အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
Chapter 526: အခု အကုန်လုံး သိမ်းပိုက်ရမယ့်အချိန်ပဲ
ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်း။
နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်စုမှာ ရှန်မို၏ ဘေးတွင် ဝိုင်းအုံလာကြပြီး သူ့ကို အလွန်အမင်း ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူတို့သည် နတ်ဘုရားတစ်ပါး သို့မဟုတ် မသေနိုင်သော သူတစ်ဦးကို ငေးကြည့်နေရသည့်အလားပင်။
ကျန့်ပိုင်ရှန့်နှင့် အခြားသော စစ်သေနာပတိများမှာ လျင်မြန်စွာ ရှေ့သို့ ထွက်လာကြ၏။ ရှုံလင်းနှင့် ပိုင်ကျွယ်တို့ကလည်း အားရပါးရ ရယ်မောရင်း လျှောက်လာကြသည်။
ပိုင်ကျွယ်မှ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"ညီလေးရှန်… တကယ့်ကို အံ့ဩစရာပဲ… ငါ တကယ် မထင်ထားဘူး… စတုတ္ထမြောက် မဟာကောင်းကင်နတ်ဆိုးက မင်းလက်ထဲမှာတင် ဇာတ်သိမ်းသွားလိမ့်မယ်လို့"
ရှုံလင်းကလည်း အသံကျယ်ကြီးဖြင့် ဟိန်းဟောက်ကာ
"အဲဒီအန်းကျိုးက တိတ်တဆိတ် ကျိန်စာစွမ်းအားကို သုံးပြီး အရည်အချင်းရှိတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တော်တော်များများကို သတ်ခဲ့တာ… ငါမှတ်မိသေးတယ်… သူ မင်းကိုတောင် ရန်စခဲ့သေးတာပဲ… ဒီကောင်က တကယ်ကို သေသင့်တာ"
ရှန်မိုမှ အသာအယာ ပြုံးလိုက်သည်။ သူသည် ဤအခြေအနေကို အသုံးချ၍ အန်းကျိုးကို သတ်ရန် အစကတည်းက စီစဉ်ထားခြင်း ဖြစ်သည်။ အရာအားလုံးမှာ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
"စစ်သေနာပတိ ဝမ်နဲ့ စစ်သေနာပတိ ယဲ့တို့ ဘာတွေ ယူလာခဲ့လဲဆိုတာ ကြည့်ရအောင်… နတ်ဆိုးဧကရာဇ် တစ်ပါးကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်နိုင်ခဲ့တယ်ဆိုရင် သူတို့ တစ်ခုခုတော့ အကြီးအကျယ် စွမ်းဆောင်နိုင်ခဲ့လို့ ဖြစ်ရမယ်"
ရှန်မိုမှ ပြုံးလျက် ပြောလိုက်သည်။
"အမှန်ပဲ"
ရှုံလင်းနှင့် ပိုင်ကျွယ်တို့ နှစ်ဦးစလုံး ခေါင်းငြိမ့်လိုက်ကြသည်။
…
ခဏအကြာတွင် ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်း၏ အစည်းအဝေးခန်းမအတွင်း၌ တံခါးများကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ ခန်းမအတွင်း၌ ရှန်မို၊ ရှုံလင်း၊ ပိုင်ကျွယ်တို့နှင့်အတူ ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့သာ ရှိနေကြသည်။ ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့၏ တင်ပြချက်ကို နားထောင်ပြီးနောက် ရှုံလင်းနှင့် ပိုင်ကျွယ်တို့မှာ သိသိသာသာ စိတ်လှုပ်ရှားသွားကြ၏။
ပိုင်ကျွယ်မှာ ပါးစပ်မစေ့နိုင်အောင် ပြုံးရင်း
"ကောင်းတယ်… တကယ့်ကို ကောင်းတယ်… မင်းတို့ နတ်ဆိုးယဇ်ပလ္လင်ရဲ့ တည်နေရာအတိအကျကို တကယ် ရှာတွေ့ခဲ့တာပဲ!"
ရှုံလင်းမှ သူ၏ လက်ဝါးဖြင့် စားပွဲကို ရိုက်ကာ အားရပါးရ ရယ်မောလိုက်သည်။
"သွေးကန်ကိုပါ ခန်းအောင် လုပ်ခဲ့သေးတယ်လား… လှပလိုက်တာ… အခုဆိုရင် မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ် ပြန်လည်နိုးထလာဖို့က နောက်တစ်ကြိမ် ထပ်ပြီး နှောင့်နှေးသွားဦးမှာပဲ”
ရှန်မိုမှ ပြောလိုက်သည်။
"အချိန်ဆွဲနေလို့ မဖြစ်ဘူး… အဖွဲ့ပြင်ပြီး သူတို့ရဲ့ အချက်အချာနေရာကို တိုက်ရိုက် သွားတိုက်ကြရအောင်… အခု နတ်ဆိုးယဇ်ပလ္လင် တည်နေရာက ပေါ်သွားပြီဆိုတော့ နတ်ဆိုးတွေက မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို အမြန်ဆုံး ရွှေ့ဖို့ ကြိုးစားကြမှာပဲ… သူတို့ထက် အရင် ရောက်အောင်သွားပြီး နတ်ဆိုးယဇ်ပလ္လင်ကို ဖျက်ဆီးပစ်ရမယ်"
ရှုံလင်းနှင့် ပိုင်ကျွယ်တို့ ချက်ချင်းပင် ထရပ်လိုက်ကြသည်။
ရှုံလင်းမှ သူ၏ အသံဩဩကြီးဖြင့်
"ငါ အရှင်သခင် ရှစ်ထျန်းကို ဆက်သွယ်လိုက်မယ်"
ပိုင်ကျွယ်ကလည်း
"ငါ ညီအစ်ကို ထန်နဲ့ ညီအစ်ကို ပိုင်တို့ကို လှမ်းပြောလိုက်မယ်"
ညီအစ်ကို ထန်ဆိုသည်မှာ ချင်းလုံခံတပ်၏ စစ်သေနာပတိ ထန်ကျန့်လုံကို ဆိုလိုခြင်းဖြစ်ပြီး
ညီအစ်ကို ပိုင်မှာမူ ပိုင်ဟုခံတပ်၏ စစ်သေနာပတိ ပိုင်လျဲ့ကျဲကို ဆိုလိုခြင်းဖြစ်သည်။
ရှန်မိုမှ ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း ကျန်းလုံရှန့်နှင့် ကျူးရွှမ်ကျီးတို့ကို အမြန်ဆုံး ဆက်သွယ်ရန် လိုအပ်သည်။ သူတို့၏ အကြောင်းပြန်ကြားချက်ကို စောင့်နေစဉ် သူ၏ ကံကြမ္မာစနစ်ကို တစ်ချက် ကြည့်လိုက်သည်။ အရင်က သတ်မှတ်ထားသော ကံကြမ္မာနှင့် အလှည့်အပြောင်းများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအရာများ၏ နေရာတွင် ကံကြမ္မာအသစ်နှင့် လတ်တလော အခွင့်အလမ်းများ အစားထိုး ဝင်ရောက်လာ၏။
[လတ်တလော အခွင့်အလမ်း ၁ - ပိုင်လျဲ့ကျဲ၊ ကျူးရွှမ်ကျီးနှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များနှင့်အတူ နတ်ဆိုးယဇ်ပလ္လင် တည်ရှိရာနေရာကို တိုက်ရိုက် စစ်ဦးလှည့်မည်။ နတ်ဆိုးများက မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ကို ရွှေ့ပြောင်းရန် ကြိုးစားသဖြင့် နှစ်ဖက်စလုံး အကြီးအကျယ် တိုက်ပွဲဖြစ်ပွားမည်။ နတ်ဆိုးဧကရာဇ် နှစ်ပါး သေဆုံးပြီး၊ နှစ်ပါးမှာ ပြင်းထန်စွာ ဒဏ်ရာရ၍ ထွက်ပြေးရမည်။ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်ခြေထောက်ကို ဖျက်ဆီးနိုင်မည်။ ရှန်မိုသည် ရှုပ်ထွေးနေသော အခြေအနေကို အသုံးချ၍ ဘယ်ဘက်ခြေထောက်၏ အစိတ်အပိုင်း အများစုကို သိမ်းပိုက်ကာ မဟာနတ်ဆိုးဧကရာဇ်၏ သွေးကို သန့်စင်ယူလိမ့်မည်။ ထိုအခါ ရှန်မို၏ ခွန်အားမှာ အဆမတန် တိုးတက်လာပြီး ဓမ္မရုပ်ပွားတော်အဆင့်၏ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်သွားမည်။]
[လတ်တလော အခွင့်အလမ်း ၂ - တစ်လအကြာတွင် ယဲ့ယန်က အခြားသော နတ်ဆိုးယဇ်ပလ္လင် တစ်ခု၏ တည်နေရာကို သတင်းပေးလာလိမ့်မည်။ ရှန်မို၊ ထန်ကျန့်လုံ၊ ကျူးရွှမ်ကျီးနှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များသည် နတ်ဆိုးများ မသိမီမှာပင် ထပ်မံ တိုက်ခိုက်ကြလိမ့်မည်။ နတ်ဆိုးဧကရာဇ် သုံးပါးကို အောင်မြင်စွာ သတ်နိုင်ပြီး၊ တစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာရစေကာ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ညာဘက်ခြေထောက်ကို ဖျက်ဆီးနိုင်လိမ့်မည်။ ရှန်မိုသည် ညာဘက်ခြေထောက်၏ သုံးပုံနှစ်ပုံကို ရရှိကာ မဟာနတ်ဆိုးဧကရာဇ်၏ သွေးကို သန့်စင်ပြီး ဓမ္မရုပ်ပွားတော်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည်။]
[လတ်တလော အခွင့်အလမ်း ၃ - ...]
ရှန်မိုသည် ဖတ်ရင်း ဖတ်ရင်းနှင့် ကျေနပ်ပီတိ ဖြစ်သွားရသည်။
ယဲ့ယန်သည် တကယ့်ကို ကံကောင်းစေသော ကြယ်တစ်ပွင့်ပင်။ သူ့ကို နတ်ဆိုးယဇ်ပလ္လင်များ ရှာခိုင်းလိုက်တိုင်း အမြဲတမ်း အောင်မြင်မှု ရလေ့ရှိသည်။ ဒုတိယနှင့် တတိယ အခွင့်အလမ်းများမှာလည်း နတ်ဆိုးယဇ်ပလ္လင်များနှင့် ပတ်သက်နေသည်။ ယခုမူ အားလုံးကို အပြတ်ရှင်းရန် ရှေ့သို့ တိုးရမည့် အချိန်ပင် ဖြစ်တော့၏။
Chapter 527: စစ်မှန်သော သွေးဝိညာဉ် သန့်စင်သောဘုရင်ခန္ဓာ
လအနည်းငယ် ကြာပြီးနောက်။
ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်း၊ ဝန်းခြံတစ်ခုအတွင်း၌။
အခြေစိုက်စခန်းအတွင်းရှိ မြေနေရာမှာ အလွန်တရာ အဖိုးတန်လှသည်။ နတ်ဆိုးများကို ခုခံရန်အတွက် လက်မမလပ် အဆောက်အဦးများ ဆောက်လုပ်ထားရ၏။ သို့သော်လည်း ဤဝန်းခြံကိုမူ ကျယ်ကျယ်ဝန်းဝန်း ဖြစ်အောင် ဆောက်လုပ်ထားဆဲပင်။ အကာအကွယ် အမျိုးမျိုးကိုလည်း တပ်ဆင်ထားသည်။
ထို့ကြောင့် ဝန်းခြံအတွင်း မည်မျှပင် ဆူညံနေပါစေ အပြင်ဘက်သို့ အသံတစ်ချက်မျှ ထွက်ပေါ်သွားမည်မဟုတ်ပေ။
ထိုအချိန်တွင် လူရိပ်တစ်ခုသည် ဝန်းခြံ၏ အလယ်ဗဟို၌ တင်ပလ္လင်ခွေ ထိုင်နေသည်။ စွမ်းအားများမှာ လှိုင်းထနေပြီး နီမြန်းသော အလင်းတန်းများမှာ ဝဲလည်နေကြ၏။ ထိုအချိန်တွင် ထစ်ချုန်းနေသော မိုးကြိုးသံတိုးတိုးကိုပင် ကြားနေရသည်။ ဓားဝိညာဉ်တစ်ခုနှင့် ထွားကြိုင်းသော လူတစ်ယောက်၏ ပုံရိပ်ယောင်တို့မှာလည်း သူ့ကို ဝန်းရံလျက် ပတ်ချာလည်နေကြသည်။ ထိုသူတို့မှာ စွေ့ရှင်းနှင့် ဟေးယန်တို့ ဖြစ်ကြသည်။
ဟေးယန်မှ စိုးရိမ်တကြီး ပြောလိုက်သည်။
"ဆယ်ရက်ကျော်သွားပြီနော်… ငါတော့ စိတ်ပူလာပြီ… သခင်က ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိသေးတာလဲ"
စွေ့ရှင်းမှ စာသားတစ်ကြောင်း ရေးလိုက်သည်။
"ငါလည်း မသိဘူး… ဖေဖေက အရင်က ဒီလိုမဟုတ်ပါဘူး… အာဏာစက်အရှင်သခင်ရဲ့ နတ်ဆိုးချီတွေက အရမ်းများနေလို့ သန့်စင်ရတာ ခက်နေတာလည်း ဖြစ်နိုင်တယ်"
ဟေးယန်မှ အလေးအနက် ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ
"ဟုတ်တယ်… အရင်က 'ကိုယ်ခံပညာဘိုးဘေး'တောင်မှ နတ်ဆိုးချီတွေကို သန့်စင်နိုင်ဖို့ မသေချာဘူး… ဒါပေမဲ့ သခင်ကတော့ လုပ်နိုင်တယ်… ငါတော့ တကယ့် သခင်ကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ… ဒီနေရာမှာတော့ သခင်က ကိုယ်ခံပညာဘိုးဘေးထက် အများကြီး ပိုစွမ်းတယ်"
ထိုစဉ်မှာပင် ရှန်မို၏ ပတ်ပတ်လည်၌ ဝဲလည်နေသော နီမြန်းသည့် အလင်းတန်းများမှာ ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲလာတော့သည်။ မိုးကြိုးသံများမှာ အက်ကွဲသံတိုးတိုးမှသည် ကြမ်းတမ်းခက်ထန်သော လျှပ်စီးတန်းများအဖြစ်သို့ ပြောင်းလဲသွား၏။ လောကတစ်ခုလုံးကို ဖုန်မှုန့်အဖြစ် ကြေမွအောင် လုပ်တော့မည့်အလားပင်။
စွေ့ရှင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ပျံဝဲနေလေသည်။
"လာပြီ!"
ဟေးယန်ကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ရှန်မိုကို စိုက်ကြည့်နေ၏။
ဝေါကနဲ မြည်သံနှင့်အတူ!
ခန့်ညားထည်ဝါပြီး တောင်တစ်လုံးကဲ့သို့ မြင့်မားသော သွေးနီရောင် ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုပုံရိပ်မှာ ကောင်းကင်နှင့် မြေကမ္ဘာကို ထောက်ပံ့ထားသော ဘီလူးကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်အောက်တွင် မားမားမတ်မတ် ရပ်နေသည်။ ခိုင်ခံ့စွမ်းအားကြီးမားလှသော ဝရဇိန်လက်နက်ကဲ့သို့ အရာအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေ၏။
လောကရှိ မည်သည့်တိုက်ခိုက်မှုမျှ သူ၏ အရေပြားကိုပင် ဒဏ်ရာရအောင် လုပ်နိုင်စွမ်းရှိပုံမရပေ။
ထိုပုံရိပ်ကြီး ပေါ်လာသည့် အခိုက်အတန့်တွင် ဟေးယန်နှင့် စွေ့ရှင်းတို့မှာ ထိတ်လန့်သွားကာ နောက်သို့ ဟန်ချက်ပျက်၍ ဆုတ်လိုက်ရသည်။
ဟေးယန်က အော်ဟစ်လိုက်၏။
"အံ့ဩစရာပဲ… သခင်က နောက်ထပ် အစွမ်းထက်တဲ့ နည်းစနစ်အသစ်တစ်ခုကို ဖန်တီးလိုက်ပြန်ပြီလား… စွေ့ရှင်း… အဲဒါ ဘာလဲဆိုတာ မင်းသိလား"
စွေ့ရှင်းမှာ စာတစ်ကြောင်း ရေးလိုက်သည်။
"မသိဘူး… ဒါပေမဲ့ ဖေဖေ ပိုသန်မာလာသရွေ့ ငါပျော်ပါတယ်"
ဝေါကနဲ မြည်သံနှင့်အတူ!
ရှန်မိုက သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သွေးနီရောင် အလင်းတစ်ချက်မှာ သူ၏မျက်လုံးများအတွင်းမှ ဖြတ်သန်းသွားသည်။
သူ ပြုံးလိုက်၏။
မရေမတွက်နိုင်သော နေ့ရက်များနှင့် ညပေါင်းများစွာ မနားတမ်း ကျင့်ကြံပြီးနောက်၊ အဆုံးမရှိသော ကောင်းကင်ဘုံရတနာများကို အသုံးပြုပြီးနောက်တွင်... သူသည် "နတ်ဘုရားဆင်ပြောင် ငရဲနှိမ်နင်းခြင်းစွမ်းအား" ၏ သတ္တမမြောက်အလွှာကို နောက်ဆုံးတွင် အောင်မြင်စွာ တတ်မြောက်သွားခဲ့ပြီဖြစ်သည်။
ဧရာမ ဆင်ပြောင်ကြီး တစ်သန်း၏ စွမ်းအား!
ခုနက ပေါ်လာသော သွေးနီရောင် ဘီလူးကြီးမှာ သတ္တမအလွှာကို တတ်မြောက်ရာမှ ရရှိလာသော နည်းစနစ်သစ် ဖြစ်သည်။
"စစ်မှန်သော သွေးဝိညာဉ် သန့်စင်သောဘုရင်ခန္ဓာ!"
ထိုအရာမှာ ဒုတိယအလွှာဖြစ်သော "မလှုပ်မယှက် သန့်စင်သောဘုရင်ခန္ဓာ"၏ အဆင့်မြင့်ပုံစံပင် ဖြစ်သည်။
"စမ်းချောင်းဝါ နတ်ဘုရားလှံ" သည် "ဝိညာဉ်သတ် သွေးစုပ်လှံ" ၏ အဆင့်မြင့်ပုံစံ ဖြစ်သကဲ့သို့ပင်။
စစ်မှန်သော သွေးဝိညာဉ် သန့်စင်သောဘုရင်ခန္ဓာသည် သွေးအဆီအနှစ်ကို ပိုမိုနည်းပါးစွာ အသုံးပြုသော်လည်း ပိုမိုအားကောင်းသော ခုခံမှုနည်းစနစ်များကို ထုတ်ဖော်နိုင်သည်။ ပို၍အရေးကြီးသည်မှာ ဤနည်းစနစ်ကို သုံးထားချိန်တွင် သူ့အနေဖြင့် လှုပ်ရှားနိုင်သလို တိုက်ခိုက်လည်း တိုက်ခိုက်နိုင်သည်။ မလှုပ်မယှက် သန့်စင်သောဘုရင်ခန္ဓာကဲ့သို့ ရပ်နေရုံသာ မဟုတ်တော့ပေ။ ဤတိုက်ကွက်ကို အသုံးပြုချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကဲ့သို့ ဖြစ်သွားမည်ဟု ရှန်မို ခန့်မှန်းလိုက်သည်။ အထူးသဖြင့် ခုခံမှုအတွက် ကောင်းကင်အဆင့် လက်နက်တစ်ခုကဲ့သို့ပင်။ ၎င်း၏ ခုခံနိုင်စွမ်းမှာ အံ့မခန်းလှပင်။
"ငါ့ရဲ့ ကျင့်ကြံမှုကလည်း ဓမ္မရုပ်ပွားတော်အဆင့်ရဲ့ ပြည့်စုံခြင်းအဆင့်ကို အလိုအလျောက် ရောက်သွားပြီပဲ… ကောင်းတယ်… တကယ့်ကို ကောင်းတယ်"
ရှန်မို ပြုံးလိုက်မိသည်။ အရာအားလုံးမှာ သူ့ထံ အလိုအလျောက် ရောက်လာခဲ့သော အန်းကျိုးနှင့် နတ်ဆိုးယဇ်ပလ္လင်များရှိ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ အသားနှင့် သွေးများကြောင့်ပင် ဖြစ်သည်။ အားလုံးကို ကိုးဘုံငရဲ ရေခဲမီးတောက်ဖြင့် လောင်ကျွမ်းသန့်စင်ပြီးနောက် စွမ်းအား ထက်ဝက်နီးပါးကို သူ့ထံ ပေးအပ်ခဲ့သည်။ ထိုစွမ်းအားများကို သန့်စင်ရန် ရှန်မိုအတွက် ဘာအားစိုက်မှုမှ မလိုခဲ့ပေ။ ထို့ကြောင့် ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်နှင့် အလွယ်တကူ ပေါင်းစပ်သွားခဲ့လေ၏။
ထိုစွမ်းအားများကြောင့် သူသည် ဓမ္မရုပ်ပွားတော်များကို အမြန်ဆုံး အရှိန်ဖြင့် သန်မာအောင် လုပ်နိုင်ခဲ့ခြင်းပင်။ ယခုအခါ ဓမ္မရုပ်ပွားတော် ငါးခုလုံးမှာ ပို၍ သန်မာလာကြပြီဖြစ်သည်။ ၎င်းတို့၏ ပုံသဏ္ဌာန်များမှာ ထင်ရှားပြတ်သားလှ၏။ နောက်တစ်ခဏတွင် ၎င်းတို့မှာ မြို့ရိုးပေါ်မှ ခုန်ဆင်းလာပြီး လောကကြီးကို ငုံ့ကြည့်တော့မည့်အလားပင်။
Chapter 528: (၅) နှစ်ကျန်သေးတယ်
"နတ်ဆိုးယဇ်ပလ္လင်တွေက တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရတာတောင် နတ်ဆိုးတွေဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးဘူး"
"ပြီးတော့ မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ ဦးခေါင်းနဲ့ နှလုံးသားကိုလည်း အခုထိ အရိပ်အယောင်တောင် မမြင်ရသေးဘူး"
"ငါ့ရဲ့ ကံကြမ္မာစနစ်မှာ ပြောင်းလဲမှုတွေ ရှိမလားဆိုတာ စိတ်ဝင်စားစရာပဲ"
ရှန်မိုသည် မိမိ၏ ကံကြမ္မာစနစ်ကို စိတ်အာရုံဖြင့် ကြည့်လိုက်သည်။
[ကံကြမ္မာ - ဓမ္မရုပ်ပွားတော်အဆင့်၏ အထွတ်အထိပ်တွင် ပိတ်မိနေမည်။ သင်၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်၏ တိုက်စားခြင်းကို ခံရပြီးနောက် ဆက်လက် တိုးတက်နိုင်ခြင်း မရှိတော့ဘဲ နောက်ဆုံးတွင် နောင်တများစွာဖြင့် သေဆုံးရလိမ့်မည်။]
[မကြာမီ ကြုံတွေ့ရမည့် အလှည့်အပြောင်း - ယခုမှ နောက်ငါးနှစ်အကြာတွင် မသေနိုင်သော နတ်ဆိုးဧကရာဇ်မှာ ပြန်လည် နိုးထလာပြီး နတ်ဆိုးများကို ဦးဆောင်ကာ နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုကို ဖျက်ဆီးလိမ့်မည်။ မရေမတွက်နိုင်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်များ သေဆုံးကြရမည်ဖြစ်ပြီး ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များလည်း တစ်ဦးပြီးတစ်ဦး ကျဆုံးကြလိမ့်မည်။ ကျန်းလုံရှန့်သည် ရှန်မိုအတွက် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ကိုယ်စားဝင်ခံကာ ကာကွယ်ပေးလိမ့်မည်။ ရှန်မိုသည် အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားပြီး ထွက်ပြေးနေစဉ်အတွင်း ယဲ့ယန်နှင့် ဆုံတွေ့ကာ သူ့ကို အတင်းအကျပ်ခေါ်ဆောင်၍ ဟင်းလင်းပြင် ဝဲဂယက်
အတွင်းသို့ အတူတကွ ဝင်ရောက်သွားလိမ့်မည်။ ဟင်းလင်းပြင်၏ တိုက်စားမှုကို ခံစားရပြီးနောက် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ကာ မဟာကမ္ဘာသို့ ရောက်ရှိသွားလိမ့်မည်။]
ရှန်မို စဉ်းစားခန်း ဝင်သွားသည်။
ငါးနှစ်။
ဒါက နောက်ဆုံး သတ်မှတ်ချက်လား။
သူသည် နိဗ္ဗာန်အဆင့်သို့ မဝင်ရောက်နိုင်သေးဘဲ ဓမ္မရုပ်ပွားတော်အဆင့်၏ အထွတ်အထိပ်သို့ပင် မရောက်ရှိသေးပေ။ အချိန်က နည်းသထက် နည်းလာနေပြီ။ သူသည် တတ်နိုင်သမျှ အမြန်ဆုံး တိုးတက်အောင် လုပ်ဆောင်ရမည်။ နိဗ္ဗာန်အဆင့် ကျင့်ကြံမှုရှိမှသာ မသေနိုင်သော နတ်ဆိုးဧကရာဇ်ကို ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
"ကျန်းလုံရှန့်... ဗိုလ်ချုပ်ကျန်း… ခင်ဗျား ကျွန်တော့် အသက်ကို နောက်တစ်ခါ ထပ်ကယ်ပြန်ပြီပဲ"
"ကျွန်တော့်ရဲ့ သတ်မှတ်ထားတဲ့ ကံကြမ္မာထဲမှာ ခင်ဗျား ကျွန်တော့်ကို ဘယ်နှစ်ကြိမ်တောင် ကယ်ခဲ့တယ်ဆိုတာ ရေတွက်လို့တောင် မရတော့ဘူး"
ရှန်မို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များမှာ အသက်ရှင်ကျန်ရစ်ရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားနေကြသော်လည်း ကျန်းလုံရှန့် တစ်ဦးတည်းသာလျှင် သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့သည်။ ဤကျေးဇူးတရား တစ်ခုတည်းနှင့်တင် ရှန်မိုသည် ထိုအကြွေးကို မည်သည့်အခါမှ မေ့လိမ့်မည် မဟုတ်ပေ။
"ယဲ့ယန်ကို အတင်းခေါ်ပြီး ဟင်းလင်းပြင် ဝဲဂယက်ထဲ ဝင်သွားတယ်… မဟာကမ္ဘာကို အောင်အောင်မြင်မြင် ရောက်သွားတယ်..."
ထိုစာကြောင်းကို မြင်သောအခါ ရှန်မို မရယ်ဘဲ မနေနိုင်တော့ပေ။ ယဲ့ယန်၏ ကြောက်မက်ဖွယ်ကောင်းသော ကံတရားနှင့်ဆိုလျှင် သူ ဤမျှလွယ်လွယ်နှင့် သေလိမ့်မည်မဟုတ်ပေ။ မသေနိုင်သော နတ်ဆိုးဧကရာဇ် ပြန်လည် နိုးထလာသည်နှင့် ဤကမ္ဘာငယ်လေးမှာ နတ်ဆိုးများ၏ သိမ်းပိုက်ခြင်းကို ခံရပြီး ပျက်စီးသွားပေလိမ့်မည်။ ကမ္ဘာ့အဆုံးအထိ ထွက်ပြေးလျှင်ပင် အရှာခံရပြီး အသတ်ခံရမည်သာ ဖြစ်သည်။
အသက်ရှင်ကျန်ရစ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဟင်းလင်းပြင် ဝဲဂယက်မှတစ်ဆင့် မဟာကမ္ဘာသို့ သွားရန်ပင်။ သို့သော် နိဗ္ဗာန်အဆင့် ကျင့်ကြံမှုမရှိဘဲ ဟင်းလင်းပြင်၏ တိုက်စားမှုကို ခုခံနိုင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။ သို့သော် ယဲ့ယန်ကတော့ မတူပေ။ ထိုလူသည် မဟာကမ္ဘာသို့ သေချာပေါက် ရောက်အောင်သွားနိုင်လိမ့်မည်။ ယဲ့ယန်ကိုသာ ဆွဲခေါ်သွားနိုင်လျှင် သူလည်း အသက်ရှင်ဖို့ အခွင့်အရေး ရှိလာမည် ဖြစ်လေ၏။
မှန်ပါသည်။ သူ၏ ကံကြမ္မာအရဆိုလျှင် မဟာကမ္ဘာသို့ အသက်ရှင်လျက် ရောက်သွားခဲ့လျှင်ပင် သူ၏ အခြေခံအုတ်မြစ်မှာ ပြင်းထန်စွာ ပျက်စီးသွားလိမ့်မည်။ နိဗ္ဗာန်အဆင့်သို့ ရောက်ရှိရန် ဘယ်တော့မှ အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။ ယဲ့ယန်အတွက်မူ
ဟင်းလင်းပြင် ဝဲဂယက်ထဲကနေ ဘာဒဏ်ရာမှမရဘဲ ထွက်လာမည့်အပြင် အခွင့်အလမ်းကောင်း အချို့ကိုပင် ရရှိသွားဦးမည်ဟု ရှန်မို တွေးလိုက်မိသည်။
ဒေါက် ဒေါက် ဒေါက်။
တံခါးခေါက်သံ ထွက်ပေါ်လာ၏။
ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ဝင်းခြံအပြင်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်လာသည်။
"ဗိုလ်ချုပ်ရှန်… ဗိုလ်ချုပ်ကျူးက ခင်ဗျားအတွက် ပစ္စည်းနှစ်ခု လာပေးခိုင်းလိုက်လို့ပါ"
"အဲဒါတွေက ခင်ဗျားလိုအပ်နေတဲ့ 'နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်' နဲ့ 'ပေါင်းစပ်ရွှေရွှံ့' တို့ပါပဲ"
ရှန်မို ပြုံးလိုက်သည်။
"မမရွှမ်က တကယ်ကို ဂရုစိုက်တတ်တာပဲ… ဝင်ခဲ့ပါ"
လူရိပ်တစ်ခု တံခါးကို တွန်းဖွင့်ကာ ရှန်မိုထံသို့ ရိုရိုသေသေ လျှောက်လာသည်။ ထိုသူ၏ မျက်နှာမှာ အေးစက်ပြီး ခန့်ညားလှ၏။
သူကား ယဲ့ယန် ပင် ဖြစ်သည်။
ရှန်မို၏ အကြည့်မှာ တည်ငြိမ်နေသော်လည်း ယဲ့ယန်ကတော့ ရှန်မို၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲပေ။ အမှန်အတိုင်းပြောရလျှင် ကျူးရွှမ်ကျီးက ရတနာများကို ကိုယ်တိုင်သွားပေးရန် အတင်းအကျပ် မခိုင်းခဲ့ပါက သူ ရှန်မိုထံသို့ အလိုအလျောက် လာလိမ့်မည်မဟုတ်ပေ။
ကျူးရွှမ်ကျီးသည် နောင်တွင် ရှန်မိုက သူ့ကို ကူညီနိုင်စေရန်အတွက် ရှန်မို၏ ရှေ့တွင် သူ မျက်နှာပွင့်ပြီး ရင်းနှီးမှုရအောင် လုပ်ပေးနေခြင်း ဖြစ်သည်။
'မမကျူး... မမ မှားနေပြီ… ရှန်မိုနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက ကောင်းဖို့နေနေသာသာ လုံးဝကို မကောင်းတာ'
ယဲ့ယန် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သို့သော် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီး၏ အမိန့်ကို မနာခံ၍ မရသဖြင့် ထိုပစ္စည်းများကို လာပို့ရခြင်း ဖြစ်သည်။
"စစ်သေနာပတိ ယဲ့… ခင်ဗျားရဲ့ ကျင့်ကြံမှုက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ… ဓမ္မရုပ်ပွားတော်ကို ဖန်တီးဖို့ ကြိုးစားနေတာလား"
ရှန်မိုမှ ပြုံးလျက် မေးလိုက်သည်။
ယဲ့ယန် အတင်းအကျပ် ပြုံးလိုက်ပြီး
"ဟုတ်ပါတယ်… အခု ထက်ဝက်လောက်တော့ ပြီးနေပါပြီ"
"သိပ်ကောင်းတာပဲ… တကယ်ကို တော်တယ်"
ရှန်မိုက စိတ်ရင်းနှင့် ကျေနပ်စွာ ပြောလိုက်သည်။