အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
🍃 Chapter 139
ဤလောကတွင် မည်သူမဆို လမ်းမှားရောက်ကာ နတ်ဆိုးဖြစ်သွားနိုင်ချေရှိသော်လည်း ထိုသူမှာ ရှန်ကျွင်းဖြစ်လိမ့်မည်ဟုတော့ ကျီချောင်ချင် လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သူမနှင့်စတင်တွေ့ဆုံစဉ်က နှင်းဖုံးတောင်တန်းကြီးပမာအေးစက်တည်ငြိမ်ပြီး ဖြူစင်မြင့်မြတ်ခဲ့သော ထိုလူသားသည် ယခုအခါတွင်မူ အမှောင်လမ်းသို့ သက်ဆင်းကာ နတ်ဆိုးတစ်ပါးဖြစ်သွားခဲ့ချေသည်။
နတ်ဆိုးလမ်းသို့ရောက်သွားသူ အများစုသည် အသိစိတ်လွတ်သွားတတ်ကြောင်း ကျီချောင်ချင် သိထားသည်။ သို့သော် ရှန်ကျွင်း၏မျက်ဝန်းများတွင် အသိစိတ်အကြွင်း အကျန် ရှိ၊ မရှိ သူ မဝေခွဲတတ်တော့ပေ။ ထို့ကြောင့် တုန်ရီသောအသံဖြင့် မေးလိုက်သည်။
"ရှန်ကျွင်း... ရှင်ဘာဖြစ်နေတာလဲဟင်"
ရှန်ကျွင်းသည် ကျီချောင်ချင်ကို ငြိမ်သက်စွာစိုက်ကြည့်နေပြီး လုံးဝမသက်ဆိုင်သောမေးခွန်းတစ်ခုကို ပြန်မေးလာသည်။
"အားကျီ... မင်း ရှန်တုပိုင်ကို တကယ်သတ်ချင်တာလား"
သူ့အသံသည် ပုံမှန်အတိုင်းပင် အေးစက်ပြီး ဂရုမစိုက်ဟန်ပေါက်နေသည်။ သူ၏မျက်ဝန်းထဲမှ နီရဲသောသွေးရောင်များနှင့် လွှမ်းမိုးလာသောအမှောင်ထုတို့သည် ကျီချောင်ချင်၏ စိတ်ထင်ယောင်ထင်မှားဖြစ်မှုသာ ဖြစ်ပါစေဟု ဆုတောင်းမိသည်။
ကျီချောင်ချင် ချက်ချင်းပြန်မဖြေနိုင်ဘဲ ဆွံ့အနေသည်ကိုမြင်သောအခါ ရှန်ကျွင်းက ထပ်မေးလာသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ့လေသံမှာ တည်ငြိမ်မနေတော့ပေ။
သူ့မျက်လုံးနှင့် မျက်ခုံးတန်းများတွင် ရူးသွပ်မှု အရိပ်အ ယောင်များယှက်သန်းနေသည်ကို မြင်လိုက်ရသဖြင့် ရှန်ကျွင်း ဘယ်လိုအဖြေမျိုးလိုချင်နေမှန်း ကျီချောင်ချင် မခန့်မှန်းနိုင်တော့ချေ။ ထို့ကြောင့် သူမ သတိထားပြီးပြန်မေးလိုက်သည်။
"ရှင်က... ရှင်ကရော ဘယ်လိုထင်လို့လဲ"
ရှန်ကျွင်းက ရယ်မောလိုက်သည်။
ထိုစဉ် သူ့လည်ပင်းမှတဆင့် မည်းနက်သော အရေးအကြောင်းများ ယှက်နွယ်တက်လာပြီး မျက်နှာတစ်ခုလုံးကို လျင်မြန်စွာဖုံးလွှမ်းသွားတော့သည်။ မကြာမီတွင် ထိုအမည်းရောင်လိုင်းများသည် ရှန်ကျွင်း၏မျက်နှာအနှံ့ နေရာယူသွားသည်။
သို့သော် သူ၏ရုပ်ရည်မှာ အစကပင် အလွန်ချောမောပြီး လူသားအငွေ့အသက်များကင်းမဲ့နေသဖြင့် ဤအရုပ်ဆိုးသော အမည်းရောင်အမှတ်အသားများသည် လှပသောပန်းတစ်ပွင့်ပေါ်တွင် အလှဆင်ထားသကဲ့သို့သာဖြစ်နေပြီး သူ့တင့်တယ်မှုကို အနည်းငယ်မျှမထိခိုက်စေပေ။ တနည်းအားဖြင့် သေမင်းတမန်အလှတရားဟုပင် ဆိုရမည်။
ကျီချောင်ချင်သည် ရှန်ကျွင်းကိုလှမ်းဆွဲရန်ကြိုးစားလိုက်သော်လည်း သူက ကိုယ်ကိုယိမ်းကာ ရှောင်တိမ်းသွားသည်။ သူသည် အလှမ်းမဝေးသော နေရာတွင် အေးစက်စွာရပ်နေပြီး တခြားလူစိမ်းတစ်ယောက်ကိုကြည့်သကဲ့သို့ သူမအားစိမ်းကားစွာ ကြည့်နေလေသည်။
တကယ်တမ်းတွင်လည်း အမြဲတမ်း ဤကဲ့သို့ပင်ဖြစ်ခဲ့သည်။ ကျီချောင်ချင်နှင့် စတင်တွေ့ဆုံချိန်ကတည်းက ရှန်ကျွင်း၏အစွမ်းသည် သူမထက်အမြဲသာလွန်ခဲ့သည်။ သူသာအထိမခံချင်လျှင် ကျီချောင်ချင်အနေဖြင့် သူ့ကို ဘယ်တော့မှထိတွေ့ခွင့်ရမည်မဟုတ်ပေ။
ယခင်က ကျီချောင်ချင် သူ့ကို အတင်းဆွဲကိုင်ရတာ ကျင့်သားရနေသဖြင့်သာ ဤအချက်ကိုသတိမမူမိခဲ့ခြင်းဖြစ် သည်။ ယခုမူ သူက သူမကို အနားကပ်မခံတော့ပေ။
ရှန်တုပိုင်သည် ယိုင်နဲ့နဲ့အနေအထားဖြင့် မတ်တတ်ရပ်လိုက်ပြီး ရယ်မောကာပြောလာသည်။
"ချောင်ချင်... မင်း ရှုံးသွားပြီနဲ့တူတယ်နော်"
ကျီချောင်ချင် မျက်လုံးများ အေးစက်သွားသည်။ မူလက သူမ၏အစီအစဉ် ပထမအဆင့်သာရှိသေးပြီး ရှန်တုပိုင်မှာလည်း အရှက်ကွဲရုံသာရှိသေးသဖြင့် ယခုချက်ချင်း အသေသတ်လိုက်လျှင် နှမြောစရာ ကောင်းမည်ဟု သူမတွေးခဲ့ဖူးသည်။ သူ ခံစားရသောနာကျင်မှုမှာ မပြောပလောက်သေးသဖြင့် သူ့ကို သတ်လိုက်လျှင် အလဟဿဖြစ်သွားပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်တော့ ရှန်တုပိုင်ကိုနှိပ်စက်ရန် စိတ်ကူးများမရှိတော့ပေ။ ရှန်တုပိုင်၏ရန်စမှုများကြောင့် ရှန်ကျွင်း နတ်ဆိုးစိတ်ဝင်သွားရသည့်အတွက် သူမအလွန်မုန်းတီးသွားမိသည်။
"ရှန်တုပိုင်... နင်က တကယ်စက်ဆုပ်စရာကောင်းတဲ့ကောင်ပဲ..."
ကျီချောင်ချင်သည် ဝိညာဉ်စွမ်းအင်ဖြင့် ဓားရှည်တစ်လက်ကိုဖန်တီးလိုက်သည်။
"သူ နင့်ကိုမသတ်ဘူးဆိုရင်တောင် ငါကိုယ်တိုင် သတ်မယ်!"
ကျီချောင်ချင် တိုက်ခိုက်ရန်ပြင်လိုက်ချိန်တွင် ရှန်ကျွင်း၏ အသံကိုကြားလိုက်ရသည်။
"ကျီချောင်ချင်"
ရှန်ကျွင်း၏စိတ်နေသဘောထား အဘယ့်ကြောင့်ရုတ်တရက် ဤမျှပြောင်းလဲသွားပြီး နတ်ဆိုးစိတ်ဝင်သည်အထိ ဖြစ်သွားရသည်ကို သူမ နားမလည်နိုင်အောင်ဖြစ်နေသည်။
သူမ လုပ်ခဲ့သမျှအမှန်တရားတွေကိုသိရက်နဲ့ ဘာလို့ ရှန်ကျွင်းက သူမဆီလာရှာခဲ့တာလဲ၊ သူမကို ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် မိုးကြိုးဘေးဒဏ်ကို ဂရုမစိုက်ဘဲ ဘာလို့ သူမကိုကယ်ခဲ့တာလဲ၊ အခုကျတော့ ဘာလို့ သူ့ စကားကိုမယုံရတာလဲ...
သူမကို သူ့ကျောနောက်မှာကာကွယ်ပေးထားပြီး ဘာလို့ သူ့ကို အထိမခံတာလဲ...
ဘာလို့လဲ? ကျီချောင်ချင် နားမလည်နိုင်တော့ပေ။
"မင်း တကယ်တမ်း ဘာလိုချင်တာလဲ"
ရှန်ကျွင်းက မေးသည်။
ကျီချောင်ချင် ဇဝေဇဝါဖြစ်သွားသည်။ ရှန်ကျွင်း သူမဆီက ဘာလိုချင်နေမှန်းမသိတော့သလို သူ့ကို နားမလည်နိုင်ဖြစ်နေရသည်။ နတ်ဆိုးစိတ်ဝင်ခြင်းက လူတစ်ယောက်ရဲ့စိတ်နေ သဘောထားကို ဤမျှလောက်တောင် ပြောင်းလဲစေနိုင်တာလား? ဖေးယီမင်တောင်မှ ဆင်ခြင်တုံတရားရှိနေသေးတာပဲလေ...
ကျီချောင်ချင် ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။
"ကျွန်မ ရှန်တုပိုင်ကိုသတ်မယ်"
ထိုစကားကိုကြားသောအခါ ရှန်ကျွင်း၏နှုတ်ခမ်းထောင့်များကွေးညွတ်သွားပြီး ပြုံးလိုက်သော်လည်း သူ့မျက်လုံးများတွင် အပြုံးအရိပ်အယောင် တစ်စိုးတစ်စိမျှမရှိပေ။
သူသည် ကျီချောင်ချင်၏အဖြေကို မကျေနပ်ပုံရသည်။ သူ့ခန္ဓာကိုယ်မှ အေးစက်သောအငွေ့အသက်များပိုမိုပြင်းထန်လာပြီး ကြီးမားသောဖိအားတစ်ခုသည် လူတိုင်းကို ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်လာတော့သည်။
သူ့ခြေထောက်အောက်မှစတင်ကာ ရေခဲများဖြစ်တည်လာပြီး မိုင်ပေါင်းရာချီပျံ့နှံ့သွားလေသည်။ အိမ်ခြေများနှင့်လမ်းမများသည် ရေခဲထုအောက်သို့ ရောက်ရှိသွားပြီး ကောင်းကင်မှလည်း နှင်းများကျဆင်းလာတော့သည်။
လူများသည် ကြောင်အမ်းအမ်းဖြင့် အိမ်ပြင်သို့ပြေးထွက်လာကြရာ နေရာတိုင်းတွင် ရေခဲနှင့်နှင်းများကိုသာတွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ တောင်ပိုင်းနယ်စပ်ရှိ ချန်ချင်းဂိုဏ်းပိုင်နက်တွင် နှစ်ပေါင်းတစ်ထောင်အတွင်း တစ်ခါမှနှင်းမကျဖူးသည့်အပြင် ရေပင်မခဲဖူးချေ။
ကျင့်ကြံသူများသည် ကျီချောင်ချင်ချထားသော အကာ အကွယ်အတားအဆီးကို ရူးသွပ်စွာရိုက်ခွဲဖျက်ဆီးကြတော့သည်။ အကြောင်းရင်းမှာ ရှန်ကျွင်း၏ အရှိန်အဝါသည် နှင်းဖုံးတောင်တန်း၏အနက်ရှိုင်းဆုံးနေရာကဲ့သို့ အလွန်အေးစက်လွန်းပြီး အရိုးထဲထိစိမ့်ဝင်သွားစေသောကြောင့်ပင်။
သာမန်ကျင့်ကြံသူများ၏ အရေပြားများမှာ အအေးဒဏ်ကြောင့်ပျက်စီးနေပြီဖြစ်ပြီး စွမ်းအားမြင့်သူများပင်လျှင် ခုခံရန်ကြိုးစားသော်လည်း ကြာရှည်မတောင့်ခံနိုင်ကြပေ။
ကျီချောင်ချင်သည် အတားအဆီးကိုဖယ်ရှားပေးလိုက်သဖြင့် ကျင့်ကြံသူများထွက်ပြေးလွတ်မြောက်သွားကြသည်။ သူမသည် ရှန်ကျွင်း အနားသို့ ကပ်ရန်ကြိုးစားသော်လည်း မည်သို့မျှမကပ်နိုင်ပေ။
ထိန်းချုပ်မှုကင်းမဲ့နေသော ရှန်ကျွင်းသည် နှင်းတောင်ကြားမှနတ်ဘုရားတစ်ပါးကဲ့သို့ မည်သူ့ကိုမျှ အနားမကပ်ခံ၊ အထိမခံဘဲ ထာဝရအထီးကျန်ဆန်ကာ ပြင်ပအရေးများကိုစွန့်ခွာထားသူနှင့်တူနေသည်။
"ရှန်ကျွင်း... ရပ်လိုက်တော့... ရှင် နောင်တရလိမ့်မယ်နော်!"
ရှန်ကျွင်းသည် ထွက်ပြေးနေသောကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ သူ၏နီရဲသောမျက်လုံးများတွင် သနားညှာတာမှုအလျဉ်းမရှိပေ။
"ကျီချောင်ချင်... မကြာခင်မှာ သူတို့ မင်းကို ငြင်းပယ်နိုင်မှာမဟုတ်တော့ပါဘူး"
ထိုသို့ပြောပြီးသည်နှင့် သူသည် ခွင်းလွန်ဓားကို ရုတ်တရက်မြှောက်လိုက်ရာ ကြီးမားပြင်းထန်သော ဓားချက်များများ သည် လူအုပ်ကြီးထံသို့တိုးဝင်သွားလေသည်။ အေးစက်သောအငွေ့အသက်များ ပျံ့နှံ့သွားပြီး ကျင့်ကြံသူအများအပြားမှာ တုံ့ပြန်ရန်အချိန်ပင်မရလိုက်ဘဲ ရှန်ကျွင်း၏ လက်ချက်ဖြင့် အသက်ပျောက်သွားကြရသည်။
ကျီချောင်ချင်ထိတ်လန့်သွားပြီး ရှန်ကျွင်း ရှေ့သို့ ချက်ချင်းဝင်ရပ်လိုက်သည်။
"ရှန်ကျွင်း! ရပ်လိုက်စမ်း!"
ရှန်ကျွင်းသည် ခွင်းလွန်ဓားကိုအောက်ချလိုက်ပြီး သားကောင်ကိုအကဲခတ်နေသော သားရဲတစ်ကောင်ကဲ့သို့ ခေါင်းကိုအနည်းငယ်စောင်းကာ ကြည့်လိုက်သည်။
"မင်း မပျော်ဘူးလား"
ရှန်တုပိုင်သည် ရှန်ကျွင်း၏ရူးသွပ်မှုကို ကြည့်ရင်း သူလိုချင်သောအခြေအနေသို့ ရောက်လာပြီဖြစ်ကြောင်း သဘော ပေါက်လိုက်သည်။ ဤအဆင့်ထိရောက်လာပြီဆိုတော့ ကိစ္စအားလုံးအောင်မြင်ခါနီးပြီပဲ!
ကျီချောင်ချင်က ပြန်အော်လိုက်သည်။
"ကျွန်မ မပျော်ဘူး! ရှန်ကျွင်း... ကျွန်မနဲ့လိုက်ခဲ့... ကျွန်မနဲ့လိုက်ခဲ့ရင် ကျွန်မပျော်မယ်"
"မင်း ကိုယ့်ကို ဘယ်ခေါ်သွားမလို့လဲ"
"အဖိုးကြီးချင်းချီဆီ ခေါ်သွားမလို့၊ ရှင့်ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးနိုင်မယ့်နည်းလမ်း သူ့ဆီမှာ သေချာပေါက်ရှိမှာပါ"
ရှန်ကျွင်းသည် လက်ကောက်ဝတ်ကိုမြှောက်ပြလိုက်ရာ ကျီချောင်ချင်ပေးခဲ့ဖူးသောဗုဒ္ဓပုတီးကို တွေ့လိုက်ရသည်။
"ဒါက အဲ့ဒီ့ဘုန်းကြီး မင်းကိုပေးခဲ့တဲ့လက်ကောက်လေ၊ ဒီပုတီးစိပ်တွေက စီပေ့ကျောင်းတော်က ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးတွေရဲ့ ဓာတ်တော်တွေပဲ၊ ကျောင်းတော်ရဲ့အကြီးမားဆုံး ရတနာပေါ့၊ ဒါကို မင်းဆီပေးလိုက်တယ်ဆိုကတည်းက သူလည်းတခြားနည်းလမ်းမရှိတော့လို့ပဲ"
ပုတီးများသည် အေးစက်သောအလင်းရောင်ကို ထုတ်လွှတ်နေသည်။ ပုတီးများ ဤမျှလင်းလက်နေသည်ကို ကျီချောင်ချင် တစ်ခါမှမမြင်ဖူးပေ။ ထိုသည်ကိုကြည့်ခြင်းအားဖြင့် ရှန်ကျွင်း၏အခြေအနေမှာ သူမ ဖြစ်ခဲ့ဖူးသည်ထက်ပို၍ ဆိုးရွားရူးသွပ်နေကြောင်းပြသနေသည်။
မိုးနှင့်မြေကြားရှိလေထုမှာ ပို၍အေးစက်လာသည်။ ကောင်း ကင်မှကျဆင်းလာသော နှင်းပွင့်များသည် ဓားသွားများကဲ့သို့ထက်ရှနေပြီး လူများကိုလှီးဖြတ်နေတော့သည်။
နှင်းနှင့်ရေခဲကို တစ်ခါမှမမြင်ဖူးသောလူများသည် အကြီး အကျယ်ဒုက္ခရောက်နေကြသည်။ အိမ်ထဲသို့ ဝင်ပြေးကြသော်လည်း အိမ်ထဲမဝင်နိုင်သူများသည် နှင်းပွင့်များ၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။
ခြေလက်အင်္ဂါအစိတ်အပိုင်းများနှင့် သွေးများနေရာတိုင်း တွင်ပျံ့နှံ့နေပြီး ငိုကြွေးသံများမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်နေသည်။ ကျီချောင်ချင်သည် ဤလူသားကပ်ဘေးကြီးကိုကြည့်ရင်း ရင်ထဲတွင် စိမ့်ခနဲခံစားလိုက်ရသည်။
ရှန်ကျွင်းကို ဤသို့ပုံစံမျိုးမဖြစ်စေချင်ပေ။ သူမ ရိုးသားစွာပြောလိုက်သည်။
"ရှန်ကျွင်း... နောက်ပြန်လှည့်ပါတော့"
ရှန်ကျွင်း မျက်တောင်ခတ်လိုက်ရာ သူ၏သားရဲမျက်လုံးများတွင် အလင်းရောင်ပျောက်ကွယ်သွားသကဲ့သို့ရှိသည်။
"ကိုယ်..."
ရှန်တုပိုင်က ဝင်ပြောသည်။
"ချောင်ချင်... လူတိုင်းက ကိစ္စတစ်ခုခုလုပ်ဖို့ ဒီလောကထဲကိုရောက်လာကြတာပဲ၊ မင်းက ဘာလို့ ရှန်ကျွင်းကိုတားနေရတာလဲ"
ရှန်ကျွင်း၏ မျက်လုံးများအေးစက်သွားပြီး ခွင်းလွန်ဓားသည် ရှန်တုပိုင်ရင်ဘတ်ကို ထိုးဖောက်သွားတော့သည်။ သူသည် ကောင်းကင်ပေါ်မှချက်ချင်း ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ဘုန်းခနဲကျသွားကာ မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။
ကျီချောင်ချင် စိတ်ထဲတွင်ကျေနပ်သွားမိသည်။ သူမသာ ရှန်ကျွင်း၏အစွမ်းမျိုးရှိပါက ရှန်တုပိုင်ကို ခွေးတစ်ကောင်လိုဆက်ဆံပြီး ကစားပစ်မည်။ အဆုံးမဲ့ အရှက်ရစေပြီးမှ ခန္ဓာကိုယ်ကိုဖျက်ဆီး၊ ဝိညာဉ်ကို ထုတ်ယူကာ နေ့စဉ်နေ့တိုင်း သေမတတ်ခံစားရအောင်နှိပ်စက်ပစ်မည်။
ထိုသို့တွေးနေစဉ် ကျီချောင်ချင်သည် မမျှော်လင့်ဘဲ ရှန်ကျွင်းနှင့် မျက်လုံးချင်းဆုံသွားသည်။
ကျီချောင်ချင်: "..."
ထိုအခါမှ သူမ နောက်ကျစွာ သတိပြုမိလိုက်သည်မှာ နတ် ဆိုးစိတ်ဝင်နေသောရှန်ကျွင်းနှင့် သူမ တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။
ရှန်ကျွင်းသာအသိစိတ်လွတ်သွားရင် သူမကိုပါ သတ်ပစ်မလား...
ကျီချောင်ချင် စိုးရိမ်ပူပန်နေစဉ်မှာပင် ရှန်ကျွင်းက သူမ၏ လက်ကောက်ဝတ်ကို အားဖြင့်ဆွဲကိုင်လိုက်သည်။ သူမကို သူ့အသားထဲသို့ဆွဲထည့်ချင်နေသကဲ့သို့ပင်။
"ကိုယ်တို့စတွေ့တုန်းက မင်းက အဖြူရောင်ဝတ်ရတာကြိုက်တယ် ကိုယ့်ကိုလည်း အဖြူရောင်ဝတ်စုံပေးခဲ့တယ်... အဲ့ဒါရှန်တုပိုင်က အဖြူရောင်ဝတ်လေ့ရှိလို့မလား"
ကျီချောင်ချင် တုန်လှုပ်သွားသည်။ သူမ၏ငယ်ဘဝတွင် ရှန်တုပိုင်နှင့် အချိန်များစွာကုန်ဆုံးခဲ့ရပြီး သူ့လွှမ်းမိုးမှုကြောင့် သူမ၏အလှအပဆိုင်ရာ ခံယူချက်များတိမ်းစောင်းခဲ့ရသည်။ သူမလည်း အဖြူရောင်စဝတ်လာခဲ့သည်။ နောက်ပိုင်း ထျန်းရွှမ်ဂိုဏ်းကို မီးရှို့ရန်ဆုံးဖြတ်လိုက်ချိန်တွင် သူမဝတ်စုံကို ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ရှန်ကျွင်းကိုပေးခဲ့သော အဝတ်အစားများမှာလည်း သူမပိုင်ဆိုင်သော အရောင်မှာ အဖြူရောင်သာရှိသောကြောင့် ဖြစ်သည်။
ရှန်တုပိုင်အဖြူဝတ်ခြင်းနှင့် ရှန်ကျွင်းအဖြူဝတ်ခြင်းမှာမသက်ဆိုင်သော်လည်း သေချာပြန်တွေးကြည့်လျှင် ရှန်ကျွင်းပြောတာမှန်နေသည်။ ငယ်ဘဝက ပုံပျက်နေသောအစွဲများကြောင့် အဖြူရောင်ဝတ်စုံများကို သူမ အမြဲပြင်ဆင်နေမိခဲ့ခြင်းဖြစ်သည်။
ကျီချောင်ချင် အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသော် လည်း ရှန်ကျွင်းကိုမလိမ်ညာချင်ပေ။
"ဟုတ်တယ်... ဒါပေမယ့်..."
"ပြီးတော့ ဒီရုပ်တု..."
ရှန်ကျွင်းက သူမကိုရှင်းပြခွင့်မပေးပေ။
"ဒီရုပ်တုကို ချန်ကျီကျစ် ပေးခဲ့တာမဟုတ်ဘူး ရှန်တုပိုင်ပေးခဲ့တာ၊ မင်း ဒါကိုဝတ်ထားတာ နှစ်ပေါင်းတစ်ရာရှိပြီ၊ တစ်ခါမှမချွတ်ခဲ့ဘူး"
ကျီချောင်ချင် ချက်ချင်းပြန်အော်လိုက်သည်။
"ဘယ်ကလာ... ကျီကျစ်ပေးခဲ့တာပါ!"
ရှန်ကျွင်းက ရုပ်တုကိုချေမွပစ်လိုက်ရာ အတွင်းမှ လက်နက်အကျိုးအပဲ့တစ်ခုထွက်လာသည်။
ဘာလက်နက်မှန်း ကျီချောင်ချင် မသိသော်လည်း ထိုအရာပေါ်တွင် ရှန်တုပိုင်၏ဝိညာဉ်စွမ်းအင်ကို သူမ အာရုံခံလိုက်ရသည်။
ကျီချောင်ချင်: "..."
သောက်ကျိုးနည်း! ဒီအရာထဲမှာ ရှန်တုပိုင်ရဲ့ပစ္စည်းက ဘယ် လိုလုပ်ပါနေရတာလဲ၊ သူမ ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ရှင်းပြလို့ရတော့မှာမဟုတ်ဘူး!
ကျီချောင်ချင်: "ကျွန်မ မသိ..."
"မင်း မသိပါဘူးလို့ပြောချင်တာလား"
ရှန်ကျွင်းမျက်လုံးထဲမှ အနီရောင်များမှာ အဆုံးမဲ့အမှောင်ထုထဲသို့ မျိုသိပ်ခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး နတ်ဆိုးအငွေ့အသက်များဖုံးလွှမ်းသွားကာ နတ်ဆိုးတစ်ကောင်နှင့် မခြားဖြစ်သွားတော့သည်။
ရှန်ကျွင်း၏ကျင့်ကြံခြင်းနည်းလမ်းမှာ မူလကပင် နက်နဲလှပြီး ယခု နတ်ဆိုးစိတ်ဝင်သွားချိန်တွင် အဆပေါင်းများစွာပိုမိုအစွမ်းထက်လာသည်။ ယခုသာ အသိစိတ်လွတ်သွားပါက...
🍃 Chapter 140
ကျီချောင်ချင် ထိတ်လန့်သွားပြီး အန္တရာယ်ကို အလိုလိုအာရုံခံမိလိုက်သည်။ နောက်ဆုတ်ရန် ကြိုးစားသော်လည်း ရှန်ကျွင်းက သူမ လက်ကောက်ဝတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသဖြင့် ပြေးမရပေ။
ကျီချောင်ချင် အလျင်စလိုအော်ပြောလိုက်သည်။
"ရှန်ကျွင်း! စိတ်ကိုလျှော့ထား... ရှင် ထင်သလို မဟုတ်ပါဘူး၊ ရှန်တုပိုင်က ကျွန်မကို အရုပ်တစ်ရုပ်လိုမွေးထားခဲ့တာ၊ ကျွန်မဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တာ၊ ကျွန်မအသက်ကို လိုချင်နေတာ... ကျွန်မ လုံးဝ..."
ရှန်ကျွင်းက ကျီချောင်ချင်စကားကို နားမထောင်တော့ပေ။ သူသည် သူ့ကမ္ဘာနှင့်သူဖြစ်နေသည်။
"မင်း သူ့ကိုမကြိုက်ပါဘူးလို့ ပြောချင်တာလား၊ လိမ်နေတာပဲ... မင်း ငယ်ငယ်တုန်းက သူ့ကိုကြိုက်ခဲ့တယ်၊ မဟုတ်ရင် ရှန်တုပိုင် မင်းကိုတိုက်ခိုက်တယ်လို့သံသယဝင်တုန်းက မင်း အဲ့လောက်တောင် ခံစားနေမှာမဟုတ်ဘူး၊ မင်း သူ့ကို အရမ်းဂရုစိုက်ခဲ့လို့ပဲ၊ ဒီလောက်ဂရုစိုက်နေမှတော့ ဘယ်လိုလုပ်မကြိုက်ဘဲ နေမှာလဲ"
ရှန်ကျွင်း သူမစကားကို မကြားနိုင်တော့မှန်းသိသော်လည်း ကျီချောင်ချင် မနေနိုင်ဘဲမေးလိုက်သည်။
"ရှန်ကျွင်း... ဘာကိုကြည့်ပြီး ကျွန်မက ရှန်တုပိုင်ကို ကြိုက်တယ်လို့ ရှင်ထင်နေတာလဲ"
ရှန်ကျွင်း ခါးသီးစွာရယ်မောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကိုယ် အတိတ်က အကြောင်းအရာတချို့ကို ပြန်သတိရသွားလို့ပဲ ကျီချောင်ချင်၊ ကိုယ့်နာမည်ကို မင်းပေးခဲ့တာဆိုတာ မင်း မမှတ်မိတော့ဘူးလား၊ ရှန်ဆိုတဲ့နာမည်က ရှန်တုပိုင်ရဲ့မျိုးရိုးနာမည်ကို မင်းယူသုံးခဲ့တာလေ"
ဒါကြောင့်မို့လို့ မြောက်ပိုင်းနယ်စပ်က နှင်းကျတဲ့ညတစ်ညမှာ ရှန်ကျွင်းက ဒီနာမည်ကို ရွံတယ်လို့ပြောခဲ့တာကိုး...
ဒါမဖြစ်နိုင်ဘူး! ကျီချောင်ချင်က အသက်တစ်ရာကျော်သာရှိသေးပြီး ရှန်ကျွင်းက မြောက်ပိုင်းနယ်စပ်မှာနေလာတာ အနည်းဆုံး နှစ်နှစ်ရာ သုံးရာလောက်ရှိနေပြီ၊ ပြီးတော့ ပြန်လည်မွေးဖွားခြင်းကြေးမုံထဲမှာတုန်းက ရှန်ကျွင်း ငယ်ငယ်ကတည်းကနာမည်က ရှန်ကျွင်းဖြစ်နေတာလေ၊ လွန်ခဲ့တဲ့ နှစ်နှစ်ရာ သုံးရာလောက်က ရှန်ကျွင်းကို သူက ဘယ်လိုလုပ်နာမည်ပေးနိုင်မှာလဲ?
ရှန်ကျွင်းက နတ်ဆိုးလမ်းကိုလိုက်တာ အရမ်းနက်ရှိုင်းသွားပြီပဲ! သူရူးသွားပြီ!
ကျီချောင်ချင် သူ့ပေါက်ကရစကားတွေကို နားမထောင်တော့ဘဲ ဝိညာဉ်စွမ်းအင်ကိုတိတ်တဆိတ် စုစည်းလိုက်သည်။ သူမ၏စွမ်းအင်များသည် ရှန်ကျွင်း နတ်ဆိုးစွမ်းအင်များနှင့်ရောနှောကာ သူ့ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ရန် ကြိုးစားလိုက်သည်။
သူ့ကိုသတိလစ်သွားအောင်လုပ်ပြီး ဆရာတော်ချင်းချီဆီ ခေါ်သွားမှဖြစ်မယ်! ဒီအတိုင်းဆက်လွှတ်ထားရင် သူမကိုယ် တိုင် ရှန်တုပိုင်ကိုမသတ်ရခင် ရှန်ကျွင်းက လောကကြီးကို အရင်ဖျက်ဆီးပစ်လိမ့်မယ်...
သို့သော် ကျီချောင်ချင်လှုပ်ရှားလိုက်သည်နှင့် ရှန်ကျွင်းက သူမကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးအိမ်ထဲတွင် မျက်လုံးများကိုမမြင်ရတော့ဘဲ နက်ရှိုင်းသောအမှောင်ထုသာရှိတော့သည်။ သူမကို စိုက်ကြည့်လိုက်သောအခါ အားကြီးသောသားရဲတစ်ကောင်၏ အကြည့်ခံလိုက်ရသလိုခံစားလိုက်ရပြီး အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် ဝါးမျိုခံရတော့မည့်အတိုင်းပင်။
"မင်း ကိုယ့်ကို သတ်ချင်နေတာလား"
သူ့လေသံမှာအေးစက်နေပြီး မျက်နှာပေါ်ရှိအမည်းရောင်လိုင်းများကြောင့် သူ့အသားအရေမှာဖြူဖျော့ကာ သွေးဆုတ်နေသည်။ ယခင်က ရှန်ကျွင်းနှင့် လုံးဝမတူတော့ပေ။
ကျီချောင်ချင် ခေါင်းနပန်းကြီးသွားပြီး ကြက်သီးများထသွားသည်။
သူမ အရွယ်ရောက်ပြီးကတည်းက မကြောက်လန့်ခဲ့ဖူးသည်မှာကြာပြီဖြစ်သော်လည်း ယခုအခါ ဖိနှိပ်ထားသော အကြွင်း မဲ့အင်အားကိုခံစားလိုက်ရသည်။
ရှန်ကျွင်းကရယ်မောလိုက်ပြန်ရာ ကျီချောင်ချင် ကျောချမ်းသွားတော့သည်။
သူ ပြောလိုက်သည်။
"ဟုတ်တာပဲ... ကိုယ်နဲ့ လီမင်လော့နဲ့ဘာ ကွာခြားလို့လဲ၊ ကိုယ်တို့နှစ်ယောက်လုံးက အစားထိုးခံတွေပဲလေ၊ မင်းသဘောရှိ သတ်ချင်တိုင်းသတ်လို့ရတာပဲ၊ ဒါနဲ့မင်းပြောဖူးတယ်နော် လီမင်လော့ရဲ့မျက်လုံးတွေက ရှန်တုပိုင်နဲ့တူတယ်ဆို၊ ဒါဆို မင်းမျက်လုံးထဲမှာ ငါ့ရဲ့ဘယ်အရာက သူ့နဲ့တူနေတာလဲ…”
ကျီချောင်ချင်သည် ရှန်ကျွင်း၏ရှေ့မှောက်တွင် ဒူးထောက်ကာ အသနားခံလိုက်ချင်စိတ်ပင်ပေါက်သွားသည်။ တစ် သက်နှင့်တစ်ကိုယ် ရှန်ကျွင်းမှလွဲ၍ မည်သူ့အပေါ်မှ အမှားမလုပ်ခဲ့ဖူးသော်လည်း ယခုအချိန်တွင်မူ ရှန်ကျွင်း၏အပြစ် တင်စကားများကို ခေါင်းငုံခံနေရုံသာတတ်နိုင်တော့သည်။
"ဒါ... ရှန်ကျွင်း..."
ကျီချောင်ချင် ရိုးသားစွာဖွင့်ဟလိုက်သည်။
"အမှန်အတိုင်းပြောရရင် ရှင်က ဟိုခွေးအိုကြီး ရှန်တုပိုင်ထက် အဆပေါင်းများစွာကြည့်ကောင်းပါတယ်၊ ရှင်က လူ... သူကခွေးလေ၊ ရှင်တိုနှစ်ယောက်က နှိင်းယှဉ်စရာကိုမလိုတာ၊ နောက်ဆို သူ့လိုကောင်နဲ့ ကိုယ့်ကိုကိုယ်သွားမနှိင်းပါနဲ့... ရှင့်သိက္ခာကျလွန်းလိုပါ"
"ကျီချောင်ချင်... မင်းက အမြဲတမ်းဒီလိုပဲ"
ထိုစဉ် ကျီချောင်ချင်ဘေးနားတွင် ပုံမှန်မဟုတ်သော လေ ပြင်းတစ်ချက် ဝှီးခနဲတိုက်ခတ်လာသည်။ အလိုအလျောက်လှည့်ကြည့်လိုက်ရာ မတွေ့ရတာကြာပြီဖြစ်သော ဒုတိယအစ်ကိုကြီး ချန်ဝမ်ရှန်းကို တွေ့လိုက်ရသည်။ သိုသော် သူသည် ရှန်ကျွင်း၏ ကျောဘက်သိုရောက်ရှိနေပြီး သူ၏မွေးရာပါလက်နက် ဖန်ချွန်းဓားဖြင့် ရှန်ကျွင်း၏ရင်ဘတ်ကို ချိန်ရွယ်ထားလေသည်။
ကျီချောင်ချင် လန့်ဖျပ်သွားသည်။
"ရှန်ကျွင်း! ဖယ်လိုက်!"
ရှန်ကျွင်းက မလှုပ်ရှားပေ။ ကျီချောင်ချင်ကိုသာ စူးစိုက် ကြည့်နေသည်။
ကျီချောင်ချင်သည် ရှန်ကျွင်း၏လက်ကို ဆောင့်ဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားရှည်တစ်လက်ကိုဖန်တီးကာ ချန်ဝမ်ရှန်း၏ဖန်ချွန်းဓားကို ဝင်ရောက်တားဆီးလိုက်သည်။
ချန်ဝမ်ရှန်းက အံကြိတ်ကာပြောသည်။
"သူ ဘာလုပ်ခဲ့လဲမင်းသိလား... ဖယ်စမ်း!"
"နားလည်မှုလွဲနေတာ! နင် သူ့ကိုသတ်လိုမရဘူး!"
ချန်ဝမ်ရှန်း ဒေါသထွက်သွားသည်။
"ရှန်ကျွင်းက နတ်ဆိုးနယ်မြေမှာ ဖမ်းချုပ်ခံထားရတဲ့ကျင့်ကြံ သူတွေကိုသတ်ပစ်ခဲ့တာ... ပြီးတော့ ငါ့ညီလေးကျူးယွီကိုပါ သတ်ခဲ့တယ်!"
သူမ ကျူးယွီကိုလိုက်ရှာနေကြောင်း ရှန်ကျွင်းကို ပြောပြဖူးသည်ကို ကျီချောင်ချင်သတိရလိုက်သည်။ သူမ ရှာနေတဲ့လူဖြစ်သည့်အတွက် ရှန်ကျွင်း ကျူးယွီကို ဘယ်တော့မှသတ်မှာမဟုတ်ပေ။
"မဖြစ်နိုင်တာ... ချန်ဝမ်ရှန်း၊ နင်က လောကကြီးထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားချင်တယ်ဆို၊ အခု ဘာလိုပြန်ရောက်လာတာလဲ"
ကျီချောင်ချင်၏စကားကို ကြားသောအခါ ချန်ဝမ်ရှန်းသည် ဖန်ချွန်းဓားကိုပြန်သိမ်းလိုက်သည်။ ထိုနောက် ကျီချောင်ချင် အင်္ကျီကော်လံကို ဆောင့်ဆွဲကာ အော်ဟစ်လိုက်သည်။
"မင်းကို ဘယ်သူက ဒီလောက်ပြဿနာရှာခိုင်းနေလိုလဲ!"
ကျီချောင်ချင်သည် ချန်ဝမ်ရှန်း၏ရင်ဘတ်ကို ခြေထောက်ဖြင့်ကန်ထုတ်လိုက်ပြီး ရှုပ်ပွသွားသော ကော်လံကိုပြန်ပြင်လိုက်သည်။
"ငါ ပြဿနာရှာတာ မရှာတာ နင်နဲ့မဆိုင်ဘူး၊ ငါ့ကိစ္စ နင် ဝင်ပါစရာမလိုဘူး!"
ကျီချောင်ချင်၏ ကန်ထုတ်မှုကိုခံလိုက်ရသော ချန်ဝမ်ရှန်းသည် ဒေါသကြောင့် မူးမေ့လဲချင်သလို ဖြစ်သွားသည်။
"ကောင်းပြီလေ! ဒါဆို ငါ မင်းကိုပဲသတ်ပစ်လိုက်မယ်၊ သူလှည့်စားတာကို ခံနေရတာထက်စာရင် မင်းသေတာကပိုကောင်းတယ်!"
ကျီချောင်ချင်က မဲ့ပြုံးပြုံးလိုက်သည်။
"ငါက အရင်လို ဝိညာဉ်စွမ်းအင်မရှိတဲ့ အသုံးမကျတဲ့လူမဟုတ်တော့ဘူးနော်၊ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ မသေချာသေးဘူး၊ ချန်ဝမ်ရှန်း... ဒီနေ့ နင့်အသက်ကို ဒီမှာပဲထားခဲ့လိုက်တော့!"
သူမစကားဆုံးသည်နှင့် ခွင်းလွန်ဓားသည် ချန်ဝမ်ရှန်း၏ ရင်ဘတ်ဆီသို တဟုန်ထိုးပျံသန်းသွားသည်။
ကျီချောင်ချင် အနည်းငယ်လန့်သွားသော်လည်း ချန်ဝမ်ရှန်း ၏ တုံပြန်မှုမှာအလွန်လျင်မြန်ကြောင်း တွေ့လိုက်ရသည်။ သူသည် ဘေးသိုလှိမ့်ရှောင်လိုက်ပြီး ခွင်းလွန်ဓား၏ တိုက် ခိုက်မှုကို ရှောင်တိမ်းကာ ကျီချောင်ချင်၏ကျောဘက်သို ဓားဖြင့်ပြန်လည် ထိုးနှက်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ယခင်ကလိုမဟုတ်ဘဲ ချန်ဝမ်ရှန်း ၏ဖန်ချွန်းဓားတွင် ဝိညာဉ်စွမ်းအင်များပြည့်နှက်နေသည်။ သူနှင့်ရှန်ကျွင်းတို တိုက်ခိုက်ကြရာ နှစ်ဖက်စလုံးတိုက်ကွက်များသည် အသက်အန္တရာယ်ပေးနိုင်လောက်သည်အထိ ပြင်းထန်ပြီး မည်သူကမျှ လက်လျှော့မည့်ပုံမပေါ်ပေ။
ချန်ဝမ်ရှန်းဘက်က အရေးနိမ့်လာသည်ကိုမြင်လိုက်ရသလို ရှန်ကျွင်းမှာလည်း တည်ငြိမ်မှုအတန်ငယ် ပြန်ရလာပြီး မျက်လုံးများမှာ ယခင်ကလောက်ကြောက်မက်ဖွယ်ကောင်းတော့သည်ကို သတိပြုမိလိုက်သည်။
ကျီချောင်ချင် အလျင်စလိုဝင်ပြောလိုက်သည်။
"နင်တိုနှစ်ယောက် ရပ်လိုက်ကြစမ်း! ထိုင်ပြီး အေးဆေး စကားပြောလိုမရကြဘူးလား"
ရှန်ကျွင်းသည် ရုတ်တရက် ကျီချောင်ချင်ကို လှမ်းကြည့် လိုက်ရာ မျက်လုံးများမှာသွေးရောင်လွှမ်းနေသည်။
"မင်း သူ့ကိုသတ်ချင်တာလား၊ ကိုယ် မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
"ငါက..."
ချန်ဝမ်ရှန်းက လှောင်ပြောင်လိုက်သည်။
"ဟား... မင်းလိုနတ်ဆိုးကောင်က ငါ့ကိုသတ်ဖို အသက်ရှင်ရပါ့မလားလို စိုးရိမ်မိတယ်!"
"နင်တို ရပ်လို မရ..."
ရှန်ကျွင်း၏ မျက်နှာထားပိုမိုအေးစက်လာသည်။
"မင်း သေပြီသာမှတ်"
၎င်းတိုနှစ်ယောက် ပြင်းထန်စွာတိုက်ခိုက်ကြရာ မူလကပင် ဖရိုဖရဲဖြစ်နေသော ချန်ချင်းဂိုဏ်းသည် သူတို၏လျှံကျလာသော ဝိညာဉ်စွမ်းအင်များကြောင့် လုံးဝပြောင်းလဲပျက်စီးသွားတော့သည်။
လွန်ခဲ့သောနှစ်များအတွင်း ချန်ဝမ်ရှန်းသည် ကံကောင်းထောက်မစွာဖြင့် ပညာရပ်တချိုရရှိခဲ့ပုံရပြီး သူ၏ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်ရေးစွမ်းရည်များမှာ အလွန်တိုးတက်လာခဲ့သည်။ ရှန်ကျွင်းမှာ ဝိညာဉ်စွမ်းအင်မြင့်မားသော်လည်း အတွေ့အကြုံနည်းပါးသည်။ ထိုကြောင့် နှစ်ဦးသားမှာ ခေတ္တမျှ သရေအနေအထားဖြစ်နေကြသည်။
ကျီချောင်ချင် မောပန်းလာသဖြင့် နေရာလွတ်တစ်ခု ရှာကာလှဲအိပ်လိုက်ပြီး သူတို ဘယ်လောက်ကြာကြာ တိုက်နိုင်မလဲဆိုတာကို စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
ထိုစဉ် ထောင့်တစ်နေရာတွင် သက်သောင့်သက်သာ လှဲလျောင်းရင်း ရှန်ကျွင်းနှင့် ချန်ဝမ်ရှန်းတို၏ တိုက်ပွဲကို အရသာခံကြည့်ရှုနေသော ရှန်တုပိုင်ကို သူမတွေ့လိုက်ရသည်။