← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

🍃 Chapter 147

ကျီချောင်ချင်က သူ့ကို ဓားဖြင့်ချိန်ရွယ်ထားသည်ကိုမြင်သောအခါ ရှန်ကျွင်းမျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားသည်။ သူသည် အလောင်းကောင်တောင်ကြီးပေါ်မှ တစ်လှမ်းချင်းဆင်းလာပြီး ကျီချောင်ချင်ရှေ့တည့်တည့်တွင် လာရပ်လိုက်သည်။

"ကိုယ် ကောင်းကောင်းကြီးသိတယ်၊ ကိုယ် မရူးသေးဘူး"

ရှန်ကျွင်းသည် ကျီချောင်ချင်ဓားကို လုံးဝဂရုမစိုက်ပေ။ သူသည် ဓားချွန်ထိပ်ဖျားနှင့် သူ့ ရင်ဘတ်ကိုထိကပ်စေလျက် ရှေ့သိုတိုးလာသည်။ ချက်ချင်းဆိုသလိုပင် ကျီချောင်ချင် ဖန်တီးထားသောဓားရှည်မှာ လေထဲတွင်ပျောက်ကွယ်သွားလေသည်။

"ဒီအရာက ကိုယ့်ကိုဘာမှမထိခိုက်စေနိုင်ဘူး၊ မင်း ကိုယ့်ကိုသတ်ချင်ရင် ဒါကိုသုံးမှရမယ်"

သူသည် ခွင်းလွန်ဓားကို ကျီချောင်ချင့်လက်ထဲသို ထိုးထည့်ပေးလိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။

"မင်း ကိုယ့်ကို တကယ်မကြိုက်ဘူးဆိုရင်... ကိုယ့်ကိုသတ်ဖို ဒီဓားကိုသုံးလိုက်လေ"

သူ့လက်သည် အလွန်အမင်းအေးစက်နေပြီး ခွင်းလွန်ဓားရိုးသည်ပင် အရိုးထဲထိစိမ့်အောင် အေးစက်နေသည်။ ကျီချောင်ချင် ခွင်းလွန်ဓားကိုထိလိုက်သည်နှင့် သူမလက်မှ အနည်းငယ်သောနွေးထွေးမှုလေးမှာ ဓားထဲသို ချက်ချင်းစုပ်ယူခံလိုက်ရသည်။

ကျီချောင်ချင် အလိုအလျောက် ရုန်းကန်ရန်ကြိုးစားလိုက်သော်လည်း ရှန်ကျွင်းက သူမကို လက်တစ်ဖက်ဖြင့် မြဲမြံစွာချုပ်ကိုင်ထားသည်။ သူ၏ကျန်လက်တစ်ဖက်က ကျီချောင်ချင်၏မျက်နှာကို ကိုင်ရန် ရွယ်လိုက်သည်။

"အားကျီ... တစ်ခါတလေကျရင် ကိုယ် မင်းကို အရမ်းမုန်းတယ်၊ မင်းရဲ့အာရုံစိုက်မှုအားလုံးကို သူ့ဆီမှာပဲပုံထားပြီး ကိုယ့်ကျတော့ နည်းနည်းလေးမှမပေးလိုလေ..."

ကျီချောင်ချင် ခံစားမိသည်မှာ အဆစ်အပိုင်းများ ထင်းနေသောထိုလက်သည် အေးစက်မှုများဖြင့် ပြည့်နှက်နေပြီး ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိတော့သလိုပင်။ မကြာသေးမီကပင် ဤလက်တစ်စုံသည် ရနံ့မွှေးပျံ့ပြီးနွေးထွေးခဲ့သည်။ ဖြူစင်သန့်ရှင်းကာ ဘယ်တော့မှ မခွဲခွာစတမ်း ထာဝရဆုပ်ကိုင်ထားချင်စရာကောင်းခဲ့သည်။

အမှန်တွင် ရှန်ကျွင်း သူမကိုထိမည်မဟုတ်ကြောင်း ကျီချောင်ချင် အာရုံခံမိသော်လည်း သူမ၏မျက်နှာကို အလို အလျောက်လွှဖယ်လိုက်မိသည်။

သူမ အေးစက်တာကိုမကြိုက်ဘူး...

နောက်တစ်ခဏတွင် ရှန်ကျွင်းသည် ကျီချောင်ချင်ကို ရုတ်တရက်တွန်းထုတ်လိုက်သည်။ ကျီချောင်ချင် ကြောင်အနေဆဲမှာပင် ရှန်ကျွင်း၏အေးစက်သောအသံကို ကြား လိုက်ရသည်။

"မင်း ဒီလောကကြီးကိုမကြိုက်ဘူးဆို... အခု ငါ မင်းအတွက် ဖျက်ဆီးပေးလိုက်ပြီလေ၊ ဒါတောင် မပျော်သေးဘူးလား?"

သူ့မျက်နှာထားမှာ အုံမှိင်းနေသည်။

"မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီးပြီလေ၊ ဘာလို ကိုယ့်ကို အဲဒီလိုလာကြည့်နေတာလဲ?"

ကျီချောင်ချင် ပြောလိုက်သည်။

"ရှန်ကျွင်း... ရှင်မေ့သွားပြီလား? ရှင် ကျွန်မကို ပြောဖူးတယ်လေ၊ တောင်ဘက်နယ်စပ်ကို အတူသွားကြမယ်ဆို၊ အခု ရှင်သာစစ်ပွဲစတင်လိုက်ပြီး လူတွေကို နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲရဲ့ အဖြစ်ဆိုးတွေကြားထဲ ထပ်ပြီးဆွဲထည့်လိုက်မယ်ဆိုရင် တောင်ဘက်နယ်စပ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး၊ ကျွန်မတို ဘယ်တော့မှ သွားရတော့မှာမဟုတ်ဘူး"

ထိုစကားကိုကြားသောအခါ ရှန်ကျွင်း ထပ်မံရယ်မောလိုက်ပြီး သရော်သံဖြင့်ပြောလ်ုက်သည်။

"တောင်ဘက်နယ်စပ်ဟုတ်လား? အဲဒီနေ့က ငါ တောင်ဘက်နယ်စပ်အကြောင်းပြောတုန်းက မင်း ကိုယ်နဲ့လိုက်ဖို ဘယ် တုန်းကမှ ရည်ရွယ်ချက်မရှိခဲ့ပါဘူး! မင်း ဘယ်သူနဲ့သွားချင်ခဲ့တာလဲ? ရှန်တုပိုင်လား? ဒါမှမဟုတ် ချန်ဝမ်ရှန်းလား?"

ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒီတုန်းက ကျွန်မ မကြာခင်သေတော့မယ်လို့ထင်ခဲ့တာ၊ ပြီးတော့ ရှင့်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ လက်မခံခဲ့တာလေ၊ ဒါပေမဲ့ အခု ကျွန်မ ကျန်းမာနေပြီ၊ ရှင်နဲ့အတူ တောင်ဘက်နယ်စပ်ကို လိုက်သွားလို့ရပြီ၊ ဘာလို့ လမ်းမဆုံးခင်ပြန်မလှည့်နိုင်ရတာလဲ?"

"အခု ကိုယ်သာနောက်ပြန်လှည့်လိုက်ရင်... မင်း အရာအား လုံးကိုစွန့်လွှတ်ပြီး ကိုယ်နဲ့အတူ တောင်ဘက်နယ်စပ်ကိုလိုက်မှာလား?"

ရှန်ကျွင်း၏မျက်လုံးထဲမှ အနီရောင်များ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး အလင်းရောင်တစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်လာသည်။

ကျီချောင်ချင် ခေတ္တမျှတိတ်ဆိတ်သွားသည်။ ဤလောကကြီးမှာ သူမ မဖြစ်မနေလျှောက်လှမ်းရမယ့် လမ်း၌ ခရီးဖော်တစ်ယောက်ရှိလာမည်ဆိုလျှင် ထိုလူက နတ်ဆိုးမဖြစ်ခင်က ရှန်ကျွင်းဖြစ်နေတာကို သူမ ဝမ်းသာမိမည်။ သို့သော် ရှန်တုပိုင်မသေသေးသဖြင့် သူမ ရှန်ကျွင်းနှင့်မလိုက်သွားနိုင်သေးပေ။ ရှန်တုပိုင်ကိုအရင်သတ်ရမည်။

ကျီချောင်ချင် ပြန်မဖြေသည်ကိုမြင်သောအခါ ရှန်ကျွင်း တခစ်ခစ်ရယ်မောလိုက်သည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်း သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ စိတ်ပျက်မှုလိုလို၊ သို့မဟုတ် ရူးသွပ်မှုလိုလိုပင်။

"မင်း ကိုယ့်ကို နောက်ထပ်မလိမ်တော့ဘူးလို့ပြောခဲ့တယ်နော်... အခု ကိုယ့်ကိုထပ်လိမ်ပြန်ပြီ"

ကျီချောင်ချင်၏စိတ်များ ရှုပ်ထွေးနေသော်လည်း ပြတ်ပြတ်သားသားလုပ်မှရမည်ကို သူမသိသည်။

"ကျွန်မ ရှင်နဲ့အတူတောင်ဘက်နယ်စပ်ကိုလိုက်ခဲ့မယ်၊ ဒါပေမဲ့ ရှင် ကျွန်မကို ကတိနှစ်ခုပေးရမယ်"

"ပထမအချက်၊ ကျွန်မကို နှစ်လစောင့်ပေးပါ၊ အဲဒီ နှစ်လအတွင်း ပြင်ပသံယောဇဉ်အားလုံးကို ကျွန်မ ဖြတ်တောက်ခဲ့မယ်၊ ဒုတိယအချက်၊ ရှင့်ခန္ဓာကိုယ်ထဲက နောက်ဆုံးကျန်နေတဲ့ အစီအရင်မျက်လုံးကို လိုချင်တယ်"

ရှန်ကျွင်း မျက်ဝန်းများ နက်ရှိုင်းသွားသည်။

"ဘာကြောင့်လဲ?"

ကျီချောင်ချင် "ရှင် နတ်ဆိုးဝင်ပူးတာခံလိုက်ရတဲ့ အကြောင်း ရင်းက အဲဒီအစီအရင်မျက်လုံးကြောင့်ပဲ၊ နောက်ဆုံးကျန်တဲ့အစီအရင်မျက်လုံးသာ ရှင့်ခန္ဓာကိုယ်နဲ့ပေါင်းစပ်သွားရင် အဲဒါက ရှင့်ရဲ့သေနေ့ပဲ"

ရှန်ကျွင်း မဲ့ပြုံးပြုံးကာ ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်လိုက်သည်။

"ဒါတွေက ရှန်တုပိုင် မင်းကိုပြောတာမလား၊ သူ မင်းကိုလိမ်နေတာ"

ကျီချောင်ချင် "ကျွန်မ သူ့ကိုကျိန်ဆိုခိုင်းထားတာ၊ သူ ကျွန်မကိုလိမ်လို့မရဘူး၊ ရှင် မသိပါဘူး... သူ ဘယ်လိုလူစားမျိုး..."

"မင်းက သူ့အကြောင်းအသိဆုံးပေါ့လေ?"

ရှန်ကျွင်း လှောင်ပြောင်လိုက်သည်။

"သူက တကယ့်အရေခြုံကောင်ပဲ! မြောင်းထဲက ကြွက်ထက်တောင် ပိုရွံစရာကောင်းသေးတယ်! မင်းသာ သူ့အကြောင်းတကယ်သိရင် သူ့အတွက် ဒီလို အဓိပ္ပာယ်မရှိတာတွေ အများကြီးလုပ်ပေးခဲ့မှာ မဟုတ်ဘူး၊ သူက မင်းကို ဒီလောက်ဒုက္ခပေးထားတာတောင် မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ခွင့်မပေးနိုင်ရတာလဲ?"

ရှန်ကျွင်း ပေါက်ကရတွေပြောနေသည်ဟု ကျီချောင်ချင် ခံစားလိုက်ရသည်။ သူမက ရှန်တုပိုင်အတွက် ဘယ်တုန်းက စွန့်လွှတ်အနစ်နာခံဖူးလို့လဲ? သူမက ဘယ်တုန်းက ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ခွင့်မပေးဘဲနေခဲ့ဖူးလို့လဲ? ရှန်ကျွင်းက နတ်ဆိုးဝင်ပြီး ဆင်ခြင်တုံတရားတင်မကဘဲ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းပါပျောက်ဆုံးသွားတာလား?

ကျီချောင်ချင်သည် သူမ၏ဦးနှောက်က ကိစ္စအများကြီးကို လိုက်မမီနိုင်တော့ဟုခံစားရသဖြင့် ဆက်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။

"အစီအရင်မျက်လုံးကိုပေး... ပြီးရင် ကျွန်မ ရှန်တုပိုင်ကိုသတ်ဖို့ နည်းလမ်းသေချာပေါက်ရှာမယ်၊ ပြီးရင် ကျွန်မတို့ခရီးစဉ်ကို မနှောင့်နှေးစေရဘူး"

ကျီချောင်ချင် ပါးစပ်မှ နေ့ခင်းဘက် တစ်ရေးလောက်အိပ်လိုက်ကြမလား ဟူသောစကားကို လွှတ်ခနဲပြောထွက်လုနီး ပါးဖြစ်သွားသည်။ တကယ်သာပြောထွက်လိုက်ပါက နတ် ဆိုးဧည့်သည်တော်ကို စော်ကားနှောင့်ယှက်မှုနှင့် မြေတိုက်ထောင်ထဲ ပြန်ရောက်သွားမှာစိုးရိမ်ရသည်။

"ကျွန်မ ရှန်တုပိုင်ကိုသတ်ပြီး ရှင်နဲ့အတူ တောင်ဘက်နယ်စပ်ကိုလိုက်ခဲ့မယ်၊ သုံးနှစ်အတွင်း ကလေးနှစ်ယောက်လောက်မွေးကြတာပေါ့ ဟုတ်ပြီလား? ကျွန်မ ကလေးတွေရဲ့အဖေကို စိတ်ဖောက်ပြန်နေတဲ့ သားရဲကောင်ကြီးမဖြစ်စေချင်ဘူး!"

ထိုစကားဆုံးသည်နှင့် ကျီချောင်ချင် ရင်ထိတ်သွားသည်။

သွားပါပြီ! ငါ့ရင်ထဲကစကားတွေ အကုန်လွှတ်ခနဲပြောထွက်ကုန်ပြီ! ရှန်ကျွင်း ငါ့ကို နတ်ဆိုးထောင်ထဲ ပစ်ထည့်လိုက်မလားမသိဘူး?

သို့သော် ကျီချောင်ချင်အံ့သြသွားသည်မှာ ရှန်ကျွင်းသည် မလှုပ်မယှက်ရပ်နေခြင်းပင်။

ကျီချောင်ချင် "အမ်... ကျွန်မ နောက်လိုက်တာပါ ရှန်ကျွင်းရယ်..."

ဘုန်း!

ရုတ်တရက် အဝေးတစ်နေရာမှ ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျီချောင်ချင် အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ အဝေးမှကောင်းကင်ယံတွင် ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး နေရောင်ခြည်များတိုးဝင်လာကာ သင်းပျံ့သောဗနီလာရနံ့ကို သယ်ဆောင်လာသည့် လေများဝင်ရောက်လာပြီး မွန်းကြပ်ပုပ်သိုးနေသော အနံ့အသက်များကို ဆေးကြောပစ်လိုက်သည်။

ကျီချောင်ချင် မျက်လုံးကိုမှေးထားလိုက်မိသည်။ အလင်း ရောင်ကိုမော့ကြည့်လိုက်စဉ် ရှန်ကျွင်း အသံကိုကြားလိုက်ရသည်။

သူ့အသံမှာတိုးညင်းနေပြီး အခြားသောအလျင်စလို အသံတစ်ခုနှင့် ရောနှောနေသဖြင့် သူဘာပြောသည်ကို နားလည်ရန်ခက်ခဲနေသည်။

ထိုအလျင်စလိုအသံက ပြောနေသည်။

"ကျီချောင်... ထ..."

ကျီချောင်ချင် ခေါင်းကိုဖြည်းညှင်းစွာကိုင်လိုက်မိသည်။ နေ့ခင်းကြောင်တောင်တစ်ရေးအိပ်ရာမှ နိုးလာသကဲ့သို ခေါင်းထဲတွင်မူးဝေနောက်ကျိနေသည်။

ဘာကို ထရမှာလဲ? အဲဒီလူ ဘာပြောနေတာလဲ?

"ကျီချောင်ချင်! ထတော့..."

ကျီချောင်ချင် ခေါင်းအနည်းငယ်ကိုက်လာပြီး နေရထိုင်ရခက်လာသည်။ သူမ အလိုအလျောက်ပင် ရှန်ကျွင်းရှိရာဘက်သို လှမ်းကြည့်လိုက်သည်။

"ရှန်ကျွင်း... ကျွန်မ နေလိုမကောင်းဘူး..."

ကျီချောင်ချင် ရှန်ကျွင်းနာမည်ကို တိုးတိုးလေးခေါ်လိုက်သော်လည်း ရှန်ကျွင်းက အဝေးမှနေ၍သာ လှမ်းကြည့်နေပြီး အနားသိုတိုးမလာပေ။ နေရောင်ခြည်ကစူးရှလွန်းပြီး ရှန်ကျွင်းက အလင်းရောင်အောက်ရှိ အရိပ်ထဲတွင်ရပ်နေသဖြင့် သူ့မျက်နှာကိုသေချာမမြင်ရပေ။

သိုသော် ရှန်ကျွင်းစကားပြောနေသလို ကျီချောင်ချင် ခံစားလိုက်ရသည်။ ကျီချောင်ချင်သည် ပတ်ဝန်းကျင်မှ နားကွဲလုမတတ်အော်ဟစ်သံများကို လျစ်လျူရှု၍ ရှန်ကျွင်း၏ အသံကို ခွဲခြားနားထောင်ရန် ကြိုးစားလိုက်သည်။

သူ ဘာပြောလိုက်တာလဲ?

🍃 Chapter 148

ကျီချောင်ချင် မျက်လုံးကိုမှေး၍ သူ့နှုတ်ခမ်းလှုပ်ရှားမှုကို ဖတ်လိုက်သည်။

"ကိုယ်... မင်းကို၊ ကာကွယ်..."

ရုတ်တရက် ကျီချောင်ချင်ဘေးနားမှ အသံကပိုကျယ်လောင်လာသည်။

"ကျီချောင်ချင်! သတိထားစမ်း!"

ထိုအသံကိုကြားလိုက်ရသည်နှင့် ရေနစ်နေသောလူတစ်ယောက်ကို ကော်လာမှဆွဲတင်လိုက်သကဲ့သို ကျီချောင်ချင် ရေထဲမှဆွဲထုတ်ခံလိုက်ရသည်။

တစ်ခဏချင်းမှာပင် ကျီချောင်ချင် မျက်လုံးများ မှိတ်ကျသွားသည်။

ကျီချောင်ချင် မျက်လုံးမှိတ်လိုက်သည့် အခိုက်အတန့်တွင် ရှန်ကျွင်းက စကားပြောတာရပ်လိုက်ပြီး သူ့အေးစက်သောမျက်ဝန်းများထဲ၌ နက်ရှိင်းသောဝမ်းနည်းမှုများ မြင့်တက်လာသည်ကို ကျီချောင်ချင် မမြင်လိုက်ပေ။

သူမ သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး စွန့်ပစ်သွားပြန်ပြီ...

-

ဖြောင်း

ကျီချောင်ချင် သတိပြန်ဝင်လာသည်နှင့် ပါးရိုက်ခံလိုက်ရသည်ကိုခံစားလိုက်ရသည်။ သူမမျက်လုံးဖွင့်ကြည့်လိုက်ရာ သူမရှေ့တွင် ချန်ဝမ်ရှန်းကိုတွေ့လိုက်ရသည်။

ကျီချောင်ချင်ဒေါသထွက်သွားပြီး ဘေးနားရှိခွင်းလွန်ဓားကိုကောက်ကာ သူ့ကိုပြန်ရိုက်ရန် ပြင်လိုက်သော်လည်း ချန်ဝမ်ရှန်း၏မျက်နှာထားမှာ ထူးဆန်းနေသည်ကိုတွေ့လိုက်ရသည်။

သူမ ခေါင်းကိုငုံ၍ လက်ထဲမှခွင်းလွန်ဓားကိုကြည့်လိုက်သည်။ ဓားသည် ဖြူစင်တောက်ပနေပြီး မြင့်မြတ်သောအော်ရာများထွက်ပေါ်နေကာ ကျီချောင်ချင် ပိုင်ဆိုင်စဉ်ကထက်ပင် ပိုသန့်ရှင်းနေသေးသည်။

ကျီချောင်ချင် အံ့သြတကြီးမေးလိုက်သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ?"

ချန်ဝမ်ရှန်း နှာခေါင်းရှုလိုက်သည်။

"အဲဒီ နတ်ဆိုးကောင်ရှန်ကျွင်း ဒီတစ်ခါဘာတွေ ကြံစည်ပြန်ပြီလဲဆိုတာ ဘယ်သူသိမှာလဲ!"

ယခုအခါ ကျီချောင်ချင် အပြည့်အဝနိုးကြားသွားပြီဖြစ်ပြီး ရှန်ကျွင်းနှင့်အတူရှိခဲ့သောအမှတ်တရများသည် အိပ်မက်တစ်ခုသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။

သူမ ဇဝေဇဝါဖြင့်မေးလိုက်သည်။

"စောစောက ရှင်နဲ့သူ တိုက်ခိုက်နေတာမြင်လိုက်ပါတယ်၊ ဘာလို ကျွန်မ ရုတ်တရက် အိပ်ပျော်သွားတာလဲ?"

ချန်ဝမ်ရှန်းမျက်နှာတွင် ဒေါသအရိပ်အယောင်များပေါ်လာသည်။

"မင်း သတိလစ်သွားတဲ့နေ့ကစပြီး ရေတွက်လိုက်ရင် အခုဆို နှစ်ဝက်တောင်ရှိသွားပြီ၊ အဲဒီ နတ်ဆိုးကောင်က မင်းကို ဒီမှာ နှစ်ဝက်လုံးလုံးပိတ်လှောင်ထားခဲ့တာ!"

ကျီချောင်ချင် အလိုအလျောက် ပြန်အော်လိုက်သည်။

"မဖြစ်နိုင်တာ! ကျွန်မ ခဏလေးပဲအိပ်ပျော်သွားတာပါ... ဘယ်လိုလုပ် ၆ လတောင်ရှိသွားရမှာလဲ?"

ချန်ဝမ်ရှန်း "တကယ် ၆ လရှိသွားပြီ၊ အဲဒီနေ့က မင်းကိုလာကယ်တော့ ရှန်ကျွင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အကြီးအ ကျယ်ကျဆင်းနေတာတွေ့ရတယ်၊ အစကတော့ သူကျင့်စဉ်မှားသွားတယ်ထင်ပြီး တန်းသတ်ပစ်မလိုလုပ်သေးတာ"

သူ... ဒါတွေအားလုံးက အဲဒီနတ်ဆိုးကောင်ရဲ့ ပရိယာယ်မှန်း လုံးဝထင်မထားခဲ့ဘူး...

ချန်ဝမ်ရှန်းက ရှန်ကျွင်းကို နတ်ဆိုး၊ နတ်ဆိုးနှင့် ထပ်ခါတလဲလဲခေါ်နေသည်ကို ကျီချောင်ချင် နားငြီးလာပြီးတားရန်ပြင်လိုက်စဉ် ချန်ဝမ်ရှန်း ဆက်ပြောလာသည်ကိုကြားလိုက်ရသည်။

"နတ်ဆိုးမျိုးနွယ်မှာ မိန်းမောသစ်ပင်ဆိုတာရှိတယ်၊ အဲဒီအပင်က လူတွေကို သတိမရဘဲ အကြာကြီးအိပ်ပျော်စေနိုင်တယ်၊ နှစ်တစ်ရာလောက် အိပ်ပျော်သွားတာမျိုးကပုံမှန်ပဲ၊ အိပ်ပျော်သွားတဲ့သူတွေက သူတိုခန္ဓာကိုယ် ဘယ်ရောက်နေမှန်းမသိတော့ဘူး၊ အိပ်ပျော်နေရင်းအသတ်ခံလိုက်ရရင်ောင် မသိလိုက်ဘူးတဲ့"

ချန်ဝမ်ရှန်း ပြောသမျှစကားလုံးတိုင်းသည် ကျီချောင်ချင်အတွက်ရင်းနှီးနေသည်။ ကျိုးကျွင်းလန် သူမကို ချောက် ကမ်းပါးထဲတွန်းချလိုက်စဉ်က သူမ ၁၀ နှစ်လောက်သတိ လစ်နေခဲ့သည်ကို ရုတ်တရက်သတိရသွားသည်။ ထို ၁၀ နှစ်အတွင်းမှာ ကျီချောင်ချင်ထင်ခဲ့တာက ရက်ပိုင်းလောက်ဖြစ်ပြီး အိပ်ပျော်သွားသည်ဟုသာထင်ခဲ့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲဒီတုန်းက ရှန်ကျွင်းက သူမအပေါ် ဒီအပင်ကိုသုံးခဲ့တာများလား?

"မယုံဘူး... ကျွန်မ မယုံဘူး"

ကျီချောင်ချင် ပြောလိုက်သည်။

"ရှန်ကျွင်းကိုယ်တိုင် မပြောမချင်း ရှင်ပြောတာကို ကျွန်မ မယုံဘူး"

သူ ထိုမျှလောက်ရှင်းပြနေတာတောင် ကျီချောင်ချင် မယုံသေးသည်ကို ချန်ဝမ်ရှန်းမျှော်လင့်မထားပေ။ သူမကို ထပ်ပြီးပါးရိုက်ချင်စိတ်ပေါက်လာသည်။

"မင်းက ငါ့ကိုမယုံဘူးပေါ့လေ! ငါ မင်းကို ဘယ်တုန်းကလိမ်ဖူးလို့လဲ!"

ချန်ဝမ်ရှန်းသည် ဘေးနားမှ ဂိုဏ်းသားများကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။

"ဒီလူတွေရဲ့ဒဏ်ရာတွေကိုကြည့်လိုက်! တချက်ချင်းစီတိုင်းက နတ်ဆိုးဂိုဏ်းသားတွေလက်ချက်ချည်းပဲ! အခု နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကဘယ်သူလဲ မင်းသိလား? ရှန်ကျွင်းပဲ!"

ထိုအခါမှ ကျီချောင်ချင်သတိထားမိလိုက်သည်မှာ သူမရှေ့မှမြင်ကွင်းသည် ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းဟောင်းတစ်ခုဖြစ်ပြီး၊ ဒါဇင်နှင့်ချီသော ဂိုဏ်းသားငယ်လေးများနားခိုနေကြခြင်း ဖြစ်သည်။ သူတို့အားလုံးတွင် ဒဏ်ရာအသစ်၊ ဒဏ်ရာအဟောင်းများရှိနေပြီး အခြေအနေအတော်ဆိုးရွားနေကြသည်။

"မဆိုင်ပါဘူး... ဒီလူတွေက နတ်ဆိုးဂိုဏ်းသားတွေကြောင့်ဒဏ်ရာရတာလေ၊ ရှန်ကျွင်းနဲ့ဘာဆိုင်လို့လဲ?”

"ရှန်တုပိုင်က အပေါ်ယံကြည့်ရင်တော့ နတ်ဘုရားတစ်ပါးလိုတန်ခိုးကြီးပြီး ခံ့ညားထည်ဝါနေပေမယ့် တကယ့်လက်တွေ့မှာတော့ သဘောထားသေးသိမ်ပြီး ကလဲ့စားချေတတ်တဲ့လူယုတ်မာပဲ!"

"အရင်တုန်းက စစ်နတ်ဘုရားမကျီချောင်ချင် တစ်ယောက် တည်းနဲ့ မကောင်းဆိုးဝါးစစ်ပွဲကြီးကို အဆုံးသတ်ပေးခဲ့တယ်၊ အဲဒီအချိန်တုန်းက ကျီချောင်ချင်ရဲ့ဂုဏ်သတင်းက နေမင်းလမင်းပမာ ထွန်းလင်းခဲ့ပြီး လောကသားတွေရဲ့မျက်လုံးထဲမှာ ကယ်တင်ရှင်ကြီးဖြစ်နေခဲ့တယ်၊ ဒါကို သူ့ဆရာရှန်တုပိုင်က မနာလိုဝန်တိုစိတ်တွေဝင်လာပြီး ကျီချောင်ချင်က သူ့နေရာကိုလုယူသွားတယ်လို ထင်မြင်ခဲ့တယ်၊ ဒါကြောင့် ကျီချောင်ချင်ကိုသတ်ချင်ခဲ့တာ"

စားသောက်ဆိုင်ထဲမှ ဖောက်သည်တစ်ဦးကဒေါသတကြီး ပြောလိုက်သည်။

"ရှန်တုပိုင်က အစကတည်းက ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးအိုကြီးပဲ၊ သူကွယ်ရာမှာ အပြောခံရမှာ ကြောက်လို ကျီချောင်ချင်ကို ပေါ်တင်ဒုက္ခမပေးရဲဘဲ တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ချင်ခဲ့တာ"

စားသောက်ဆိုင်ထဲတွင် လူတစ်စုသည် အတိတ်ကဇာတ် လမ်းဟောင်းများကို နာကြည်းချက်များဖြင့် ပြန်ပြောင်း ပြောဆိုနေကြသည်။

"အဲဒီတုန်းက နတ်ဆိုး၊ မကောင်းဆိုးဝါး၊ သရဲ လမ်းကြောင်းသုံးသွယ်ကိုပိတ်ဆိုဖိုအတွက် ကျီချောင်ချင်က အစီအရင်ရဲ့မျက်လုံးကို သူ့ခန္ဓာကိုယ်ထဲထည့်သွင်းခဲ့တယ်၊ အစီအရင်ရဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေအရမ်းပြင်းထန်လွန်းလို ကျီချောင်ချင် သတိမေ့မြောသွားခဲ့ရတယ်၊ ရှန်တုပိုင်က အဲဒီအခွင့်အရေးကိုအသုံးချပြီး အစီအရင်ကိုထုတ်ယူသွားခဲ့တာ"

"ဒါတင်မကသေးဘူး... ရှန်တုပိုင်က စွမ်းအားတစ်ခုကိုရရှိခဲ့ပေမယ့် အဲဒီစွမ်းအားကထိန်းချုပ်ရခက်ပြီး သူကိုယ်တိုင်လည်း မနိုင်နင်းနိုင်ဘူးဖြစ်နေတယ်၊ သူက အဲဒီစွမ်းအားကိုဖြည်းဖြည်းချင်းသန့်စင်ယူချင်ပေမယ့် စွမ်းအားတွေပျောက်ကွယ်သွားမှာလည်း စိုးရိမ်တာကြောင့် ကျီချောင်ချင်ကို စွမ်းအားသိုလှောင်ရာလူသားအိုးအဖြစ် အသုံးချခဲ့တယ်၊ ရရှိထားတဲ့စွမ်းအားတွေကို ကျီချောင်ချင်ခန္ဓာကိုယ်ထဲထည့်ထားခဲ့တယ်၊ ဒါပေမဲ့ စွမ်းအားပမာဏက ကြီးမားလွန်းလို ကျီချောင်ချင်တစ်ယောက်တည်းနဲ့ မခံနိုင်တော့ဘူး၊ ဒါနဲ့ ရှန်တုပိုင်က ဂိုဏ်းထဲက တခြားထူးချွန်တဲ့တပည့်တွေကိုပါ အသုံးချပြီး အဲဒီလိုထပ်လုပ်ခဲ့တယ်၊ သူတိုခန္ဓာကိုယ်ထဲက စွမ်းအားတွေက အစီအရင်အမြုတေပါဆိုပြီး လိမ်ပြောခဲ့တာလေ"

"ကျီချောင်ချင်က ရှန်တုပိုင်လက်ပေါ်မှာ ကြီးပြင်းလာသူဆိုတော့ သူ့ကိုယုံကြည်ပြီး သံသယမရှိခဲ့ဘူး၊ ရှန်တုပိုင်ပြောသမျှကို အဟုတ်မှတ်ခဲ့တာပေါ့၊ တခြားသူတွေကလည်း ရှန်တုပိုင်ကို ရိုသေလေးစားကြတာကိုး၊ အဲဒီအချိန်တုန်းက သူက အလွန် လေးစားခံရသူဆိုတော့ သူ့စကားကိုဘယ်သူကမှ သံသယမဝင်ခဲ့ကြဘူး၊ ရှန်တုပိုင် ခိုင်းသမျှကို သစ္စာရှိရှိလုပ်ဆောင်ခဲ့ကြရှာတာ"

All Chapters