အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
🍃 Chapter 167
သားရဲကြီးသည် ကျီချောင်ချင်ပြောနေသည်ကိုနားမလည်သဖြင့် ဇဝေဇဝါဖြင့်ခေါင်းစောင်းလိုက်သည်။
မည်သူမျှစကားမပြောကြသော်လည်း ကျီချောင်ချင်သည် သူမနှစ်သက်သောအရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ သူမ နှုတ်ခမ်းပေါ်တွင် ရိုးရှင်းသော အပြုံးတစ်ခုပျံ့နှံ့သွားသည်။
"ဟုတ်တယ်... ရှင် မကြာခင်ပြန်လာတော့မှာ၊ ပြီးတော့ ကျွန်မ ရှင့်ကိုမကြာခင်တွေ့ရတော့မှာ"
ကျီချောင်ချင် မျက်နှာပေါ်ရှိအမူအရာသည် သူမစကားများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး ပူပြင်းသောနေရောင်အောက်တွင် ကျောချမ်းဖွယ်ခံစားမှုကိုဖြစ်ပေါ်စေသည်။
...
ကွင်းပြင်တွင် ရှန်တုပိုင်သည် သူ့ပြတ်သွားသောလက် ကောက်ဝတ်ကို ပြန်ဆက်လိုက်သည်။ သူ့မျက်လုံးတစ်ဖက်ထုတ်ယူခံထားရပြီး ညာဘက် မျက်လုံးအိမ်မှသွေးများ ထပ်ခါထပ်ခါထိန်းချုပ်မရ စီးကျနေသည်။
အောက်ဘက်ရှိလူအုပ်ကြီးသည် ရှန်တုပိုင်၏စွမ်းရည်ကို မချီးကျူးဘဲမနေနိုင်ကြပေ။ သူ့ပြိုင်ဘက်မှာမူ ပုံပျက်ပန်း ပျက်ဖြစ်သွားခဲ့သည်။
စင်မြင့်ပေါ်ရှိကျီချောင်ချင်သည် သန့်စင်လှသော မျက်လုံးလှလှများကိုကစားနေပြီး အေးစက်စွာပြောလိုက်သည်။
"နင်တို့နတ်ဆိုးမျိုးနွယ်စုမှာ ဘာလို့ သင့်တော်တဲ့ ပါရမီရှင်တစ်ယောက်မှမရှိရတာလဲ?"
"နတ်ဆိုးမျိုးနွယ်စုက ပါရမီရှင်တွေအကုန်လုံးနီးပါး သေကုန်ပြီ၊ ပြီးတော့ နတ်ဆိုးနဲ့သရဲမျိုးနွယ်စုက ပါရမီရှင်တွေလည်း ပြန်မရောက်လာကြသေးဘူး"
ထော့်ပါကျီ၏နဖူးမှ ချွေးစက်တစ်စက်စီးကျလာသည်။ ကျီချောင်ချင်က ရှန်တုပိုင်ကိုပြိုင်ပွဲစတင်ခိုင်းခဲ့သည်။
လွန်ခဲ့သောသုံးရက်အတွင်း ရှန်တုပိုင်သည် မရေမတွက်နိုင်သောနတ်ဆိုးကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး မောပန်းနွမ်းနယ်နေပြီဖြစ်သော်လည်း ကျီချောင်ချင်ကကျေနပ်ခြင်းမရှိသေးပေ။
"သူ့ရဲ့နောက်ထပ်မျက်လုံးတစ်လုံးကို ယူမယ့်သူရှာမရရင် နင်တက်ပြီးသူ့ကိုတိုက်ခိုက်လိုက်ပါလား?"
ရှန်တုပိုင်ကိုတိုက်ခိုက်ရမယ်? ဒါကအရှင်လတ်လတ်ငရဲသွားသလိုပဲ!
ထိုသည်ကိုကြားချိန် ထော့်ပါကျီရင်ထဲမှာ ငိုကြွေးလိုက်မိသည်။ ကျီချောင်ချင်နဲ့ဆက်ဆံရတာ တကယ့်ကိုခက်ခဲလွန်းတယ်! သူမရဲ့စိတ်နေသဘောထားက ပြတ်သားတယ်၊ သူမလိုချင်တာမရရင် သေခြင်းတရားပဲရှိတယ်၊ ညှာတာမှုလုံးဝမရှိဘူး၊ လွန်ခဲ့တဲ့နှစ်ရက်အတွင်း ကျီချောင်ချင်အတွက်အလုပ်လုပ်ပေးတဲ့ နတ်ဆိုးတွေအများကြီး သူမလက်ချက်နဲ့သေဆုံးခဲ့ရတယ်၊ ကျီချောင်ချင်ကရက်စက်လွန်းတယ်၊ သူမ ကိုယ်တိုင်မလုပ်ဘဲ နတ်ဆိုးတွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းတယ်၊ သူတို့မလုပ်ရင် သူတို့ရဲ့ဝိညာဉ်တွေကိုချေမွပစ်ပြီး လောကကြီးထဲကနေ ပျောက်ကွယ်သွားအောင်လုပ်ပစ်မယ်တဲ့...
ထော့်ပါကျီက ပြောလိုက်သည်။
"ဒီလက်အောက်ငယ်သား သေချာပေါက်လုပ်ပါ့မယ်!"
ရှန်တုပိုင်သည် လှည့်ကြည့်လိုက်ပြီး အဝေးမှ ကျီချောင်ချင်ကိုလှမ်းပြောသည်။
"ချောင်ချင်... မင်း ဒါကိုသဘောကျရဲ့လား?"
ရှန်တုပိုင်သည် မယုံနိုင်လောက်အောင် စိတ်ရှည်သည်းခံနေသည်။ ဤသုံးရက်အတွင်း ကျီချောင်ချင်သည် ခြောက်ဘုံရှိလူတိုင်းကို သူသည် သူမလက်ထဲမှအရုပ်တစ်ရုပ်သာဖြစ် ကြောင်း၊ သူမခိုင်းသမျှလုပ်ရကြောင်းနှင့် ဂုဏ်သိက္ခာလုံးဝမရှိကြောင်းသိမြင်စေခဲ့သည်။
ဤအခြေအနေရောက်နေတာတောင် သူပြုံးနိုင်သေးသဖြင့် ကျီချောင်ချင် သူ့ကိုလေးစားမိသည်။
သူမလည်းပြုံးလိုက်ပြီး လူတိုင်းရှေ့တွင် ခွေးတစ်ကောင်ကိုစနောက်သကဲ့သို့ ပြောလိုက်သည်။
"ဒီကိုလာခဲ့"
ရှန်တုပိုင်တည်ငြိမ်စွာဖြင့် ကွင်းထဲမှဆင်းလာသည်။ မျက်နှာ ဖုံးစွပ်ထားသကဲ့သို့အပြုံးတစ်ခုနှင့် ကျီချောင်ချင်၏ရှေ့တွင်ရပ်လိုက်သည်။
ကျီချောင်ချင်သည် ဆိုဖာရှည်ပေါ်တွင်ထိုင်နေသဖြင့် ရှန်တုပိုင်ကိုမော့ကြည့်နေရသည်။ စိတ်မကျေနပ်သလိုဖြစ်သွားပြီး သူမလက်ကမ်းပေးလိုက်ကာ ခွေးတစ်ကောင်ကိုခေါ်သကဲ့သို့ ကုန်းခိုင်းလိုက်ပြီးနောက် သူ့ပါးကိုရိုက်လိုက်သည်။
ဖြောင်း!
သူမရိုက်ချက်ကမပြင်းသော်လည်း လူတိုင်းရှေ့တွင် ဖြစ်သဖြင့် အရှက်ရစရာကောင်းလှသည်။
ရှန်တုပိုင်၏မျက်နှာထား အနည်းငယ်တောင့်တင်းသွားသည်။
ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်ပြီးပြောသည်။
"နင့်ကိုယ်ပေါ်ကသွေးတွေကို သန့်စင်တဲ့ဂါထာသုံးပြီး ဖယ်ရှားလိုက်၊ ငါ ညစ်ပတ်တာမကြိုက်ဘူး"
ရှန်တုပိုင် သန့်စင်ဂါထာကိုအသုံးပြုပြီး သူ့ကိုယ်ပေါ်မှသွေးများအားလုံးကို ဖယ်ရှားလိုက်သည်။
ထိုအခါမှ ကျီချောင်ချင် အနည်းငယ်ကျေနပ်သွားသည်။
"ဒူးထောက်လိုက်"
ရှန်တုပိုင် နာခံစွာဖြင့်ဒူးထောက်လိုက်သည်။ ကျီချောင်ချင်သည် ရှန်တုပိုင်၏မျက်လုံးတစ်လုံးကို ပေါ့ပေါ့ပါးပါးလွှင့်ပစ်လိုက်ပြီးနောက် သူ့မေးစေ့ကို ဖြည်းညှင်းစွာကိုင်ကာ သွားများကိုစစ်ဆေးလိုက်သည်။
"လိမ္မာလိုက်တာ၊ ဒီနေ့ကစပြီး နင့်နာမည်က ခွေးကလေး၊ ဟုတ်ပြီလား?"
ကျီချောင်ချင်သည် သူမလက်ကို ရှန်တုပိုင်၏ခေါင်းပေါ်သို့ရွှေ့လိုက်သည်။
သူမသည် ပေါ့ပေါ့ပါးပါးပင် သတိမထားမိသယောင်ဖြင့် ရှန်တုပိုင်၏ဦးခေါင်းခွံကို ဦးရေပြားမှတစ်ဆင့် ထိတွေ့လိုက်သည်။ သူမ၏လှုပ်ရှားမှုသည် မရည်ရွယ်ဘဲလုပ်လိုက်သကဲ့သို့ပင်။
ရှန်တုပိုင်သည် သူ၏အသက်သွေးကြောကို ဆုပ်ကိုင်ခံထားရသလိုခံစားချက်နှင့် ဦးရေပြားပေါ်မှစူးရှသောခံစားချက်များကြောင့် အလိုအလျောက် လက်သီးဆုပ်လိုက်မိသည်။
လူတိုင်းရှေ့တွင် ရှန်တုပိုင်ကပြောလိုက်သည်။
"ချောင်ချင် သဘောကျရင်..."
ကျီချောင်ချင် ရုတ်တရက် သူ့ဦးခေါင်းခွံကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး သူမအသံသည် ရေခဲတမျှအေးစက်သွားသည်။
"ဒါဆို နင် ငါ့နာမည်ကိုမခေါ်သင့်ဘူးလေ၊ သခင်လို့ ခေါ်သင့်တာပေါ့၊ ကြားလား... ခွေးကလေး”
လီမင်လော့နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ လွှမ်းမိုးထားသောနေရောင်ခြည်အောက်တွင် ကျီချောင်ချင်၏မျက် နှာကို သူ မြင်လိုက်ရသည်။
နေရောင်ထဲတွင် ကျီချောင်ချင်၏မျက်ဝန်းများသည် လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားသည်။
"ရှင် နိုးလာပြီပဲ!"
လီမင်လော့ထထိုင်လိုက်သည်။ သူ့ခေါင်းကိုက်ခဲနေပြီး ခြေထောက်များလည်း အလွန်နာကျင်နေသည်။ သူ့ရင်ဘတ်ထဲတွင် ဝိညာဉ်စွမ်းအင်များပြည့်နှက်နေသဖြင့် သူ၏နတ်ဆိုးစွမ်းအင်များကို ခန္ဓာကိုယ်၏ အနက်ရှိင်းဆုံးထောင့်တစ်နေရာသို အတင်းအကျပ် ပိုဆောင်ထားရသည်။
နတ်ဆိုးစွမ်းအင်ပေါများသော သီးသန့်နေရာတစ်ခုကိုရှာမတွေ့ပါက ဝိညာဉ်စွမ်းအင်များကြောင့် သူ တိုက်စားခံရပြီး သေဆုံးသွားမည်ကိုစိုးရိမ်မိသည်။
ကျီချောင်ချင်သည် လီမင်လော့၏ခေါင်းကိုပုတ်ပေးရင်း ရေရွတ်လိုက်သည်။
"မကြောက်နဲ့၊ မကြောက်နဲ့! ဥုံဖွလုပ်ပေးလိုက်ရင်နာတာတွေပြေသွားလိမ့်မယ်!"
လီမင်လော့ကြောင်အမ်းသွားသည်။ သူငယ်ငယ်တုန်းက ကျီချောင်ချင် သူ့ကို ထိုသိုမကြာခဏပြောလေ့ရှိသည်။ ထိုအ ချိန်တုန်းက သူ့မိဘတွေကိုဆုံးရှုးလိုက်ရခါစဖြစ်ပြီး ကျီချောင်ချင်ကညတိုင်း သူ့အနားမှာနေပေးခဲ့သောကြောင့် သူအေးအေးချမ်းချမ်းအိပ်ပျော်ခဲ့ရသည်။
သူအိပ်မက်ဆိုးမက်ပြီးလန့်နိုးလာတိုင်း ကျီချောင်ချင်က သူ့ကျောကိုညင်သာစွာပုတ်ပေးရင်းပြောလေ့ရှိသည်။
"မကြောက်နဲ့၊ မကြောက်နဲ့၊ ဥုံဖွလုပ်ပေးလိုက်ရင် နာတာတွေ ပျောက်သွားလိမ့်မယ်"
ယခု ကျီချောင်ချင်၏ပါးစပ်က ထိုစကားကို ပြန်ကြားလိုက်ရချိန် လီမင်လော့ အခြားကမ္ဘာတစ်ခုကိုရောက်သွားသလို ခံစားလိုက်ရသည်။
ကျီချောင်ချင်က သူမစကားမှားသွားမှန်း သတိမထားမိပေ။ လီမင်လော့၏မျက်ဝန်းများ နီရဲလာသည်ကိုမြင်လိုက်ရသဖြင့် သူမ အနီရောင်လက်ကိုင်ပုဝါကိုအမြန်ထုတ်ကာ သုတ်ပေးလိုက်သည်။
"မင်လော့... ဘာဖြစ်လိုလဲဟင်"
လီမင်လော့ လက်တွေ့ဘဝထဲပြန်ရောက်လာသည်။ မနေ့က နူးညံ့သိမ်မွေ့မှုများသည် ဝေးကွာသော အတိတ်တစ်ခုလိုခံစားရသော်လည်း ကံကောင်းသည်မှာ ကျီချောင်ချင် သူ့ဘေးနားတွင်ရှိနေသေးသည်။ သူမနှင့်အတူကုန်ဆုံးရန် အချိန်တွေအများကြီးကျန်ပါသေးသည်။
"ချောင်ချင်... ကိုယ်တို..."
သူစဉ်းစားကြည့်ချိန် ဤချောက်ကမ်းပါး အောက်ခြေမှာ ကျီချောင်ချင်နှင့်အတူနေရတာသိပ်မဆိုးလှဟု လီမင်လော့တွေးမိသည်။ လောကကြီးနှင့် အဆက်အသွယ်ဖြတ်ပြီး မည်သူမှ သူတိုဘဝကိုမနှောင့်ယှက်နိုင်တော့ပေ။ သူ့ကျန်းမာရေးအတွက် ဆိုရင်လည်း သူ့ကိုယ်သူကုသဖို ချောက်ကမ်းပါး အောက်ခြေမှာ နတ်ဆိုးဆင့်ခေါ်တဲ့အစီအရင်တစ်ခု ဖန်တီးလိုရသည်။
ဒီလောကကြီးမှာ ဘယ်သူမှ ကျီချောင်ချင်ကို သူ့ဆီကနေလုယူသွားလိုမရတော့ဘူး၊ သူမက သူ့တစ်ယောက်တည်းအပိုင်ပဲ...
သိုသော် သူ စကားပြောရန်ပြင်လိုက်စဉ်မှာပင် ကျီချောင်ချင်ရယ်မောလိုက်ပြီးပြောသည်။
"ကျွန်မတို အခုဘယ်ရောက်နေလဲခန့်မှန်းကြည့်?"
လီမင်လော့ အလိုအလျောက်ဘေးဘီဝဲယာကိုကြည့်လိုက်ရာ မြေပြင်ပြန့်ပြူးနေပြီး အမြင့်ဆုံးအရာဟူ၍ တောင်ကုန်းအနိမ့်လေးများသာရှိသည်ကို တွေ့လိုက်ရသည်။
ကျီချောင်ချင်၏ ပိုမိုတောက်ပလာသောအပြုံးကို ကြည့်ရင်း သူ့ရင်ထဲတွင် စိုးရိမ်စိတ်များတိုးဝင်လာသည်။
"ကျွန်မတို ချောက်ကမ်းပါးကနေလွတ်လာပြီ! အိမ်ပြန်လိုရပြီ မင်လော့ရဲ့၊ ရှင်နဲ့အတူ ထျန်းရွှမ်ဂိုဏ်းကို လိုက်ခဲ့ရမလား၊ နတ်ဘုရားဂိုဏ်းတွေရဲ့ခေါင်းဆောင်ထျန်းရွှမ်ဂိုဏ်းက ဘယ်လောက်တောင်စွမ်းအားကြီးလဲဆိုတာ ကျွန်မကြည့်ချင်တယ်!"
မဖြစ်ဘူး! သူမ ပြန်သွားလိုမဖြစ်ဘူး!
ထျန်းရွှမ်ဂိုဏ်းပျက်စီးသွားသည်မှာ ကြာပြီဆိုတာ လီမင်လော့သိသည်။ သူမသာ ကျင့်ကြံသူများနှင့် တွေ့ပါက သူက နတ်ဘုရားဂိုဏ်း၏သစ္စာဖောက် ဖြစ်နေသည်ဆိုတာသိသွားလိမ့်မည်။ အဲ့ဒီအခါကျရင် သူဘာလုပ်မလဲ၊ သူမရဲ့မှတ် ဉာဏ်တွေလှုဆော်ခံရပြီး ပြန်သတိရလာရင်ရော?
ထိုအပြင် ရှန်တုပိုင်အပေါ်ထားသော ကျီချောင်ချင်၏ သံယောဇဉ်ကို လီမင်လော့ကောင်းကောင်း သိသည်။ သူမပြန်လာတုန်းက ရှန်တုပိုင်ကိုမသတ်ခဲ့သည်မှာ သူမ သူ့အပေါ် သံယောဇဉ်ကျန်နေသောကြောင့်ပင်။
ရှန်တုပိုင်က သူမအပေါ် ရွံရှာစရာကောင်းသောကိစ္စတွေ အများကြီးလုပ်ခဲ့တာကိုတောင် သူမက သူ့ကို လွှတ်ပေးထား သည်ကိုကြည့်ပါက သူတိုဆက်ဆံရေးကသာမန်မဟုတ်ဘူးဆိုသည်မှာ သိသာနေသည်။ ထိုအပြင် ယခင်တုန်းက ရှန်တုပိုင်ကြောင့် သူ့ကို ကျီချောင်ချင်ကယ်ခဲ့သည်ကို လီမင်လော့အခုထိ နာကြည်းနေတုန်းပင်။ ကျီချောင်ချင်ကို ရှန်တုပိုင်နှင့် အတွေ့ခံလိုမဖြစ်ချေ။
ကျီချောင်ချင်အား ရှန်တုပိုင်လုယူသွားမှာကို လီမင်လော့ ကြောက်ရွံနေသည်။
လီမင်လော့၏မျက်နှာထား ပုံမှန်မဟုတ်သည်ကို မြင်လိုက်ရသဖြင့် ကျီချောင်ချင် စိုးရိမ်တကြီးမေးလိုက်သည်။
"ဘာဖြစ်လိုလဲ?"
လီမင်လော့အကြည့်သည် ကျီချောင်ချင်၏ မျက်နှာထက်သိုကျရောက်သွားသည်။
ကျီချောင်ချင်သည် အလွန်လှပလွန်းသည်။ အတိတ်မေ့နေလျှင်ပင် သူမ၌ဒုက္ခရောက်နေသည့် အရိပ်အယောင်လုံးဝမရှိပေ။ သားရဲကြီးက သူမကိုအမြဲကာကွယ်ပေးနေသည်။
သူမသည် ရေနစ်နေသောခွေးတစ်ကောင်ပမာ သနားစရာကောင်းနေသည့်သူ့ကို ဘယ်တော့မှကြိုက်လာမည့်ပုံမပေါ်ပေ။
လီမင်လော့ဝမ်းနည်းသွားမိပြီး ပြောလိုက်သည်။
"ချောင်ချင်... ကိုယ် မင်းကိုသဘောကျတယ်၊ ဒီကနေထွက်သွားပြီးရင် မင်း တခြားတစ်ယောက်ကို သဘောကျသွားဦးမှာလား?"
နောက်ဆုံးတော့ ငါးစာမိပြီပဲ...
ကျီချောင်ချင် မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်တစ်ခု လက်ခနဲဖြစ်သွားပြီး မီးရှူးမီးပန်းများပမာပျောက်ကွယ်သွားသည်။ ထိုနောက် သူမ၏လှပသောမျက်ဝန်းများတွင် ရိုးသားမှုများပြည့်နှက်လာသည်။
"မင်လော့... ကျွန်မလည်း ရှင့်ကို တကယ်သဘောကျပါတယ်! မဝမ်းနည်းပါနဲ့နော်!"
လီမင်လော့ရင်ခုန်မိသွားသည်။ ယခင်ကတစ်ခါမျှမခံစားဖူးသောနွေးထွေးမှုတစ်ခု သူ့ခန္ဓာကိုယ်ထဲသို စီးဝင်လာပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်အောင်ဖြစ်သွားသည်။
ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး၊ နောင်တစ်ချိန် ကျီချောင်ချင် တခြားတစ်ယောက်ကိုသဘောကျသွားရင်တောင်၊ သူမချစ်တဲ့သူက ရှန်တုပိုင်ဖြစ်တယ်ဆိုတာ ပြန်သတိရသွားရင် တောင် ကိစ္စမရှိပါဘူး၊ သူ အကုန်လုံးကိုသတ်ပစ်လိုက်မှာ...
ဒီဘဝမှာ ကျီချောင်ချင်က သူ့အပိုင်ပဲဖြစ်ရမယ်...
ရှန်တုပိုင်သည် အမှန်တကယ့်ကိုသန်မာသူ ဖြစ်သည်။ ကြီး မားသောနတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်ထားသဖြင့် ခြောက်ဘုံတွင် ကျီချောင်ချင်မှလွဲ၍ သူ့ကိုယှဉ်နိုင်သူမရှိပေ။
ထိုကဲ့သိုသောလူတစ်ယောက်သည် မောက်မာပြီး အရာအားလုံးကိုအထင်သေးသင့်သည်။ ကျီချောင်ချင်၏ပြောင် ပြောင်တင်းတင်း စော်ကားမှုကိုခံရချိန်တွင် သူပြန်လည်တိုက်ခိုက်သင့်သည်။
သိုသော် သူမတိုက်ခိုက်ခဲ့ပေ။ ကျီချောင်ချင် သူ့သိက္ခာကိုခြေမွပစ်သည့်တိုင် သူသည် ကျီချောင်ချင်၏ကြိုးဆွဲရာကပြပြီး ကစားစရာအရုပ်သဖွယ် ငြိမ်ခံနေခဲ့သည်။ ပြန်လည်ခုခံမည့် အရိပ်အယောင်လုံးဝမပြပေ။ အဘယ်ကြောင့်ဆိုသော် ကျီချောင်ချင်သာ သူ့ကိုတကယ်တိုက်ခိုက်ပါက သူ ပြန်လည် တုံပြန်ရန် အခွင့်အရေးမရှိကြောင်း ကောင်းကောင်း သိထားသောကြောင့်ဖြစ်သည်။
ကျီချောင်ချင် နတ်ဆိုးဘုံသိုရောက်ရှိလာသည့်သုံးလအတွင်း ရှန်တုပိုင်သည် မှတ်မိရန်ခက်ခဲလောက်အောင် နှိပ်စက်ခံခဲ့ရသည်။ နတ်ဆိုးဘုံပင်မခန်းမဆောင်အပြင်ဘက်တွင် သူ့လည်ပင်းနှင့်ခြေလက်များကို နှစ်ထောင်ချီသက်တမ်းရှိ မာကျောပြီး လေးလံသော သံမဏိနက်သံခြေချင်းများဖြင့်ခတ်ထားသည်။
ရှန်တုပိုင်၏အဖြူရောင်ဝတ်စုံများသည် သွေးများဖြင့်စွန်းထင်းနေပြီး အချိုနေရာများတွင်မည်းနက်နေသည်။ သူသည် သွေးများ၊ အညစ်အကြေးများဖြင့်ပေကျံနေပြီး ဆံပင်များလည်းဖရိုဖရဲဖြစ်နေသည်။ သူသည် ဤရှုပ်ထွေးနေသောအခြေအနေဖြင့် ကျီချောင်ချင်နေထိုင်ရာ ပင်မခန်းမဆောင် အပြင်ဘက်တွင် ဒူးထောက်ကာတွားသွားနေရသော် လည်း မျက်နှာထားမှာခံစားချက်ကင်းမဲ့နေသည်။
လွန်ခဲ့သောနှစ်ရက်အတွင်း နတ်ဆိုးဘုံသည် ရုတ်တရက်စည်ကားလာခဲ့သည်။ ဖြတ်သွားဖြတ်လာနတ်ဆိုးများနှင့် ကျင့်ကြံသူများသည် ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့် အလွန်အမင်းတုန်လှုပ်သွားကြသည်။ လူတစ်ထောင်ကြည့်လျှင် တစ်ထောင်၊ တစ်သောင်းကြည့်လျှင် တစ်သောင်းတုန်လှုပ်ရမည့် မြင်ကွင်းပင်။ တစ်ချိန်ကမြင့်မြတ်ပြီးတန်ခိုးကြီးမားခဲ့သော ထျန်းရွှမ်ဂိုဏ်းချုပ်ရှန်တုပိုင်သည် ယခုအခါ ဤမျှသနားစရာကောင်းသော အခြေအနေသိုရောက်ရှိသွားခဲ့သည်။
ချန်ဝမ်ရှန်းသည် မလှမ်းမကမ်းတွင်ရပ်နေပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ရှန်တုပိုင်ကိုကြည့်နေသည်။
မနေ့ကထော့်ပါကျီသည် ဂိုဏ်းသိုလက်နက်ချစာလွှာ ပေးပိုခဲ့သည်။ သူ နတ်ဆိုးလမ်းစဉ်ခေါင်းဆောင်အဖြစ်ရှိနေစဉ်ကာလအတွင်း နတ်ဆိုးလမ်းစဉ်သည် လူ့လောကသိုခြေမချပါဘူးဟု ကတိပြုခဲ့သည်။ ထိုအရာက ထော့်ပါချီနှင့် ရှန်ကျွင်းပေးခဲ့သောကတိပင်။
နတ်ဆိုးလမ်းစဉ်နှင့်လူ့လောကကြားတွင် တည်ရှိသော ကျီချောင်ချင်၏နန်းတော်သည် နှစ်ဖက် စာချုပ်လက်မှတ်ရေးထိုးမည့်နေရာဖြစ်လာသည်။
ချန်ဝမ်ရှန်းနှင့် ဆရာတော်ချင်းချီတိုသည် အမှန်တရားလမ်းစဉ်မှစေလွှတ်လိုက်သော ကိုယ်စားလှယ်များဖြစ်ကြပြီး ယနေ့ စာချုပ်လက်မှတ်ရေးထိုးရန် ရောက်ရှိလာကြခြင်းဖြစ်သည်။
ရှန်တုပိုင်၏ဆိုးရွားသောအခြေအနေကို မြင်လိုက်ရသဖြင့် ဆရာတော်ချင်းချီက အောမီထောဖောဟု တိုးတိုးလေးရေရွတ်လိုက်သည်။ သူကား ချန်ဝမ်ရှန်းကိုပြောသည်။
"ဒကာချန်... ကျုပ်တိုတွေသွားကြစို"
ချန်ဝမ်ရှန်း "သူက တစ်ချိန်တုန်းက ကျွန်တော့်ဆရာဖြစ်ခဲ့ဖူးတယ်ဆရာတော်၊ သူ့ကိုလွှတ်ပေးဖို ကျီချောင်ချင်ကို တောင်း ပန်သင့်လား?"
ဆရာတော်ချင်းချီ "ဒကာကိုယ်တိုင်က သူဟာ ဆရာဟောင်းလိုပြောပြီးမှတော့ ဒကာ့မှာအဖြေရှိပြီးသားဖြစ်မှာပါ"
ဘာပဲဖြစ်ဖြစ် ရှန်တုပိုင်က ကျီချောင်ချင်ကိုအရမ်း ဒုက္ခပေးခဲ့တာ၊ ချန်ဝမ်ရှန်း ရှန်တုပိုင်ကို ဆရာအဖြစ် အသိအမှတ်မပြုချင်တော့ဘူး...
🍃 Chapter 168
ချန်ဝမ်ရှန်း၏မျက်လုံးများ အေးစက်သွားသည်။
"ဆရာတော် ပြောတာမှန်တယ်၊ ကျွန်တော့်မှာအဖြေရှိပြီးသားပါ၊ ဝင်ပြီး ကျီချောင်ချင်ကိုသွားရှာကြစို၊ သူ့ကိုမတွေ့ရတာကြာပြီ"
၎င်းတိုနှစ်ဦးထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ချန်ဝမ်ရှန်း ရုတ်တရက် ရှန်တုပိုင်၏စကားသံကို ကြားလိုက်ရသည်။
"တပည့်ကျော်လေး... မင်းက ဆရာ့ကိုတွေ့တာတောင် ဂါရဝလာမပြုပါလား၊ ဒါ ဘယ်လိုဓလေ့ထုံးစံမျိုးလဲ?"
ထိုမျှလောက် သနားစရာကောင်းသောအခြေအနေ ရောက်နေတာတောင် ရှန်တုပိုင်၏လေသံက ပေါ့ပေါ့ပါးပါးဖြစ်နေသေးသည်။ သူသည် ပန်းခြံထဲ လမ်းလျှောက်နေသလိုမျိုး သူ့အရှက်မရှိမှုကို လေးစားရလောက်သည်။
ချန်ဝမ်ရှန်းလှည့်မကြည့်ဘဲ သူ့ဓားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
"ဆရာ... ခင်ဗျား ဒီမှာဒူးထောက်ပြီး အပြစ်တွေကိုပြန်ပေး ဆပ်သင့်တယ်"
ဆရာတော်ချင်းချီက ရှန်တုပိုင်ကိုလက်အုပ်ချီလိုက်သည်။
"ဒကာ... ကောင်းမှုကကောင်းကျိုးပေးပြီး မကောင်းမှုက မကောင်းကျိုးပေးတတ်စမြဲပါ၊ ဒီနေ့ ရလဒ်က မနေ့ကအကြောင်းတရားကြောင့်ဖြစ်လာတာပါ၊ မစဉ်းစားသင့်တာတွေကိုမစဉ်းစားဖို့ ဘုန်းကြီး အကြံပေးချင်ပါတယ်၊ မဟုတ်ရင် ဒကာ့ အသက်နဲ့ပြန်ပေးဆပ်ရလိမ့်မယ်"
ရှန်တုပိုင်က သူတို့နှစ်ဦးထွက်ခွာသွားသည်ကိုကြည့်ပြီး မပြုံးဘဲမနေနိုင်တော့ပေ။ သွေးများပေကျံနေသော သူ့မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။
"မဟုတ်ဘူး... နောက်ဆုံးကျရင် ငါကပဲ သေချာပေါက် အနိုင်ရသူဖြစ်လာမှာ"
ထော့်ပါကျီသည် ကျီချောင်ချင်၏နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ ယခု သူသည် နတ်ဆိုးလမ်းစဉ်၏ သခင်ဖြစ်သော် လည်း ကျီချောင်ချင်ကိုမြင်လိုက်ရသည့်အခါ ရိုသေစွာဦးညွှတ်ပြီးပြောသည်။
"အရှင်... ချန်ဝမ်ရှန်းနဲ့ ဆရာတော်ချင်းချီတို့ တွေ့ခွင့်တောင်းနေပါတယ်"
ကျီချောင်ချင်သည် စာလုံးလှရေးနေပြီး ခေါင်းမမော့ဘဲမေးလိုက်သည်။
"သူတို့ ဘာကိစ္စနဲ့လာကြတာလဲ?"
"မနေ့က အရှင့်အမိန့်အတိုင်း ကျင့်ကြံသူဂိုဏ်းဆီကိုလက် နက်ချစာလွှာသွားပို့ခဲ့ပါတယ်၊ ဒီနေ့ သူတို့ စာချုပ်လက်မှတ် ထိုးဖို့လာကြတာပါ"
ထော့်ပါကျီက အသေးစိတ်ရှင်းပြသည်။
"စောစောက သူတို့အပြင််မှာ ခွေးကလေးနဲ့စကားနည်းနည်းပြောခဲ့ကြတယ်၊ ချန်ဝမ်ရှန်းက သူ့ကို သနားနေပုံရတယ်"
ကျီချောင်ချင် "သူတို့ကိုဝင်ခွင့်ပေးလိုက်"
ထော့်ပါကျီ နာခံလျက်ထွက်သွားသည်။
ခဏကြာချိန် ချန်ဝမ်ရှန်းနှင့် ဆရာတော်ချင်းချီတို့ ဝင်လာကြသည်။
ချန်ဝမ်ရှန်းမော့ကြည့်လိုက်ချိနိ ရိုးရှင်းသောအဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျီချောင်ချင်ကို တွေ့လိုက်ရသည်။ တစ်ခဏတာ သူတို့ ယခင်လိုဖြစ်နေသေးသည်ဟု သူထင်လိုက်မိသည်။ ထိုစဉ်တုန်းကလည်း သူမသည် အဖြူရောင်ဝတ်ရုံလေးတွေဝတ်ရတာ သဘောကျခဲ့သည်။
သို့သော် ချန်ဝမ်ရှန်း အလျင်အမြန်သတိပြန်ဝင်လာသည်။ ကျီချောင်ချင်သည် ဂရုမစိုက်ဟန်၊ အေးစက်ဟန်ပေါ်နေပြီး ရင်းနှီးသူများကိုတွေ့ရသည့်အတွက် ဝမ်းသာသည့်အရိပ်အယောင် သူမမျက်နှာတွင်မတွေ့ရပေ။
ဆရာတော်ချင်းချီက ကျီချောင်ချင်၏အေးစက်မှုကို မအံ့သြပေ။ သူ စာချုပ်ကိုထုတ်ပေးလိုက်ပြီး ပြောသည်။
"အောမီထောဖော... ဒကာမကျီ၊ ငြိမ်းချမ်းရေး စာချုပ်ရောက်ပါပြီ"
ယနေ့ကစပြီး လောကကြီးငြိမ်းချမ်းသွားတော့မည်။
ကျီချောင်ချင်မယူလိုက်ပေ။ သူမသည် နားလည်ရခက်ပြီး ခက်ခဲသော ရှေးဟောင်းစာသားတစ်ခုကို အလွန်အလေးအနက်ထား၍ လေ့ကျင့်နေပုံရသည်။ သူမဘေးတွင်ရပ်နေသော ထော့်ပါကျီက ချက်ချင်း ယူလိုက်ပြီး စာချုပ်ပါအကြောင်းအရာများကို သေချာဖွင့်ဖတ်လိုက်သည်။
ခန်းမဆောင်ထဲတွင် ပုံမှန်မဟုတ်ဘဲတိတ်ဆိတ်နေသည်။ ချန်ဝမ်ရှန်းကမေးလိုက်သည်။
"မင်း... မင်း ပြန်လာမှာလား?"
ကျီချောင်ချင်သည် နောက်ဆုံးစာလုံးကိုရေးပြီးသွား၍ စုတ် တံကိုချလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးလက်ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင် တစ်ခုသည် ခန်းမဆောင်အပြင်ဘက်ရှိ ရှန်တုပိုင်ထံသို့ပျံသန်းသွားသည်။
ဝိညာဉ်စွမ်းအင်မှာ အလွန်သာမန်ဖြစ်ပြီး သာမန် တပည့်လေးများပင် ရှောင်တိမ်းနိုင်သော်လည်း ရှန်တုပိုင် မရှောင်နိုင်ဘဲခံလိုက်ရသည်။
ကျီချောင်ချင် "ချန်ဝမ်ရှန်း... ထူးဆန်းလိုက်တဲ့မေးခွန်းပဲ၊ ငါက ဘယ်ကိုပြန်လာရမှာလဲ?"
ချန်ဝမ်ရှန်း တန့်သွားသည်။ သူသာမက ကျီချောင်ချင်ရော ပြန်စရာနေရာမရှိတော့ဘူးဆိုတာကို သူ ရုတ်တရက် သဘော ပေါက်လိုက်သည်။ ထျန်းရွှမ်ဂိုဏ်းပျက်စီးသွားပြီး သူတို့ကိုချစ်ခင်သော အကြီးအကဲများလည်းသေရင်သေ၊ မသေပါကရူးကုန်ကြသည်။ သူတို့မှာ သွားစရာနေရာမရှိတော့ပေ။
ရှန်တုပိုင်သည် အပြင်ဘက်မှတွားသွားဝင်ရောက်လာပြီး အဆုံးတွင် ကျီချောင်ချင်၏ခြေရင်း၌ ဒူးထောက်လိုက်သည်။
သူမဝင်ခင် သွေးစွန်းတာများကို သန့်စင်ခဲ့သည့်အတွက် ကျီချောင်ချင်ကျေနပ်သွားပြီး ဆုချသည့်အနေဖြင့် သူ့ခေါင်းကို ညင်သာစွာပုတ်ပေးလိုက်သည်။
ထိုအပြုအမူက ခွေးတစ်ကောင်ကိုလေ့ကျင့်ပေးနေသည်နှင့် မခြားနားသော်လည်း ရှန်တုပိုင်က ခေါင်းပုတ်ခံရတာတောင် တောင့်တောင့်ကြီးဖြစ်နေသည်။
သူမ၏ဂုဏ်သိက္ခာချသောအပြုအမူကြောင့် စိတ်အနှောင့်အ ယှက်ဖြစ်နေခြင်းမဟုတ်ဘဲ သူမ သူ့ ဦးခေါင်းခွံကိုရိုက်ခွဲ လိုက်မည်ကို စိုးရိမ်နေခြင်း ဖြစ်ကြောင်း ကျီချောင်ချင်ကောင်းစွာသိသည်။
သို့သော် သူသတိထားပြီးခံစားလွယ်လေ ကျီချောင်ချင်ကသူ့ခေါင်းကိုပုတ်ပြီး သူ့အသက်သွေးကြောကိုဆုပ်ကိုင်ထားချင်လေလေဖြစ်နေသည်။
ထိုမြင်ကွင်းက အရှက်ရစရာကောင်းလွန်းသဖြင့် ချန်ဝမ်ရှန်းမျက်နှာလွှဲလိုက်သည်။
"ဘာလို့ သူ့ကိုသတ်မပစ်လိုက်တာလဲ?"
ကျီချောင်ချင်မျက်လုံးများကိုပင့်ကာ ချန်ဝမ်ရှန်းကို အဆုံးတွင်သေချာကြည့်လိုက်သည်။
"ဆရာနဲ့ ဘိုးဘေးတွေကိုသစ္စာဖောက်တဲ့ ဒီလိုကိစ္စမျိုး ငါဘယ်လိုလုပ်ရက်မှာလဲ၊ ဟုတ်တယ်မလား... ခွေးကလေး?"
ကျယ်ဝန်းသောအင်္ကျီအောက်တွင် ရှန်တုပိုင် လက်သီးကိုဆုပ်လိုက်ပြီး တည်ငြိမ်စွာပြုံးလိုက်သည်။
"ဟုတ်ပါတယ်၊ သခင် ပြောတာမှန်ပါတယ်"
ချန်ဝမ်ရှန်း မျက်နှာထားပျက်ယွင်းသွားသည်။ ကျီချောင် ချင်ကို အန္တရာယ်မှကယ်တင်ပေးခဲ့ပြီး ဖခင်တစ်ဦးကဲ့သို့ သန်မာ၍အားကိုးရသော သူသည် အဆုံးတွင်လုံးဝပြိုလဲသွားခဲ့သည်။
ကျီချောင်ချင် ဖျော့တော့စွာ ပြုံးလိုက်ပြီးပြောသည်။
"ကောင်းပြီ၊ ခွေးကလေးက ဒီလောက်လိမ္မာမှတော့ ခွေးက လေးကိုကြည့်ခွင့်ပေးမယ်၊ စာချုပ် လက်မှတ်ထိုးတဲ့အချိန်ကစပြီး ထော့်ပါကျီအသက်ရှင်နေသရွေ့ နတ်ဆိုးလမ်းစဉ်က လူ့လောကကို ခြေမချရဘူး၊ ချိုးဖောက်ရင် ဒါကစာချုပ်ဖောက်ဖျက်တာပဲ၊ ကောင်းကင်ဘုံက ကတိဖျက်တဲ့သူကိုအပြစ်ပေးဖို့ ကပ်ဘေးတစ်ခုစေလွှတ်လိမ့်မယ်"
ရှန်တုပိုင် လိုက်ပြုံးလိုက်သည်။ ကိစ္စမရှိပါဘူး၊ သူ့မှာအခွင့် အရေးရှိလာမှာပဲ... ကျီချောင်ချင်ကိုယ်ထဲက စွမ်းအားတွေကိုစုပ်ယူဖို့ အခွင့်အရေးသေချာပေါက် ရှာတွေ့မှာ၊ ပြီးရင် ထော့်ပါကျီကိုတိုက်ရိုက်သတ်ပစ်လိုက်မယ်၊ လောကကြီးကသူ့အပိုင်ဖြစ်လာဦးမှာ!
အကယ်၍ သူသာ ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင်ဖြစ်လာခဲ့လျှင် ကျီချောင်ချင်ကို သေချာပေါက် သတ်မည်မဟုတ်ချေ။ ဒီနေ့ သူခံစားခဲ့ရတဲ့ အရှက်တကွဲဖြစ်မှုတွေကို အဆတစ်ရာ၊ အဆတစ်ထောင်မက ပြန်ပေးဆပ်ခိုင်းမယ်!
"ဟုတ်... ခွေးကလေး သေချာကြည့်နေပါ့မယ်"
စာချုပ်လက်မှတ်ထိုးချိန်တွင် ထော့်ပါကျီ ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။
ကျီချောင်ချင်သည် ဆရာတော်ချင်းချီထံသို့ လက်ကမ်း လိုက်သည်။
"ဒီနေ့ ဆရာတော်ကိုတွေ့ခွင့်ပြုတာက ဆရာတော်ဆီကနေ တစ်ခုတောင်းဆိုချင်လို့ပါ"
ဆရာတော်ချင်းချီ တွေဝေခြင်းမရှိဘဲ သင်္ကန်းလက်ထဲမှ သေတ္တာငယ်လေးတစ်ခုကိုထုတ်ယူကာ ကျီချောင်ချင်လက်ထဲသို့ လေးလေးနက်နက်ပေးအပ်လိုက်သည်။
"အဲဒီနေ့တုန်းက ဘုန်းကြီးအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ဒီလောက်ပဲစုဆောင်းမိပါတယ်၊ ကျန်တာကတော့ ဒကာမလေးကျီ အပေါ်ပဲမူတည်ပါတယ်"
ကျီချောင်ချင်သည် သေတ္တာကိုတင်းတင်းကျပ်ကျပ်ဆုပ် ကိုင်လိုက်ရာ ရေခဲပြင်ကိုဖောက်ထွက်လာသည့်အလား သူမ၏မျက်နှာပေါ်တွင် နွေးထွေးမှု အရိပ်အယောင်တစ်ခုပေါ်လာသည်။ သူမ၏ အကြည့်သည် ပြတင်းပေါက်အပြင်ဘက်ရှိ မက်မွန်ပင်ထံသို့ မတော်တဆရောက်သွားသကဲ့သို့ဖြစ်နေသည်။ မက်မွန်ပင်သည် စိမ်းလန်းစိုပြေစွာ ပေါက် ရောက်နေပြီး တစ်နှစ်ပတ်လုံးနေရောင်မရသော နတ်ဆိုးဘုံတွင်ပွင့်နေသည့် မက်မွန်ပန်းများသည် လုံးဝညှိုးနွမ်းခြင်းမရှိပေ။
ကျီချောင်ချင် တစ်ချက်သာကြည့်လိုက်ပြီး မီးလောင်ခံလိုက်ရသကဲ့သို့ အကြည့်လွှဲလိုက်သည်။
"စိတ်မပူပါနဲ့၊ မကြာခင်ဖြစ်လာတောမှာပါ"