← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

🍃 Chapter 149

"ကျီချောင်ချင်က သူတိုငါးယောက်ထဲမှာအသန်မာဆုံးဖြစ်ပြီး၊ သူလက်ခံထားရတဲ့စွမ်းအားကလည်း အများဆုံးပဲ၊ ဒါပေမဲ့ အဲဒီစွမ်းအားက သူ့အပိုင် မဟုတ်ခဲ့ဘူး၊ ဒါကြောင့် ဒီစွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့နာကျင်မှုတွေကို သူ နေ့ရောညပါခံစားခဲ့ရတယ်၊ သာမန်လူဆို သုံးရက်လောက်ပဲခံနိုင်မယ့်အရာကို သူက နှစ်ပေါင်းတစ်ရာတောင်ကြံ့ကြံ့ခံခဲ့တာ"

"ကျီချောင်ချင်၊ ချန်ကျင်းကျစ်၊ ဖေးယီမင်၊ စွေ့ချန်ဟွမ်နဲ့ ကျူးယွီ... သူတိုတွေက တစ်ချိန်တုန်းက ဂိုဏ်းထဲမှာ နေမင်းလမင်းတွေလိုတောက်ပပြီး လေးစားခံခဲ့ရတဲ့ပုဂ္ဂိုလ်တွေပါ၊ ဒါပေမဲ့ ရှန်တုပိုင်ရဲ့ လှည့်စားမှုကိုခံလိုက်ရပြီး နှစ်ပေါင်းတစ်ရာလုံးလုံး အဲဒီစွမ်းအားကိုစောင့်ရှောက်ပေးခဲ့ရတယ်၊ ရွေးချယ်ခံရသူတွေ ကျဆုံးသွားချိန်မှာတောင်၊ ဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်ကိုလျှောက်လှမ်းသူတွေ အထင်လွဲခံရချိန်မှာတောင် သူတိုလက်မလျော့ခဲ့ကြဘူး၊ နှစ်ပေါင်းတစ်ရာလုံးလုံး အထင်လွဲခံရတာကို သည်းခံပြီးလောကကြီးအတွက်ဆိုပြီး ဘယ်သူ့ကိုမှ ဒီလျှိဝှက်ချက်ကိုထုတ်မပြောခဲ့ကြဘူး"

"ငါ ထင်မထားခဲ့တာက နတ်ဆိုး၊ မကောင်းဆိုးဝါး၊ သရဲ လမ်းကြောင်းသုံးသွယ်ကို ပိတ်ဆိုထားတယ်ဆိုတဲ့ အစီအရင်မျက်လုံးဆိုတာကြီးက လုံးဝဗြောင်လိမ်ထားတဲ့အရာကြီးဖြစ်နေတာပဲ! သနားစရာကောင်းတာက တချိုလူတွေဆိုရင် သူတိုအသက်ပေးကာကွယ်နေတဲ့အရာက ပူးပေါင်းကြံစည်မှုကြီးတစ်ခုဖြစ်နေမှန်းတောင်မသိဘဲ သေဆုံးသွားကြရရှာတာ"

"ဂိုဏ်းထဲမှာ ဒီလို လူယုတ်မာမျိုးရှိလိမ့်မယ်လို တကယ်ထင်မထားခဲ့ဘူး!"

"ကိစ္စက ဒါနဲ့မပြီးသေးဘူး... ကျီချောင်ချင်က အရမ်းဉာဏ် ကောင်းတယ် တစ်ခုခုမှားနေမှန်းရိပ်မိပြီး ဆက်လက်စုံစမ်းခဲ့တယ် အဲဒီမှာ အမှန်တရားအားလုံးကိုသိလိုက်ရတော့တာပဲ! စဉ်းစားကြည့်လေ! သူ့ကိုငယ်ငယ်ကတည်းက ကျွေးမွေးပြုစုလာတဲ့ ဆရာအရင်းခေါက်ခေါက်ကြီးလေ! သူ ဘယ်လိုလုပ်ယုံနိုင်ပါ့မလဲ? ဒါကြောင့် အဖြေရှာဖို ရှန်တုပိုင်ဆီသွားမေးခဲ့တယ်၊ ဒါပေမဲ့ ရှန်တုပိုင်က ဘယ်အမှန်အတိုင်းပြောပါ့မလဲ၊ ကျီချောင်ချင် စိတ်ငြိမ်သွားအောင်နှစ်သိမ့်ပြီးတာနဲ့ တခြားတစ်ဖက်လှည့်ပြီး ထျန်းရွှမ်ဂိုဏ်းတစ်ခုလုံးကို ကျီချောင်ချင်ကို ပစ်မှတ်ထားတိုက်ခိုက်ဖို အမိန့်ပေးခဲ့တာ!"

"ထျန်းရွှမ်ဂိုဏ်းဆိုတာက ဘယ်လိုနေရာမျိုးလဲ? အဲ့ဒါ ရှန်တုပိုင်ရဲ့နတ်ဆိုးအသိုက်အမြုံပဲ၊ ဂိုဏ်းချုပ် ကျိုးကျွင်းလန်ဆိုရင် ရှန်တုပိုင်ရဲ့ပြုစားတာကို ခံထားရပြီးသား! သူက သရဲမျိုးနွယ်က မင်းသမီးကိုတောင်လက်ထပ်ထားတာလေ၊ ဂိုဏ်းတစ်ခုလုံးက နတ်ဆိုးတွေစုဝေးရာ နေရာကြီးဖြစ်နေပြီ! သူတို့ရဲ့ အစွမ်းတွေက အနီးအနားကလူ့ပြည်ကိုတောင် ပျက်စီးစေနေပြီ! ကျီချောင်ချင်က နှစ်ပေါင်းတစ်ရာကြာ သီးခြားနေထိုင်ရာကနေထွက်လာပြီး ဒီကြောက်မက်ဖွယ်အခြေအနေကို တွေ့လိုက်ရတယ်၊ အဲ့ဒါနဲ့ စိတ်ပျက်လက် ပျက်ဖြစ်ပြီး အနီးအနားက လူတွေ ပုံမှန်အတိုင်းပြန်နေထိုင်နိုင်ဖို့အတွက် ဒီနတ်ဆိုးဂိုဏ်းကြီးဖြစ်တဲ့ ထျန်းရွှမ်ဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့တာ"

ကျီချောင်ချင်နှင့် ချန်ဝမ်ရှန်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

တကယ်ပဲ ၆ လကုန်လွန်သွားခဲ့ချေပြီ၊ ချန်ဝမ်ရှန်း သူမကိုလိမ်မပြောခဲ့ပေ။

"လူတိုင်းက ကျီချောင်ချင်ကို ကိုယ်ရေးကိုယ်တာအရ ကလဲ့ စားချေတယ်လို့ထင်ခဲ့ကြပေမယ့် တကယ်တော့ သူက လောကကြီးအတွက်လုပ်ခဲ့တာ၊ တခြားဂိုဏ်းတွေရဲ့အထင်လွဲတာခံရရင်တောင် ကျီချောင်ချင်က လောကကြီးကို ဘယ်တော့မှလက်မလွှတ်ခဲ့ဘူး! ရှန်တုပိုင်ကိုပြန်တိုက်ခိုက်ဖို့အတွက် သူက မိတ်ဆွေဟောင်းတွေကိုရှာဖွေပြီး အစီအရင် အမြုတေတွေလိုက်စုခဲ့ပေမယ့်... သူတို့အားလုံးရှန်တုပိုင် လက်ချက်နဲ့ သေဆုံးကုန်ကြပြီး ကျီချောင်ချင်ကတော့ အခုထိ ပျောက်ချင်းမလှပျောက်နေတုန်းပဲ"

ထိုချဲ့ကားပြောဆိုနေသော ကောလာဟလများကြောင့် ကျီချောင်ချင် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဝိုင်ကို အနည်းငယ်မော့သောက်လိုက်သည်။

"ကံကောင်းလို့ ရှန်တုပိုင်ရဲ့မျက်နှာဖုံး ကွာကျသွားတာ၊ မဟုတ်ရင် ငါတို့ ဘယ်လောက်ကြာကြာအရူးလုပ်ခံနေရဦးမလဲမသိဘူး!"

"ကျီချောင်ချင်ကိုကျေးဇူးတင်ရမှာ! သူသာ ကိုယ့်အသက်ကိုပဓာနမထားဘဲ ချန်ချင်းဂိုဏ်းရဲ့နတ်ဆိုးလိုဏ်ဂူထဲမှာ အစီအရင်သွားမချထားခဲ့ရင် ရှန်တုပိုင်ရဲ့နတ်ဆိုးစွမ်းအင်တွေပေါ် လာမှာမဟုတ်ဘူး၊ အဲ့လိုသာဆို ရှန်တုပိုင်က ချန်ချင်းဂိုဏ်းရဲ့ဘိုးဘေးကြီးအဖြစ်ဆက်ရှိနေဦးမှာ!"

"ချန်ချင်းဂိုဏ်းအကြောင်းပြောမှပဲ... လွန်ခဲ့တဲ့ ၆ လ တုန်းက လူတိုင်းမြင်လိုက်ကြတယ်မလား၊ ချန်ချင်းဂိုဏ်းရဲ့ ကြီးမားတဲ့နတ်ဆိုးလိုဏ်ဂူကြီးကို ရှန်ကျွင်းတစ်ယောက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာလေ၊ ငါတို့က သူ့လူကောင်းများလားလို့ ထင်နေတာ၊ မထင်မှတ်ထားဘဲ သူက ချက်ချင်းပြောင်း လဲသွားပြီး ချန်ချင်းဂိုဏ်းပိုင်နက်ထဲကလူတွေကို မှော်စွမ်း အင်နဲ့ အေးခဲသေဆုံးစေခဲ့တယ်လေ... ဟူး..."

ထိုစကားကိုကြားသောအခါ ကျီချောင်ချင် စကားပြောသူကို လှမ်းကြည့်လိုက်သည်။ နောက်တစ်ယောက်က ဝင်ပြောလိုက်ပြန်သည်။

"ဟုတ်တယ်! ရှန်ကျွင်းရဲ့စွမ်းအားက ရှန်တုပိုင်ထက် မလျော့ဘူး။ သူက နတ်ဆိုး၊ မကောင်းဆိုး၀ါး၊ သရဲတွေကိုသတ်သလို ကျင့်ကြံသူတွေကိုလည်းသတ်တာပဲ၊ တကယ့်သေမင်းတမန်ပဲ၊ ရှန်တုပိုင်တောင် သူ့ကိုမနိုင်ဘူး!"

"လွန်ခဲ့တဲ့လနည်းနည်းတုန်းက သူနတ်ဆိုးမြို့တစ်မြို့လုံးကိုသတ်ဖြတ်ပစ်လိုက်တာ ငါ ကိုယ်တိုင်မြင်ခဲ့ရတယ်၊အလောင်းကောင်တောင်ကြီးပေါ်မှာ ရပ်ပြီး သူ့ကို ဘယ်သူစိန်ခေါ်ရဲလဲလို့မေးခဲ့တာ၊ အဲဒီတုန်းက ဘယ်နတ်ဆိုးမှ ရှန်ကျွင်းကို စိန်မခေါ်ရဲခဲ့ဘူး၊ အဲဒါကြောင့်လည်း အကာအကွယ်စည်းပျက်စီးသွားတာတောင် နတ်ဆိုး၊ မကောင်းဆိုး၀ါး၊ သရဲတွေက လူသားပြည်ကိုဒုက္ခမပေးရဲကြတာပေါ့!"

ကျီချောင်ချင် ရုတ်တရက်ခေါင်းမော့ပြီး ချန်ဝမ်ရှန်းကိုကြည့်လိုက်သည်။

"အကာအကွယ်စည်း ပျက်စီးသွားပြီလား?"

ချန်ဝမ်ရှန်း တည်ငြိမ်စွာခေါင်းညိတ်ပြသည်။

"ဟုတ်တယ်... ရှန်ကျွင်းက ရှန်တုပိုင်ကိုအကြပ်ရိုက်အောင်လုပ်လိုက်တော့ ရှန်တုပိုင်က လောကကြီးကို ဖျက်ဆီးပစ်ဖို့ရည်ရွယ်ပြီး အကာအကွယ်စည်းကို ဖျက်ဆီးလိုက်တာ၊ မထင်မှတ်ထားဘဲ ရှန်ကျွင်းက လူသားပြည်ကိုဝင်လာမယ့် နတ်ဆိုးလမ်းကြောင်းကို စောင့်ကြပ်နေခဲ့တယ်၊ နတ်ဆိုးနယ်မြေကနေ လူ့ပြည်ကိုခြေချရဲတဲ့ ဘယ်ကောင်မဆို ရှန်ကျွင်းရဲ့ သတ်ဖြတ်တာခံရတာပဲ"

မရေမတွက်နိုင်သော အစွမ်းထက်နတ်ဆိုးကျင့်ကြံသူများသည် ရှန်ကျွင်းလက်ချက်ဖြင့် သေဆုံးခဲ့ကြရပြီး မည်သူမျှ လူ့ပြည်သို့မဝင်ရဲကြတော့ပေ။ အမှန်တရားကို မသိနားမလည်သူတစ်ယောက်က မေးလိုက်သည်။

"ဒါဆို... ရှန်ကျွင်းက လူကောင်းဖြစ်နေတုန်းပဲလား?"

"ဘာလူကောင်းရမှာလဲ! သူက မကောင်းဆိုးဝါး လောကကိုထိန်းချုပ်ချင်လို့ ဒီလိုလုပ်တာ! အခု သူက နတ်ဆိုးသခင်ဖြစ်နေပြီ၊ နတ်ဆိုး၊ မကောင်းဆိုး၀ါး၊ သရဲတွေအကုန်လုံး သူ့ကို မလွန်ဆန်ရဲကြဘူး၊ မင်း မကြားမိဘူးလား? ရှန်ကျွင်းက ဖုန်းလိုင်ဂိုဏ်းကို ဓားနဲ့ချိန်ရွယ်ဖို့ပြင်နေပြီတဲ့၊ စိန်ခေါ်စာတောင်ပို့ပြီးပြီ၊ အဲဒီအချိန်ကျရင် နတ်ဆိုး၊ မကောင်းဆိုးဝါး၊ သရဲတွေအကုန်လုံး အလုံးအရင်းနဲ့ ထွက်လာပြီး ဖုန်းလိုင်ကို တည့်တည့်ချီတက်လာကြမှာ... အဲ့ဒါက လောကကြီးရဲ့ အကြီးမားဆုံးကပ်ဘေးကြီးဖြစ်လာလိမ့်မယ်!"

"ဟာ... ဟုတ်လား? အခုဆို ဂိုဏ်းကြီး ၅ ဂိုဏ်းထဲမှာ ဖုန်းလိုင်ဂိုဏ်း၊ ကရုဏာဘုရားကျောင်း နဲ့ ဆေးပညာတောင်ကြားပဲ ကျန်တော့တာလေ၊ အသန်မာဆုံးဖြစ်တဲ့ ထျန်းရွှမ်ဂိုဏ်းနဲ့ ချန်ချင်းဂိုဏ်းတောင်ပျက်စီးသွားပြီ၊ သူတို့တွေက မကောင်း ဆိုးဝါးလမ်းစဉ်ကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ?"

လူထုကြားတွင် ထိတ်လန့်မှုများပျံ့နှံ့လာသည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ! ငါတို့ကျင့်ကြံသူတွေနဲ့ လူ့ပြည်ကြီးက မကောင်းဆိုးဝါးလမ်းစဉ်ရဲ့ လက်အောက်ရောက်တော့မှာလား?"

"နတ်ဆိုးစစ်ပွဲတုန်းကလည်း ဒီလိုပဲ၊ ကျီချောင်ချင်သာမရှိရင် ငါတို့ နိုင်ခဲ့မှာမဟုတ်ဘူး။"

"ကျီချောင်ချင်? ဟုတ်သားပဲ! ကျီချောင်ချင် အသက်ရှင်နေသေးတယ်မလား၊ သူ အခုဘယ်မှာလဲ?"

"သူပျောက်သွားတာ ၆ လ တောင်ရှိပြီ၊ ပြီးတော့ သူ ပျောက်မသွားခင်တုန်းက ရှန်တုပိုင်ကိုတောင် မသတ်နိုင်ခဲ့ဘူးလေ၊ ရှန်ကျွင်းကိုတော့ နိုင်ပါ့မလားမသိဘူး!"

ကျီချောင်ချင်ခေါင်းညိတ်လိုက်ပြီး ထိုလူ့စကားကို ထောက်ခံလိုက်သည်။ အလွန်ဆုံးနေမှ သူမ ရှန်တုပိုင်ကိုပဲသတ်နိုင်မှာ ရှန်ကျွင်းကိုတော့မနိုင်ဘူး၊ သတ်လည်း မသတ်ချင်ဘူး၊ ကယ်တင်ရှင်ကြီးလည်း မလုပ်ချင်တော့ဘူး...

“အဲဒါ မဟုတ်သေးဘူး”

ကျီချောင်ချင် ဝင်ပြောလိုက်သည်။

“အရင်တုန်းကလည်း ကျီချောင်ချင်က မဟာယနအဆင့်နှောင်းပိုင်းကျင့်ကြံသူပဲလေ၊ ဆရာတော်ချင်းချီနဲ့ ဖုန်းလိုင်ဂိုဏ်းချုပ်ဆိုလည်း မဟာယနအဆင့်တွေပဲ၊ သူတို့မလုပ်နိုင်ခဲ့တာကို ကျီချောင်ချင်က လုပ်နိုင်ခဲ့တယ်မဟုတ်လား?”

“ဟုတ်တယ်... ငါတို့ သူ့ကိုယုံကြည်သင့်တယ်၊ သူ သေချာ ပေါက်ပြန်လာမှာပါ”

ကျီချောင်ချင်သည် ရှက်လွန်း၍ ခြေမလေးများကွေးနေမိသည်။ သူမ တိုးတိုးလေးပြောလိုက်သည်။

“သွားကြစို့...”

ချန်ဝမ်ရှန်းက ပြောသည်။

“ကောင်းပြီ... ငါတို့ ဖုန်းလိုင်ဂိုဏ်းကို အမြန်ဆုံးသွားကြတာပေါ့”

ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။

“ဖုန်းလိုင်မှာ ငါ ဘာသွားလုပ်ရမှာလဲ?”

ချန်ဝမ်ရှန်းက ပြောသည်။

“သူတို့ကိုကူညီဖို့ပေါ့၊ မနေ့ညက မင်း တွေ့ခဲ့တဲ့ ကလေးတွေကဆေးပညာတောင်ကြားကလေ၊ သူတို့ကိုအိမ်ပြန်ပို့ပေးဖို့အတွက် အပေါ်ထပ်မှာစောင့်နေကြတယ်၊ သူတို့ကို ဖုန်းလိုင်ကို အရင်ပို့ပေးလိုက်ကြရအောင်... အဲဒီ့က အနီးဆုံး....”

“ရပ်၊ ရပ်၊ ရပ်...”

ကျီချောင်ချင် သူ့စကားကိုဖြတ်ပြောလိုက်သည်။

“ရှင် သူတို့ကို ဖုန်းလိုင်ဂိုဏ်းဆီပို့ချင်တာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ? ကျွန်မကတော့ ဝင်ပါဖို့စိတ်မဝင်စားဘူး”

ချန်ဝမ်ရှန်း မဲ့ပြုံးပြုံးလိုက်သည်။

“ငါ့ကွယ်ရာမှာ မကောင်းတာ ဘာမှလုပ်ဖို့မကြိုးစားနဲ့နော်၊ မင်း ငါနဲ့လိုက်ခဲ့ရမယ်”

သူမ မထင်မှတ်ထားစွာပင် ချန်ဝမ်ရှန်းက သူမအကြောင်း တော်တော်နားလည်နေသည်။ ကျီချောင်ချင် တိတ်တဆိတ်လုပ်စရာကိစ္စရှိသော်လည်း ချန်ဝမ်ရှန်းနှင့်လိုက်သွားရန် ရည်ရွယ်ချက်မရှိပေ။

"ကျွန်မ ဘာမှ မလုပ်ပါဘူး... ရှန်ကျွင်းကို သွားရှာမလို့"

ချန်ဝမ်ရှန်းသည် ဒေါသတကြီးအော်လိုက်သည်။

"မင်း သူ့ဆီသွားပြီးဘာလုပ်မှာလဲ! သူက ဟိုတုန်းက ရှန်တုပိုင်ထက်တောင်ပိုရူးနေပြီ ငါ မင်းကို သူ့နန်းတော်ထဲကနေ ခက်ခက်ခဲခဲခိုးထုတ်ပြီး နှိုးခဲ့ရတာ မင်းသိရဲ့လား၊ မင်း ရူးနေလား?! မင်း အဖမ်းခံရပြီး နှစ်ရှည်လများ ထပ်အိပ်ပျော်နေချင်သေးတာလား"

သူ့ကိုကြည့်ပြီး ကျီချောင်ချင်ဒေါသထွက်လာသည်။

"ဒါက သူနဲ့ ကျွန်မကြားကကိစ္စပါ ချန်ဝမ်ရှန်း၊ ကျွန်မ ရှင်း ရှင်းလင်းလင်းမေးစရာရှိလို့ မဟုတ်ရင် ဘယ်တော့မှစိတ်အေးရမှာမဟုတ်ဘူး!"

"သူ မင်းကိုတွေ့ပြီး ထပ်အိပ်ခိုင်းလိုက်ရင် ဘယ်လိုလုပ်မလဲ? ဒီတစ်ခေါက်လိုမျိုး ငါ မင်းကို ကံကောင်းထောက်မစွာနဲ့ကယ်နိုင်ပါ့မလား"

ကျီချောင်ချင် နှာခေါင်းရှုံ့လိုက်သည်။

"ရှင်က ကျွန်မကိုတောင်မနိုင်တာ၊ သူသာ မကြည်ဖြူရင် ရှင် ခေါ်ထုတ်နိုင်မယ်ထင်နေလား"

ထိုတစ်ခွန်းတည်းနှင့် ချန်ဝမ်ရှန်း ပါးစပ်ပိတ်သွားသည်။

ကျီချောင်ချင် သူမ အိပ်မက်ကို သတိရလိုက်သည်။ အိပ်မက်ထဲမှ ရှန်ကျွင်းက သူမကို အရာအားလုံးအပေါ်စိတ်မသက်မသာဖြစ်စေခဲ့သည်။ ထို့အပြင် သူပေးခဲ့သောခွင်းလွန်ဓားလည်းရှိသေးသည်။ ဓားကဖြူစင်သန့်ရှင်းနေပြီး၊ သူမ သတ်ခဲ့ဖူးတဲ့လူတွေကြောင့်ဖြစ်ပေါ်လာတဲ့ နာကြည်းခြင်းအငွေ့ အသက်တွေ လုံးဝပျောက်ကွယ်သွားသည်။

ယခုအခါ ခွင်းလွန်ဓားသည် သူမ စေခိုင်းမှုကို အပြည့်အဝနာခံနေပြီး ငြင်းဆန်ခြင်းမရှိတော့ပေ။ ယခင်တုန်းကဆို သူမကိုနာခံဖို့ ငြင်းဆန်နေခဲ့တာ ထင်ရှားနေခဲ့သည်။

ချန်ဝမ်ရှန်း အေးစက်စွာပြောလိုက်သည်။

"ကျီချောင်ချင်... မင်း ဘာလို့ပြန်သွားချင်ရတာလဲ၊ အရာအားလုံးကိုသိပြီးသွားရင်ရော မင်း ပြန်လာမှာတဲ့လား"

ကျီချောင်ချင်သည် သူ၏ဆိုလိုရင်းကို နားလည်သည်။ သူမ ပြန်သွားပြီးရင် ရှန်ကျွင်းနှင့် ပူးပေါင်းသွားမှာကို သူ ကြောက်နေခြင်းဖြစ်သည်။

ချန်ဝမ်ရှန်း စိုးရိမ်တာလည်း အကြောင်းမဲ့တော့ မဟုတ်ပေ။ သူမ ထျန်းရွှမ်ဂိုဏ်းကိုဖျက်ဆီးပစ်ရသည့်အကြောင်းရင်းအမှန်က လျှို့ဝှက်ချက်မဟုတ်သလို၊ ချန်ဝမ်ရှန်းက ကျီချောင်ချင်၏ စိတ်နေသဘောထားကို ကောင်းကောင်းသိသည်။ သူမ၏ရည်ရွယ်ချက်များသည် ယခင်တုန်းကလောက် ရိုးသားဖြူစင်ခြင်းမရှိတော့ပေ။

ထို့အပြင် ကျီချောင်ချင်နှင့်ရှန်ကျွင်းတို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ခဲ့သဖြင့် သူမ ရှန်ကျွင်းဘက်သို့ပါသွားလျှင်လည်း သဘာဝကျနေမည် ဖြစ်သည်။

ကျီချောင်ချင် မတ်တပ်ရပ်လိုက်သည်။ သူတို့နှစ်ဦးက ထောင့်တစ်နေရာတွင်ထိုင်နေခြင်းဖြစ်ပြီး စားသောက်ဆိုင်ဧည့်ခန်းမထဲမှ လူများသည် လက်ရှိ အခြေအနေကို စိုးရိမ် တကြီးဆွေးနွေးနေကြသဖြင့် မည်သူမျှ သူမကိုသတိမထားမိကြပေ။

ကျီချောင်ချင် ပြောလိုက်သည်။

🍃 Chapter 150

"ချန်ဝမ်ရှန်း... ကျွန်မက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်နဲ့လည်း ရေစက်မပါသလို၊ နတ်ဆိုးလမ်းစဉ်ကိုလည်း စိတ်မဝင်စားဘူး၊ ရှင် လောကကြီးကို ကယ်တင်ချင်တာ ရှင့်ကိစ္စ၊ ကျွန်မနဲ့မဆိုင်ဘူး၊ ကျွန်မရဲ့ တစ်ခုတည်းသောစွဲလမ်းမှုက ရှန်တုပိုင်ကိုသတ်ဖို့ပဲ၊ ဒါပေမဲ့ အခု ကျွန်မသတိထားမိတာက ရှန်တုပိုင်ကိုသတ်ဖို့ထက် ရှန်ကျွင်းကိုရှာတွေ့ဖို့က ကျွန်မအတွက်ပိုအရေးကြီးနေတယ်"

အမှန်တွင် ကျီချောင်ချင်သည် ပြဿနာကိုမုန်းသောသူဖြစ်သည်။ ရှန်တုပိုင်ကိုသတ်ခြင်းက ရှန်ကျွင်းကို ရှာခြင်းထက် ပိုလွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် သူမ ရှန်ကျွင်းဆီသွားဖို့ရွေးချယ်လိုက်သည်နှင့် ပြဿနာပေါင်းသောင်း ခြောက်ထောင် တက်လာတော့မည် မဟုတ်ပါလား။

သို့သော် ရှန်ကျွင်းကိုပြန်ခေါ်လာဖို့ သူမ နည်းလမ်းရှာရမည်။ ထိုကိစ္စကို သူမတစ်ယောက်တည်းသာလုပ်နိုင်မည်ဟု ခံစားမိသည်။

ချန်ဝမ်ရှန်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

"မင်း ဘာလို့ သူ့ကို ဒီလောက်ဂရုစိုက်နေရတာလဲ? မင်းတို့သိတာမှ တစ်နှစ်ကျော်ကျော်လေးပဲရှိသေးတာ၊ မင်း သူ့ကို ဒီလောက်ဂရုစိုက်နေပုံထောက်ရင်... မင်း သူ့ကိုချစ်နေတာလား?"

ထိုသည်မှာ သူငယ်ချင်းသံယောဇဉ်မျိုး မဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာမျိုးကို ဆိုလိုခြင်းဖြစ်သည်။

ကျီချောင်ချင်ပြန်မဖြေဘဲ လှည့်ထွက်သွားလိုက်သည်။ ရှန်ကျွင်းအပေါ်ထားသော သူမခံစားချက်ကို သူမကိုယ်တိုင်လည်း သေချာမသိပေ။ ဒါပေမဲ့ တစ်ခုသေချာတာကတော့... ရှန်ကျွင်းနဲ့သူမကြားက ပတ်သက်မှုက တခြားဘယ်သူနဲ့မှမဆိုင်ဘူးဆိုတာပဲ။

ဤနေရာက ဖုန်းလိုင်ဂိုဏ်းနဲ့မဝေးလှပေ။ လူအများအပြား ဖုန်းလိုင်ဂိုဏ်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်သွားနေကြသည်ကို ကျီချောင်ချင်သတိပြုမိလိုက်သည်။

ဒါလည်းဖြစ်သင့်ပါတယ်၊ ရှန်ကျွင်းက ဖုန်းလိုင်ဂိုဏ်းကိုစိန်ခေါ်စာပို့ထားတာဆိုတော့... စွမ်းအားမရှိတဲ့ ဒီလူသားတွေခမျာ ကပ်ဘေးကနေလွတ်အောင် ရှောင်ပြေးကြရမှာပေါ့လေ…

ကျီချောင်ချင် ရှေ့သိုခြေတစ်လှမ်းတိုးလိုက်သည်နှင့် ချန်ကျင်းကျစ်မှာ မီးခိုးငွေ့ပမာ လေထဲတွင်ပျောက်ကွယ်သွားလေတော့သည်။

ကျီချောင်ချင်သည် သူ အမြင်မှားခြင်းမဟုတ်ကြောင်းသေချာနေသည်။ သိုသော် ယခုအချိန်သည် ဖုန်းလိုင်ဂိုဏ်းကို နတ်ဆိုးဂိုဏ်းများက ပစ်မှတ်ထားနေချိန်မဟုတ်ပါလား။ ထိုကဲ့သိုအန္တရာယ်များလှသည့်နေရာမျိုးတွင် သူမကဘာလုပ်နေသနည်း။ ရှန်တုပိုင်ကိုလက်စားလာချေခြင်းလား။ သိုသော် သူမ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ရှန်တုပိုင်ကိုယှဉ်နိုင်ဖွယ်မရှိချေ။

ထိုသိုတွေးကာ ကျီချောချင်သည် သာမန်ကျင့်ကြံသူတစ်ဦးအသွင်ရုပ်ဖျက်လိုက်ပြီး ချန်ကျင်းကျစ် ထွက်သွားရာလမ်းအတိုင်း တိတ်တဆိတ်နောက်ယောင်ခံ လိုက်ပါသွားခဲ့သည်။

သူမသည် ညရောက်သည်အထိ ခြေရာခံလိုက်ပါသွားခဲ့၏။

လူစည်ကားရာနေရာတစ်ခုသိုရောက်ရှိချိန်၌ ကျီချောင်ချင် မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။ ဘေးဘီဝဲယာကိုအကဲခတ်ကြည့်လိုက်ရာ ထိုနေရာ၌ စွမ်းအားမြင့်ကျင့်ကြံသူများဖြင့်ပြည့်နှက်နေပြီး အများစုမှာ လွတ်လပ်ကျင့်ကြံသူများဖြစ်ကြသော်လည်း သူတို၏ကျင့်ကြံဆင့်များမှာ အလွန်မြင့်မားကာ အရာရာကိုရင်ဆိုင်ရန် အစွမ်းကုန်အသင့်ပြင်ထားကြကြောင်းတွေ့လိုက်ရသည်။

ထိုအထဲတွင် ကျီချောင်ချင်၏ မိတ်ဆွေဟောင်းများစွာကိုတွေ့လိုက်ရသည်။

ဤမိတ်ဆွေဟောင်းများသည် လွန်ခဲ့သောနှစ်တစ်ရာက နတ်ဆိုးတိုက်ပွဲတွင်အသက်စွန့်၍ တိုက်ခိုက်ခဲ့ကြသူများဖြစ်ပြီး စစ်ပွဲပြီးဆုံးပြီးနောက် လောကမှ ပျောက်ကွယ်သွားခဲ့ကြသူများဖြစ်သည်။

ယခုအခါ ရှန်ကျွင်းသည် နတ်ဆိုးသခင်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်ရာ နတ်ဆိုးနှင့်မကောင်းဆိုးဝါးများကိုချိတ်ပိတ်ထားသည့် စည်းသုံးခုပျက်စီးသွားပြီး လောကကြီး ကစဉ့်ကလျားဖြစ်တော့မည့်အရေးကြောင့် သူတိုပြန်လည်ပေါ်ထွက်လာကြခြင်းဖြစ်ပေသည်။

ကျီချောင်ချင်သည် လူအုပ်ထဲသိုလျင်မြန်စွာတိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာရှိလူတိုင်း၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး တိုးတိုးတိတ်တိတ် စကားပြောဆိုသူအနည်းငယ်သာ ရှိသည်။ သူတိုသည် တစ်စုံတစ်ခုကိုစောင့်မျှော်နေသကဲ့သို မှောင်မိုက်နေသောညဉ့်နက်ထဲသို လှမ်းမျှော်ကြည့်နေကြသည်။

ကျီချောင်ချင် ချန်ကျင်းကျစ်ကိုမတွေ့ရပေ။ လူအုပ်ကြီးမှာကြီးမားလွန်းလှသဖြင့် သူမ၏စိတ်ထဲ၌ မကောင်းသောခံစားချက်တစ်ခု ဝင်ရောက်လာသည်။

ကျီချောင်ချင်သည် စိုးရိမ်ပူပန်ဟန်ဆောင်ကာ ဘေးနားရှိကျင့်ကြံသူတစ်ဦးအား စိုးရိမ်တကြီးမေးလိုက်သည်။

"ရောင်းရင်းရေ... ဒီနေ့ ရှန်ကျွင်းက... ဟူး..."

ကျီချောင်ချင်၏ စိတ်ဒုက္ခရောက်နေသောမျက်နှာကို မြင်လိုက်ရသဖြင့် ကျင့်ကြံသူကနှစ်သိမ့်ပေးရှာသည်။

"မကြောက်ပါနဲ့ဗျာ၊ အဲဒီ့နတ်ဆိုးကောင်ရှန်ကျွင်းက ဒီည ဖုန်းလိုင်ဂိုဏ်းကိုလာစိန်ခေါ်မယ်ဆိုပေမဲ့ ကျုပ်တိုကျင့်ကြံသူတွေဘက်မှာလည်း ပါရမီရှင်တွေ အများကြီးရှိပါတယ်၊ သူ့ကိုအောင်မြင်ခွင့်ပေးမှာ မဟုတ်ပါဘူး"

ကျီချောင်ချင်၏ ရင်တစ်ခုလုံးဒိန်းခနဲဖြစ်သွားသည်။

အချိန်တွေ အများကြီးကျန်သေးတယ်လိုထင်ထားတာ၊ ဒီနေ့က ဖုန်းလိုင်ဂိုဏ်းကို လာစိန်ခေါ်မယ့်နေ့ ဖြစ်နေလိမ့်မယ်လိုထင်မထားခဲ့မိဘူး

ကျီချောင်ချင်ထိတ်လန့်သွားသော်လည်း အပေါ်ယံတွင်မူ ထိုကျင့်ကြံသူနှင့်အတူ ခါးသက်သက်ပြုံးလိုက်ပြီး

"ဟုတ်ကဲ့ပါ... ဒီည လူတိုင်းဘေးကင်းကြပါစေလိုပဲ ဆုတောင်းပါတယ်"

ကောလာဟလတွေအတိုင်းသာဆိုရင် ဒီညက သွေးစွန်းမယ့်ညတစ်ည ဖြစ်လာမှာသေချာတယ်၊ လောလောဆယ် ဖုန်းလိုင်ဂိုဏ်းချုပ်ဖေးယွမ်နဲ့ တခြားဂိုဏ်းချုပ်တွေကမရှိကြဘူး၊ ဂိုဏ်းအသီးသီးက အကြီးအကဲတွေပဲရှိနေတာ၊ ဖေးယွမ်တိုတွေ ရှန်ကျွင်းကိုဘယ်လိုရင်ဆိုင်မယ်ဆိုပြီး တိုင်ပင်နေကြတာများလား?

ဒီမှာကျင့်ကြံသူတွေအများကြီးရှိပေမဲ့ ဒီလူတွေက ရှန်ကျွင်း ကို ယှဉ်နိုင်မှာမဟုတ်ဘူး၊ ရှန်ကျွင်းသာ တကယ်တိုက်ခိုက်မယ်ဆိုရင် သူတိုအားလုံး မြေစာပင်ဖြစ်သွားကြမှာ...

ဤသိုတွေးလိုက်မိပြီးနောက် ကျီချောင်ချင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရိပ်မိလိုက်သည်။

နေဦး... တစ်ခုခုတော့မှားနေပြီ၊ ငါက နတ်ဘုရားအဆင့်ရောက်နေပြီ၊ ချန်ကျင်းကျစ်ကအလွန်ဆုံးရှိမှ ကပ်ဘေးကျော်လွှားအဆင့်ပဲရှိဦးမှာ၊ သူ့မျက်နှာကို မြင်လိုက်ရပြီးမှတော့ သူ့ကိုမျက်ခြေပြတ်သွားစရာ အကြောင်းမရှိဘူး၊ ဒါပေမဲ့ တစ်နေကုန်လိုက်တာတောင်မျက်ခြေပြတ်သွားခဲ့တယ်၊ ဒါ ပုံမှန်မဟုတ်ဘူး၊ စွမ်းအားကြီးတဲ့တစ်ယောက် ယောက်က ငါ့ကို ဒီနေရာရောက်အောင် မျှားခေါ်လိုက်တာများလား ကျီချောင်ချင်သည် ရောက်လာသူ၏ရည်ရွယ်ချက်မှာ ကောင်းသည် ဆိုးသည်မခွဲခြားနိုင်သော်လည်း ယခုအချိန်၌ သူမ များစွာစိတ်မကြည်မလင်ဖြစ်နေသည်။

ထိုကြောင့် ကျီချောင်ချင်သည် ရှန်ကျွင်းကို ကြိုတင်တားဆီး ရန်ပြင်ဆင်လိုက်သည်။

အကယ်၍ရှန်ကျွင်းသာ ဂိုဏ်းကိုကျူးကျော်ဝင်ရောက်လာခဲ့ပါက သူသည် နတ်ဆိုးလမ်းစဉ်၏ ခေါင်းဆောင်အဖြစ် အခိုင်အမာနေရာယူလိုက်သကဲ့သိုဖြစ်သွားမည်ဖြစ်ပြီး နောက်ပြန်လှည့်၍ရတော့မည်မဟုတ်ပေ။ သူ ပုံမှန်စိတ်ပြန်ရလာလျှင်တောင် သူ၏အတိတ်ကလုပ်ရပ်များကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

ကျီချောင်ချင်သည် သူတစ်ပါးထောင်ချောက်ထဲသို မဝင်ချင်သကဲ့သို ရှန်ကျွင်းကိုလည်း အရောက်ခံမည်မဟုတ်ပေ။

သိုသော် ကျီချောင်ချင်လှည့်ထွက်လိုက်သည်နှင့် လူတစ်ဦးကိုဝင်တိုက်မိလုနီးပါးဖြစ်သွားသည်။

ထိုလူ၏မျက်နှာမှာ မက်မွန်ပွင့်ကဲ့သိုလှပပြီး ပြုံးမနေသည့်တိုင် မျက်နှာထက်တွင်အပြုံးရိပ်သန်းနေကာ နွေဦးလေပြေကဲ့သို ခံစားချက်ကိုပေးစွမ်းလေသည်။

ကျီချောင်ချင်၏မျက်ဝန်းများ ချက်ချင်း အေးစက်သွားသည်။

"ရှန်တုပိုင်... ရှင်က ဒီနေရာကိုတောင်လာရဲသေးတာလား"

ရှန်တုပိုင်သည် ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ ကျင့်ကြံသူများကြားတွင် ထူးခြားထင်ရှားခြင်းမရှိသော် လည်း သူ့အကဲဆတ်သော ဂုဏ်သတင်းအရ ထိုသိုဝတ်ဆင်ထားခြင်းမှာ မောက်မာလွန်းရာရောက်နေသည်။

ရှန်တုပိုင်က တခစ်ခစ်ရယ်မောလိုက်သည်။ ကျီချောင်ချင်ကဲ့သိုပင် သူ့မျက်နှာကို ဝိညာဉ်စွမ်းအားဖြင့်ဖုံးကွယ်ထားသဖြင့် အခြားသူများမှာ ဘာမျှမမြင်ရဘဲ ကျင့်ကြံဆင့်မြင့်မားသူများသာ သူ့မျက်နှာအစစ်ကိုမြင်တွေ့နိုင်ပေသည်။

လူအုပ်ကြီးထဲတွင် ကျီချောင်ချင်၏လက်မှာ ခွင်းလွန်ဓားရိုးပေါ်သို ရောက်ရှိနေပြီဖြစ်သည်။

"မတွေ့တာကြာပြီပဲ၊ ရှင့်အဝတ်အစားတွေကြည့်ရတာ လူသားပြည်ကပုံစံပေါက်နေပါလား၊ ဘဝက ဆင်းရဲကျပ်တည်းနေပုံပဲ"

ယခင်က ရှန်တုပိုင်သည် ရိုးရှင်းသောအဖြူရောင် ဝတ်ရုံကို ဝတ်ဆင်လေ့ရှိသော်လည်း ရှားပါးပြီး တန်ဖိုးကြီးသောပိတ်စများကိုသာ အသုံးပြုခဲ့သည်။ ယခု သူ၏အဝတ်အစားများမှာ ခမ်းနားနေဆဲဖြစ်သော်လည်း သာမန်လူ့ပြည်မှပစ္စည်းများသာဖြစ်ပြီး ကျင့်ကြံခြင်းလောကမှလူများအဖို အဖိုးတန်ပစ္စည်း မဟုတ်တော့ပေ။

ကျီချောင်ချင်၏ သတ်ဖြတ်လိုသောစိတ်ဆန္ဒကို အာရုံခံမိသဖြင့် ရှန်တုပိုင်၏အပြုံးများ ပိုမိုနက်ရှိင်းသွားသည်။

All Chapters