← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

🍃 Chapter 159

ထိုကြောင့် ချောင်ချောင်သည် မရှိတော့ပြီဟု ကောလာဟလထွက်နေသော နတ်ဘုရားများထံ၊ ကောင်းကင်ဘုံထံ ဆုတောင်းခဲ့သည်။ သူမ၏ အသက်ကိုလဲရမည်ဆိုလျှင်ပင် ချီပိုင်ကိုကယ်တင်ပေးပါရန် တောင်းဆုပြုခဲ့သည်။

သူမသည် တွေ့သမျှဘုရားကျောင်းတိုင်းတွင်ဆုတောင်းခဲ့ပြီး ချီပိုင်၏ရုပ်တုတိုင်းတွင် အမွှေးတိုင်များထွန်းညှိပူဇော်ခဲ့သည်။ မိုးလင်းမှမိုးချုပ်အထိ ချီပိုင့်နာမည်ဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ပြီး ထိုကုသိုလ်များက ကောင်းကင်ဘုံကိုလှုပ်ခါစေကာ သူ့အားခွင့်လွှတ်ပေးလိမ့်မည်ဟုမျှော်လင့်ခဲ့သည်။ ချီပိုင်၏ဝေဒနာများကို သူမထံလွှပြောင်းပေးနိုင်မည်ဆိုပါက ချီပိုင်အစားသေဆုံးရမည်ကိုပင် သူမလိုလားခဲ့သည်။

သူမနေ့စဉ်ဆုတောင်းခဲ့သော်လည်း သူမနှင့်အတူ ရာစုနှစ်များစွာလိုက်ပါနေခဲ့သော ဝိညာဉ်သားရဲလေးသည် ရှေးကာ လ၏နောက်ဆုံးသောနတ်ဘုရားတစ်ပါးဖြစ်နေသည်ကိုမူ သူမ မသိခဲ့ပေ။

ဤနတ်ဘုရားသည် လူအသွင်မယူနိုင်သဖြင့် မှော်စွမ်းအင်များကိုအသုံးမပြုနိုင်ပေ။ ချောင်ချောင် တနေ့တခြားပိန်လှီ နွမ်းနယ်လာသည်ကို သူသည် ဘာမှမတတ်နိုင်ဘဲ လက်ပိုက် ကြည့်နေခဲ့ရသည်။ သူမ၏ဝေဒနာသည် သူ့အတွက် ပိုလိုပင်ခံစားရခက်စေသည်။

ကြာရှည်စွာအဖော်ပြုလာခဲ့သဖြင့် ကျွင်းသည် ချောင်ချောင် ၏နှလုံးသားနှင့် ချိတ်ဆက်နိုင်ခဲ့ပြီး သူမ၏ကျယ်လောင်လှသော ချစ်ခြင်းမေတ္တာနှင့် ဝမ်းနည်းပူဆွေးမှုများကိုကြားသိခဲ့ရသည်။

ထိုချစ်ခြင်းမေတ္တာသည် ချီပိုင်အတွက်ဖြစ်သကဲ့သို သူမ၏ ဝမ်းနည်းပူဆွေးမှုသည်လည်း ချီပိုင်အတွက်ပင်။ ချောင်ချောင်သည် ချီပိုင်ကိုမည်မျှ ချစ်မြတ်နိုးကြောင်း ကျွင်းထက်ပိုသိသူ လောကတွင်မရှိတော့ပေ။

သူမငိုကြွေးနေသည်ကို သူထပ်မကြည့်ရက်တော့သဖြင့် သူ့အသက်နှင့် သူမ၏အသက်ကိုလဲလှယ်ရန်စဉ်းစားခဲ့သည်။ သာမာန်နတ်ဘုရားတစ်ပါး၏ အသက်ကို မဟာနတ်ဘုရား၏ အသက်နှင့်လဲလှယ်ခြင်း၊ ထိုသည်မှာ ကောင်းကင်ဘုံအ တွက် အမြတ်ထွက်မည့်ကိစ္စပင်။

ကျွင်းသည် အမှန်တကယ်ပင် ထိုအတိုင်းပြုလုပ်ခဲ့သည်။ သူသည် သူ့ကိုယ်ပိုင်ကုသိုလ်ကံများကို ကောင်းကင်တာအိုနှင့်လဲလှယ်ခဲ့ပြီး ချီပိုင်၏အသက်အတွက် သူ့အသက်ကိုပေးဆပ်ခဲ့သည်။

ကြီးမားလှသောကုသိုလ်ကံကြောင့် ချီပိုင်ပြန်လည် ရှင်သန်လာခဲ့သော်လည်း ကျွင်းမှာသေဆုံးသွားခဲ့သည်။

ကျွင်းသေဆုံးသွားသည်ကို မည်သူမျှမသိကြပေ။ ချောင်ချောင်သည် အနည်းငယ်ဝမ်းနည်းခဲ့သော်လည်း ဘာဖြစ်သွားမှန်း သူမ မသိခဲ့ပေ။ သူမ အချိန်အကြာကြီး မွေးမြူထားခဲ့သောအကောင်လေး ရုတ်တရက်ပျောက်သွားသည်ဟုသာသိလိုက်သည်။

လူများကလည်း ကျွင်း သေဆုံးသွားသည်ကိုမသိကြပေ။ ကျွင်း၏ရုပ်တုကို ဆုတောင်း၍မရတော့ကြောင်းသာသိကြသဖြင့် ရုပ်တုကိုဖြိုချကာ အခြားတစ်ဦး၏ရုပ်တုဖြင့် အစားထိုးလိုက်ကြသည်။

မည်သူမျှ ကျွင်းကိုမမှတ်မိကြတော့ပေ။ သူ၏ထွက်ခွာသွား မှုသည် သူ့အစ်ကို၊ အစ်မများကဲ့သိုပင် လူသားများ၏ မေ့လျော့ခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

ကျီချောင်ချင်သည် သူမ၏နှလုံးသားကို လက်တစ်ဖက်ဖြင့် ပြင်းထန်စွာဆုပ်ကိုင်ထားသကဲ့သို ခံစားလိုက်ရသည်။ သူမ အသက်ရှူရခက်ခဲလာသည်။ ရှန်ကျွင်းကို ကောင်းကင်တာအိုနှင့်အပေးအယူမလုပ်ရန် သူမတားဆီးချင်သော်လည်း မည်သိုမျှအသံထွက်၍မရသလို လှုပ်ရှား၍လည်းမရပေ။

ချီပိုင်ကိုကယ်တင်ရန် ရှန်ကျွင်းသေဆုံးသွားသည်ကို သူမဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရသည်။

ကျီချောင်ချင်၏အမြင်အာရုံသည် ရှည်လျားသော အမှောင်ထုထဲသိုကျရောက်သွားသည်။ ပြင်ပကမ္ဘာနှင့်ပတ်သက်သော သူမ၏အာရုံခံစားမှုအားလုံးသည် ရှန်ကျွင်း၏မှတ်ဉာဏ်များမှလာခြင်းဖြစ်သည်။ သူမ၏အသိစိတ်သည် ဤရှည်လျားသောအမှောင်ထုထဲသိုနစ်မြုပ်သွားချိန်တွင် ကျွင်းလည်း ထိုနည်းတူခံစားခဲ့ရပေလိမ့်မည်။

ထိုသည်မှာ အလွန်အထီးကျန်ဆန်ပြီး အလွန်အေးစက်လွန်းသည်။ ရှင်သန်နေသောဝိညာဉ်သည် သေဆုံးနေသောမှတ် ဉာဏ်များနှင့်အတူ လိုက်ပါနေရသည်။ ကျီချောင်ချင်သည် ရှန်ကျွင်း၏သေဆုံးမှုနှင့်အတူ သူမပါ လိုက်ပါသေဆုံးသွားတော့မည်ဟု ခံစားလိုက်ရသည်။

ကျီချောင်ချင် ထာဝရအိပ်စက်ခြင်းသို့ရောက်ရှိတော့မည်ဟုထင်လိုက်စဉ် သူမမျက်စိရှေ့တွင် ရုတ်တရက်အလင်းရောင်တစ်ခုပေါ်လာသည်။ သူမမျက်လုံးများကို ချက်ချင်းဖွင့်ကြည့်လိုက်ရာ မျက်စိကျိန်းမတတ် ဖြူဖွေးနေသော အလင်း ရောင်ကိုတွေ့လိုက်ရသည်။

ကျွင်း မသေဆုံးခဲ့ပေ။ သူ အတိတ်မေ့သွားခြင်းသာဖြစ် သည်။

ကျွင်းသည် နှင်းဖုံးတောင်တန်းများ၏ နက်ရှိုင်းသော နေရာမှနိုးထလာခဲ့သည်။ သူဘယ်သူလဲ၊ ဘယ်က လာသလဲဆိုတာ သူမသိချေ။ သက်ရှိသတ္တဝါ အားလုံးကိုကယ်တင်ရမည်၊ လောကကြီးကို ရင်ထဲတွင်ထည့်ထားရမည် ဟူသောအချက်ကိုသာ မှတ်မိနေသဖြင့် သူသည်ကမ္ဘာလောကအနှံ့လှည့် လည်သွားလာခဲ့သည်။

လောကတွင် မည်သည့်နတ်ဘုရားမျှ မကျန်ရှိတော့ကြောင်း ကျီချောင်ချင်တွေ့ရှိလိုက်ရသည်။ ချီပိုင်၏ ရုပ်တုပျောက်ကွယ်သွားပြီး လူများကိုးကွယ်သောအရာများမှာ ရှုပ်ထွေး ပွေလီကာ နတ်ဆိုးလမ်းစဉ်များသောင်းကျန်းနေသည်။ ကျင့်ကြံသူမျိုးနွယ်စုများပေါ်ထွက်လာပြီး နတ်ဆိုးများကိုတိုက်ခိုက်ရာတွင် ပြည်သူများနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြသည်။

လောကကြီးသည် ညစ်ပတ်ပေရေနေပြီး သေဆုံးခြင်း၊ ပျက်စီးခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေသည်။ နတ်ဆိုးစစ်ပွဲကာလကလောကကြီးနှင့် အလွန်တူညီနေသည်။

ကျွင်း၏မျက်လုံးများမှတစ်ဆင့် အချို့လူများတွင် အလင်း ရောင်ရှိပြီး အချို့တွင်မရှိကြောင်း ကျီချောင်ချင်မြင်တွေ့ခဲ့ရသည်။ နတ်ဆိုးများတွင်လည်း ထိုနည်းလည်းကောင်းပင်။ အလင်းရောင်ရှိသူများသည်ကောင်းမွန်ကြပြီး အလင်းရောင်မရှိသူများသည် ဆိုးရွားကြသည်။

ကျွင်းသည် နတ်ဆိုးစစ်ပွဲကိုတားဆီးရန် အလွန်အကျွံ အင်အားသုံးခြင်းမပြုခဲ့ပေ။ သူသည် ဘုံခြောက်ဘုံတွင်ငြိမ်းချမ်းရေးရရှိစေရန် နူးညံ့သိမ်မွေ့သောနည်းလမ်းဖြင့် ကြိုးပမ်းခဲ့သည်။

တစ်နေ့တွင် ကျွင်းသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်ကိုအာရုံခံမိလိုက်သည်။ သူသည် အရင်းအမြစ်ရှိရာသို့အပြေးသွားရာ ထိုနေရာတွင် လူတစ်ဦးနတ်ဆိုးပူးကပ်ခံနေရခြင်းကြောင့် ကြီးမားသောနတ်ဆိုးစွမ်းအင်များထွက်ပေါ်နေခြင်းဖြစ်ကြောင်း ကျီချောင်ချင်တွေ့ရှိလိုက်သည်။

ထိုနတ်ဆိုးပူးနေသူမှာ ချီပိုင်မှလွဲ၍ အခြားသူမဟုတ်ပေ။

ယခုချီပိုင်သည် ရှန်တုပိုင်ဟူသောနာမည်ဝှက်ကို အသုံးပြုထားသည်။ သူသည် စုတ်ပြတ်သတ်ကာ ဖရိုဖရဲဖြစ်နေပြီး ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးကိုပွေ့ချီထားသည်။ ထိုကလေးငယ်မှာဖြူဖပ်ဖြူရော်ဖြစ်နေပြီး ငတ်ပြတ်နေပုံရသည်။

ရှန်တုပိုင်က ကျွင်းကိုပြုံးပြလိုက်သည်။

"မင်း အသက်ရှင်နေသေးတာလား၊ မင်း ငါ့ဆီ ဘာလို့လာလဲဆိုတာ ငါမှန်းကြည့်ရမလား"

သူ့အပြုံးတွင် ပျင်းရိပြီးဂရုမစိုက်သောဟန်ပန်များ ပါဝင်နေ သည်။ ရှန်တုပိုင်သည် ယခုကဲ့သို့ စုတ်ပြတ်သတ်နေသောအခြေအနေမျိုးတွင်မဟုတ်ဘဲ ပန်းခင်းထဲတွင်လမ်းလျှောက်နေသကဲ့သို့ပင်။

မောက်မာပြီးလမ်းသရဲဆန်သော ဤပုံစံသည် ကျီချောင်ချင်သိထားသော ရှန်တုပိုင်အတိုင်းပင်။

ကျွင်း၏အကြည့်သည် ရှန်တုပိုင်ရင်ခွင်ထဲမှ ကလေးငယ်ထံသို့ရောက်သွားသည်။

ရှန်တုပိုင်သည် ကလေး၏မျက်နှာကို ပိုလုံခြုံအောင်အလိုအ လျောက်ဖုံးကွယ်လိုက်သည်။

"မင်း ငါ့ကိုလာသတ်တာလား၊ ငါတို့ကဆွေမျိုးတွေလည်းမဟုတ်ဘူး၊ မင်းက ငါ့ကိုဘာကိစ္စသတ်ချင်ရမှာလဲ"

ရှန်တုပိုင်က ရုတ်တရက် သဘောပေါက်သွားဟန်ဆောင်လိုက်သည်။

"ဪ... မင်းက ငါတစ်ခါမှမမြင်ဖူးတဲ့နတ်ဘုရားတစ်ပါးဖြစ်နေလို့၊ ပြီးတော့ လောကကြီးကနတ်ဆိုးဝိညာဉ်မှန်သမျှကို သတ်ဖြတ်ဖို့တာဝန်ရှိနေလို့ဖြစ်မယ်"

ကျွင်း၏လေသံတွင် ခံစားချက်မပါပေ။

"ကလေးကို ငါ့ပေး"

ရှန်တုပိုင်မျက်နှာပေါ်မှအပြုံးမှာ ပျောက်ကွယ်သွားသည်။ ရှန်တုပိုင်ကို ဤမျှဖရိုဖရဲအခြေအနေမျိုးနှင့် ကျီချောင်ချင်တစ်ခါမျှမမြင်ဖူးသလို သူ့အစာကို သူများမပေးချင်သည့်ပုံစံမျိုးလည်း တစ်ခါမျှမမြင်ဖူးပေ။ ကျွင်း မည်မျှစွမ်းအားကြီးကြောင်း ရှန်တုပိုင် မသိဘဲမနေနိုင်ပေ။ သူမ သိထားသလောက်ဆိုလျှင် သူသည် လက်တွေ့ကျကျရွေးချယ်သင့်သော်လည်း ရင်ခွင်ထဲမှကလေးကို ပေးရန်ငြင်းဆန်နေသည်။

"သူက ငါ့ကလေး"

ကျွင်း အနည်းငယ်တုံ့ဆိုင်းသွားပြီး တစ်စုံတစ်ခုကိုစုံစမ်းစစ်ဆေးနေသကဲ့သို့ဖြစ်နေသည်။

"မင်း ကိုယ်ပေါ်ကနတ်ဆိုးအငွေ့အသက်တွေက အရမ်းများလွန်းတယ်၊ ကလေးသေတော့မယ်"

ရှန်တုပိုင်၏ ခန္ဓာကိုယ်တောင့်တင်းသွားသည်။ သူ ခေါင်းငုံ့ကြည့်လိုက်ရာ ရင်ခွင်ထဲမှကလေးမှာ သေလုမျောပါးဖြစ်နေသည်မှာထင်ရှားသည်။

ကျွင်း၏စကားသံသည် ပုံမှန်မဟုတ်ဘဲလေးလေးနက်နက်ဖြစ်လာသည်။

"ကလေးကို ငါ့ပေး"

ရှန်တုပိုင် တစ်ခုခုကိုသတိပြုမိသွားသည်။

"မင်းက ရိုးရိုးနတ်ဘုရားမဟုတ်ဘူး၊ ရိုးရိုးနတ်ဘုရားတစ်ပါးက ဒီလောက်စွမ်းအားကြီးမှာမဟုတ်ဘူး၊ မင်းက... မဟာနတ်ဘုရားပဲ"

ရှန်တုပိုင်အပြုံးက ပိုမိုကျယ်ပြန့်လာသည်။

"ရှန်ကျွင်း... မင်းက မဟာနတ်ဘုရားဖြစ်နေတာကိုး!"

ထိုအပြုံးကဘာကိုဆိုလိုကြောင်း ကျီချောင်ချင် ကောင်း ကောင်းသိသည်။ လူတစ်ယောက်ကို ထောင်ချောက်ဆင်တော့မည်ဆိုလျှင် ရှန်တုပိုင် အမြဲတမ်း ထိုကဲ့သိုပြုံးတတ် သည်။ သူမ ရှန်ကျွင်းကိုဆွဲပြီး ထွက်ပြေးချင်စိတ်ပေါက်သွားသည်။ ဒီလူကြီးကို သူ ဉာဏ်မီမှာမဟုတ်ဘူး!

ကျွင်း "မင်း ငါ့နာမည်ကိုသိတာလား"

ရှန်တုပိုင် "သိတာပေါ့ရှန်ကျွင်းရာ၊ မင်းမြင်တဲ့အတိုင်းပဲ ဒီကလေးရဲ့ဝိညာဉ်ကမပြည့်စုံဘူး၊ ကျန်နေတဲ့အပိုင်းကလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ"

ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့က လူကဘယ်သူလဲ၊ ရင်ခွင်ထဲက ကလေးကဘယ်သူလဲဆိုတာ သူမမှတ်မိသော်လည်းဖော်ပြမရနိုင်လောက်အောင် ဝမ်းနည်းမှုကိုသူခံစားလိုက်ရသည်။

သူ့ရှည်လျားသောဘဝတစ်လျှောက်တွင် ဤမျှ ဝမ်းနည်းမှုကို ပထမဆုံးအကြိမ်ခံစားဖူးခြင်းဖြစ်ပုံရသည်။

ရှန်တုပိုင်သည် ကလေးကိုကျွင်းလက်ထဲထည့်ပေးလိုက်ပြီး တောက်ပစွာပြုံးလျက်ပြောသည်။

"သူ သေတော့မယ်၊ မင်း ဘာမှမလုပ်ပေးနိုင်ရင် ငါ့ဆီပြန်လာခဲ့၊ ငါ့မှာ မင်းလောက်စွမ်းအားမရှိပေမဲ့ သူ့ကိုကယ်နိုင်မယ့်နည်းလမ်းရှိတယ်"

ထိုသိုပြောပြီးနောက် ရှန်တုပိုင်သည် လေတစ်ချက်အသွင်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

🍃 Chapter 160

ကျွင်း၏အမြင်အာရုံနောက်သိုလိုက်ကာ ကျီချောင်ချင် ကလေးအနားသိုတိုးသွားသည်။ ကလေးမလေးကအတော်လေးလှသည်။ ကျွင်းသည် ကလေးကို ညင်သာစွာပွေ့ချီလိုက်သည်ကိုကြည့်ရင်း သူမခေါင်းထဲသို အတွေးတစ်ခုဝင်လာသည်။

ဒီကလေးက... သူမ များဖြစ်နေမလား?

တစ်ခဏတာ ကျီချောင်ချင်နောက်သိုဆုတ်လိုက်မိပြီး ကလေးဘဝက သူမကိုယ် သူမနှင့် ခပ်ခွာခွာနေရန်ကြိုးစားလိုက်မိသည်။ သိုသော် သူမသည် ရှန်ကျွင်း၏မှတ်ဉာဏ်များကို ကြည့်နေခြင်းဖြစ်ပြီး ရှန်ကျွင်းကမူ ထိုသိုမလုပ်ခဲ့ပေ။ ထိုကြောင့် ကလေးနှင့် နီးကပ်သွားသည်ကို သူမငြိမ်ခံလိုက်ရသည်။

ကျွင်းသည် ကလေးကိုပွေ့ဖက်ထားပြီး သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသောအေးစက်မှုများကို အရည်ပျော်သွားစေရန် အလိုအလျောက်ကြိုးစားလိုက်သည်။ သူနွေးထွေးလေလေ၊ ကလေး၏မျက်နှာမှာ ပိုအသွေးအရောင်လှပလာလေလေဖြစ်သည်။

ကလေး၏မျက်နှာ ငြိမ်းချမ်းသွားသည့်အခိုက်အတန့်တွင် ကျွင်းသည် ရုတ်တရက်အတိတ်ကိုပြန်သတိရသွားသည်။

ကျီချောင်ချင်၏ ခံစားချက်များရှုပ်ထွေးသွားသည်။ ကလေးအပေါ်ထားရှိသော ရှန်ကျွင်း၏နက်ရှိင်းသည့်သံယောဇဉ်ကို သူမခံစားမိလိုက်သည်။ ဤဘဝမှာ ရှန်ကျွင်းနှင့် ထိုမျှလောက်စောစောတွေ့ဆုံခဲ့လိမ့်မယ်လို သူမထင်မထားခဲ့မိပေ။

သူမ၏ဝိညာဉ်မပြည့်စုံသောကြောင့် ရှန်ကျွင်းစိုးရိမ်ပူပန်မှုကို သူမခံစားရသည်။ သူသည် လောကအနှံအပြားကိုအာရုံခံကြည့်ရာ ကျီချောင်ချင်၏ ဝိညာဉ်လုံးဝမရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။

မပြည့်စုံသောဝိညာဉ်ဆိုသည်မှာ ကလေးအသက်ရှင်လျှင်ပင် အသိစိတ်ကင်းမဲ့နေသော ငတုံးတစ်ယောက်ကဲ့သိုဖြစ်နေမည်ကိုဆိုလိုသည်။

ကျွင်းလည်း ဤပြဿနာကိုသဘောပေါက်သွားသည်။ သူသည် ကလေးကိုလုံခြုံအောင်အစီအရင်ဖြင့်ပိတ်ထားပြီး ကလေးကိုကယ်တင်မည့်နည်းလမ်းရှာဖွေရန် တောင်အလီလီ၊ မြစ်အလီလီ ဖြတ်ကျော်ကာခရီးထွက်ခဲ့သည်။

ရှန်ကျွင်းမှာလုပ်စရာတစ်ခုရှိသွားပြီဖြစ်၍ ကျီချောင်ချင်ဝမ်းသာမိသွားသည်။ သူ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေစရာမလိုတော့ပေ။

နှစ်ပေါင်းတစ်ရာကြာပြီးနောက် ကျွင်းသည် ကလေးကိုကယ်တင်နိုင်မည့်နည်းလမ်းအား နောက်ဆုံးတွင် တွေ့ရှိသွားသည်။ ထိုနည်းလမ်းမှာ လူဝင်စားခြင်းပင်။

ကလေး၏ဝိညာဉ်မပြည့်စုံသဖြင့် မဟာနတ်ဘုရားဖြစ်သောရှန်ကျွင်းပင်လျှင် မကူညီနိုင်ပေ။ ထိုအပြင် နိုးထလာချိန်မှစ၍ သူသည် သူ့နတ်ဘုရားဂုဏ်ပုဒ်များပျောက်ဆုံးနေကြောင်း၊ နတ်ဘုရားလည်း မဟုတ်၊ လူလည်းမဟုတ်၊ ဘာမှမဟုတ်သော အခြေအနေသိုရောက်နေကြောင်းတွေ့ရှိခဲ့ရသည်။

လူဝင်စားခြင်းနည်းလမ်းသည် ကျီချောင်ချင်ကို ပြန်လည်အသက်သွင်းရန်အတွက် ကျွင်း၏ ကိုယ်ပိုင်သွေးသားရင်းမြစ်လိုအပ်ပြီး အခြားသူတစ်ဦးက ထိုအစီအရင်ကိုပြုလုပ်ပေးမှသာ ရနိုင်မှာဖြစ်သည်။ သူသေဆုံးသွားလျှင် ကလေးငယ်ကျီချောင်ချင် မည်သိုအသက်ရှင်နိုင်မည်နည်း။

ထိုကြောင့် ကျွင်းသည် ရှန်တုပိုင်ကိုရှာဖွေခဲ့သည်။ ချောင်‌ ချောင်သည် ရှန်တုပိုင်ကို နက်နက်ရှိင်းရှိင်းချစ်မြတ်နိုးကြောင်းနှင့် ချီပိုင်သည်လည်း ချောင်‌ချောင်အပေါ်စစ်မှန် သောစေတနာထားရှိခဲ့ကြောင်း သူသိထားသည်။

ရှန်တုပိုင်သည် ယခုအခါ ထျန်းရွှမ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်နေပြီဖြစ်သည်။ သူတိုတွေ့ဆုံချိန်တွင် ရှန်တုပိုင်က

"ငါ မင်းကို စောင့်နေတာ ကြာလှပြီ"

ကျွင်းသည် ရှန်တုပိုင်နှင့် သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့သည်။ သူသည် အစီအရင်ပြုလုပ်ရန် သူ့အသားကိုအသုံးပြုမည်ဖြစ်ပြီး ကလေး၏ဝိညာဉ်ကို ဖြည့်ဆည်းရန် သူ့သွေးကိုအသုံးပြုမည်ဖြစ်သည်။

သူသည် ချောင်ချင်ကို ကျန်းမာပျော်ရွှင်စွာရှင်သန်စေချင်ပြီး ရှန်တုပိုင်ကို သူမအားကောင်းမွန်စွာ စောင့်ရှောက်စေချင်သည်။ ထိုအတွက်ပေးဆပ်ရမည့်တန်ဖိုးမှာ ရှန်တုပိုင်အား ကျွင်း၏စွမ်းအားများကိုပေးအပ်ရန်ပင်ဖြစ်သည်။

ကျွင်းသည် သူ့ခွင်းလွန်ဓားကို ကလေးထံတွင် ထားရစ်ခဲ့ပြီး ၎င်းသည် နောက်နောင်တွင် သူမအား အမှုထမ်းရန်၊ သူမ၏ အမိန့်ကိုနာခံရန်နှင့် သူမ၏စိတ်ကို မကောင်းမှုများလွှမ်းမိုးခြင်းမှကာကွယ်ရန် အမိန့်ပေးခဲ့သည်။

ကျွင်းသည် သူ့ သွေးနှင့်အသား၊ သူ၏စွမ်းအားများကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ သူသည် လူအသွင်ကိုမထိန်းသိမ်းနိုင်တော့သလို သားရဲအသွင်လည်းမပြောင်းနိုင်တော့ပေ။ သူ ဘာကောင်ဖြစ်သွားမှန်းပင်မသိပဲ အလွန်ပင်ပန်းနွမ်းနယ်နေသည်ဟုသာ ခံစားရသည်။

အသက်ရှူရတာပင် ပင်ပန်းလွန်းလှသည်။

ဝေဝါးနေသောအသိစိတ်ထဲတွင် နွေးထွေးသော တောင်ပိုင်းနယ်စပ်ကိုနှစ်သက်ကြောင်း ချောင်ချောင်ပြောခဲ့ဖူးသည်ကို ကျွင်းသတိရလိုက်သည်။

ကျွင်းသည် လှုပ်ရှားနိုင်စွမ်းလုံးဝမကုန်ဆုံးမီ ထိုနေရာသို့ သွားချင်စိတ်ဖြစ်ပေါ်လာသည်။ ချောင်ချောင်သည်လည်း တောင်ပိုင်းနယ်စပ်သို့တစ်ခါမျှမရောက်ဖူးသော်လည်း ထိုနေရာသည် တစ်နှစ်ပတ်လုံးနွေဦးပေါက်ရာသီကဲ့သို့သာယာကြောင်း သူ့ကိုထိုနေရာသို့ခေါ်သွားပြီး အခြေချနေထိုင်မည်ဖြစ်ကြောင်း ထိုနေရာတွင် အတူတကွထာဝရနေထိုင်သွားမည်ဖြစ်ကြောင်း တောင့်တစွာပြောပြဖူးသည်။

ယခုအချိန်တွင် ကျွင်းသည် လမ်းကြောင်းပျောက်နေပြီဖြစ် သည်။ သူ၏အသိစိတ်သည် ကြည်လင်လိုက်၊ ရှုပ်ထွေးလိုက် ဖြစ်နေသည်။ သူ တောင်ပိုင်းနယ်စပ်သို့သွားချင်သော်လည်း သူ ဘယ်နေရာရောက်နေမှန်းမသိတော့ပေ။

အဆုံးတွင် သူသည် နှင်းဖုံးနေသောကွင်းပြင်တစ်ခု၌ လဲကျသွားသည်။

မြောက်ပိုင်း၏ရာသီဥတုသည် အမြဲတမ်းအေးစက်လွန်းလှသည်။ လွှမ်းခြုံထားသောနှင်းများကြောင့် ကျွင်းသည် အရာရာကိုမေ့လျော့သွားပြီး သူ့နာမည်မှာရှန်ကျွင်းဖြစ်ကြောင်းနှင့် လောကကြီး၏ငြိမ်းချမ်းရေးကိုကာကွယ်ရန် တာဝန်ရှိကြောင်းကိုသာမှတ်မိတော့သည်။

အချို့လူများသည် အုပ်စုဖွဲ့နေထိုင်ရန်မသင့်တော်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျွင်းသည် ဝိညာဉ်မျိုးနွယ်စုနှင့် မည်သို့နေထိုင်ရမည်ကိုမသိသော်လည်း ထွက်ခွာသွားရလျှင် ဘယ်သွားရမှန်းလည်းမသိပေ။

သူသည် သူ၏ မူလကိုမသိ၊ အတိတ်ကို မသိ၊ အနာဂတ်သည်လည်း ဖြူဖွေးနေသောလွင်ပြင်ကြီးသာဖြစ်သည်။ သူ၏ဘဝအဓိပ္ပာယ်ကို သူ မသိပေ။ ရှည်လျားသောအချိန်များကို မည်သို့ကုန်ဆုံးရမည်ကိုစဉ်းစားရင်း မြောက်ဘက်ကောင်း ကင်ယံကို ငေးကြည့်နေတတ်သည်။

ကျီချောင်ချင်သည် သူ့ဘေးတွင် တိတ်ဆိတ်စွာ လိုက်ပါနေခဲ့သည်။ ရှန်ကျွင်း မကြာခဏအတိတ်မေ့နေခြင်းသည် သူ့ခန္ဓာကိုယ်က သူ့ကိုကာကွယ်ပေးနေသောသဘာဝပင်ဖြစ်နိုင်ကြောင်း သူမနားလည်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကျွင်းသည် လောကကြီး၏ ပျက်စီးယိုယွင်းမှုနှင့် အမှောင်ထုအားလုံးကိုမြင်နိုင်သော မျက်လုံးများပါလာသောကြောင့်ဖြစ်သည်။

လူတစ်ယောက်သည် ကောင်းသလား၊ ဆိုးသလား ဆိုသည်ကို သူခွဲခြားနိုင်ပြီး ထိုသူသည် ကံတရား မည်မျှစုဆောင်းထားသည်ကို သူသိနိုင်သည်။

ကျွင်းသည် နတ်ဘုရားတစ်ပါးဖြစ်ပြီး သူ့နှလုံးသားသည် လောကကြီးအပေါ်ထားရှိသော မေတ္တာတရားဖြင့်ပြည့်နှက်နေသည်။ သူသည် သက်ရှိအားလုံးကို ချစ်မြတ်နိုးသည်။ တစ်ရက်တာသာအသက်ရှင်သော ဤသက်ရှိများအတွက် သူ့အစ်ကို၊ အစ်မများ အသက်စွန့်ခဲ့ကြသလို သူလည်း ထိုအတိုင်းပင် လုပ်ဆောင်သင့်သည်။

သို့သော် လောကကြီးသည် အချစ်၊ အမုန်း၊ စိတ်ပြင်းပြမှု၊ လောဘ၊ ဒေါသနှင့်မောဟ စသည့် ကျွင်း နားမလည်နိုင်သော ရှုပ်ထွေးသည့်စိတ်ခံစားမှုများဖြင့်ပြည့်နှက်နေသည်။

တောက်ပသောနွေးထွေးမှုများပြည့်နှက်နေသည့် လူအများအပြားသည် ချက်ချင်းအမှောင်ထုအဖြစ် ပြောင်းလဲသွားသည်ကို သူမြင်တွေ့ခဲ့ရသလို အမှောင်ထုများပြည့်နှက်နေသည့် လူအများအပြားသည်လည်း ချက်ချင်းပြန်လည်နွေးထွေးလာသည်ကို သူမြင်တွေ့ခဲ့ရသည်။

လူသားများသည် ကျိုးပဲ့လွယ်သလို စွမ်းအားလည်း ကြီးမားကြသည်။ တောက်ပသောယဉ်ကျေးမှုများကိုဖန်တီးနိုင်သလို ပျက်စီးခြင်းများနှင့် ကြောက်မက်ဖွယ်စစ်ပွဲများကိုလည်းဖန်တီးနိုင်ကြသည်။ တစ်ခဏအတွင်း ဝမ်းသာ၍ငိုကြွေးတတ်ကြသလို နောက်တစ်ခဏတွင် ဝမ်းနည်းပူဆွေးမှုများ ၏ဝါးမြိုခြင်းကိုခံရတတ်ကြသည်။ ဤမျှရှုပ်ထွေးပြီး အပြောင်းလဲမြန်သောဘဝများကို ကျွင်းနားမလည်နိုင်ပေ။

တစ်ခါတစ်ရံ လူများကိုကယ်တင်ခြင်းသည် မှားယွင်းပြီး ပိုမိုကြီးမားသော၊ ကြောက်မက်ဖွယ်ကောင်းသောအကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဟု သူခံစားရတတ်သည်။ တစ်ခါ တစ်ရံတွင်မူ သူ့ လုပ်ရပ်မှန်ကန်သည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သူကယ်တင်လိုက်သူများတွင် မကောင်းသောကံတရားများမရှိဘဲ သီလနှင့် ပြည့်စုံကာ ကောင်းမှုပြုလုပ်ခဲ့ကြသူများဖြစ်ပြီး မကောင်းမှုတစ်ခုမျှမလုပ်ခဲ့ဖူးသဖြင့် လူဆိုးများလက်ချက်ဖြင့် မသေဆုံးသင့်သောကြောင့်ဖြစ်သည်။

ကျွင်းသည် အလွန်အမင်းရှုပ်ထွေးမှုဖြစ်နေပြီး ညှဉ်းပန်းနှိပ်စက်ခံနေရသည်။ သူသည် လောကကြီးကိုကာကွယ်ရန် တာဝန်ရှိသဖြင့် အဖြစ်ဆိုးများကိုလစ်လျူမရှုနိုင်သော်လည်း သူ လုပ်နေသောအရာ မှန်သလား၊ မှားသလားဆိုသည်ကို သူမသိပေ။ သူသည် ဤနာကျင်မှုကို မလျှော့ချနိုင်သလို မည်သူ့ကိုမျှလည်း ဖွင့်ဟတိုင်ပင်ခြင်းမပြုနိုင်ပေ။ သူသည် တစ်နေ့တစ်ခြား ပို၍တိတ်ဆိတ်လာခဲ့သည်။

အတိတ်ကမှတ်ဉာဏ်များသည် နာကျင်စရာကောင်းလွန်းလှသဖြင့် သူ့ခန္ဓာကိုယ်က ထိုအရာများအားလုံးကို ရက်စက်စွာဖိနှိပ်ထားလိုက်သည်။ ထိုသို့ပြုလုပ်မှသာ သူ နာကျင်မှုမရှိတော့သကဲ့သို့ဖြစ်နေသည်။

ကျွင်းသည် မြောက်ပိုင်းနယ်စပ်မှလူများလက်ချက်ဖြင့် အသတ်ခံလိုက်ရပြီးနောက် တစ်ဖန်နှစ်ခြိုက်စွာ အိပ်ပျော်သွားပြန်သည်။

သူ့မှတ်ဉာဏ်ထဲတွင် ကျီချောင်ချင်သည် သက်တောင့်သက်သာရှိမည့်နေရာကိုရှာဖွေပြီး သူနှင့်အတူဝင်လှဲလိုက်သည်။

သူ အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ ရှည်လျားသောအိပ်မက်တစ်ခုကို အလွန်အမင်းလိုအပ်နေသည်။ ထိုကြောင့် ကျီချောင်ချင်သည် သူ့မှတ်ဉာဏ်ထဲ၌ပင် သူ့ကို မနှောင့်ယှက်ချင်တော့သဖြင့် သူနှင့်အတူအိပ်စက်လိုက်သည်။

ရှည်လျားသောအမှောင်ထု ကုန်ဆုံးသွားပြီးနောက် ကျီချောင်ချင်သည် အချိန်အကြာကြီးအိပ်ပျော်သွားခဲ့သည်ဟု ခံစားလိုက်ရသည်။ သူမ လုံးဝမနိုးထချင်သော်လည်း နားထဲသိုဆူညံသံများဝင်ရောက်လာသဖြင့် မနိုးချင်ဘဲနှင့်မျက်လုံးဖွင့်လိုက်ရသည်။

မျက်လုံးဖွင့်လိုက်သည်နှင့် ကျီချောင်ချင်လန့်သွားသည်။

သွေးများဖုံးလွှမ်းနေသောလူတစ်ယောက် ကျွင်းအပေါ်သိုပြုတ်ကျလာသည်ကို သူမတွေ့လိုက်ရသည်။ ထိုလူ့ထံမှသွေးများသည် ကျွင်း၏ကိုယ်ပေါ်သိုကျရောက်သွားပြီး ထိုလူက ကျွင်းအပေါ်သို ထပ်လျက်သားကျရောက်သွားသည်။

ကျွင်းနိုးလာပြီး သူ့အပေါ်မှလူကို ဗလာကျင်းနေသောအကြည့်ဖြင့်ကြည့်လိုက်သည်။ ထိုနောက် သူ့ကိုယ်ပေါ်မှသွေးများကိုကြည့်ပြီး အဆုံးတွင်ထထိုင်လိုက်သည်။

ကျွင်းလှုပ်ရှားလိုက်သဖြင့် သွေးများဖုံးလွှမ်းနေသော ထိုလူ၏ရုပ်သွင်ကို ကျီချောင်ချင်သေချာမြင်လိုက်ရသည်။

ထိုလူမှာ ကျီချောင်ချင်ပင်။ လင်ရှန်းရှန်းအတွက် ကျိုးကျွင်းလန်က ကျီချောင်ချင်ကို ချောက်ကမ်းပါးပေါ်မှတွန်းချလိုက်ရာ သူမသည် ရှန်ကျွင်းအပေါ်သို တိုက်ရိုက်ကျရောက်သွားခြင်း ဖြစ်သည်။

ထိုသည်ကိုမြင်လိုက်ရချိန် ကျီချောင်ချင်မပြုံးဘဲ မနေနိုင် တော့ပေ။ ရှန်ကျွင်း ကျီချောင်ချင်ကိုမမှတ်မိချေ။ သူအတိတ်မေ့သွားပြန်သည်။

ကျီချောင်ချင်၏ခန္ဓာကိုယ်မှ အညစ်အကြေးကင်းစင်ပြီး နွေးထွေးတောက်ပသောအလင်းရောင်များထွက်ပေါ်နေသည်ကို ရှန်ကျွင်းမြင်လိုက်ရသည်။ သူမသည် သန့်ရှင်းသည်၊ နွေးထွေးသည်၊ တောက်ပနေသည်။

ရှန်ကျွင်း ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။ ဤမိန်းကလေးကို သူ သိသင့်သည်ဟုခံစားလိုက်ရသည်။

ရှန်ကျွင်းသည် အလိုအလျောက်ပင် ကျီချောင်ချင်ကို ဘေးကင်းရာသိုဆွဲခေါ်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာအားနည်းလွန်းနေသဖြင့် သူသည် သူမနှင့်အတူအိပ်စက်လိုက်သည်။

သူတို ဆယ်နှစ်ကြာအောင်အိပ်ပျော်သွားကြခဲ့သည်။

All Chapters