏။
"ကဲ... တာအိုမိတ်ဆွေလေး... လိုချင်တာများ ရှိသေးလား... လဲလှယ်ချင်တာရော ရှိသေးလား"
စုယွီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ် အတွင်းမှ ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခုနှင့် အဆင့်မြင့် မှော်လက်နက် (၅) ခုကို ထုတ်ယူလိုက်သည်။ သူသည် ဝိညာဉ်ကျောက်တုံးများကို အလိုမရှိဘဲ ရှားပါးသော ဝိညာဉ်ဆေးပင်များ၊ သတ္တုရိုင်းများနှင့် အဆောင်လက်နက် ကုန်ကြမ်းပစ္စည်းများကိုသာ လဲလှယ်လိုကြောင်း ပြောကြားလိုက်၏။
သူ ထုတ်ပြလိုက်သော ထိပ်တန်းအဆင့် မှော်လက်နက်မှာ မြေဓာတ်စွမ်းအား ကိန်းအောင်းနေသည့် တောင်ပုံသဏ္ဍာန် တံဆိပ်တုံးလက်နက် တစ်ခု ဖြစ်ပေသည်။
ထို ထိပ်တန်းအဆင့် မှော်လက်နက်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှီချန်ချင်း၏ ရင်ခွင်ထဲ၌ မှီတွယ်နေသော ဟွမ်ရှင်းယီ၏ မျက်လုံးများသည် လောဘရိပ်တို့ဖြင့် အရောင်တောက်လာတော့သည်။ သူမသည် ရွှီချန်ချင်း၏ နားနားသို့ ကပ်ကာ တီးတိုး ဆိုလိုက်လေ၏။
"မောင်... ညီမ အဲဒီ လက်နက်ကို လိုချင်တယ်"
သူမသည် မြေဝိညာဉ်အမြစ် ပိုင်ရှင် ဖြစ်သည့်အားလျော်စွာ မိမိနှင့် ကိုက်ညီသော ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခုကို သည်းသည်းမည်းမည်း ခြေရာခံ ရှာဖွေနေခဲ့သည် မဟုတ်ပါလော။
သူမ လေ့ထင်း ဈေးကွက်သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာလည်း ဤအရာပင် ဖြစ်ချေသည်။
မထင်မှတ်ထားသောအရာကား...
သူမ ပစ်မှတ်ထားနေသည့် သားကောင်လေးက သူမ လိုချင်နေသော ထိပ်တန်းအဆင့် မှော်လက်နက်ကို ထုတ်ဖော် ရောင်းချလာခြင်းပင်။
ဟွမ်ရှင်းယီသည် ရွှီချန်ချင်းအား ဈေးညှိနှိုင်းရန် စေခိုင်းလိုက်ပြီးနောက် စုယွီကို လှမ်းကြည့်ကာ စနစ်တကျ အကွက်ချ တွေးတောနေမိ၏။
'ကြည့်ရတာ ဒီကောင်လေးဆီမှာ အခွင့်အရေးတွေ အများကြီး ရှိပုံရတယ်... အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်ကိုလည်း ထုတ်နိုင်တယ်... ထိပ်တန်းအဆင့် မှော်လက်နက်ကိုလည်း ရောင်းနိုင်တယ် ဆိုတော့... မဆိုးဘူးပဲ'
ထိုသို့ တွေးတောလိုက်မိသည်နှင့် ဟွမ်ရှင်းယီ၏ မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းစားသော အပြုံးတစ်ခု ပေါ်လာလေ၏။ သူမသည် စုယွီအား ညှို့ဓာတ်ပြင်းပြင်းဖြင့် ကြည့်လိုက်ပြီး မျက်စိတစ်ဖက်ကို ဖြတ်ခနဲ မှိတ်ပြလိုက်သေးသည်။
တကယ့်ကို နှစ်ထောင်းအားရစရာ ကောင်းလှပေသည်။ ဒီကောင်လေးကိုသာ ဖမ်းမိလိုက်လျှင် သူပိုင်ဆိုင်ထားသမျှ အခွင့်အရေး အားလုံးသည် သူမ၏ လက်ထဲသို့ ရောက်ရှိလာတော့မည် မဟုတ်ပါလော။
ရွှီချန်ချင်းက ဟောင်ထျန်းဆေးလုံး (သို့မဟုတ်) ရွှေရောင် မူလဆေးလုံးအတွက် အသုံးပြုနိုင်သည့် ဆေးဖက်ဝင် ပစ္စည်း (၅) မျိုးကို ကမ်းလှမ်းလိုက်သောအခါ စုယွီသည် သဘောတူလိုက်ပြီး ထို မှော်လက်နက်ကို လဲလှယ်ပေးလိုက်၏။
နောက်ပိုင်း ကုန်သွယ်ပွဲ ဆက်လက် ပြုလုပ်နေစဉ် အတွင်း၌လည်း စုယွီသည် ရံဖန်ရံခါ ဝင်ရောက်၍ ပစ္စည်းအမျိုးမျိုးကို လဲလှယ်ယူနေခဲ့လေ၏။
သူသည် မိမိတစ်ဦးတည်းသာ ထင်ပေါ်နေမည်ကို စိုးရိမ်သဖြင့် ယွီခယ်အာနှင့် ယွီချန်ချင်းတို့ကိုပါ ဝင်ရောက် လဲလှယ်စေလိုက်၏။
သို့သော် စုယွီတို့ သုံးဦးသည် မကြာခဏဆိုသလို ပစ္စည်းကောင်းများနှင့် လဲလှယ်နေကြသည်ကို ကြည့်ပြီး ဘေးနားရှိ လော့ချန်ကုန်း၊ တာအိုဆရာမ ချင်းချွမ်နှင့် တာအိုဆရာ ရှုယွီတို့ခမျာ အံ့သြမှင်သက် နေကြရရှာ၏။
ညနေစောင်းသောအခါ ကုန်သွယ်ပွဲ ပြီးဆုံးသွားလေ၏။
စုယွီသည် များစွာ ကျေနပ်အားရနေမိသည်။ ဤပွဲမှနေ၍ သူ လိုအပ်နေသော ပစ္စည်းအများအပြားကို ရရှိလိုက်သောကြောင့်ပင်။ တာအို ခန္ဓာ ရုပ်သေးအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အတော်များများကို ဝယ်ယူ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်၏။
ရုပ်သေး၏ ဝိညာဉ်စွမ်းအား ပြည့်ဝလာသည်နှင့် တစ်ပြိုင်နက် တာ့ယွဲ့ နယ်မြေရှိ လကျဆုံး မဟာမိတ် လျှို့ဝှက် ဂူကောင်းကင်သို့ သွားရောက်နိုင်တော့မည် ဖြစ်၏။
ဟောင်ထျန်းဆေးလုံး အတွက် ဆိုလျှင်လည်း ပစ္စည်း အတော်များများ စုံလင်နေလေသတည်း။ တာ့ယွဲ့ မှောင်ခိုဈေးကွက်ရှိ ယွီမိသားစု ဂူထဲမှ 'ရွှီထျန်း ကြာပန်း' ကို သွားရောက် ယူဆောင်လိုက်လျှင် နောက်ထပ် ဖြည့်စွက်ပစ္စည်း (၂) မျိုးသာ လိုတော့မည် ဖြစ်၏။
ရွှေရောင် မူလဆေးလုံး အတွက်မူ ဖြည့်စွက်ပစ္စည်း (၆) မျိုးလောက်သာ လိုအပ်တော့သည်။
တတိယအဆင့် အဆောင်လက်နက် ကုန်ကြမ်းများ ဆိုလျှင်လည်း အများအပြား ရရှိလိုက်သေး၏။ အစုံ (၁၀၀) ခန့် ဖန်တီးနိုင်မည့် ပမာဏ ဖြစ်ရာ နည်းပါးလှသည် မဟုတ်ချေ။
ပွဲပြီးဆုံးသွားသောအခါ လူများ အသီးသီး လူစုခွဲ ထွက်ခွာသွားကြလေပြီ။
စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့သည် လော့ချန်ကုန်းတို့ အဖွဲ့နှင့်အတူ လမ်းလျှောက် ထွက်လာကြ၏။
စုယွီက မေးလိုက်၏။
"တာအိုမိတ်ဆွေ ရှုယွီ... 'လေစွမ်းအင် ကျောက်တုံး' သတ္တုကြောကို ဘယ်မိသားစု ပိုင်ဆိုင်ထားလဲ ဆိုတာများ သိမလားဗျ"
တာအိုဆရာ ရှုယွီက ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်တုံး ကျမယ်"
သတင်းတန်ဖိုးမှာ ဈေးမကြီးလှပေ။
စုယွီ ငွေရှင်းပြီးသောအခါ ရှုယွီက အသံလှိုင်းဖြင့် လှမ်း၍ ပြောပြလိုက်လေ၏။
"သတင်း အတိအကျ အရဆိုရင်တော့... တံခါးပိတ် ကျင့်ကြံတဲ့ မိသားစု ဖြစ်တဲ့ 'ထျဲမိသားစု' က လေစွမ်းအင် ကျောက်တုံး သတ္တုကြော တစ်ခုကို ထိန်းချုပ်ထားတယ်ဗျ... ဒါပေမဲ့ ထျဲမိသားစုက အဲဒီ ကျောက်တွေကို ဘယ်တော့မှ ထုတ်မရောင်းဘူး"
ထျဲမိသားစု တဲ့လား...။
စုယွီ၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိ၏။ မကြာသေးခင်ကမှ ထိုမိသားစုနှင့် ပြဿနာ ဖြစ်ထားခဲ့သည် မဟုတ်ပါလော။ သူတို့ထံမှ လေစွမ်းအင် ကျောက်တုံး ရရှိရန်မှာ မလွယ်ကူတော့ချေ။ အခြားနည်းလမ်း ရှာဖွေမှသာ ရတော့မည် ဖြစ်၏။
"ထျဲမိသားစု အကြောင်း အသေးစိတ် အချက်အလက်ရော ရှိလားဗျ"
"ရှိတာပေါ့... အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၁၀၀) ပေး"
စုယွီ တွန့်ဆုတ်မနေဘဲ ချက်ချင်း ထုတ်ပေးလိုက်၏။
"တံခါးပိတ် မိသားစု ဖြစ်တဲ့ ထျဲမိသားစုက သမိုင်းကြောင်း ရှည်လျားတယ်ဗျ... ကောင်းကင် အပျက်အစီး ခန်းမဆောင်ရဲ့ မှတ်တမ်းတွေ အရဆိုရင် သူတို့ ပုန်းအောင်းနေတာ နှစ်ပေါင်း (၂၀၀၀) လောက် ရှိနေပြီ... မြောက်ဘက် ရွှေချိုတောင်တန်းရဲ့ လျှို့ဝှက်နယ်မြေ တစ်ခုထဲမှာ တည်ရှိပြီး မိသားစုဝင် (၅) သောင်းလောက် ရှိတယ်... အဲဒီအထဲက (၁၀) ရာခိုင်နှုန်းလောက်က ကျင့်ကြံသူတွေပဲ... တော်တော် အင်အားကြီးတဲ့ အဖွဲ့အစည်းပဲဗျ"
"အခြေခံတည်ဆောက်ခြင်း အဆင့် (၅၀၀) ကျော်နဲ့ အမြုတေဖွဲ့စည်းခြင်း အဆင့် (၄) ယောက် ရှိတယ်... သူတို့ရဲ့ မိသားစု ဘိုးဘေးကြီးက အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် အစွမ်းထက် အရှင်သခင် တစ်ပါးပဲ"
"လက်ရှိ အင်အားစုတွေထဲမှာ တာ့ယွဲ့ နန်းတော်က လွဲရင် ဘယ်သူမှ သူတို့ကို မယှဉ်နိုင်ဘူး"
ရှုယွီက ပါးရည်နပ်ရည်ရှိစွာဖြင့် အသေးစိတ် ရှင်းပြပြီးနောက် နောက်ဆုံးတွင် သတိပေးစကား တစ်ခွန်း ထပ်လောင်း ပြောကြားလိုက်သေး၏။
"တာအိုမိတ်ဆွေစု... တံခါးပိတ် မိသားစုတွေနဲ့ ပြဿနာ မဖြစ်တာ အကောင်းဆုံးပဲ... အထူးသဖြင့် ရန်ငြိုး မဖွဲ့မိစေနဲ့... မဟုတ်ရင် သူတို့က သူတို့ရဲ့ တည်နေရာ ပေါက်ကြားမှာ စိုးရိမ်ပြီး ခြိမ်းခြောက်မှု မှန်သမျှကို အကုန်အကျခံ ရှင်းပစ်တတ်တယ်... ဒါမှမဟုတ်ရင်လည်း ပြဿနာကို ဖြေရှင်းနိုင်တဲ့ အချိန်အထိ ပုန်းနေပြီးမှ... ပြန်ထွက်လာပြီး အမြစ်ဖြတ် လက်စားချေ တတ်တယ်"
"ဘယ် တံခါးပိတ် မိသားစုမှ လွယ်လွယ်ကူကူ ကလိလို့ မရဘူးဗျ"
ထိုစကားကို ကြားသောအခါ စုယွီ ကြောင်အသွားမိ၏။ ဤ သဘောတရားသည် အလွန် ရင်းနှီးနေသယောင် ရှိသည် မဟုတ်ပါလော။
နိုင်လျှင် တိုက်မည်...။
မနိုင်လျှင် ပုန်းနေမည်... ပြီးလျှင် ရန်သူများ အိုမင်းသွားသည်အထိ၊ သေခါနီးသည်အထိ၊ သေသွားသည်အထိ နှစ်ပေါင်းများစွာ စောင့်နေမည်... ပြီးမှ ပြန်ထွက်လာပြီး ကလဲ့စားချေမည် ပေါ့လေ...။
ဒါသည် တံခါးပိတ် မိသားစုများ၏ ယုတ္တိဗေဒပေလော။
အမှန်တကယ်လည်း ဤကဲ့သို့သော မိသားစုများကို ရန်စမိလျှင် မလွယ်ကူလှချေ။
ဘာပဲဖြစ်ဖြစ်... သူကိုယ်တိုင်ကလည်း ဒီလို လူစားမျိုး ဖြစ်နေတာပဲလေ။
ကံကောင်းသည်မှာ...
သူနှင့် ထျဲမိသားစု ကြားမှ ပဋိပက္ခသည် ထိုအဆင့်ထိ မရောက်သေးခြင်းပင် ဖြစ်၏။
ထျဲမိသားစု၏ အင်အားကို သိရှိလိုက်ရသောအခါ စုယွီ စိတ်အေးသွားရ၏။
လေ့ထင်း တောင်ပေါ်မှ ဆင်းသက်လာပြီးနောက်... စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့သည် တာအိုဆရာ ရှုယွီတို့ အဖွဲ့အား နှုတ်ဆက်လိုက်ကြ၏။
ယွီခယ်အာ၏ ရင်ခွင်ထဲမှနေ၍ တိမ်တိုက်ကျားသည် ခုန်ထွက်လာပြီး... ချက်ချင်းပင် ဧရာမ ကျားပျံကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ ဒုတိယအဆင့် ထိပ်တန်း အထွတ်အထိပ် သားရဲကြီး၏ ပြင်းထန်သော အရှိန်အဝါက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး... ကျင့်ကြံသူ အများအပြား၏ အာရုံကို ဖမ်းစားသွားလေ၏။
"သွားကြစို့"
စုယွီနှင့် အဖွဲ့သည် တိမ်တိုက်ကျား၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။ တိမ်တိုက်ကျားသည် အတောင်ပံများကို ခတ်လိုက်သည်နှင့် တစ်ပြိုင်နက်... တိမ်တိုက်များကြားထဲသို့ တစ်ဟုန်ထိုး တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
အောက်ဘက်၌ ကျန်ရစ်ခဲ့သော ကျင့်ကြံသူ အချို့၏ မျက်လုံးများ အရောင်တောက်သွားကြ၏။ စုယွီတို့ အုပ်စုသည် ကုန်သွယ်ပွဲ၌ ပစ္စည်း အများအပြား လဲလှယ်ခဲ့ခြင်းကြောင့် လောဘသားကောင် လူအများ၏ အာရုံစိုက်မှုကို ခံနေရခြင်း ဖြစ်၏။
သို့သော် အများစုမှာမူ ခေတ္တမျှ စဉ်းစားပြီးနောက်... သူတို့၏ လောဘစိတ်ကို အတင်းအကြပ် ဖိနှိပ် ချုပ်ထိန်းလိုက်ကြလေတော့သည်။
အခန်း (၂၈၇) - ဓာတ်ကြီးငါးပါး၏ အစွမ်းပြသခြင်းနှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်း (အပိုင်း - ၆)
~စုယွီနှင့် ယွီခယ်အာတို့သည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ ထို့အပြင် ထူးခြားသော အရှိန်အဝါ ရှိသည့် ဒုတိယအဆင့် ထိပ်တန်း အထွတ်အထိပ် သားရဲတစ်ကောင်လည်း ပါဝင်နေသေး၏။
ထို လူစုကို ဖမ်းဆီးရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
သို့သော် တချို့သော လူများမှာမူ ရင်ထဲ၌ မကောင်းသော ကြံစည်မှုများ ရှိနေကြ၏။ စုယွီတို့အဖွဲ့ ထွက်ခွာသွားပြီး မကြာမီမှာပင်... ထိုလူများသည်လည်း အသီးသီး လှုပ်ရှားကာ နောက်မှနေ၍ သည်းသည်းမည်းမည်း ခြေရာခံ လိုက်ပါသွားကြတော့သည်။
ကောင်းကင်ယံ အထက်တွင်...
တိမ်တိုက်ကျားသည် အမြန်နှုန်း အမြင့်ဆုံးဖြင့် ယွင်ကျန်းဂိုဏ်း နယ်မြေဆီသို့ ဦးတည် ပျံသန်းနေ၏။ သို့သော် လေ့ထင်း ဈေးကွက်နှင့် မိုင် (၃၀) ပင် မဝေးသေးသော နေရာ၌... နောက်မှ လိုက်ပါလာသော အရှိန်အဝါများကို ခံစားလိုက်ရ၏။ ထိုလူများသည် 'နတ်ဘုရား အမြန်နှုန်း အဆောင်' များကိုပင် အသုံးပြု၍ အစွမ်းကုန် လိုက်လံလာကြခြင်း ဖြစ်၏။ တိမ်တိုက်ကျား၏ အမြန်နှုန်းကို ကျော်တက်ကာ စုယွီတို့ကို ပိတ်ဆို့ရန် ကြိုးစားနေကြခြင်း ဖြစ်ပေသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင်... အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အရှိန်အဝါ (၅) ခုသည် စုယွီတို့ သုံးယောက်၏ ရှေ့တည့်တည့်၌ ပေါ်ထွက်လာပြီး လမ်းပိတ်လိုက်ကြ၏။
"ဝုန်း"
စကားတစ်ခွန်းမျှ မဆိုကြချေ။ တိမ်တိုက်ကျားကို မီသည်နှင့် တစ်ပြိုင်နက် ချက်ချင်း တိုက်ခိုက်ကြတော့သည်။
အရပ်မျက်နှာ အသီးသီးမှနေ၍ မှော်လက်နက်များသည် တဝုန်းဝုန်း ပျံသန်းလာပြီး... ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များဖြင့် ဝင်ရောက် တိုက်ခိုက်ကြလေ၏။
"ဟေ့ကောင်တွေ... မင်းတို့ သေချင်နေကြပြီလား"
တိမ်တိုက်ကျား၏ ကျောပေါ်မှနေ၍ စုယွီနှင့် တိမ်တိုက်ကျား၏ ပြိုင်တူ လွှတ်ခနဲ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီ၊ ယွီခယ်အာ၊ တိမ်တိုက်ကျားတို့နှင့် ထို ကိုးဆင့်မြောက် ကျင့်ကြံသူ (၅) ဦးတို့ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ပွားလေတော့သည်။
ကောင်းကင်ယံ၌ သိုင်းကွက်များ၊ မန္တန်များသည် ဓားရောင်တစ်ချက်ဝင်းလက် သကဲ့သို့ ဖြတ်သန်း ပျံသန်းနေကြသည်။ မီးနဂါးများ၊ လေဓားများ၊ ကျောက်တုံးလှောင်အိမ်များ... စသည်ဖြင့် သိုင်းကွက်ပေါင်းစုံ ပေါ်ထွက်လာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေလေ၏။
မျက်စိကျိမတတ် တောက်ပသော အလင်းရောင်များ ကြားတွင်... တိမ်တိုက်ကျားသည် အကြမ်းတမ်းဆုံး တိုက်ခိုက်နေ၏။ တစ်ကောင်တည်းနှင့် ရန်သူ (၃) ယောက်ကို ရင်ဆိုင်နေရပြီး... တစ်ဖက်မှလည်း ယွီချန်ချင်းကို ထိခိုက်မှု မရှိစေရန် ကာကွယ်ပေးထားရသေးသည်။
စုယွီနှင့် ယွီခယ်အာတို့၏ တိုက်ရည်ခိုက်ရည်မှာမူ... အတော်လေး ညံ့ဖျင်းနေပုံ ရ၏။ အမြဲတမ်း အန္တရာယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပြီး... မနည်း တောင့်ခံနေရသော ပုံစံဖြင့် ကိုယ်ကိုယိမ်းနွဲ့ကာ ရှောင်တိမ်းနေကြရသည်။
တိုက်ပွဲသည် ကောင်းကင်ပေါ်မှနေ၍ မြေပြင်ပေါ်သို့ ရောက်ရှိသွား၏။
အဝေးတစ်နေရာတွင်...
ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ အမီ ရောက်ရှိလာကြပြီ ဖြစ်၏။ သူတို့သည် ရှေ့မှ တိုက်ပွဲကို လှမ်းမျှော်ကြည့်လိုက်ကြသည်။ အထူးသဖြင့် စုယွီနှင့် ယွီခယ်အာတို့ ဖိနှိပ်ခံနေရသည်ကို မြင်သောအခါ... ရွှီချန်ချင်းသည် မထီမဲ့မြင် ပြုံးလိုက်ပြီး မသိမသာ ရေရွတ်လိုက်လေ၏။
"အလကားကောင်တွေ... ဒီလောက် စွမ်းရည်လေးနဲ့များ အပြင်ထွက်လာရဲသေးတယ်... သေချင်နေတာပဲ"
ထို့နောက် ဟွမ်ရှင်းယီဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်၏။ "ခဏစောင့်... ကိုယ် အခုပဲ ပြန်လာခဲ့မယ်"
ဟွမ်ရှင်းယီက ခေါင်းညိတ်ပြလိုက်၏။ သို့သော် ရွှီချန်ချင်း၏ ပုံရိပ်က စုယွီတို့ဆီသို့ ဒရောသောပါး ပြေးလွှား သွားသည်ကို ကြည့်ရင်း... သူမ မျက်မှောင်ကြုတ်သွားမိ၏။ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသကဲ့သို့ပင်။
ရုတ်တရက် သူမ တစ်ခုခုကို သတိရသွား၏။
"နေပါဦး... စုမိသားစုမှာ ဒုတိယအဆင့် အဆောင်လက်နက်တွေ အများကြီး ရှိတယ်ဆိုတဲ့ ကောလာဟလ ကြားဖူးသလိုပဲ"
"ဒါဆို ဘာလို့ အဆောင်တွေ ထုတ်မသုံးကြတာလဲ"
ဟွမ်ရှင်းယီ၏ မျက်လုံးများထဲတွင် အနီရောင် သမ်းနေပြီး... သူမ၏ တွေးခေါ်နိုင်စွမ်းသည် အနည်းငယ် နှေးကွေးနေသယောင် ရှိ၏။
ထို နှစ်ကိုယ်တူ ကျင့်စဉ်ကို စတင် ကျင့်ကြံကတည်းက... သူမ၏ စရိုက်နှင့် အတွေးအခေါ်များသည် များစွာ ပြောင်းလဲသွားခဲ့၏။ ယခုအခါ သူမသည် အချစ်စိတ် မွှန်သော ကိစ္စများကိုသာ မကြာခဏ တွေးတောနေမိတတ်သည်။
ယခုကဲ့သို့ အချိန်မျိုးတွင်ပင်... စုမိသားစု၌ အဆောင်များ ရှိသည် ဆိုသော ကောလာဟလကို သတိရမိသော်လည်း... ဆက်လက်၍ နက်နက်နဲနဲ မတွေးတောမိတော့ချေ။
ရွှီချန်ချင်းက ထွက်ပြေးခြင်း ကျင့်စဉ်ကို အသုံးပြု၍ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ... စုယွီတို့ တိုက်ခိုက်နေသော စစ်မြေပြင်ဆီသို့ ဆင်းသက်သွားသည်ကိုသာ သူမ ငေးမောကြည့်ရှုနေမိတော့သည်။
"ဝုန်း"
ထိုနေရာ၌...
ရွှီချန်ချင်းသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲပြီး ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက်... အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါး၏ ငြင်းမရနိုင်သော ပြင်းထန်သည့် အရှိန်အဝါကြီးသည် ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့်... စုယွီတို့ကို သတ်ဖြတ်ရန် ကြိုးစားနေကြသော ဟို (၅) ယောက်ပင်လျှင် မျက်နှာ ကွက်ခနဲ ပျက်သွားကြလေ၏။
"ဟာ... အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်ကြီးပါလား"
(၅) ယောက်သား ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး မျက်နှာများ သွေးဆုတ်ဖြူဖျော့ ကုန်ကြ၏။
သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင်... ထို ပြင်းထန်သည့် ဖိအားကြီးသည် သူတို့အပေါ်သို့ ကျရောက်လာခဲ့လေသတည်း။
လေထုကြီး တစ်ခုလုံးသည် ဖိသိပ်ခြင်း ခံလိုက်ရပြီး နွေဦးမိုးခြိမ်းသံကဲ့သို့သော အသံနက်ကြီးများ ပေါက်ကွဲထွက်ပေါ်လာ၏။ လေထုကို အကြိမ်ကြိမ် ချေမွပစ်လိုက်သကဲ့သို့ ဖြစ်ပေါ်နေပြီး... နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခတ်စေသော လေ မြည်ဟိန်းသံကြီးများနှင့်အတူ ပြင်းထန်သည့် မုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာလေတော့သည်။
အောက်ဘက်ရှိ မြေကြီးသည်လည်း... ရုတ်တရက် ရောက်ရှိလာသော အရှင်သခင်၏ ဖိအားအောက်တွင် သိမ့်သိမ့်ခါ တုန်လှုပ်နေလေ၏။
မြေသားများသည် ဖိအားကြောင့် ပေပေါင်းများစွာ နစ်ဝင်သွားပြီး တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာလေတော့သည်။
နောက်တစ်ခဏတွင်...
ဝိညာဉ်နွယ်ပင်များသည် လေထုထဲ၌ ရုတ်တရက် ပေါ်ပေါက်လာပြီး... ပြင်းထန်သည့် မြွေကြီးများအလား စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်း၊ တိမ်တိုက်ကျားနှင့် ဟို (၅) ယောက်လုံးကိုပါ ရစ်ပတ်ချည်နှောင် ပစ်လိုက်လေတော့သည်။
မည်သူမျှ မခုခံနိုင်မီမှာပင် အားလုံး အထုပ်အပိုးများကဲ့သို့ အချည်နှောင် ခံလိုက်ရပြီ ဖြစ်၏။
"ဝီ..."
ရွှီချန်ချင်း မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။ ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် အောင်နိုင်သူ၏ မဲ့ပြုံး တစ်ခု ပေါ်လာလေ၏။ သူသည် လူအုပ်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရင်း မာန်ပါပါ ပြောလိုက်၏။
"ဟေ့ကောင်တွေ... ဒီကောင်က ငါ့သားကောင်ကွ။ မင်းတို့ကောင်တွေ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်... ငါ့လို အရှင်သခင်ရဲ့ ပစ္စည်းကိုတောင် လာလုရဲတယ် ပေါ့လေ"
ရွှီချန်ချင်းထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ... နွယ်ပင်များကြားထဲ ရောက်ရှိနေသော ဟို (၅) ယောက်ခမျာ ကြောက်လွန်း၍ တုန်ရီနေကြရှာပြီ။ သူတို့သည် ငိုယို တောင်းပန် ကြတော့၏။
"အရှင်သခင် ရွှီ... အသက်ချမ်းသာပေးပါဗျာ"
"အရှင်သခင် ရွှီ... ကျုပ်က ဓားမြို့တော် ချင်မိသားစုက အိမ်တော်ထိန်းပါဗျ... ကျုပ်တို့ မိသားစုနဲ့ ဆေးပညာရှင် လီမိသားစုက ဆက်ဆံရေး ကောင်းပါတယ်... ခင်မင်မှုကို ထောက်ပြီး လွှတ်ပေးပါဗျာ"
"အရှင်သခင်... ကျုပ်တို့က အရှင်သခင်ကို မလေးမစား လုပ်တာ မဟုတ်ရပါဘူးဗျာ... ကျုပ်တို့က ဒီ ငတုံး ၃ ကောင်ကို သတ်ချင်ရုံပါ... အရှင်သခင် နားလည်ပေးပါဗျာ"
(၅) ယောက်သား အော်ဟစ် ငိုယိုပြီး အသည်းအသန် တောင်းပန်နေကြရှာသည်။
ရွှီချန်ချင်းက နှာခေါင်းရှုံ့လိုက်ပြီး ရင်ကော့ ခေါင်းမော့ကာ ရှေ့ဆက်တိုးလာ၏။
သူက စုယွီကို စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင်... စုယွီ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာလေ၏။
"အရှင်သခင် ရွှီ ဟုတ်လား..."
စုယွီက လှောင်ပြောင်သကဲ့သို့ မေးလိုက်ရင်း... သူ၏ ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း နိုးထလာသော အရှိန်အဝါ တစ်ခု စတင် စုစည်းလာပြီး ပေါက်ကွဲထွက်လာလေတော့သည်။
"ဘုန်း"
ကောင်းကင်နှင့် မြေကြီး တုန်ခါသွား၏။ စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်းနှင့် တိမ်တိုက်ကျားတို့ကို ချည်နှောင်ထားသော နွယ်ပင်များ အားလုံးသည် တစ်စစီ ကြေမွပျက်စီးသွားလေ၏။ လောကကို ကိုင်လှုပ်နိုင်သော ပြင်းထန်သည့် အရှိန်အဝါ တစ်ခု စုယွီ့ထံမှ လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာ၏။ ရွှီချန်ချင်း၏ အမြုတေဖွဲ့စည်းခြင်း စွမ်းအားဖြင့် ထိန်းချုပ်ထားသော ကောင်းကင်ကြီးသည် ချက်ချင်း ပြောင်းလဲသွားလေတော့သည်။
ရွှီချန်ချင်း၏ 'ဝိညာဉ်ဖိအား' သည် တစ်လက်မချင်း ပြိုကျပျက်စီးသွားပြီး... သူ့ကို ပြန်လည် ဖိနှိပ်ထားသည့်၊ ရင်ထဲမှ အော့အန်ချင်လာလောက်အောင် ပြင်းထန်သော ဖိအားတစ်ခုက အစားထိုး ဝင်ရောက်လာလေ၏။
"ဒုန်း"
ရွှီချန်ချင်း၏ ခြေဖဝါးအောက်ရှိ မြေကြီးများသည် ချက်ချင်း ပြိုကျသွား၏။
အင်မော်တယ် တောင်ကြီး တစ်လုံးဖြင့် ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရ၏။ ရွှီချန်ချင်း၏ မျက်နှာသည် သွေးဆုတ်ဖြူဖျော့သွားပြီး... ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာကာ ခေါင်းခွံများပင် ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။
"ဒီ... ဒီ အရှိန်အဝါက... မဟုတ်ဘူး... မဖြစ်နိုင်ဘူး"
ရွှီချန်ချင်းသည် သူ၏ သိုင်းကွက်ကို ဖြိုခွင်းပြီး လွတ်မြောက်လာသော စုယွီကို အံ့သြတကြီး ကြည့်နေမိ၏။ သူ မယုံနိုင်ချေ။
ဒါက အိမ်မက်လား...။
"ပျက်စီးစမ်း... မင်းတို့အကုန်လုံး ငါ့လက်ချက်နဲ့ သေကြစမ်း"
ရွှီချန်ချင်း၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။ သူ၏ အရှိန်အဝါများ ဖောင်းပွလာပြီး... သူ၏ ဝိညာဉ်အာရုံသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားလေတော့၏။
အခန်း (၂၈၇) - ဓာတ်ကြီးငါးပါး၏ အစွမ်းပြသခြင်းနှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်း (အပိုင်း - ၆)
စုယွီနှင့် ယွီခယ်အာတို့သည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ ထို့အပြင် ထူးခြားသော အရှိန်အဝါ ရှိသည့် ဒုတိယအဆင့် ထိပ်တန်း အထွတ်အထိပ် သားရဲတစ်ကောင်လည်း ပါဝင်နေသေး၏။
ထို လူစုကို ဖမ်းဆီးရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
သို့သော် တချို့သော လူများမှာမူ ရင်ထဲ၌ မကောင်းသော ကြံစည်မှုများ၊ လောဘစိတ်များဖြင့် ပြည့်နှက်နေကြ၏။ စုယွီတို့အဖွဲ့ ထွက်ခွာသွားပြီး မကြာမီမှာပင်... ထိုလူများသည်လည်း အသီးသီး လှုပ်ရှားကာ နောက်မှနေ၍ သည်းသည်းမည်းမည်း ခြေရာခံ လိုက်ပါသွားကြတော့သည်။
ကောင်းကင်ယံ အထက်တွင်...
တိမ်တိုက်ကျားသည် အမြန်နှုန်း အမြင့်ဆုံးဖြင့် ယွင်ကျန်းဂိုဏ်း နယ်မြေဆီသို့ ဦးတည် ပျံသန်းနေ၏။ သို့သော် လေ့ထင်း ဈေးကွက်နှင့် မိုင် (၃၀) ပင် မဝေးသေးသော နေရာ၌... နောက်မှ လိုက်ပါလာသော အရှိန်အဝါများကို ခံစားလိုက်ရ၏။ ထိုလူများသည် 'နတ်ဘုရား အမြန်နှုန်း အဆောင်' များကိုပင် အသုံးပြု၍ အစွမ်းကုန် လိုက်လံလာကြခြင်း ဖြစ်၏။ တိမ်တိုက်ကျား၏ အမြန်နှုန်းကို ကျော်တက်ကာ စုယွီတို့ကို ပိတ်ဆို့ရန် ကြိုးစားနေကြခြင်း ဖြစ်ပေသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင်... အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အရှိန်အဝါ (၅) ခုသည် စုယွီတို့ သုံးယောက်၏ ရှေ့တည့်တည့်၌ ပေါ်ထွက်လာပြီး လမ်းပိတ်လိုက်ကြ၏။
"ဝုန်း"
စကားတစ်ခွန်းမျှ မဆိုကြချေ။ တိမ်တိုက်ကျားကို မီသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ကြတော့သည်။
အရပ်မျက်နှာ အသီးသီးမှနေ၍ မှော်လက်နက်များသည် တဝုန်းဝုန်း ပျံသန်းလာပြီး... ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များဖြင့် ဝင်ရောက် တိုက်ခိုက်ကြလေ၏။
"ဟေ့ကောင်တွေ... မင်းတို့ သေချင်နေကြပြီလား"
တိမ်တိုက်ကျား၏ ကျောပေါ်မှနေ၍ စုယွီနှင့် တိမ်တိုက်ကျား၏ ပြိုင်တူ လွှတ်ခနဲ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီ၊ ယွီခယ်အာ၊ တိမ်တိုက်ကျားတို့နှင့် ထို ကိုးဆင့်မြောက် ကျင့်ကြံသူ (၅) ဦးတို့ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ပွားလေတော့သည်။
ကောင်းကင်ယံ၌ သိုင်းကွက်များ၊ မန္တန်များသည် ဓားရောင်တစ်ချက်ဝင်းလက် သကဲ့သို့ ဖြတ်သန်း ပျံသန်းနေကြသည်။ မီးနဂါးများ၊ လေဓားများ၊ ကျောက်တုံးလှောင်အိမ်များ... စသည်ဖြင့် သိုင်းကွက်ပေါင်းစုံ ပေါ်ထွက်လာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေလေ၏။
မျက်စိကျိမတတ် တောက်ပသော အလင်းရောင်များ ကြားတွင်... တိမ်တိုက်ကျားသည် အကြမ်းတမ်းဆုံး တိုက်ခိုက်နေ၏။ တစ်ကောင်တည်းနှင့် ရန်သူ (၃) ယောက်ကို ရင်ဆိုင်နေရပြီး... တစ်ဖက်မှလည်း ယွီချန်ချင်းကို ထိခိုက်မှု မရှိစေရန် ကာကွယ်ပေးထားရသေးသည်။
စုယွီနှင့် ယွီခယ်အာတို့၏ တိုက်ရည်ခိုက်ရည်မှာမူ... အတော်လေး ညံ့ဖျင်းနေပုံ ရ၏။ အမြဲတမ်း အန္တရာယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပြီး... မနည်း တောင့်ခံနေရသော ပုံစံဖြင့် ကိုယ်ကိုယိမ်းနွဲ့ကာ ရှောင်တိမ်းနေကြရသည်။
တိုက်ပွဲသည် ကောင်းကင်ပေါ်မှနေ၍ မြေပြင်ပေါ်သို့ ရောက်ရှိသွား၏။
အဝေးတစ်နေရာတွင်...
ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ အမီ ရောက်ရှိလာကြပြီ ဖြစ်၏။ သူတို့သည် ရှေ့မှ တိုက်ပွဲကို လှမ်းမျှော်ကြည့်လိုက်ကြသည်။ အထူးသဖြင့် စုယွီနှင့် ယွီခယ်အာတို့ ဖိနှိပ်ခံနေရသည်ကို မြင်သောအခါ... ရွှီချန်ချင်းသည် မထီမဲ့မြင် ပြုံးလိုက်ပြီး မသိမသာ ရေရွတ်လိုက်လေ၏။
"အလကားကောင်တွေ... ဒီလောက် စွမ်းရည်လေးနဲ့များ အပြင်ထွက်လာရဲသေးတယ်... သေချင်နေတာပဲ"
ထို့နောက် ဟွမ်ရှင်းယီဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်၏။
"ခဏစောင့်... ကိုယ် အခုပဲ ပြန်လာခဲ့မယ်"
ဟွမ်ရှင်းယီက ခေါင်းညိတ်ပြလိုက်၏။ သို့သော် ရွှီချန်ချင်း၏ ပုံရိပ်က စုယွီတို့ဆီသို့ ဒရောသောပါး ပြေးလွှား သွားသည်ကို ကြည့်ရင်း... သူမ မျက်မှောင်ကြုတ်သွားမိ၏။ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသကဲ့သို့ပင်။
ရုတ်တရက် သူမ တစ်ခုခုကို သတိရသွား၏။
"နေပါဦး... စုမိသားစုမှာ ဒုတိယအဆင့် အဆောင်လက်နက်တွေ အများကြီး ရှိတယ်ဆိုတဲ့ ကောလာဟလ ကြားဖူးသလိုပဲ"
"ဒါဆို ဘာလို့ အဆောင်တွေ ထုတ်မသုံးကြတာလဲ"
ဟွမ်ရှင်းယီ၏ မျက်လုံးများထဲတွင် အနီရောင် သမ်းနေပြီး... သူမ၏ တွေးခေါ်နိုင်စွမ်းသည် အနည်းငယ် နှေးကွေးနေသယောင် ရှိ၏။
ထို နှစ်ကိုယ်တူ ကျင့်စဉ်ကို စတင် ကျင့်ကြံကတည်းက... သူမ၏ စရိုက်နှင့် အတွေးအခေါ်များသည် များစွာ ပြောင်းလဲသွားခဲ့၏။ ယခုအခါ သူမသည် အချစ်စိတ် မွှန်သော ကိစ္စများကိုသာ မကြာခဏ တွေးတောနေမိတတ်သည်။
ယခုကဲ့သို့ အချိန်မျိုးတွင်ပင်... စုမိသားစု၌ အဆောင်များ ရှိသည် ဆိုသော ကောလာဟလကို သတိရမိသော်လည်း... ဆက်လက်၍ နက်နက်နဲနဲ မတွေးတောမိတော့ချေ။
ရွှီချန်ချင်းက ထွက်ပြေးခြင်း ကျင့်စဉ်ကို အသုံးပြု၍ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ... စုယွီတို့ တိုက်ခိုက်နေသော စစ်မြေပြင်ဆီသို့ ဆင်းသက်သွားသည်ကိုသာ သူမ ငေးမောကြည့်ရှုနေမိတော့သည်။
"ဝုန်း"
ထိုနေရာ၌...
ရွှီချန်ချင်းသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲပြီး ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက်... အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါး၏ ငြင်းမရနိုင်သော ပြင်းထန်သည့် အရှိန်အဝါကြီးသည် ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့်... စုယွီတို့ကို သတ်ဖြတ်ရန် ကြိုးစားနေကြသော ဟို (၅) ယောက်ပင်လျှင် မျက်နှာ ကွက်ခနဲ ပျက်သွားကြလေ၏။
"ဟာ... အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်ကြီးပါလား"
(၅) ယောက်သား ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး မျက်နှာများ သွေးဆုတ်ဖြူဖျော့ ကုန်ကြ၏။
သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင်... ထို ပြင်းထန်သည့် ဖိအားကြီးသည် သူတို့အပေါ်သို့ ကျရောက်လာခဲ့လေသတည်း။
လေထုကြီး တစ်ခုလုံးသည် ဖိသိပ်ခြင်း ခံလိုက်ရပြီး နွေဦးမိုးခြိမ်းသံကဲ့သို့သော အသံနက်ကြီးများ ပေါက်ကွဲထွက်ပေါ်လာ၏။ လေထုကို အကြိမ်ကြိမ် ချေမွပစ်လိုက်သကဲ့သို့ ဖြစ်ပေါ်နေပြီး... နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခတ်စေသော လေ မြည်ဟိန်းသံကြီးများနှင့်အတူ ပြင်းထန်သည့် မုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာလေတော့သည်။
အောက်ဘက်ရှိ မြေကြီးသည်လည်း... ရုတ်တရက် ရောက်ရှိလာသော အရှင်သခင်၏ ဖိအားအောက်တွင် သိမ့်သိမ့်ခါ တုန်လှုပ်နေလေ၏။
မြေသားများသည် ဖိအားကြောင့် ပေပေါင်းများစွာ နစ်ဝင်သွားပြီး တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာလေတော့သည်။
နောက်တစ်ခဏတွင်...
ဝိညာဉ်နွယ်ပင်များသည် လေထုထဲ၌ ရုတ်တရက် ပေါ်ပေါက်လာပြီး... ပြင်းထန်သည့် မြွေကြီးများအလား စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်း၊ တိမ်တိုက်ကျားနှင့် ဟို (၅) ယောက်လုံးကိုပါ ရစ်ပတ်ချည်နှောင် ပစ်လိုက်လေတော့သည်။
မည်သူမျှ မခုခံနိုင်မီမှာပင် အားလုံး အထုပ်အပိုးများကဲ့သို့ အချည်နှောင် ခံလိုက်ရပြီ ဖြစ်၏။
"ဝီ..."
ရွှီချန်ချင်း မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။ ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် အောင်နိုင်သူ၏ မဲ့ပြုံး တစ်ခု ပေါ်လာလေ၏။ သူသည် လူအုပ်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရင်း မာန်ပါပါ ပြောလိုက်၏။
"ဟေ့ကောင်တွေ... ဒီကောင်က ငါ့သားကောင်ကွ။ မင်းတို့ကောင်တွေ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်... ငါ့လို အရှင်သခင်ရဲ့ ပစ္စည်းကိုတောင် လာလုရဲတယ် ပေါ့လေ"
ရွှီချန်ချင်းထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ... နွယ်ပင်များကြားထဲ ရောက်ရှိနေသော ဟို (၅) ယောက်ခမျာ ကြောက်လွန်း၍ တုန်ရီနေကြရှာပြီ။ သူတို့သည် ငိုယို တောင်းပန် ကြတော့၏။
"အရှင်သခင် ရွှီ... အသက်ချမ်းသာပေးပါဗျာ"
"အရှင်သခင် ရွှီ... ကျုပ်က ဓားမြို့တော် ချင်မိသားစုက အိမ်တော်ထိန်းပါဗျ... ကျုပ်တို့ မိသားစုနဲ့ ဆေးပညာရှင် လီမိသားစုက ဆက်ဆံရေး ကောင်းပါတယ်... ခင်မင်မှုကို ထောက်ပြီး လွှတ်ပေးပါဗျာ"
"အရှင်သခင်... ကျုပ်တို့က အရှင်သခင်ကို မလေးမစား လုပ်တာ မဟုတ်ရပါဘူးဗျာ... ကျုပ်တို့က ဒီ ငတုံး ၃ ကောင်ကို သတ်ချင်ရုံပါ... အရှင်သခင် နားလည်ပေးပါဗျာ"
(၅) ယောက်သား အော်ဟစ် ငိုယိုပြီး အသည်းအသန် တောင်းပန်နေကြရှာသည်။
ရွှီချန်ချင်းက နှာခေါင်းရှုံ့လိုက်ပြီး ရင်ကော့ ခေါင်းမော့ကာ ရှေ့ဆက်တိုးလာ၏။ စုယွီကို စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင်... စုယွီ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာလေ၏။
"အရှင်သခင် ရွှီ ဟုတ်လား..."
စုယွီက လှောင်ပြောင်သကဲ့သို့ မေးလိုက်ရင်း... သူ၏ ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း နိုးထလာသော အရှိန်အဝါ တစ်ခု စတင် စုစည်းလာပြီး ပေါက်ကွဲထွက်လာလေတော့သည်။
"ဘုန်း"
ကောင်းကင်နှင့် မြေကြီး တုန်ခါသွား၏။ စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်းနှင့် တိမ်တိုက်ကျားတို့ကို ချည်နှောင်ထားသော နွယ်ပင်များ အားလုံးသည် တစ်စစီ ကြေမွပျက်စီးသွားလေ၏။ လောကကို ကိုင်လှုပ်နိုင်သော ပြင်းထန်သည့် အရှိန်အဝါ တစ်ခု စုယွီ့ထံမှ လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာ၏။ ရွှီချန်ချင်း၏ အမြုတေဖွဲ့စည်းခြင်း စွမ်းအားဖြင့် ထိန်းချုပ်ထားသော ကောင်းကင်ကြီးသည် ချက်ချင်း ပြောင်းလဲသွားလေတော့သည်။
ရွှီချန်ချင်း၏ 'ဝိညာဉ်ဖိအား' သည် တစ်လက်မချင်း ပြိုကျပျက်စီးသွားပြီး... သူ့ကို ပြန်လည် ဖိနှိပ်ထားသည့်၊ ရင်ထဲမှ အော့အန်ချင်လာလောက်အောင် ပြင်းထန်သော ဖိအားတစ်ခုက အစားထိုး ဝင်ရောက်လာလေ၏။
"ဒုန်း"
ရွှီချန်ချင်း၏ ခြေဖဝါးအောက်ရှိ မြေကြီးများသည် ချက်ချင်း ပြိုကျသွား၏။
အင်မော်တယ် တောင်ကြီး တစ်လုံးဖြင့် ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရ၏။ ရွှီချန်ချင်း၏ မျက်နှာသည် သွေးဆုတ်ဖြူဖျော့သွားပြီး... ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာကာ ခေါင်းခွံများပင် ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။
"ဒီ... ဒီ အရှိန်အဝါက... မဟုတ်ဘူး... မဖြစ်နိုင်ဘူး"
ရွှီချန်ချင်းသည် သူ၏ သိုင်းကွက်ကို ဖြိုခွင်းပြီး လွတ်မြောက်လာသော စုယွီကို အံ့သြတကြီး ကြည့်နေမိ၏။ သူ မယုံနိုင်ချေ။
ဒါက အိမ်မက်လား...။
"ပျက်စီးစမ်း... မင်းတို့အကုန်လုံး ငါ့လက်ချက်နဲ့ သေကြစမ်း"
ရွှီချန်ချင်း၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။ သူ၏ အရှိန်အဝါများ ဖောင်းပွလာပြီး... သူ၏ ဝိညာဉ်အာရုံသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားလေတော့၏။
အခန်း (၂၈၈) - ဓာတ်ကြီးငါးပါး၏ အစွမ်းပြသခြင်းနှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်း (အပိုင်း - ၇)
တစ်ပြိုင်နက်တည်းမှာပင်... သူ၏ စိတ်ကူးအတွေးတစ်ခုနှင့်တင် အရပ်မျက်နှာအသီးသီးရှိ မရေမတွက်နိုင်သော သစ်ပင်ကြီးများသည် သောင်းကျန်းစွာ ထိုးထွက်လာကြလေ၏။ ထိုသစ်ပင်ကြီးများသည် အသက်ဝင်လာသည့်အလား စုယွီအား ဝိုင်း၍ တိုက်ခိုက်ကြတော့သည်။ သစ်ကိုင်း သစ်ခက်များစွာတို့သည် ထက်ရှသော ဓားသွားများ၊ စစ်လှံရှည်များနှင့် မြားတံများအဖြစ်သို့ ကူးပြောင်းသွားကြလေသတည်း။
ဤတိုက်စစ်လှိုင်းကြီးသည် စုယွီနှင့် သူ၏ အဖော်များအား ဝါးမြိုသွားတော့မတတ်ပင်။
တစ်ချိန်တည်းမှာပင် ရွှီချန်ချင်းသည် လက်ချောင်းများကို ကျွမ်းကျင်စွာ လှုပ်ရှားလျက် မန္တန်တံဆိပ်များကို ဖော်ဆောင်လိုက်၏။ လောကအနှံ့တွင် ပြင်းထန်သည့်ကောင်းသော သိုင်းကွက်ပေါင်းစုံမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး၊ နွယ်ပင်မိစ္ဆာမြွေများနှင့် နွယ်ပင်နဂါးများအသွင် ဖန်တီးလိုက်၏။ ထိုအရာများထံမှ ထွက်ပေါ်လာသော အရှိန်အဝါများမှာ အလွန်ပင် ကျောချမ်းစရာ ကောင်းလှပါပေ၏။
"သွားစမ်း"
ရွှီချန်ချင်း၏ အမိန့်ပေးသံနှင့်အတူ ထို မိစ္ဆာသတ္တဝါကြီးများသည် စုယွီထံသို့ ဦးတည်ကာ ခုန်ပျံတိုက်ခိုက် ကြတော့သည်။
သို့သော်ငြားလည်း ထို သိုင်းကွက်တိုက်ကွက်များ ကျရောက်လာချိန်တွင် အလယ်ဗဟို၌ရှိသော စုယွီသည် 'လျှို့ဝှက်ဆန်းကြယ် ဒိုင်း' သိုင်းကွက်ကို အသုံးပြု၍ မိမိကိုယ်ကိုယ်နှင့် သူ၏ အဖော်များကို ဝိုင်း၍ ဖေးမ ကာကွယ်ထားလိုက်၏။
"ဘုန်း... ဒုန်း... ဒုန်း..."
တိုက်ခိုက်မှုများကြောင့် တုန်ခါသွားသည်ကို သူတို့ ခံစားလိုက်ရသော်လည်း၊ စုယွီ၏ သေးငယ်သော ကာကွယ်ရေးသိုင်းကွက်ကိုပင် ထိုးဖောက်ဝင်ရောက် နိုင်ခြင်း မရှိကြချေ။
"ဝုန်း"
နောက်တစ်ခဏတွင် ကြောက်စရာကောင်းသော နွယ်ပင်မိစ္ဆာမြွေများသည် 'လျှို့ဝှက်ဆန်းကြယ် ဒိုင်း' ကို တအားထိုးသွင်း ရိုက်ခတ်လိုက်ကြ၏။
ချက်ချင်းပင် ကာကွယ်ရေးဒိုင်းပေါ်တွင် အက်ကြောင်းများ ထင်သွား၏။
သို့သော် စုယွီက အတွေးတစ်ချက်ဖြင့် သူ၏ ချီ စွမ်းအင်များကို ထည့်သွင်းလိုက်ရာ၊ 'လျှို့ဝှက်ဆန်းကြယ် ဒိုင်း' မှာ မူလအတိုင်း ပြန်လည် ကောင်းမွန်သွားလေသတည်း။
ရွှီချန်ချင်း၏ သိုင်းကွက်စွမ်းအားများကို အကဲခတ်ကြည့်ရင်း စုယွီသည် တည်ကြည်လေးနက်စွာပင် ရှိနေ၏။ သူက 'ဒါမျိုးပဲပေါ့... ဒီစွမ်းအားက ဒုတိယအဆင့် မိစ္ဆာသားရဲတွေနဲ့တော့ ယှဉ်လို့မရဘူးပဲ။ မြေကမ္ဘာ မီးလျှံမျောက်ဝံသာဆိုရင် ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ် ဒိုင်းကို သိမ့်သိမ့်ခါသွားအောင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး' ဟု တိတ်တဆိတ် ဆင်ခြင်လိုက်မိ၏။
'ဒါပေမဲ့ အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့်မှာရှိတဲ့ ရွှီချန်ချင်းရဲ့ သိုင်းကွက်တွေကတော့ ငါ့ဒိုင်းရဲ့ ခံစစ်ကို နည်းနည်းတော့ လှုပ်ခါသွားစေနိုင်သားပဲ'
ဤသို့ ခံစားလိုက်ရသည်နှင့် စုယွီသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်မိ၏။
ဓာတ်ကြီးငါးပါး၏ အနှစ်သာရမှာ တကယ့်ကို ထက်မြက်လှပါပေ၏။ ဓာတ်ကြီးငါးပါး ကျင့်စဉ်သည် အမှန်တကယ်ပင် ရတနာတစ်ပါး ဖြစ်ထိုက်ပါပေသည်။
ဤကဲ့သို့သော စွမ်းအားမျိုးကို ရရှိရန်အတွက် သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့ရသလို၊ လကျဆုံး မဟာမိတ် အပျက်အစီးများဆီသို့ အသက်ဘေးကို ဂရုမစိုက်ဘဲ သွားရောက်ရှာဖွေခဲ့ရခြင်းမှာ တကယ့်ကို ပေးရကျိုးနပ်လှပါပေ၏။
ရွှီချန်ချင်း တစ်ယောက် သူ၏ ကာကွယ်ရေးဒိုင်းကို အားကြိုးမာန်တက် တိုက်ခိုက်နေသည်ကို ကြည့်ရင်း၊ စုယွီသည် မိမိနှင့် သူ၏ မဟာမိတ်များပတ်ပတ်လည်တွင် ထိုဒိုင်းကို နောက်ထပ် အထပ်ပေါင်းများစွာ ထပ်မံ ဖန်တီးလိုက်၏။
သူသည် ဤသိုင်းကွက်၏ ခံစစ်အစွမ်းမှာ ဘယ်အဆင့်အထိ ရှိသလဲဆိုတာကို သိချင်နေသည် မဟုတ်ပါလော။
ဘေးကင်းစေရန်အတွက် သူသည် ဒိုင်းအထပ်များကို ပို၍ တိုးမြှင့်လိုက်ပြန်၏။
စုယွီက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။
"အရှင်သခင် ရွှီ... ခင်ဗျား 'နှစ်ကိုယ်တူ' ကျင့်ကြံတာတွေ များသွားလို့လား မသိဘူးနော်... ကြည့်ရတာ အတော်လေး အားနည်းနေသလိုပဲ။ ဘာလို့ ခင်ဗျားရဲ့ သိုင်းကွက်တွေက ဒီလောက်တောင် ပျော့ဖတ်နေရတာလဲဗျာ။ ဒါက တကယ့်ကို နူးညံ့လွန်းလို့ ကျုပ်ရဲ့ ဒိုင်းကိုတောင် မခွဲနိုင်သေးဘူးနော်"
ပြင်ပလောကတွင်မူ...။
စုယွီ၏ 'လျှို့ဝှက်ဆန်းကြယ် ဒိုင်း' အထပ်ထပ်ကို ကြည့်ရင်း၊ မိမိ အစွမ်းကုန် ထုတ်သုံးနေပါသော်လည်း တစ်ထပ်မျှပင် မခွဲနိုင်သည်ကို မြင်လိုက်ရသောအခါ ရွှီချန်ချင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူဖျော့ကာ မျက်နှာ ကွက်ခနဲ ပျက်သွားရရှာ၏။
"ဝုန်း"
နောက်တစ်ခဏတွင် ကောင်းကင်နှင့် မြေကြီးအနှံ့တွင် မရေမတွက်နိုင်သော နွယ်ပင်များ ပေါ်ထွက်လာပြီး၊ စုယွီ၏ ပတ်ပတ်လည်တွင် သစ်သားလှောင်အိမ်ကြီးများကို အထပ်ထပ် အခိုင်အမာ ဖန်တီးလိုက်လေတော့သည်။
ထိုသိုင်းကွက်များ ဖြစ်တည်လာသည်နှင့် တစ်ပြိုင်နက် ရွှီချန်ချင်းသည် နောက်သို့ ချာခနဲ လှည့်ထွက်၍ ထွက်ပြေးလေတော့သည်။ သူသည် ထွက်ပြေးခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး၊ တတိယအဆင့် အဆင့်နိမ့် 'နတ်ဘုရား အမြန်နှုန်း အဆောင်' ကို သူ၏ ကိုယ်ပေါ်သို့ ကပ်လိုက်၏။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ အဟုန်ပြင်းစွာ ပြေးလွှားသွားတော့သည်။ သူ၏ ရင်ထဲ၌ ကြောက်ရွံ့မှုတို့က မွှေနှောက်ချောက်ခြား လာလေသတည်း။
'ပြေးမှ... ပြေးမှ ဖြစ်မယ်... ပြေးကြစမ်း'
'မိစ္ဆာကောင်... ဒါ ဘယ်လို မိစ္ဆာမျိုးလဲဟ'
'အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူလေးက ဘယ်လိုလုပ် ဒီလောက်အထိ စွမ်းအားကြီးနေရတာလဲ'
သို့သော်ငြားလည်း...။
ရွှီချန်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်သည့် အခိုက်အတန့်မှာပင်၊ သူ၏ ခြေဖဝါးအောက်ရှိ မြေကြီးသည် ကျယ်လောင်လှသော မြည်ဟိန်းသံကြီးနှင့်အတူ ပွင့်ထွက်သွားလေတော့သည်။ မြေသားများစွာမှာ တစ်စစီ အက်ကွဲသွားပြီးနောက်၊ မြေကမ္ဘာနဂါး အမြောက်အမြားမှာ ကောင်းကင်ယံသို့ ထိုးတက်လာကာ ရွှီချန်ချင်းထံသို့ ညာသံပေးကာ ဝင်တိုက်ကြတော့သည်။
"ဒုန်း"
ရွှီချန်ချင်းသည် မြေကမ္ဘာနဂါးများ၏ အဟုန်ပြင်းစွာ ပစ်လွှင့် တိုက်ခိုက်ခြင်းကို လေပေါ်မှာတင် ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျ သွားလေတော့သည်။
စုယွီ၏ အသံမှာ ဟိန်းထွက်လာ၏။
"ပျင်းစရာ ကောင်းလိုက်တာဗျာ... အရှင်သခင် ရွှီ... ခင်ဗျားက အခုထိ ထွက်ပြေးဖို့ပဲ စဉ်းစားနေတုန်းလား"
ထိုအချိန်တွင် အဝေး တစ်နေရာမှ ဟွမ်ရှင်းယီမှာမူ... ရွှီချန်ချင်းက ဟို အညတရ ငါးယောက်ကို နှိမ်နင်းပြီး စုယွီတို့ကို ဖမ်းဆီးလာမှာကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါတွင်မူ သူမလည်း အံ့အားသင့်ကာ ငိုင်သွားရလေသတည်း။
သူမ၏ ပင်ကိုစိတ်အရဆိုလျှင် ရွှီချန်ချင်းနှင့် ပူးပေါင်း၍ ရန်သူကို တိုက်ခိုက်ရန် ပြေးထွက်သွားချင်သော်လည်း...။
ရွှီချန်ချင်းက အစွမ်းကုန် ကြိုးစားနေပါသော်လည်း စုယွီအား အနည်းငယ်မျှပင် မထိခိုက်စေနိုင်သည်ကို မြင်လိုက်ရသောအခါ၊ ဟွမ်ရှင်းယီသည် ခြေလှမ်းများကို တုံ့ခနဲ ရပ်လိုက်၏။ သူမသည် ကြောက်လန့်သွားခဲ့လေသတည်း။ သူမ၏ လှပသော မျက်နှာလေးမှာလည်း ညှို့ဓာတ်များ ကင်းမဲ့သွားရ၏။ သူမ၏ မျက်လုံးများမှာ မယုံနိုင်စရာ ကောင်းလှသည့် ပုံစံဖြင့် ပြူးကျယ်သွားပြီး၊ မျက်နှာထားမှာလည်း ရှုံ့မဲ့ကာ ပုံပျက်ပန်းပျက် ဖြစ်သွားရ၏။
'သူက တကယ်ပဲ အခြေခံတည်ဆောက်ခြင်း အဆင့်မှာ ရှိနေတာ ဟုတ်ရဲ့လား...'
ထိုအတွေးသည် ဟွမ်ရှင်းယီ၏ ခေါင်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက်၊ သူမသည် နောက်သို့ ချာခနဲ လှည့်၍ ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးရန် ကြံစည်လိုက်လေတော့သည်။
သူမ နောက်သို့ လှည့်လိုက်သည်နှင့် ဟွမ်ရှင်းယီ ကျောက်ရုပ်ကြီးပမာ အေးခဲသွားရ၏။ သူမ၏ သူငယ်အိမ်များမှာလည်း ဆတ်ခနဲ ကျုံ့သွားရ၏။
အဘယ်ကြောင့်ဆိုသော် သူမ မသိလိုက်မီမှာပင် သူမ၏ နောက်ကျောဘက်၌ လူရိပ်တစ်ခုမှာ ပေါ်ပေါက်နေခဲ့သောကြောင့်ပင်။ သူမနှင့် လက်မအနည်းငယ်မျှသာ ကွာဝေးသော နေရာ၌... နက်မှောင်သော သတ္တုရောင် တလက်လက် တောက်နေသည့် တစ္ဆေတစ်ကောင်အလား ရပ်နေလေသတည်း။ ၎င်း၏ အရွယ်အစားမှာ မကြီးလှသော်လည်း၊ ၎င်း၏ မျက်လုံးများမှာ သူမအား စိမ်းစိမ်းကြည့်နေ၏။ ဓားလက်မောင်း (၈) ခုမှာမူ ကျောချမ်းစရာကောင်းသော အအေးဓာတ်များနှင့်အတူ လင်းလက် တောက်ပနေလေသတည်း။
"ဝီ..."
"ဝှီး..."
"ဖတ်..."
တာအို ခန္ဓာ ရုပ်သေးတည်း။
တောအုပ်အတွင်း၌ တာအို ခန္ဓာ ရုပ်သေးသည် ဟွမ်ရှင်းယီနှင့် မျက်တောင် တစ်ခတ်မျှသော အချိန်အတွင်း ဖြတ်ကျော်သွားလေ၏။ လေညင်းတစ်ချက်သည် ထူထပ်လှသော တောအုပ်ကြီးအတွင်းသို့ ဖြတ်သန်းသွားပြီးနောက်၊ လျှပ်စီးတန်းများအလား ဓားရောင်တစ်ချက် ဝင်းလက် သွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းကို မည်သည့်နေရာ၌မျှ မမြင်နိုင်တော့ချေ။
တာအို ခန္ဓာ ရုပ်သေးသည် ခြေလှမ်းနှစ်လှမ်းခန့် ရှေ့သို့ တိုးသွားပြီးမှ ရပ်တန့်လိုက်၏။ ဓားလက်မောင်း (၈) ခု၏ အဖျားများပေါ်တွင်မူ ပူနွေးလှသော သွေးစများ ရှိနေပြီး၊ ထိုသွေးစများသည် တဖြည်းဖြည်းနှင့် သွေးစက်ကလေး တစ်စက်အဖြစ် စုစည်းသွားတော့၏။
ဤသွေးစက်ကလေးသည် ဓားလက်မောင်း အဖျားပေါ်တွင် အသက်ရှူ အကြိမ် (၂) ကြိမ်စာခန့် ရှိနေပြီးမှ မြေကြီးပေါ်သို့ တောက်ခနဲ ကျဆင်းသွား၏။
တာအို ခန္ဓာ ရုပ်သေးသည် နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်၏။ ဟွမ်ရှင်းယီမှာမူ မူလနေရာ၌ပင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်၏။
သို့သော် တာအို ခန္ဓာ ရုပ်သေး သယ်ဆောင်လာသော လေညင်းကလေး၏ ပွတ်တိုက်မှုနှင့်အတူ၊ သွေးများ ဝေါ့ခနဲ ပန်းထွက်လာသည့် အသံမှာ ပဲ့တင်ထပ်သွားတော့၏။
နောက်တစ်စက္ကန့်တွင်မူ ဟွမ်ရှင်းယီ၏ ခန္ဓာကိုယ်သည် အသားတုံးများအဖြစ်သို့ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး မြေကြီးပေါ်သို့ ဖရိုဖရဲ လဲကျ သွားလေတော့သည်။
သူမ ဝတ်ဆင်ထားသော ပါးလွှာသည့် ဝတ်ရုံစုတ်လေးများမှာမူ လေနှင့်အတူ လွင့်ပါး ပျောက်ကွယ်သွားလေသတည်း။
ထူထပ်လှသော တောအုပ်ကြီးတစ်ခုလုံးမှာမူ သင်္ချိုင်းကုန်း တစ်ခုပမာ တိတ်ဆိတ် ငြိမ်သက်သွားပါတော့၏။