← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

🍃 Chapter 155

ရှန်ကျွင်း နတ်ဆိုးဝင်ပူးခံရပြီးကတည်းက ကျီချောင်ချင် သူ့အကြောင်း နားလည်မှုပိုပိုနည်းလာခဲ့သည်။ သူသည် တဖြည်းဖြည်းအစွန်းရောက်လာပြီး သူမပြောသမျှစကားတိုင်းကို သံသယဝင်ကာ အဓိပ္ပာယ်လွဲကောက်ယူတတ်လာသည်။ အခုလိုမျိုးပေါ့... သူ ဘာလိုရယ်နေလဲဆိုတာ သူမ နားမလည်တော့ဘူး

ရှန်ကျွင်း မျက်ရည်များကျလာသည်အထိ ရယ်မောလိုက်သည်။

"ကျီချောင်ချင်... မင်း ငါ့ကို ဒီလောက်ဂရုစိုက်မယ်လိုထင်မထားမိဘူး၊ တကယ်ကိုကြည်နူးစရာပါပဲ၊ ဒါဆို မင်း ငါနဲ့အတူတူ လာမသေချင်ဘူးလား?"

မိုးခြိမ်းသံများကြားတွင် သူ၏အသံမှာပြတ်တောင်းပြတ် တောင်းထွက်ပေါ်နေပြီး လေပြင်းကြောင့် ဆံပင်နှင့် အဝတ် အစားများလွင့်ပျံနေသည်။ သူသည် မားမားမတ်မတ်ရပ်နေပြီး ဂရုမစိုက်သည့်ပုံ ပေါက်နေသည်။ လောကကြီးတွင် သူ့အတွက် ဘာမှ အရေးမပါတော့သလိုပင်။ သူ၏စကားများက ကျီချောင်ချင်၏ခံစားချက်များကို လှောင်ပြောင်နေသကဲ့သိုရှိသည်။

အဘယ်ကြောင့်မှန်းမသိ ရှန်ကျွင်းပိန်သွားသည်ဟု ကျီချောင်ချင် ခံစားမိသည်။ လွန်ခဲ့တဲ့ ၆ လကထက် အများကြီးပိန်သွားတာမြင်ရတော့ သူမ ရင်နာမိသည်။

ကျီချောင်ချင်သည် ခွင်းလွန်ဓားရိုးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။ ဓားထိပ်ဖျားသည် ရှန်ကျွင်း၏ ရင်ဘတ်ကို ချိန်ရွယ်ထားပြီးဖြစ်သည်။

"ကျွန်မ သေမှာမဟုတ်ဘူး၊ ရှင်လည်း သေရမှာ မဟုတ်ဘူး၊ ကျွန်မခွင့်မပြုဘဲ ဘယ်သူမှ ရှင့်အသက်ကိုမယူနိုင်စေရဘူး!"

ပိုမိုပြင်းထန်လာသော လျှပ်စီးကပ်ဘေးများအောက်တွင် ကျီချောင်ချင်၏မျက်နှာထားမှာ ပြတ်သားနေပြီး သူမသည် ခွင်းလွန်ဓားကို ရှန်ကျွင်း၏ခန္ဓာကိုယ်ထဲသို တွန့်ဆုတ်ခြင်းမရှိထိုးစိုက်လိုက်လေသည်။

ချွပ်

လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခုဆက်တိုက်ကျရောက် လာသည်။ အစွမ်းထက်သောကျင့်ကြံသူများသည် ကျီချောင်ချင်ကိုကြည့်ကာ အတိတ်ကလိုမျိုး အခြေအနေကို ပြောင်း ပြန်လှန်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်နှင့် နတ်ဆိုး လမ်းစဉ်မှထိပ်တန်းပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် လူအများ၏စောင့်ကြည့်နေမှုအောက်၌ ရှန်ကျွင်းသည် ကျီချောင်ချင်၏ခွင်းလွန်ဓားဖြင့် နှလုံးကိုထိုးဖောက်ခြင်းခံလိုက်ရလေသည်။

ထိုတစ်ကြိမ်တွင် သူ မရှောင်နိုင်လိမ့်မည်ဟု ကျီချောင်ချင် ထင်မထားခဲ့မိပေ။

သူမ၏ အစွမ်းကုန်အားစိုက်ထားသောဓားချက်သည် ရှန်ကျွင်း၏ ရင်ဘတ်ကိုဖောက်ထွင်းသွားလိမ့်မည်ဟု ကျီချောင်ချင်ထင်မထားခဲ့ပေ။

"ဘာလိုမရှောင်တာလဲ? ရှင် အသက်မရှင်ချင်တော့ဘူးလား?!"

ကျီချောင်ချင် အော်ဟစ်မေးလိုက်သည်။

အဆုံးတော့ သူမ၏မျက်နှာထားသည် သူ့အတွက် ပြောင်းလဲသွားခဲ့ချေသည်။ ရှန်ကျွင်း ပြုံးလိုက်သော်လည်း သူမ နောက်ကျောဘက်မှ လျှပ်စီးကြောင်းတစ်ခုပစ်ခတ်လာသည်ကို လျင်မြန်စွာ သတိပြုမိလိုက်သည်။

ရှန်ကျွင်းသည် ကျီချောင်ချင်၏လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့်ဆွဲကိုင်လိုက်ပြီး သူ၏စွမ်းအင်အားလုံးကိုစုစည်းကာ လျှပ်စီးကိုခုခံလိုက်သည်။

ရှန်ကျွင်းဒဏ်ရာရသွားသည်ကို အာရုံခံမိသွားသည့်အလား လျှပ်စီးကြောင်းများသည် တစ်ခုပြီးတစ်ခု ဆက်တိုက်ပစ် ခတ်လာကြသည်။ ရှန်ကျွင်းသည် ကျီချောင်ချင်ကို လက်တစ်ဖက်ဖြင့်တွန်းထုတ်လိုက်ပြီး ဝင်ရောက်လာသောလျှပ်စီးများကို သူ၏အစွမ်းရှိသမျှဖြင့်အာရုံစိုက်ကာ ခုခံလိုက်လေသည်။

လျှပ်စီးများသည် ပိုမိုပြင်းထန်လာသည်။ ရှန်ကျွင်းသည် လျှပ်စီးမုန်တိုင်း၏ ဗဟိုချက်မတည့်တည့်တွင် ရောက်နေပြီး ကျီချောင်ချင်အနေဖြင့် သူ၏ပုံရိပ်ကိုပင်သေချာမမြင်ရတော့ဘဲ ဝေဝါးနေသောအနက်ရောင်ဝတ်စုံကိုသာ မှန်းဆကြည့်နေရသည်။

သူသည် နတ်ဘုရားလက်နက်ကြောင့်ဒဏ်ရာရထားပြီးဖြစ်ရာ အဆုံးအစမဲ့ကျရောက်လာသော လျှပ်စီးများကိုခံနိုင်ရည်မရှိတော့ပေ။

ရုတ်တရက်လျှပ်စီးကြောင်းတစ်ခု ရှန်ကျွင်း၏ ရင်ဘတ်တည့်တည့်ကိုထိမှန်သွားရာ သွေးတစ်လုပ်အန်ထွက်လာသည်။

လျှပ်စီးများ၏ တရစပ်တိုက်ခိုက်မှုအောက်တွင် ရှန်ကျွင်းဒူးထောက်ကျသွားပြီး အားအင်များ ဆုတ်ယုတ်လာသည်။

ကျီချောင်ချင်သည် ခွင်းလွန်ဓားဖြင့် ကောင်းကင်လျှပ်စီးများကိုချိန်ရွယ်လိုက်သည်။ သူမထံသို ဦးတည်လာသော အပြစ်ပေးလျှပ်စီးကို ဝိညာဉ်စွမ်းအင်ဖြင့်ခုခံလိုက်သည်။ တိုက်ရိုက်ထိမှန်ခြင်း မဟုတ်သော်လည်း သူမ၏တစ်ကိုယ်လုံး ထိန်းချုပ်မရအောင်တုန်ရီသွားသည်။

အပြစ်ပေးလျှပ်စီးသည် သာမန်ကပ်ဘေးလျှပ်စီးနှင့် လုံးဝမတူပေ။ ၎င်းသည် ရှန်ကျွင်းကိုသတ်ဖြတ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ တစ်ချက်တည်းနှင့် မသေပါက နောက်တစ်ချက်ဆက်လာပေမည်။ တစ်ချက်ထက်တစ်ချက် ပိုမိုပြင်း ထန်လာကာ ကောင်းကင်နှင့် မြေကြီး၏စွမ်းအားများကို စုစည်းပြီး သူ့ကိုသတ်ဖြတ်ရန်သာဦးတည်နေသည်။

ဤမျှပြင်းထန်သော ကောင်းကင်ဖိအားကို ကျီချောင်ချင် တောင့်ခံနိုင်စွမ်းမရှိပေ။ သူမ ဒေါသတကြီးဖြင့် ကောင်းကင်ကိုမော့ကြည့်ကာ အော်ဟစ်လိုက်သည်။

"ကောင်းကင်တာအို! ရှန်ကျွင်းက လူတွေကိုတမင်သက် သက် သတ်ခဲ့တာမဟုတ်..."

သူမ ပါးစပ်ကို ရှန်ကျွင်း လှမ်းပိတ်လိုက်သည်။

ရှန်ကျွင်းတွင် ကိုယ့်ကိုယ်ကိုယ်ထောက်ပံ့ရန် အားအင်သိပ်မကျန်တော့သဖြင့် ကျီချောင်ချင်ကိုသာ လုံးလုံးနီးပါးမှီတွယ်ထားရသည်။

ဝုန်း

လျှပ်စီးကြောင်းတစ်ခု ရှန်ကျွင်းကို တည့်တည့်ထိမှန်သွားသည်။ လောကကြီး၏စွမ်းအားကို ယှဉ်ပြိုင်ရန် သူ့တွင်အားအင်မရှိတော့ပေ။

ဤအချိန်တွင် ရှန်ကျွင်းခုခံခြင်းမပြုဘဲ နေလိမ့်မည်ဟု ကျီချောင်ချင်ထင်မထားခဲ့ပေ။ သူမ ဒေါသထွက်လွန်းသဖြင့် သူ့ကိုပါးရိုက်ပြီး ဒေါသဖြေချင်စိတ် ပေါက်သွားသည်။

"ရှင်ဘာဖြစ်ချင်နေတာလဲ? ရှင် ဘာလုပ်နေလဲဆိုတာရော သိရဲ့လား!"

ရုတ်တရက် သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နှက်နေသည့် ဝိညာဉ်စွမ်းအားတစ်ခု ကျီချောင်ချင်ထံသိုပျံသန်းလာသည်။ ထိုစွမ်းအားသည် ကောက်ကျစ်ပြီးအားကောင်းလှသည်။ စိတ်ကယောက်ကယက်ဖြစ်နေသော ကျီချောင်ချင် သတိမထားမိလိုက်ပေ။

ရှန်ကျွင်း၏ မျက်လုံးများစူးရှသွားသည်။ သူသည် ခွင်းလွန်ဓားဖြင့် နှလုံးကိုထိုးဖောက်ခံထားရပြီး အပြစ်ပေးလျှပ်စီးဒဏ်ကိုလည်း ခံထားရသဖြင့် ကျီချောင်ချင်ကိုကာကွယ်ပေးရန် အားအင်သိပ်မကျန်တော့ပေ။

ရှန်ကျွင်း စဉ်းစားမနေတော့ဘဲ ကျီချောင်ချင်ကိုဆွဲယူကာ သူ့ကျောနောက်သိုပိုပြီး ကာကွယ်ပေးလိုက်သည်။

ထိုဝိညာဉ်စွမ်းအားသည် ရှန်ကျွင်း၏ရင်ဘတ်ကို တည့်တည့်ဝင်ဆောင့်လေသည်။

နောက်တစ်ခဏတွင် ရှန်ကျွင်း၏ရင်ဘတ်မှတစ်ဆင့် ခြေလက်များဆီသို ပူလောင်သောခံစားမှုတစ်ခုစီးဆင်းသွား သည်ကို ခံစားလိုက်ရသည်။

သူသည် ကျန်ရှိနေသောစွမ်းအင်ကိုသုံးပြီး ထိုပူလောင်မှုများက ဝါးမြိုမသွားစေရန်တားဆီးလိုက်သည်။ ထိုနောက်မှ သူ၏စွမ်းအားများကို ထိုအရာကစားသုံးနေကြောင်း သတိထားမိလိုက်သည်။

ဘာဖြစ်နေသည်ကို ရှန်ကျွင်း ချက်ချင်းသဘောပေါက်လိုက်သည်။ မြေပြင်ပေါ်ရှိ လူအုပ်ကြီးကိုလှမ်းကြည့်လိုက်ရာ ရှန်တုပိုင်က သူ့ကိုပြုံးပြပြီး လက်ပြနေသည်ကို တွေ့လိုက်ရသည်။

ရှန်တုပိုင် ဒီနေ့ကိုစောင့်နေခဲ့တာပဲ! အစီအရင် မျက်လုံး၅ လုံးစလုံး သူ့ခန္ဓာကိုယ်ထဲပေါင်းစပ်သွားရင် ကောင်းကင်လျှပ်စီးကိုဆွဲဆောင်မိမယ်ဆိုတာ ရှန်တုပိုင် အစကတည်းကသိနေခဲ့တာ၊ အဲဒီအချိန်မှာ သူ့စွမ်းအားတွေကို ခိုးယူချင်နေခဲ့တာပဲ!

ရှန်ကျွင်း မျက်နှာအေးစက်သွားသည်။ သူသည် ပူလောင်နာကျင်နေမှုကိုလျစ်လျူရှုပြီး အားအင်ကုန် စုစည်းကာ အဝေးမှနေ၍ ရှန်တုပိုင်ကိုတိုက်ခိုက်လိုက်သည်။

ရှန်ကျွင်းတွင် ထိုသိုလုပ်နိုင်စွမ်းကျန်ရှိနေသေးလိမ့်မည်ဟု ရှန်တုပိုင် ထင်မထားခဲ့ပေ။ သူသည် မြေပြင်ပေါ်သို ပုံပျက်ပန်း ပျက်လဲကျသွားသော်လည်း အောင်နိုင်သူအဖြစ်ရယ်မောနေဆဲပင်။

ရှန်ကျွင်း၏ အခြေအနေမှာလည်းသိပ်မဟန်တော့ပေ။ သူ့ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော စွမ်းအားများကို မထိန်းနိုင်တော့သည့်အပြင် ကောင်းကင်လျှပ်စီးများကလည်း ထပ်ခါတလဲလဲ ပစ်ခတ်နေသည်။ သူ၏ခန္ဓာကိုယ်ကို ထောက်ပံ့ထားနိုင်ရန် အားအင်မရှိတော့ပေ။

သူ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားပြီး မြေပြင်ပေါ်သို ပြုတ်ကျသွားလေသည်။

လေပြင်းများတိုက်ခတ်နေပြီး ဆောင်းရာသီရောက်တော့မည့်ဟန်ရှိသည်။

ရှန်ကျွင်းအသိစိတ်များဝေဝါးနေသည်။ လွန်ခဲ့သောဆောင်း ရာသီက တည်းခိုခန်းတစ်ခုရှိ မက်မွန်ပင်အောက်တွင် ကျီချောင်ချင်နှင့်အတူ မက်မွန်ပွင့်ဝိုင်တစ်အိုးမြှုပ်နှံခဲ့သည်ကို သတိရမိသည်။ သူတို နောက်နှစ်ကျရင် အတူတူပြန်တူးဖော်ကြမယ်လို ကတိပေးခဲ့ကြတာ...

ထိုစဉ်တုန်းက သူ ရိုးအစွာယုံကြည်ခဲ့တာက ကျီချောင်ချင်နဲ့ ထာဝရအတူရှိနေရမယ်လိုပေါ့၊ ဒါပေမဲ့ အရာအားလုံး ဒီလောက်မြန်မြန်ဆန်ဆန်ပြောင်းလဲသွားပြီး နောက်ဆုံးမှာ သူ သူမနဲ့အတူ မလိုက်နိုင်တော့ဘူးဆိုတာကို ဘယ်တုန်းကမှမတွေးခဲ့မိဘူး...

ရှန်ကျွင်း မြေကြီးပေါ်သိုပြုတ်မကျဘဲ ကျီချောင်ချင်၏ရင် ခွင်ထဲသိုရောက်သွားသည်။

ကျီချောင်ချင်သည် ခွင်းလွန်ဓားကိုလွှတ်ချလိုက်ပြီး တွန့် ဆုတ်ခြင်းမရှိဘဲ ရှန်ကျွင်းကိုပွေ့ဖက်လိုက်သည်။

သူမကို လုံးဝဂရုမစိုက်သလိုလုပ်နေပြီးမှ ဘာလို ကိုယ့်အသက်ကိုပဓာနမထားဘဲ ကယ်တင်ခဲ့ရတာလဲဆိုတာကို ကျီချောင်ချင် နားမလည်နိုင်အောင်ဖြစ်နေသည်။ သူမ တကယ်ကိုနားမလည်နိုင်တော့ပေ။

ရှန်ကျွင်း သူမအပေါ်ထားရှိတဲ့သံယောဇဉ်ကိုခံစားလိုရသော် လည်း တပြိုင်နက်တည်းမှာပဲပြတ်သားသည့် ငြင်းပယ်မှုကိုလည်းခံစားနေရသည်။ ရှန်ကျွင်း၏ ရှေ့နောက်မညီသောအပြုအမူများကြောင့် ကျီချောင်ချင် စိတ်ဖောက်ပြန်လုနီးပါးဖြစ်နေသည်။

"သွားကြစို ရှန်ကျွင်း!"

🍃 Chapter 156

ကျီချောင်ချင် သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ အရင်တုန်းက ကလဲ့စားချေချင်တဲ့မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်လက်ချက်နဲ့ သူမ ချောက်ကမ်းပါးထဲပြုတ်ကျတုန်းက ရှန်ကျွင်း တွန့်ဆုတ်ခြင်းမရှိဘဲ သူမနောက်ကိုလိုက်ခုန်ချပြီး တင်းတင်းကြပ်ကြပ် ဖက်ထားပေးခဲ့သလိုမျိုးပေါ့...

ကျီချောင်ချင် ပြောလိုက်သည်။

"ဆောင်းဝင်တော့မယ်၊ ကျွန်မတို နွေးထွေးတဲ့နေရာတစ်ခုရှာပြီး ဆောင်းခိုကြရအောင်"

ရှန်ကျွင်း အားနည်းစွာပြုံးလိုက်သည်။ သူ့မျက်လုံးများ အနည်းငယ်ကွယ်နေပြီဖြစ်သော်လည်း ကျီချောင်ချင် မေးခဲ့ဖူးသောမေးခွန်းကို သူမှတ်မိနေသည်။

"ကိုယ် လိုချင်တာက..."

ကျီချောင်ချင်က သူ ဘာလုပ်ချင်လဲဟုမေးခဲ့ဖူးသည်။ ရှန်ကျွင်း တကယ်ပြောချင်ခဲ့တာက... သူ သူမကိုဖက်ထားချင်ရုံသက်သက်ပါပဲ...

ကောင်းလိုက်တာ၊ သူ့ရဲ့နိဂုံးက ကျီချောင်ချင်ရဲ့ ရင်ခွင်ထဲမှာသေဆုံးရတာပဲလေ....

သိုသော် စကားမဆုံးခင်မှာပင် ရှန်ကျွင်းရင်ဘတ်ထဲမှ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ အလိုအလျောက်ငုံ ကြည့်လိုက်ရာ ခွင်းလွန်ဓားသည် သူ့ရင်ဘတ်ကို နောက်တစ်ကြိမ်ထိုးဖောက်ဝင်ရောက်နေသည်ကို မယုံကြည်နိုင်စွာတွေ့လိုက်ရသည်။

သူ့မျက်နှာပေါ်မှပျော်ရွှင်မှုများ လုံးဝပျောက်ကွယ်သွားပြီး ထိတ်လန့်မှုနှင့် စိတ်ပျက်မှုများအစားထိုး ဝင်ရောက်လာကာ ကျီချောင်ချင်ကိုမော့ကြည့်လိုက်သည်။ သူ့တုန်ရီနေသောလက်ဖြင့် သူမမျက်နှာကို ကိုင်ရန်လှမ်းလိုက်သော်လည်း၊ ကိုယ့်ခန္ဓာကိုယ်မှ စီးကျနေသောသွေးများကို မြင်လိုက်ရသောအခါ ကျီချောင်ချင်က ညစ်ပတ်နေသောလက်များဖြင့် ထိတွေ့တာကိုမကြိုက်မှန်း သတိရသွားပြီး ကိုယ့်ကိုကိုယ် အတင်း ရပ်တန့်လိုက်သည်။

သူ့အသံသည် မျက်ရည်များဖြင့်တုန်ရီနေပြီး အလွန်အမင်းနာကျည်းနေပုံရသည်။

"ဘာလိုလဲ? မင်း... မင်း သူ့ကို အဲဒီလောက်တောင် ချစ်တာလား?"

ရှန်တုပိုင်က သူတိုနှစ်ယောက်လုံးကိုသတ်ဖို ကြံစည်ခဲ့တာတောင် ရှန်ကျွင်းက ရှန်တုပိုင်ကို ကိုယ်စိုက်တဲ့အသီးကိုယ်ပြန်ရိတ်သိမ်းရအောင် လုပ်ပေးခဲ့တာတောင် သူမက ကလဲ့ စားချေချင်နေတုန်းပဲလား?

ဘာကြောင့်လဲ? သူမ ရှန်တုပိုင်ကို အဲဒီလောက်ချစ်နေမှတော့ အခု ဘာလို သူ့ကိုဖက်ထားပြီး သူ့စိတ်ကူးယဉ်အိမ်မက်တွေကို ပိုကြီးထွားလာအောင်လုပ်ပေးမယ့် စကားတွေပြောနေရတာလဲ?

ကျီချောင်ချင်သည် သူမ လက်က ရုတ်တရက် လှုပ်ရှားပြီး ခွင်းလွန်ဓားဖြင့် ရှန်ကျွင်းရင်ဘတ်ကို ထိုးစိုက်လိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမ ရှန်ကျွင်းကို သတ်ဖိုရည်ရွယ်ချက်မရှိခဲ့ဘူး၊ သူမ ဒီလိုလုပ်ဖို မရည်ရွယ်ခဲ့ဘူး!

မရေမတွက်နိုင်သေ ဝိညာဉ်စွမ်းအားများသည် ကျီချောင်ချင်ထံမှတစ်ဆင့် ရှန်ကျွင်း၏ခန္ဓာကိုယ်ထဲသို အတင်းအဓမ္မစီးဝင်သွားသည်။ သူမ၏မြင်ကွင်းထဲတွင် ရှန်ကျွင်းကိုယ်ပေါ်မှ တောက်ပသောသွေးများဖြင့် ပြည့်နှက်နေသည်။ သူမ ထိတ် လန့်တကြား အော်ဟစ်လိုက်သည်။

"ရှန်ကျွင်း! ကျွန်မလက်က ရုတ်တရက်ကြီး ထိန်းချုပ်လိုမရတော့ဘူး! ရှန်ကျွင်း! ကျွန်မ ရှင့်ကို သတ်ဖို ဘယ်တုန်းကမှမရည်ရွယ်ခဲ့ဘူး!"

ရှန်ကျွင်းသည် ခွင်းလွန်ဓားကို သူ့ခန္ဓာကိုယ်ထဲသိုတရွေ့ရွေ့ထိုးထည့်လိုက်သည်။ နတ်ဘုရားဓားမှ ဝိညာဉ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲမှနတ်ဆိုးစွမ်းအားများနှင့် တိုက်မိနေသည်။ သူ အလွန်အမင်း နာကျင်နေသော်လည်း မရယ်ဘဲ မနေနိုင်အောင်ဖြစ်နေသည်။

"ကျီချောင်ချင်... မင်းမှာ နှလုံးသားမရှိဘူးပဲ၊ မင်းရဲ့ နှလုံး သားက တခြားလူဆီရောက်နေတာကိုး"

ရှန်ကျွင်းသည် ကျီချောင်ချင်ကို အတင်းတွန်းထုတ်လိုက်ပြီး သူမ၏ဝိညာဉ်စွမ်းအားများကို ငြင်းပယ်လိုက်သည်။

"ကိုယ်နတ်ဆိုးဖြစ်လာကတည်းက မင်းကို တစ်ခါလေးများ နာကျင်အောင်လုပ်ခဲ့ဖူးလား? မင်းကို ၆ လလောက် သတိမေ့သွားအောင်လုပ်ခဲ့တာကလွဲရင် မင်းကိုဝမ်းနည်းအောင်၊ နာကျင်အောင် လုပ်ခဲ့ဖူးလား? မင်း ရှန်တုပိုင်ကိုကြိုက်မှန်း ကိုယ်သိပါတယ်... ကိုယ် သူ့ကိုသတ်ဖို့ ဘယ်တုန်းကမှမစဉ်းစားခဲ့ဘူး၊ ကိုယ်က သူ့ကို နည်းနည်းလေးမုန်းရုံပါပဲ၊ အဲဒါလေးတောင် မင်းသည်းမခံနိုင်ဘူးလား?"

သူ့ပါးစပ်မှ သွေးများပန်းထွက်လာပြီး အသားစများပါပါဝင်နေသည်။ ရှန်ကျွင်း၏မျက်လုံးများ ဝေဝါးစပြုလာပြီဖြစ်သော်လည်း သူ၏တုန်ရီနေသောလက်ဖြင့် ကိုယ့်သွေးကိုတို့ယူကာ လေထဲတွင်အစီအရင်တစ်ခုရေးဆွဲလိုက်သည်။

"ကျီချောင်ချင်... ဒီနေ့ကစပြီး ငါတို့... ဘယ်သူ့ကိုမှ အကြွေးမတင်ကြေး"

ထိုစကားပြောပြီးသည်နှင့် ရှန်ကျွင်းသည် ရွှေရောင် အလင်းလုံးလေးအဖြစ် ရုတ်တရက်ပြောင်းလဲသွားပြီး ရှန်တုပိုင်၏ တပ်မက်သောအကြည့်များရှေ့မှောက် လေထဲတွင်လှည့်ပတ်နေသည်။

မည်သူမျှဘာဖြစ်မှန်းနားမလည်ခင်မှာပင် ထိုအလင်းလုံးလေးသည် ကျီချောင်ချင်၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားလေသည်။

ကျီချောင်ချင်သည် သန့်စင်သောစွမ်းအားတစ်ခု သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ကျီချောင်ချင် အမြဲထင်ခဲ့သည်မှာ နတ်ဘုရားဖြစ်လာခြင်းသည် ဘဝ၏အမြင့်ဆုံးပန်းတိုင် ဖြစ်သည်ဟူ၍ပင်။ သို့သော် ယခုအခါ သူမ ယခင်ကပိုင်ဆိုင်ခဲ့သောစွမ်းအားသည် စမ်းချောင်းလေးတစ်ခုသာဖြစ်ပြီး ယခုစွမ်းအားမှာမူ ကျယ် ပြန့်နက်ရှိုင်းသောသမုဒ္ဒရာကြီးတစ်ခုအလား ခံစားလိုက်ရသည်။

သူမဆန္ဒရှိပါက ဤလောကရှိ မည်သည့်အရာကိုမဆိုမြင်တွေ့နိုင်ပြီး မည်သူ့၏အတွေးကိုမဆိုကြားနိုင်ကာ မည်သူ့၏ အသက်ကိုမဆို သူမ၏စိတ်ဆန္ဒဖြင့် ထိန်းချုပ်နိုင်ကြောင်း ခံစားမိလိုက်သည်။

ဒါက... ရှန်ကျွင်းရဲ့စွမ်းအားလား? သူ ဒီစွမ်းအားကို သူမဆီပေးလိုက်တာလား?

ရှန်တုပိုင်၏မျက်နှာထား လုံးဝပြောင်းလဲသွားပြီး အသက်ရှူသံများမြန်ဆန်လာသည်။ သူ နှစ်ပေါင်းတစ်ထောင်လုံးလုံး ကြိုးစားအားထုတ်ခဲ့ရသော်လည်း အဆုံးတွင် သူ အချိန် ဖြုန်းရန်အပျော်သဘောမွေးမြူထားခဲ့သော အကောင်ပေါက်လေးက သူ နှစ်ပေါင်းများစွာလိုချင်ခဲ့သောအရာကို ရရှိသွားလိမ့်မည်ဟု ဘယ်တုန်းကမှထင်မထားခဲ့ပေ။

ကျီချောင်ချင်တွန့်ဆုတ်ခြင်းမရှိဘဲ မျက်လုံးကိုမှိတ်လိုက်ပြီး ရှန်ကျွင်း၏အငွေ့အသက်ကို အာရုံခံလိုက်သည်။

သို့သော်... ဘာမှမရှိပေ။

ကျီချောင်ချင်သည် သက်ရှိသတ္တဝါအားလုံးကို ထိန်းချုပ်နိုင်သောစွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း ရှန်ကျွင်းကိုတော့ လုံးဝရှာမတွေ့ပေ။

ဤလောကကြီးထဲမှာ ရှန်ကျွင်းရဲ့အရိပ်အယောင် လုံးဝမကျန်ရှိတော့ပေ။

ကျီချောင်ချင် မျက်နှာထားပြောင်းလဲသွားသည်။ ရှန်ကျွင်းလိုအစွမ်းထက်တဲ့လူက ဒဏ်ရာတွေ ဘယ်လောက်ရရ၊ သွေးတွေဘယ်လောက်ထွက်ထွက် သူမကို ထားသွားမှာမဟုတ်ဘူးလို့ သူမထင်ခဲ့တာ...

ရွှေရောင်အလင်းလုံးလေးအဖြစ် ပြောင်းသွားရင်တောင် သူမရှေ့မှာ ချက်ချင်းပြန်ပေါ်လာမယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူ တကယ်ပျောက်ကွယ်သွားပြီ...

ကျီချောင်ချင်၏မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း သူမ၏ရင်ထဲတွင် မုန်တိုင်းများထန်နေလေပြီ၊ သူမသည် ရှန်ကျွင်း၏အရိပ်ယောင်ကို ဆက်တိုက်ရှာဖွေနေသော်လည်း လုံးဝရှာမတွေ့ပေ။ သူ ဒီလောကကြီးထဲမှာ ဒီလောက်ကြာကြာနေထိုင်ခဲ့တာတောင် အစအနလေးတစ်ခုတောင်မကျန်ခဲ့ဘူးတဲ့လား!

အဆုံးတွင် သူမ နှလုံးသားထဲ၌စူးအောင့်သော နာကျင်မှုကို စတင်ခံစားလာရပြီး ကျီချောင်ချင် အသက်ရှူ၍မရတော့ပေ။ ထို့အပြင် သူမနှင့် မသက်ဆိုင်သောအမှတ်တရများလည်း ခေါင်းထဲသို့ စတင်ဝင်ရောက်လာလေသည်။

ကျီချောင်ချင် ရူးသွပ်သွားပြီဖြစ်သည်။

ဖန်ကုသည် ကောင်းကင်နှင့်မြေကြီးကို ခွဲခြားဖန်ဆင်းခဲ့သည်။ ရှေးဦးကစဉ့်ကလျားဖြစ်တည်မှု အတွင်းမှကောင်း ကင်တာအိုပေါ်ပေါက်လာပြီး များစွာသောမဟာနတ်ဘုရားများသည် မြေပေါ်သို ဆင်းသက်လာခဲ့ကြသည်။ နွီဝါသည် ရွှစေးဖြင့် လူသားများကိုပုံဖော်ခဲ့ပြီး၊ ဖူရှီသည် ဓာတ်ကြီးရှစ်ပါးနှင့် ယင်-ယန်သဘောတရားကိုဖန်တီးခဲ့သည်။ ကုန်းကုန်းသည် ရေဘေးကိုထိန်းချုပ်ခဲ့ပြီး ယောင်ကျီသည် ရေဘေးကာကွယ်ရာတွင် မဟာယွီကိုကူညီပေးခဲ့သည်။

နောက်ပိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကိုသတ်မှတ်ခဲ့ပြီး မျိုးနွယ်စုပေါင်းစုံ ပေါ်ထွက်လာခဲ့သည်။ လူ့လောကနှင့် နတ်ဆိုးဘုံတို သီးခြားစီကွဲထွက်သွားကြသည်။ သိုသော် ကောင်းကင်နှင့် မြေကြီး ဆက်လက်တည်တံ့နိုင်ရန်အတွက် ဝိညာဉ်စွမ်းအင်လိုအပ်ကြောင်း မဟာနတ်ဘုရားများကြိုတင်သိမြင်ခဲ့ကြသဖြင့် သူတိုသည် သက်ရှိသတ္တဝါအပေါင်းကို ကောင်းချီးပေးရန်အလိုငှာ မိမိတိုကိုယ်ကို ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းလဲကာ ကြည်ဖြူစွာဖြင့်ပျောက်ကွယ်သွားခဲ့ကြသည်။

ကျွင်းသည် ရှေးခေတ်ကာလ၏ နောက်ဆုံးသော မဟာနတ်ဘုရားဖြစ်သည်။ သူ့အစ်ကိုများနှင့်အစ်မများကျဆုံးသွားပြီးနောက် နတ်ဘုရားများ၏ ပေးဆပ်မှုကိုကျေးဇူးတင်သောအားဖြင့် ကောင်းကင်တာအိုသည် အငယ်ဆုံးဖြစ်သူ ကျွင်းကိုကာကွယ်ရန် သက်ရှိသတ္တဝါအားလုံး၏စွမ်းအားကိုအသုံးပြုခဲ့ပြီး သူ့ကိုမပျောက်ကွယ်သွားစေဘဲ ကမ္ဘာမြေပေါ်တွင် ဆက်လက်လျှောက်လှမ်းခွင့်ပြုခဲ့သည်။ ဤသည်မှာ မဟာနတ်ဘုရားများအတွက် ကောင်းကင်တာအို၏လျော် ကြေးပေးမှုပင်။

ထိုအချိန်မှစ၍ ကျွင်းသည် ယခင်ကကဲ့သိုပင် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းနှင့် လူသားမျိုးနွယ်ကိုကယ်တင်ခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ကျီချောင်ချင်၏စိတ်ထဲရှိ မှတ်ဉာဏ်များသည် ရှန်ကျွင်း မှတ်ဉာဏ်များဖြစ်သည်။ ထိုကြောင့် ရှန်ကျွင်းသည် ဝိညာဉ်မျိုးနွယ်စုဝင်မဟုတ်ကြောင်း သံသယဖြစ်စရာမလိုပေ။ ဝိညာဉ်မျိုးနွယ်စုနှင့် ပတ်သက်သောမှတ်ဉာဏ်များသည် သူ့ရှည်လျားသော ဘဝအစိတ်အပိုင်းတစ်ခုသာဖြစ်နိုင်ပြီး သူ၏ အစစ်အမှန်မှာ ကျွင်းဟူသော ဤနတ်ဘုရားပင်။

All Chapters