အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
Chapter 538: နိဗ္ဗာန်အဆင့်ရောက်ပြီ
"ဒီလို အခြေအနေမျိုးက အရင်တုန်းက ဖြစ်ရပ်တစ်ခုကို သွားသတိရစေတယ်ဗျ"
"အဲဒီတုန်းက အန်းချန်နဲ့ အန်းဖုန်းတို့ပေါင်းပြီး ရွှေ့ဝူခံတပ်ကို တိုက်ခိုက်ခဲ့ကြတယ်… အန်းဖုန်း သေသွားတဲ့အခါ သူ့လက်အောက်က နတ်ဆိုးတွေရဲ့ စိတ်ဓာတ်နဲ့ အားအင်တွေက ချက်ချင်းဆိုသလို ထိုးကျသွားခဲ့တယ်လေ"
ကျန်းလုံရှန့်မှ တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရရင်း အသံကိုနှိမ့်ကာ ပြောလိုက်သည်။
ထန်ကျန့်လုံကလည်း ခေါင်းငြိမ့်ထောက်ခံရင်း
"ကျွန်တော့်မှာလည်း အဲဒီအမှတ်အသား ရှိပါတယ်… အာဏာစက်ပိုင်ရှင်တစ်ယောက် သေဆုံးသွားရင် သူ့လက်အောက်က နတ်ဆိုးတွေမှာ တကယ်ပဲ အဲဒီလို အခြေအနေမျိုး ပေါ်ပေါက်တတ်တယ်"
အောက်ချင်းက မျက်မှောင်ကြုတ်လျက်
"ဒါပေမဲ့ ဆဋ္ဌမအလွှာမှာရှိတဲ့ နတ်ဆိုးတွေအားလုံးက အာဏာစက်ပိုင်ရှင် တစ်ယောက်တည်းရဲ့ လက်အောက်ခံတွေမှ မဟုတ်တာ"
သူ ပြန်ထောက်ပြသည်။
ပိုင်လျဲ့ကျိုမှာ ခပ်ဖွဖွရယ်ရင်း
"ကျွန်တော် ထင်တာကတော့ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်… တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့… အဲဒီ အာဏာစက်ပိုင်ရှင်တွေ အားလုံး တစ်ပြိုင်နက်တည်း သေကုန်ကြလို့များလား"
ကျူးရွှမ်ကျီးမှာ မျက်လုံးလေးကလယ်ကလယ်ဖြင့်
"ဒါကတော့ ကျိုးကြောင်းဆီလျော်မှု မရှိလွန်းဘူး"
"ကျွန်မ သိသလောက်ဆိုရင် အာဏာစက်ပိုင်ရှင် တစ်ယောက် သေတိုင်း နံပါတ်တစ် မဟာကောင်းကင်နတ်ဆိုး အန်းချန်းက အဲဒီအာဏာစက်ကို ချက်ချင်း ပြန်လည်ရယူပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ သူ့လက်အောက်က နောက်လိုက်သစ်တစ်ယောက်ကို အာဏာစက်ပိုင်ရှင်သစ်အဖြစ် ခန့်အပ်လေ့ရှိတယ်… အာဏာစက်ပိုင်ရှင်တွေ အားလုံး တစ်ပြိုင်နက်တည်း သေဆုံးသွားဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့အရာပဲ"
ပိုင်လျဲ့ကျိုမှ အနေရခက်စွာ ပြုံးလိုက်ပြီး
"ရွှမ်ကျီး… ကျွန်တော်က စနောက်ပြီး ပြောလိုက်တာပါ… အဲဒီလောက်ကြီး အတည်မယူပါနဲ့"
ကျူးရွှမ်ကျီးမှာ အံကို တင်းတင်းကြိတ်လျက်
"ငါ့ကို 'ရွှမ်ကျီး' လို့ မခေါ်စမ်းနဲ့”
ထန်ကျန့်လုံမှာ တည်ငြိမ်စွာဖြင့်
"ကျွန်တော် အကြံပြုချင်တာကတော့ အခုချက်ချင်း အင်အားအပြည့်နဲ့ ထိုးစစ်ဆင်ဖို့ပါပဲ… နတ်ဆိုးတွေကြားထဲမှာ ဘာပဲဖြစ်နေဖြစ်နေ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းသွားတာက ကျွန်တော်တို့အတွက် အကျိုးရှိတာပဲ… အခုက အကောင်းဆုံး အခွင့်အရေးပဲဗျ”
သို့သော် အောက်ကွမ်မှာ ခေါင်းခါလျက်
"ကျွန်တော်တော့ သဘောမတူဘူး… ဒါဟာ ကျွန်တော်တို့ကို မျက်စိလည်အောင်လုပ်ဖို့ နတ်ဆိုးတွေ ခင်းထားတဲ့ ထောင်ချောက်လားဆိုတာ ဘယ်သူသိမှာလဲ… အကယ်၍ ကျွန်တော်တို့က လူအင်အား၊ ပစ္စည်းအင်အား အမြောက်အမြားနဲ့ အလုံးအရင်း ထိုးစစ်ဆင်လိုက်လို့ နတ်ဆိုးတွေရဲ့ လက်ထဲကို တည့်တည့်တိုးသွားရင် ဘယ်လိုလုပ်မလဲ"
သူ ကန့်ကွက်သည်။
လန်ပန်းနှင့် ယွမ်ထိုက်တို့ကလည်း အောက်ကွမ်၏ အတွေးမှာ မှတ်သားလောက်သည်ဟု ဆိုကာ ချက်ချင်းပင် ထောက်ခံကြပြန်သည်။ ခံတပ်အရှင်သခင် ဆယ်ဦးတို့သည် ဆွေးနွေးမှုအသစ်ကို ထပ်မံစတင်ကြပြန်၏။
ဤသို့ဖြင့် နောက်ဆုံးတွင်မူ ကောက်ချက်တစ်ခုသာ ရရှိခဲ့သည်။ ၎င်းမှာ ပထမဦးစွာ ဆဋ္ဌမအလွှာကို အခိုင်အမာ ထိန်းချုပ်ရန်၊ အခြေစိုက်စခန်းများ တည်ဆောက်ရန်နှင့် ထို့နောက်မှသာ အဆင့်ဆင့် စီမံကိန်းချရန် ဖြစ်သည်။ အင်အားပိုလျှံသော ခံတပ်များအနေဖြင့် သတ္တမအလွှာကို ဦးစွာ စတင်စူးစမ်းနိုင်သည်။ ဤအမိန့်များကို အထက်မှအောက်သို့ ချက်ချင်းပင် ထုတ်ပြန်လိုက်တော့၏။
...
ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်း။
ဝန်းခြံတစ်ခုအတွင်း။
အပြင်ပန်းကြည့်လျှင် မည်သည့်ပြောင်းလဲမှုမျှ မရှိသလောက်ပင်။ အခြားဝန်းခြံများနှင့် မခြားနားလှဟု ထင်ရသည်။ သို့သော် မြင်တွေ့ရသည့် အသွင်သဏ္ဌာန်မှာ လှည့်စားထားခြင်းသာ ဖြစ်သည်။ အကာအကွယ်မှ အရာအားလုံးကို ဖုံးကွယ်ထားပြီး မူမမှန်သည့် အစအနလေးတစ်ခုကိုမျှ အပြင်သို့ ယိုစိမ့်ခွင့် မပြုထားပါချေ။
ယခုအခိုက်အတန့်တွင် ဤဝန်းခြံအတွင်း၌မူ ရှေးဟောင်း ဆင်ပြောင်ကြီးများ၏ ဟိန်းဟောက်သံများမှာ နားကွဲမတတ် မြည်ဟီးနေသည်။ ဆင်ပြောင်ကြီး သန်းပေါင်း ရာနှင့်ချီ၍ စုရုံးကာ စကြဝဠာကို တုန်ဟည်းအောင် ဟိန်းဟောက်နေသည့်အလားပင်။
စွေ့ရှင်းနှင့် ဟေးယန် ကဲ့သို့သော ဝိညာဉ်လက်နက်များမှာ ကြောက်လန့်တုန်ရီနေကြပြီး စကားပင် မပြောရဲကြတော့ပေ။
"ခင်ဗျားပြောကြည့်စမ်း… သခင်ကြီး ကျင့်ကြံနေတဲ့ ကျင့်စဉ်က ဘယ်လိုမျိုးလဲ… ကျွန်တော် ကိုယ်ခံပညာဘိုးဘေး ကျင့်ကြံတာကို မြင်ဖူးပေမဲ့ ဒီလောက်အထိ ကြီးကျယ်ခမ်းနားပြီး ကျယ်ပြောလှတဲ့ အသွင်အပြင်မျိုး တစ်ခါမှ မတွေ့ဖူးဘူး..."
ဟေးယန်မှ မနေနိုင်ဘဲ မေးလိုက်သည်။
စွေ့ရှင်း စာတစ်ကြောင်း ရိုက်နှိပ်ပြ၏။
"ကျွန်... မ... လည်း... မသိ... ဘူး"
သူရိုက်လိုက်သော စာလုံးများမှာပင် ရိုသေကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။
ဝေါင်း!
ရှန်မိုသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ပါးစပ်မှ ရှေးကျပြီး ခန့်ညားထည်ဝါလှသော ဟိန်းဟောက်သံကြီးတစ်ခု အလိုအလျောက် ပွင့်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် သူ၏ အရှိန်အဝါမှာ ကောင်းကင်ဘုံဆီသို့ တဟုန်ထိုး တက်လှမ်းသွားတော့သည်။
ပိုးအိမ်ကို ဖောက်ထွက်လိုက်သည့် လိပ်ပြာတစ်ကောင်ကဲ့သို့ပင်။ အသက်တစ်ရှိုက်စာအတွင်းမှာပင် သူသည် အတားအဆီးကို ကျော်ဖြတ်ကာ နိဗ္ဗာန်အဆင့်သို့ လှမ်းတက်လိုက်ပြီ ဖြစ်လေ၏။
"ဟူး..."
ဟိန်းဟောက်သံများ တဖြည်းဖြည်း ငြိမ်ကျသွားသည်။ အထပ်ထပ်သော ရွှေရောင် ရှေးဟောင်းဆင်ပြောင်ကြီးများ၏ ပုံရိပ်ယောင်များမှာလည်း ပြန်လည် ရုပ်သိမ်းသွားကြသည်။
ဝန်းခြံလေးအတွင်း တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားတော့၏။ ထိုအချိန်မှသာ စွေ့ရှင်းနှင့် ဟေးယန်တို့သည် ရှန်မို၏ဘေးနားသို့ ချဉ်းကပ်ရဲကြတော့သည်။
ရှန်မိုသည် သူ၏ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ထိန်းချုပ်မရလောက်အောင် အစွမ်းထက်သည့် စွမ်းအားများကို ခံစားကြည့်လိုက်သည်။ ထို့နောက် သူ စစ်မှန်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
"သုံးနှစ်တိတိ၊ ရက်ပေါင်း တစ်ထောင်ကျော်၊ မရေမတွက်နိုင်တဲ့ ရှားပါးပစ္စည်းတွေနဲ့ ရတနာတွေ... နောက်ဆုံးတော့ ဆင်ပြောင်အမှုန်အမွှား သန်းပေါင်း ၈၄၀ ကို နိုးထစေပြီး 'နတ်ဘုရားဆင်ပြောင် ငရဲနှိမ်နင်းခြင်းစွမ်းအား' အဋ္ဌမအလွှာကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီ"
"နိဗ္ဗာန်အဆင့်ကို... ရောက်ပြီ!"
Chapter 539: ဓမ္မပုံစံပြောင်းလဲခြင်း
ရှန်မို ပြုံးလိုက်သည်။
သူသည် ယခင်က နိဗ္ဗာန်အဆင့်သို့ တစ်ခါမှ မရောက်ရှိခဲ့ဖူးပေ။ ရှေးဟောင်းကျမ်းစာများတွင်ပင် ဤအဆင့်နှင့် ပတ်သက်၍ မှတ်တမ်းတင်ထားခြင်း မရှိသလောက်ပင်။ ထို့ကြောင့်ပင် နိဗ္ဗာန်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ အင်အားမှာ မည်သို့ပြောင်းလဲသွားမည်ကို သူကိုယ်တိုင်ပင် မသိရှိခဲ့ချေ။
"ဒီကျင့်စဉ်က တကယ်ကို စွမ်းအားကြီးတာပဲ" ရှန်မိုသည် မျက်လုံးများကိုမှိတ်ကာ နားလည်သဘောပေါက်အောင် ဆင်ခြင်ကြည့်ရင်း အသာအယာ ခေါင်းငြိမ့်လိုက်သည်။ "နတ်ဘုရားဆင်ပြောင် ငရဲနှိမ်နင်းခြင်းစွမ်းအား" အဋ္ဌမအလွှာနှင့်အတူ သူတတ်မြောက်သွားသော ကျင့်စဉ်မှာ "ဟင်းလင်းပြင် ကောင်းကင်သံစဉ် မြင့်မြတ်ကျင့်စဉ်" ဟု ခေါ်သည်။ ဤနည်းစနစ်သည် နက်ရှိုင်းပြီး ရှေးကျလှကာ သွေးစွမ်းအင်ကို လောင်စာအဖြစ်သုံး၍ အသံလှိုင်းများကို ထုတ်ဖော်ခြင်းဖြစ်သည်။ ၎င်းကို အသုံးပြုလိုက်ပါက မိမိကိုယ်တိုင်အတွက် မရေမတွက်နိုင်သော ကောင်းချီးမင်္ဂလာများ ရရှိစေပြီး အရာရာတိုင်းမှာ အဆင်ပြေချောမွေ့သွားစေသည်။ ရန်သူများအတွက်မူ သက်တမ်းနှင့် အသက်စွမ်းအားများကို လျော့နည်းစေကာ ဇာတာနိမ့်ပါးခြင်း၊ ကံဆိုးခြင်းများနှင့် ကြုံတွေ့ရစေပြီး လုပ်ဆောင်သမျှ အရာရာတိုင်းကို ပျက်စီးစေပေလိမ့်မည်။ ထို့အပြင် မိမိနှင့် မိမိ၏မဟာမိတ်များအတွက် အကျိုးပြုအရှိန်အဝါ သုံးထောင်ကို ထုတ်လွှတ်ပေးပြီး ရန်သူများနှင့် ရန်လိုသူများအတွက်မူ ဆိုးကျိုးအရှိန်အဝါ သုံးထောင်ကို သက်ရောက်စေသည်။
"ဟင်... ဒါက ဘာလဲ..."
ရှန်မိုသည် သူ၏ နတ်ဘုရားနန်းတော်ကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ နတ်ဘုရားနန်းတော်ကိုယ်တိုင်မှာ ကြီးကြီးမားမား ပြောင်းလဲမှုမရှိသော်လည်း၊ ၎င်း၏အထက်ရှိ "သွေးတောင်ထွတ်" ပေါ်တွင်မူ မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခု ရှိနေသည်။ သွေးတောင်ထွတ်၏ အထက်တွင် "ရှေးဦးဆင်ပြောင် ဓမ္မရုပ်ပွားတော်" တစ်ခု ရှိနေသည်။ ထိုရုပ်ပွားတော်ပေါ်တွင် ယခုအခါ လုံးဝသစ်လွင်သော "ပုံစံဒီဇိုင်း" တစ်ခု ပေါ်ထွက်လာ၏။ ထိုပုံစံမှာ နက်ရှိုင်းပြီး ရှေးကျလှကာ တာအိုတရား၏ အမြင့်ဆုံး အခြေခံသဘောတရားများ ကိန်းအောင်းနေသည်။ ရှန်မိုသည် ၎င်းကို အနီးကပ် စိုက်ကြည့်လိုက်ရာ ခဏအတွင်းမှာပင် ခေါင်းမူးလာသဖြင့် အကြည့်လွှဲလိုက်ရသည်။
ထ်ု့နောက် သူ ရှေးဦးဆင်ပြောင် ဓမ္မရုပ်ပွားတော်ကို လှုံ့ဆော်ကြည့်လိုက်သည်။ ချက်ချင်းပင် ထူးခြားမှုကို ခံစားလိုက်ရသည်။ ပို၍ သန်မာလာ၏။ ဤပုံစံပေါ်လာပြီးနောက် ဓမ္မရုပ်ပွားတော်၏ စွမ်းအားမှာ ဘက်ပေါင်းစုံမှ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ဓမ္မရုပ်ပွားတော် ကိုယ်ခံပညာရပ်များကို အသုံးပြုသည့်အခါ ၎င်းတို့၏ စွမ်းအားမှာလည်း သိသိသာသာ ထိုးတက်လာမည်ဖြစ်သည်။
"နိဗ္ဗာန်အဆင့်ဆိုတာက ဓမ္မရုပ်ပွားတော်ရဲ့ မျက်နှာပြင်ပေါ်မှာ တစ်ခုပြီးတစ်ခု တာအိုပုံစံတွေကို စုစည်းရတာများလား"
ရှန်မို စဉ်းစားနေမိသည်။
"ဒါဆိုရင် ဒီပုံစံတွေက ဘယ်ကနေ လာတာလဲ"
ထိုစဉ် "ကိုးဘုံငရဲရေခဲမီးတောက်" ၏ အသံမှာ မမျှော်လင့်ဘဲ ထွက်ပေါ်လာသည်။
"လောင်ကျွမ်းခြင်း"
ရှန်မို အံ့ဩသွားပြီး
"လောင်ကျွမ်းခြင်း ဟုတ်လား"
ကိုးဘုံငရဲရေခဲမီးတောက်မှ တည်ငြိမ်စွာ ပြန်ဖြေသည်။
"တာအိုပုံစံတွေ ဖြစ်ပေါ်လာဖို့အတွက် ထာဝရမီးလျှံတွေနဲ့ လောင်ကျွမ်းရတာ… ထာဝရမီးလျှံနဲ့ ဓမ္မရုပ်ပွားတော်ကြားမှာ လိုက်လျောညီထွေမှု ပိုရှိလေလေ ပုံစံတွေက ပိုမြန်မြန် ဖြစ်ပေါ်လာလေလေပဲ… တကယ်လို့ လိုက်လျောညီထွေမှု မရှိရင်တော့ အားစိုက်ရတာ အလကားဖြစ်ပြီး ဓမ္မရုပ်ပွားတော်ကို ပျက်စီးစေနိုင်သလို အင်အားကိုလည်း တိုးစေမယ့်အစား လျော့ကျသွားစေလိမ့်မယ်… ဒါကြောင့်ပဲ 'နိဗ္ဗာန်' လို့ ခေါ်တာပေါ့… ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် မီးလျှံထဲကနေ တစ်ဖန်ပြန်လည် မွေးဖွားပြီး အဆုံးမဲ့စွမ်းအားတွေကို ရမယ်… ကျရှုံးရင်တော့ ပြာအဖြစ် လောင်ကျွမ်းသွားပြီး ထာဝရ ပျက်စီးသွားလိမ့်မယ်"
ဤအချက်ကို ကြားလိုက်ရသဖြင့် ရှန်မို ချက်ချင်းပင် ဝမ်းသာသွားသည်။
ထာဝရမီးလျှံများ…
ဤကမ္ဘာပေါ်တွင် မီးလျှံများစွာ ရှိပါသည်။ ထင်းဆွေးများကို လောင်ကျွမ်းစေသော သာမန်မီးများ ရှိသလို၊ စိတ်ဝိညာဉ်ကျောက်တုံးများမှ ပေါက်ဖွားလာသော ဝိညာဉ်မီးလျှံများလည်း ရှိသည်။ သုသာန်များနှင့် ဂူသင်္ချိုင်းများမှ ထွက်ပေါ်သော တစ္ဆေမီးများရှိသလို၊ အစွမ်းထက်သော နတ်ဆိုးသားရဲများအတွင်း၌ ဖြစ်ပေါ်သော သားရဲမီးများလည်း ရှိသည်။ သို့သော် မီးလျှံအားလုံးထဲတွင် "ထူးခြားဆန်းပြားသော မီးလျှံ" များမှာ အစွမ်းအထက်ဆုံး ဖြစ်သည်မှာ ငြင်းစရာမရှိပေ။
သူ၏လက်ထဲတွင် ထူးခြားဆန်းပြားသော မီးလျှံ သုံးခုရှိနေသည် မဟုတ်ပါလား။
၎င်းတို့သည် ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းရန်အတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါလား။
ရှန်မို ခိုင်ခိုင်မာမာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ"
ထို့နောက် သူ စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။
"မင်းက ပုံမှန်ဆို ဒီလောက် စိတ်အားထက်သန်တတ်တာ မဟုတ်ဘူး… ဒီနေ့မှ ဘာလို့ အကုန်လုံးကို အလွယ်တကူ ပြောပြနေရတာလဲ"
ကိုးဘုံငရဲရေခဲမီးတောက်မှာ အချိန်အတော်ကြာ တည်ရှိနေခဲ့ခြင်းဖြစ်ရာ ၎င်းအနေဖြင့် နိဗ္ဗာန်အဆင့်ကို မည်သို့ကျင့်ကြံရမည်ကို သိနေသည်မှာ သဘာဝကျပါသည်။ သို့သော် ယခင်က တစ်ခါမှ မပြောခဲ့ဘဲ ယခုမှ ပြောလာခြင်း ဖြစ်သည်။ သေချာပေါက် တစ်ခုခု တောင်းဆိုချင်၍ ဖြစ်ရမည်။
သူထင်သည့်အတိုင်းပင်။
စကားပြောပြီးသည်နှင့် ကိုးဘုံငရဲရေခဲမီးတောက် တွေဝေလာသည်။ ၎င်း၏ အေးစက်စက် အဖြူရောင်မီးလျှံမှာ ပန်းရောင်ဘက်သို့ ပြောင်းလဲလာတော့၏။
"ငါ နတ်ဆိုးနှလုံးသားတွေ လိုချင်တယ်… ပိုပြီးတော့ များများလေး… ပြီးတော့ 'တစ်ရာသန့်စင် မီးဝိညာဉ်' က အခု ငါ့အတွက် ဘာမှမသုံးတော့ဘူး… ငါ 'တစ်ထောင်သန့်စင် မီးဝိညာဉ်' လိုအပ်တယ်"
ကိုးဘုံငရဲရေခဲမီးတောက်မှ အနည်းငယ် ချောင်းဟန့်ရင်း ပြောလိုက်သည်။
ရှန်မိုမှာ လက်ကာပြလိုက်ပြီး
"ပြဿနာမရှိပါဘူး… ဒါပေမဲ့ ငါက အလကားစားနေတဲ့သူတွေကို… ဒါမှမဟုတ် အလုပ်မလုပ်တဲ့ မီးလျှံတွေကိုတော့ လက်မခံဘူး… မင်းက နတ်ဆိုးနှလုံးသားနဲ့ တစ်ထောင်သန့်စင် မီးဝိညာဉ်ကို လိုချင်တယ်ဆိုရင် ဘာမှမလုပ်ဘဲတော့ နေလို့မရဘူး"
ကိုးဘုံငရဲရေခဲမီးတောက်မှ အတည်အပေါက် ပြောလိုက်သည်။
"ငါ့ကို တစ်လကို အနည်းဆုံး တစ်ထောင်သန့်စင် မီးဝိညာဉ် တစ်ခုနဲ့ နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးနှလုံးသား တစ်ခု ပေး… ငါ မင်းရဲ့ ရှေးဦးဆင်ပြောင် ဓမ္မရုပ်ပွားတော်ကို တစ်နေ့ သုံးကြိမ်
လောင်ကျွမ်းပေးမယ်"
ရှန်မိုက ခေါင်းခါလိုက်သည်။
"မင်းရဲ့ တောင်းဆိုချက်က မြင့်လွန်းတယ်… နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးတွေက ငါ့ကိုအသတ်ခံဖို့ စောင့်နေတဲ့ ဝက်တွေလို့ မင်းထင်နေတာလား… ပြီးတော့ အချိန်ကလည်း နည်းလွန်းတယ်… အနည်းဆုံး တစ်နေ့ ဆယ်ကြိမ် ဖြစ်ရမယ်"
မီးလျှံမှာ ဒေါသထွက်လွန်း၍ နီရဲသွားတော့သည်။ "ဒါဆိုရင် အထွတ်အထိပ် ကောင်းကင်အဆင့် စစ်မှန်သော နတ်ဆိုးအရှင်သခင် နှလုံးသား သုံးခုပေး… ဆယ်ကြိမ်ဆိုတာက များလွန်းတယ်… အများဆုံး ငါးကြိမ်ပဲ"
သူတို့နှစ်ဦး အတော်အတန် အပေးအယူလုပ်ကြသည်။ နောက်ဆုံးတွင် ရှန်မိုက တစ်လလျှင် အနည်းဆုံး တစ်ထောင်သန့်စင် မီးဝိညာဉ် တစ်ခုနှင့် အထွတ်အထိပ် ကောင်းကင်အဆင့် စစ်မှန်သော နတ်ဆိုးအရှင်သခင် နှလုံးသား နှစ်ခု ပံ့ပိုးပေးရန် သဘောတူညီချက် ရရှိသွားသည်။ ကိုးဘုံငရဲရေခဲမီးတောက်ကမူ ရှေးဦးဆင်ပြောင် ဓမ္မရုပ်ပွားတော်ကို တစ်နေ့လျှင် ရှစ်ကြိမ် လောင်ကျွမ်းပေးရန် သဘောတူလိုက်လေ၏။
Chapter 540: မင်း ကျီရွှမ်အကြောင်း ဘယ်လောက် သိလဲ
ကိစ္စများအားလုံးကို အပြီးသတ် ဆုံးဖြတ်ပြီးနောက်မှာတော့ ရှန်မို ပြုံးလိုက်မိသည်။
ဤသည်မှာ နောက်နောင်တွင် သူ့အတွက် အခမဲ့ အလုပ်သမားတစ်ယောက် ပိုရသွားပြီဆိုသည့် အဓိပ္ပာယ်ပင်။ သူ့ကို စားစရာ (လောင်စာ) လုံလောက်အောင် ကျွေးထားသရွေ့တော့ ထိုမီးတောက်မှာ ဘာညည်းညူသံမှ မပြုဘဲ နေ့တိုင်း ရှေးဦးဆင်ပြောင် ဓမ္မရုပ်ပွားတော်ကို ဝီရိယရှိရှိ လောင်ကျွမ်းပေးနေပေလိမ့်မည်။
"အား..."
ဒါပေမဲ့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံရှိသေးသည်။ ရှန်မိုတစ်ယောက် စူးရှပြီး ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေမယ့် နာကျင်မှုကို ခံစားလိုက်ရ၏။ "မင်းက ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းနေတာလား… ငါ့ရဲ့ အာရုံကြောတွေကို လောင်ကျွမ်းနေတာလား"
ရှန်မို မနေနိုင်ဘဲ ပြောလိုက်မိသည်။
ကိုးဘုံငရဲရေခဲမီးတောက်မှာ အနည်းငယ် ချောင်းဟန့်လိုက်ပြီး
"ငါ တစ်ခုပြောဖို့ မေ့သွားလို့… ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းရတာက သိပ်ပြီး နာကျင်ရတယ်"
"ဒါကြောင့် ခင်ဗျား အဲဒါကို အောင့်အည်းသည်းခံရလိမ့်မယ်"
ထိုသို့ပြောပြီးသည်နှင့် ၎င်းသည် ချက်ချင်းပင် ဆက်လက်လောင်ကျွမ်းလေတော့သည်။
ရှန်မိုမှာ နာကျင်လွန်းသဖြင့် အံကို တင်းတင်းကြိတ်ထားရသည်။ ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းရသည့် နာကျင်မှုမှာ ရွှေကျောက်စိမ်းဆေးလုံးကို သန့်စင်စဉ်က နာကျင်မှုနှင့် ယှဉ်နိုင်လောက်သည်။ အစောပိုင်းက တစ်နေ့ကို ဆယ်ကြိမ် လောင်ကျွမ်းပေးရန် ရှန်မို တောင်းဆိုတုန်းက ကိုးဘုံငရဲရေခဲမီးတောက် အသံ အဘယ်ကြောက့် ထူးဆန်းနေရသလဲဆိုတာ အခုမှ သိတော့သည်။ တကယ်တော့ ဒီနာကျင်မှုကြောင့်ကိုး။
"နာကျင်ရုံတင်ပဲဟာ… ငါ ခံနိုင်ရည်ရှိပါတယ်"
ရှန်မိုသည် အံကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း ဝန်းခြံအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ လမ်းလျှောက်ရင်းနှင့် သူသည် ထိုနာကျင်မှုကို တဖြည်းဖြည်း အသားကျလာ၏။ လောင်ကျွမ်းချိန် တစ်ဝက်တောင် မပြည့်ခင်မှာပင် သူသည် ပုံမှန်အတိုင်း လမ်းလျှောက်နိုင်၊ စကားပြောနိုင်လာသည်။ သေချာ အနီးကပ် မကြည့်လျှင် သူသည် ဓမ္မရုပ်ပွားတော် လောင်ကျွမ်းခံရသည့် ဒဏ်ကို အပြင်းအထန် အောင့်ခံနေရသည်ဟု မည်သူမျှ သိနိုင်မည်မဟုတ်ပေ။
"ပြီးပြီ… ကံကြမ္မာစနစ်ကို စစ်ဆေးရမယ့်အချိန်ပဲ"
ရှန်မိုသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး ကံကြမ္မာစနစ်ကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်။
နိဗ္ဗာန်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာဆိုးများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထိုနေရာတွင်မူ လတ်တလော ဖြစ်ပျက်မည့် ဖြစ်ရပ်အချို့ ပေါ်လာသည်။
[လတ်တလော ဖြစ်ရပ် (၁) - ရက်အနည်းငယ်အကြာတွင် ကျန်းလုံရှန့်နှင့် အခြား ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များသည် နတ်ဆိုးပင်လယ်၏ ကိုးခုမြောက်အလွှာသို့ ရောက်ရှိလာသော်လည်း ကျီရွှမ်၏ လက်ချက်ဖြင့် တစ်ချက်တည်းနှင့် နေရာမှာတင် အသတ်ခံလိုက်ရသည်။ ထိုသတင်းကို ကြားရသောအခါ ရှန်မိုသည် စိတ်ဓာတ်ကျသွားခဲ့သည်။ သူသည် ဆဋ္ဌမအလွှာကို လျင်မြန်စွာ တတ်မြောက်စေနိုင်မည့် "ဟင်းလင်းပြင် ချေမှုန်းရေး နတ်ဆိုးဓား နတ်မင်းကျမ်း" မှ ရုတ်တရက် ရရှိလာသော စိတ်ကူးဉာဏ်သစ်ကို အသုံးချနိုင်ခဲ့သော်လည်း သူ၏ စိတ်ဓာတ်ကျဆင်းမှုနှင့် အားငယ်မှုတို့ကြောင့် ၎င်းကို နားလည်သဘောပေါက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။]
[လတ်တလော ဖြစ်ရပ် (၂) - ရှန်မိုသည် ကျန်းလုံရှန့်နှင့် အခြားသူများအတွက် ကရလဲ့စားချေရန် နတ်ဆိုးပင်လယ်၏ ကိုးခုမြောက်အလွှာသို့ တစ်ဦးတည်း သွားရောက်ကာ ကျီရွှမ်နှင့် တိုက်ခိုက်ခဲ့သည်။ ရှန်မိုနှင့် ကျီရွှမ်တို့၏ တိုက်ပွဲမှာ အင်အားချင်း မျှနေပြီး နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ ရှန်မိုသည် သူ၏ ညာဘက်လက်ကို ဆုံးရှုံးခဲ့ရပြီး သူ၏ 'ရှိပိုင်ကျွယ်' ဓမ္မရုပ်ပွားတော်နှင့် 'မသေနိုင်သောမြစ်' ဓမ္မရုပ်ပွားတော်တို့မှာလည်း လုံးဝ လောင်ကျွမ်းပျက်စီးသွားခဲ့သည်။ ကျီရွှမ်၏ မသေနိုင်သော နတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။ နောက်ဆုံးတွင် ကျီရွှမ်သည် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။]
[လတ်တလော ဖြစ်ရပ် (၃) - ...]
ရှန်မိုသည် ဤလတ်တလော ဖြစ်ရပ်များကို ဖတ်ရင်း မျက်မှောင်ကို အထပ်ထပ် ကြုတ်လိုက်မိသည်။
ကျီရွှမ်…
သူက အရင်က မသေနိုင်သော နတ်ဆိုးဧကရာဇ် မဟုတ်ပါလား။ အခုကျမှ ဘာလို့ ကျီရွှမ် ဖြစ်သွားရတာလဲ။
ပြီးတော့ အဲဒီနာမည်က တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ။
ခဏအကြာမှာတော့ သူ ရုတ်တရက် သတိရသွားသည်။ ကျီရွှမ်ဆိုတာ ကျင်းနိုင်ငံတော်ရဲ့ ပထမဆုံးသော လူသားဧကရာဇ်ရဲ့ နာမည်ပဲ။
ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက သေဆုံးသွားခဲ့တာ။
ဘာဖြစ်လို့ ဒီနေရာမှာ ရုတ်တရက် ပေါ်လာရတာလဲ။
ရှန်မို ပိုပြီးတော့ မျက်မှောင်ကြုတ်မိသွားသည်။
သူ ပိုသိလာလေလေ ပိုပြီး နက်နဲသည့် ပဟေဠိများနှင့် ကြုံတွေ့လာရလေလေပင်။
ဖယ်ရှားလို့မရ၊ အပေါက်ဖောက်ကြည့်လို့မရတဲ့ ထူထပ်လှတဲ့ မြူနှင်းထုကြီးတစ်ခုလိုပါပဲ။
ခဏမျှ စဉ်းစားပြီးနောက် ရှန်မိုမှ မေးလိုက်သည်။
"မင်း ကျီရွှမ်အကြောင်း ဘယ်လောက် သိထားလဲ"
ကိုးဘုံငရဲရေခဲမီးတောက်မှာ အံ့ဩသွားပြီး
"ဘာလို့ ရုတ်တရက်ကြီး သူ့အကြောင်း မေးရတာလဲ"
ရှန်မိုမှ
"ဒီအတိုင်း သိချင်လို့ မေးကြည့်တာပါ"
ကိုးဘုံငရဲရေခဲမီးတောက်မှ ပြန်ဖြေလေ၏။
"သိပ်တော့ အများကြီး မဟုတ်ဘူး… ငါ ကျီရွှမ်နဲ့ မသေနိုင်သော နတ်ဆိုးဧကရာဇ်တို့ရဲ့ အထွတ်အထိပ် တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရလို့ မှတ်မိတာတချို့တော့ ရှိတယ်… မသေနိုင်သော နတ်ဆိုးဧကရာဇ်က သေသွားပေမဲ့ ကျီရွှမ်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်… အချို့ကတော့ သူ့ရဲ့ အခြေခံအုတ်မြစ်ကို မသေနိုင်သော နတ်ဆိုးဧကရာဇ်က ဖျက်ဆီးပစ်လိုက်တာလို့ ပြောကြတယ်"
"ဖြစ်နိုင်တာကတော့ ကျီရွှမ်ဟာ တစ်စုံတစ်ရာသော လျှို့ဝှက်နည်းစနစ်ကို သုံးပြီး မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကတစ်ဆင့် သူ့အသက်ကို ဆက်ထားခဲ့တာ ဖြစ်နိုင်တယ်… လုံးဝ သေမသွားအောင်ပေါ့"
"ဘာပဲဖြစ်ဖြစ် နတ်ဆိုးတွေရဲ့ ခန္ဓာကိုယ်က အလွန်တရာ ခံနိုင်ရည်ရှိတာလေ… အထူးသဖြင့် မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ပေါ့… သူ သေသွားခဲ့ရင်တောင် သူ့ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့တဲ့ အသက်စွမ်းအားတွေ ကျန်ရှိနေဦးမှာပဲ"
ရှန်မို၏ မျက်လုံးများ တောက်ပသွားသည်။ ကိုးဘုံငရဲရေခဲမီးတောက်၏ ဤရှင်းပြချက်မှာ တကယ့်ကို ဖြစ်နိုင်ခြေ ရှိလှသည်။ ကျီရွှမ်သည် ကျင်းနိုင်ငံတော်၏ ပထမဆုံးသော လူသားဧကရာဇ် ဖြစ်ခဲ့သလို အစွမ်းထက်ပြီး ကြီးကျယ်သော အောင်မြင်မှုများ ရှိခဲ့သူဖြစ်သည်။ ယခုအခါ သူ့တွင် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ကိုပါ တိုက်ခိုက်ရေး စွမ်းအားအဖြစ် ပိုင်ဆိုင်ထား၍ ကျီရွှမ်မှ သူ့ကို အင်အားချင်းယှဉ်ပြီး တိုက်နိုင်သည်မှာ မဆန်းတော့ပါချေ။ ထိုကဲ့သို့သော အင်အားမျိုး ရှိနေသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။
သို့သော် ရှန်မိုသည် အတားအဆီးတစ်ခုသို့ ရောက်ရှိနေပြီဖြစ်၏။
တိုတောင်းသော အချိန်အတွင်း၌ ပိုပြီး တိုးတက်ဖို့ဆိုသည်မှာ အလွန်ခက်ခဲလိမ့်မည်။
ရှန်မို တိုးတိုးလေး ရေရွတ်လိုက်သည်။
"အခုထက် ပိုပြီးတော့ တိုးတက်နိုင်မယ့် နည်းလမ်းများ ရှိဦးမလား"
"အခုထက် ပိုတိုးတက်ဖို့လား… ထာဝရမီးလျှံတွေပေါ့"
ကိုးဘုံငရဲရေခဲမီးတောက်မှ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။