← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

🍃 Chapter 157

ကျွင်းကို ကမ္ဘာမြေ၏မြောက်ဘက်အစွန်းဆုံးတွင် မွေးဖွားခဲ့ပြီး နှင်းတောင်တန်းများ၏သခင်ဖြစ်သည်။ အငယ်ဆုံးဖြစ်သောကြောင့် သူ့ကို အစ်ကိုများနှင့်အစ်မများက ပွေ့ချီကာစနောက်လေ့ရှိကြသည်။

သူအချစ်ဆုံးမှာ အလွန်လှပသော နတ်ဘုရားမနွီးဝါဖြစ် သည်။ နူးညံ့သိမ်မွေ့သော်လည်း စွမ်းအားကြီးမားသောသူမသည် အခက်အခဲမှန်သမျှကို ထူးချွန်ပြောင်မြောက်စွာ ကိုင် တွယ်ဖြေရှင်းနိုင်ပြီး သူမ၏မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခုအမြဲရှိနေတတ်သည်။

ကျွင်းသည် သူမနှင့်အတူရှိနေရခြင်းကို နှစ်သက်သည်။

တစ်နေ့တွင် နွီးဝါသည် ပြုံးရယ်ခြင်းမရှိတော့ဘဲ သူမလှပသောမျက်ဝန်းများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေလေသည်။

ကျွင်းက သူမကို ဘာကြောင့်ငိုနေသလဲဟုမေးလိုက်ရာ နွီဝါက မမ မကြာခင်သွားတော့မှာမိုလိုပါဟု ဖြေသည်။ ကျွင်းက ဘယ်ကိုသွားမှာလဲဟုမေးလိုက်သည်။

နွီးဝါက ပြောသည်။

"မမက ဒီလောကကြီးရဲ့ဘယ်နေရာကိုမဆိုသွားမှာ၊ ကျွင်း... မောင်လေး အစ်ကိုဆီသွားလိုက်တော့နော်၊ မောင်လေး မမနဲ့ အတူနေလိုမရတော့ဘူး"

ထိုကြောင့် ငယ်ရွယ်သောကျွင်းသည် နေရာအနှံအပြားသို စေလွှတ်ခြင်းခံခဲ့ရသည်။ သူသည် သူ့အစ်ကိုနှင့်အတူ ရေဘေးကိုထိန်းချုပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သက်ရှိသတ္တဝါများငိုကြွေးကာ ရုန်းကန်နေရသည့် အဆုံးမရှိသော သံသရာဝဲဂယက်များကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ သူ့အစ်မနှင့်အတူ ကမ္ဘာမြေပေါ်သို နွေဦးကာလပြန်လည်ရောက်ရှိလာစေရန် မှော်စွမ်းအင်ကိုအသုံးပြုခဲ့ပြီး လမ်းမများပေါ်ရှိ အေးခဲနေသောအရိုးစုများနှင့် သက်ရှိဟူ၍မရှိတော့သော ကျယ်ပြောလှသည့် အဖြူရောင်နယ်မြေကြီးကို မြင်တွေ့ခဲ့ရသည်။

ငယ်ရွယ်သောကျွင်းသည် ဇဝေဇဝ ဖြစ်ခဲ့ရသည်။ လူသားများသည် အံ့သြဖွယ်ကောင်းသောသတ္တဝါများဖြစ်ကြသည်။ မနက်ခင်းတွင်မွေးဖွားပြီး ညနေစောင်းတွင်သေဆုံးကြကာ သူတို၏ ဘဝသက်တမ်းမှာတိုတောင်းလှသည်။ သိုသော် မွေးဖွားလာသည့်အချိန်မှစ၍ သူတိုသည် ကမ္ဘာမြေပေါ်တွင် ရှင်သန်ကြီးထွားကြသည်။ သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် ဝမ်းနည်းပူဆွေးစွာငိုကြွေးကြသော်လည်း ကောင်းချီးမင်္ဂလာများရောက်ရှိလာချိန်တွင်မူ ဝမ်းနည်းမှုများကို လျင်မြန်စွာမေ့ပျောက်ကာ တောက်လောင်နေသောမီးတောက်များပမာ ဆက်လက်ရှင်သန်နေထိုင်ကြသည်။

သူတို၏ဘဝများသည် နွေးထွေးပြီးတောက်ပနေသည်။ လျင်မြန်စွာငြိမ်းသတ်ခံလိုက်ရလျှင်ပင် အခြားခန္ဓာကိုယ်တစ်ခု၌ ချက်ချင်းပြန်လည် တောက်လောင်လာကြပြန် သည်။

လူသားများသည် နတ်ဘုရားများပြုစုပျိုးထောင်ထားသော သားသမီးများဖြစ်ကြသည်။ သူတို၌ နတ်ဘုရားများ၏ အနှစ်သာရများပါရှိပြီး အဆုံးမရှိ ဆက်လက်မျိုးပွားနေကြဦးမည်ဖြစ်သည်။ ဤသည်မှာ သူတိုအပေါ်ပေးထားသော နတ်ဘုရားများ၏ကောင်းချီးမင်္ဂလာပင်။

ကျွင်းသည် လူများ၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားများထားရစ်ခဲ့သော အမှတ်အသားများဖြစ်သည့် ကြက်သွေးရောင်မီးတောက်များကို မြင်တွေ့ခဲ့ရသည်။ သို့သော် အချို့လူများတွင် တောက်ပသော မီးတောက်များမရှိဘဲ တစ်ကိုယ်လုံးမှောင်မိုက်နေကာ အမှောင်ထု၏ဝါးမြိုခြင်းခံထားရသကဲ့သို့ ဖြစ်နေသည်ကိုလည်း သူတွေ့ခဲ့ရသည်။ အဆုံးတွင် ထိုလူ သားများသည် နတ်ဆိုးများဖြစ်လာကြသည်။

အချို့သောနတ်ဆိုးများထံမှ အလင်းရောင်ထွက်ပေါ်နေသော်လည်း အများစုမှာမူ အလင်းရောင်မရှိကြပေ။ ကျွင်း ဘာလုပ်ရမှန်းမသိခဲ့ပေ။ သူ ကောင်းစွာကြီးပြင်းလာရန်အချိန်မရလိုက်ဘဲ သူ့ဆွေမျိုးအားလုံးသေဆုံးကုန်ကြကာ မည်သူမျှ သူ့ကိုဤအရာများအားသင်ကြားမပေးခဲ့ကြပေ။ လူသားများက သူ့ကိုအနားကပ်ခွင့်မပေးကြပဲ သူ့ကို ကံဆိုးစေသူဟု သတ်မှတ်ထားကြသည်။

ကျွင်းသည် ဆုံးဖြတ်ချက်ချရန် အလင်းရောင်ကိုသာအားကိုးနိုင်တော့သည်။ နတ်ဘုရားများထားရစ်ခဲ့သောအလင်းရောင်သည် မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။ ကျွင်းသည် အမှောင်ထုဖုံးလွှမ်းနေသောနတ်ဆိုးများကိုသတ်ဖြတ်ပြီး အလင်းရောင် ရှိသူများကိုချန်ထားခဲ့သည်။

ကျီချောင်ချင်သည် ဤလောကကြီးကိုရင်ဆိုင်ရန် ကျွင်း၏ အမြင်ကိုလိုက်ကြည့်ခဲ့သည်။ သူမအတွက် အလွန်ပျင်းစရာကောင်းလှသည်။ ကျွင်း၏စွမ်းအားက သူ့ကို ဤလောကရှိ မည်သည့်နေရာကိုမဆို အချိန်မရွေး သွားလာနိုင်ခွင့်ပေးထားသော်လည်း သူသည် သူ၏စွမ်းအားကို အလွဲသုံးစားမလုပ်ခဲ့ပေ။

ကျွင်း ဘာလုပ်လုပ် မည်သူမျှ တားဆီးနိုင်ခြင်းမရှိသော် လည်း သူသည် သူ့အစ်ကို၊ အစ်မများကဲ့သို့ပင် သာမန်ပြည်သူများအတွက် တတ်နိုင်သမျှကို ကြိုးစားလုပ်ဆောင်ပေးခဲ့သည်။

မည်သူမျှ သူ့ကိုမသိကြပေ။ လူသားများက ရှန်ကျွင်း၏ နာမည်ကိုမသိကြချေ။ သူ့ကို အောက်မေ့ဖွယ်ပြုလုပ်ထားသော ရုပ်တုများတွင် ရှည်လျားရှုပ်ထွေးပြီး မှတ်မိရန်ခက်ခဲသော နာမည်များသာပေးထားကြသည်။

ရှန်ကျွင်းက ထိုအရာများကိုဂရုမစိုက်ကြောင်း ကျီချောင်ချင်ခံစားမိသည်။

သူသည် အမှန်တကယ်ပင် အလွန်အထီးကျန်ဆန်လှသည်။ ထိုလူသားများအနားသို့ သူ မကပ်သလို အပျော်အပါးလည်းမလိုက်စားပေ။ သူသည် ကျောက်တုံးတစ်တုံးကဲ့သို့ လိုအပ်သည့်နေရာသို့ ရွေ့လျားသွားတတ်သည်။ သူ့တွင် ကိုယ်ပိုင်အတွေး ရှိစရာမလိုပေ။

ရှည်လျားသောအထီးကျန်ဆန်မှုက သူ့ကို စကားပင် မပြောနိုင်အောင်ဖြစ်စေခဲ့သည်။ သူ၏အတွေးများ နည်းသထက် နည်းလာခဲ့သည်။ အဆုံးတွင် ကျီချောင်ချင်သည် သူ့အတွေးများကို မခံစားနိုင်သလောက်ဖြစ်သွားပြီး ဤလောကကြီးကို သူ့မျက်လုံးများမှတစ်ဆင့်သာ မြင်တွေ့နိုင်တော့သည်။

သူသည် လူသားများ၏တိုတောင်းပြီး တောက်ပသောဘဝများကို အဝေးမှသာငေးကြည့်နေခဲ့သည်။

ထိုကဲ့သို့သောဘဝသည် ခါးသီးလွန်းလှသည်။ ဤကဲ့သို့နေထိုင်ရခြင်းနှင့် သေဆုံးခြင်း ဘယ်အရာက အမှန်တကယ် ပြစ်ဒဏ်ခတ်ခြင်းဖြစ်သလဲဆိုတာ ကျီချောင်ချင် တကယ်မသိတော့ပေ။

ကျွင်း မြစ်တစ်စင်းကိုဖြတ်ကူးပြီး မြောက်ဘက်နယ်စပ်သို့ဦးတည်ရန်ပြင်ဆင်နေစဉ် ရုတ်တရက် လူတစ်ယောက်နှင့်ဆုံတွေ့ခဲ့သည်။

ထိုလူသည် အနက်ရောင်များလွှမ်းခြုံမထားဘဲ တောက်ပနေသည်။

ကျွင်း၏အာရုံသည် သူမထံသို့ရောက်သွားပြီး ကျီချောင်ချင်သည်လည်း သူမမျက်စိရှေ့တွင် ရုတ်တရက် လင်းထိန်သွားသကဲ့သို့ခံစားလိုက်ရသည်။ ကြာရှည်စွာထုံထိုင်းနေခဲ့သဖြင့် သူမသည် ဤမျှ တောက်ပသောအလင်းရောင်ကို လက်ခံရန် ခက်ခဲနေပြီး မျက်လုံးများကို ခဏတာမှိတ်ထားလိုက်မိသည်။

သူမ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကျီချောင်ချင် သူမကိုယ် သူမ ပြန်မြင်လိုက်ရသည်။

ကျီချောင်ချင်နှင့်ရုပ်ချင်းဆင်တူသော ထိုအမျိုးသမီးသည် ချောက်ကမ်းပါးတစ်ခုတွင် တွဲလောင်းကျနေပြီး အလွန်ဖရိုဖရဲဖြစ်နေသည်။ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်နေသော်လည်း သူမက ကျွင်းကို တောက်ပစွာပြုံးပြရင်းပြောလိုက်သည်။

"သခင်လေး... ရှင်က အရမ်းချောတာပဲ!"

ကျီချောင်ချင် : "..."

ကျီချောင်ချင်သည် ရှန်ကျွင်းနှင့် ဤမျှ စောစီးစွာတွေ့ဆုံရလိမ့်မည်ဟု ထင်မထားခဲ့သလို သူမ၏ယခင်ဘဝက လူရှုပ် လူပွေတစ်ယောက်ဖြစ်ခဲ့လိမ့်မည်ဟုလည်း ထင်မထားခဲ့မိပေ။

ကျွင်းသည် ချောင်ချင်ကိုမော့ကြည့်လိုက်သည်။ သူ့ မျက်နှာတွင်ခံစားချက်မဲ့နေသော်လည်း ကျွင်း၏ခန္ဓာကိုယ်ထဲတွင် တုန်ခါမှုတစ်ခုဖြစ်ပေါ်သွားသည်ကို ကျီချောင်ချင်ခံစားလိုက်ရသည်။ ကောင်းကင်ပြိုကျလာသကဲ့သို့ ထိန်းချုပ်မရနိုင်တော့ပဲ သူ့နှလုံးသားသည် ရေအဟုန်ပမာလှုပ်ရှားသွားခဲ့သည်။

နှစ်ထောင်ပေါင်းများစွာတည်ငြိမ်နေခဲ့သော ကျွင်း၏နှလုံး သားသည် ဤအခိုက်အတန့်တွင် ပြင်းထန်စွာခုန်လှုပ်နေ သည်ကို ကျီချောင်ချင် ခံစားလိုက်ရသည်။ ဤလူကို သူ စောင့်မျှော်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သကဲ့သို့ အလွန်ကြာမြင့်ခဲ့သဖြင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်တွင် မီးကိုတိုးသော ပိုးဖလံကဲ့သို့ သူ့နှလုံးသားသည်ထိန်းချုပ်မရဘဲ

ထိုလူထံသို့ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။

ကျွင်း၏မှတ်ဉာဏ်များထဲတွင် ကျီချောင်ချင်သည် သူ့ကိုယ် စား ခံစားပေးနေမိသည်။ သူ့အတွက်ရင်နာနေမိသည်။

ဤဘဝမှာ ကျီချောင်ချင်ရဲ့နာမည်မှာ ချောင်ချောင်ဖြစ်ပြီး၊ နေနဲ့လလိုမျိုးအဓိပ္ပာယ်ရတဲ့ ချောင်ချောင်တဲ့...

ချောင်ချောင်သည် နတ်ဆိုးစစ်ပွဲ၏ဖိအားများကို တစ်ခါမျှမကြုံဖူးပေ။ အရင်းနှီးဆုံးဂိုဏ်းတူမောင်နှမများ၏သစ္စာ ဖောက်ခြင်း သိုမဟုတ် လုပ်ကြံခြင်းကို မခံခဲ့ရဖူးသလို ဉာဏ်များသောဆရာသမားလည်းမရှိခဲ့ပေ။ သူမသည် နတ်ဘုရားများ၏ကာကွယ်မှုအောက်တွင်ကြီးပြင်းလာသော အမျိုးသမီးတစ်ဦးသာဖြစ်ပြီး သူမ၏အကြီးမားဆုံးစိုးရိမ်ပူပန်မှုမှာ အစားအသောက်ဝအောင်မစားရမှာနှင့် ဘာလုပ်လုပ်အသုံးမကျဖြစ်နေမည်ကိုသာ။

ချောင်ချောင်ကိုကာကွယ်ပေးသော နတ်ဘုရားကိုလည်း ကျီချောင်ချင်မှတ်မိသည်။ ထိုသူမှာ ရှန်တုပိုင်ပင်။

ရှေးဟောင်းမဟာနတ်ဘုရားကြီးများကျဆုံးပြီး နှစ်ထောင် ပေါင်းများစွာကြာပြီးနောက် ကောင်းကင်တာအိုသည် အရာခပ်သိမ်းကိုတုံပြန်ခဲ့ပြီး နတ်ဘုရားများသည် ကောင်းကင်တာအို၏ လွှမ်းမိုးမှုအောက်တွင်မွေးဖွားလာကြသည်။ သူတိုသည်အရာခပ်သိမ်းကိုကာကွယ်ရန်နှင့် လူအများ၏ ကိုးကွယ်မှုကိုခံယူရန် ကောင်းကင်တာအို၏ အမိန့်ပေးခြင်းကိုခံရသူများဖြစ်ကြသည်။ ဤနတ်ဘုရားများသည် ပူဇော်သက္ကာများကိုလက်ခံရရှိကြသော်လည်း မဟာနတ်ဘုရားများကဲ့သို ကြီးမားသောစွမ်းအားနှင့် ဘုန်းတန်ခိုးများမရှိကြပေ။ အချိုသည်လောကကြီးအတွက် အသက်စွန့်ခဲ့ကြသည်။ အချိုသည်အာဏာလုရင်း အချင်းချင်းတိုက်ခိုက်ကာ သေဆုံးခဲ့ကြသည်။ အချိုသည် သူတို၏တာဝန်ကိုလက်မခံဘဲ သံသရာစက်ဝန်းထဲသိုဝင်ရောက်ကာ သာမန်လူသားများဖြစ်သွားကြသည်။

ချီပိုင်သည် ထိုနတ်ဘုရားများထဲမှတစ်ပါးဖြစ်ပြီး လူ့ပြည်တွင် ရှန်တုပိုင်ဟူသော နာမည်ဝှက်ကို အသုံးပြုကာ လူများကိုကုသပေးပြီး အသက်ကယ်တင်ပေးနေသူဖြစ်သည်။ ချောင်ချောင်သည် သူကယ်တင်ခဲ့သော ပထမဆုံးအမျိုး သမီးမဟုတ်သော်လည်း ဇွဲအကောင်းဆုံးအမျိုးသမီး ဖြစ်သည်။

ကျွင်းသည် ချောင်ချောင်ကို ချီပိုင်ထံခေါ်သွားသောအခါ ချီပိုင်၏ပုံရိပ်မှန်ကို ကျွင်းကရိပ်မိသော်လည်း ချီပိုင်က ကျွင်းကိုမမှတ်မိပေ။ သူတို အချင်းချင်းတစ်ချက်ကြည့်လိုက်ပြီးနောက် ကျွင်းမှာထွက်ခွာသွားခဲ့သည်။

ကျွင်းသည် မထွက်ခွာမီ ဘာကြောင့်မှန်းမသိ နောက်ပြန်လှည့်ကာ ချောင်ချောင်ရှိရာဘက်သို ကြည့်လိုက်သည်။

ချောင်ချောင်သည် တောက်ပစွာပြုံးရယ်လျက် ချီပိုင်ကိုတွယ်ကပ်ကာ မုန့်ဝယ်ကျွေးရန် ပူဆာနေသည်ကို သူမြင်လိုက်ရသည်။ ထိုအချိန်က ချီပိုင်သည် ငွေကြေးပြတ်လပ်နေပုံရပြီး ယခုကဲ့သို ပါးနပ်ခြင်းမရှိသေးပေ။ ချောင်ချောင်၏ ပူဆာမှုကိုမခံနိုင်တော့ဘဲ ဆင်ခြေပေးမရသည့်အဆုံး မလို လားစွာဖြင့် သဘောတူလိုက်ရသည်။

🍃 Chapter 158

ချောင်ချောင်က ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီး ဆေးဖော်စပ်ရာတွင် ချီပိုင်ကို တက်ကြွစွာကူညီပေးလေသည်။

ကျွင်း ဆက်မကြည့်တော့ဘဲ လှည့်ထွက်လာခဲ့သည်။

ကျွင်း၏ခုန်လှုပ်နေသော နှလုံးသားသည် တဖြည်းဖြည်းတည်ငြိမ်သွားပြီး အဆုံးတွင် ငြိမ်သက်သွားကြောင်း ကျီချောင်ချင်ခံစားလိုက်ရသည်။

ကျီချောင်ချင် ဝမ်းနည်းသွားမိသည်။ သူမ ကျွင်းကို စကား ပြောချင်သော်လည်း ဤအရာသည် သူ့မှတ်ဉာဏ်သာဖြစ် သည်။ အတိတ်က ကျွင်းနှင့် ပစ္စုပ္ပန်က ကျီချောင်ချင်တို သည် နှစ်ထောင်ပေါင်းများစွာခြားနားနေသည်။ အတိတ်ကိုပြောင်းလဲ၍မရနိုင်ပေ။

ကျွင်းသည် ဆက်လက်လျှောက်လှမ်းခဲ့သည်။ မြစ်များကိုဖြတ်ကူးပြီး တောအုပ်များကိုဖြတ်သန်းကာ ကမ္ဘာပေါ်တွင် အစည်ကားဆုံးနေရာများကို ဖြတ်ကျော်သွားခဲ့သည်။

သူသည် လူစည်ကားရာနေရာများတွင် မကြာခဏရှိနေတတ် သော်လည်း ကျီချောင်ချင်သည် လုံးဝ မောပန်းနွမ်းနယ်နေသကဲ့သိုခံစားရသည်။ ဤသည်မှာ ကျွင်း၏ခံစားချက်ဖြစ်သည်။ သူသည် တစ်ကောင်ကြွက်ဖြစ်နေပြီး အသက်ကယ်တင်ခြင်းမှလွဲ၍ အခြားဘာလုပ်ရမှန်းမသိပေ။

ယခု သူပင်ပန်းနေပြီဖြစ်ရာ နှစ်ခြိုက်စွာအိပ်ပျော်သွားချင်ပြီး ဘယ်တော့မှ ပြန်မနိုးထလာချင်တော့ပေ။

ထိုကြောင့် ကျွင်းသည် အနက်ရှိင်းဆုံးနှင်းတောင်တန်းဆီသိုသွားခဲ့သည်။ သူသည် ရေခဲပြင်ပေါ်တွင်လဲလျောင်းကာ သားရဲငယ်လေးတစ်ကောင်အသွင်ပြောင်းလဲလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

သူ၏ပြောင်းလဲထားသော ပုံသဏ္ဍာန်မှာထူးဆန်းသည်။ ကိုယ်ခန္ဓာကို ကြောင်တစ်ကောင်ကဲ့သိုလှပသော အဖြူရောင်အမွေးများဖြင့်ဖုံးအုပ်ထားပြီး ခေါင်းပေါ်တွင်လက်မအရွယ် အစားခန့်ရှိသော သန့်ရှင်းဖြူစင်သည့်ဂျိုနှစ်ချောင်းပါရှိကာ လှပသော ပတ္တမြားရောင်မျက်လုံးများပိုင်ဆိုင်ထားသည်။

ကျီချောင်ချင်သည် ထိုသားရဲငယ်လေး၏ ပုံပန်းသဏ္ဍာန်ကို ရင်းနှီးနေသကဲ့သိုခံစားရသည်။ သေချာစဉ်းစားကြည့်ပြီးနောက် ဝိညာဉ်မျိုးနွယ်စု ယဇ်ပလ္လင်အနီးရှိ စာအုပ်စင်တစ်ခုပေါ်တွင် ဝိညာဉ်မျိုးနွယ်စုကိုးကွယ်သော နတ်ဘုရားများအကြောင်း ရေးမှတ်ထားသည့် စာအုပ်တစ်အုပ်ရှိသည်ကို သတိရလိုက်သည်။ ကိုးကွယ်ခံနတ်ဘုရားများ၏ သားရဲပုံသဏ္ဍာန်သည်ကြီးမားပြီး ထိပါး၍မရနိုင်သောအရာဖြစ် သည်။ ယခု ကျွင်း၏ပြောင်းလဲထားသောပုံသဏ္ဍာန်သည် ထိုနတ်ဘုရား၏အသေးစား ပုံစံမျိုးဖြစ်နေသည်။

ကျွင်းသည် ဝိညာဉ်မျိုးနွယ်စုကိုးကွယ်သော နတ်ဘုရားဖြစ်နေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှထင်မထားခဲ့မိပေ။ နောက်ပိုင်းတွင် ကျွင်းသည် ဝိညာဉ်မျိုးနွယ်စု၏ ရှန်ကျွင်းဖြစ်လာခဲ့သော်လည်း ကျွင်းကို ပြန်လည်အသက်သွင်းရန်အတွက် ဝိညာဉ်မျိုးနွယ်စု၏ယဇ်ကောင်အဖြစ် အသုံးပြုခြင်းခံခဲ့ရသည်။

ကျွင်းသည် သူ့နောက်လိုက်များ၏ကြိုးပမ်းမှုကြောင့် ပြန် လည်ရှင်သန်လာခဲ့ရသည်ဆိုသည်မှာ ရယ်စရာပင်။ ကျီချောင်ချင်သည် ထိုအဖြစ်အပျက်ကိုသရော်ချင်သလိုလို၊ ရင်နာသလိုလိုခံစားလိုက်ရသည်။

သို့သော် ကျွင်းသည် လျင်မြန်စွာပြန်လည်နိုးထလာခဲ့သည်။

တောက်ပသောအလင်းရောင်ကြောင့် ကျီချောင်ချင် မျက်စိ ကျိန်းမတတ် ဖြစ်သွားသည်။ သေချာကြည့်လိုက်သောအခါ ချောင်ချောင်က ကျွင်းကိုပွေ့မကာ သူမရင်ခွင်ထဲတွင်ထွေးပွေ့ထားသည်ကို မြင်လိုက်ရသည်။

"ဝါး! ချစ်စရာကောင်းလိုက်တဲ့ခွေးပေါက်လေး!"

ကျီချောင်ချင် : "..."

ငါ့အရင်ဘဝက ရူးများနေလား

ဒါတွေကဘယ်သူ့မှတ်ဉာဏ်တွေလဲ၊ ဘာလို့ ရှန်ကျွင်းက သူမရဲ့မိုက်မဲတဲ့အပြုအမူတွေကို အမြဲမှတ်မိနေရတာလဲ၊ အခု ဒါတွေကို သူမကိုဘာလို့ပြန်မြင်အောင်၊ ပြန်မှတ်မိအောင်လုပ်နေတာလဲ၊ ပြီးတော့ ဘာလို့လူလယ်ခေါင်မှာ အရှက်ခွဲခံနေရသလိုခံစားနေရတာလဲ...

ကျွင်း မျက်လုံးဖွင့်လိုက်ရာ မထင်မှတ်ဘဲ ချောင်ချောင်၏ အကြည့်နှင့် ဆုံသွားသည်။

ချောင်ချောင်၏မျက်လုံးများမှာ တောက်ပပြီး အရောင်လက်နေသည်။ သူမသည် အမွေးပွပွများကို နှစ်သက်ပြီးအထူး သဖြင့် ကျွင်း၏သန့်ရှင်းပြီး လှပသောအမွေးများကို ပိုနှစ် သက်သည်။

"ကောင်လေး... ငါနဲ့အတူအိမ်လိုက်ခဲ့နော်!"

ကျွင်း၏နှလုံးသား ပြန်လည်ခုန်လှုပ်လာသည်ကို ကျီချောင်ချင် ကြားလိုက်ရသည်။ ချောင်ချောင်ကြောင့် သူ့ဘဝသည် ပြန်လည်လန်းဆန်းလာသကဲ့သို့ပင်။ နားကွဲမတတ်ကျယ်လောင်နေသော နှလုံးခုန်သံကို နားထောင်ရင်း ကျီချောင်ချင် ရုတ်တရက် ဘာပြောရမှန်းမသိတော့ပေ။

ဒိန်း! ဒိန်း! ဒိန်း!

တစ်ချက်ပြီးတစ်ချက် နားကွဲမတတ်ကျယ်လောင်နေသည်။

ကျွင်းသည် လူသားအသွင်ပြန်ပြောင်းချင်သော်လည်း အသွင်ပြောင်းချိန်တွင် သူ့စိတ်ပိုင်းဖြတ်ထားမှုမှာ ပြင်းထန်လွန်းခဲ့သဖြင့် ပြန်မပြောင်းနိုင် ဖြစ်နေကြောင်းသိလိုက်ရသည်။

ချောင်ချောင်သည် ကျွင်း ကိုပွေ့ချီကာ နှင်းတောင်ပေါ်မှဆင်းလာပြီး နှင်းကြာပန်းတစ်ပွင့်ကိုလှမ်းပေးလိုက်သည်။

"ဆရာကြီး! ကြည့်ပါဦး၊ ကျွန်မ ဘယ်လောက်တော်သလဲလို့!"

ချီပိုင်ကပြုံးပြီး ချောင်ချောင်၏ခေါင်းကိုပုတ်လိုက်သည်။

"တော်ပါတယ်၊ တော်ပါတယ်ဗျာ၊ ပြန်ကြစို့... လူနာကိုကယ်လို့ရပြီ"

ကျီချောင်ချင်သည် ရှန်တုပိုင်နှင့် တစ်ပုံစံတည်း တူသောမျက်နှာကို ကြည့်လိုက်သည်။ ထူးဆန်းသည်မှာ သူမ ရှန်တုပိုင်ကိုမကြိုက်သော်လည်း ချီပိုင်အပေါ်တွင်မူ မည်သည့်ရွံရှာမှုကိုမှမခံစားရပေ။

ထို့နောက် ကျွင်းသည် ချီပိုင်ကိုမကြိုက်ကြောင်း ကျီချောင်ချင် သတိထားမိလိုက်သည်။ ချောင်ချောင်ရှေ့တွင် ချီပိုင် ပေါ်လာသည့်အချိန်မှစ၍ ကျွင်း သူ့ကို မုန်းတီးခဲ့သည်။

ကျွင်း အဘယ်ကြောင့် ချီပိုင်ကိုမုန်းတီးမှန်း ကျီချောင်ချင် နားမလည်ပေ။ တစ်ဦးကမဟာနတ်ဘုရား၊ တစ်ဦးက ရိုးရိုးနတ်ဘုရားဖြစ်ကာ ယခုအချိန်တွင် ချီပိုင်သည် လူနာများကိုကုသပေးပြီး သက်ရှိသတ္တဝါများကို ကာကွယ်ပေးနေသော တာဝန်ကျေသည့် နတ်ဘုရားတစ်ပါးဖြစ်သည်။

ကျွင်း သူ့ကိုမမုန်းသင့်ပေ။

ဤသို့တွေးလိုက်ကာ ကျီချောင်ချင် အနည်းငယ်အံ့သြသွား မိသည်။ ကျွင်းသည် မဟာနတ်ဘုရားတစ်ပါးဖြစ်သည်။ ယခင်က သူနှင့်တွေ့ကြုံခဲ့ရသူများ မည်မျှပင်ရွံရှာဖွယ်ကောင်းပါစေ သူ့စိတ်နှလုံးမှာတုန်လှုပ်ခဲ့ခြင်းမရှိပေ။ ယခု ပထမဆုံးအကြိမ်အဖြစ် သူသည် မကောင်းသောစိတ်ခံစားချက်များကို ခံစားလိုက်ရခြင်းဖြစ်သည်။

ကျီချောင်ချင်နှင့်ရှန်တုပိုင်တိုသည် ယခင်ဘဝကတည်းက ရေစက်ဆုံခဲ့ဖူးကြပေသည်။ ထိုစဉ်က ရှန်တုပိုင်၏နာမည်မှာ ချီပိုင်ဖြစ်ပြီး ကျီချောင်ချင့်နာမည်မှာ ချောင်ချောင်ဖြစ် သည်။

ချီပိုင်သည် ချောင်ချောင်၏အသက်သခင် ကျေးဇူးရှင်ဖြစ်သည်။ သူသည် သူမအသက်ဆက်ရှင်သန်နိုင်စေရန် ကာကွယ်စောင့်ရှောက်ပေးခဲ့သလို သိုင်းပညာများကိုလည်းသင်ကြားပေးခဲ့သည်။

ချီပိုင်သည်နူးညံ့သိမ်မွေ့သော်လည်း စွမ်းအားကြီးမားသူဖြစ်ပြီး လောကတွင်အကောင်းဆုံးလူသားတစ်ဦးဖြစ်ပေရာ ချောင်ချောင်သည် ၎င်းကိုအလွန်ချစ်မြတ်နိုးခဲ့သည်။

ချောင်ချောင်သည် ချီပိုင်ကို မည်မျှချစ်မြတ်နိုးသလဲဆိုလျှင် သူမ၏အချစ်တော် အိမ်မွေးအကောင်လေးကိုပင် ချီပိုင် ၏ နာမည်ဝှက်ဖြစ်သော ရှန်တုပိုင်ကိုအစွဲပြု၍ ရှန်ကျွင်းဟုအမည်ပေးခဲ့သည်။ ရှန်ကျွင်းဟူသောအမည်နာမ တည်ရှိနေခြင်းသည်ပင်လျှင် ချီပိုင်အပေါ်ထားရှိသော ချောင်ချောင်၏ ချစ်ခြင်းမေတ္တာသက်သေပင်။

သိုသော် တစ်နေ့တွင် ချီပိုင်သည် လူများကိုကယ်တင်ရင်းဒဏ်ရာရသွားခဲ့သည်။ သူသည် လောကရှိ မည်သူ့ကိုမဆိုကယ်တင်နိုင်သော်လည်း သူ့ကို ကယ်တင်နိုင်မည့်သူမရှိခဲ့ပေ။

ချောင်ချောင် အလွန်ကြောက်ရွံတုန်လှုပ်သွားခဲ့သည်။ ချီပိုင်သေဆုံးသွားမည်ကို သူမ မလိုလားပေ။ အကယ်၍ သူသာသေဆုံးသွားပါက သူမလည်း ဆက်လက်ရှင်သန်ချင်စိတ်မရှိတော့ပေ။

All Chapters