← Chapters

ဦးလေးအတွက် အံ့ဩစရာတစ်ခု ရှိတယ်

Vol. 12 Ch. 118

ဦးလေးအတွက် အံ့ဩစရာတစ်ခု ရှိတယ်

Vol. 12 Ch. 118

“ ဆရာ... ကျွန်တော်တို့ကို ပေးထားတဲ့ တပည့်သစ် စုဆောင်းရေး လမ်းညွှန်က နည်းနည်းလေး... ထူးဆန်းနေသလိုပဲ “

သောင်းပြောင်းပညာရပ်ဌာနတွင် ရှောင်ချန်းက သူ၏ လက်ထဲရှိ စာရွက်ကို ချထားလိုက်ပြီး စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။

တပည့်သစ် စုဆောင်းရေး လမ်းညွှန်တွင် စည်းကမ်းချက် နှစ်ခုသာ ပါဝင်၏။ တစ်ချက်ချက်နှင့် ကိုက်ညီပါက ဌာနသို့ ဝင်နိုင်သည်။ သို့သော် ထိုအချက် နှစ်ခုလုံးက သူ့ကို အတော်လေး ဇဝေဇဝါ ဖြစ်စေသည်။

ချူဖုန်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “ ဘယ်အပိုင်းက ထူးဆန်းနေလို့လဲ “

ရှောင်ချန်းက ပြောလိုက်သည်။ “ ဘာလို့ တပည့်သစ် စုဆောင်းရမဲ့ ပစ်မှတ်တွေကို မျိုးရိုးနာမည် လင်း၊ ယဲ့၊ ချန် နဲ့ လုံ တွေပဲ ကန့်သတ်ထားရတာလဲ “

အနီးနားရှိ အခြားသူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း နားမလည်ကြပေ။

ချူဖုန်းက ရယ်မောလိုက်သည်။ “ ငါ မှတ်ချက်တစ်ခု ရေးပေးထားတယ်လေ။ တကယ်လို့ အဲဒီ မျိုးရိုးနာမည်နဲ့ တပည့်တွေကို မရှာနိုင်ဘူးဆိုရင် ဟန်၊ ရွှီ၊ လီ နဲ့ ဖုန်း မျိုးရိုးတွေကိုလည်း လက်ခံလို့ ရတယ် “

မူလက သူသည် ကံကြမ္မာသားတော်၏ မျိုးရိုးကြီးလေးခုဖြစ်သော ရှဲ့၊ ရှောင်၊ လင်း၊ ယဲ့ နှင့် ချူ တို့ကို တွေးထားခဲ့သော်လည်း သောင်းပြောင်းပညာရပ်ဌာနတွင် သူက ချူ ဖြစ်ပြီး ရှောင်ချန်းက ရှောင် ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားကာ ကျန်သည့် မျိုးရိုးများကို ချန် နှင့် လုံ တို့ဖြင့် အစားထိုးလိုက်သည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းကမ္ဘာတွင် ထိုမျိုးရိုးများသည် ကံကြမ္မာ၏ သားတော်များပင်။

ယခုအချိန်တွင် ထိုမျိုးရိုးနာမည်များက ရှားပါးနိုင်သော်လည်း အကယ်၍ တစ်ယောက်ယောက်နှင့် ကြုံကြိုက်သွားခဲ့လျှင်ကော။

တိတ်ဆိတ်သွားသည်။ ချူဖုန်းကို မည်သူမှ စကားမဆိုနိုင်ဘဲ အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် ချောင်ရို့ချန်က ဆက်ပြောလာသည်။ “ ဆရာ... မျိုးရိုးနာမည် ကိစ္စကို ဘေးဖယ်ထားလိုက်မယ်ဆိုရင်တောင် ကပ်ဘေးကနေ အသက်ရှင်လွတ်မြောက်လာတဲ့သူနဲ့ အပြေးသန်တဲ့သူ ဆိုတာတွေက ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားတာလဲ “

ချူဖုန်း ရယ်မောလိုက်သည်။ “ မင်းတို့ရဲ့ မေးခွန်းတွေကို ငါ တစ်ခုချင်းစီ ဖြေပေးပါမယ်ကွ “

“ ပထမဆုံး မျိုးရိုးနာမည်ကတော့ ငါ့ရဲ့ စိတ်အစွဲတစ်ခုပဲ။ အဲဒီ မျိုးရိုးနာမည်နဲ့ တပည့်တွေကိုပဲ လက်ခံချင်လို့ “

“ ဒုတိယတစ်ချက်ကတော့ ပိုပြီး ရိုးရှင်းပါတယ်။ ရှေးလူကြီး‌ တွေပြောတာရှိတယ်။ ‘ကပ်ဘေးကနေ အသက်ရှင်လွတ်မြောက်လာသူတွေက နောက်ဆို ကံကောင်းဖို့ပဲ ရှိတော့တာတဲ့။ ကံကောင်းမယ်ဆိုတာက ငါတို့ ခဏခဏပြောနေတဲ့ ကံတရား ဒါမှမဟုတ် ကံကြမ္မာ ဆိုတာနဲ့ သက်ဆိုင်တယ် “

“ ရှောင်ချန်းကိုပဲ ဥပမာအနေနဲ့ ကြည့်လိုက်။ သူ့ရဲ့ ဒန်ထျန်းက ပျက်စီးသွားတယ်၊ စေ့စပ်ပွဲကလည်း ပျက်တယ်၊ဒါတောင် သူ အောင်အောင်မြင်မြင် ပြန်ကျင့်ကြံနိုင်ခဲ့သေးတာပဲ။ အဲဒါတစ်ခုတည်းကတင် သူ့ရဲ့ ကံကြမ္မာ‌ကောင်းကို သက်သေပြလို့ရတယ်။ ချင်းအာ လည်း အတူတူပဲ “

ချူဖုန်း ထိုသို့ ရှင်းပြပြီးနောက် သူတို့၏ ဆရာတူမောင်နှမများကြားတွင် အလားတူ လက္ခဏာများကို စတင် သတိပြုမိလာကြသည်။

အကြီးအကဲပင်း တစ်ယောက်တည်းသာလျှင် ချူဖုန်းကို အံ့အားသင့်စွာ ကြည့်ပြီး မေးလိုက်သည်။ “ ဌာနမှူးချူ... ရှင် သောင်းပြောင်းပညာရပ်ဌာနရဲ့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ကံကြမ္မာအမြင် နည်းစနစ်ကိုများ တတ်မြောက်ထားတာလား “

“ အဲဒီလောက်တော့ မဟုတ်ပါဘူး “ ချူဖုန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ “ ဒါပေမဲ့ ကျုပ်လည်း နည်းနည်းပါးပါးတော့ သိထားတယ်။ ဝတ္ထုစာအုပ်တွေ ဖတ်ကြည့်ပြီးရင်တော့ ခင်ဗျား နားလည်လာလိမ့်မယ်။ သမိုင်းတစ်လျှောက်မှာ ကြီးမြတ်တဲ့ ကံကြမ္မာ ပိုင်ရှင်တိုင်းက သူတော်စင် တစ်ပါး မဖြစ်လာခင် အဆုံးမဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ကြရတာချည်းပဲ “

“ အဲဒီလိုကိုး “

အကြီးအကဲပင်း အတွေးနက်ဟန်ဖြင့် တီးတိုးရေရွတ်၏။ သူမ၏ နောက်ထပ် တပည့်သစ် စုဆောင်းမှုကို ဌာနမှူးချူ၏ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ရမည်လားဟု စဉ်းစားလိုက်သည်။

ရှောင်ချန်းတို့ တပည့်အုပ်စုမှာ လမ်းညွှန်ချက်ကို ချထားလိုက်ကြပြီး လေးစားစွာ ပြောလိုက်သည်။ “ ဆရာ... နောက်လာမဲ့ ဂျူနီယာ တပည့်တွေကို အကဲဖြတ်တဲ့အခါ ဆရာ့ရဲ့ ညွှန်ကြားချက်တွေကို သေချာလေး လိုက်နာပါ့မယ် “

ချူဖုန်းက ပြောလိုက်သည်။ “ ကောင်းပြီ။ ဒီကိစ္စကို တစ်ခန်းရပ်ကြတာပေါ့ “

…

…

ဝမ်တောက်ကျောင်းတော်၏ တပည့်သစ် လက်ခံခြင်း အခမ်းအနားကို စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။ ထိုနေ့ နံနက်စောစောတွင် ချူဖုန်းသည် သူ၏ အဓိကတပည့် လေးယောက်ကို တောင်တံခါးဆီသို့ ခေါ်ဆောင်လာခဲ့သည်။

သောင်းပြောင်းပညာရပ်ဌာနနှင့် ယှဉ်လျှင် အခြားသော ဌာန ရှစ်ခုသည် တပည့်သစ် စုဆောင်းရန်အတွက် အပြင်စည်း အကြီးအကဲများကိုသာစေလွှတ်ခဲ့ကြသည်။ အတွင်းစည်း အကြီးအကဲ တစ်ဦး ပေါ်လာသည်မှာ ရှားပါလှသည်။ ထိုရှားပါးအတွင်းစည်းအကြီးအကဲများမှာလည်း သူတို့ ကြိုတင် ရွေးချယ်ထားပြီးဖြစ်သော တပည့်များကို လာရောက် ခေါ်ဆောင်ကြခြင်းသာ။

သောင်းပြောင်းပညာရပ်ဌာနသည် အတွင်းစည်းနှင့် အဓိကတပည့် ပြိုင်ပွဲ နှစ်ခုစလုံးတွင် ပထမနေရာ ရရှိခဲ့သော်လည်း တပည့်လက်ခံဖို့ ထောင့်တွင်သာ နေရာရသည်။

အခြားသော ဌာန ခုနစ်၏ စမ်းသပ်ဧရိယာမှာ လူများဖြင့် စည်ကားနေသော်လည်း သောင်းပြောင်းပညာရပ်ဌာန ဘက်ခြမ်းမှာမူ လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည်။

အချိန်အနည်းငယ်ကြာတိုင်း တပည့်အနည်းငယ်က လာရောက် စမ်းသပ်ခံကြသေး၏။ သို့သော်လည်း တပည့်လေးယောက်က ပေါ့ပေါ့ပါးပါး မေးခွန်းနှစ်ခုလောက် မေးပြီးသည်နှင့် သူတို့ကို အရည်အချင်း မပြည့်မီကြောင်း ကြေညာလိုက်ကြသည်။

၎င်းက မျှော်လင့်တကြီးဖြစ်နေကြသော တပည့်လောင်းလေးများကို ကြောင်အသွားစေသည်။

‘ငါတို့ စမ်းသပ်မှုကိုတောင် မစရသေးဘူး‌လေ။ဘယ်လိုလုပ်ပြီး အရည်အချင်း မပြည့်မီရတာလဲ ‘

ချူဖုန်း တပည့်စုဆောင်းရာ နေရာသို့ ရောက်လာသော်လည်း ကိုယ်တိုင် အကဲမဖြတ်ပေ။ သူ စပျစ်နွယ်ကုလားထိုင်ပေါ်တွင် မှီလျက် ဝတ္ထုစာအုပ် တစ်အုပ်ကို တိတ်ဆိတ်စွာ ဖတ်ရှုနေသည်မှာ လောကီရေးရာနှင့်ကင်းဝေးသော မဟာဆရာသခင်တစ်ဦးအလား။

ရှောင်ချန်းနှင့် အခြားသူများလည်း အလျင်လိုမနေကြပေ။ မည်သို့ပင်ဖြစ်စေ ကျောင်းအုပ်ကြီးက သောင်းပြောင်းပညာရပ်ဌာန အနေဖြင့် တပည့် မည်မျှအထိ လက်ခံရမည်ဟု ပြောထားခြင်း မရှိပေ။

မန္တာန်ပညာဌာန၏ တပည့်စုဆောင်းရေးစင်မြင့်တွင် ကျင့်ကြံသူလူတန်းကြီးသည် ကွင်းပြင်တစ်လျှောက် ဆန့်တန်းနေသည်။

နှစ်စဉ် တပည့်သစ် လက်ခံခြင်း အခမ်းအနားများတွင် မန္တာန်ပညာဌာနသည် လျှောက်ထားသူ အရေအတွက် အများဆုံးရှိပြီး ၎င်း၏ နောက်တွင် ဓားပညာဌာနနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းဌာနတို့က လိုက်ပါလေ့ရှိကြသည်။

အခြားသော ဌာနများမှာ စမ်းသပ်မှု အောင်မြင်ရန်အတွက် သီးခြား ကျွမ်းကျင်မှု တစ်ခုခု လိုအပ်သည်။

လူတန်းရှည်ကြီး၏ အဆုံးတွင် အကြီးအကဲတစ်ဦးက သူ့ရှေ့က မိန်းမငယ်လေးကို လေးစားစွာ ပြောလိုက်သည်။ “ နဝမ မင်းသမီး... အကြီးအကဲချီ မကြာခင် ရောက်လာတော့မယ်။ အဲဒီလူတွေကို မင်းသမီးရဲ့ ဘေးကို အမြန် ခေါ်ထားလိုက်ပါ။ အကြီးအကဲချီကို စောင့်ခိုင်းထားတာက ရိုင်းရာ ကျလိမ့်မယ် “

နန်ကုန်းယွီ ပြုံးပြီး ပြောလိုက်သည်။ “ စိတ်မပူပါနဲ့ အကြီးအကဲကျောက်။ ကျွန်မ သူတို့ရဲ့ အရှိန်အဝါတွေကို မှတ်ထားပြီးသား။ သူတို့ကို စက္ကူကြိုးကြာငှက်တွေနဲ့ သတင်းစကား ပို့လိုက်ပါ့မယ် “

သူမ စကားပြောရင်း သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းငယ်လေး လေးခုကို ထုတ်ယူလိုက်သည်။ တစ်ခုစီတွင် လူတစ်‌ယောက်၏ အရှိန်အဝါများ ပါဝင်သည်။

သူမ အခြား လက်တစ်ဖက်ဖြင့် စက္ကူကြိုးကြာငှက် လေးကောင်ကို ဖန်တီးလိုက်သည်။ ကြိုးကြာငှက် တစ်ကောင်စီကို ပစ္စည်းတစ်ခုစီပေါ်တွင် တင်လိုက်ပြီးနောက် သူမက ပြောသည်။ “ သွား... မင်းတို့ရဲ့ သခင်တွေကို သွားရှာပြီး ငါ ဒီမှာ စောင့်နေတယ်လို့ ပြောလိုက် “

ထိုသို့ပြောပြီးနောက် စက္ကူကြိုးကြာငှက်များသည် အတောင်ပံများကို ခတ်ကာ လူအုပ်ကြီးထဲသို့ ပျံသန်းသွားကြသည်။

အချိန်ခဏအကြာ၌ မိန်းမနှစ်ယောက်နှင့် ယောကျာ်းတစ်ယောက် နန်ကုန်းယွီ၏ ရှေ့တွင် ပေါ်လာကြသည်။ သူမကို မြင်သည်နှင့် သုံးယောက်လုံးက ဦးညွှတ်လိုက်ကြသည်။

“ လီချင်းချင်း နဝမ မင်းသမီးကို ဂါရဝပြုပါတယ် “

“ ကျောက်ရှန် သခင်မလေး နန်ကုန်းကို ဂါရဝပြုပါတယ် “

“ ဟူဟိုင်းထောင်က မင်းသမီးကို ဂါရဝပြုပါတယ် “

“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ “

နန်ကုန်းယွီက သူမရှေ့ရှိ သုံးယောက်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူမ၏ကိုယ်မှ တော်ဝင်နွယ်ဖွားများ၏ ဂုဏ်ရှိန်များ ဖြာထွက်နေသည်။

လီချင်းချင်းသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခါးတွင် ဘူးသီးခြောက် တစ်ခုကို ချိတ်ဆွဲထားသည်။ ဆေးဆရာတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

ကျောက်ရှန်က ဓားသမားတစ်ဦးပင်။ ဟူဟိုင်းထောင်မှာမူ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းသော တောင့်တင်းခိုင်မာသည့် အမျိုးသားတစ်ဦးဖြစ်သည်။

“ ကျေးဇူးတင်ပါတယ် သခင်မလေး “ သုံးယောက်သား တညီတညွတ်တည်း ပြောလိုက်ကြသည်။

နန်ကုန်းယွီက စကားစလိုက်သည်။ “ ကျွန်မ ရှင်တို့ကို ဘာလို့ ခေါ်လိုက်တာလဲဆိုတာ သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ခဏနေရင် မန္တာန်ပညာဌာနရဲ့ အတွင်းစည်း အကြီးအကဲဖြစ်တဲ့ ကျွန်မဦးလေး လာလိမ့်မယ်။ ရှင်တို့ကိုပါ စမ်းသပ်မှုမှာ ပါဝင်ဖို့ ခေါ်သွားပေးမယ်။ ဒီလိုဆို အချိန်ကုန်သက်သာတယ် “

“ သေချာတာပေါ့... တကယ်လို့ ဝမ်တောက်ကျောင်းတော်ကို ဝင်ဖို့အတွက် ကိုယ်ပိုင် စွမ်းအားအပေါ်ပဲ မှီခိုချင်တယ်ဆိုရင် ထွက်သွားလို့ ရပါတယ် “

ထိုသုံးယောက်က အရူးများ မဟုတ်ကြပေ။ သူမ စကားများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူတို့ နားလည်ကြပါသည်။

ဟူဟိုင်းထောင်က ပထမဆုံး ရှေ့ထွက်လာပြီး သူ၏ သစ္စာရှိမှုကို ကြေညာလိုက်သည်။ “ ကျွန်တော် ဟူဟိုင်းထောင်... မင်းသမီးကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ် “

၎င်းကို မြင်သောအခါ အခြား နှစ်ယောက်ကလည်း အလျင်အမြန် ပြောလိုက်ကြသည်။ “ ကျွန်မတို့လည်း မင်းသမီးကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ် “

သူတို့ ရှေ့တွင် ရပ်နေသူမှာ မဟာယွီ အင်ပါယာ၏ နဝမ မင်းသမီး ဖြစ်သည်။ မဟာယွီတော်ဝင်မိသားစု၌ သူတော်စင်တစ်ပိုင်းအဆင့် တစ်ဦးရှိပြီး ဝမ်တောက်ကျောင်းတော်နှင့် တိုက်ရိုက် ဆက်သွယ်မှု ရှိသည့် သူမဘက်တွင် ရပ်တည်ရန် မရွေးချယ်လျှင် ရူးနေလို့သာပင်။

နန်ကုန်းယွီ ပြုံးလိုက်သည်။ “ အရမ်းကောင်းတယ်။ အခု နောက်ဆုံး တစ်ယောက်ကိုပဲ စောင့်ဖို့ လိုတော့တယ် “

သုံးယောက်သား ငြိမ်သက်စွာသာ စောင့်နေသည်။ အာဏာရှိသူနှင့် ပတ်သက်သော ကိစ္စများသည် သူတို့ ဝင်ရောက်စွက်ဖက်ခွင့် ရှိသော အရာများ မဟုတ်ချေ။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ရုတ်တရက် ဆင်းသက်လာသည်။

“ ရှောင်ယွီ... မင်း စောင့်နေတယ်ဆိုတဲ့သူက... ဦးလေး ကို ပြောတာလား “

အသံကို ကြားသောအခါ နန်ကုန်းယွီသည် တောက်ပသော အပြုံးဖြင့် လှည့်ကြည့်လိုက်ပြီး အသစ်ရောက်လာသူကို နှုတ်ဆက်လိုက်သည်။

“ ယွီအာ ဦးလေးကို ဂါရဝပြုပါတယ် “

အကြီးအကဲကျောက်နှင့် အခြား သုံးယောက်ကလည်း လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

“ ကျွန်တော်တို့ စီနီယာကို ဂါရဝပြုပါတယ် “

“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ “

အကြီးအကဲချီက ထိုလေးယောက်ကို လျစ်လျူရှုထားလိုက်ပြီး သူ၏ တူမဖြစ်သူကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။

နန်ကုန်းယွီက တခစ်ခစ် ရယ်မောလိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။ “ မဟုတ်ရပါဘူးရှင်။ ကျွန်မ ပြောတဲ့သူက တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်လေး တစ်ယောက်လေ။ ဒီနေ့ သူ့ကို ဒီ ခေါ်လာပြီး ဦးလေးကို အံ့ဩသွားအောင် လုပ်ချင်လို့ပါ “

၎င်းကို ကြားသောအခါ ကျန်သုံးယောက်မှာ အနည်းငယ် မသက်မသာ ဖြစ်သွားသည်။ ထိုလူ ပေါ်လာသည်နှင့် သူ့ကို ကောင်းကောင်းလေး ကြိုဆိုပေးရမည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။

“ အို “

တူမဖြစ်သူကို အလွန် အလိုလိုက်သော အကြီးအကဲချီသည် အပြုံးဖြင့် ပြုံးလိုက်သည်။ “ ဒါဆိုလည်း ဒီနေ့ ဦးလေး နည်းနည်း ထပ်စောင့်ပေးရတာပေါ့။ ဘယ်လို ထူးချွန်တဲ့ လူငယ်လေးကများ ရှောင်ယွီရဲ့ အာရုံစိုက်မှုကို ရသွားလဲဆိုတာ ကြည့်ကြသေးတာပေါ့ “

All Chapters