ပါရမီဆိုတာ တကယ်ပဲ မွေးရာပါရတာမျိုးလား တကယ်လို့... သေဆုံးသွားတဲ့ ပါရမီရှင်တစ်ယောက်ရဲ့ဦးနှောက်ကို ခဏလောက် ငှားသုံးခွင့်ရမယ်ဆိုရင် သင် ဘယ်လောက်အထိအစွမ်းထက်သွားမလဲ။ အင်ပါယာနန်းတော်က သိုင်းပညာသင်ယူခွင့်ကို တားမြစ်ထားပြီး၊ အကျင့်ပျက်အရာရှိတွေက ပြည်သူတွေကို ပုရွက်ဆိတ်လို နင်းခြေသတ်ဖြတ်နေတဲ့ ခေတ်ပျက်ကြီးမှာ... မွေးရာပါအမှိုက်ဖြစ်တဲ့ ချန်လော့ ဆီမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်။ အဲဒါကတော့ သေဆုံးသွားတဲ့ သိုင်းပညာရှင်တွေ၊ ပါရမီရှင်တွေရဲ့ ဦးနှောက်ကို ခိုးယူငှားရမ်းနိုင်တဲ့ စွမ်းအား ပါပဲ။ သူ့အတွက်တော့... သင်္ချိုင်းကုန်းဟာ ရတနာသိုက်ပဲ။ လူသေတွေရဲ့ ဦးနှောက်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပါရမီတွေပဲ။ "မင်းတို့က သိုင်းပညာကို တားမြစ်ထားတယ် ဟုတ်လား၊ ကောင်းပြီ... ငါကတော့ မင်းတို့ရဲ့ ဦးနှောက်တွေကို ငှားပြီး နတ်ဘုရားဖြစ်အောင် ကျင့်ကြံပြမယ်။" သတိထားပါ... ဒီလောကမှာ လူတွေ သေဆုံးလေလေ၊ ငါချန်လော့ ပိုပြီးအစွမ်းထက်လေလေပဲ။

