← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

🍃 Chapter 143

ထိုအချိန်တွင် ထော့်ပါကျီသည် ဓားကိုပြန်သိမ်းလိုက်သည်။

"မင်းက သိပ်သိချင်တယ်ဆိုတော့... သူ့ကို ကိုယ်တိုင်မေးကြည့်လိုက်လေ"

ကျီချောင်ချင် မျက်ခုံးပင့်လိုက်သည်။ ဘယ်သူလဲ ဟုမေးရန် ပြင်လိုက်စဉ်မှာပင် သူမကိုယ်ပေါ်သို အေးစက်သောအငွေ့ အသက်များ လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။

သူမ အလိုအလျောက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရာ သူမနောက်ကျောဘက်ရှိ လူတစ်ယောက်၏ရင်ခွင်ထဲသို ရောက်သွားတော့သည်။

ထော့်ပါကျီသည် နတ်ဆိုးအခိုးအငွေ့များအဖြစ် ပြောင်းလဲကာ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ကျီချောင်ချင် ရုန်းထွက်ရန်ပြင်လိုက်စဉ် ထိုလူက သူမ ခါးကိုဖက်လိုက်သည်။ သူ့ခွန်အားမှာ အလွန်ကြီးမားပြီး သူမကို သူ့အသားထဲသို ဆွဲထည့်ချင်နေသကဲ့သိုပင်။

ကျီချောင်ချင် ရေခဲလိုဏ်ဂူထဲသိုပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ အလွန်အေးလွန်းသည်။

သူမ ဘာမှမစဉ်းစားတော့ဘဲ နောက်ကလူကို လက်သီးဖြင့်ပစ်ထိုးလိုက်သည်။

"လွှတ်စမ်း!"

ထိုလူက ကျီချောင်ချင်ကိုတားဆီးလိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်သည်။

ကျီချောင်ချင် ထပ်ထိုးရန်ပြင်လိုက်သော်လည်း ထိုသူမှာ ရှန်ကျွင်းဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူမကျော ချမ်းသွားပြီး ချက်ချင်းနောက်ဆုတ်ချင်သွားသည်။

ရှန်ကျွင်း မျက်လွှာချလိုက်သည်။

"မင်း ငါ့ရှေ့ပြန်ပေါ်လာရဲသေးတယ်ပေါ့"

ကျီချောင်ချင်: အခုမှထွက်ပြေးရင် နောက်ကျသွားပြီလား...

"ရှန်ကျွင်း... အဲ့ဒီနေ့က ချန်ဝမ်ရှန်း ကျွန်မကိုခေါ်သွားတာလေ၊ ကျွန်မအပြစ်မှမဟုတ်ပါတာ၊ ကျွန်မက ဘာလို ရှင့်ရှေ့မပေါ်လာရဲရမှာလဲ"

ချန်ဝမ်ရှန်းကိုလွှချပြီးနောက် ကျီချောင်ချင် စကားလမ်း ကြောင်း ချက်ချင်းလွှလိုက်သည်။

"ဒါနဲ့ ရှန်ကျွင်း... ရှင် ဖဲကြိုးနီကိုပြန်ရတုန်းက အပေါ်က စာတွေကိုမြင်လိုက်လား၊ နောက်ဆုံး အစီအရင် မျက်လုံးကဘယ်မှာလဲ၊ ရှစ်တိကျူးယွီရော ဘယ်မှာလဲ"

သူမ ပြောသမျှစကားတိုင်းတွင် တခြားသူအကြောင်းချည်းပါဝင်နေသည်။

ရှန်ကျွင်းသည် ကျီချောင်ချင်ကို နက်နက်ရှိင်းရှိင်း စိုက်ကြည့်နေသည်။ သူ့မျက်နှာထားမှာ အလွန်အေးစက်နေပြီး မည်သူမျှ သူ့စိတ်ကိုမခန့်မှန်းနိုင်ကြပေ။

သူ့အကြည့်အောက်တွင် ကျီချောင်ချင် အပြစ်ရှိသလိုခံစားလိုက်ရသည်။ ဘာအတွက်အပြစ်ရှိနေမှန်းမသိသော်လည်း သူ့ရှေ့တွင်တော့ သူမ သေချာပေါက်အပြစ်ရှိနေသည်။

"ရှန်ကျွင်း... ရှင်..."

ရှန်ကျွင်းသည် သိုလှောင်အိတ်ထဲမှ အစီအရင်မျက်လုံးကို ထုတ်လိုက်သည်။

"ဒါ နောက်ဆုံးကျန်တဲ့ အစီအရင်မျက်လုံးပဲ၊ မင်း လိုချင်လိုလား"

ရှန်ကျွင်း အဘယ်ကြောင့် ထိုသိုမေးလဲဆိုတာ ကျီချောင်ချင် နားမလည်ပေ။ ဤအစီအရင်မျက်လုံးထဲကအရာက ဘယ်ကမှန်းမသိတဲ့စွမ်းအားတစ်ခုဖြစ်ပြီး တခြားလူရဲ့စွမ်းအားကိုယူသုံးရမှာ သူမ မနှစ်သက်ပေ။

ရှန်ကျွင်းက သူမကိုသိမ်းထားစေချင်တာများလား၊ ဘာပဲပြောပြော သူမကြောင့်နဲ့ သူက ဒီအရာနဲ့ ပတ်သက်မိပြီး အခုလိုနတ်ဆိုးစိတ်ဝင်တဲ့အထိ ဖြစ်လာရတာလေ၊ သူမမှာလည်း တာဝန်ရှိတာပဲ...

ထိုကြောင့် ကျီချောင်ချင်ပြောလိုက်သည်။

"ကောင်းပြီလေ၊ ရှင့်အတွက် သိမ်းထားပေးမယ်"

သူမ လှမ်းယူရန်ပြင်လိုက်စဉ် ရှန်ကျွင်းက သူမခါးကို ရုတ်တရက်ဖိချလိုက်သည်။

ကျီချောင်ချင်အငိုက်မိသွားပြီး ရှန်ကျွင်းရင်ခွင်ထဲသို ပြုတ်ကျသွားသည်။

ရင်ခွင်ထဲရှိ နွေးထွေးသောရနံ့သည် အေးစက်သော ရနံ့အဖြစ် ပြောင်းလဲသွားသည်။ သူ့ကို မဖက်ရတာ ကြာပြီဖြစ်သဖြင့် ကျီချောင်ချင် ထိုရနံ့ထဲတွင် ခဏတာမိန်းမောသွားသည်။

သိုသော် သူမခါးပေါ်မှ အားကိုတော့ လျစ်လျူရှု၍ မရနိုင်ပေ။ ထိုလွန်ဆန်နိုင်စွမ်းမရှိသော အင်အားသည် ခဏတာနူးညံ့မှုမှ သူမကို အသိပြန်ဝင်လာစေသည်။

ကျီချောင်ချင် ခေါင်းမော့ရန်ရုန်းကန်လိုက်သည်။

"ရှင် ဘာလုပ်..."

သူမ စကားမဆုံးခင်မှာပင် ရှန်ကျွင်း သူမကို ငုံနမ်းလိုက်လေသည်။

ရှန်ကျွင်း နှုတ်ခမ်းအစုံ ကျရောက်လာချိန်တွင် ကျီချောင်ချင်၏ ပထမဆုံးတုံ့ပြန်မှုမှာ ဆွံ့အမှင်သက်သွားခြင်းဖြစ်သည်။ ရှန်ကျွင်းကဲ့သို့ လူတစ်ယောက်က ဤကဲ့သို့ပြုမူရဲလိမ့်မည်ဟု သူမ အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့ပေ။ သူသည် အမြဲတမ်းဖြောင့်မတ်တည်ကြည်သူ၊ ကျင့်ဝတ်စည်းကမ်းကို တရားသေဆုပ်ကိုင်ထားသူဖြစ်ပြီး စည်းကျော်သည့် ကိစ္စမျိုးကို ဘယ်သောအခါမှ လုပ်မည့်သူမဟုတ်ချေ။

နတ်ဆိုးဝင်ပူးတာခံထားရလို့... သူ့စိတ်ဆန္ဒအစစ် မဟုတ်တာများလား?

သို့သော် ကျီချောင်ချင်သည် ရှန်ကျွင်းအပေါ် မည်သို့စိတ်ခံစားချက်မရှိဘဲ နေနိုင်ပါမည်နည်း။ ရှန်ကျွင်းထံတွင် နတ်ဆိုးဝင်ပူးခံရသည့်လက္ခဏာမျိုးမတွေ့ရဘဲ၊ သူ့မျက်ဝန်းများမှာ သွေးရောင်လွှမ်းနေကာ အသက်ရှူသံများ မြန်ဆန်ပြင်းထန်နေသည်ကို သတိပြုမိလိုက်သည်။ ထိုအရာက ထိန်းချုပ်မရသော တပ်မက်မှုသက်သက်သာဖြစ်သည်။

နတ်ဆိုးဝင်ပူးခြင်းမဟုတ်မှန်း သိလိုက်ရသဖြင့် သူ ရုတ် တရက်စိတ်ဖောက်ပြန်ကာ သူမကို သတ်ပစ်မည်ကိုမကြောက်တော့ပေ။ ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ကျီချောင်ချင်သည် ရှန်ကျွင်း စိတ်ပြောင်းပြီး ထွက်ပြေးသွားမည်စိုးသောကြောင့် သူ့လည်ပင်းကို ပြန်လည် တင်းကျပ်စွာဖက်တွယ်ထားလိုက်သည်။

သူ တကယ်နမ်းချင်နေတာ ဟုတ်၊ မဟုတ် ဘယ်သူဂရုစိုက်နေမှာလဲ? ဒီလို အလကားရတဲ့အခွင့်ကောင်းမျိုးကို လက် လွတ်ခံလိုက်ရင် ငတုံးဖြစ်သွားမှာပေါ့! သူမ ဒီအခွင့်အရေးကိုအရယူမှဖြစ်မယ်!

ညအမှောင်ထုကြားမက်မွန်ပင်အောက်၌ နှစ်ဦးသားအကြား တိမ်းညွတ်မှုများပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မှီတွယ်ရင်း ပြင်းပြစွာနမ်းရှိုက်လိုက်ကြသည်။

ရှန်ကျွင်းသည် ကျီချောင်ချင်ကို မြေပြင်ပေါ်သို့ဖိချလိုက်လေသည်။

သူ့အားအင်မှာ အလွန်ကြီးမားလှသဖြင့် သူမကို လုံးဝချုပ်နှောင်ထားလိုသည့်ပုံပေါက်နေသော်လည်း လက်တစ်ဖက်က သူမ ခေါင်းနောက်ပိုင်းကို မြေကြီးနှင့်မဆောင့်မိစေရန် အသာအယာ ခုခံပေးထားပြီး ကျန်လက်တစ်ဖက်က သူမ ကျောပြင်ကို ပွေ့ဖက်ထားသည်ကို ကျီချောင်ချင်သတိထားမိလိုက်သည်။ သူမနာကျင်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။

ထိုအပြုအမူများသည် သူကိုယ်တိုင်ပင်သတိမထားမိဘဲ မသိစိတ်မှ အလိုအလျောက်ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

နှစ်ဦးသားမှာအလွန်နီးကပ်နေပြီး ဝင်သက်ထွက်သက်များ ရောယှက်နေကြသည်။ ပတ်ဝန်းကျင်အပူချိန်မှာလည်း အေးစက်မနေတော့ဘဲ လျင်မြန်စွာမြင့်တက်လာကာ မက်မွန်ပန်းရနံ့များကို ပိုမိုပြင်းထန်လာစေသည်။ လေနုအေးတစ်ချက် တိုက်ခတ်လိုက်ချိန်တွင် မရေမတွက်နိုင်သောမက်မွန်ပွင့်ဖတ်များ ကြွေကျလာပြီး သူတို့နှစ်ဦးကို ပန်းမိုးရွာသွန်းသကဲ့သို့ လွှမ်းခြုံသွားလေသည်။

ရှန်ကျွင်းနှင့်မတွေ့ဆုံခင်က ဤလောကတွင် အချစ်ရေးဟူ သည် မည်သည့်အရာက ကောင်းမွန်မှန်း၊ ကျားမကြား ရှုပ်ထွေးပွေလီသောသံယောဇဉ်များက မည်သည်ကိုတန်ဖိုးရှိစေမှန်း ကျီချောင်ချင် တစ်ခါမှ မတွေးခဲ့ဖူးပေ။ ယခုမူ သူမ စိတ်ထဲတွင် ရှန်ကျွင်းသာရှိနေမည်ဆိုလျှင် ထိုအရာကမဆိုးလှကြောင်း၊ အံ့သြဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိကြောင်း ကျီချောင်ချင်တွေးမိလိုက်သည်။

ငါ့အတွက် အိပ်ရာကိုအနွေးဓာတ်ပေးမယ့်သူ၊ ထမင်းချက်ကျွေးမယ့်သူ၊ လေဒဏ်မိုးဒဏ်ကို ကာကွယ်ပေးမယ့်သူရှိလာပြီပဲ၊ ဒီလူက ရုပ်လည်းချော၊ အရည်အချင်းလည်းရှိတယ်၊ အခုလောလောဆယ် စိတ်မငြိမ်မသက်ဖြစ်နေပေမယ့် သူမ ဂရုမစိုက်ဘူး...

ကျီချောင်ချင်သည် ဆက်လက်နမ်းရှိုက်နေရင်းမှ အားမလို အားမရဖြစ်လာသည်။ သူမလက်က ရှန်ကျွင်းရင်ဘတ်ဆီသို့ ဖြည်းညှင်းစွာလျှောဆင်းသွားပြီးနောက် အဝတ်အစားများကြားထဲသို့ တိုးဝင်သွားလေတော့သည်။

လက်ဖက်ရည်တစ်အိုး တည်ချိန်ခန့်ကြာပြီးနောက် ကျီချောင်ချင်သည် နတ်ဆိုးဘုံ၏မြေတိုက်ထောင်ထဲတွင် အချုပ်ခံလိုက်ရလေသည်။

အပြစ်ပေးရသည့်အကြောင်းပြချက်မှာ မကောင်းကြံစည်မှုနှင့် နတ်ဆိုးဘုံ၏ဂုဏ်သရေရှိဧည့်သည်တော်ကိုစော်ကားရန် ကြိုးပမ်းမှုဟူ၍ဖြစ်သည်။

ကျီချောင်ချင် : "..."

ငါ့ကို ရုတ်တရက်ကြီးနမ်းချင်တာက သူလေ၊ ပြီးတော့ ငါ့ကိုပြန်ဖမ်းတာလည်း သူပဲ၊ ရှန်ကျွင်းက နတ်ဆိုးဖြစ်သွားပြီးနောက်ပိုင်း တကယ်စိတ်ဖောက်ပြန်နေပြီပဲ!

ကျီချောင်ချင်သည် မြေတိုက်ထောင်ထဲတွင် ထိုင်ချလိုက်ရင်း စဉ်းစားခန်းဖွင့်နေမိသည်။ ယခု ရှန်ကျွင်းသည် နတ်ဆိုးဘုံ၏ဧည့်သည်တော် ဖြစ်လာပြီဆိုလျှင် နတ်ဆိုးမျိုးနွယ်တော်ဝင်မိသားစုနှင့် လက်တွဲပူးပေါင်းလိုက်ပြီဖြစ်ရမည်။

နတ်ဆိုးဘုံရှိ ချီပိုင်ရုပ်တုကြီးပျက်စီးသွားပြီး လမ်းမများပေါ်တွင် အသားစ၊ သွေးစများပြန့်ကျဲနေခဲ့သည်။ ဤကိစ္စတွင် ရှန်ကျွင်း မပါဝင်ဘဲမနေနိုင်ပေ။ သို့မဟုတ်လျှင် ရှန်တုပိုင် သည် ဤမျှ မြန်မြန်ဆန်ဆန် ပြိုလဲသွားလိမ့်မည်မဟုတ်ချေ။

ယခု ရှန်ကျွင်းက နတ်ဆိုးဘုံတွင်ရှိနေပြီဖြစ်ရာ ရှန်တုပိုင်ခမျာ ထိုနေရာတွင်ပေါ်လာ၍မရတော့ချေ။ ကျီချောင်ချင်သည် ရှန်တုပိုင်၏မျက်နှာဖုံးကို ခွာချခဲ့ပြီးဖြစ်သဖြင့် သူသည် ကျင့်ကြံသူဂိုဏ်းများရှေ့တွင်လည်း ပေါ်လာ၍မရတော့ပေ။ ရှန်ကျွင်းနှင့် နတ်ဆိုးတော်ဝင်မိသားစု မဟာမိတ်ဖွဲ့လိုက်သည့်အတွက် ရှန်တုပိုင်သည် ယှဉ်နိုင်စွမ်းမရှိတော့ဘဲ ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။

ရှန်တုပိုင်သည် ယခုအခါ ရေနစ်နေသောခွေးတစ်ကောင်နှင့်မခြားတော့ပေ။ ကျင့်ကြံသူလောကသာမက၊ နတ်ဆိုးမျိုးနွယ်ကပါ သူ့ကိုသည်းခံတော့မည် မဟုတ်ပဲ သူသည် နေရာအနှံပုန်းအောင်းနေရပြီး အဖမ်းခံရမည်ကို ထိတ်လန့်နေရှာလိမ့်မည်။

အလင်းရောင်မမြင်ရဘဲ မြောင်းထဲကကြွက်တစ်ကောင်လိုပုန်းအောင်းနေရတဲ့ ရှန်တုပိုင်အကြောင်း တွေးမိတော့ ကျေနပ်လိုက်တာ...

ထိုအချိန်တွင် အချုပ်ခန်းတံခါးဝမှ အက်ကွဲကွဲအသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။

"စားလိုက်..."

ကျီချောင်ချင်သည် ထောင်ထဲစဝင်ကတည်းက ထိုလူ သူမကို တိတ်တဆိတ်စောင့်ကြည့်နေမှန်း သိပြီးသားဖြစ်သည်။ သူမက သူ့သဘောအတိုင်း လွှတ်ထားပေးခဲ့သော်လည်း ယခုအခါ သူမရှေ့သို ကိုယ်ထင်ပြလာခဲ့ပြီ ဖြစ်သည်။

ကျီချောင်ချင် ပြန်ပြောလိုက်သည်။

"မစားဘူး... ရှန်ကျွင်းကို လာတွေ့ခိုင်းလိုက်"

ကျီချောင်ချင် ထောင်ထဲသို ငြိမ်ငြိမ်သက်သက် ဝင်လာရသည့်အကြောင်းရင်းမှာ ရှန်ကျွင်းနှင့် စကားပြောချင်၍ ဖြစ်သည်။ ထိုအစီအရင်ဗဟိုချက်ကို ရှန်ကျွင်းလက်ထဲ လုံးဝပေးထား၍မဖြစ်ပေ။

ရှန်တုပိုင်သည် သစ္စာဆိုထားပြီးဖြစ်၍ ထပ်မံလိမ်ညာရဲတော့မည်မဟုတ်ချေ။ ကျီချောင်ချင်သည် ရှန်ကျွင်းကို ဆိုးရွားစွာ ဇာတ်သိမ်းသွားမည့်အဖြစ်မျိုးမရောက်စေချင်ပေ။

ထိုလူက ပြောလိုက်သည်။

"သူ မင်းကို လာတွေ့မှာမဟုတ်ဘူး"

ကျီချောင်ချင် မျက်ခုံးပင့်လိုက်ပြီး

"သူမှလာမတွေ့ရင် ရှင်က ဒီမှာဘာလုပ်နေသေးတာလဲ? ထွက်သွားတော့... ကျွန်မ မစားဘူး"

ထိုလူသည် ကျီချောင်ချင်စကားကြောင့် အံ့သြသွားပုံရပြီး ခေါင်းကိုကုတ်ကာတွန့်ဆုတ်သွားပြီးမှ ပြောလာသည်။

"တစ်လုပ်လောက်တော့ မြည်းကြည့်ပါဦး..."

ကျီချောင်ချင် : "?"

"နေပါဦး... ဒီခေတ်နတ်ဆိုးတွေအားလုံး ဒီလိုပဲ ရူးကြောင် ကြောင် ဖြစ်ကုန်ကြတာလား?"

ကျီချောင်ချင် သူ့ကိုစူးစမ်းသလို ကြည့်လိုက်သည့်အခါ ထိုလူသည် အနည်းငယ်တုန်လှုပ်သွားပုံရပြီး အူကြောင်ကြောင်ဖြင့်ထွက်ခွာသွားလေသည်။ ကျီချောင်ချင် ထိုလူကိုထပ်မကြည့်တော့ပေ။ ဤနေရာမှာဆက်နေပါက အဆင်ပြေမည်မထင်ပေ။ ရှန်ကျွင်းက သူမကိုတွေ့ဖိုငြင်းဆန်နေရင် ဘယ်လိုလုပ်မလဲ? ဒီမှာပဲတစ်သက်လုံးနေသွားရမှာလား?

ထိုသိုတွေးမိသည်နှင့် ကျီချောင်ချင် ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ သူမ လှဲအိပ်နေသည့်နေရာတွင် ရုပ်သေးရုပ်တစ်ရုပ်ကိုဖန်တီးထားခဲ့ပြီး ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်လိုက်လေသည်။

🍃 Chapter 144

ရှန်ကျွင်း၏တောင်ပေါ်သို ရောက်သွားသော ကျီချောင်ချင်သည် ထောင်ထဲမှထွက်လိုက်သည်နှင့် ကြီးမားသောဝိညာဉ်စွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်များရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

သူမ သစ်ပင်တစ်ပင်နောက်တွင် ပုန်းကွယ်ကာ အဝေးသိုလှမ်းကြည့်လိုက်ရာ ချန်ဝမ်ရှန်းနှင့် ရှန်ကျွင်းတိုထိပ်တိုက်တွေ့နေကြသည်ကို မြင်လိုက်ရသည်။

တစ်ယောက်က အတွေ့အကြုံရင့်ပြီး ကောက်ကျစ် စဉ်းလဲသူ၊ ကျန်တစ်ယောက်က သိုင်းပညာအလွန်ထူးချွန်ကာ ဓားချက်တိုင်း လျှပ်စီးလက်သကဲ့သို လျင်မြန်သူဖြစ်သည်။ နှစ်ယောက်သားသည် တစ်ဖက်လူကို သေစေမည့်သိုင်းကွက်များကို ထုတ်သုံးရင်း ပြင်းထန်စွာတိုက်ခိုက်နေကြသည်။

ချန်ဝမ်ရှန်းက နတ်ဆိုးဘုံအထိ သူမနောက်သို ခြေရာခံလိုက်လာလိမ့်မည်ဟု ကျီချောင်ချင်ထင်မထားခဲ့ပေ။ သူမ နတ်ဆိုးဘုံထဲ၀င်လာစဉ်က အကာအကွယ်စည်းမှာ ပျက်စီးခြင်းမရှိသေးဘဲ အကောင်းပကတိရှိနေခဲ့သည်။ သူမသည် လီမင်လော့ ခေါ်ဆောင်ဖူးသည့်လမ်းကြောင်းအတိုင်းဝင်လာခဲ့ ခြင်းဖြစ်သည်။ ချန်ဝမ်ရှန်းကလည်း ဒီနေရာကိုသိနေတာလား။

သူမ စဉ်းစားနေစဉ်မှာပင် ချန်ဝမ်ရှန်းက အံကြိတ်ကာ ပြောလိုက်သံကိုကြားလိုက်ရသည်။

"ရှန်ကျွင်း... မင်း နတ်ဆိုးဘုံရဲ့အကာအကွယ်စည်းကိုဖျက်ဆီးရဲတယ်ပေါ့! အရင်တုန်းက နတ်ဆိုးတွေကိုတိုက်ထုတ်ဖို ကျီချောင်ချင် ဘယ်လောက်တောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရလဲ မင်းသိရဲ့လား!"

ကျီချောင်ချင် တုန်လှုပ်သွားသည်။ နတ်ဆိုးဘုံရဲ့ အကာအ ကွယ်စည်း တကယ်ပျက်စီးသွားပြီပေါ့!

ရှန်ကျွင်းကတော့ နှုတ်ဆိတ်နေမြဲပင်။ သူသည် လူစိမ်းများနှင့် စကားပြောခဲသူပီပီ ဘာမှပြန်မပြောပေ။

သူ ပြန်မဖြေသည်ကိုမြင်သောအခါ ချန်ဝမ်ရှန်းက ဝန်ခံသည်ဟုယူဆလိုက်ပြီး ဒေါသပိုထွက်လာလေသည်။ သူက အေးစက်စွာပြောလိုက်သည်။

"ဒီလိုဆိုမှတော့... ဒီနေ့ ငါ့ရဲ့တတိယရှစ်မေ့အတွက် မင်းကိုသတ်ပြီး လက်စားချေပေးရမှာပဲ၊ ဒါမှလည်း အရင်တုန်းက လောကကြီးအတွက်ပေးဆပ်ခဲ့တဲ့ သူ့ရဲ့စိတ်ဆန္ဒကိုလေးစားရာရောက်တော့မှာပေါ့!"

ထိုသိုပြောပြီးသည်နှင့် သူသည် လေထဲသို ရုတ်တရက်ပျံတက်သွားပြီး ကြီးမားလှသောဝိညာဉ်စွမ်းအားနှင့် ဓားအသိ စိတ်များကို ရှန်ကျွင်းထံသို ဦးတည်တိုက်ခိုက်လိုက်တော့ သည်။

ကြီးမားသောဖိအားအောက်တွင် ရှန်ကျွင်းသည် ရှောင်တိမ်းခြင်းမရှိပေ။ သူရော ချန်ဝမ်ရှန်းပါ ဒဏ်ရာရတော့မည့်အခြေအနေကို မြင်လိုက်ရသဖြင့် ကျီချောင်ချင် ဝင်တားရန်ပြင်လိုက်သော်လည်း မထင်မှတ်ထားစွာပင် ချန်ဝမ်ရှန်း တိုက်ခိုက်ခါနီးဆဲဆဲတွင် ရှန်ကျွင်း ရုတ်တရက် ရှောင်တိမ်းလိုက်လေသည်။

ရှန်ကျွင်းပျောက်ကွယ်သွားသည်နှင့် ဖုံးကွယ်ထားသောအစီအရင်တစ်ခုလည်း ပျောက်ကွယ်သွားလေသည်။ ရှန်ကျွင်း ရပ်နေခဲ့သောနေရာတွင် ကျင့်ကြံသူဂိုဏ်းမှ ရာနှင့်ချီသောလူများ ချုပ်နှောင်ခံထားရသည်ကိုတွေ့လိုက်ရသည်။ သူတို့ သည် သိုးငယ်လေးများသဖွယ် တုန်ရီရင်း ချန်ဝမ်ရှန်းကိုကြည့်နေကြသည်။

ချန်ဝမ်ရှန်းသည် ရှန်ကျွင်း ဤသို့လုပ်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ သူ့ဓားချက်ကို ပြန်ရုပ်သိမ်းချင်သော်လည်း အချိန်နှောင်းသွားချေသည်။

ချန်ဝမ်ရှန်း သွေးတစ်လုပ်အန်ထွက်လာသည်။ သူ့တိုက်ခိုက်မှုမှာ အစွမ်းကုန်ထုတ်သုံးထားခြင်းဖြစ်၍ နောက်ဆုတ်စရာလမ်းမရှိတော့ပေ။ ဝိညာဉ်စွမ်းအားနှင့် သွေးစီးဆင်းမှုကို ပြောင်းပြန်လှန်လိုက်လျှင်ပင် တိုက်ခိုက်မှုကို ပြန်ရုပ်သိမ်း ၍မရနိုင်တော့ချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရာပေါင်းများစွာသောကျင့်ကြံသူများသည် ချန်ဝမ်ရှန်း၏ဓားချက်အောက်တွင် သားကောင်ဖြစ်သွားကြလေသည်။ သူတို့အားလုံး ဓားချက်တစ်ချက်တည်းဖြင့် အသက်ပျောက်သွားကြရရှာသည်။

ပြင်းထန်သောသွေးညှီနံ့များ လေထုထဲတွင်ပျံ့လွင့်လာပြီး သူတို့၏ဒဏ်ရာများမှ သွေးများစီးကျလာကာ မြေပြင်ပေါ်တွင် သွေးချောင်းငယ်များသဖွယ်စီးဆင်းလာသည်။ ခဏကြာလျှင် အလောင်းကောင်များအထက်၌ လက်စားချေလိုသောဝိညာဉ်များ ဝိုင်းအုံလာကြပြီး အခြေအနေမှန်ကိုသိလိုက်သည်နှင့် ရန်သူကိုရှာဖွေရန် အဆင်သင့်ဖြစ်နေကြသည်။

ချန်ဝမ်ရှန်းသည် ယိုင်နဲ့သွားပြီး ဒူးထောက်ကျသွားကာ ဒွါရခုနစ်ပေါက်လုံးမှ သွေးများစီးကျလာသည်။ သူ့သွေးကြောစနစ်များ ဖောင်းကြွလာပြီး နတ်ဆိုးလမ်းစဉ်သို့ရောက်ရှိမည့် လက္ခဏာများပြသလာသည်။

ရှန်ကျွင်းအခြေအနေနှင့် မတူသည်မှာ ချန်ဝမ်ရှန်းသည် ကျင့်စဉ်ကို ရုတ်တရက်ပြောင်းပြန်လှန်လိုက်ခြင်းကြောင့် ခန္ဓာကိုယ်ကဒဏ်မခံနိုင်ခြင်း ဖြစ်သည်။ အချိန်မီမကုစားနိုင်ပါက သွေးကြောများပေါက်ကွဲပြီး သေဆုံးသွားနိုင်သည်။

ရှန်ကျွင်းသည် အဝေးမှနေ၍ ချန်ဝမ်ရှန်း ခန္ဓာကိုယ်ရှိ အဓိကသွေးကြောဆုံမှတ်များကိုပိတ်လိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းမှ မငြိမ်မသက်မှုများ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

ချန်ဝမ်ရှန်းသည် မျက်လုံးများသွေးရောင်လွှမ်းလျက် အလွန်နာကျင်နေပုံဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သည်။

"ရှန်ကျွင်း... မင်း အရူးကောင်ပဲ!"

ရှန်ကျွင်း အဆုံးတွင် စကားစပြောလာသည်။

"မင်းလည်း ဂိုဏ်းသားတွေကို သတ်လိုက်တာပဲလေ..."

ချန်ဝမ်ရှန်းက သူ့ဆိုလိုရင်းကို နားလည်သွားပုံရပြီး မျက်နှာထားက ချက်ချင်းရက်စက်ကြမ်းကြုတ်စွာပြောင်းလဲသွားသည်။

"မင်း တမင်လုပ်လိုက်တာ! မင်း ငါ့ကို မင်းလိုဖြစ်လာစေချင်လို့ လုပ်တာမလား!"

"နတ်ဆိုးဘုံမှာ ဂိုဏ်းသားတွေကို ငါသတ်ခဲ့တယ်လို့ မင်း သူ့ကိုပြောခဲ့တယ်မလား"

ရှန်ကျွင်း တည်ငြိမ်စွာပင်ပြောလိုက်သည်။

"ဒါ မင်းပြန်ပေးဆပ်ရမယ့်အကြွေးပဲ"

ချန်ဝမ်ရှန်း မဲ့ပြုံးပြုံးလိုက်သည်။

"ငါတို့နှစ်ယောက်လုံး ဒီမှာလူသတ်မိတယ်ဆိုရင်ရော ဘာဖြစ်လဲ၊ မင်းနဲ့ ငါက လုံးဝမတူဘူးကွ! ငါက မင်းကြောင့် မှားပြီးသတ်မိတာ၊ မင်းကတော့ မင်းသဘောနဲ့ မင်း သတ်ခဲ့တာ! မင်းလူသတ်တုန်းက မင်းမျက်နှာပေါ်က သွေးဆာနေတဲ့အရိပ်အယောင်တွေကို ငါ ထပ်ပြောပြနေစရာမလိုတော့ဘူးထင်တယ်! မင်းက လူသတ်ရတာကို နှစ်သက်နေခဲ့တာလေ... နတ်ဆိုးကောင်ရဲ့!"

ကျီချောင်ချင် ခေတ္တမျှကြောင်အသွားသည်။

ရှန်ကျွင်း လူသတ်တုန်းက မျက်နှာထားက ဘယ်လိုမို့လို့လဲ?

ရှန်ကျွင်းမျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များဖြတ်ပြေးသွားပြီး မျက်နှာမှာဖြူဖပ်ဖြူရော် ဖြစ်လာကာ မျက်လုံးများသွေးရောင်လွှမ်းလာသည်။ တစ်နေရာမှ အေးစက်သောလေတစ်ချက် တိုက်ခတ်လာပြီး ထိုအအေးဓာတ်သည်

ချန်ဝမ်ရှန်း၏ တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားကာ အမည်မသိနယ်ပယ်တစ်ခုထဲသို့ ဆွဲခေါ်သွားသကဲ့သို့ဖြစ်သွားသည်။

ချန်ဝမ်ရှန်း၏ မျက်နှာမှာနီရဲလာပြီး အသက်ရှူမြန်လာသည်။ မမြင်ရသောအရာတစ်ခုက လည်ပင်းကို ညှစ်ထားသကဲ့သို့ သူ၏လက်များက လည်ပင်းကို အလိုအလျောက်ကုတ်ဖဲ့နေလေသည်။

ထိုကဲ့သို့ ထူးဆန်းသောစွမ်းအင်မျိုးကို ကျီချောင်ချင် တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူမ စိုးရိမ်လာသည်။ ဒီအတိုင်းဆက်သွားရင် ချန်ဝမ်ရှန်း သေသွားလိမ့်မယ်...

ထိုအချိန်တွင် ရှန်ကျွင်း၏အသံကို ကြားလိုက်ရသည်။

"သူ ဘယ်တော့မှ သိရမှာမဟုတ်ဘူး..."

သူ့အသံမှာအေးစက်လွန်းလှသဖြင့် ကျောရိုးထဲထိ စိမ့်သွားစေသည်။

ဘာကိုမသိရမှာလဲ ? ရှန်ကျွင်းက ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ? သူလူသတ်တာကို သူမကို မမြင်စေချင်လို့များလား?

ဒါပေမဲ့ ကျီချောင်ချင်က သူ လူသတ်တာကိုမြင်ဖူးပါတယ်၊ တစ်ချက်တည်းနဲ့ တိခနဲပြတ်ခနဲသတ်ဖြတ်နိုင်ပြီး လှုပ်ရှားမှုတွေကလှပသေသပ်တယ်၊ ဘာလို့ သူမကို မမြင်စေချင်ရတာလဲ?

ကျီချောင်ချင် ဇဝေဇဝါဖြစ်နေသလို ရှန်ကျွင်းလည်း တွေဝေငေးမောနေသည်။ သူမ အနားသွားပြီးမမေးမြန်းရဲသဖြင့် ချန်ဝမ်ရှန်း၏ လည်ပင်းကိုညှစ်ထားသောအရာကို တိတ်တဆိတ်ဖျက်ဆီးလိုက်လေသည်။

နောက်တစ်ခဏတွင် ရှန်ကျွင်းသည် ကျီချောင်ချင်ရှိရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။

သစ်ပင်ကြီးတစ်ပင်က ကျီချောင်ချင်ကိုကွယ်ထားပေး သည်။ သူ့အကြည့်ကြောင့် သူမ ရင်ထိတ်သွားသော်လည်း တည်ငြိမ်စွာနေပြီး မလှုပ်ရှားဘဲနေလိုက်သည်။ ရှန်ကျွင်း ၏အကြည့်က ချက်ချင်းပြန်လွှဲသွားသည်။ သူမ ရှိနေသည်ကို သတိမထားမိလိုက်ပေ။

ကျီချောင်ချင် သက်ပြင်းချလိုက်သည်။ ရုတ်တရက် သူမထုတ်လွှတ်ထားသော ဝိညာဉ်စွမ်းအင်မှာ ဆွဲငင်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ချန်ဝမ်ရှန်းကို ပြန်ကြည့်လိုက်ရာ သူသည် ထိုဝိညာဉ်စွမ်းအင်ကို အင်္ကျီလက်စထဲတွင်ဝှက်ထားလိုက်သည်ကို တွေ့လိုက်ရသည်။

အစောက ရှန်ကျွင်း သံသယမဝင်ခဲ့သည့် အကြောင်းရင်းမှာ ချန်ဝမ်ရှန်းက ထိုစွမ်းအင်ကို ဖုံးကွယ်ပေးလိုက်သောကြောင့်ဖြစ်သည်။

ချန်ဝမ်ရှန်းနှင့် နှစ်ပေါင်းများစွာလက်တွဲလာခဲ့ဖူးသဖြင့် ယခု သူမရှိနေမှန်း ရိပ်မိသွားပြီဖြစ်သည်။

ကျီချောင်ချင်သည် ရုန်းကန်မနေတော့ဘဲ ဝိညာဉ်စွမ်းအင်ကိုထိန်းချုပ်ကာ ချန်ဝမ်ရှန်းအဝတ်အစားများကြားမှတစ်ဆင့် လည်ပင်းဆီသို့တက်သွားစေလိုက်သည်။

ဒုန်း

နောက်တစ်ခဏတွင် ကျီချောင်ချင်၏ ဝိညာဉ်စွမ်းအင်ပေါက်ကွဲထွက်သွားပြီး ချန်ဝမ်ရှန်းလည်ပင်းကို ချုပ်နှောင်ထားသောစွမ်းအားကို ရိုက်ချိုးပစ်လိုက်သည်။ လွတ်မြောက်သွားသော ချန်ဝမ်ရှန်းသည် ဘေးဘက်သို့လွင့်စင်သွားလေသည်။

ရှန်ကျွင်းသည် ချန်ဝမ်ရှန်းနောက်သို့လိုက်မသွားပေ။ ကျီချောင်ချင် စိတ်သက်သာရာရသွားသည်။ သို့သော် ရှန်ကျွင်းသည် နေရာမှာပင်ရပ်နေပြီး ပြန်သွားမည့်ပုံမပေါ်သည်ကို တွေ့လိုက်ရသည်။

ထွက်ခွာရန်ပြင်နေသော ကျီချောင်ချင်မှာ ပုန်းနေသည့်နေရာပေါ်သွားမည်စိုးသဖြင့် မလှုပ်မယှက်ငြိမ်နေလိုက်ရသည်။

ထိုနေရာသည်ပုံမှန်မဟုတ်ဘဲ အေးစက်စိုစွတ်နေသည်။ ချန်ဝမ်ရှန်း၏အကာအကွယ် မရှိတော့သဖြင့် ကျီချောင်ချင်သည် ဝိညာဉ်စွမ်းအင်သုံးပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရန်လည်းမလုပ်ရဲပေ။ ထို့ကြောင့် အအေးဒဏ်ကိုမခံစားရစေရန် သစ်တုံးတစ်တုံးကဲ့သို့ ဟန်ဆောင်နေလိုက်ရသည်။

ထိုစဉ် ရှန်ကျွင်းသည် ကျီချောင်ချင်ရှိရာဘက်သို့ ရုတ်တ ရက် လျှောက်လာလေသည်။

ဟေး ဟေး... ရှန်ကျွင်းဆီကနေ အမြတ်ထုတ်ဖို့နည်းလမ်းရှာရဦးမယ်

All Chapters