အဓိကတပည့် ပြိုင်ပွဲ
Vol. 12 Ch. 116
“ စီနီယာအစ်ကိုယဲ့က ပြိုင်ဘက်ကင်းပဲ “
“ စီနီယာအစ်ကိုရှောင်ပဲ နိုင်မှာ “
“ … “
ကြေးမုံရေကန်ဘေးတွင် လူအုပ်ကြီးမှာ အတော်လေးများပြားပြီး နားစည်ကွဲလုမတတ် အားပေးသံများက ဒီရေလှိုင်းလုံးကြီးများပမာ ဟိန်းထွက်နေသည်။
အဓိကတပည့် ပြိုင်ပွဲ၏ ဗိုလ်လုပွဲ မစတင်မီ ဆယ့်ငါးမိနစ် ခန့်သာ လိုပါတော့သည်။ ကျောင်းတော်တွင် ရှိနေသော တပည့်များက ဤတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ရောက်ရှိနေကြသည်။
ယနေ့၏ ပြိုင်ပွဲဝင်များမှာ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ယဲ့လင်းရှောင်နှင့် သောင်းပြောင်းပညာရပ်ဌာနမှ ရှောင်ချန်းတို့ ဖြစ်ကြသည်။
နှစ်ဦးစလုံးမှာ ဤနှစ်များအတွင်း ဝမ်တောက်ကျောင်းတော်၏ ကြယ်ပွင့်များ ဖြစ်ကြသည်။
ယဲ့လင်းရှောင်ကို ဓားအရှင်လင်းရှောင်ဟု လူသိများကြသည်။ ကျောင်းတော်သို့ ဝင်ရောက်လာကတည်းက သူသည် တစ်ပွဲမျှ မရှုံးနိမ့်ဖူးပေ။ သူ၏ လင်းရှောင်မြင့်မြတ်ဓားက ပြိုင်ဘက်များကို ကြောက်ရွံ့စေသည်။
ဤပြိုင်ပွဲတွင်လည်း သူသည် ကွင်းထဲသို့ ဝင်ရောက်လာတိုင်း ပြိုင်ဘက်တိုင်းကို ဓားတစ်ချက်တည်းဖြင့်သာ အနိုင်ယူခဲ့သည်။ သူ၏ ဒုတိယမြောက် ဓားချက်ကို မည်သူမျှ မမြင်ဖူးခဲ့ကြချေ။
ရှောင်ချန်း၏ ကျော်ကြားမှုကလည်း နောက်မရောက်ပေ။ လွန်ခဲ့သော သုံးနှစ်က သူသည် မသန်မစွမ်းဟူသော နာမည်ဆိုးဖြင့်ပင် အပြင်စည်း၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။ မကြာမီမှာပင် သူသည် စစ်မှန်ကံကြမ္မာအဆင့်နှင့် ကောင်းကင်ဇာစ်မြစ်အဆင့်ကို ဆက်တိုက် တက်သွားခဲ့သည်။
ယန်မန်ရွှံ့နွံတောတွင် သတ်ဖြတ်ခြင်းနတ်ဘုရား ဝတ်ရုံနက်ဟူသော သူ၏ ဂုဏ်သတင်းကြောင့် တပည့်များက သူ့ကို ဝတ်ရုံနက် ဓားအရှင် ဟု ခေါ်ကြသည်။
ဤပြိုင်ပွဲတွင် ရှောင်ချန်းသည်လည်း ပြိုင်ဘက်တိုင်းကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ဒုတိယမြောက် ဓားချက်ကို အသုံးပြုရန် မည်သူကမျှ မလုပ်နိုင်ခဲ့ပေ။
သူတို့၏ စွမ်းဆောင်ရည်များမှာ ပြိုင်ဘက်ကင်းပင်။ ယနေ့တွင် အစွမ်းထက် ဓားသမားနှစ်ဦးသည် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
အနိုင်ရရှိသူသည် ဝမ်တောက်ကျောင်းတော်၏ သူတော်စင်လောင်းများထဲမှ တစ်ဦး ဖြစ်လာမည် ဖြစ်သည်။ ဤဘွဲ့နာမည်သည် ခွန်အားကို အသိအမှတ်ပြုခြင်း အပြင် အဆင့်အတန်း အရလည်း ဌာနမှူး ဆယ်ယောက်နှင့် တန်းတူဖြစ်ပေသည်။ သူတော်စင်လောင်းတစ်ယောက်အနေဖြင့်ကျောင်းတော်၏ အကြီးအကဲများနှင့် တန်းတူ ဆက်ဆံခံရမည် ဖြစ်သည်။
ဤအချိန်တွင် ယဲ့လင်းရှောင်နှင့် ရှောင်ချန်းတို့သည် ဓားဘုရင်ရှောင်ယောင်နှင့် ချူဖုန်းတို့၏ နောက်တွင် အသီးသီး ရပ်နေကြသည်။ သူတို့နှစ်ဦးစလုံး အချင်းချင်း မကြည့်ကြဘဲ နောက်ဆုံး တိုက်ပွဲကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။
ဗိုလ်လုပွဲကို ကြီးကြပ်မည့်သူမှာ ဝမ်တောက်ကျောင်းတော် အတွင်းရေးရာခန်းမ၏ အကြီးအကဲချုပ် ဖြစ်သည်။ သူသည် ကြေးမုံရေကန်အထက်သို့ တက်သွားပြီး လူတိုင်းကို တည်ငြိမ်စွာ ဝေ့ဝဲကြည့်ရှုလိုက်သည်။
“ အားလုံးပဲ... ဒီနေ့က အဓိကတပည့် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဖြစ်ပါတယ်။ ဗိုလ်လုပွဲ စတင်ကြောင်း ကြေညာလိုက်ပါတယ်။ ယဲ့လင်းရှောင်နဲ့ ရှောင်ချန်း... ရှေ့ကို ထွက်လာခဲ့ကြပါ “
သူ၏ အသံ ဆုံးသွားသည်နှင့် ပုံရိပ်နှစ်ခုသည် ဓားပျံများကို စီးနင်းကာ ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။
ယဲ့လင်းရှောင်၏ လှုပ်ရှားမှုတိုင်းတွင် မြင့်မြတ်အနွယ်ဝင်တို့၏ အရှိန်အဝါများ ဖြာထွက်နေပြီး ဂုဏ်ယူဝင့်ကြွားမှုနှင့် ယုံကြည်မှုများ ပါဝင်နေသည်။
အခြားတစ်ဖက်တွင် ရှောင်ချန်းသည် တားဆီး၍ မရနိုင်သော ဓားတစ်လက်၏ ထက်ရှမှုများ ဖြာထွက်နေသည်။
သူတို့ ကြေးမုံရေကန်အထက်တွင် ရပ်လိုက်သည့် အခိုက်မှာပင် သူတို့ ထုတ်လွှတ်လိုက်သော အရှိန်အဝါက တစ်ချိန်က ငြိမ်းချမ်းနေခဲ့သော ရေကန်ကို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် နေရာတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားစေသည်။
“ ဗိုလ်လုပွဲ စတင်ပါပြီ “
ကြေညာပြီးနောက် အကြီးအကဲချုပ်သည် တိုက်ပွဲကို အပေါ်စီးမှ ကြည့်ရှုရန် ကောင်းကင်ယံသို့ ပျံသန်းသွားသည်။
ရှောင်ချန်း လက်သီးဆုပ်လိုက်သည်။ “ စီနီယာအစ်ကိုယဲ့ကို... ဂါရဝပြုပါတယ် “
ယဲ့လင်းရှောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ “ ဂျူနီယာညီလေးရှောင်ကို... ဂါရဝပြုပါတယ် “
ထို့နောက် အမျိုးသား နှစ်ဦးစလုံး သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြသည်။
ချွင်...
ဓားနှစ်လက် ဓားအိမ်ထဲမှ ထွက်သွားသည်နှင့် သူတို့၏ ပတ်လည်ရှိ အရှိန်အဝါများက သိသိသာသာ မြင့်တက်လာတော့သည်။
ကြောက်မက်ဖွယ် ဖိအားတစ်ခု ပျံ့နှံ့သွားပြီး တိုက်ပွဲမြေပြင် ပတ်လည် မိုင်ဆယ်ချီသော ဧရိယာကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
နှစ်ဦးစလုံး အရင် မတိုက်ခိုက်ပေ။ သူတို့သည် အရှိန်အဝါကိုသာ ဆက်လက် ထုတ်လွှတ်နေပြီး စိတ်စွမ်းအား သက်သက်ဖြင့် တစ်ဖက်လူကို လွှမ်းမိုးနိုင်ရန် ကြိုးစားနေကြသည်။
တိတ်ဆိတ်သွားသည်။
ကြေးမုံရေကန်ဘေးရှိ ပွဲကြည့်သူများမှာ လုံးဝ တိတ်ဆိတ်သွားကြပြီး လှုပ်ရှားမှု တစ်ခုတလေကို လွတ်သွားမည် စိုးရိမ်သဖြင့် ရေပြင်အထက်ရှိ ပုံရိပ်နှစ်ခုကိုသာ စူးစိုက်ကြည့်နေကြသည်။
ဝှစ်..
လေညင်းလေး တစ်ချက် တိုက်ခတ်သွားပြီး ရေကန်မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်လေးများ ထသွားသည်။ ရှောင်ချန်းသည် သူ၏ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ယဲ့လင်းရှောင်ကမူ သူ၏ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။
ဤ သေးငယ်သော လှုပ်ရှားမှုလေးများက ပြိုင်ဘက်နှစ်ဦး၏ အမြင်မှမလွတ်သွားပေ။ သူတို့ တုံ့ပြန်လိုက်သည့် အခိုက်မှာပင် သူတို့၏ ဓားများကလည်း လှုပ်ရှားသွားကြသည်။
ရှောင်ချန်းက ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်သည်။ သူ၏ ဓားချီသည် ကိုက်ပေါင်းများစွာ အကွာအဝေးအထိ ဆန့်ထွက်သွားသည်။
ယဲ့လင်းရှောင်က ရုတ်တရက် ခုတ်ချလိုက်သည်။ သူ၏ ဓားအလင်းတန်းမှာတော့ ပေရာချီ တောက်ပသွားသည်။
ဘုန်း...
ဓားချက် နှစ်ချက်သည် လေထဲတွင် ထိတိုက်သွားသော်လည်း နှစ်ဦးစလုံးက မရပ်တန့်ကြပေ။ အမွှေးတိုင် တစ်တိုင်စာ မလောင်ကျွမ်းမီ အချိန်လေးအတွင်းမှာပင် သူတို့သည် အကြိမ်ရာနှင့်ချီ၍ အပြန်အလှန် တိုက်ခိုက်ပြီးသွားခဲ့ကြပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ကြေးမုံရေကန်၌ လှိုင်းလုံးများ ပေါက်ကွဲထွက်လာသည်။ သူတို့နှစ်ဦး၏ ဓားချီများ ထိခတ်သွားသည့် နေရာတိုင်းတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်များမှာ ဤမြင်ကွင်းကြောင့် မူးနောက်သွားကြပြီး တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားကြသည်။
အကြိမ်တစ်ရာခန့် အပြန်အလှန် တိုက်ခိုက်ပြီးနောက် နှစ်ဦးစလုံး ခြေလှမ်းအနည်းငယ်စီ နောက်ဆုတ်သွားကြသည်။
ယဲ့လင်းရှောင် သူ၏ ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “ ဂျူနီယာညီလေးရှောင်... မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာဖို့ ထိုက်တန်ပါတယ်။ ငါ ဓားတစ်သောင်းတို့အပြန် နည်းစနစ်ကို ကြည့်ပါဦးမယ် “
ရှောင်ချန်းက သူ၏ ဓားကို ကျက်သရေရှိစွာ လွှဲလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ စီနီယာအစ်ကိုယဲ့ရဲ့ အင်မော်တယ်တစ်ပါး၏ ကောင်းကင်အလွန် က ပြိုင်ဘက်ကင်းတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ ဒီနေ့ မြင်တွေ့ခွင့် ရမလား မသိဘူး “
“ မင်း သိပ်မကြာခင် မြင်ရတော့မှာပါ “
ယဲ့လင်းရှောင် ပြောနေရင်း သူ၏ ဓားကို ဓားအိမ်ထဲသို့ ဖြည်းညှင်းစွာ ပြန်ထည့်လိုက်သည်။ သူ၏ အရှိန်အဝါက အထွတ်အထိပ်သို့ ချက်ချင်း ပြန်လည် မြင့်တက်သွား၏။
တစ်ချိန်တည်းမှာပင် ယဲ့လင်းရှောင်၏ လှုပ်ရှားမှုများကို မြင်သောအခါ ရှောင်ချန်းသည် စွမ်းအားများကို စုစည်းလိုက်သည်။
“ ဓားတစ်သောင်းတို့အပြန် “
ရှောင်ချန်းက ပေါ့ပေါ့ပါးပါး ခုတ်ချလိုက်သည်။ ဓားအလင်းတန်း တစ်ခုနှင့်အတူ မရေမတွက်နိုင်သော ဓားချီများသည် မုန်တိုင်းတစ်ခုပမာ ယဲ့လင်းရှောင်ထံသို့ ပျံသန်းသွားကြသည်။
“ အင်မော်တယ်တစ်ပါး၏ ကောင်းကင်အလွန် “
ယဲ့လင်းရှောင်သည် သူ၏ ဓားကို ရုတ်တရက် ခုတ်ချလိုက်သည်။ ဓားအလင်းတန်း တစ်ခုက မိုးကြိုးလျှပ်စီးများကဲ့သို့ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံ၌ ပေါ်ထွန်းသော သက်တံတစ်စင်းအလား လေထုကို ဖြတ်သန်းသွားကာ အရှိန်မှာ တားဆီး၍ မရနိုင်ပေ။
ထို ဓားအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဓားတစ်သောင်းတို့အပြန်မှ ဓားချီများသည် ဆွေးမြေ့နေသော သစ်သားစပမာ ကျိုးပဲ့သွားပြီး လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
ယဲ့လင်းရှောင်၏မျက်နှာတွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။ သူ မာနကြီးသော်လည်း ပြိုင်ဘက်များ၏ ဓားသိုင်းကို ဘယ်သောအခါမှ အထင်မသေးခဲ့ပေ။ ရန်သူကို သိခြင်းက တိုက်ပွဲတိုင်းကို အနိုင်ရခြင်းပင် မဟုတ်ပါလား။
“ ရှောင်ချန်း... ငါ မင်းရဲ့ ဓားတစ်သောင်းတို့အပြန် နည်းစနစ်ကို ချေဖျက်လိုက်နိုင်ပြီ “
ပြိုင်ပွဲကွင်း တစ်ခုလုံး မှင်တက်သွားကြသည်။
ဓားတစ်သောင်းတို့အပြန် နည်းစနစ်ကို ဓားသမားများစွာက အစွမ်းအထက်ဆုံး နည်းစနစ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြပါသည်။ သို့တိုင်အောင် ယခုအခါ စီနီယာအစ်ကိုယဲ့၏ ချိုးဖျက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
‘ သူ ဘယ်လောက်တောင် သန်မာနေပြီလဲ ‘
ပွဲကြည့်စင်ပေါ်မှ လူများသည် ချူဖုန်းထံသို့ လှမ်းကြည့်လိုက်ကြသော်လည်း သူက အရာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ တည်ငြိမ်စွာ လက်ဖက်ရည် သောက်နေသည်ကိုသာ တွေ့လိုက်ရသည်။
သို့သော် ထိုအချိန်မှာပင် တိုက်ပွဲမြေပြင်တွင် ရုတ်တရက် အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ ရှောင်ချန်းက သူ၏ ဓားကို ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်ရာ ထိုက်ချီ ပုံရိပ်တစ်ခု ပေါ်လာပြီး အင်မော်တယ်တစ်ပါး၏ ကောင်းကင်အလွန်ကို အားစိုက်ထုတ်စရာမလိုဘဲ ပိတ်ဆို့လိုက်သည်။
ရှောင်ချန်း ဒဏ်ရာ မရသည်ကို မြင်သောအခါ ယဲ့လင်းရှောင်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ “ ဒါ... ဒါ မဖြစ်နိုင်ဘူး။ ဘာဓားသိုင်းမလို့ ငါ့ရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်တာလဲ “
“ ထိုက်ချီဓားသိုင်း “
ရှောင်ချန်း၏ မျက်နှာပေါ်တွင် စိတ်ပျက်မှု အရိပ်အယောင် လုံးဝ မရှိပေ။ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များသာ ရှိနေသည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ စီနီယာအစ်ကိုယဲ့ရဲ့ ဓားက ခွန်အား၊ အမြန်နှုန်းနဲ့ ယန် စွမ်းအင်တွေမှာ အထွတ်အထိပ်ပဲ။ ဒါကို ကျွန်တော်က ထိုက်ချီဓားသိုင်းရဲ့ နူးညံ့မှု၊ အနှေးနဲ့ ယင် စွမ်းအင်တွေ သုံးပြီး တန်ပြန်လိုက်တာ။ ဒါကြောင့် ခင်ဗျားရဲ့ တိုက်ခိုက်မှုကို လမ်းကြောင်းလွှဲနိုင်သွားတာလေ “
ယဲ့လင်းရှောင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။ “ မင်း ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာပဲ “
“ ကောင်းကင်ကို ဖွင့်မည့် ဓားတစ်လက် “
ချွင်...
ယဲ့လင်းရှောင် ဓားကို ပြင်းထန်စွာ လွှဲယမ်းလိုက်သည့်အခါ သူ၏ ဓားချီက ကောင်းကင်ကို နှစ်ခြမ်းခွဲပစ်မည့်အလား လေထုကို ဆုတ်ဖြဲသွားသည်။
ပွဲကြည့်စင်ပေါ်တွင် ဓားဘုရင်ရှောင်ယောင်က အလန့်တကြား မတ်တပ်ရပ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ မဆင်မခြင် လုပ်တာပဲ။ အဲဒီကောင်လေးက ဓားရဲ့ တန်ပြန်မှုကို ခံနိုင်မှာ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်က တောင့်ခံထားနိုင်မှာ မဟုတ်ဘူးဟ “
သို့သော် ရှောင်ချန်းက တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် မကြောက်မရွံ့ပေ။ သူ အသက်ရှူအောင့်ကာ စိတ်ကို စုစည်းလိုက်ပြီး ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။
“ ယင်နှင့် ယန်က အဆုံးအစမဲ့...ဓားတစ်သောင်းဆိုတာကလည်း တစ်သားတည်း “
သူ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများက သူ၏ နောက်တွင် ပေါ်လာသည်။ ၎င်းတို့ အားလုံးသည် ယင်နှင့် ယန် ပေါင်းစပ်ထားသော ထိုက်ချီ ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းသွားသည်။
ထိုက်ချီ ပုံရိပ်အတွင်းမှနေ၍ ပေရာချီ ရှည်လျားသော ဓားချီတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းကာ ထွက်ပေါ်လာသည်။
ရေကန်ကိုပင် လွှမ်းခြုံသွားသော ဓားတစ်ချက်ပင် ဖြစ်ပါ၏။
ခြိမ်း
မြေကမ္ဘာတုန်ဟီးသွားမည့် ပေါက်ကွဲသံကြီးနှင့်အတူ ကြောက်မက်ဖွယ် ဓားချီသည် ကြေးမုံရေကန်၏ ထက်ဝက်ခန့်ကို လွှမ်းခြုံသွားတော့သည်။
ဝုန်း...
ဧရာမ ရေလှိုင်းကြီးတစ်ခုက ကောင်းကင်ယံသို့ ထောင်တက်သွားပြီး လေထဲတွင် ပျံဝဲတိုက်ခိုက်နေသော သူနှစ်ဦးလုံးကို ဝါးမျိုသွားသည်။
အချိန်ခဏ ကြာပြီးနောက် ရိုက်ခတ်နေသော ရေလှိုင်းကြီးများသည် နောက်ဆုံးတွင် အောက်သို့ ကျဆင်းလာပြီး ရေကန်ထဲသို့ ပြန်လည် ကျရောက်သွားသည်။
ထိုနေရာရှိ လူတိုင်းသည် ကြေးမုံရေကန်အထက်ရှိ ပုံရိပ်နှစ်ခုထံသို့ သူတို့၏ မျက်လုံးများကို ပြိုင်တူ လှည့်လိုက်ကြသည်။