အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း ၁၁၃ - သိပ္ပံပညာရှင် တစ်ဦး၏ စိတ်ပျက်မှု နှင့် မြေအောက်ကမ္ဘာမှ ကမ်းလှမ်းချက်
နေဝင်ရီတရော အချိန်တွင် ဟန်ယုသည် လီမေ၏ ဓာတ်ခွဲခန်းသို့ ပြန်ရောက်လာသည်။
ဆေးဘက်ဝင် မီးခိုးနံ့နှင့် မျက်ခုံးမွေး တူးနံ့များက ယခင်ကကဲ့သို့ပင် စိတ်သက်သာရာ ရစေ၏။ ချုံပုတ်ထဲသို့ တမင်တကာ ပစ်ဝင်ခဲ့မှုကြောင့် သူ့ခန္ဓာကိုယ် နာကျင်နေဆဲ ဖြစ်သော်လည်း သူ့ပိုက်ဆံအိတ်ထဲတွင် ရွှေပြား ၂၀ က တချွင်ချွင် မြည်နေသည်။
သူ လေချွန်ရင်း ဝင်သွားလိုက်၏။
လီမေက သံသယ ဖြစ်ဖွယ် တောက်ပနေသော အခိုးအငွေ့များ ထွက်နေသည့် ဒယ်အိုးကြီးရဲ့ေဘးမှ မော့ကြည့်လိုက်သည်။
"အို... ကောင်းတယ်... မင်း ပြန်ရောက်လာပြီပဲ... နောက်ထပ် ဆေးတစ်လုံးအတွက် အဆင်သင့် ဖြစ်ပြီလား..."
ဟန်ယုက သူ့ဝတ်ရုံကို ခန့်ညားစွာ ချွတ်လိုက်၏။ "ဒီနေ့တော့ မဖြစ်ဘူး ဆရာမရေ... ကျွန်တော် တာဝန်ချိန် ပြည့်သွားပြီ... ပြီးတော့ နည်းနည်း ပင်ပန်းနေတယ်..."
"တာဝန်ချိန် ပြည့်ပြီ ဟုတ်လား... မင်း ခေါင်း ထပ်ခိုက်မိလာပြန်ပြီလား... မင်းက ငါ့ရဲ့ စမ်းသပ်ခံ ကြွက် လုပ်မယ်လို့ ပြောထားတာလေ..." လီမေ မျက်တောင်ခတ်လိုက်၏။ "ဒါ့အပြင် မင်း ပင်ပန်းနေရင် အဲဒါကို ကုပေးနိုင်တဲ့ ဆေးတွေ ငါ့မှာ အများကြီး ရှိပါတယ်..." သူမ ထပ်ပြောလိုက်သည်။
"မှန်ပါတယ်... ဒါပေမဲ့ ဒီနေ့ ကျွန်တော်က မင်းဆေးတွေကို စမ်းသပ်တာထက် ပိုပြီး သေမင်းနဲ့ ရင်ဆိုင်ရတဲ့ အလုပ်တစ်ခု လုပ်ပြီး ပိုက်ဆံ ဝင်လာတယ်... အစေခံ စွမ်းရည်စစ်ဆေးပွဲမှာ ၅ ပွဲ ဝင်နွှဲခဲ့တယ်လေ..."
သူမ ခေါင်းစောင်းလိုက်၏။ "မင်း အဲဒီ စွမ်းအားကြီးတဲ့ သိုင်းကွက်... ဘာပါလိမ့်... မိုးကြိုးနတ်ဘုရား လက်သီး ကို မသုံးခဲ့ဘူး မဟုတ်လား..."
လီမေသည် ဟန်ယု၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းခဲ့ပြီး သူထက် သာလွန်သူများကို မည်သို့ အနိုင်ယူခဲ့သည်ကို သိရှိထားသည်။ ဟန်ယု ထိုကဲ့သို့ သိုင်းကွက်မျိုး မည်သို့ ရရှိခဲ့သည်ကို မေးမြန်းခဲ့ရာ သူတောင်းစား တစ်ယောက်ထံမှ ရရှိခဲ့ကြောင်း သိလိုက်ရသဖြင့် အံ့သြခဲ့ရသည်။
သူမ အမှန်တကယ် အံ့သြခဲ့ပြီး ထိုသိုင်းကွက်ကို စမ်းသပ် လေ့လာလိုသော်လည်း ဟန်ယုတွင် ကျမ်းစာအုပ် မရှိပေ။ သူတောင်းစား၏ နှုတ်ဖြင့် သင်ကြားမှုနှင့် လက်တွေ့ ပြသမှုမှတဆင့်သာ သင်ယူခဲ့ရသဖြင့် လီမေ ဘာမှ မတတ်နိုင်ခဲ့ပေ။
"သုံးစရာ မလိုခဲ့ပါဘူး..." ဟန်ယု ပြန်ဖြေလိုက်၏။
သူမ မျက်ခုံး လှုပ်သွားသည်။ "နေဦး... မင်း တကယ် နိုင်ခဲ့တာလား..." သူမက သူ့ကို အထက်အောက် ကြည့်လိုက်သည်။
"ငါးပွဲမှာ လေးပွဲ နိုင်တယ်... နောက်ဆုံးတစ်ပွဲကတော့ တမင် ရှုံးပေးလိုက်တာ... ဘဏ္ဍာရေး အကြောင်းပြချက်တွေကြောင့်ပေါ့..." ဟန်ယု ဖြေလိုက်၏။
"...ရှင်းပြစမ်း..." လီမေက လက်မခံနိုင်သည့် ပုံစံဖြင့် မေးလိုက်သည်။
ဟန်ယုက စားပွဲကို ဘဝင်မြင့်စွာ မှီလိုက်၏။ "အစေခံတွေက ငါ့ဘက်က လောင်းကြေးထပ်ကြတယ်လေ... ဒါနဲ့ ငါက ငါ့ဘက်က မလောင်းဘဲ ငါရှုံးမယ့်ဘက်က လောင်းလိုက်တာ..."
"မင်း အမြတ်ရဖို့ ကိုယ့်ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်ပေါ့..."
"တရားဝင် ပြောရရင်တော့... ကျိန်စာသင့် ဒူးခေါင်းကြီး အကြောင်း အော်ဟစ်ပြီး ချုံပုတ်ထဲ ပစ်ဝင်လိုက်တာပါပဲ..."
လီမေ စိုက်ကြည့်နေသည်။
ထို့နောက် သူမ သက်ပြင်းချလိုက်၏။ "မင်းက ရူးသွပ်တဲ့ ပါရမီရှင် တစ်ယောက်ပဲ... ပြီးတော့ မင်းရဲ့ အသက်ရှင်သန်လိုစိတ်က နေရာလွဲနေတယ်..."
"အဲဒါကို ချီးကျူးစကား အဖြစ် မှတ်ယူလိုက်မယ်..." ဟန်ယု ပြုံးလိုက်သည်။
လီမေက မော့မကြည့်ဘဲ သစ်သားဗန်း တစ်ခုကို ကမ်းပေးလိုက်၏။ "ရော့... မနေ့က သေလုနီးပါး ဖြစ်ခဲ့တဲ့ အတွက် လုပ်ခ... ရွှေပြား ၃ ပြား နဲ့ စမ်းသပ်ဆဲ ပစ်ပေါက်ဆေး ၂ လုံး... အဲဒါတွေ မစားနဲ့နော်..."
ဟန်ယု ဆေးလုံးများကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းတို့က နွေးထွေးပြီး အနည်းငယ် တုန်ခါနေကာ တစ်လုံးမှာ နိမိတ်မကောင်းစွာ တဝီဝီ မြည်နေ၏။
"ဒါတွေက ပေါက်ကွဲတတ်လား..."
"ထိလိုက်ရင် ပေါက်ကွဲမှာ... အရောင်စုံ ထွက်လာနိုင်ခြေ ရှိတယ်..."
"ကောင်းတယ်..."
တားမြစ်ထားသော မီးရှူးမီးပန်းများ ရလိုက်သော ကလေးတစ်ယောက်ကဲ့သို့ သူ ပျော်ရွှင်စွာ အိတ်ထဲ ထည့်လိုက်သည်။
လီမေက သူမ၏ ဒယ်အိုးကို ပြန်မွှေလိုက်၏။
"မနက်ဖြန် ပြန်လာခဲ့... အဲဒီ ကျင့်ကြံခြင်း ဆေးလုံးကို ပြုပြင်ဖို့ ငါ စဉ်းစားနေတာ... ဝက်ဝံ သည်းခြေ နည်းနည်းလောက် ထည့်လိုက်ရင် အာနိသင် နှစ်ဆ ဖြစ်သွားနိုင်တယ်..."
ဟန်ယု မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ "သည်းခြေ ဟုတ်လား... ဝက်ဝံအစစ်ဆီက လာတာလား..."
"ဟုတ်တယ်... ခန္ဓာသန့်စင်ခြင်း ဒသမအဆင့် ရှိတဲ့ ဝက်ဝံဆီက ရတာလေ..." လီမေ အတည်ပြုလိုက်၏။
"...မိုးလင်းမှ တွေ့မယ်..."
ထိုနေ့ ညဘက်တွင်
ဟန်ယုသည် အခန်းဖော်များနှင့် အတူနေရသော အဆောင်ခန်းထဲ၌ အနားယူနေသည်။
ယိုင်နဲ့နဲ့ ခုတင်ပေါ်တွင် လှဲလျောင်းရင်း သူ့ရွှေပြားများကို ထပ်ခါတလဲလဲ ရေတွက်နေ၏။ တချိန်တည်းမှာပင် ပစ်ပေါက်ဆေး တစ်လုံးကို ရွှင်မြူးနေသော နတ်ဆိုးလေး တစ်ကောင်ကဲ့သို့ လေထဲသို့ မြှောက်လိုက် ဖမ်းလိုက် ကစားနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
သူ သတိထားပြီး ဖွင့်လိုက်၏။
ဂိုဏ်းသားဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး အပြင်ဘက်တွင် ရပ်နေသည်။ သူ့လက်မောင်းအင်္ကျီများက ရှည်လွန်းနေပြီး အပြုံးက တည်ငြိမ်လွန်းနေကာ မျက်လုံးများတွင်မူ ပြစ်မှုကျူးလွန်တော့မည့် သူများတွင် ရှိတတ်သော စိတ်မသက်သာစရာ အရောင်များ တောက်ပနေ၏။
"ဟန်ယု ဆိုတာလား..." ထိုလူက မေးလိုက်သည်။
"...မေးတဲ့သူ အပေါ် မူတည်တယ်..."
"ငါ့နာမည်က လော့ဖန်... ဒီနေ့ မင်းရဲ့ တိုက်ပွဲတွေ အကြောင်း ကြားတယ်... ဒုတိယပွဲမှာ ကျောက်တုံး ဝူ ကို တိုက်ကွက် တစ်ကွက်တည်းနဲ့ လှဲလိုက်တာလေ... လှပတယ်... ကဗျာဆန်တယ်... ကြိုးကြာငှက်က ကျောက်တုံးကြီးကို တောင်ပေါ်က ကန်ချလိုက်သလိုပဲ..."
ဟန်ယု မျက်တောင်ခတ်လိုက်၏။ "ဟုတ်ကဲ့..."
"ငါက... ကျင့်ကြံသူ တစ်စု ကို ကိုယ်စားပြုတယ်..." လော့ဖန် က ချောမွေ့စွာ ပြောလိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ စာအိတ်တစ်အိတ်ကို ဟန်ယု လက်ထဲ ထည့်ပေးလိုက်သည်။
"ငါတို့က အထူးပွဲတွေ စီစဉ်လေ့ ရှိတယ်... ဖိတ်ကြားခံရသူများသာ လာလို့ရတယ်... စွန့်စားရမှု မြင့်မားသလို အကျိုးအမြတ်ကလည်း မြင့်မားတယ်..."
ဟန်ယု စာအိတ်ကို ကြည့်လိုက်၏။
စက္ကူအနက်ရောင်။ ရွှေရောင် မင်။ သွေးစွန်းနေသော နှလုံးသားထဲသို့ ကျိုးပဲ့နေသော ဓားမြှောင် စိုက်ထားသည့် ပုံသဏ္ဌာန် တံဆိပ်တုံး။
ဟန်ယု စာဖတ်နေစဉ် လော့ဖန် က သူ့ကို အကဲခတ်နေသည်။
ဟန်ယုက ကိုယ်စားလှယ်လောင်းကောင်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ လင်းကျယ် ပြောတာ မှန်သားပဲ... အကွက်ဆင်တတ်မှုတွေ အများကြီးထဲမှာ ပါဝင်ပတ်သက်နေပေမဲ့ ပါးစပ်လုံပုံ ရတယ်...
တခြားလူတွေလောက်လည်း တင်းကျပ်မနေဘူး... ငါတို့အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လောက်တယ်...' လော့ဖန် တွေးလိုက်မိ၏။
သူ့ကျင့်ကြံခြင်း အဆင့်ကို သေချာစေရန် ဟန်ယုကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
'လင်းကျယ် ပြောသလိုပဲ... နဝမအဆင့်... သူ ကြီးထွားတာ မြန်သားပဲ...' လော့ဖန် တွေးလိုက်၏။ 'ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ သူ့ကို သုံးပြီး 'အသံတိတ် မြင်းပျံ' ပွဲကောင်းကောင်းလေး စီစဉ်လို့ ရနိုင်တယ်...'
ဤအရာမှ အကျိုးအမြတ် အများဆုံး မည်သို့ ရနိုင်မည်ကို သူ တွက်ချက်နေပြီ ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် သိတတ်ပြီး 'နှိုင်းရ ကိုယ်ကျင့်တရား' ကို လက်ကိုင်ထားသော ဤကဲ့သို့ သင့်တော်သည့် အစေခံမျိုး ရှာတွေ့ရန် မလွယ်ကူပေ။
"ခင်ဗျား ကျွန်တော့်ကို မြေအောက် တိုက်ခိုက်ရေးဝိုင်း ကို ဖိတ်ခေါ်နေတာလား..." ဟန်ယု စာဖတ်ပြီးသွားသဖြင့် မေးလိုက်သည်။
"ငါတို့ကတော့ 'စည်းမျဉ်းမဲ့ သိုင်းပညာ ပြပွဲ' လို့ ခေါ်ရတာ ပိုကြိုက်တယ်..."
"...ခင်ဗျား ဆိုလိုတာက စားပွဲခင်း အလှလေး ခင်းထားတဲ့ လမ်းဘေးရန်ပွဲ မဟုတ်ဘူးလား..."
"အတိအကျပဲ..."
ဟန်ယု တုံ့ဆိုင်းနေ၏။ "ပြီးတော့ ဆုကြေးကရော..."
လော့ဖန် က ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။
"ရွှေ... ဆေးလုံး... ရှေးဟောင်းပစ္စည်း... ပြီးတော့... သတင်းအချက်အလက်..."
ဟန်ယု မျက်လုံးများ လှုပ်ခါသွား၏။ ရွှေနှင့် ဆေးလုံးများ၏ အကျိုးကျေးဇူးက ထင်ရှားသည်။ ရှေးဟောင်းပစ္စည်း ဆိုသည်မှာ အစေခံ တစ်ယောက် ပိုင်ဆိုင်ထားလျှင် ပြဿနာ ဖြစ်နိုင်သဖြင့် မေးခွန်းထုတ်စရာ ဖြစ်သည်။
သို့သော် သတင်းအချက်အလက် ဟုတ်လား... အဲဒါက လျှို့ဝှက် နည်းစနစ်တွေ၊ ဝှက်ထားတဲ့ ရတနာတွေ၊ ဒါမှမဟုတ် အဝတ်လျှော် တာဝန်ကနေ ထာဝရ ရှောင်တိမ်းနိုင်မယ့် နည်းလမ်းတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
"ငါ စဉ်းစားလိုက်ပါဦးမယ်..." ဟန်ယု ပြောလိုက်၏။
"မနက်ဖြန် ညအထိ အချိန်ရမယ်..." လော့ဖန် က လူတွေကို စိတ်ရှုပ်အောင် တမင်တကာ ပျောက်ကွယ်သွားသည့် နည်းလမ်းကို လေ့ကျင့်ထားသူ တစ်ဦးကဲ့သို့ အရိပ်ထဲတွင် ပျောက်ကွယ်သွားရင်း ပြောလိုက်သည်။
ဟန်ယု စာအိတ်ကို ကိုင်လျက် တံခါးပိတ်လိုက်၏။
သူ စာအိတ်ကို စိုက်ကြည့်နေမိသည်။
"...ဒီကိစ္စမှာ ကြက်တွေ မပါရင် ကောင်းမယ်..." ဟန်ယု တီးတိုး ပြောလိုက်၏။ "ဒါမှမဟုတ် ပိုဆိုးတာက... ငါ ပြဿနာ ရှာထားမိတဲ့ လူတွေရဲ့ အကွက်ဆင်တာတွေ မဖြစ်ပါစေနဲ့..." ဒါက သူ အစိုးရိမ်ဆုံး အပိုင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဒါက သူ့ကို ဖယ်ရှားပစ်ပြီး ခြေရာလက်ရာ ဖျောက်ဖျက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်သည်။
ဖော်ထုတ်ခံရလျှင်ပင် တရားမဝင် တိုက်ခိုက်ရေးပွဲတွင် ပါဝင်ခဲ့သူမှာ ဟန်ယု ဖြစ်သဖြင့် သူ့အမှားသာ ဖြစ်သွားပေလိမ့်မည်။
အခန်း ၁၁၄ - သစ်တော တိုက်ခိုက်ရေး ကွင်းပြင်
နောက်တစ်နေ့တွင် ဟန်ယု နိုးလာပြီး သူ့တာဝန်များကို စောစောပြီးစီးစေရန် လီမေထံ တန်းသွားလိုက်သည်။ ညဘက် 'အစည်းအဝေး' အတွက် ပြင်ဆင်ထားသဖြင့် စမ်းသပ်ဆေးများကြောင့် ဒဏ်ရာ မရချင်ပေ။
ထို့ကြောင့် ဒီနေ့ အန္တရာယ်ရှိသော ဆေးများ မစမ်းသပ်ရန် လီမေကို တောင်းပန်ခဲ့ရာ ကံကောင်းထောက်မစွာပင် လွတ်မြောက်ခဲ့သည်။
ခြေဖဝါး ယားယံစေသော ဆေးတစ်လုံး၊ ပုံရိပ်ယောင် များကို မြင်ယောင်စေသော ဆေးတစ်လုံးနှင့် အင်္ဂလိပ်အက္ခရာ 'အီး' ပါသော စကားပြောတိုင်း နှာချေစေသော ဆေးတစ်လုံးတို့ဖြင့်သာ ပြီးသွားခဲ့၏။
ထို့နောက် လီမေ၏ နေရာကို သန့်ရှင်းရေး လုပ်ပေးပြီး ပစ္စည်းများ စီပေးလိုက်သည်။ သူမ၏ နေရာတွင် အမှိုက်များနှင့် ပျက်စီးနေသော စမ်းသပ်ပစ္စည်းများ မည်မျှ ရှိသည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။ သူမ၏ စမ်းသပ်မှုများနှင့် အန္တရာယ်များကြောင့် အခြား အပြင်စည်း ဂိုဏ်းသားများကဲ့သို့ လူနေ တောင်ထွတ်များပေါ်တွင် မနေရဘဲ တောင်ခြေတွင် လာနေရခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ သူမ ဝင်ငွေကောင်းသဖြင့် အိမ်ကောင်းကောင်းနှင့် အလုပ်ရုံ ဆောက်လုပ်ရန် မခဲယဉ်းပေ။ ပြောရလျှင် သူမ လိုအပ်သော သီးသန့်ဆန်မှုကို ရရှိပြီး အခြားသူများ၏ အနှောင့်အယှက် မရှိပေ။
တခြားတစ်ဖက်တွင်မူ သူမအိမ်နားရှိ လမ်းမပေါ် ဖြတ်သန်းသွားလာရသော လူတိုင်းကို သူမ စိတ်ကြိုက် ဒုက္ခပေးခွင့် ရရှိထားသည်။ သူမနှင့် ပက်ပင်းတိုးမိလောက်အောင် မိုက်မဲသော အစေခံများ၊ သို့မဟုတ် အပြင်စည်း ဂိုဏ်းသားများကို ဖမ်းဆီးပြီး စမ်းသပ်လေ့ ရှိ၏။
သားကောင် ဖြစ်ခဲ့ရသူ များပြားလွန်းသဖြင့် မည်သူမျှ သူမအနား မကပ်ရဲကြတော့ပေ။ လမ်းပိုဝေးလျှင်တောင် အခြားလမ်းမှ ကွေ့ပတ်သွားကြသည်။
ထို့ကြောင့်ပင် လီမေမှာ နောက်ထပ် စမ်းသပ်ခံ သတ္တဝါ ရှာဖွေရန် လှည့်လည် သွားလာနေရခြင်း ဖြစ်သည်။
ယခုအချိန်အထိ သူမ၏ အကြာရှည်ဆုံး စမ်းသပ်ခံ ဖြစ်လာသော ဟန်ယုကို မတွေ့ခင်အထိပေါ့။
ဟန်ယု တာဝန်ပြီးသွားသောအခါ အခန်းသို့ ပြန်နားပြီး ညဘက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ဟန်ယုသည် ညအမှောင်ကို အကာအကွယ်ယူပြီး အရှေ့ဘက် တောအုပ် အစပ်သို့ ရောက်လာ၏။ အနက်ရောင် ဖိတ်စာက သူ့အင်္ကျီလက်ကြားထဲတွင် ပူလောင်နေသကဲ့သို့ ရှိသည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက "မကောင်းတဲ့ အကြံပဲ" ဟု အော်ဟစ်နေသော်လည်း စူးစမ်းလိုစိတ်နှင့် ရွှေပြားများ ရရှိမည့် ကတိက သူ့ကို ဆွဲခေါ်လာခဲ့သည်။
သစ်ပင်များသည် ထူထပ်ပြီး ရှေးကျကာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ နောက်ဆုံးတွင် အဝေးမှ ဖျော့တော့သော အလင်းရောင်ကို တွေ့လိုက်ရသည်။ သားရဲတစ်ကောင်၏ မျက်လုံးများကဲ့သို့ မီးရောင်များ တဖျပ်ဖျပ် လက်နေ၏။
ကွင်းပြင်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
တောအုပ်ကြမ်းပြင်တွင် ကြီးမားသော စက်ဝိုင်းတစ်ခုကို ရှင်းလင်းထားပြီး အဆောင်လက်ဖွဲ့များ၊ သွေးစွန်းနေသော ဝိညာဉ်ကြိုးများဖြင့် ခိုင်ခံ့အောင် လုပ်ထားသည်။ ကျောက်ပြားများပေါ်တွင် ယာယီ ပွဲကြည့်စင်များ လုပ်ထားပြီး အစေခံများ၊ အပြင်စည်း ဂိုဏ်းသားများ၊ လမ်းမှားကျင့်ကြံသူများ နှင့် ဘယ်ကမှန်း မသိရသော မျက်နှာဖုံးစွပ် လူအချို့ ပါဝင်သည့် ကျင့်ကြံသူ အမျိုးမျိုးတို့သည် ဝိုင်ခွက်များ၊ ဝိညာဉ်ကျောက်တုံး အိတ်များနှင့် ပြူးကျယ်သော မျက်လုံးများဖြင့် ဝိုင်းထိုင်နေကြသည်။
လူတစ်ယောက်ကို ကွင်းထဲသို့ ပစ်ထည့်လိုက်၏။ထိုသူမှာ သွေးများဖြင့် ပေကျံနေပြီး အသက်ကို ပြင်းပြင်း ရှူနေရ၏။
သူ့မျက်နှာချင်းဆိုင်တွင် ခန္ဓာကိုယ်၌ သွေးရောင် တက်တူးများ ထိုးထားပြီး သူမကိုယ်ထက် နှစ်ဆခန့် ကြီးမားသော လှံတံကို ကိုင်ဆောင်ထားသည့် အမျိုးသမီးကြီး တစ်ဦး ရပ်နေသည်။
တိုက်ပွဲ စတင်သည်နှင့် ဟန်ယု အံ့သြတကြီး ကြည့်နေမိ၏။ ဒါက ခွန်အား ပြိုင်ပွဲ သက်သက် မဟုတ်၊ စစ်ပွဲ တစ်ခု ဖြစ်သည်။ ထိုအမျိုးသမီးက မုန်တိုင်းကဲ့သို့ တိုက်ခိုက်လိုက်သည်။ အရိုးကျိုးသံများ ထွက်ပေါ်လာ၏။ သွေးများ ဖြာထွက်သွားသည်။ ထိုလူ တစ်ချက် အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ် မြေကြီးပေါ် လဲကျသွားကာ မလှုပ်ရှားတော့ပေ။
ဟန်ယု မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ထို့နောက် ကြေညာသူက လက်မြှောက်လိုက်၏။ "သေပြီ..." သူက ရွှင်လန်းစွာ အော်ဟစ်လိုက်သည်။ "လှံတံနီ နိုင်သွားပါပြီ... ဆုကြေးတွေကို ဆိုင်ခန်း ၃ မှာ ထုတ်ပါ..."
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြသည်။ အချို့က ဝိညာဉ်ကျောက်တုံးများကို စက္ကူများကဲ့သို့ ကွင်းထဲသို့ ပစ်ထည့်လိုက်ကြ၏။
ဟန်ယု ချက်ချင်း နောက်လှည့်လိုက်သည်။ "မဖြစ်ဘူး... မဖြစ်ဘူး... မဖြစ်ဘူး... ဒါ ငါနဲ့ မဆိုင်ဘူး..."
သို့သော် သူ နောက်တစ်လှမ်း ဆုတ်လိုက်သည်နှင့် ပုံရိပ်နှစ်ခု သူ့ဘေးတွင် ပေါ်လာ၏။ သရဲတစ္ဆေများကဲ့သို့ တိတ်ဆိတ်ပြီး သံမဏိကဲ့သို့ မာကျောသည်။
အရပ်ရှည်ပြီး ဝတ်ရုံခြုံထားကာ မျက်နှာကို လုံးဝ ဖုံးအုပ်ထားသော တစ်ဦးက ဟန်ယု ပခုံးပေါ် လက်တင်လိုက်သည်။
"ပထမဆုံးအကြိမ်လား..."
ဟန်ယု အတင်း ပြုံးလိုက်ရ၏။ "ဟားဟား... ဟုတ်တယ်... ပြီးတော့ နောက်ဆုံးအကြိမ်လည်း ဖြစ်လိမ့်မယ်... ဘာလို့လဲဆိုတော့ အခု အိမ်ပြန်ပြီး သွားငိုတော့မလို့..."
အခြားတစ်ယောက်က အနားတိုးလာသည်။
"ဝင်လာပြီးရင် တိုက်ရမယ်... အနည်းဆုံး တစ်ပွဲ... အဲဒါ စည်းကမ်းပဲ..."
"ကျွန်တော့်ကို အဲဒီ စည်းကမ်း မပြောပြထားပါဘူး..." ဟန်ယု အသံမြင့်သွား၏။
မျက်နှာဖုံးစွပ် ပုံရိပ်က ပွဲကြည့်စင်ဘက်သို့ ညွှန်ပြလိုက်သည်။ "သေချာ ကြည့်လိုက်... သူတို့ထဲက အများစုလည်း မသိခဲ့ကြပါဘူး..."
ဟန်ယု လူအုပ်ကြီးကို လှမ်းကြည့်လိုက်၏။
ယခုမှ သတိထား ကြည့်မိတော့ မျက်နှာအချို့တွင် တင်းမာမှုများ၊ ပိုက်ဆံအိတ်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားမှုများ၊ ခြေထောက်များ အနည်းငယ် တုန်ယင်နေမှုများကို တွေ့လိုက်ရသည်။
ဒါက လူတိုင်းအတွက် ဖျော်ဖြေရေး မဟုတ်ပေ။ အချို့က ရွေးချယ်စရာ မရှိလို့ ရောက်နေကြခြင်း ဖြစ်သည်။
ဟန်ယု တံတွေး မျိုချလိုက်၏။ "တကယ်လို့ ကျွန်တော် မတိုက်ဘူး ဆိုရင်ရော..."
သူ့ပခုံးပေါ်မှ လက်က တင်းကျပ်သွားသည်။
"မင်း ပြန်ထွက်သွားလို့ မရဘူး..."
ဟန်ယု အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်၏။ "ကောင်းပြီလေ... ကောင်းပြီလေ... တစ်ပွဲပဲနော်... ဒါပေမဲ့ နာမည်ထဲမှာ 'အနီရောင်/သွေးရောင်' ပါတဲ့ လူနဲ့တော့
မပေးတွေ့နဲ့ “
မကြာမီ သူ့ကို ကွင်းနောက်ဘက်ရှိ ကျပ်သိပ်နေသော ပြင်ဆင်ရေး နေရာတစ်ခုသို့ ခေါ်ဆောင်သွားကြသည်။ နိမ့်ပါးသော ခုံတန်းတစ်ခု၊ ရေဗူးသီး တစ်လုံးနှင့် စည်ပိုင်းထဲသို့ အန်နေသော လူတစ်ယောက် ရှိသည်။
မျက်တွင်းဟောက်ပက် ဖြစ်နေသော လူငယ် လမ်းမှားကျင့်ကြံသူ တစ်ဦးဖြစ်သည့် အခြား ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးက ဟန်ယုကို ကြည့်ပြီး မေးလိုက်၏။ "ပထမဆုံးလား..."
"အင်း..." တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားရင်း ဟန်ယု ပြောလိုက်သည်။
ထိုလူက အားနည်းစွာ ပြုံးလိုက်၏။ "မပူပါနဲ့... မင်း ကံကောင်းရင် ထာဝရ အာရုံကြော ထိခိုက်မှုလောက်နဲ့ ပြန်ရမှာပါ..."
ဟန်ယု စိုက်ကြည့်လိုက်သည်။ "...ကျေးဇူးပါပဲ... တော်တော် အားရှိသွားတာပဲ..."
ကြေညာသူ၏ အသံ ထွက်ပေါ်လာ၏။
"နောက်တစ်ပွဲ... စိန်ခေါ်သူ အသစ်... ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း အစေခံ ဌာနခွဲက... ဟန်ယု... အေးစက်သော အလှပဂေး၏ ခြေအိတ်သူခိုး..."
"...ဘာ..."
လူအုပ်ကြီးက ဇဝေဇဝါ တီးတိုး ပြောသံများနှင့် အားပေးသံအချို့ ထွက်ပေါ်လာသည်။ သူ့ခြေအိတ်ခိုးမှု ဖြစ်ရပ်က ရာဇဝတ်မှုလောက အထိ ပျံ့နှံ့သွားပုံ ရ၏။
"ပြီးတော့ သူ့ပြိုင်ဘက်က... ပရိသတ် အကြိုက်... မန်ဇီမြစ် စခန်းမှ သားသတ်သမား..."
"...ဘာ..."
လက်မောင်းတွင် အမာရွတ်များ ရှိပြီး သားသတ်သမား ဝတ်စုံ ဝတ်ဆင်ကာ သားသတ်ဓားမ အစစ်များကို ကိုင်ဆောင်ထားသည့် အရပ်ရှည်ရှည် ကြွက်သားအဖုအထစ်နှင့် လူတစ်ယောက် ကွင်းထဲသို့ ဝင်လာသည်။ သားသတ်ရုံ တာဝန်မှ လူသတ်ရုံ တာဝန်သို့ ရာထူးတိုး ခံလိုက်ရသူ တစ်ယောက်ကဲ့သို့ ပြုံးနေ၏။
ဟန်ယုသည် မြေခွေး အစည်းအဝေးသို့ လျှောက်သွားသော ကြက်တစ်ကောင်၏ ယုံကြည်မှုမျိုးဖြင့် ကွင်းထဲသို့ ဝင်ရောက်သွားလိုက်သည်။
ကောင်လေးက ထိုလူကောင်ကြီးမားသူကို လှမ်းကြည့်လိုက်ပြီး မည်မျှ သန်မာမည်ကို တွက်ဆနေ၏။
'သူက သေချာပေါက် သန်မာမယ့်ပုံပဲ... ပြီးတော့ ကြောက်စရာ ကောင်းတယ်...' ဟန်ယု တွေးလိုက်မိသည်။ 'သူတို့ ငါ့ကို ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူနဲ့ တွဲပေးလိုက်တာတော့ မဟုတ်ပါဘူးနော်...' မဟုတ်ပါစေနှင့်ဟု သူ မျှော်လင့်မိ၏။
အနည်းဆုံးတော့ ထိုလူ၏ ပုံစံက ကျင့်ကြံသူ တစ်ယောက်နှင့် မတူပေ။
သားသတ်သမားက သူ့လည်ပင်းကို ချိုးလိုက်သည်။
"ငါ အသားလတ်လတ်ဆတ်ဆတ် ကြိုက်တယ်..."
ဟန်ယု လက်သီးများကို မြှောက်လိုက်၏။
"ငါကတော့ မသေရတာကို ကြိုက်တယ်... ဒါကြောင့် ဒီပွဲကို အမြန် အဆုံးသတ်လိုက်ကြတာပေါ့..."