← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း ၅၇ - စာအုပ်ကို ဖတ်ရှုခြင်း

ချန်လော့သည် လောကကြီးထဲတွင် အိပ်ပျော်ရင်း လမ်းလျှောက်နေသကဲ့သို့ ခံစားလိုက်ရ၏။ ကွာခြားချက်မှာ ယခုတစ်ကြိမ်တွင်မူ သူသည် ပုရှန်းဂူသို့ ခေါ်ဆောင်သွားခြင်း ခံရပြီး ပုရှန်းဂူ၏ တရားဝင်တပည့်တစ်ဦး ဖြစ်လာခဲ့ခြင်းပင်။

'ဒါက အိပ်မက်လား၊ ဒါမှမဟုတ် တကယ်ပဲလား'

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဘာမှ ပြောင်းလဲမသွားသည်ကို တွေ့လိုက်ရ၏။ စားပွဲပေါ်ရှိ ဆီမီးခွက်မှာ လောင်ကျွမ်းနေဆဲဖြစ်ပြီး ဆီလည်းအများကြီး ကုန်မသွားသေးပေ။

'ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး။'

တော်ဝင်မျိုးနွယ် ဦးနှောက်နှင့် သခင်လေး ဆယ့်ကိုး၏ ဦးနှောက်တို့က ချက်ချင်း တုံ့ပြန်ချက် ပေးလာသည်။ ကျန်ရှိသော ဦးနှောက် ကိုးဆယ်ကျော်မှာလည်း အလားတူပင်ဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ခုမျှယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စကို သတိမထားမိကြပေ။

ခဏမျှစိတ်အေးသွားပြီးနောက် ချန်လော့သည် ခေါင်းငုံ့ကာ စာမျက်နှာကို ပြန်ကြည့်လိုက်၏။

သို့သော် သူ ခေါင်းငုံ့လိုက်သည့် ခဏမှာပင် သူ၏ နှလုံးသားမှာ ရုတ်တရက် ခုန်သွားခဲ့သည်။

စာအုပ်ထဲရှိ ဘိုင်ရှန်းမှာလည်း သူ့ကို ကြည့်နေသည်ကို သူ တွေ့လိုက်ရ၏။ သူ၏ အကြည့်ကို သိရှိသွားပုံရပြီး စာအုပ်ထဲရှိ လူမှာ သူ့ကို ပြုံးပြကာ ခေါင်းငုံ့ပြလိုက်သေးသည်။

'မသေမျိုးအက္ခရာ ရဲ့ အငွေ့အသက် ရှိနေတယ်။'

နောက်ဆုံးတွင် ယခုတစ်ကြိမ်၌ ဦးနှောက်များထဲမှ တစ်ခုကကွဲပြားသော မြင်ကွင်းကို မြင်တွေ့သွားပြီး တုံ့ပြန်ချက် ပေးလာသည်။

မသေမျိုးအက္ခရာ

ချန်လော့၏ စိတ်လှုပ်ရှားသွား၏။ သူသည် သူ၏ လက်ညှိုးဖြင့် စားပွဲပေါ်တွင် သူ မကြာသေးမီကမှ တတ်မြောက်ထားသော မသေမျိုးအက္ခရာကို လျင်မြန်စွာ ရေးထွင်းလိုက်သည်။

မသေမျိုးအက္ခရာ ပုံပေါ်လာသည်နှင့် တပြိုင်နက်သူ၏ ခန္ဓာကိုယ်ထဲတွင် ရက်ပေါင်းများစွာ စုဆောင်းထားသော စွမ်းအင်များမှာ တစ်ဝက်ကျော်ခန့် ချက်ချင်းကုန်ဆုံးသွား၏။

မူလချီများမှာ သူ၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး တစ်ခန်းလုံးသို့ ပျံ့နှံ့သွား၏။ ယခင်က အခန်းထဲတွင် ပျံ့နှံ့နေသော မှုန်ဝါးဝါး အငွေ့အသက်များ ပျောက်ကွယ်သွားပြီး မကြုံစဖူး လန်းဆန်းမှုများဖြင့် အစားထိုးသွားခဲ့သည်။

"ဟူး..."

ချန်လော့ သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်းရဲ့ ပါရမီက ကောင်းသားပဲ၊ ငါ့ရဲ့ ပုရှန်းဂူ အမွေအနှစ်ကို ဆက်ခံဖို့ ထိုက်တန်ပါတယ်။"

ချန်လော့၏ နားအနီးတွင် အသံတစ်ခု ရုတ်တရက် ပေါ်လာ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တစ်စုံတစ်ယောက် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ဤသူမှာ အစောပိုင်းက စာအုပ်ထဲတွင် ဖော်ပြထားသော အစိမ်းရောင်ဝတ်ရုံနှင့် ဘိုင်ရှန်း ပင်။

'တစ်စုံတစ်ယောက် အနားမှာ ရှိနေတယ်။'

'စာအုပ်ထဲကနေ ထွက်လာတာပဲ။'

အတွေးနှစ်ခုမှာ ချန်လော့၏ စိတ်ထဲတွင် တစ်ပြိုင်နက် ပေါ်လာသည်။

နောက်တစ်ခဏတွင် စားပွဲပေါ်ရှိ စာအုပ်မှာ အလိုအလျောက်ပွင့်သွားပြီး စာအုပ်ထဲမှ မူလချီ အမြောက်အမြား ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမှာ တစ်ခန်းလုံးသို့ ပြည့်နှက်သွားသည်။

ချန်လော့သည် ဤအငွေ့များကို ထိတွေ့မိသောအခါ သူ၏ ခေါင်းမှာ လေးလံလာပြီး ကမ္ဘာကြီးမှာ သူ၏ မျက်စိရှေ့တွင် ချာချာလည်သွား၏။ အရာအားလုံး တည်ငြိမ်သွားသောအခါ သူ၏ ပတ်ဝန်းကျင်ရှိ အခန်းမှာ ပျောက်ကွယ်သွားပြီး သစ်ရွက်များ ကြွေကျနေသော တောင်ကြားတစ်ခုနှင့် အစားထိုးသွားသည်။

ဆောင်းဦးအလှ

တောင်ကြား

သက်ကယ်မိုးအိမ်လေး

သူသည် ကျောက်စားပွဲတွင် မည်သည့်အချိန်က ထိုင်မိသွားသည်ကို မသိဘဲ၊ လက်ထဲတွင် အနက်ရောင်ကျားစေ့တစ်ခုကို ကိုင်ကာ အလေးအနက် စဉ်းစားနေမိသည်။

'စာအုပ်ထဲကို ထပ်ပြီး ဆွဲသွင်းခံလိုက်ရတာလား။'

'မဟုတ်ဘူး မဟုတ်ဘူး၊ မဟုတ်ဘူး'

ချန်လော့သည် သူ၏ ပြင်ပ ဦးနှောက်များကို အာရုံခံကြည့်လိုက်ပြီး ကွဲပြားသော အာရုံခံစားမှု ရှိ၊ မရှိ သိလိုခဲ့၏။ သူ၏ ပြင်ပ ဦးနှောက်များ အားလုံးမှာ သူနှင့် တစ်သားတည်း ဖြစ်သွားပြီး သူတို့ မြင်တွေ့ကြားသိရသမျှမှာ သူနှင့် အတူတူပင် ဖြစ်နေကြောင်း သူ တွေ့လိုက်ရသည်။

"ပုရှန်းဂူရဲ့ အစစ်အမှန် တပည့်တွေပဲ မသေမျိုး တစ်ရာ မှတ်တမ်းထဲက အကြောင်းအရာတွေကို မြင်နိုင်တယ်။ မင်းရဲ့ နာမည်က တောင်ပေါ်ကို ရောက်သွားပြီဆိုတော့၊ အခု ဂိုဏ်းရဲ့ အခြေခံ ချီ သန့်စင်ခြင်းနည်းစနစ်ကို သင်ယူလို့ ရပါပြီ။"

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အစိမ်းရောင်ဝတ်ရုံနှင့်လူက ပြောလိုက်၏။

သူသည် လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ အဖြူရောင် ကျားစေ့တစ်ခု ကျလာသည်။

ကျားကစားပွဲ ပြီးဆုံးသွားပြီ။

သူ ရှုံးသွားသည်။

ခုခံဖို့ အခွင့်အရေးတောင် မရှိခဲ့ပေ။

ချန်လော့သည် ဤလူကို ကြည့်ရင်း လူတစ်ယောက်နှင့် ကျားထိုးခြင်းမှာ ဤသို့ပင်လားဟု တွေးတောနေမိသည်။ ဤအချိန်တွင် သူသည် အမှန်တရားနှင့် ထင်ယောင်ထင်မှားကြားတွင် အနည်းငယ် ရှုပ်ထွေးနေခဲ့၏။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

စားပွဲတွင် အတွေးလွန်နေသော ချန်လော့မှာ ရုတ်တရက် လန့်နိုးသွား၏။ သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ သူ၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။

'ဒါက စာအုပ်ထဲမှာပဲ ရှိသေးတာလား'

သူသည် စာအုပ်ထဲမှ အကြောင်းအရာများကို ငုံ့ကြည့်လိုက်သည်။

မူလက အစိမ်းရောင်ဝတ်ရုံနှင့် ဘိုင်ရှန်း၏ ဘဝမှတ်တမ်းဖော်ပြချက်မှာ ပြောင်းလဲသွားပြီး စာလုံးတစ်ရာကျော်ပါသော မှော်မန္တန်တစ်ခု ဖြစ်လာသည်ကို သူ တွေ့လိုက်ရသည်။

အကြောင်းအရာမှာ ချန်လော့ အသည်းအသန် ရှာဖွေနေခဲ့သော ချီသန့်စင်ခြင်း နည်းစနစ် ပင် ဖြစ်သည်။

"မယုံနိုင်စရာပဲ၊ ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ နည်းလမ်းလား"

ချန်လော့၏ စိတ်ခံစားချက်မှာ တဖြည်းဖြည်း တည်ငြိမ်သွား၏။ အစောပိုင်းက ကျင့်ကြံသူများအပေါ် သူ ခံစားခဲ့ရသော စိတ်ပျက်မှုအနည်းငယ်မှာ ဤအချိန်တွင် ပျောက်ကွယ်သွားသည်။

ထိုကဲ့သို့ နက်နဲပြီး ခန့်မှန်းရခက်သော နည်းလမ်းမျိုးဖြင့်ဆိုလျှင် သူသည် ဆရာသခင် တစ်ရာကိုပင် ရင်ဆိုင်ရဲပေမည်။

"စီနီယာအစ်ကိုကြီး၊ ထမင်းစားချိန် ရောက်ပြီ ဒီနေ့ည မီးဖိုချောင်က ကြက်ပေါင်ကြော်ချက်တယ်၊ နောက်ကျရင် ကျွန်တော့်အဖေ အကုန်စားပစ်လိမ့်မယ်"

တံခါးအပြင်ဘက်မှ ရွမ်ရှောင်ဟူ၏ အသံ ထွက်ပေါ်လာ၏။

အစောပိုင်းက ချန်လော့ ကြားခဲ့ရသော တံခါးခေါက်သံမှာ ရွမ်ရှောင်ဟူက ပြတင်းပေါက်ကို ထုနေခြင်းဖြစ်ပြီး ၎င်းမှာ သူ့ကို သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်ပါက သူသည် စာအုပ်ထဲတွင် လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့လျှင် ရလဒ်မှာ ပြောရခက်ပေမည်။ စာအုပ်ထဲရှိ ဘိုင်ရှန်းမှာ အနည်းငယ် မကောင်းဆိုးဝါး ဆန်လှသည်။

သူ၏ လုပ်ရပ်ပုံစံကို ကြည့်ခြင်းအားဖြင့် ဤပုရှန်းဂူမှာ ဖြောင့်မတ်သော ဂိုဏ်းတစ်ခု ဖြစ်ဟန်မတူပေ။

"အေးအေး"

စာအုပ်ထဲမှ မူလချီ များ ထွက်မလာတော့သည်ကို အတည်ပြုပြီးနောက် ချန်လော့သည် လျှောက်သွားကာ စာအုပ်ကို ပိတ်လိုက်၏။ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း သူ့ကို ပေးခဲ့စဉ်ကအတိုင်း သူသည် သေချာစွာပြန်ပိတ်ပြီး သူ၏ ရင်ဘက်ထဲသို့ ထည့်လိုက်သည်။

အခန်းထဲမှ ခြေလှမ်းထွက်လိုက်ရာ အပြင်ဘက်တွင်လေအေးတစ်ချက် တိုက်ခတ်လာ၏။

ချန်လော့ ချမ်းတုန်သွားသည်။

အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း သူ အေးသည်ဟု မခံစားရသည်မှာ ကြာပြီဖြစ်သည်။

'ကိုယ်တွင်းချီတွေ လုံးဝ ကုန်သွားပြီ၊ အပြာရောင် စွမ်းအင်တွေလည်း တစ်ဝက်နီးပါး ကုန်သွားပြီ။'

တော်ဝင်မျိုးနွယ် ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။

"ဒီလောက်တောင် ကုန်သွားတာလား" ချန်လော့၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာသွား၏။

အစောပိုင်းက ထူးဆန်းသော ထင်ယောင်ထင်မှား နှစ်ခုမှာ သူ၏ ကိုယ်ပိုင် စွမ်းအားများကို အသုံးပြုသွားခဲ့ခြင်း ဖြစ်သည်။

သူ့ကို လွှမ်းမိုးရန် သူ၏ စွမ်းအားကို အသုံးချခြင်းမှာ အမှန်တကယ်ပင် ကျင့်ကြံသူတစ်ဦး၏ နည်းလမ်းများ ဖြစ်ပေသည်။ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း က တကယ့် တိုက်ပွဲတွင် ဆရာသခင်များသည် သူ့ကို မြင်တောင် မြင်ရမည်မဟုတ်ဟု အဘယ်ကြောင့် ပြောရဲသည်ကို အံ့သြစရာ မရှိတော့ပေ။

"စီနီယာအစ်ကိုကြီး၊ ကျွန်တော်တို့ တကယ် အချိန်ဆွဲလို့ မရတော့ဘူး။ ကျွန်တော့်အဖေက ဝက်ထက်တောင် ပိုစားတာ၊ နောက်ကျရင် အသားတွေ မကျန်တော့ဘဲ ကြက်ခြေထောက်တွေပဲ ကိုက်နေရလိမ့်မယ်။"

ဘေးတွင် ရပ်နေသော ရွမ်ရှောင်ဟူက ချန်လော့ကို မျှော်လင့်တကြီး ကြည့်နေ၏။ အစားသောက် ဝါသနာအိုးတစ်ယောက်အတွက် အခြားသူများ စားနေသည်ကို ကြည့်နေရခြင်းထက် ပို၍ ခံရခက်သော အရာ မရှိပေ။

သူ၏ အဖေက စီနီယာအစ်ကိုကြီးကို သွားခေါ်ရန် အထူးမှာမထားပါက သူသည် ယခုအချိန်တွင် စားပွဲတွင် အားပါးတရ စားသောက်နေလောက်ပြီ ဖြစ်သည်။

တောက်ပြောင်နေသော ကြက်ပေါင်ကြီးများကို ကိုက်လိုက်လျှင် ပါးစပ်ထဲတွင် မွှေးကြိုင်သွားမည့်အရေးအား..

ရွမ်ရှောင်ဟူ စဉ်းစားရင်းဖြင့် သူ၏ ပါးစပ်ထောင့်မှ သွားရည်များပင် စီးကျလာ၏။ ဤမြင်ကွင်းက ချန်လော့ကို ရယ်မောစေခဲ့သည်။

မသေမျိုး တစ်ရာ မှတ်တမ်းကြောင့် ထင်ယောင်ထင်မှားထဲ ဆွဲသွင်းခံခဲ့ရသော အတွေ့အကြုံမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

"သွားကြစို့ စီနီယာအစ်ကိုကြီးက မင်းကို အရသာရှိတာတွေ သွားကျွေးမယ်။"

ချန်လော့သည် လက်လှမ်းကာ ရွမ်ရှောင်ဟူကို ချီလိုက်၏။ ထို့နောက် သူ၏ စွမ်းအားကို အသုံးပြုကာ လေထဲသို့ ရုတ်တရက် ပျံတက်လိုက်ပြီး ခြံဝင်းထဲရှိသစ်ရွက်များကို နင်းကာ ဆရာသခင် ရွမ်ကျန်းလုံ၏ ခြံဝင်းဆီသို့ ဝဲပျံသွားခဲ့သည်။

လောလောဆယ်တွင် ချန်လော့၏ နည်းစနစ်များမှာ သာမန် ဆရာသခင်များထက် များစွာ သာလွန်နေပြီဖြစ်သည်။ အဘိုးကြီးကျန်း၏ ဦးနှောက်မှ အတွေ့အကြုံများကို ရယူထားသဖြင့် ဆရာသခင် အဆင့်မှာ သူ့အတွက် လျှို့ဝှက်ချက် မဟုတ်တော့ဘဲ ဆရာသခင်နည်းစနစ်များကို သူ စိတ်ကြိုက် အသုံးပြုနိုင်သည်။

ချန်လော့၏ အရှိန်မှာ အလွန်မြန်လှ၏။ သူသည် မျက်စိတစ်မှိတ်အတွင်း ရွမ်ရှောင်ဟူကို ချီကာ ရွမ်ကျန်းလုံ၏ ခြံဝင်းသို့ ရောက်ရှိသွားသည်။

မသေမျိုးအက္ခကာကို ကျွမ်းကျင်လာသည်နှင့်အမျှ သူ၏ စွမ်းအား အသုံးချမှုမှာ ပိုမို နူးညံ့သိမ်မွေ့လာပြီး အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းနှင့် ဆင်တူသော အငွေ့အသက်များကို တဖြည်းဖြည်း ရရှိလာခဲ့သည်။

"တူလေး၊ ရှောင်ဟူက မင်းကို အနှောင့်အယှက် ပေးလိုက်သေးလား"

သူ ဆင်းသက်လိုက်သည်နှင့် ဆရာသခင် ရွမ်ကျန်းလုံမှာ ပြုံးရွှင်စွာဖြင့် အနားသို့ ရောက်လာသည်ကို တွေ့လိုက်ရ၏။ ဤသိုင်းဦးလေးဖြစ်သူမှာ အမှန်တကယ်ပင် အရှက်အကြောက် မရှိလှပေ။

ချန်လော့ကို အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက တပည့်အဖြစ် လက်ခံလိုက်ကတည်းက ရွမ်ကျန်းလုံသည် သိက္ခာများ အားလုံးကို စွန့်လွှတ်ကာ ချန်လော့ကို သိုင်းတူလေးဟု ခေါ်ရာမှ တူလေးဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။

နေ့တိုင်း နည်းမျိုးစုံဖြင့် ရင်းနှီးအောင် ကြိုးစားနေခြင်းက မာချွယ်ကျိကို အနေရခက်စေသဖြင့် သူသည် နောက်ဆုံးတွင် ပစ္စည်းများ ထုပ်ပိုးကာ ချင်းယာကောင်တီသို့ ပြန်သွားခဲ့သည်။

သူ့တွင် ထိုနေရာ၌ အခြားတပည့်တစ်ယောက် ရှိသေးသည်မဟုတ်လော၊ ချန်လော့၏ ဆရာတူညီမလေး ဟယ်မင် ပင်။

သူကတော့ ဆရာတစ်ယောက်၏ သိက္ခာကို ထိန်းသိမ်းဖို့အတွက် ထိုအကြောင်းပြချက်ဖြင့် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ယခုတော့ ချင်းယာကောင်တီက အခြေအနေမျာလည်း တဖြည်းဖြည်း တည်ငြိမ်လာပြီဖြစ်သောကြောင့် မာချွယ်ကျိဟာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ရွမ်ကျန်းလုံဆီက အမှတ်အသားတစ်ခုကို ငှားရမ်းကာ ထိုနေရာတွင် ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်းရဲ့ ဌာနခွဲတစ်ခု ဖွင့်ဖို့ ပြင်ဆင်နေလေ၏။

"ဦးလေးကလည်း အရမ်းအားနာစရာကြီးပါ။ ရှောင်ဟူက ကျွန်တော့်ကို အများကြီးကူညီပေးပါတယ်။ ဒီနေ့ည သူ ကြက်ပေါင်ကြော် နှစ်ခု ပိုစားသင့်တယ်ဗျ။"

ချန်လော့က ရွမ်ရှောင်ဟူကို ချပေးရင်း ပြုံးကာ ပြန်ဖြေလိုက်၏။

"မင်းလို လူလည်လေး၊ စားဖို့ပဲ သိတယ်" ရွမ်ကျန်းလုံက ရှောင်ဟူကို ဆူလိုက်သော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပိုမိုနက်ရှိုင်းလာသည်။

သူ၏ သားကို နေ့စဉ် ချန်လော့နှင့် ရင်းနှီးအောင် လွှတ်ထားခြင်းမှာ အနာဂတ် မသေမျိုးဆရာသခင် ဖြစ်လာမည့် ချန်လော့နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် မဟုတ်ပါလား။

ရွမ်ရှောင်ဟူသည် နောက်ဆုံးတွင် သူ တောင့်တနေသော ကြက်ပေါင်ကြော်ကို စားခွင့်ရသွား၏။ သူ၏ ခေါင်းငယ်လေးကို ပန်းကန်ထဲတွင် မြှုပ်ကာ အားပါးတရ စားသောက်နေတော့သည်။

ထမင်းဝိုင်းမှာ ဧည့်သည်ရော အိမ်ရှင်ပါ ပျော်ရွှင်ခဲ့ကြသည်။ ထမင်းစားပြီးနောက် ချန်လော့ အချိန်မဆွဲတော့ပေ။

ခေတ္တမျှ စကားပြောပြီးနောက် သူ၏ အခန်းသို့ ပြန်လာကာ စာအုပ်ထဲရှိ ချီသန့်စင်ခြင်း နည်းစနစ်ကို လေ့လာရန် ပြင်ဆင်လိုက်တော့သည်။

အခန်း ၅၈ - ချီသန့်စင်ခြင်း ကျင့်စဉ်

အခန်းအတွင်း၌

ချန်လော့ သည် မသေမျိုးတစ်ရာ မှတ်တမ်းကို ထပ်မံထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

သူသည် စာအုပ်ထဲရှိ ချီသန့်စင်ခြင်း နည်းလမ်းကို ယခင်ကတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်ကာ မည်သို့ပင်ဖြစ်စေ ၎င်းကို သင်ယူရမည်ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် အပြာရောင်စွမ်းအင် အမြောက်အမြားကို စုဆောင်းထားပြီးဖြစ်ပြီး၊ အချို့ကို စာအုပ်ထဲရှိ ဘိုင်ရှန်းက စုပ်ယူအသုံးပြုသွားသော်လည်း အတော်များများ ကျန်ရှိနေသေး၏။

၎င်းအပြင် သူ၏ နေ့စဉ် မနက်နှင့် ညနေ ချီစုပ်ယူခြင်းနှင့် ကျင့်ကြံခြင်းတို့မှ စုဆောင်းရရှိသော ပမာဏနှင့် ပေါင်းစပ်လိုက်လျှင် ၎င်းကို အသုံးမချဘဲ နေခြင်းက ကြီးမားသော အလေအလွင့်တစ်ခု ဖြစ်ပေလိမ့်မည်။

သူသည် အစိမ်းရောင်ဝတ်ရုံနှင့် ဘိုင်ရှန်း ပါရှိသော စာမျက်နှာသို့ လှန်လိုက်၏။

ချီသန့်စင်ခြင်း ကျင့်စဉ်မှာ အမှန်တကယ်ပင် ထိုနေရာ၌ ရှိနေသေးသည်။

'ချီကို သုံးစွဲသူသည် ဦးစွာအတွေးများ သို့မဟုတ် စိုးရိမ်ပူပန်မှုများ ကင်းစင်နေရမည်'

စာလုံးရေ များများစားစား မရှိသော်လည်း ထူးဆန်းစွာပင် ချန်လော့သည် တစ်ကြိမ်ဖတ်ပြီးနောက် ၎င်းတို့ကို မမှတ်မိနိုင်ပေ။ ပို၍ ထူးခြားသည်မှာ သူ ပြန်လည်မှတ်မိရန် ကြိုးစားသောအခါ သူ၏ စိတ်ထဲတွင် လုံးဝ ဗလာဖြစ်နေခြင်းပင်။

'ဒီကျင့်စဉ်က ထူးဆန်းတယ်။'

သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။

ချန်လော့က လက်လျှော့ရန် ဆန္ဒမရှိဘဲ ၎င်းကို ထပ်မံ မှတ်သားလိုက်သည်။

ထူးဆန်းသည်မှာ ဤတစ်ကြိမ် သူ ဖတ်သောအခါ ကျင့်စဉ်၏ အကြောင်းအရာမှာ ပြောင်းလဲသွားသည်။

'တာအို ၎င်းသည် ချီ ဖြစ်သည်။ ချီ ၎င်းသည် ခန္ဓာကိုယ်၏အရင်းအမြစ် ပင်ဖြစ်သည်။'

ယခင် အတွေ့အကြုံ ရှိထားပြီးဖြစ်သဖြင့် ချန်လော့သည် ဤတစ်ကြိမ် ဖတ်သောအခါ သူ၏ ဦးနှောက် တစ်ရာကျော်လုံးကို ရိုးရှင်းစွာပင် အသုံးပြုလိုက်၏။

"အတူတကွ မှတ်သားကြစို့။"

ဤ ချီသန့်စင်ခြင်း ကျင့်စဉ် တွင် စာကြောင်းရေ အနည်းငယ်မျှသာ ရှိပြီး ဦးနှောက်တစ်ခုစီက စာတစ်ကြောင်းစီ မှတ်သားလျှင်ပင် အပိုများစွာ ကျန်နေသေးသည်။

တစ်ကြိမ် ဖတ်ပြီးနောက်။

ထိုထူးဆန်းသော ခံစားချက်က ထပ်မံ ဝင်ရောက်လာပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ချန်လော့သည် ထိုစာလုံးများကို စူးစိုက်ကြည့်ကာ အကြိမ်ကြိမ် မှတ်သားနေခဲ့သည်။

အခြားသော ပြင်ပဦးနှောက် တစ်ရာကျော်ကလည်း ထိုနည်းတူပင် ပြုလုပ်ကြပြီး တစ်ခုစီက အစိတ်အပိုင်း တစ်ခုစီကိုသာ မှတ်သားကြ၏။ မျှော်လင့်ထားသည့်အတိုင်း အခိုက်အတန့်မျှ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင် ထိုထူးဆန်းသော အာနိသင်မှာ ပျောက်ကွယ်သွားပြီး ချန်လော့သည် ဤ ချီသန့်စင်ခြင်း ကျင့်စဉ် ကို အောင်မြင်စွာ မှတ်သားနိုင်ခဲ့သည်။

"ပြီးပြီ"

ချန်လော့ သက်ပြင်းချလိုက်၏။

သူသည် မှတ်သားထားသော အကြောင်းအရာများကို သူ၏ စိတ်ထဲတွင် စတင် စီစဉ်လိုက်သည်။

ဤ ချီသန့်စင်ခြင်းကျင့်စဉ် ၏ အမည်မှာ အစစ်အမှန်မသေမျိုး ကျမ်းစာဟုခေါ်ပြီး ချီသန့်စင်ခြင်း ၏ နည်းလမ်းများနှင့် အဆင့်များ အသေးစိတ် ဖော်ပြထားသည်။

ကျင့်စဉ် အရ

တာအိုသို့ စတင်ဝင်ရောက်ပြီးသော ကျင့်ကြံသူကို ချီသန့်စင်သူဟု ခေါ်ဆိုနိုင်သည်။

ချီသန့်စင်ခြင်း ကို အဆင့်ငယ် ဆယ့်သုံးခုအဖြစ် ခွဲခြားထားပြီး စုပေါင်းအားဖြင့် ချီသန့်စင်ခြင်း အဆင့် ဆယ့်သုံးဆင့် ဟု လူသိများကြ၏။

ဤအဆင့် ဆယ့်သုံးဆင့် ကို အစောပိုင်း အဆင့် ၊ အလယ်အလတ်အဆင့် ၊ နှောင်းပိုင်း အဆင့် နှင့် အထွတ်အထိပ် ဟူ၍ အဆင့်ငယ် လေးခုအဖြစ် ထပ်မံခွဲခြားထား၏။

အဆင့်တိုင်းတွင် တည်ငြိမ်ခြင်းသို့စတင်ခြင်း ၊ မေ့လျော့ခြင်းသို့ဝင်ရောက်ခြင်း ၊ လှည့်ပတ်ထွန်းလင်းခြင်း နှင့် အလင်းဖွင့်ခြင်း ကဲ့သို့သော ကိုယ်ပိုင် အမည်များ ရှိကြပြီး ကျင့်ကြံခြင်း ကာလအတွင်းတွင် လူသားစွမ်းအားများ ကုန်ခမ်းသွားသောအခါအောင်မြင်မှုနှုန်းကို တိုးမြှင့်ရန်အတွက် ကောင်းကင်ဘုံ စိတ်ဝိညာဉ်ပစ္စည်းများကို စုပ်ယူရန်လည်း လိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ပြင်ပအင်အားများဖြင့် ကျင့်ကြံရန် လိုအပ်သောကြောင့် ဖြစ်သည်။

ချီသန့်စင်ခြင်း ပြီးနောက် အဆင့်သည် အစစ်အမှန် ကျင့်ကြံသူဟု ယူဆနိုင်၏။

ဤအဆင့်ကို အခြေခံတည်ဆောက်ခြင်း မသေမျိုး ကျင့်ကြံသူဟု ခေါ်သည်။ ဤအဆင့်မှ စတင်ကာ သေမျိုးလောကကို အမှန်တကယ် ကျော်လွန်သွားသည်။

အခြေခံတည်ဆောက်ခြင်း မသေမျိုး ကျင့်ကြံသူ တစ်ဦးသည် အသက်ငါးရာတိုင်အောင် နေထိုင်နိုင်ပြီး ဓားပျံစီးနိုင်ကာ၊ တစ်ရက်အချိန်အတွင်း ကမ္ဘာတစ်လွှားခရီးသွားနိုင်ပြီး အစစ်အမှန် မသေမျိုး တာအို ကျင့်ကြံသူ တစ်ဦး ဖြစ်လာသည်။

နောက်အဆင့်မှာ ရွှေအမြုတေ နှင့် ဝိညာဉ်အခြေတည်ခြင်းတို့တွင်လည်း ကွာခြားချက်များ ရှိပြီး ၎င်းမှာ မိတ်ဆက်ကျင့်စဉ် တစ်ခုသာ ဖြစ်သောကြောင့် ချီသန့်စင်ခြင်း ကျင့်စဉ် က အကျဉ်းချုပ်သာ ဖော်ပြထားပြီး အသေးစိတ် မရှင်းပြထားပေ။

"ခမ်းနားလှတဲ့ အစစ်အမှန် မသေမျိုး ကျမ်းက ချီသန့်စင်ခြင်းကနေ တာအို ထဲဝင်ဖို့ အတွက်ပဲ သုံးလို့ရတာလား"

အစစ်အမှန် မသေမျိုး အဆင့်၏ အကြောင်းအရာများကို ဂရုတစိုက် ပြန်လည်မှတ်မိပြီးနောက် ချန်လော့သည် အလွန် မကျေနပ်ဖြစ်သွား၏။

ဤ အစစ်အမှန် မသေမျိုးကျမ်း၏ အမည်မှာ ကြီးကျယ်လှသော်လည်း၊ သိုင်းလောက၏ တတိယအဆင့် လျှို့ဝှက်လက်စွဲစာအုပ် တစ်အုပ်နှင့် အလွန်တူနေသည်။

သို့သော်လည်း နားလည်နိုင်ပါ၏။ အကယ်၍ ၎င်းသည် အမှန်တကယ် မသေမျိုးအဆင့် ကျင့်စဉ် ဖြစ်ခဲ့လျှင် သူကဲ့သို့ အပြင်လူတစ်ယောက် မှတ်မိနိုင်မည် မဟုတ်ပေ။

ထို့ပြင် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း သည် ယွဲ့နိုင်ငံကို စွန့်ခွာကာ အပြင်ဘက် ကျင့်ကြံခြင်း လောကသို့ သွားလိုမည် မဟုတ်ပေ။

"ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ ငါ တာအို ထဲ ဝင်နိုင်တာပဲ။"

အစစ်အမှန်မသေမျိုး ကျမ်း၏ အကြောင်းအရာများကို ပြန်လည်မှတ်မိပြီးနောက်၊ ချန်လော့သည် သူ၏ ပြင်ပဦးနှောက်အားလုံးကို ဖွင့်ကာ အတူတကွ နားလည်သဘောပေါက်ရန် စတင်ကြိုးစားလိုက်သည်။

'သိုင်းတာအို စွမ်းအင်ကို အခြေခံ တည်ဆောက်ခြင်းအတွက် အသုံးပြုနိုင်တယ်။'

'အောင်မြင်မှုနှုန်းကို တိုးမြှင့်ဖို့ ဆေးရေချိုးခြင်း ကို အသုံးပြုနိုင်ပေမဲ့၊ ဆေးဖက်ဝင်အပင်တွေရဲ့ ပေါင်းစပ်မှုကို ပြန်လည်ညှိယူဖို့ လိုအပ်တယ်။'

'ဝိညာဉ်အမြစ် ဝိညာဉ်အမြစ်က အခြေခံအကျဆုံး ပဲ။'

ရှုပ်ထွေးနေသော အချက်အလက်များကြားတွင် ချန်လော့၏ အာရုံကို ဖမ်းစားသွားသည်မှာ အချက်တစ်ခု ဖြစ်သည်။

၎င်းမှာ အမှန်တကယ်ပင် သခင်လေး ဆယ့်ကိုး၏ အစောင့်ဖြစ်သူ အဘိုးကြီးကျန်း၏ ဦးနှောက်က ထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။ သူ၏ တွေးခေါ်မှု စတင်ရာအချက်မှာ အခြား ဦးနှောက်အားလုံးနှင့် ကွဲပြားနေပြီး သူ စဉ်းစားမိသည့် ပထမဆုံး အချက်မှာ အခြေခံအကျဆုံး အချက်ပင် ဖြစ်သည်။

ချန်လော့သည် အာရုံစိုက်လိုက်သောအခါ ၎င်းမှာ အမှန်ပင် ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

အစစ်အမှန် မသေမျိုး ကျမ်းတွင် ဖော်ပြထားသော ကျင့်ကြံခြင်း အဆင့် အရ၊ အရေးကြီးဆုံး အပိုင်းမှာခန္ဓာကိုယ်ထဲသို့ ချီ ဝင်ရောက်ခြင်း ဖြစ်သည်။

ဤလုပ်ငန်းစဉ်သည် သိုင်းပညာရှင်တစ်ဦး သိုင်းတာအိုကျင့်ကြံခြင်းနှင့် တူညီပြီး ကိုယ်တွင်းချီကို ဒန်ထျန်းအတွင်း သိုလှောင်ထားရန် လိုအပ်သည်။

ကျင့်ကြံသူ၏ ဒန်ထျန်းဆိုသည်မှာ သူတို့၏ ဝိညာဉ်အမြစ်ပင် ဖြစ်သည်။

ဝိညာဉ်အမြစ် ၏ သန်မာမှုသည် ကျင့်ကြံသူ၏ တိုးတက်မှု ကန့်သတ်ချက်ကို တိုက်ရိုက် ဆုံးဖြတ်ပေးပြီး၊ ချီသန့်စင်ခြင်း ၏ အမြန်နှုန်းမှာလည်း ကွဲပြားစေသည်။

ပါရမီမြင့်မားသူ တစ်ဦးသည် တစ်ရက် ကျင့်ကြံခြင်းဖြင့် ပါရမီနိမ့်ကျသူ တစ်ဦး၏ ဆယ်ရက်၊ ရက်တစ်ရာ သို့မဟုတ် ရက်တစ်ထောင်နှင့် ညီမျှနိုင်သည်။

ကျင့်ကြံခြင်းတွင် လူအချင်းချင်းကြား ကွာဟချက်မှာ ကောင်းကင်နှင့် မြေပြင်ထက်ပင် ပိုမိုကြီးမားသည်။ ထို့ကြောင့် ပုရှန်း ဂူ၏ တပည့် ရွေးချယ်မှု စံနှုန်းများက အလွန် တင်းကျပ်နေခြင်း ဖြစ်သည်။

သူတို့၏ အမြင်တွင် ပါရမီ နိမ့်ကျသူများသည် တာအို ထဲ ဝင်ရန်ပင် မျှော်လင့်ချက် မရှိကြသဖြင့် သူတို့ကို သင်ကြားပေးခြင်းက အချည်းနှီးသာ ဖြစ်မည်။

"ငါ့ရဲ့ ပါရမီ..."

ချန်လော့သည် မသိစိတ်ဖြင့် တော်ဝင်မျိုးနွယ် ဦးနှောက် နှင့် သခင်လေး ဆယ့်ကိုး၏ ဦးနှောက်တို့ကို ဖွင့်လိုက်သည်။

သူ၏ ကျင့်ကြံနိုင်စွမ်းမှာ ဤအစ်ကိုကြီး နှစ်ဦး၏ ပံ့ပိုးမှုများအပေါ်တွင် လုံးဝ မှီခိုနေရ၏။ သူသည် ဦးနှောက်၏ အလုပ်လုပ်ပုံကို မသိသော်လည်း၊ သူတို့ ပေါ်ထွက်လာခြင်းကြောင့် ချန်လော့၏ ခန္ဓာကိုယ်သည်လည်း သိမ်မွေ့သော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင်ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ် အမြစ်နိုးထ လာခဲ့သည်။

ယခု ချန်လော့၏ ပါရမီ မှာ၊ ပြင်ပဦးနှောက်များကို အသုံးပြုလိုက်သောအခါ တော်ဝင်မျိုးနွယ် ဦးနှောက် နှင့် သခင်လေး ဆယ့်ကိုး တို့ နှစ်ဦး၏ ထပ်တူကျပေါင်းစပ်မှုအဖြစ် သတ်မှတ်နိုင်သည်။

သူသည် ပါရမီရှိသော သာမန်လူများထက် တစ်ဆင့် ပိုမိုအားကောင်းပြီး ပါရမီရှင်လေး တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

အကယ်၍ သူသည် ပါရမီရှင် တစ်ဦး မဟုတ်ခဲ့လျှင်၊ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ စမ်းသပ်မှုကို သူ ဖြတ်ကျော်နိုင်ခဲ့မည် မဟုတ်ပေ။

"မဆိုးပါဘူး။"

စိတ်သက်သာရာ ရသွားပြီးနောက် ချန်လော့သည် တရားဝင် တာအိုထဲဝင်ကာ ချီသန့်စင်သူ တစ်ဦး ဖြစ်လာရန် ကိစ္စကို စတင် စဉ်းစားလိုက်၏။

"အစစ်အမှန် မသေမျိုး ကျမ်းရဲ့ ဖော်ပြချက်အရ တာအိုထဲဝင်ဖို့ ပထမအဆင့်က အချိန်ကြာလာတာနဲ့အမျှ စုပုံလာတဲ့ ညစ်ညမ်းနေတဲ့ ချီတွေကို ရှင်းလင်းဖယ်ရှားဖို့နဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဝိညာဉ်ချီ အနည်းငယ် စားသုံးဖို့ လိုအပ်တယ်၊"

ချန်လော့က သူ့ခန္ဓာကိုယ်ထဲတွင် စုပုံနေသော ဝိညာဉ်ချီ ပမာဏကို ခန့်မှန်းကြည့်လိုက်ရာ တော်တော်များများ ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း အစစ်အမှန် မသေမျိုး ကျမ်း တွင် ဖော်ပြထားသော အနည်းငယ်သော ပမာဏသို့ မရောက်သေးပေ။ အလွန်ဆုံး အနည်းငယ်သော ပမာဏ၏ သုံးပုံတစ်ပုံခန့်သာ ရှိသေး၏။

"ဒါတောင် အနည်းငယ်ပဲ ရှိသေးတာလား"

ချန်လော့သည် ရုတ်တရက် အားနည်းသူ တစ်ဦးလို ခံစားလိုက်ရ၏။

အကယ်၍ အစစ်အမှန် မသေမျိုး ကျမ်း ပါ ဖော်ပြချက်များနှင့်အညီ တိကျစွာ တွက်ချက်မည်ဆိုပါက သူသည် တာအိုထဲ အောင်မြင်စွာ မဝင်ရောက်နိုင်မီ ကျန်ရှိနေသေးသော အနည်းငယ်သော ပမာဏ၏ သုံးပုံနှစ်ပုံကို ပြည့်မီစေရန် အနည်းဆုံး အပြာရောင်သတ္တုတစ်ခုကို ထပ်မံ စုပ်ယူရန် လိုအပ်ပေလိမ့်မည်။

"ဒါတော့ ပြဿနာပဲ။"

ချန်လော့သည် စာအုပ်ကို အောက်ချလိုက်၏။

သို့သော် သူသည် ၎င်းကို အလွန်အမင်း အလေးအနက် မထားပေ။

သူသည် ချင်းယာကောင်တီမှ အလောင်းမြှုပ်နှံသူ တစ်ဦး မဟုတ်တော့ပေ။ သူ့ကို မျက်နှာချိုသွေးလိုသူများ မရေမတွက်နိုင်အောင် ရှိသည်။

ပြောစရာပင် မလို၊ သူ၏ သိုင်းဦးလေး ဆရာသခင် ရွမ်ကျန်းလုံက ဤကိစ္စတွင် သူ့ကို ကူညီရန် အလွန် လိုလားပေလိမ့်မည်။ ထို့အပြင် အပြာရောင် သတ္တုအပြင်၊ ဝိညာဉ်ချီကို ကိုယ်တိုင် စုပ်ယူခြင်းမှတစ်ဆင့်လည်း ရရှိနိုင်ပြီး ၎င်းမှာ အချိန်ပိုပေးရုံသာ ဖြစ်သည်။

သူ၏ စိတ်ထဲရှိ ပြင်ပဦးနှောက် တစ်ရာကျော်လုံးတွင် ပြဿနာများကို ဖြေရှင်းရာ၌ ကိုယ်ပိုင် အမြင်များရှိကြပြီး မတူညီသော အသိဉာဏ်များ၏ ပေါင်းစကပ်မှုက ချန်လော့၏ စိတ်ထဲတွင် ဆန်းသစ်သော အတွေးအခေါ်များကို အဆက်မပြတ် ပေါ်ထွက်လာစေသည်။

မကြာမီတွင် လုံးဝ အသစ်စက်စက် ကျင့်ကြံခြင်း လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့၏။

"အစစ်အမှန် မသေမျိုး ကျမ်းကို ဖတ်ရှုပြီးနောက် ချန်လော့ အနားယူလိုက်သည်။

သူ၏ စိတ်ထဲရှိ အလွန်အမင်း တက်ကြွနေသော ပြင်ပဦးနှောက်များ အိပ်မောကျသွားပြီး ပင်ပန်းနွမ်းနယ်မှုများ ဝင်ရောက်လာ၏။

ကုတင်ပေါ်တွင် လှဲလျောင်းရင်း၊ ချန်လော့သည် စားပွဲပေါ်မှ မသေမျိုးတစ်ရာ မှတ်တမ်းကို ယူကာ ထပ်မံ ဖတ်ရှုလိုက်သည်။

ဘိုင်ရှန်းတစ်ကြိမ် နိုးထလာပြီးကတည်းက စာအုပ်ထဲရှိ စွမ်းအင်များ ကုန်ဆုံးသွားသကဲ့သို့ ဖြစ်နေပြီး၊ ယခုအခါ လှန်ကြည့်လိုက်သောအခါ သာမန်စာအုပ်တစ်အုပ်နှင့် မကွာခြားတော့ပေ။

တစ်ကြိမ် ဖတ်ပြီးနောက်။

ချန်လော့သည် နောက်ပိုင်းမှ လူအချို့၏ ဘဝဇာတ်ကြောင်းများကို ဖတ်ရှုလိုက်ရာ၊ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းပြောခဲ့သကဲ့သို့ အမှန်တကယ်ပင် ဖြစ်နေသည်။

လူအနည်းငယ်မှလွဲ၍ အခြားသူ အများစု၏ ဘဝဇာတ်ကြောင်းများမှာ အသုံးမဝင်ပေ။ အထူးသဖြင့် နောက်ပိုင်းမှ အချို့သော သူများ၏ ဇာတ်ကြောင်းများမှာ ချန်လော့၏ အမြင်တွင် အစစ်အမှန်ပင် မဟုတ်နိုင်ပေ။

မသေမျိုးတစ်ရာ ဟူသော အမည်မှာ အနှစ်သာရမရှိသောကြွားလုံးထုတ်မှု တစ်ခုသာ ဖြစ်သည်။

ညဉ့်နက်လာသည်နှင့်အမျှ အိပ်ချင်စိတ်များ ဝင်ရောက်လာ၏။

ချန်လော့ သမ်းဝေလိုက်ပြီး စာအုပ်ကို ရင်ဘက်ထဲသို့ ထည့်ကာ လှဲလျောင်းရင်း အိပ်မက်ထဲသို့ ဖြည်းညှင်းစွာ မျောလွင့်သွားတော့သည်။

All Chapters