အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
🍃 Chapter 145
ကျီချောင်ချင်၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး
မလှုပ်မရှားပဲ ငြိမ်သက်နေလိုက်သည်။
ရှန်ကျွင်း ခြေသံများမှာ တဖြည်းဖြည်းနီးကပ်လာပြီး ယခုအခါ သူတိုနှစ်ဦးကြားတွင် သစ်ပင်တစ်ပင်သာခြားတော့ သည်။
ရှန်ကျွင်း၏သွေးရောင်လွှမ်းနေသောမျက်လုံးများကိုသတိရလိုက်သည်နှင့် ကျီချောင်ချင်သည် အလိုအလျောက်ပင် သူမ၏ဝိညာဉ်စွမ်းအင်ဖြင့် ဓားရှည်တစ်လက်ကို ပုံဖော်ဖန်တီးလိုက်လေသည်။
ရှန်ကျွင်း၏ နတ်ဆိုးဝင်နေသောအခြေအနေမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ဆင်ခြင်တုံတရားကင်းမဲ့နေပြီး၊ ကျီချောင်ချင်အနေဖြင့် သူ့ကို မထိခိုက်စေလိုသောကြောင့် တတ်နိုင်သမျှရှောင်တိမ်းနေခဲ့ခြင်းဖြစ်သည်။ သိုသော် ရှောင်လွှ၍မရတော့သည့်အဆုံးတွင်မူ ရင်ဆိုင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
"မင်း သူ့ကို တကယ်ဂရုစိုက်တာပဲနော်... သူ့အတွက်နဲ့ ထောင်ဖောက်ပြေးလာတဲ့အထိတောင် လုပ်ရဲတယ်၊ သူက မင်းရဲ့ဝိညာဉ်စွမ်းအားကို ဖုံးကွယ်ပေးထားပြီး မင်းက သူ့အင်္ကျီကနေလည်ပင်းထိတက်ပြီး ပူးကပ်နေခဲ့တယ်၊ ကျား မကြားက အနေအထိုင် စည်းကမ်းဆိုတာ မင်းမှာလုံးဝမရှိတော့ဘူးပဲ"
ရှန်ကျွင်း၏အသံတွင် ရေခဲတမျှအေးစက်မှုများ ပါဝင်နေပြီး သူ၏အမုန်းတရားများသည် သစ်ပင်ကို ဖောက်ထွင်း၍ ကျီချောင်ချင်၏နားထဲသို ဝင်ရောက်လာသည်။ သူမသည် အလိုအလျောက်ပင် ထောင့်ကပ်၍ ကျုံဝင်သွားမိသည်။
ဘုရားရေ... ဒီလောက်တောင် သရဲခြောက်သလို ခြောက်ခြားစရာကောင်းနေရသလား?
နတ်ဆိုးဝင်ပူးခံရပြီးနောက် ရှန်ကျွင်း၏အမူအရာသည် ပုံမှန်နှင့် လုံးဝကွဲပြားခြားနားသွားလေသည်။ ယခုအခါ သူသည်အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သိုဖြစ်နေသည်။ သူ၏လွှမ်းမိုးထားသော အရှိန် အဝါကြောင့် ကျီချောင်ချင်မှာ နောက်သိုသာဆုတ်နေမိ သည်။ ရှန်ကျွင်း သူမရှိနေသည်ကို သိပြီးလောက်သော် လည်း သူမကမူ တတ်နိုင်သမျှ ပုန်းအောင်းနေချင်သေးသည်။
ရုတ်တရက် ရှန်ကျွင်း၏အသံသည် ကျီချောင်ချင်၏ခေါင်းပေါ်မှ ထွက်ပေါ်လာလေသည်။
"မင်း ဖန်တီးလိုက်တဲ့ဓားက... ခွင်းလွန်ဓားနဲ့ တော်တော်တူနေပါလား၊ အဲဒီဓားနဲ့ ကိုယ့်ကိုသတ်မလိုလား?"
ကျီချောင်ချင် ရုတ်တရက်မော့ကြည့်လိုက်ရာ သူမ အထက်တည့်တည့်တွင် ရပ်နေသော ရှန်ကျွင်းကိုတွေ့လိုက်ရသည်။
မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် သူသည် ခေါင်းကို အနည်းငယ်ငုံထားရာ မျက်နှာမှာအရိပ်ကျနေပြီး မေးစေ့အသားစိုင်တစ်နေရာကိုသာ မြင်နေရသည်။ သူ့မျက်ဝန်းအရောင်များမှာ ပျစ်ချွဲနေသော သွေးများအလားပိုမိုရင့်သန်နေသည်။ ၎င်းရှေ့ရှိ အဖြူရောင်အပင်များသည် အရိုးစုများနှင့်တူနေပြီး ရှန်ကျွင်းသည် ထိုအရိုးစုများအထက်မှ အလှတရားတစ်ခုအလားဖြစ်နေသည်။
ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းသော်လည်း ရင်သပ်ရှု မောဖွယ်လှပနေပြန်သည်။
ဤပြင်းထန်သောမြင်ကွင်းကြောင့် ကျီချောင်ချင် လန့်ဖျပ်ပြီး နောက်ဆုတ်သွားသည်။ သူစကားပြောရန် ပြင်လိုက်သော်လည်း သူမ၏အပြုအမူက ရှေ့မှ ဆင်ခြင်တုံတရားမဲ့နေသော အလှလေးကိုဒေါသထွက်စေမှန်း သတိမထားမိလိုက်ပေ။
ရှန်ကျွင်းသည် ကျီချောင်ချင်ဖန်တီးထားသောဓားရှည်ကို ဂရုမစိုက်ဘဲရှေ့သိုတိုးလာသည်။ လက်တစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က သူမ ခါးကို တင်းကျပ်စွာပွေ့ဖက်လိုက်လေသည်။
သူသည် မလွန်ဆန်နိုင်သောအင်အားတစ်ခုကိုသုံး၍ သူတိုနှစ်ဦးကိုအလွန်နီးကပ်သွားစေသည်။
ကျီချောင်ချင် အမြဲစိတ်ကူးယဉ်ခဲ့သော ရှန်ကျွင်းမှာ ပြင်ပအရာများနှင့်ကင်းစင်သည့် ကိုယ်ကျင့်တရား မြင့်မားသူတစ်ဦးဖြစ်သည်။ ယခု သူ၏ပုံစံမှာ အလွန်စိမ်းသက်နေသည်။ ထိုစိမ်းသက်မှုကပင် သူမကို သတိထားစေပြီး သူစိတ်မထိန်းနိုင်ဘဲ သူမကို တိုက်ခိုက်လာမည်ကိုစိုးရိမ်မိစေသည်။ သူမ မသိလိုက်ဘဲ အနောက်သိုအနည်းငယ်ယိမ်းလိုက်မိသည်။
ရှန်ကျွင်းက ထိုလှုပ်ရှားမှုကိုသတိပြုမိသွားပြီး တည်ငြိမ်နေသောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သိုသော် ထိုအပြုံးမှာအလွန်အေးစက်လွန်းပြီး၊ နီရဲနေသောမျက်ဝန်းများနှင့် တွဲဖက်လိုက်သောအခါ အလွန်တရာရက်စက်ကြမ်းကြုတ်ပုံ ပေါက်သွားလေသည်။
"မင်း ကိုယ့်ကိုသဘောမကျဘူးလား?"
ကျီချောင်ချင် ခြောက်ကပ်ကပ်ရယ်လိုက်သည်။
"မဟုတ်ပါဘူး... ကျွန်မတို အရမ်းနီးကပ်လွန်းနေလို အသက် ရှူရကြပ်နေလိုပါ၊ ဟီးဟီး... ရှန်ကျွင်း၊ ကျွန်မတို အရမ်းကပ်နေတယ်လိုမထင်ဘူးလား?"
ကျီချောင်ချင်၏ရည်ရွယ်ချက်မှာ သူတိုကြားမှ ရေခဲရိုက် ထားသလို တင်းမာနေသောအခြေအနေကို လျော့ပါးသွားစေရန်ဖြစ်သော်လည်း ထိုစကားပြောလိုက်သည်နှင့် ရှန်ကျွင်း ၏မျက်နှာမှာ အမည်းရောင်သမ်းသွားပြီး အမူအရာပျက် ယွင်းသွားသည်ကို မြင်လိုက်ရသည်။
ကျီချောင်ချင် "..."
နေပါဦး... ရှန်ကျွင်းက အခု ဘာလို ဒီလောက်တောင်ဆက်ဆံရခက်နေရတာလဲ? နောက်တာလေးတောင် သည်းမခံနိုင်ဘဲ ပိုပြီးစွဲလမ်းရူးသွပ်လာတာလား?
"မဟုတ်ဘူး... ဒီလိုနေတာ အဆင်ပြေပါတယ်လို ပြောတာပါ! ဘာမှမဖြစ်ပါဘူး!"
ကျီချောင်ချင်စိတ်ကိုတင်း၍ ရှန်ကျွင်းကိုပြန်လည်ဖက်တွယ် ထားလိုက်သည်။ သူမ ရိုးသားမှုကိုပြသပြီးပြီဖြစ်သဖြင့် ထိုထက်ပိုပြီးတော့ နီးကပ်လိုမရတော့ပေ။
ရှန်ကျွင်းမျက်လုံးများ အနည်းငယ်လှုပ်ခတ်သွားသော်လည်း ဘာမှထပ်မလုပ်တော့ပေ။
"ချန်ဝမ်ရှန်းက မင်းနဲ့ဘာတော်လဲ? ထျန်းရွှမ်ဂိုဏ်းကို မင်းအမုန်းဆုံးမဟုတ်ဘူးလား? ဘာလို့ သူ့ကို ကယ်ခဲ့တာလဲ?"
သူ့အသံတွင် မည်သည့်ခံစားချက်မှမပါဝင်ပေ။ ကျီချောင်ချင်သည် သူ့လည်ပင်းကြားတွင် မျက်နှာအပ်ထားသဖြင့် သူ့မျက်နှာကိုမမြင်ရဘဲ ရှန်ကျွင်း၏ဆိုလိုရင်းကို မဝေခွဲတတ်ဖြစ်နေသည်။
"အမ်... သူက ကျွန်မရဲ့ ရှစ်ရှုန်းလေ၊ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာခဲ့ကြတာ၊ သူ ကျွန်မအပေါ် ဘာအမှားမှမလုပ်ဖူးဘူး၊ ဒါကြောင့် သူ့ကိုမသေစေချင်ဘူး"
"ဒါပေမဲ့ အရင်တုန်းက သူ မင်းကိုစွန့်ပစ်ခဲ့တာလေ... သူသေသင့်ပါတယ်"
ကျီချောင်ချင် ချက်ချင်းသဘောပေါက်သွားသည်။ နတ်ဆိုးများကိုတိုက်ခိုက်သော စစ်ပွဲကာလတုန်းက ဂိုဏ်းသားတစ်စုသည် ကျီချောင်ချင်တို့နောက်သို့ နတ်ဆိုးစခန်းအထိခိုးလိုက်လာခဲ့ပြီး အားလုံး အသတ်ခံလိုက်ရသည်။ ဂိုဏ်းသားအား လုံးက ထိုအဖြစ်ဆိုးအတွက် ကျီချောင်ချင်နှင့်ချန်ဝမ်ရှန်းကို အပြစ်တင်ခဲ့ကြသည်။ ချန်ဝမ်ရှန်းသည် ထိုဖိနှိပ်မှုများကိုသည်းမခံနိုင်တော့ဘဲ ထွက်ခွာသွားခဲ့ရာ ကျီချောင်ချင်တစ်ယောက်တည်း အရာအားလုံးကို ရင်ဆိုင်ခဲ့ရလေသည်။
ရှန်ကျွင်းက ဒါတွေကိုဘယ်လိုလုပ်သိနေတာလဲ? သူမ သူ့ကို တစ်ခါမှမပြောပြဖူးသလို၊ ချန်ဝမ်ရှန်းကလည်း ဒါတွေကိုပြောပြမှာမဟုတ်ဘူး၊ ဒါဆို ရှန်ကျွင်း ဘယ်လိုလုပ်သိတာလဲ?
"အဲဒီတုန်းက သူ ကျွန်မကိုပါခေါ်သွားချင်ခဲ့တာ၊ ကျွန်မက မှမလိုက်ချင်ခဲ့တာ၊ ရှန်ကျွင်း... ရှင် ဒါတွေကို ဘယ်သူ့ဆီကကြား..."
ရှန်ကျွင်း ရုတ်တရက်ဖြတ်ပြောလိုက်သည်။
"သူ မင်းကို တစ်ယောက်တည်းထားခဲ့ပြီး မထွက်သွားသင့်ဘူး"
ကျီချောင်ချင် ဇဝေဇဝါဖြစ်နေစဉ်မှာပင် သူမ နောက်ကျောဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ရုတ်တ ရက်ခံစားလိုက်ရသည်။
ချွမ်~
ချန်ဝမ်ရှန်း၏ ဖန်ချွန်းဓားသည် သူတို့ရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ ရှန်ကျွင်းက ကျီချောင်ချင်ကို သူ့နောက်ကိုပို့၍ကွယ်ထားလိုက်ပြီး ခွင်းလွန်ဓားနှင့် ဖန်ချွန်းဓားတို့ရိုက်ခတ်မိကာ ဖန်ချွန်းဓား လွင့်စင်သွားလေသည်။
ချက်ချင်းပင် ချန်ဝမ်ရှန်းရောက်ရှိလာပြီး ဖန်ချွန်းဓားကိုဖမ်းယူကာ ရှန်ကျွင်းကို ထပ်မံတိုက်ခိုက်လေတော့သည်။
ဤငတုံးကောင် ပြန်ရောက်လာတာကိုမြင်ပြီး ကျီချောင်ချင်ဒေါသထွက်သွားသည်။
"ရှင် ဒီကို ဘာပြန်လာလုပ်တာလဲ! သေချင်နေတာလား?!"
ချန်ဝမ်ရှန်း "သူ မင်းကို ဒီမှာပိတ်လှောင်ထားတာလေ၊ ငါ မင်းကို လာခေါ်တာ!"
ထိုစကားကိုကြားသောအခါ ရှန်ကျွင်းမျက်ဝန်းများ ပိုမို မည်းမှောင်သွားသည်။
"သူက ဘယ်သူနဲ့မှလိုက်သွားမှာမဟုတ်ဘူး၊ မင်း ပြန်ရောက် လာမှတော့ ဒီမှာပဲအသက်ပေးခဲ့လိုက်တော့!"
နှစ်ယောက်သား ပြန်လည်တိုက်ခိုက်ကြသည်ကို မြင်လိုက်ရပြီး သူတို့၏ဓားရောင်များသည် မှိန်ဖျော့သောပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
ကျီချောင်ချင် ပြောစရာစကားပျောက်သွားသည်။ သူမ စကားပြောရန်ပြင်လိုက်စဉ်မှာပင် သူမ ပတ်ဝန်းကျင်ရှိ လေထုမှာတစ်ခဏတာ အေးခဲသွားသည်ကိုခံစားလိုက်ရသည်။
ထို့နောက် အရာအားလုံးက ပုံမှန်အတိုင်း လျင်မြန်စွာ ပြန်ဖြစ်သွားသည်။
ထိုခေတ္တမျှအေးခဲသွားခြင်းက ကျီချောင်ချင်၏ စိတ်ထင် ယောင်ထင်မှားဖြစ်ဟန်တူသည်။ တိုက်ခိုက်နေသောနှစ်ယောက်ကို မော့ကြည့်လိုက်ရာ ရှန်ကျွင်းသည် ချန်ဝမ်ရှန်းကိုမယှဉ်နိုင်တော့သည်ကိုတွေ့လိုက်ရသည်။ သူတို့နှစ်ဦးမှာအားပြိုင်နေကြပြီး မည်သူကမျှအသာစီးမရကြပေ။
ကျီချောင်ချင် အတော်လေးအံ့သြသွားသည်။ ယခင်တုန်းကဆိုပါက ရှန်ကျွင်းက ချန်ဝမ်ရှန်းကိုပြန်တောင်မတိုက်နိုင်အောင် ရိုက်နှက်ခဲ့ဖူးသည်။ အခြေအနေက ဘာလို့ ဒီလောက်တောင်ပြောင်းလဲသွားရတာလဲ? နတ်ဆိုးဘုံမှာ ရှန်တုပိုင်ရဲ့ လက်ပါးစေတွေကိုမောင်းထုတ်ရင်း ရှန်ကျွင်း အားကုန်ပြီး ဒဏ်ရာရထားလို့များလား?
ဒါကသာ ဖြစ်နိုင်ခြေအရှိဆုံးအကြောင်းပြချက်ပဲ၊ သူ ဘယ်နားမှာဒဏ်ရာရထားတာလဲ? ကျီချောင်ချင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
ထိုစဉ် မက်မွန်ပွင့်ဖတ်တစ်ခု ကျီချောင်ချင် မျက်နှာပေါ်သို့ကြွေကျလာသည်။
သူမမော့ကြည့်လိုက်ရာ ကြီးမားသောမက်မွန်ပင်ကြီးကို တွေ့လိုက်ရသည်။ သစ်ကိုင်းများသည်စိမ်းလန်းစိုပြေနေပြီး တောက်ပသောပန်းပွင့်များသည် အနီရောင်ကြယ်ပွင့်လေးများအလား အခြားအလင်းရောင်များကိုဖုံးလွှမ်းထားသည်။
ဤမျှလောက်ကြီးသောမက်မွန်ပင်မျိုး ကျီချောင်ချင် တစ်ခါမှမမြင်ဖူးပေ။ နောက်ဆုံးအကြိမ် ၎င်းလောက်ကြီးမားသည့်အပင်ကိုမြင်ဖူးတာက နှစ်တစ်ထောင်သစ်ပင်နတ်ဆိုးဆီမှာတုန်းကပင်။
သူမ၏ အတွေးများဝေဝါးလာသည်။ အဲဒီသစ်ပင်နတ်ဆိုးကို သူမ ဘယ်လိုသတ်ခဲ့တာပါလိမ့်?
ကြည့်ရတာ...
အနီရောင်မီးပုံးများ အဝေးမှလွင့်မျောလာကြပြီး နက်မှောင် သောညအမှောင်ထုထဲတွင် နေရာအနှံ့ ပျံ့လွင့်နေကြသည်။ မိန်းကလေးတစ်ယောက်၏ကြည်လင်ပြတ်သားသောရယ်သံသဲ့သဲ့သည် အမှောင်ထုထဲတွင်ပဲ့တင်ထပ်နေသည်။
ဟုတ်သည်၊ ဤအနီရောင်မီးပုံးများပင်။ မိန်းကလေးတစ်ယောက်အသွင်ဖန်ဆင်းထားသော နှစ်တစ်ထောင်သစ်ပင်နတ်ဆိုးကို သူမသတ်ခဲ့ဖူးသည်။ သစ်ပင်နတ်ဆိုးက မသေ ဆုံးမီ နာကြည်းချက်များဖြင့်ပြောခဲ့သည်။
"ကျီချောင်ချင်... တစ်နေ့ကျရင် ငါ့အမျိုးတွေက ငါ့အတွက်လက်စားချေကြလိမ့်မယ်!"
ထိုအချိန်တွင် ဖြူဖပ်ဖြူရော်မိန်းကလေးငယ်တစ်ဦးက လွင့်မျောနေသော အနီရောင်မီးပုံးတစ်ခုကိုလှမ်းဆွဲလိုက်သည်။ သူမက တခစ်ခစ်ရယ်မောနေပြီး ပါးပြင်ပေါ်တွင် တန်ဖိုးနည်းပါးနီများလိမ်းကျံထားကာ မျက်လုံးများက ကျီချောင်ချင်ကိုစူးစိုက်ကြည့်နေသည်။
သိပ်မကြာမီ အနီရောင်ဝတ်စုံဝတ်ဆင်ထားသော လူကြီးအများအပြား ကျီချောင်ချင်ထံသိုပျံသန်းလာကြသည်။ အားလုံး၏မျက်နှာများမှာ သွေးဆုတ်ဖြူလျော်နေပြီး နှုတ်ခမ်းနှင့်ပါးပြင်များမှာ သွေးရောင်လွှမ်းနေကာ ကျီချောင်ချင်ထံသို ဝေါယာဉ်ငယ်လေးတစ်ခုသယ်ဆောင်လာရင်း ပြုံးဖြီးနေကြသည်။
ကျီချောင်ချင် ခုခံနိုင်စွမ်းမရှိဘဲ ဝေါယာဉ်ထဲသို တောင့်တောင့်ကြီးလဲကျသွားသည်။
အမှောင်ထုထဲတွင်ဝေါယာဉ်သည် လှောင်ပိတ်ပြီး အသက် ရှူ၍မရပေ။ ကျီချောင်ချင် ခက်ခက်ခဲခဲ လက်လှမ်း၍ လိုက်ကာကိုမလိုက်သည်။
မျက်နှာမရှိသောမိန်းကလေးငယ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်လာသည်။ အရေပြားမရှိတော့သဖြင့် မျက်နှာနှင့် လည်ပင်းမှအသားစများသည် အရိုးပေါ်တွင်တွဲလောင်းကျနေပြီး မြေကြီးပေါ်သို သွေးများတစက်စက်ကျနေသည်။
ကျီချောင်ချင်ကိုမြင်လိုက်သည်နှင့် ထိုမိန်းကလေးက တခစ်ခစ်ရယ်မောလိုက်ပြီး ကျီချောင်ချင်ကို စိုက်ကြည့်ကာ တဖြည်းဖြည်းတိုးကပ်လာသည်။
"သတိုသမီး! သတိုသမီး!"
ကျီချောင်ချင် အလွန်နာကျင်နေသော်လည်း သူမရှေ့မှမိန်းကလေးကို အားယူ၍ပြောလိုက်သည်။
"အရမ်းရုပ်ဆိုးတာပဲ... ထွက်သွားစမ်း..."
ကျီချောင်ချင် ထိုသိုပြောလိမ့်မည်ဟု ထိုမိန်းကလေးက ထင်မထားခဲ့သဖြင့် သူမ အရေပြားမရှိသော မျက်နှာကြီးမှာ သိသိသာသာတောင့်တင်းသွားလေသည်။
အပြင်ဘက်မှမောင်းသံ၊ ဗုံသံများထွက်ပေါ်လာသည်။ ထိုမိန်းကလေးကို တစ်စုံတစ်ယောက်က ကြမ်းတမ်းစွာဆွဲကိုင် ၍ လွှင့်ပစ်လိုက်ပြီး ဝေါယာဉ်လိုက်ကာကြီးတစ်ခုလုံး ဆွဲဖြဲခံလိုက်ရသည်။ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
"သတိုသမီး... ဝေါယာဉ်ထဲကထွက်ခဲ့ပါ!"
မျက်နှာဖြူဖြူနှင့် မိန်းကလေးငယ်နှစ်ဦးပေါ်လာပြီး ကျီချောင်ချင်ကို ဝေါယာဉ်ထဲမှတွဲထုတ်ပေးသည်။
ကျီချောင်ချင်သည် မော့ကြည့်လိုက်သောအခါ မယုံနိုင်စရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ မှိန်ဖျော့သော ကောင်းကင်အောက်တွင် အလောင်းကောင် တောင်ပုံရာပုံနှင့် သွေးပင်လယ်ကြီးရှိနေလေသည်။
နတ်ဆိုး၊ မကောင်းဆိုး၀ါးနှင့် သရဲမျိုးနွယ်တို၏ အလောင်းများသည် စစ်မြေပြင်အနှံပြန့်ကျဲနေပြီး ရေတွက်၍မရနိုင်သောခန္ဓာကိုယ်များသည် တောင်ကုန်းများကို ဖုံးလွှမ်းထား သည်။ မျက်စိတစ်ဆုံးကြည့်လိုက်လျှင် အဆုံးအစမမြင်ရပေ။
ထိုအလောင်းကောင်များပေါ်တွင် ကြောက်ရွံမှုများကိုမြင်တွေ့နိုင်သေးသည်။ သူတိုသည် ခုခံရန် အခွင့်အရေးပင်မရလိုက်ဘဲ အလွန်အစွမ်းထက်သောတစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရသည့်အလားပင်။
သွေးနှင့်အသားစများ ရောနှောကာ မြေပြင်တစ်ခုလုံးကိုနီရဲသွားစေသည်။ မီးခိုးများ လေထုထဲတွင်ပြည့်နှက်နေပြီး အဝေးမှမီးတောက်များ ရုတ်တရက် ထွက်ပေါ်လာကာ ကောင်းကင်ကိုသွေးရောင်လွှမ်းသွားစေသည်။ လင်းတများနှင့် ထူးဆန်းသောငှက်အမျိုးမျိုးတိုသည် အလောင်းကောင်များကို စားသောက်နေကြပြီး ပုပ်နံ့များ လေထုထဲတွင်ပျံ့လွင့်နေသည်။ လေထဲတွင် နာကြည်းမှုနှင့်မလိုမုန်းထားမှုများကို လက်ဖြင့်ကိုင်တွယ်၍ ရနိုင်လောက်အောင်ပင် ထူပြောနေသည်။
🍃 Chapter 146
ဤနေရာတွင် မကောင်းဆိုးဝါးအငွေ့အသက်များ လွန်စွာပြင်းထန်လွန်းသဖြင့် ရှန်ကျွင်းမှလွဲ၍ မည်သည့်သက်ရှိလူသားမျှ နေနိုင်မည်မဟုတ်ပေ။
ရှန်ကျွင်းသည် အမြင့်ဆုံးတောင်ထိပ်တွင်ရပ်နေသည်။ တစ်ချိန်ကဖြူစင်ပြီး အေးစက်တည်ငြိမ်ခဲ့သော သူ့မျက်နှာသည် ယခုအခါ သွေးများပေကျံနေပြီး နောက်ဆုံးကျန်ရှိသော သက်ရှိကိုသတ်ဖြတ်ရင်း ပြုံးနေလေသည်။
သူ့ပုံစံက စိတ်လှုပ်ရှားနေပုံရသည်။ သွေးညှီနံ့က သူ့မျက်နှာပေါ်တွင် တွန့်လိမ်ရှုတွသောကျေနပ်သည့် အပြုံးတစ်ခုကို ဆောင်ကျဉ်းပေးလာသည်။ သူ၏ပုံမှန်အေးစက်ပြီး လောကနှင့်မသက်ဆိုင်သလိုနေတတ်သည့်ပုံစံမှာ လုံးဝပျောက်ကွယ်သွားလေပြီ။ သူ့ချောမောသော မျက်နှာသွင်ပြင်သည် သွေးများဖြင့်စိုရွှနေပြီး မျက်နှာအမူအရာအပြောင်းအလဲတိုင်းတွင် ဖော်ပြ၍မရနိုင်သော သွေးဆာသည့် ဆွဲဆောင်မှုတစ်ခုပါဝင်နေသည်။
သူ့နောက်ဘက်တွင် အလောင်းကောင်ပင်လယ်ကြီး ရှိနေသော်လည်း သူ့ကို မည်သူမျှမလွန်ဆန်နိုင်သကဲ့သို မည်သူမျှ သူ့အတွက် အလိုအလျောက် စွန့်လွှတ်အနစ်နာခံမည့်သူမရှိသည့်ပမာ သူသည် ရင်သပ်ရှုမောဖွယ်လှပနေသည်။
သူသည် အလွန်အန္တရာယ်များပြီး အစွမ်းထက်လွန်းသည်။ အရိုးစုများအပေါ်တွင် ပွင့်လန်းနေသောပန်းတစ်ပွင့်လို၊ သွေးနှင့်အသားတိုဖြင့် ပြုစုပျိုးထောင်ထားသည့်အလား ကြောက်စရာကောင်းလောက်အောင်ဖမ်းစားနိုင်လွန်းသည်။
ကျီချောင်ချင် မှင်သက်သွားသည်။ ဒါ သူ သိခဲ့တဲ့ ရှန်ကျွင်းဟုတ်ရဲ့လား? အေးစက်တည်ငြိမ်ပြီး ပြိုင်ဘက်ကင်းသော၊ ပြင်ပလောကနှင့်ကင်းစင်သောရှန်ကျွင်းက ယခုသူမရှေ့မှာ ရောက်နေသော နတ်ဆိုးဆန်သည့်သတ္တဝါကြီးနှင့် လုံးဝတွဲစပ်၍မရနိုင်အောင်ဖြစ်နေသည်။
သူသည် ဤသတ်ဖြတ်ပွဲကြီးတွင်ပျော်မွေ့နေပုံရသည်။ သူ၏ အနက်ရောင်ဝတ်စုံပေါ်တွင် ခွဲခြား၍မရနိုင်သောသွေးများစွန်းထင်းနေသည်။ ရှန်ကျွင်း တစ်နေ့တွင် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု တွေးကြည့်ရန်ပင်ခက်ခဲလှသည်။ ထူးဆန်းပြီး ဖော်ပြ၍မရသောခံစားချက်တစ်ခု ကျီချောင်ချင်၏ ရင်ထဲတွင် ပြည့်လျှံလာသည်။ ထိုခံစားချက်ကို သူမ ဖွင့်မပြောတတ်သော်လည်း စိတ်မသက်မသာဖြစ်မှုတစ်ခုသာ။
ရှန်ကျွင်းသည် တစ်စုံတစ်ယောက်ရှိနေသည်ကို အာရုံခံမိသွားသည့်အလား ကျီချောင်ချင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ကျီချောင်ချင်ကိုမြင်လိုက်သည်နှင့် ရှန်ကျွင်း မတ်တပ်ရပ်လိုက်သည်။ သူ၏လက်များနှင့် မျက်နှာတွင် သွေးများပေကျံနေသော်လည်း သူမကို တောက်ပစွာ ပြုံးပြလိုက်သည်။
"အားကျီ... မင်း ကိုယ့်ကိုလာရှာတာပဲ၊ ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့တာ!"
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုလက်ယပ်ခေါ်လိုက်ပြီး သူ့အသံမှာစိတ်လှုပ်ရှားနေသည်။
"လာခဲ့... ကိုယ့်ဘေးကို လာခဲ့"
မဟုတ်ဘူး... သွေးဆာနေတဲ့ ဒီလူက ရှန်ကျွင်း မဟုတ်ဘူး...
ကျီချောင်ချင် စကားပြန်မပြောပေ။ ရှန်ကျွင်းသည် လက်ရှိတွင် အရူးတစ်ယောက်လိုဖြစ်နေသည်။ ရုတ်တရက်စိတ်ဖောက်ပြန်ပြီး သူမကိုပါသတ်လိုက်လျှင် မတရားခံရတာမဖြစ်ဘူးလား?
ကျီချောင်ချင်၏လက်သည် အင်္ကျီလက်စထဲတွင် ဝှက်ထားလျက်ရှိပြီး ရှန်ကျွင်း မမြင်နိုင်သောနေရာမှ ဓားရှည်တစ်လက်ကိုဖန်တီးလိုက်သည်။
ကျီချောင်ချင် မလှုပ်မယှက်ဖြစ်နေသည်ကို မြင်သောအခါ ရှန်ကျွင်းသည် အလိုအလျောက် ငုံ့ကြည့်လိုက်ရာ ကိုယ့်ကိုယ်ကိုယ် သွေးများနှင့် အသားစများပေကျံနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်မှ ပျော်ရွှင်မှုများပျောက်ကွယ်သွားပြီး ရွံရှာမှုများ အစားထိုးဝင်ရောက်လာသည်။
"အားကျီ... ကိုယ် ရွံစရာကောင်းနေလား?"
ထိုစကားပြောလိုက်စဉ် ရှန်ကျွင်း မျက်လုံးထဲတွင် သွေးရောင်တောက်တောက် အလင်းတစ်ခုပေါ်လာသည်။ သူသည် ရယ်မောချင်စိတ်ကို ထိန်းချုပ်လိုက်ရာ လှပသောမျက်နှာလေးမှာ နာကျင်မှုကြောင့်ရှုံ့မဲ့သွားသည်။
"ဒါပေမဲ့ ဘာဖြစ်လဲ? အခု ကိုယ်ကနတ်ဆိုးသခင်ဖြစ်နေပြီ၊ မကြာခင်လောကတစ်ခုလုံး ကိုယ့်ကို ဒူးထောက်ခယလာကြလိမ့်မယ်”
ရှန်ကျွင်း ဤကဲ့သို မျက်နှာထားမျိုးလုပ်ပြလိမ့်မည်ဟု ကျီချောင်ချင် ယုံကြည်ရခက်နေသည်။ သူ အမှန်တကယ်ရူးသွပ်သွားခဲ့ပြီး ပြန်လှည့်မရသော လမ်းကို ရောက်သွားခဲ့ချေသည်။
တစ်နေ့နေ့တွင် ရှန်ကျွင်း အသိစိတ်ပြန်ဝင်လာပြီး သူသတ်ခဲ့သောလူများကို ပြန်သတိရသွားပါက သူ အသက်ဆက်ရှင်ချင်တော့မည်မဟုတ်ပေ။
ကျီချောင်ချင်သည် ရှန်ကျွင်းကို လမ်းမှားဆက်မလျှောက်စေလိုတော့ပေ။ သူမသည် ဓားရှည်၏ ထိပ်ဖျားဖြင့် ရှန်ကျွင်းကိုချိန်ရွယ်လိုက်သည်။
"ရှင် ရူးနေတာလား? ရှင် ဘာလုပ်နေလဲဆိုတာရော သိရဲ့လား?"
တောင်တန်းများနှင့် လယ်ကွင်းပြင်များတွင် အလောင်း ကောင်များပြန့်ကျဲနေပြီး မီးရောင်ကြောင့် ကောင်းကင်ကြီးမှာသွေးရောင်လွှမ်းနေကာ၊ သွေးနှင့် အသားစများမှာ လျင်မြန်စွာ ပုပ်သိုးဆွေးမြေ့နေကြသည်။ မရေမတွက်နိုင်သောအလောင်းကောင်များသည် ချိုင့်ဝှမ်းများထဲတွင် တောင်ပုံရာပုံ ပုံနေပြီး ချက်ချင်းပင် အလောင်းကောင်အရည်များ ဖုံးလွှမ်းသွားလေသည်။
ဤကြောက်မက်ဖွယ်မြင်ကွင်းသည် ရှန်ကျွင်း တစ်ယောက် တည်း၏ လက်ချက်ပင်။ သူသည် နတ်ဆိုးကျင့်ကြံသူများကို သတ်ဖြတ်လိုရုံသာမက ဂိုဏ်းများကိုပါကျူးကျော်တိုက်ခိုက်လိုခြင်း ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် သူသည် သာမာန်လူသားတိုင်းပြည်ကိုပါ ကျူးကျော်တော့မည်ဖြစ် ကြောင်း ကျီချောင်ချင် သံသယဝင်စရာမလိုဘဲ သိလိုက်သည်။
ကျီချောင်ချင်အနေဖြင့် သူ နတ်ဆိုးများကို သတ်ဖြတ်ခြင်းကို ဝင်မစွက်ဖက်လိုသော်လည်း လူသားတိုင်းပြည်ကို ကျူးကျော်မည့်ကိစ္စကိုတော့ လက်ပိုက်ကြည့်မနေနိုင်ပေ။ အကယ်၍ သူသာထိုသိုလုပ်ခဲ့လျှင် အမှန်တကယ် နတ်ဆိုးဖြစ်သွားပေလိမ့်မည်။