← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

🍃 Chapter 121

လင်းရူရှု၏မျက်လုံးထဲ အေးစက်သော အရိပ်အယောင်တစ်ခုဖြတ်ခနဲပေါ်လာသည်။ သူ ခေါင်းကို အနည်းငယ်ငုံ့လိုက်ရာ ယခင်လိုပင် အန္တရာယ်မရှိသောပုံစံမျိုး ဖြစ်သွားသည်။

"စိတ်မပူပါနဲ့၊ ငါ သူ့ကိုဘာမှထပ်မပြောတော့ပါဘူး။"

လင်းရူရှု၏နှိမ့်ချသောပုံစံကို မြင်သောအခါ အနက်ရောင်ဝတ်သမားက အေးစက်စွာနှာမှုတ်လိုက်သည်။

"ယဇ်ပလ္လင်ဆီသွားမယ်"

ရှည်လျားသောလိုဏ်ခေါင်းလမ်းကို ဖြတ်သန်းပြီးနောက် ထိုလူစုသည် ကျယ်ဝန်းသော ဂူကြီးတစ်ခုထဲသို့ရောက်ရှိသွားကြသည်။ ဂူထဲတွင် ကြီးမားသော သွေးကန်ကြီးတစ်ခုရှိပြီး ထိုကန်ထဲတွင် နှစ်တစ်ထောင်ခန့်သက်တမ်းရှိမည့် မြွေကြီးတစ်ကောင်စိမ်နေသည်။

မြွေကြီး၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားလှသည်။ ခွေလိုက်သည့်အခါ သွေးကန်တစ်ခုလုံးပင်မဆံ့သဖြင့် ခန္ဓာကိုယ်ကို အထပ်ထပ်ရစ်ခွေထားရပြီး မြွေခေါင်းကြီးမှာ ဧရာမစင်မြင့်ကြီးတစ်ခုပေါ်တွင် တင်လျက်သားဖြစ်နေသည်။

မြွေကြီးသေဆုံးထားပုံမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့မျက်လုံးများကို ထက်ရှသောလက်နက်တစ်ခုဖြင့်ခွဲထားပြီး စီးကျလာသောသွေးများက စင်မြင့်ပေါ်သို့စိမ့်ဝင်နေသည်။ စင်မြင့်ထက်တွင် လူဆယ်ယောက်ခန့်ဝင်ဆံ့မည့် စက်ဝိုင်းပြားကြီးတစ်ခု ရှိပြီး မျက်နှာပြင်တစ်ခုလုံး ရှုပ်ထွေးသောပုံစံများဖြင့်ဖုံးလွှမ်းနေသည်။

မြွေသွေးများ စက်ဝိုင်းပြားထဲ ဝင်ရောက်သွားသည်နှင့်တပြိုင်နက် လျင်မြန်စွာစုပ်ယူခြင်းခံလိုက်ရသည်။

စက်ဝိုင်းပြားကြီးသည် ဂူမျက်နှာကြက်နှင့် မီတာအတော်များများကွာဝေးသည်။ စက်ဝိုင်းပြား၏ တည့်တည့် အပေါ်ဘက်တွင် ဂူမျက်နှာကြက်၌ အပေါက်ငယ်တစ်ခုရှိပြီး ထိုအပေါက်သည် ဂူအတွင်းသို့ဝင်ရောက်လာသော တစ်ခုတည်းသော အလင်းရောင်ပင်ဖြစ်သည်။ အလင်းတန်းကျရောက်နေသောစက်ဝိုင်းပြားကြီးမှာ သွေးရောင်လွှမ်းနေပြီး ထူထပ်သောပုံစံများနှင့် ပေါင်းစပ်လိုက်သောအခါ ကြောက်မက်ဖွယ်မြင် ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

ဂူမျက်နှာကြက်တွင် ရေတွက်မရနိုင်သောဝိညာဉ်ခေါ်တံခွန်များနှင့် အင်းစာရွက်များတွဲလောင်းကျနေသည်။ လေပြေတစ်ချက်တိုက်ခတ်လာသည်နှင့် သွေးညှီနံ့များရောပါလာပြီး တံခွန်များထံမှတစ္ဆေငိုသံသဲ့သဲ့ထွက်ပေါ်နေရာ ငရဲပြည်နှင့်မခြားနားတော့ချေ။

အနက်ရောင်ဝတ်ခေါင်းဆောင်က လင်းရူရှုကိုဆွဲယူလိုက်ပြီး လက်မောင်းကိုဓားဖြင့်လှီးလိုက်ရာ စီးကျလာသောသွေးများက သွေးကန်ထဲရောက်ရှိသွားပြီး ကန်ရေများ လျင်မြန်စွာပွက်ပွက်ဆူလာသည်။

သို့သော် ရေဆူသည့်အရှိန်မှာ ခဏသာခံပြီး သွေးကန်ကြီးပြန်လည်ငြိမ်သက်သွားသည်။

အနက်ရောင်ဝတ်ခေါင်းဆောင် မျက်မှောင်ကြုတ်လိုက်သည်။

"တရားမဝင် မယားငယ်ကမွေးတဲ့သွေးက သွေးရင်းသားရင်းကိုမယှဉ်နိုင်ပါလား၊ ရှန်ကျွင်းကို ရှာတွေ့တာနဲ့ အားလုံးပြီးသွားလိမ့်မယ်၊ ဟိုမိန်းမကို သေချာကြည့်ထား၊ သူ သိပ်ပြဿနာရှာတာ၊ ငါတို့အစီအစဉ်ကို ဖျက်ဆီးခွင့်မပေးနဲ့!"

လင်းရူရှု မျက်နှာမှာ ပို၍ပင်ဖြူဖျော့သွားသည်။

"ဟုတ်ကဲ့"

"ကျွန်မက ပြဿနာရှာတဲ့သူတဲ့လား"

ရုတ်တရက် အမျိုးသမီးတစ်ဦး၏ ကြည်လင်ပြတ်သားသောအသံက စင်မြင့်ထက်မှထွက်ပေါ်လာသည်။ လူတိုင်း အလို အလျောက်မော့ကြည့်လိုက်ရာ ကျီချောင်ချင်တစ်ယောက် မြွေခေါင်းကြီးပေါ်တွင် မတ်တတ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

သူ ဘယ်အချိန်က အဲ့ဒီ အပေါ်ရောက်သွားတာလဲ?!

ကျီချောင်ချင် ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်သည်။

"ဒါက ရှင်တို့ရဲ့ယဇ်ပလ္လင်ပေါ့လေ... ဒါပေမယ့် ဒီက အစီအရင်က ထောင်ချောက်ဆင်တဲ့ အစီအရင်ဖြစ်နေတာသိသာနေတာကို၊ ရှင်တို့က နတ်ဘုရားကိုခေါ်ပြီး ဖမ်းချင်နေကြတာလား၊ ယုတ်မာလိုက်ကြတာ..."

ဂူမျက်နှာကြက်မှ တစ်ခုတည်းသောအလင်းရောင်က ကျီချောင်ချင်အပေါ်သို့ကျရောက်နေသည်။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များကို ဖဲကြိုးနီလေးဖြင့်သာစုစည်းထားသည်။ သူမ၏အသံမှာ ကြည်လင်ပြတ်သားနေပြီး မျက်ဝန်းများကမူ ဤနေရာသို့မှားယွင်းရောက်ရှိလာသော ငှက်ငယ်လေးတစ်ကောင်အလား ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။

ထို့နောက် ထိုငှက်ငယ်လေးက လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ရယ်မောလိုက်သည်ကို သူတို့မြင်လိုက်ရသည်။

"ဝိညာဉ်မျိုးနွယ်စုဆိုတာ အင်မော်တယ်ကျင့်ကြံသူတွေလို့ထင်ခဲ့တာ၊ အခုကြည့်ရတာ လုံးဝမဟုတ်သေးဘူးပဲ၊ ကိုယ် ပိုင်နတ်ဆိုးဂူတွေတည်ဆောက်ပြီး လူသားတွေရဲ့အသွေး အသားကို ယဇ်ကောင်အဖြစ် သုံးဖို့ကြိုးစားနေကြတာ၊ နတ်ဆိုးတွေထက်တောင် ရွံစရာကောင်းနေသေးတယ်"

လင်းရူရှု ခေါင်းမော့ကြည့်လိုက်ရာ အပေါ်မှ အလင်းရောင်ကစူးရှနေသဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အနက်ရောင်ဝတ် ခေါင်းဆောင်က

"ငါတို့က အင်မော်တယ်ကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံးနဲ့ နတ်ဘုရားနဲ့ အနီးစပ်ဆုံးလူတွေကွ၊ ငါတို့လုပ်သမျှက ကံတရားအတွက်ပဲ၊ မင်း ငါတို့ကို ဝေဖန်ခွင့်မရှိဘူး၊ အောက်ဆင်းခဲ့စမ်း"

"နတ်ဆိုးချေမှုန်းတဲ့စစ်ပွဲတုန်းကသာ ရှင်တို့ထွက်တိုက်ခဲ့ရင် ကမ္ဘာကြီးက ဒီလောက်နှစ်တွေအကြာကြီး နတ်ဆိုးလမ်းစဉ်တွေရဲ့ဖျက်ဆီးတာကိုခံရမှာမဟုတ်ဘူး၊ အခုကျမှ အင်မော်တယ်ကျင့်ကြံသူတွေထဲမှာအစွမ်းအထက်ဆုံး၊ နတ်ဘုရားနဲ့အနီးစပ်ဆုံးလို့လာပြောနေတယ်၊ အဲဒီတုန်းက ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘာလို့ထွက်မလာကြတာလဲ၊ မြောက်ပိုင်းနယ် မြေကနေမထွက်ရဘူးဆိုတဲ့ ဘိုးဘေးတွေရဲ့ စကားကိုအကြောင်းပြမနေနဲ့၊ ဟန်လုပ်လွန်းရာကျတယ်!"

ထိုသို့ပြောပြီးသည်နှင့်တပြိုင်နက် တစ်ဖက်လူ ဘာမှပြန်မပြောနိုင်ခင်မှာပင် ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ ဤမျှလောက် ဖြောင့်မတ်မှန်ကန်တဲ့စကားမျိုး မပြောခဲ့တာ နှစ်တစ်ရာလောက်ရှိပြီဖြစ်ရာ ယခုလိုပြောလိုက်ရတာ နည်းနည်းတော့ရွံစရာကောင်းသလို ခံစားလိုက်ရသည်။

အနက်ရောင်ဝတ်ခေါင်းဆောင်မှာ အဆုံးတော့ သည်းမခံနိုင်တော့ပေ။

"တက်သွားပြီး သူ့ကိုအောက်ဆွဲချခဲ့! သူ့သွေးတွေနဲ့ ယဇ်ပလ္လင်ကိုမညစ်ညမ်းစေနဲ့!"

အနက်ရောင်ဝတ်လူများသည် ခေါင်းဆောင်၏ အဓိပ္ပာယ်ကိုနားလည်လိုက်ကြသည်။ အဆုံးတော့ ကျီချောင်ချင်ကိုသတ်ခွင့်ရပြီဖြစ်၍ သူတို့၏ စိတ်လှုပ်ရှားမှုမှာ အတိုင်းအဆမရှိတော့ပေ။

ဒီမိန်းမကို သတ်လို့ရပြီဟေ့!

သို့သော် သူတို့ အပေါ်သို့ပျံတက်ရန် ပြင်လိုက်စဉ်မှာပင် ကျီချောင်ချင်က ဟင်းခတ်အမွှေးအကြိုင်များနှင့်တူသောအမှုန့်များကို လက်တစ်ဆုပ်စာပက်ဖြန်းချလိုက်သည်။

အနက်ရောင်ဝတ်လူများသည် အလိုအလျောက်ပင် နှာခေါင်းနှင့်ပါးစပ်များကို လက်အင်္ကျီစဖြင့်အုပ်လိုက်ကြသည်။

ထိုအထဲတွင် ဘာမှမပါဝင်ကြောင်းသိလိုက်ရသောအခါ ခေါင်းဆောင်ဖြစ်သူက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

"မင်း ငါတို့ကို ကစားနေတာပဲ"

ကျီချောင်ချင်က အပြစ်ကင်းစင်သောပုံစံဖြင့် ခေါင်းလေးစောင်းကာပြောလိုက်သည်။

"မဟုတ်ပါဘူး၊ ရှင်တို့ဝိညာဉ်မျိုးနွယ်တွေက တစ်နှစ်ပတ်လုံး ရေခဲနဲ့ နှင်းတွေဖုံးနေတဲ့ မြောက်ပိုင်းနယ်မြေမှာနေကြတယ်ဆိုတာ ကြားဖူးလို့လေ၊ ကြာလာတော့ ရှင်တို့ခန္ဓာကိုယ်တွေက အေးစက်တဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်နေကြပြီ"

ထိုသို့ပြောကာ ကျီချောင်ချင်က မြွေခေါင်းကြီးပေါ်တွင်ထိုင်ချလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသောမြွေခေါင်းကြီးနှင့် လှပသော အမျိုးသမီးတို့၏ဆန့်ကျင်ဘက်မြင်ကွင်းကကျီချောင်ချင်ကို အလွန်ရက်စက်ပုံပေါက်သွားစေသည်။

"ဒါကြောင့် ကျွန်မက မီးအင်းကွက်နဲ့ မိုးကြိုးအင်းကွက်တွေကို ဝိညာဉ်ကျောက်တုံးထဲပေါင်းထည့်၊ ဝိညာဉ်ကျောက်တုံးကိုအမှုန့်ကြိတ်ပြီး သာမန် ဟင်းခတ်အမွှေးအကြိုင် နည်းနည်းရောထည့်လိုက်တာ..."

ကျီချောင်ချင်စကားမဆုံးခင်မှာပင် ကျင့်ကြံခြင်းအဆင့်နည်းနည်းနိမ့်သော အနက်ရောင်ဝတ်လူတစ်ဦး ရုတ်တရက်ဒူးထောက်ကျသွားသည်။ သူ့အဝတ်လွတ်နေသော အရေပြားများဖောင်းပွလာပြီး ဒယ်အိုးပူထဲကအသားစိမ်းတစ်တုံးလိုပင် လျင်မြန်စွာအက်ကွဲလာကာ အဖုသေးသေးလေးတွေအဖြစ်ပြောင်းလဲပြီး ပေါက်ကွဲထွက်ကုန်ကြသည်။

အရေပြားတင်ဆိုလျှင်တော့ သိပ်ကိစ္စမရှိပေ။ သို့သော် ထိုလူမှာ သူ၏ကိုယ်တွင်းအင်္ဂါများပါ အရေပြားမျက်နှာပြင်ကဲ့သို့ လျင်မြန်စွာပေါက်ကွဲထွက်နေသည်ကို ခံစားနေရရှာသည်။

ကျန်ရှိနေသော အနက်ရောင်ဝတ်လူများမှာ အခြေအနေကိုအကဲခတ်ရန် ရှေ့တိုးလာကြသည်။ သိုသော် မည်သိုမည်ပုံဖြစ်သွားမှန်းပင်မသိလိုက်ရဘဲ အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရကာ အားလုံးမှာ မြေပြင်ပေါ်သို တမုဟုတ်ချင်းလဲကျကုန်တော့သည်။

အနက်ရောင်ဝတ်ခေါင်းဆောင်က ချက်ချင်းတုံပြန်လိုက်သည်။ တောအုပ်ထဲတွင် ကျီချောင်ချင်ကို စတင်တွေ့ရှိစဉ်က လေထဲ၌ သင်းပျံ့သောရနံ့တစ်ခုကိုရခဲ့ဖူးသည်။ မိန်းကလေးတစ်ယောက်မို ရေမွှေးသုံးသည်ဟုသာ အစကထင်မှတ်ခဲ့သော်လည်း ဤသည်မှာ သူမ တမင်သက်သက်လုပ်ဆောင်ခဲ့သော ထောင်ချောက်တစ်ခုဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့မိပေ။ သူမက သူတိုနှင့် စတင်တွေ့ဆုံကတည်းက တိုက်ခိုက်ဖိုပြင်ဆင်ပြီးသားဖြစ်နေခဲ့သည်။

အနက်ရောင်ဝတ်ခေါင်းဆောင်က ကျီချောင်ချင်ကို လှမ်းဖမ်းရန်ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်မှာ စတင်ဖူးရောင်ကာ အက်ကွဲလာတော့သည်။ ဝိညာဉ်စွမ်းအင်ကိုအသုံးပြုပြီး ခန္ဓာကိုယ်ထဲမှပြင်ပအရာများကို မောင်းထုတ်ရန်ကြိုးစားလေလေ ခန္ဓာကိုယ် ပေါက်ကွဲအက်ကွဲမှုက ပိုမိုမြန်ဆန်လေဖြစ်လာသည်။

ကျီချောင်ချင် အသုံးပြုခဲ့သောနည်းလမ်းမှာ သူမပြောသလိုရိုးရှင်းမနေခဲ့ပေ။

ကျီချောင်ချင် နှာခေါင်းရှုလိုက်သည်။

ဒါပေါ့... သူမပြောသလောက်ဘယ်ရိုးရှင်းပါ့မလဲ၊ ကျီချောင်ချင်က နတ်ဆိုးသွေးပုပ်တွေကို အများကြီးရောထည့်ထားခဲ့တာလေ၊ မဟုတ်ရင် မိုးကြိုးဆင့်ခေါ်တဲ့အင်းကွက်က ဒီလောက်ထိ ပြင်းထန်တဲ့အာနိသင် ဘယ်ရှိပါ့မလဲ...

မဟာယာနအဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ ချက်ချင်းပင် မြေပြင်ပေါ်သိုလဲကျသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ သူတို၏အသွေးအသားများမှာ ပေါက်ကွဲထွက်ကုန်ပြီး သန်မာသောအရိုးများနှင့် ကြွက်သားများကသာ ခန္ဓာကိုယ်ပုံပျက်မသွားအောင်တင်းခံထားနိုင်တော့သည်။

ကျီချောင်ချင်က အောက်ဘက်တွင်ရုန်းကန်နေရသော လူများကို အေးစက်စွာကြည့်လိုက်သည်။ သူတိုခံစားနေရသော နာကျင်မှုမှာယာယီသာဖြစ်ပြီး သေတော့သေမှာမဟုတ်ကြောင်း သူ သိသည်။ ဤလူများသည် မဟာယာနအဆင့်ကျင့်ကြံသူများဖြစ်သောကြောင့် ယခုပုံစံက ကြောက်စရာကောင်းနေသော်လည်း သူတိုခန္ဓာကိုယ်များ မကြာခင်ပြန်ကောင်းလာမည်ဖြစ်သည်။ သိုသော် သူတိုအသားအရေပေါ်မှာ ကြမ်းတမ်းပြီးကြည့်ရဆိုးသည့် အကြောပြိုင်းပြိုင်းအမှတ်အသားတွေ ကျန်ရစ်ခဲ့မှာဖြစ်ပြီး ကျီချောင်ချင်နှင့်ရင်းနှီးသူတိုင်း ဤအရာကို အလွယ်တကူမှတ်မိနိုင်ကြလိမ့်မည်။

ကျီချောင်ချင်က ထောင့်တစ်နေရာတွင် ကျုံကျုံလေးဖြစ်နေသော လင်းရူရှုကိုကြည့်လိုက်ရာ မျက်လုံးထဲ အန္တရာယ်ရှိသောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။

🍃 Chapter 122

"ရှင် လောကကြီးနဲ့အဆက်ပြတ်နေတာကြာလို အပြင်မှာဘာတွေဖြစ်နေလဲ မသိတာဖြစ်မယ်၊ ကျွန်မ စေတနာနဲ့ပြောပြလိုက်ပါမယ်... ကျွန်မက ကျီချောင်ချင်ပါ၊ ရှင်တိုကိုရှင်းပစ်ဖို မြောက်ပိုင်းနယ်မြေကို တကူးတကလာခဲ့တာ၊ ရှင်က အခု ကျွန်မစဉ့်နီတုံးပေါ်က ငါးတစ်ကောင်ဖြစ်နေပြီ၊ လိမ္မာမယ်ဆိုရင်တော့ အသက်ချမ်းသာပေးဖိုစဉ်းစား..."

ကျီချောင်ချင်စကားမဆုံးခင်မှာပင် ထောင့်၌ထိုင်နေသော လင်းရူရှုက အင်္ကျီလက်စထဲမှ ဝိညာဉ်ဓားတစ်ချောင်းကိုထုတ်လိုက်ပြီး ဘီးတပ်ကုလားထိုင်ဖြင့် မဟာယာနအဆင့်ကျင့်ကြံသူများအနားသိုသွားကာ တစ်ယောက်ချင်းစီ၏ လည်ပင်းများကို လှီးဖြတ်ပစ်လိုက်တော့သည်။

ကျီချောင်ချင် အစက ထိုမဟာယာနအဆင့် ကျင့်ကြံသူအုပ်စုကို သတ်နိုင်မည်ဟုမယုံကြည်ခဲ့ပေ။ ထိုကြောင့် သူ လင်းရူရှု လှုပ်ရှားလာမလားဆိုပြီးစမ်းသပ်ကာ ရန်စကြည့်လိုက်ခြင်းဖြစ်သည်။ သူ တွက်ဆထားသည့်အတိုင်း လင်းရူရှုက ထိုလူများကို အမှန်တကယ်မုန်းတီးနေခဲ့သည်။

သူမ အောင့်မထားနိုင်တော့ဘဲ ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။

"ဒီဝိညာဉ်မျိုးနွယ်စုက တကယ်စိတ်ဝင်စားဖိုကောင်းတာပဲ..."

လင်းရူရှုက မြွေခေါင်းကြီးပေါ်ရှိ ကျီချောင်ချင်ကို မော့ကြည့်လိုက်သည်။ သူ၏ခံစားချက်ကင်းမဲ့နေသောမျက်နှာပေါ်တွင် သွေးများပေကျံနေသော်လည်း ကျီချောင်ချင်ရယ်မောနေ သည်ကို မြင်သောအခါ သူပါ လိုက်ရယ်လေသည်။

"မိန်းကလေးကျီ... ခင်ဗျား ရှင်သန်နိုင်မယ်လို ရာနှုန်းပြည့် ယုံကြည်ချက်ရှိလို အခုလို ရဲရဲတင်းတင်းလုပ်နေတာလာ၊ ဒါမှမဟုတ် ခင်ဗျား တွေ့ချင်နေတဲ့သူ ထွက်လာအောင်မျှားခေါ်နေတာလား"

ကျီချောင်ချင် ခေါင်းငုံကြည့်လိုက်သည်။

"ရှင် တော်တော်ဉာဏ်ကောင်းတာပဲ၊ ကျွန်မ ဉာဏ်ကောင်းတဲ့လူတွေနဲ့ ပြောဆိုရတာသဘောကျတယ်"

လင်းရူရှု ကျီချောင်ချင်ကို အဝေးမှနေ၍ဦးညွှတ်လိုက်သည်။

"ကျွန်တော့်အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးကျီ၊ ခင်ဗျားအတွက် ကျွန်တော်လုပ်ပေးရမှာ ဘာရှိမလဲ"

သူသည် အလိုက်အထိုက်နေတတ်သူဖြစ်သည်။

ကျီချောင်ချင်ခါးမတ်လိုက်ပြီး မျက်နှာပေါ်မှ အပြုံးများလုံးဝ ပျောက်ကွယ်သွားသည်။

"ပြောစမ်းပါ... ဒီနှစ်ရက်အတွင်း မြောက်ပိုင်းနယ်မြေကို ရှန်ကျွင်းနဲ့ ကျွန်မကလွဲရင် တခြားဘယ်သူတွေ လာသေးလဲ"

လင်းရူရှု ပြန်ဖြေသည်။

"လာပါတယ်၊ ကျင့်ကြံသူမျိုးနွယ်စုတွေ မြောက်ပိုင်းနယ်မြေထဲဝင်လာကြပါတယ်၊ ဒါပေမယ့် သူတို အပြင်မှာပဲ ယောင် လည်လည်လုပ်နေကြပြီး ဝိညာဉ်မျိုးနွယ်စုနယ်မြေထဲကိုတော့ မဝင်လာကြပါဘူး"

မဝင်လာဘူးတဲ့လား...

ထိုစကားကြောင့် ကျီချောင်ချင်ရယ်ချင်သွားသည်။ ဆရာတူတပည့်တူတွေပဲ၊ ရှန်တုပိုင်သည် အပြင်မှာလိမ္မာသေဝပ်စွာနေနေမယ်လို့ သူ မယုံချေ။

ကျီချောင်ချင် မျက်လုံးများဝေ့ဝဲကြည့်လိုက်သည်။

"ကျူးယွီဘယ်မှာလဲ၊ ရှင့်ရဲ့ဝိညာဉ်မျိုးနွယ်စုက သူ့ကို လိုက်ရှာနေတယ်လို့ကြားတယ်"

လင်းရူရှု တောင်းပန်သည့်လေသံဖြင့် ဆိုသည်။

"မင်း သူနဲ့သိမယ်မှန်း ကျွန်တော်မသိခဲ့ပါဘူး၊ သူ အရင်က ကျွန်တော်တို့ဆီမှာ အကျဉ်းချခံထားရတာ မှန်ပါတယ်၊ ဒါပေမယ့် အခုတော့မရှိတော့ပါဘူး၊ မနေ့ညကပြန်ပေးဆွဲခံလိုက်ရပြီး ကျွန်တော်တို့ သူ့ကိုရှာမတွေ့သေးပါဘူး"

ကျီချောင်ချင် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။

ပြန်ပေးဆွဲခံလိုက်ရပြီဆိုမှတော့ ဘာမှပြောစရာမရှိတော့ပေ။ ကျီချောင်ချင်အကြည့်က လင်းရူရှုအပေါ် ကျရောက်သွားသည်။

သူမ ဤလူ့ကိုမယုံကြည်ပေ။ သို့သော် သူမအတွက် ကိစ္စအချို့လုပ်ဆောင်ပေးရန် သူ့အင်အားကိုလိုအပ်သည်။

ကျီချောင်ချင်သည် မြွေကြီး၏ခန္ဓာကိုယ်အတိုင်း လျှောဆင်းလာပြီး အမြီးပိုင်းမှတဆင့် မြေပြင်ပေါ်သို့ခုန်ချလိုက်ကာ လင်းရူရှုအနားသို့ တစ်လှမ်းချင်း တိုးကပ်သွားသည်။

လင်းရူရှု မျက်ဝန်းများက တကယ်ကိုလှပသည်။ သူမော့ ကြည့်ပြီး မျက်လုံးဝိုင်းလေးများဖြင့်ကြည့်လိုက်သောအခါ အပြစ်ကင်းစင်သူတစ်ယောက်လိုထင်ရသည်။

ကျီချောင်ချင် သူ့ကိုအဆိပ်ခတ်ပြီး ထိန်းချုပ်မည့် အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်သည်။

"ကျွန်မတို့ပူးပေါင်းကြမလား၊ ရှင် လုံးဝလွတ်မြောက်သွားအောင် ကျွန်မကူညီပေးမယ်၊ ရှင်က မြောက်ပိုင်းနယ်မြေက ကိစ္စတွေကိုဖြေရှင်းပေး..."

လင်းရူရှု ပြန်ပြုံးလိုက်သည်။ သူသည် ကျီချောင်ချင်၏ စကားကို သဘောကျသွားပုံရသည်။

"ဒါဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာပါပဲ"

"ပထမဆုံးအနေနဲ့ ကျွန်မအတွက် ကျူးယွီကိုရှာပေး၊ အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ်ရှာပေးပါ"

"ကောင်းပါပြီ၊ ဒါပေမယ့် ကျူးယွီက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးပဲလေ၊ သူ့ကို ခင်ဗျားဘာလုပ်မလို့လဲ"

ကျီချောင်ချင်က ကျယ်ဝန်းသောဂူကြီးကို ဝေ့ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ထူးဆန်းအံ့သြဖွယ် ပုံပြင်စာအုပ်များကို သေသေသပ်သပ်စီထားသော စာအုပ်စင်တစ်ခုကိုတွေ့လိုက်ရသည်။ သူမ စာအုပ်တစ်အုပ်ကိုကောက်ယူကြည့်ရှုလိုက်ရာ ပထမဆုံးမျိုးဆက်နတ်ဘုရားများအကြောင်း မှတ်တမ်းများကိုတွေ့ရှိလိုက်ရသည်။

ဒဏ္ဍာရီအရ ပထမဆုံးမျိုးဆက်နတ်ဘုရားများသည် လူသားခန္ဓာကိုယ်အပြည့်အစုံမရှိကြဘဲ မူလပုံသဏ္ဍာန်များကို ထိန်း သိမ်းထားကြသည်ဟု ဆိုသည်။ ဥပမာအားဖြင့် နွီဝါနှင့်ဖူရှီ ဇနီးမောင်နှံဆိုလျှင် နှစ်ယောက်စလုံး မြွေမြီးများပါရှိကြသည်။

ကျီချောင်ချင်ကစာအုပ်များကို ပေါ့ပေါ့ပါးပါးကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ဒါ ရှင်နဲ့မဆိုင်ပါဘူး၊ ရှာစရာရှိတာသာ ရှာပါ"

လင်းရူရှုက "မိန်းကလေးကျီ... တောအုပ်က အခုဖွင့်လို့မရသေးဘူး၊ ကျွန်တော်လည်း ထွက်သွားလို့မရသေးဘူး၊ ကျေးဇူးပြုပြီး..."

ကျီချောင်ချင် "ဒီညပြီးရင် အစီအရင်ပွင့်သွားလိမ့်မယ်"

လင်းရူရှု "ကောင်းပါပြီ"

လင်းရူရှု ဘီးတပ်ကုလားထိုင်ကိုလှည့်၍ ထွက်ခွာသွားသည်။ ကျီချောင်ချင်ကတော့ ဂူထဲရှိစာအုပ်များကိုဆက်ဖတ်နေခဲ့သည်။ ထိုစာအုပ်များထဲတွင် ပထမဆုံးမျိုးဆက် နတ်ဘုရားတစ်ပါး၏ဇာတ်လမ်းကို အသေးစိတ်ဖော်ပြထားသည်။ ဒဏ္ဍာရီအရ ထိုနတ်ဘုရား၏မူလပုံသဏ္ဍာန်မှာ ခမ်းနားထည်ဝါပြီး အမွှေးပွပွသတ္တဝါကြီးဖြစ်သည်ဟု ဆိုကြသည်။ ကျီချောင်ချင် ထိုနတ်ဘုရားပုံကိုစတွေ့တွေ့ချင်း

ပျော်ရွှင်မှုများ ရင်ထဲလှိမ့်ဝင်လာသည်။

ရိုးရိုးရှင်းရှင်းပြောရရင် ဒီအမွှေးပွပွသတ္တဝါကြီးက အရမ်းချစ်ဖို့ကောင်းနေတာပဲ...

ကျီချောင်ချင်ဘာမှမစဉ်းစားဘဲ စာအုပ်အားလုံးကို ယူကာ လင်းရူရှုစီစဉ်ပေးထားသောအခန်းသို့ သွားလိုက်သည်။

ညဉ့်မှာနက်နေပြီ ဖြစ်သည်။

ကျီချောင်ချင် အိပ်ဖို့လိုအပ်နေသော်လည်း အလျင်မလိုပေ။ ဖယောင်းတိုင်မီးရောင်အောက်တွင် အင်းကွက်များကို ဆက် လက်ရေးဆွဲနေလိုက်သည်။

သူမသတိမေ့နေစဉ်အတွင်း ရှန်ကျွင်းက ဝိညာဉ်ကျောက်တုံးများနှင့် မှော်ပစ္စည်းကိရိယာအများအပြားကို သူမ သိုလှောင်အိတ်ထဲထည့်ပေးထားခဲ့သဖြင့် သူမ အင်းစက္ကူများနှင့် ဆေးရည်များစွာကို လဲလှယ်ယူနိုင်ခဲ့သည်။

ကျီချောင်ချင်အာရုံစိုက်နေစဉ် အခန်းထဲရှိ ဖယောင်းတိုင်မီးက ရုတ်တရက် တဖျပ်ဖျပ်လှုပ်ခါသွားသည်။

သူ့ စုတ်တံ အနည်းငယ်ရပ်တန့်သွားပြီး အင်းကွက်တစ်ခု ပျက်စီးသွားသည်။

ကျီချောင်ချင် နှမြောမနေတော့ပေ။ စုတ်တံကိုချလိုက်ပြီး မီးဖိုငယ်လေးပေါ်ရှိ ရေနွေးအိုးထဲသို့ လက်ဖက်ခြောက်လက်တစ်ဆုပ်စာ ခပ်ထည့်လိုက်သည်။

မကြာမီ အခန်းတစ်ခုလုံး လက်ဖက်ရည်နံ့များ သင်းပျံ့သွားသည်။ လက်ဖက်ရည်ခွက်ထဲသို့ ရေနွေးငှဲ့ထည့်ကာ ကျီချောင်ချင်ပြောလိုက်သည်။

"ဆရာ... ရောက်နေမှတော့ ဘာလို့ကိုယ်ထင်မပြတာလဲ ? ကျွန်မရဲ့လက်ဖက်ရည်ကို မကြိုက်လို့လား"

နောက်တစ်ခဏတွင်တံခါးပွင့်သွားကာ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသောအမျိုးသားတစ်ဦး အခန်းထဲသို့ဝင်ရောက်လာသည်။

ထိုလူမှာ နှင်းများ၊ ရေခဲများဖုံးလွှမ်းနေသော်လည်း သူ၏ အရှိန်အဝါအေးစက်နေမှုနှင့်မတူဘဲ အလွန်တရာချောမောခန့်ညားပြီး ကြည့်ကောင်းလှသည်။ သူ၏ မက်မွန်ပွင့်ပုံစံမျက်ဝန်းများထဲ မပြုံးဘဲနှင့်ပင် အပြုံးရိပ်များတွဲခိုနေတတ် သည်။ မိန်းမပျိုလေးများသာ သူ့ကိုတစ်ချက်လောက်ကြည့်လိုက်မိလျှင် မျက်နှာရဲကာရင်ခုန်သွားပြီး ဆန္ဒမီးတောက်များကို တွန်းလှန်နိုင်မည်မဟုတ်ပေ။ ယောကျ်ားလေးများသာ သူ့မျက်နှာကိုမြင်လျှင် ပြည့်တန်ဆာအိမ်များကို ဝင်ထွက်သွား လာတတ်သောသူဟု ထင်မှတ်နိုင်ကာ မနာလိုဖြစ်မိကြပေလိမ့်မည်။

ရှန်တုပိုင် ပြုံးလျက်ပြောလိုက်သည်။

"တပည့်လေး... မတွေ့တာကြာပြီနော်၊ ဒီရက်ပိုင်းနေလို့ ကောင်းရဲ့လား"

ကျီချောင်ချင် အလျင်မလိုဘဲပြန်ဖြေသည်။

"ဆရာ... တကယ်ကို မတွေ့တာကြာပါပြီ၊ ကျွန်မတို့ မတွေ့ရတာ နှစ်တစ်ရာတောင်ရှိပြီပဲ၊ အဲဒီတုန်းက ဆရာဒဏ်ရာအပြင်းအထန်ရပြီး တံခါးပိတ်ကျင့်ကြံနေခဲ့တာလေ ကိုယ့်တောင်ပေါ်မှာပဲကိုယ်သေသွားပြီ ထင်နေတာ... အသက်ရှင်နေမယ်လို့မထင်ထားဘူး"

"ချောင်ချင်... မင်းပြောတာကြီးက ဆရာ့ရင်ကိုနာစေတာပဲ"

ရှန်တုပိုင် မျက်နှာညှိုးသွားပြီး မတရားမှုများစွာ ခံစားနေရသလိုဖြစ်သွားသည်။ သူ့ရုပ်ရည်က အလွန်ချောမောလွန်းသဖြင့် ဤသို့မျက်နှာပေးမျိုးလုပ်လိုက်သည့်အခါ အလိုအလျောက်သနားကရုဏာသက်မိစေသည်။

ရှန်တုပိုင် ကျီချောင်ချင်ထက် အများကြီး အသက်ကြီးသည်။ ငယ်စဉ်ကတည်းက ရှန်တုပိုင်အပေါ် လူကြီးသူမများ၏ လေးစားသမှုနှင့်ဆက်ဆံပုံများကို ကျီချောင်ချင်မြင်တွေ့ခဲ့ရသည်။ ရှန်တုပိုင်က သူ့အသက်ကို ဘယ်တုန်းကမှထုတ်မပြောခဲ့သလို ကျီချောင်ချင်လည်း ဘယ်တုန်းကမှမမေးခဲ့ပေ။ သို့သော် အတူရှိနေချိန်တိုင်း ရှန်တုပိုင်ကမူ အပြစ်ကင်းစင်ဟန်၊ သနားစရာကောင်းဟန်ဆောင်ရာတွင် အလွန်ကျွမ်း ကျင်လွန်းသဖြင့် ကျီချောင်ချင် သူ့အသက်ကို မသိစိတ်ကမေ့လျော့နေတတ်သည်။

ယခုမူ ကျီချောင်ချင် ရယ်မောလိုက်သည်။

"ဆရာရယ်... အသက်ကြီးနေပြီကို အဲဒီလို မျက်နှာပေးမျိုးလုပ်ပြနေတာ ကြောင်တောင်တောင်နိုင်လိုက်တာ"

ကျီချောင်ချင် သူ့ကိုအမြဲစနောက်နေကျဖြစ်ပြီး ရှန်တုပိုင် လည်း ထိုအရာကိုယဉ်ပါးနေပြီဖြစ်သည်။ သို့သော် ယနေ့ သူမ စကားများထဲ ဆူးခက်များပါဝင်နေပြီး တစ်စုံတစ်ခုပြောချင်နေကြောင်း အရိပ်အယောင်ပြနေသည်။

ရှန်တုပိုင်က စားပွဲတွင်ဝင်ထိုင်လိုက်ပြီး ကျီချောင်ချင် ဖျော်ထားသောလက်ဖက်ရည်ကို ယူလိုက်သည်။

"ချစ်တပည့်လေး... ပြောချင်တာ ပြောပါတော့"

ကျီချောင်ချင် မျက်လွှာချလိုက်သည်။

"ကျွန်မ အစီအရင်ပညာမှာ မွေးရာပါပါရမီရှင်ဖြစ်ပေမယ့် ဆရာကတော့ ဆရာပါပဲ၊ ကျွန်မရဲ့ နည်းလမ်းအများစုကို ဆရာသင်ပေးခဲ့တာလေ၊ ပြင်ပအင်အားတွေကလွဲရင် ဒီလောကကြီးမှာ ကျွန်မရဲ့အစီအရင်တွေကို ဖျက်နိုင်တဲ့လူ နည်းနည်းလေးပဲရှိတယ်၊ အဲဒီထဲမှာ ဆရာလည်းပါတယ်"

ကျီချောင်ချင်က ရှန်တုပိုင်ပေါ်လာမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရှန်တုပိုင်ထွက်လာစေရန် အနက်ရောင်ဝတ်လူများကို ထောင်ချောက်ဆင်ဖမ်းထားခဲ့ခြင်းဖြစ်သည်။

အခုတော့ သူ တကယ်ရောက်လာခဲ့ပြီ။ သူတို့နှစ်ယောက် ပွင့်ပွင့်လင်းလင်းပြောရမည့်အချိန်ရောက်ပြီဖြစ်ကြောင်း ကျီချောင်ချင်သိသည်။

"ကျွန်မ ဆရာ့ကိုပဲစောင့်နေခဲ့တာ ဒါမှမဟုတ် ကျွန်မ ဆရာ့ကိုစောင့်နေတာ နှစ်တစ်ရာရှိပြီလို့ ပြောရမလားပဲ"

ကျီချောင်ချင် အဆုံးမှာ ရှန်တုပိုင်ကို မော့ကြည့်လိုက်သည်။

"ဂိုဏ်းမှာတုန်းက တစ်ယောက်ယောက် ကျွန်မကို ဒုက္ခပေးချင်နေတယ်လို့ သံသယဝင်ခဲ့ဖူးတယ်၊ ဒီလောကကြီးမှာ ဘယ်သူကများ ငါ့ကိုလက်ဖျားနဲ့ထိရဲမှာလဲလို့တွေးမိခဲ့တယ်၊ အဲဒီသံသယစိတ်ကပဲ နောက်ဆုံးမှာ ကျွန်မဆရာကို သံသယဝင်လာစေခဲ့တယ်"

ကျီချောင်ချင်သည် သူမကိုယ်သူမ မေးခွန်းအများကြီးမေးမိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အချိန်ကုန်လွန်သွားပြီး လူတိုင်း၏စိတ်များလည်း ပြောင်းလဲသွားခဲ့သည်။ ယခုတော့ ကျီချောင်ချင် သူ့ကို မေးခွန်းတစ်ခုသာမေးလိုက်သည်။

"ဆရာ... ဘာကြောင့်လဲ"

ဤမျှနှစ်တွေအကြာကြီးကြာသွားပြီးနောက် သူမ မေးချင်ခဲ့သည်မှာ ထိုမေးခွန်းလေးတစ်ခုသာ။

ဘာကြောင့်လဲ...

All Chapters