← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

🍃 Chapter 161

ကျီချောင်ချင်၏ဝိညာဉ်ကို ရှန်ကျွင်း၏သွေးဖြင့် ဖန်တီးထားခြင်းဖြစ်သဖြင့် သူမသည် သူနှင့်သဘာဝအလျောက် ရင်းနှီးမှုကိုခံစားရသည်။ ရှန်ကျွင်းဘေးတွင် ဆယ်နှစ်ကြာအိပ်စက်လိုက်ရသဖြင့် သူမ၏ ခန္ဓာကိုယ်ရောဝိညာဉ်ပါ အားအင်ပြည့်၀လန်းဆန်းလာလေသည်။

တစ်နေ့တွင် ရှန်ကျွင်းမျက်လုံးဖွင့်လာသည်။ သူ ဘယ်ရောက်နေမှန်းမသိ၊ သူ ဘယ်သူမှန်းမသိ။ သူ့နာမည်မှာ ရှန်ကျွင်းဖြစ်ကြောင်းနှင့် လောကကြီးကို ကာကွယ်ရန် တာဝန်ရှိကြောင်းကိုသာမှတ်မိသည်။ မျက်လုံးဖွင့်ဖွင့်ချင်း သူ ပထမဆုံးမြင်လိုက်ရသည်မှာ ကျီချောင်ချင်ဖြစ်သည်။ သူမသည် သူနိုးထလာပြီးနောက် ပထမဆုံးမြင်တွေ့ရသူဖြစ်သည်။

မကြာမီ ကျီချောင်ချင်လည်းမျက်လုံးပွင့်လာသည်။

ရှန်ကျွင်း၏မှတ်ဉာဏ်ထဲတွင် ကျီချောင်ချင် မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်၌ ယခင်ကမှောင် မိုက်နေသော ရှန်ကျွင်း၏ခန္ဓာကိုယ်သည် ရုတ်တရက်လင်းလက်သွားပြီး နှလုံးခုန်သံများမြန်ဆန်လာသည်။

သူပျော်ရွှင်နေကြောင်း ကျီချောင်ချင်အာရုံခံမိသည်။

သိုသော် ရှန်ကျွင်းပျော်ရွှင်နေသော်လည်း ပြုံးမပြခဲ့ပေ။ သူ့မျက်နှာထားမှာအေးစက်နေပြီး ကျီချောင်ချင်၏မျက်လုံးများထဲရှိ သတိထားမှုနှင့် သတ်ဖြတ်လိုစိတ်များကို သူ အထင်းသားမြင်နေရသည်။ သူမ သူ့ကို ထိုသိုကြည့်သည်ကို မကြိုက်သဖြင့် လှည့်ထွက်သွားခဲ့သည်။

ကျီချောင်ချင် သူ့နောက်သိုလိုက်ကာ တရစပ်ပေါက်ကရများပြောဆိုနေပြီး သူမပါးစပ်က အနားမယူတမ်းလှုပ်ရှားနေ သည်။

ရှန်ကျွင်း သူမကို စကားများလွန်းသည်ဟုထင်သော်လည်း လုံးဝစိတ်အနှောင့်အယှက်မဖြစ်ပေ။ အမှန်တွင် သူမနောက်ကလိုက်လာသည့်အတွက် သူ တိတ်တခိုးပျော်ရွှင်နေမိသည်။

သူတိုနှစ်ဦး ချောက်ကမ်းပါးအောက်ခြေမှထွက်လာကြရာ ရှန်ကျွင်းသည် ပြင်းထန်သောသရဲအငွေ့အသက်ကိုအာရုံခံမိလိုက်သည်။ သရဲအငွေ့အသက်မှာ အလွန်ပြင်းထန်လွန်းသဖြင့် ထိုပိုင်ရှင်သည် လူအများအပြားကိုသတ်ဖြတ်ထားသူ ဖြစ်ရမည်။

ကျီချောင်ချင် လက်ဖက်ရည်ဆိုင်ဘက်သို ဦးတည်သွားနေ သည်ကိုမြင်လိုက်ရသဖြင့် ရှန်ကျွင်းသည် အငြိုးကြီးသောသရဲကို အရင်ရှင်းလင်းပြီးမှ ပြန်လာရန်ဆုံးဖြတ်လိုက်သည်။

နောက်ဆက်တွဲအဖြစ်အပျက်များသည် ကျီချောင်ချင်နှင့် ရင်းနှီးပြီးသားအရာများသာဖြစ်သည်။ သူမနှင့် ရှန်ကျွင်းသည် တစ်လျှောက်လုံးအတူတူရှိနေခဲ့ကြသည်။ အစပိုင်းတွင် သူတို အဆင်မပြေဖြစ်ခဲ့ကြသော်လည်း ရှန်ကျွင်းသည် သူမကိုသတ်ရန် ဘယ်တုန်းကမှမရည်ရွယ်ခဲ့သလို သူမနှင့်လမ်းခွဲရန်လည်း ဘယ်တုန်းကမှမတွေးခဲ့ကြောင်း ကျီချောင်ချင် ခံစားမိသည်။

ကျီချောင်ချင် လူအများအပြားသတ်ဖြတ်သည့်အတွက် ရှန်ကျွင်းဒေါသထွက်သည့်အခါတိုင်း သူသည် ခေတ္တမျှတိတ် ဆိတ်စွာနေတတ်သည်။ ကျီချောင်ချင် အန္တရာယ် ကြုံတွေ့ရသည့်အခါ သို့မဟုတ် သူမအန္တရာယ်ကြုံနေရမည်ကို သူစိုးရိမ်သည့်အခါ မျက်နှာတည်ကြီးဖြင့် သူမနှင့် မတော်တဆတွေ့ဆုံသယောင်ဟန်ဆောင်တတ်သည်။

ချောက်ကမ်းပါးအောက်ခြေတွင် စတင်တွေ့ဆုံချိန်မှစ၍ ရှန်ကျွင်း၏နှလုံးခုန်သံသည် အားကောင်းမောင်းသန်ခုန်လှုပ်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့နှလုံးခုန်သံသည် ယခင်ကလောက်မမြန်ဆန်တော့သော်လည်း အလွန်တည်ငြိမ်ပြီး ကျန်းမာသန်စွမ်းလာကာ တစ်ယောက်တည်းရှိနေစဉ်ကကဲ့သို့ အသက်မဲ့ခြင်းမရှိတော့ပေ။

အတိတ်ကိုပြန်ပြောင်းကြည့်ကာ ကျီချောင်ချင် အစပိုင်းတွင်ရယ်မောမိသော်လည်း မဟာကျီတိုင်းပြည်တွင် လီမင်လော့က ရှန်ကျွင်း၏ရင်ဘတ်ကို ဝှက်ထားသောဓားဖြင့်ထိုးလိုက်သည့် အဖြစ်အပျက်ကိုရောက်သောအခါ ရုတ်တရက်မရယ်နိုင်တော့ပေ။

ရှန်ကျွင်း၏ဒဏ်ရာမှာ ကြောက်စရာကောင်းသော်လည်း အသက်အန္တရာယ်မရှိဟု သူမထင်ခဲ့သည်။ သူ ဤမျှနာကျင်နေလိမ့်မည်ဟု၊ သေလုနီးပါးဖြစ်သွားလိမ့်မည်ဟု သူမထင်မထားခဲ့မိပေ။

သို့သော် ရှန်ကျွင်းက ထိုအရာများကိုဂရုမစိုက်ခဲ့ပဲ သူ ကျီချောင်ချင်ကိုဆုံးရှုံးရမှာကြောက်သောကြောင့် သူမနောက်ကိုတကောက်ကောက် လိုက်ခဲ့သည်။

တစ်ကြိမ်ပြီး တစ်ကြိမ်၊ ကျီချောင်ချင် အန္တရာယ်ကြုံရတိုင်းလိုလို ရှန်ကျွင်းက သူမကိုကယ်တင်ဖို့အသက်စွန့်ခဲ့တယ်...

သူမအတွက် သူ စိုးရိမ်ပူပန်ပြီးခံစားနေရတာကို သူမမြင်တွေ့ခဲ့ရတယ်၊ ပြီးတော့ တွေဝေခြင်းမရှိဘဲ သူမနဲ့အတူ ချောက် ကမ်းပါးပေါ်ကနေခုန်ချခဲ့တယ်၊ သူ့ခန္ဓာကိုယ်ကိုမွေ့ရာအဖြစ်ခံပေးပြီး အောက်က မကောင်းဆိုးဝါးကောင်တွေကို သူ့သွေးနဲ့မောင်းထုတ်ခဲ့တယ်၊ ဒါတွေအားလုံးက သူမ အသက်ရှင်ဖို့အတွက်ပဲ...

အဲဒီအချိန်တုန်းက ကျီချောင်ချင်ဘာလုပ်နေခဲ့သလဲ၊ သူမကိုယ်ကျိုးအတွက် ရှန်ကျွင်းကို ဘယ်လို အသုံးချရမလဲဆိုတာကိုပဲ တွေးတောနေခဲ့တယ်၊ သူတို့ချောက်ကမ်းပါးအောက်ခြေမှာ နှစ်သစ်ကူးပွဲတော်ကို အတူတူဖြတ်သန်းခဲ့ကြတယ်၊ သူမ သူ့ကို အနီရောင်စာအိတ်လေးပေးပြီး ရည်ရွယ် ချက်ရှိရှိရင်းနှီးအောင်လုပ်ခြင်းက သူ့ကိုအသုံးချဖို့သက် သက်ပါပဲ...

ရှန်ကျွင်းသည် သူမ၏ရည်ရွယ်ချက်ကို ရိပ်မိကောင်းရိပ်မိလိမ့်မည်။ သို့သော် သူ ကျီချောင်ချင်ကို မသိစိတ်မှသံသယမဝင်ခဲ့ပေ။

ချောက်ကမ်းပါးအောက်ခြေမှာ ချွေ့ချန်ဟွမ်ကိုမတွေ့ခင် ရှန်ကျွင်းက သူမကို စကားတစ်ခွန်းပြောချင်နေသလိုဖြစ်နေတာကို ကျီချောင်ချင် ဝေဝါးဝါးမှတ်မိလိုက်သည်။

ထိုစဉ်တုန်းက ကျီချောင်ချင် ထိုစကားကိုအာရုံမစိုက်ခဲ့သော် လည်း ယခုတော့ ရှန်ကျွင်း ဘာပြောချင်လဲဆိုတာ သူမသိသွားသည်။

သူ့စိတ်ထဲတွင် သူမကိုပြောနေခဲ့သည်မှာ

"အားကျီ... ကိုယ်တို့တွေ ထာဝရအတူတူရှိနေကြမယ်နော်"

သို့သော် ကျီချောင်ချင်က သူ့စကားကိုဖြတ်ပြောခဲ့မိသည်။

နောက်ပိုင်းမှာ ရှန်ကျွင်းက ကျီချောင်ချင်ကိုကယ်ဖို့ လူသတ်ခဲ့သည်။ သူ ယခင်က အပြစ်မဲ့သူတစ်ယောက်ကိုမှမသတ်ခဲ့ဖူးသောကြောင့် သူ့လုပ်ရပ်က သူ့စိတ်ကူးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် သူ အရမ်းနာကျင်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ်ရွံရှာမုန်းတီးခဲ့သည်။

ထိုစဉ် ကျီချောင်ချင်က ရှန်ကျွင်းအတွေးတွေကို တမင်တ ကာပုံဖျက်ပစ်ခဲ့သည်။ သူ လုပ်တာမှန်တယ်ဟုပြောပြီး နတ်ဆိုးတွေကိုနှိမ်နင်းခြင်းဆိုတဲ့ ခေါင်းစဉ်တပ်ကာ သူ့ကိုလူသတ်ဖို့အားပေးခဲ့သည်။

အမှန်တွင် သူမ ရှန်ကျွင်း၏အတွေးများကို ဖျက်ဆီးခဲ့တာကြာပြီဖြစ်သည်။ ကုကျိုးမှာတုန်းက ညီအစ်မနှစ်ယောက်ရဲ့အဖြစ်ဆိုးကို ကျီချောင်ချင် သိပ်မခံစားခဲ့ရပေ။ သူမက နတ်ဆိုးစစ်ပွဲမှာ အများကြီး ကြုံတွေ့ခဲ့၊ မြင်တွေ့ခဲ့ရပြီးပြီမို့ သူတို့လက်စားချေရန် ကူညီပေးမည်ဆိုတာကလွဲလို့ တခြားအတွေးမရှိခဲ့ပေ။

ကုကျိုးက လူများ၏ယုတ်မာမှု၊ စစ်သေနာပတိချုပ်ရုံး၏ အကျင့်ပျက်ခြစားမှုနဲ့ ဝန်ကြီးချုပ်ကုဖေးရန်၏အရှက်မရှိမှုများကို ရှန်ကျွင်းကိုပြောပြခဲ့သည်များမှာ ရှန်ကျွင်းစိတ်ကိုပြောင်းလဲပစ်ဖို့ပင်။

ထိုစဉ်တုန်းကတည်းက ရှန်ကျွင်းကို သူမ၏အစီအရင်ဗဟို ချက်အတွက် ယဇ်ကောင်အဖြစ်အသုံးပြုဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည်။ ထိုမျှမက ရှန်ကျွင်းကို သူမလက်ထဲက နာခံတတ်တဲ့ဓားတစ်လက်ဖြစ်စေချင်ခဲ့သည်။

နောက်ပိုင်း မြောက်ပိုင်းနယ်စပ်ရောက်ချိန်၌ သူမ မျှော်လင့်ထားသည့်အတိုင်း ရှန်ကျွင်းက ပိုပြီး အကြမ်းဖက်လာသည်၊ သွေးဆာလာသည်။ နှစ်ပေါင်းတစ်သောင်းကျော် သူ စုဆောင်းထားခဲ့သော မေတ္တာတရားနှင့် ကရုဏာတရားအားလုံးပြိုလဲသွားခဲ့သည်။ အတင်းအကျပ်ဖိနှိပ်ထားခဲ့ရသော ဇဝေဇဝါ ဖြစ်မှုများနှင့် ရှုပ်ထွေးမှုများသည် အရှိန်အ ဟုန်နဲ့ ထွက်ပေါ်လာပြီး ရှန်ကျွင်းသည် ထိုထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ခံစားချက်တွေကြားမှာ အားကိုးရာမဲ့ဖြစ်နေခဲ့ရသည်။

သူ မခံနိုင်တော့သည့်အဆုံး သတ်ဖြတ်ချင်သောစိတ်ဆန္ဒက သူ့စိတ်ခံစားချက်များကိုထွက်ပေါက်ပေးရန် လမ်းပြပေး လိုက်သလိုဖြစ်သွားသည်။

ထိုစိတ်ဆန္ဒကို သူ မထိန်းချုပ်နိုင်တော့ဘူးဟု ကျီချောင်ချင်ခံစားလိုက်ရသည်။ သူထိန်းချုပ်မှုလွတ်သွားရသောအကြောင်းရင်းက သူ့အတွင်းထဲမှာရှိနေတဲ့ အမည်မသိမကောင်းဆိုးဝါးစွမ်းအင်တွေ ရုတ်တရက်တိုးပွားလာသောကြောင့်ပင်။

ရှန်ကျွင်းလည်း ထိုအရာကိုအာရုံခံမိသော်လည်း သေချာစဉ်းစားဖို့အချိန်မရခဲ့ပေ။ အဘယ့်ကြောင့်ဆို ကျီချောင်ချင် ဒုက္ခထပ်ရောက်နေသောကြောင့်ပင်။ သူမ မြောက်ပိုင်းနယ် စပ်ကိုတိတ်တဆိတ်ရောက်လာခဲ့သည်။

လင်းရူရှုက ကျီချောင်ချင် ယဇ်ပလ္လင်ပေါ်သို့ မတော်တဆပြုတ်ကျသွားသည်ဟု ရှန်ကျွင်းကိုလိမ်ပြောခဲ့သည်။ ထိုအရာက လိမ်ပြောတာဖြစ်နိုင်မှန်း ရှန်ကျွင်းသိသော်လည်း တကယ်ဖြစ်နေမှာကြောက်မိသည်။ သူယဇ်ပလ္လင်နားမှာ ကျီချောင်ချင်ရှိနေတာကို အာရုံခံမိနေသည်။

ထို့ကြောင့် သူ တွေဝေခြင်းမရှိဘဲခုန်ချလိုက်သည်။

ယဇ်ပလ္လင်ထဲမှာ နတ်ဘုရားရှန်ကျွင်းနှင့်ပတ်သက်သည့် အရာအားလုံးရှိနေပြီး ထိုအချိန်မှာပဲ ရှန်ကျွင်း၏မှတ်ဉာဏ်များ တဖြည်းဖြည်းပြန်နိုးထလာခဲ့သည်။

ဝိညာဉ်မျိုးနွယ်စုမှာ သူ ကြုံတွေ့ခဲ့ရသမျှအရာအားလုံး၊ ကျီချောင်ချင်၏အတိတ်၊ ရှင်တူပိုင်နှင့် သူလုပ်ခဲ့သောသဘော တူညီချက်... အားလုံးကို သူပြန်မှတ်မိသွားသည်။ ကျီချောင်ချင်ကို ကောင်းကောင်းစောင့်ရှောက်ပါဟု ရှင်တုပိုင်ကို သူမှာခဲ့တာကိုလည်း သတိရသွားသည်။

ရှန်ကျွင်း ကျီချောင်ချင်၏လှည့်စားမှုကို အကြိမ်ကြိမ်ခံလိုက်ရသောကြောင့် ဒေါသထွက်နေခြင်းမဟုတ်ပဲ ရှင်တုပိုင် ကတိမတည်သဖြင့် ဒေါသထွက်နေမိသည်။

သူ ရှင်တုပိုင်ကိုသတ်ပစ်ချင်ပေမဲ့ အဲဒီတုန်းက ချောင်ချောင် ရှင်တုပိုင်ကိုဘယ်လောက်ချစ်ခဲ့လဲဆိုတာသတိရပြီး မသတ်ရက်ခဲ့ဘူး...

ကျီချောင်ချင်သည် ရှန်တုပိုင်ကိုချစ်သည်ဟု ရှန်ကျွင်း အဘယ့်ကြောင့် တစ်ယူသန်ထင်နေရသလဲဆိုတာကို ယခုမှ ကျီချောင်ချင်နားလည်တော့သည်။

အတိတ်ဘဝတုန်းက ချီပိုင်မှာ တကယ့်ကိုထိုက်တန်တဲ့နတ်ဘုရားတစ်ပါးဖြစ်သည်။ ကြင်နာတတ်တယ်၊ သဘော ကောင်းတယ်၊ ရုပ်ရည်ကလည်းချောမောတယ်။ ချောင်ချောင်ကိုလည်း ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးခဲ့သေးတယ်၊ ချောင်ချောင် သူ့ကိုမချစ်ဘဲနေနိုင်ပါ့မလား၊ ဒါကြောင့်လည်း သူ့အတွက် အသက်စွန့်ရဲခဲ့တာပေါ့...

ရှန်ကျွင်းကတော့ နှလုံးကွဲကြေမတတ်ခံစားနေရသည်။ စိတ်ခံစားချက်များ ဒီရေအလားတိုးဝင်လာသော်လည်း သူဘာလုပ်ရမည်ဆိုတာ ပြောပြမည့်သူ မရှိချေ။ သူ့အတွင်းထဲက နတ်ဆိုးစွမ်းအင်များပြန်ကန်ထွက်လာပြီး ရှန်ကျွင်း၏အသိ စိတ်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ကျီချောင်ချင် ဘာမှသေချာမမြင်ရတော့ချေ။ တစ်ခါတစ်လေ သူမမျက်နှာကို သူမမြင်ရသည်၊ တစ်ခါတစ်လေ ရှန်ကျွင်း လူသတ်နေတာကိုမြင်ရသည်။ နောက်ပိုင်းတွင် ရှန်တုပိုင်သေဆုံးတာကိုတောင်မြင်နေရသည်။

ကျီချောင်ချင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ အဆုံးမရှိသောရှုပ်ထွေးမှုကြားမှာ ရှန်ကျွင်း၏ မျှော်လင့်ချက်မဲ့နေမှုကို သူမခံစားလိုက်ရသည်။ ဘယ်သူမှ သူ့ကိုမကူညီနိုင်ဘူး၊ ဘယ်သူမှ သူ့ကို ဒီချောက်ကမ်းပါးထဲကနေဆွဲမတင်ပေးနိုင်ကြဘူး...

တစ်မျိုးပြောရရင် သူမက ရှန်ကျွင်းရဲ့ ကံဆိုးမိုးမှောင်ကျမှုပါပဲ၊ သူမနဲ့တွေ့တိုင်း သူသေရတယ်...

သူ အကြိမ်ကြိမ်အတိတ်မေ့သွားတာတောင် ကျီချောင်ချင်ကိုပဲ ထပ်ခါထပ်ခါချစ်မိနေတယ်၊ သူ့ကို ဘယ်တော့မှပြန်မချစ်နိုင်မယ့် လူတစ်ယောက်ကိုချစ်မိပြီး အမှားဟောင်းတွေကိုပဲထပ်ခါထပ်ခါ ကျူးလွန်နေမိတယ်...

ကျီချောင်ချင် နောက်ဆုံးတော့သဘောပေါက်သွားတယ်၊ သူမ သာမရှိရင် ရှန်ကျွင်း ဒီလောက်ခံစားရမှာ မဟုတ်ဘူး၊ သူက ကောင်းကင်တာအိုနဲ့ဆက်နွယ်နေတဲ့သူ၊ ပူဇော်မှုတွေကိုလက်ခံပြီး သူမ ဘယ်တော့မှ လက်လှမ်းမမီနိုင်တဲ့ နတ်ဘုရားတစ်ပါးဖြစ်လာရမယ့်သူ...

သူ ခဏတာဇဝေဇဝါဖြစ်ပြီး နာကျင်ခဲ့ရလျှင်တောင် ထိုအချိန်ကာလပြီးသွားပါက ယခင်လိုပင် ပြည့်စုံသောနတ်ဘုရားတစ်ပါးဖြစ်လာဦးမည်ဖြစ်သည်။

သူက ချီပိုင်လိုမျိုး တာဝန်မယူတတ်တဲ့သူ၊ စိတ်မခိုင်တဲ့သူမဟုတ်ချေ။ ရှန်ကျွင်းက လောကမှာ တစ်ပါးတည်းသောနတ်ဘုရားဆိုသောတာဝန်ကို ကျိန်းသေ ထမ်းဆောင်နိုင်မည့်သူဖြစ်သည်။

ရုတ်တရက် ကျီချောင်ချင် နှာခေါင်းရှုံ့လိုက်ပြီး မျက်ရည်များစီးကျလာသည်။ ရုတ်ခြည်းဆိုသလို ရှန်ကျွင်း၏အမြင်အာရုံရှင်းလင်းသွားသည်။

သူ လူသူကင်းမဲ့သောနေရာတစ်ခုသို့ရောက်နေပြီး သူ့ရှေ့တွင် ချန်ကျင်းကျစ်ရပ်နေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူက ချန်ကျင်းကျစ် မဟုတ်ကြောင်း ကျီချောင်ချင်သိလိုက်သည်။

ချန်ကျင်းကျစ်က အနည်းငယ်ပြုံးလိုက်သည်။

သူမ၏မျက်နှာတွင် ကြင်နာမှုနှင့် ကရုဏာတရားများပြည့်နှက်နေသည်။

"ကောင်လေး... နောက်ဆုံးတော့ မင်းကိုယ် မင်းပြန်မှတ်မိပြီပေါ့"

ရှန်ကျွင်းက ပြောသည်။

"ကျီချောင်ချင်ကိုယ်ပေါ်က နတ်ဆိုးစွမ်းအင်တွေ အားလုံး ကျွန်တော့်ဆီရောက်လာပြီး သူ့ဝိညာဉ်စွမ်းအားတွေ သူ့ဆီပြန်ရောက်သွားပြီလေ ဘာလို့ သူ့ကံကအသက်တိုနေသေးတာလဲ"

ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။ သူမက ဗေဒင်လက္ခဏာပညာရပ်မှာမကျွမ်းကျင်သော်လည်း သူမအသက်ကမတိုဘူးဆိုတာသိသည်။ ရှန်ကျွင်းက ဘာလို့ဒီလိုပြောရတာလဲ၊ ပြီးတော့ သူမဆီကနတ်ဆိုးစွမ်းအင်တွေကို သူ့ဆီလွှဲပြောင်းယူလိုက်တယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ?

ချန်ကျင်းကျစ်က ပြောသည်။

"သူ့လက်ထဲမှာစွန်းထင်းနေတဲ့သွေးတွေက အရမ်းများလွန်းတယ်၊ အရင်ဘဝတုန်းက ချီပိုင်ကိုကာကွယ်ဖို့ အပြစ်မဲ့သူတွေအများကြီးကို သူသတ်ခဲ့တယ်၊ ဒီဘဝမှာ ခွင်းလွန်ဓားကိုသုံးပြီး နတ်ဆိုးလမ်းစဉ်ကို ချိတ်ပိတ်ဖို့ကူညီပေးရင်တောင် အသုံးဝင်မှာမဟုတ်ဘူး၊ နတ်ဆိုးစစ်ပွဲကမပြီးသေးဘူး၊ ဒါကြောင့် သူ သေကိုသေရမှာ"

🍃 Chapter 162

ရှန်ကျွင်း၏မျက်လုံးများ စူးရှသွားသည်။

"သူ သေလို့မဖြစ်ဘူး။"

ချန်ကျင်းကျစ်က သတိပေးလိုက်သည်။

"ကျွင်း... အလကားပဲ၊ သူ နတ်ဆိုးစစ်ပွဲတုန်းက လူတွေအများကြီးသတ်ခဲ့တယ်၊ နောက်ပိုင်းမှာ ထျန်းရွှမ်ဂိုဏ်းတစ်ခုလုံးကိုဖျက်ဆီးပြီး သူ့တစ်ယောက်တည်းစွမ်းအားနဲ့ ခြောက်ဘုံကိုဖြိုချဖို့ ကြိုးစားခဲ့တယ်၊ သေဆုံးခြင်းနဲ့ သူ့လမ်းစဉ် ပျောက်ကွယ်သွားခြင်းက ရှောင်လွှဲမရတဲ့သူ့ကံတရားပဲ၊ မင်းတောင်ပြောင်းလဲလို့မရဘူး"

ရှန်ကျွင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

"သူ သေလို့မဖြစ်ဘူး၊ ချီပိုင်ရဲ့လှည့်စားမှုကြောင့် သူ့စိတ် တွေ တွေးတောပုံလွဲမှားသွားတာ၊ သူသာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး"

ချန်ကျင်းကျစ်မျက်နှာပေါ်မှ ကရုဏာရိပ်များလုံးဝပျောက်ကွယ်သွားသည်။ သူမ အေးစက်စွာပြောလိုက်သည်။

"အဲဒီတုန်းက ချီပိုင်ရဲ့ကံကြမ္မာကိုပြောင်းပြန်လှန်ပေးဖို့ မင်းရဲ့ကုသိုလ်ကံတွေကို အပေါင်ပစ္စည်းအနေနဲ့ သုံးပြီး ငါ့ကိုအကျပ်ကိုင်ခဲ့တယ်၊ အခု သူ့အတွက် ငါ့ကို ထပ်ပြီးခြိမ်း ခြောက်ဦးမလို့လား”

ရှန်ကျွင်း "ဒါက အပေးအယူပဲ... ငါ မင်းနဲ့ နောက်ထပ် အပေးအယူတစ်ခုလုပ်ချင်သေးတယ်"

ရှန်ကျွင်းသည် ယခင်က ကောင်းကင်တာအိုနှင့် အပေးအယူ လုပ်ဖူးခဲ့ပြီး ယခု သူ့ရှေ့တွင်ရောက်နေသူမှာလည်း ကောင်း ကင်တာအိုပင်။ ကောင်းကင်တာအိုသည် အကြောင်းမဲ့သက် သက်ပေါ်လာမည်မဟုတ်ပေ။ ရှန်ကျွင်းရှိနေခြင်းက လောကကြီး၏ဖွံဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်ဟု အာရုံခံမိ၍သာ ပေါ်လာခြင်းဖြစ်ပေလိမ့်မည်။

ချန်ကျင်းကျစ်အသွင်ဖန်ဆင်းထားသော ကောင်းကင်တာအိုသည် ကရုဏာသက်သောအပြုံးဖြင့်ပြုံးနေသည်။ သူမသည် ခေါင်းကိုအနည်းငယ် စောင်းလိုက်ပြီး ထူးဆန်းသောလေသံဖြင့်ပြောလိုက်သည်။

"ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ"

ရှန်ကျွင်း၏မျက်နှာတွင် မည်သည့်ခံစားချက်မျှမရှိပေ။ နှစ်ပေါင်းတစ်သောင်းကြာ အထီးကျန်ဆန်မှုများထဲတွင် သူသည် အမြဲတမ်း စွန့်ပစ်ခံရသူ၊ ဖယ်ထုတ်ခံရသူဖြစ်ခဲ့သဖြင့် ဤအရာများကို ယဉ်ပါးနေခဲ့ပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ကျီချောင်ချင် ဒီနေ့ကစပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်သွားရမှာပဲ၊ အဲဒါဆိုလုံလောက်ပါပြီ...

"ကျွန်တော့်အတွက် စိတ်မပူပါနဲ့"

ရှန်ကျွင်း စကားခေတ္တရပ်လိုက်ပြီး သူ၏အေးစက်သောလေသံမှာ အနည်းငယ်ပျော့ပျောင်းသွားသည်။

"ကျေးဇူးပြုပြီး သူ့ကို အရင်ပျော်ရွှင်အောင်လုပ်ပေးပါ"

ကောင်းကင်တာအိုသည် သူ့နောက်ရှိ ခြောက်သွေ့နေသောသစ်ပင်ကြီးကိုလှည့်ကြည့်လိုက်သည်။

"အကယ်၍ ဒီသစ်ပင်ကြီးက တစ်နာရီအတွင်း ပန်းပွင့်လာနိုင်မယ်ဆိုရင် မင်းတောင်းဆိုတာကို ငါ လိုက်လျောပေးမယ်"

ကောင်းကင်တာအိုသည် လွယ်ကူသောတောင်းဆိုမှုများကို ဘယ်တော့မှမပြုလုပ်တတ်ပေ။ ရှန်ကျွင်းသည် ကောင်းကင်တာအိုနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်မှာကြာပြီဖြစ်၍ ဤအချက်ကိုကောင်းစွာ နားလည်သည်။

ရှန်ကျွင်း မက်မွန်ပင်ကြီးကိုကြည့်လိုက်သည်။ ထိုနေရာသည် လုံးဝခြောက်သွေ့နေပြီး သစ်ပင်ကြီးမှာလည်း သက်ရှိလက္ခဏာလုံးဝမရှိတော့ပေ။

ဤနေရာမှာ ရှန်ကျွင်းသည် သူ့ဝိညာဉ်စွမ်းအားကို သုံးလိုမရဘဲ သာမန်လူသားတစ်ယောက်လိုဖြစ်နေသည်။

ရှန်ကျွင်းခဏလောက်စဉ်းစားပြီးနောက် ကောင်းကင်တာအိုကိုပြောလိုက်သည်။

"ကျွန်တော် နည်းလမ်းတစ်ခုစဉ်းစားမိပြီ"

ကောင်းကင်တာအို၏မျက်လုံးများထဲတွင် သနားသောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။

"ကောင်လေး... မင်း တကယ်ပဲ ဒီလိုလုပ်ချင်လိုလား"

ရှန်ကျွင်းမျက်လွှာချလိုက်သည်။ ဝိညာဉ်ရှိသော ခွင်းလွန်ဓားသည်ပင် ဤအချိန်တွင် သူ့အသုံးချခံမလုပ်လိုသဖြင့်ငြင်းဆန်နေသည်။

သူသည် သာမန်ဓားတစ်ချောင်းကိုယူ၍ လက်ကောက်ဝတ်ကိုလှီးဖြတ်လိုက်ရာ ချက်ချင်းပင် သွေးများစီးကျလာပြီး တောက်ပသောအနီရောင် သွေးများသည် သူ၏ ဖြူဖွေးသောအသားအရည်ပေါ်တွင် ထင်ရှားနေသည်။

"တကယ်တော့ ကျွန်တော်မပြောပြရသေးဘူး၊ လူ့ပြည်မှာတုန်းက ပန်းချီဆွဲတာသင်ခဲ့ဖူးတယ်၊ မက်မွန်ပန်းတွေကဖြူစင်ပြီး မွန်မြတ်တဲ့အရည်အသွေးရှိကြတယ်၊ သွေးနဲ့ဆွဲရင်အလှဆုံးပဲ"

ကောင်းကင်တာအို ဘာမှမပြောနိုင်ခင်မှာပင် ရှန်ကျွင်းသည် သူ့လက်ကို စုတ်တံအဖြစ်အသုံးပြုပြီး မက်မွန်ပန်းအများအပြားကို လျင်မြန်စွာရေးဆွဲလိုက်သည်။

သစ်ပင်ကြီးမှာကြီးမားလွန်းသဖြင့် တစ်ပင်လုံးပြီးအောင်ဆွဲရန် ရှန်ကျွင်း နှစ်နာရီခန့်ကြာသွားသည်။ ထိုအရာပြီးသွားသောအခါ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နှုတ်ခမ်းများမှာလည်း စက္ကူဖြူတစ်ရွက်နှင့်မခြားတော့ပေ။

ရှန်ကျွင်းသည် သူ၏စွမ်းအားများ အပြည့်အဝပြန်မရသေးပေ။ သူသည် နတ်ဘုရားတစ်ပါးမဖြစ်သေးချေ။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ရှန်တုပိုင်သည်

ကျွင်း၏စွမ်းအားများကို ရရှိခဲ့သော်လည်း ကိုယ်ပိုင်အဖြစ်အသုံးပြုနိုင်စွမ်းမရှိခဲ့ပေ။ ကံတရား၏ အလှည့်အပြောင်းကြောင့် ထိုစွမ်းအားများသည် ရှန်ကျွင်း၏ခန္ဓာကိုယ်ထဲသို ပြန်လည်ရောက်ရှိလာခဲ့သည်။

သိုသော် ရှန်ကျွင်းသည် နောက်ဆုံးအစီအရင် ဗဟိုချက်ကိုမစုပ်ယူနိုင်ခဲ့ပေ။ သူသည် ကျီချောင်ချင်၏နတ်ဆိုးစွမ်းအင်များကို စုပ်ယူထားသဖြင့် နတ်ဆိုးတစ်ကောင်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ နတ်ဆိုးမျိုးနွယ်စုတွင် ကမ္ဘာဖျက်ဆီးနိုင်သော မကောင်းဆိုး၀ါးတစ်ကောင်ရှိနေပါက ကောင်းကင်တာအိုသည် တွေဝေခြင်းမရှိဘဲ သေချာပေါက် ရှင်းလင်းပစ်လိမ့်မည်။

ရှန်ကျွင်းသည် ယာယီအသက်ရှင်နိုင်ရန်အတွက် သူ့စွမ်းအားများကိုလျှော့ချပစ်ခဲ့ရသည်။

ဘေးမှကြည့်နေသောကျီချောင်ချင်သည် ရှန်ကျွင်း သူမအားပြန်ပေးခဲ့သော ခွင်းလွန်ဓားအကြောင်း ရုတ်တရက်သတိရလိုက်သည်။

ခွင်းလွန်ဓားသည် မူလက ရှန်ကျွင်းပိုင်သောပစ္စည်းဖြစ် သည်။ ကျီချောင်ချင်လက်သိုပေးအပ်ချိန်တွင် အပြစ်အနာအဆာကင်းစင်နေသည်။ နောက်ပိုင်းတွင် ၎င်း၏မကောင်း ဆိုးဝါးစွမ်းအင်များပိုမို အားကောင်းလာသောအခါ ရှန်ကျွင်းကပြန်ယူသွားခဲ့သည်။ သူမထံပြန်ပေးချိန်တွင်မူ ဓားသည်သန့်ရှင်းနေပြန်သည်။

သူမရဲ့မကောင်းဆိုးဝါးစွမ်းအင်တွေက ခွင်းလွန်ဓားထဲမှာပုန်းအောင်းနေတာများလား၊ ဒါကြောင့်လည်း ရှန်ကျွင်းက လူတွေကို ကံတရားနဲ့ဆုံးဖြတ်တဲ့အခါ သူမရဲ့အော်ရာက ထူးဆန်းနေတယ်လိုပြောခဲ့တာကိုး၊ သူမက ကြီးလေးတဲ့အပြစ်တွေကျူးလွန်ခဲ့တာ ထင်ရှားပေမဲ့ သူမမှာဘာကံတရားမှမရှိသလိုဖြစ်နေတယ်၊ သူမရဲ့ကံတရားအားလုံးကို ရှန်ကျွင်းရဲ့ခွင်းလွန်ဓားက စုပ်ယူထားခဲ့တာပဲ...

မူလတွင် ရှန်ကျွင်း၏မွေးရာပါမှော်လက်နက်ဖြစ်သော ခွင်းလွန်ဓားသည် ကျီချောင်ချင်နှင့်အတူ နှစ်ပေါင်းများစွာလိုက်ပါခဲ့ပြီး သခင်၏အမိန့်များကို တိတ်တဆိတ်ထမ်းဆောင်ကာ အသံမထွက်ဘဲ သူမကိုကောင်းစွာကာကွယ်ပေးခဲ့သည်။

ထိုစဉ်က ခွင်းလွန်ဓားသည် သူမကိုအားနည်းလွန်းသည်ဟုထင်၍ စကားနားမထောင်ခြင်းဖြစ်မည်ဟု ကျီချောင်ချင်ထင်ခဲ့သည်။ အမှန်တွင် ဓား၌နတ်ဆိုးစွမ်းအင်များပြည့်နှက်နေသောကြောင့် သူမကိုကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ထွက်ခွာသွားခြင်းဖြစ်သည်ကို သူမ မမျှော်လင့်ခဲ့မိပေ။

နောက်ပိုင်းတွင် ရှန်ကျွင်းသည် သူမ၏အပြစ်များ အားလုံးကိုယူဆောင်သွားပြီး သူမလုပ်ရပ်များ၏ အကျိုးဆက်များကို တွေဝေခြင်းမရှိဘဲခံယူခဲ့သည်။ ကံကောင်းသည်မှာ သူ့ဝိညာဉ်စွမ်းအားများ အားလုံးကို ကျီချောင်ချင်အားပေးအပ်လိုက်ခြင်းဖြင့် သူ့မှတ်ဉာဏ်များပါ ပါသွားမည်ကို သူ

မမျှော်လင့်ခဲ့ခြင်းပင်။ သိုမဟုတ်ပါက ရှန်ကျွင်း သူမအတွက် မည်သည့်အရာများလုပ်ပေးခဲ့သည်ကို သူမ ဘယ်တော့မှသိနိုင်မည်မဟုတ်ပေ။

ကျီချောင်ချင် စကားတစ်လုံးမှမပြောနိုင်တော့ပေ။ ရှန်ကျွင်း သည် အမှန်ကိုကောင်းလွန်းသူဖြစ်သည်။ သူမ၏အပြစ်ကင်းစင်သောနှစ်ကာလများတွင် သူသည် သူမကိုတိတ်တဆိတ်ကာကွယ်ပေးခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့သည်။

သူမဘာမှမသိဘဲ ဒီနှစ်တွေအကြာကြီး အရာအားလုံးကို မေးခွန်းမထုတ်ဘဲလက်ခံခဲ့မိတယ်...

ကောင်းကင်တာအိုထွက်ခွာသွားပြီးနောက် ကိုမာအခြေအနေမှနိုးထလာသော ချန်ကျင်းကျစ်နှင့် ဒဏ်ရာအပြင်းအထန်ရထားသော ရှန်ကျွင်းတိုသာ ကျန်ရစ်ခဲ့သည်။

ရှန်ကျွင်းသည် ပွင့်နေသောမက်မွန်ပင်ကြီးကိုမှီလျက် ကျီချောင်ချင်ကို ဖုန်းလိုင်ဂိုဏ်းသိုလာစေချင်ကြောင်း ကျီချန်သဲပြန်လာစေချင်လျှင် သူပြောသည့်အတိုင်းလုပ်ဆောင်ရန် ချန်ကျင်းကျစ်ကိုပြောလိုက်သည်။

သူသည် ချန်ကျင်းကျစ်ကို သူ၏အစီအစဉ် အပြည့်အစုံပြောပြပြီး ကျီချောင်ချင်ကို ဖုန်းလိုင်ဂိုဏ်းသိုခေါ်ဆောင်လာရန် မှာကြားခဲ့သည်။

ထိုအချိန်တွင် ထော့်ပါကျီရောက်လာပြီး ကျီချောင်ချင် နတ်ဆိုးဘုံသိုတိတ်တဆိတ်ရောက်ရှိနေကြောင်း ပြောပြသည်။

အမှန်တွင် ရှန်ကျွင်းသည် ကျီချောင်ချင်မကြာသေးမီက ဘယ်ရောက်နေသလဲဆိုတာ အတိအကျသိနေသဖြင့် သူမပေါ်လာခြင်းကိုမအံ့သြခဲ့ပေ။

ရှန်ကျွင်းလည်း ကျီချောင်ချင်ကိုရှာဖွေရန်လိုအပ်နေသည်။ သူ့တွင် အစီအစဉ်ရှိပြီးသားဖြစ်သော်လည်း ကျီချောင်ချင်ကိုပြောပြလိုက်လျှင် ပြဿနာရှာဖို အခွင့်အရေးပေးလိုက်သလိုဖြစ်သွားလိမ့်မည်။ ခွေးတစ်ကောင်ကို အသားမုန့်ပုံဘေးနား ထားပြီး ငြိမ်ငြိမ်နေစေချင်သည်မှာ စိတ်ကူးယဉ် သက်သက်ပင်။ အကယ်၍ ကျီချောင်ချင်သာ သူနှင့် ဆန့် ကျင်ဘက်တွင်ရပ်တည်ပါက မည်မျှခက်ခဲသောသူဖြစ်လာမည်ကို ရှန်ကျွင်း ယခုအခိုက်အတန့်တွင် သဘောပေါက်လိုက်သည်။

သူသည် ပြဿနာဖြစ်စေမည့်ကိန်းကိုရှောင်ရှားရန်အတွက် သူမကိုရိုက်ပြီးသတိမေ့သွားစေကာ နှစ်ဝက်ခန့်အိပ်ပျော်နေစေခဲ့သည်။

All Chapters