← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 17 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 17 Ch. 171-172

🍃 Chapter 171

အဖြူရောင်ဝတ်ကျီချောင်ချင်၏ မျက်ဝန်းများက လျစ်လျူ ရှုထားသော အကြည့်မျိုးဖြင့်ကြည့်လာသည်။

"ရှန်တုပိုင် နှစ်ယောက်တောင်ပါလား"

ကျီချောင်ချင်၏နှုတ်မှ ရှန်တုပိုင်ဟူသောအမည်ကို ကြားလိုက်ရသည့်အခါ လီမင်လော့၏နှလုံးသားမှာ လေးလံသွားသည်။ သူ့နာမည်က လီမင်လော့ ဖြစ်သည်။ ရှန်တုပိုင်မဟုတ်ဘူး!

အနီရောင်ဝတ်ကျီချောင်ချင်၏ မျက်နှာပေါ်မှအပြုံးမှာ ရုတ်တရက်ပျောက်ကွယ်သွားသည်။ သူမက လီမင်လော့ကိုပြောလိုက်သည်။

"ရှင်က ကျွန်မကိုကြိုက်တယ်ဆိုရင် တခြားသူကို ကြည့်လိုမရဘူးလေ၊ ကျွန်မ အရမ်းစိတ်ဆိုးမှာနော်..."

အဖြူရောင်ဝတ်ကျီချောင်ချင်သည် လီမင်လော့ထံမှအကြည့်လွှလိုက်ပြီး စိတ်ဝင်စားမှုမရှိသော လေသံဖြင့်ပြောလိုက်သည်။

"ချိုယွင်းချက်ရှိတဲ့ပစ္စည်းတစ်ခုကိုများ ဂရုစိုက်နေရတယ်လို"

သူမ၏မောက်မာသောအပြုအမူက လီမင်လော့အား နိမ့်ကျသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သိုခံစားရစေသည်။ သိုသော် ကျီချောင်ချင်ထုတ်ပြောလိုက်သော ရှန်တုပိုင်ဆိုသူမှာမူ သူမ၏နှုတ်ဖျားမှ တသသပြောထိုက်သူဖြစ်နေသည်။

ထိုစကားတစ်ခွန်းတည်းဖြင့် လီမင်လော့သည် ခန်းမဆောင်ထဲမှ ထိတ်လန့်တကြားထွက်ပြေးလုနီးပါး ဖြစ်သွားသည်။ အခြေအနေများသည် ဤမျှလောက်ထိ သူထင်မှတ်ထား သည်ထက် ကျော်လွန်သွားလိမ့်မည်ဟုမျှော်လင့်မထားခဲ့မိပေ။

ကျီချောင်ချင်သည် ရုပ်ပြောင်းသိုင်းကွက်တစ်ခုခုကို အသုံး ပြုထားသည်မှာ သေချာသော်လည်း သူမ ဘာကြောင့် ဒီလိုလုပ်ရသနည်း။ သူမဘာလုပ်ချင်နေတာလဲ?

လီမင်လော့၏သွေးများ အေးခဲသွားသလိုခံစားလိုက်ရသည်။ ကျီချောင်ချင်သည် သူ့ကိုသာမက ရှန်တုပိုင်ကိုပါရှင်းပစ်ရန်အတွက် ဤရုပ်ပြောင်းသိုင်းကွက်ကို သုံးထားသည်ဟု သံသယဝင်မိသည်။ သိုသော် ထိုသံသယကို သူ ချက်ချင်းပယ်ဖျက်လိုက်သည်။ ကျီချောင်ချင်၏စွမ်းရည်မှာ မနိမ့်ပါးချေ။ အကယ်၍ သူမသာ သူတိုနှစ်ယောက်ကိုရှင်းပစ်ချင်တယ်ဆိုလျှင် အဘယ်ကြောင့် တိုက်ရိုက်မသတ်ပစ်ရသနည်း။

ဤအကြပ်အတည်းကြားတွင် ဗျာများနေရင်း လီမင်လော့သည် မသိလိုက်မသိဘာသာဖြင့် ကြီးမားသော ဇီးပင်ကြီးတစ်ပင်အောက်သိုရောက်သွားသည်။

ဇီးပင်ကြီးသည် အရွက်များဖြင့်စိမ်းလန်းနေပြီး လေပြည်လေညှင်းကိုပင် ဝင်မလာနိုင်အောင်ပိတ်ဆိုထားသည်။ လီမင်လော့သည် သူ၏နောက်ထပ်ခြေလှမ်းကိုစဉ်းစားကာ ပိုအသက်ရှူကျပ်လာသလိုခံစားနေရသည်။

ယခုအခါ ကျီချောင်ချင် နှစ်ယောက်ရှိနေပြီဖြစ်သည်။ သူတိုကို ပြန်လည်ပေါင်းစည်းသွားအောင်လုပ်ဆောင်ရန် နည်းလမ်းရှာရမည်။ ထိုနောက် အခွင့်ကောင်းယူ၍ ကျီချောင်ချင်၏အတိတ်မှတ်ဉာဏ်များကိုလုံးဝဖျောက်ပစ်ကာ သူမအနေဖြင့် သူ့ကိုသာ ထာဝရကြည့်နေမည့်သူဖြစ်လာအောင်လုပ်ရမည်။

သိုသော် ထိုမတိုင်မီ ကျီချောင်ချင်သာ ရှန်တုပိုင်နှင့် တွေ့ဆုံသွားခဲ့လျှင် မည်သိုလုပ်မည်နည်း။

ကျီချောင်ချင်သည် ယခင်က ရှန်တုပိုင်ကိုချစ်ခဲ့ဖူးသည်။ အကယ်၍ သူမသည် မှတ်ဉာဏ်ပျောက်ဆုံးနေစဉ်အတွင်း သူ့ကိုနောက်တစ်ကြိမ် ထပ်ချစ်မိသွားပါက လီမင်လော့နောင်တရမဆုံးဖြစ် နေပေလိမ့်မည်။

လီမင်လော့သည် မသိစိတ်ကပင် ရှန်တုပိုင်အား ကြီးမား သောခြိမ်းခြောက်မှုကြီးအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ဤလောကတွင် ရှန်တုပိုင် သေဆုံးသွားခြင်းကို အလိုလားဆုံးသူမှာ သူပင် ဖြစ်သည်။

ရှန်တုပိုင်အကြောင်းတွေးမိသည်နှင့် လီမင်လော့သည် မုန်းတီးမှုများ ရုတ်တရက်ထွက်ပေါ်လာသည်။ ရှန်တုပိုင်အသက်ရှင်နေသရွေ့ ကျီချောင်ချင်သည် သူ့အပေါ်ဘယ်တော့မှ အာရုံစိုက်လာမည်မဟုတ်ပေ။

လီမင်လော့သည် သူ့ကိုယ်သူ ရှန်တုပိုင်၏အရိပ်မည်းတစ်ခုကဲ့သိုခံစားနေရသည်။ ရုပ်ရည်၊ အရည်အချင်းနှင့် ဉာဏ်နီ ဉာဏ်နက် အရာရာတိုင်းတွင် ရှန်တုပိုင်က သူ့ထက်သာလွန်နေသည်။ သူ့ဆရာရှိနေသရွေ့ ဤလောကတွင် သူ့ကို ဘယ်သူမှသတိထားမိကြမည်မဟုတ်ပေ။

လီမင်လော့ ထိုအဖြစ်ကိုလက်မခံလိုပေ။

ခန်းမဆောင်ကြီးထဲတွင် ကျီချောင်ချင်နှစ်ယောက်သာ ကျန်ရစ်လေသည်။

အဖြူရောင်ဝတ်ကျီချောင်ချင်က ပြောလိုက်သည်။

"မမျှော်လင့်ထားတဲ့ပြဿနာတွေ မဖြစ်လာရအောင် သူတိုကိုအမြန်ဆုံးရှင်းပစ်ကြစို"

အနီရောင်ဝတ်ကျီချောင်ချင်သည် ပင်မထိုင်ခုံကြီးပေါ်တွင်ထိုင်လျက် သူမ၏ခြေထောက်တစ်ဖက်ကို ဘေးရှိနဂါးခေါင်းပန်းပုပေါ်သိုတင်ထားပြီး ဆံနွယ်များကို ပေါ့ပေါ့ပါးပါးကစားနေလေသည်။

"မလောပါနဲ့... ငါ ကစားလိုမဝသေးဘူး"

အဖြူရောင်ဝတ်ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်သည်။

"မဆင်မခြင်မလုပ်နဲ့"

အနီရောင်ဝတ်ကျီချောင်ချင်သည် သူမ၏ဆံပင်ကို ဘေးသိုပစ်ချလိုက်ပြီး မတ်မတ်ထိုင်ကာ တစ်ဖက်လူကိုစိုက်ကြည့်လိုက်သည်။

"နင်က ဘာလို ဒီလောက်လောနေရတာလဲ? ကြောက်နေတာလား? ဒီကိုယ်ပွားသိုင်းက တကယ်ပျင်းဖိုကောင်းတယ်၊ ငါ့ရဲ့နောက်ထပ်တစ်ဝက်က တကယ့်အမှိက်ပဲ!"

အဖြူရောင်ဝတ်ကျီချောင်ချင် "သူ့ဝိညာဉ်ကို ငါ့ဆီ အရင်ပေး"

အနီရောင်ဝတ်ကျီချောင်ချင် "နင် စုဆောင်းထားတဲ့ ဝိညာဉ်တွေကိုရော ငါ့ဆီ ဘာလိုမပေးတာလဲ?"

အဖြူရောင်ဝတ်ကျီချောင်ချင်၏ အရှိန်အဝါသည် ရုတ်တ ရက် ကြမ်းတမ်းသွားသည်။

"မတုံးစမ်းနဲ့!"

အနီရောင်ဝတ်ကျီချောင်ချင်က အထင်သေးစွာ ရယ်မောလိုက်သည်။

"နင်လို ဘာမှမရှိတဲ့အမှိက်ကများ ငါနဲ့ယှဉ်ပြိုင်ရဲတယ်ပေါ့! ငါသာနင့်ကိုသတ်ပြီး နင့်နေရာဝင်ယူလိုက်ရင် ဘယ်သူကသိမှာမိုလိုလဲ?"

အဖြူရောင်ဝတ်ကျီချောင်ချင်သည် ခွင်းလွန်ဓားကို တင်း ကျပ်စွာဆုပ်ကိုင်လိုက်သည်။ ခွင်းလွန်ဓားသည် တုန်ခါမြည်ဟီးနေသော်လည်း ဓားအိမ်ထဲမှ ကျွတ်ထွက်မလာပေ။

အဖြူရောင်ဝတ်ကျီ‌ချောင်ချင်သည် ခွင်းလွန်ဓားကို ပြန်လွှတ်လိုက်ပြီး ပြောသည်။

"အခုကရန်ဖြစ်ရမယ့်အချိန်မဟုတ်ဘူး၊ သူ့ကိုပြန်ရဖိုက အရေးအကြီးဆုံးပဲ"

အနီရောင်ဝတ်ကျီချောင်ချင်က နှာခေါင်းရှုလိုက်သည်။

"ဒါပေါ့ ငါသိတာပေါ့၊ ဒါပေမဲ့ သူကပြန်လာရမှာပဲလေ၊ ပြီးတော့ ရှန်တုပိုင်ကိုလည်း ငါနှိပ်စက်ရဦးမယ်! မဟုတ်ရင် ငါက လီမင်လော့ကိုဒီရောက်အောင် ဘာလိုမျှားခေါ်လာရမှာလဲ၊ ရှန်တုပိုင်သာ အလွယ်တကူသေသွားရင် ငါ့ခရီးစဉ်က အလကား ဖြစ်မသွားဘူးလား?"

ထိုအချိန်တွင် အနီရောင်ဝတ်ကျီချောင်ချင်နှင့်အတူ ပြန်ရောက်လာသောသားရဲကြီးသည် မောဟိုက်စွာဖြင့်ဝင်ရောက်လာသည်။ ၎င်း၏ရှေ့တွင် ကျီချောင်ချင်နှစ်ယောက်ကိုမြင်လိုက်ရသောအခါ မျက်လုံးကြီးများပြူးကျယ်သွားပြီး ဇဝေဇဝါဖြစ်သွားလေသည်။

အဖြူရောင်ဝတ်ကျီချောင်ချင်သည် သားရဲကြီးကို မြင်သောအခါ မသိစိတ်ဖြင့် ရှေ့သိုခြေတစ်လှမ်းတိုးလိုက်မိသည်။

ရုတ်တရက် ဝိညာဉ်စွမ်းအင်များဖြင့်ဖွဲစည်းထားသော သတ်ဖြတ်ချင်စိတ်ပြည့်နေသောဓားတစ်လက်သည် သူမ၏ရင်ဘတ်ကို ပိတ်ဆိုထားလိုက်သည်။ အကယ်၍ သူမ နောက်ထပ်ခြေတစ်လှမ်းတိုးလိုက်ပါက ထိုဓားသည် သူမ၏ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းပစ်ပေလိမ့်မည်။

အဖြူရောင်ဝတ်ကျီချောင်ချင်သည် ဓားကိုကိုင်ထားသော အနီရောင်ဝတ်ကျီချောင်ချင်အား အေးစက်စွာ ကြည့်လိုက်သည်။

အနီရောင်ဝတ်ကျီချောင်ချင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ လက်ကနဲဖြစ်သွားသည်။

"သူက ငါ့အပိုင်!"

အဖြူရောင်ဝတ်ကျီချောင်ချင်မှာ ပြုံးလိုက်သော်လည်း ထိုအပြုံးတွင်လှောင်ပြောင်မှုများရောယှက်နေသည်။

"ရှန်တုပိုင်သာမသေရင် သူ ဘယ်တော့မှပြန်လာမှာ မဟုတ်ဘူး၊ အခု ငါတိုပိုင်ဆိုင်ထားတဲ့ သူ့ဝိညာဉ်တွေက တဖြည်း ဖြည်းပျောက်ကွယ်သွားလိမ့်မယ်၊ နင် ကစားချင်တယ်ဆိုရင်လည်း သွားကစားချေ"

ထိုစကားကိုကြားသောအခါ အနီရောင်ဝတ်ကျီ‌ချောင်ချင်၏ မျက်နှာထား ပြောင်းလဲသွားသည်။

သားရဲကြီးသည် ထိုနှစ်ယောက်ကြားမှ တင်းမာသော အခြေ အနေကို သတိပြုမိသဖြင့် အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားလေတော့သည်။

အဖြူရောင်ဝတ်ကျီချောင်ချင်က လိုက်ဖမ်းရန်ပြင်လိုက်သော်လည်း အနီရောင်ဝတ်ကျီချောင်ချင်က တားဆီးလိုက်ပြီး အံကြိတ်ကာပြောလိုက်သည်။

"သူ ဘာမှမဖြစ်ပါဘူး! အခု လူသတ်ဖို ငါနဲ့လိုက်ခဲ့!"

——

သန့်စင်ကန်သည် အဆင့်နိမ့်နတ်ဆိုးများ၏မစင်များကိုစုစည်းပြီး စွန့်ပစ်ရာနေရာဖြစ်သည်။ ရှန်တုပိုင်သည် မျက်နှာသေဖြင့် ကျင်ငယ်အိုးတစ်လုံးကို ဆေးကြောနေသည်။ တချိန်က သွယ်လျလှပခဲ့သောသူ့လက်များတွင် ယခုအခါ အညစ်အကြေးများ စွန်းထင်းနေပြီး မူလအသားအရောင်ကိုပင်မမြင်ရတော့ပေ။

ကျီချောင်ချင်က ရှန်တုပိုင်အား မည်သည့်အရာကိုမဆိုဆေးကြောရာတွင် ဝိညာဉ်စွမ်းအင် သိုမဟုတ် မှော်စွမ်းအင် အသုံးပြုခွင့်မရှိကြောင်း လက်ဖြင့်သာ ဆေးကြောရမည်ဖြစ်ကြောင်း အတိအကျအမိန့်ပေးထားသည်။

"ဟေး... ဒါ ထျန်းရွှမ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဟောင်း ရှန်တုပိုင် မဟုတ်လား? ဘာတွေများဖြစ်ကုန်တာလဲ? ငါတိုရဲ့ကျင်ငယ်အိုးကမွှေးနေလိုလား... ဟားဟားဟား!"

အဆင့်နိမ့်နတ်ဆိုးအချိုဖြတ်သွားကာ ရှန်တုပိုင်၏ ရှုပ်ပွညစ်ပတ်နေသောပုံစံကို မြင်သဖြင့် မနေနိုင်ဘဲ လှောင်ပြောင်ကြလေသည်။

နတ်ဆိုးများသည် ရှန်တုပိုင်အပေါ်ထားရှိခဲ့ဖူးသော လေးစားမှုများပျောက်ဆုံးနေပြီဖြစ်ရာ တွေ့သမျှလူတိုင်းက သူ့ကိုစိတ်ထင်တိုင်း ရယ်သွမ်းသွေးကစားကြသည်။

"ဟုတ်ပါ့ကွာ! အရင်တုန်းက သူက ငါတိုညီအစ်ကို‌ တွေအများကြီးကိုသတ်ခဲ့တာလေ၊ အခုတော့ ငါတိုလိုအဆင့်နိမ့်နတ်ဆိုးတွေရဲ့အစေခံဖြစ်သွားပါရောလား၊ ဝဋ်လည်တာကွ!"

ရှန်တုပိုင်သည် ကျင်ငယ်အိုးဆေးကြောနေမှုကို ရပ်တန့်လိုက်ပြီး လက်သီးကို ဖြည်းဖြည်းချင်းဆုပ်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ကြုံတွေ့ခဲ့ရသောအရှက် တကွဲ အကျိုးနည်းဖြစ်မှုများကြောင့် သူ ထုံထိုင်းနေပြီဟုထင်ခဲ့သော်လည်း ယခုလိုမထိန်းချုပ်နိုင်တော့သည့်အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟုမထင်ထားခဲ့မိပေ။

ကျီချောင်ချင်သည် အလွန်အင်အားကြီးမားလွန်းသည်။ ရှန်တုပိုင်သည် သူနောက်ထပ်လှမ်းမည့်ခြေလှမ်းများကို အကြိမ်ကြိမ်တွက်ချက်ကြည့်သော်လည်း ခြေလှမ်းတိုင်းသည် လမ်းမရှိသောလမ်းပိတ်များသာဖြစ်နေသည်။

ကျီချောင်ချင်၏လွှမ်းမိုးထားသော အင်အားကြောင့် ရှန်တုပိုင်၏တွက်ချက်မှုတိုင်း အရာမထင်ဖြစ်နေရသည်။ အကယ်၍ သူသာစိတ်လိုက်မာန်ပါဖြင့် တစ်ခုခုလုပ်လိုက်ပါက ကျီချောင်ချင်၏လက်ချက်ဖြင့်သေရလိမ့်မည်ဟု သူ သေချာပေါက်သိနေသည်။

သူ မသေချင်သော်လည်း ဤကဲ့သိုအရှက်ခွဲခံရခြင်းကိုလည်း သည်းမခံချင်ပေ။

🍃 Chapter 172

"ဟေ့ကောင်... ငါတို ကျင်ငယ်အိုးဆေးပေးတဲ့ အစေခံကများ ငါတိုကို လျစ်လျူရှုရဲတယ်ပေါ့!"

"ရှန်တုပိုင်... အာ... မဟုတ်သေးဘူး! သူ့ကို ခွေးကလေး... ခွေးကလေးလိုခေါ်သင့်တာ!"

"ခွေးကလေး... ဟားဟားဟား... နိမ့်ကျတဲ့ ခွေးကလေး! ငါတို ကျင်ငယ်အိုးရဲ့အနံ့ကိုကြိုက်လား? ဟားဟားဟား..."

ဖောင်း!

ရှန်တုပိုင်သည် ခေါင်းပင်မလှည့်ဘဲ နတ်ဆိုးများရှိရာသို လက်နှစ်ချောင်းထိုးချိန်လိုက်ရာ မှော်စွမ်းအင်တစ်ခုပေါက်ကွဲထွက်သွားပြီး ချက်ချင်းပင် ထိုနတ်ဆိုးများ အသက်ပျောက်သွားကြလေသည်။

ထိုနောက် ချက်ချင်းပင် ရှန်တုပိုင်သည် သန့်စင်ခြင်းဂါထာဖြင့် မိမိကိုယ်ကိုအမြန်သန့်စင်လိုက်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်ကာ ဆေးကြောကန်တစ်ခုလုံးကို ဖျက်ဆီးပစ် လိုက်သည်။

အဆုံးတော့ သူသည်းမခံနိုင်တော့ပေ။

ရှန်တုပိုင်သည် အသက်ပြင်းပြင်းရှူလိုက်ရာ သူ့ဆင်ခြင်တုံ တရားများ တဖြည်းဖြည်းပြန်လည်ရောက်ရှိလာသည်။ သူမတ်တပ်ရပ်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ကျီချောင်ချင် ၏စံအိမ်ရှိရာသို လျှောက်သွားလိုက်သည်။

သူသည် လမ်းလျှောက်ရင်း သူ့ကိုယ်သူသန့်စင်ခြင်းဂါထာကို ထပ်ခါတလဲလဲသုံးစွဲနေသလို စိတ်ထဲတွင်လည်း ထိုနတ်ဆိုးများသေဆုံးရခြင်းအတွက် မည်သိုဆင်ခြေပေးရမည်ကို စဉ်းစားနေမိသည်။

သူသည် ကျီချောင်ချင်၏အိပ်ဆောင်အတွင်းသို ခြေချလိုက်ပြီး မော့ကြည့်လိုက်ရာ ခန်းမဆောင်၏ပင်မထိုင်ခုံဘေးတွင်ရပ်နေပြီး သူ့ကိုစိုက်ကြည့်နေသော အဖြူရောင်ဝတ်ကျီချောင်ချင်နှင့် ထုပ်တန်းပေါ်တွင်ရပ်လျက် သူ့ကို တောက်ပစွာပြုံးပြနေသော အနီရောင်ဝတ်ကျီချောင်ချင်တိုကို မြင်တွေ့လိုက်ရသည်။

ခွင်းလွန်ဓားကိုကိုင်ဆောင်ထားသော အဖြူရောင်ဝတ်ကျီချောင်ချင်က ဝင်လာသောရှန်တုပိုင်အား အေးစက်စွာမေးလိုက်သည်။

"ခွေးကလေး... သခင်ခွင့်မပြုဘဲ ကျူးကျော်ဝင်ရောက်လာရင် အပြစ်ပေးခံရမယ်နော်"

ထုပ်တန်းပေါ်မှ အနီရောင်ဝတ်ကျီချောင်ချင်က ဆံနွယ်တစ်မျှင်ကိုကစားရင်း တောက်ပစွာပြုံးလျက် မေးလိုက်သည်။

"ရှင်ကရှန်တုပိုင်လား? အရမ်းချောတာပဲ! ကျွန်မကို ကြိုက်လား?"

အဖြူရောင်ဝတ်ကျီချောင်ချင်၏ မျက်ဝန်းများက လျစ်လျူ ရှုထားသောအကြည့်မျိုးဖြင့် ကြည့်နေသည်။

"ခွေးကလေး... ဒီလာပြီး အပြစ်ပေးတာကိုခံယူစမ်း"

ထိုအချိန်တွင် အနီရောင်ဝတ်ကျီချောင်ချင်က နှုတ်ခမ်းဆူလိုက်ပြီး ရှန်တုပိုင်၏အကြည့်က ဟိုဘက်ရောက်နေသည်ကို မကျေနပ်သည့်ဟန်ပြလေသည်။

"သူ့မှာဘာများကြည့်စရာရှိလိုလဲ? ကျွန်မက သူ့ထက်ပိုလှတယ်လေ၊ ဆရာတုပိုင်...ကျွန်မကိုကြည့်ပါဦး!"

အဖြူရောင်ဝတ်ကျီချောင်ချင်၏မျက်နှာမှာ ပိုအေးစက်လာသည်။

"ခွေးကလေး... ငါ လာခေါ်ရအောင်မလုပ်နဲ့၊ မဟုတ်ရင် မင်းခံရမယ့်ပြစ်ဒဏ်က ပိုပြင်းထန်သွားလိမ့်မယ်"

အနီရောင်ဝတ်ကျီချောင်ချင်၏ လှပတောက်ပသော အပြုံးပျောက်ကွယ်သွားပြီး ရက်စက်၍တွန့်လိမ်ရှုတွနေသောမျက်နှာထားဖြင့် အစားထိုးလိုက်သည်။

"ရှင် သူ့ကိုကြည့်ဖို ကျွန်မခွင့်မပြုဘူး! ရှင် သူ့ကိုထပ်ကြည့်ရင် ရှင့်ကိုသတ်ပစ်မယ်!"

မသိလိုက်မသိဘာသာဖြင့် ခန်းမဆောင်တစ်ခုလုံးတွင် ဖျော့တော့သောအရှိန်အဝါတစ်ခု ပြည့်နှက်သွားပြီး ရှန်တုပိုင် ခေါင်းမူးလာသလိုခံစားလိုက်ရသည်။ ကျီချောင်ချင်နှစ်ယောက်ကိုကြည့်ရင်း သူ အမြင်အာရုံဝေဝါးလာသည်။

အဖြူရောင်ဝတ်ကျီချောင်ချင်က တည်ငြိမ်စွာပြောလိုက်သည်။

"ခွေးကလေး... ဒီကိုလာခဲ့၊ နောက်ထပ်တစ်ကြိမ် ထပ်မပြောခိုင်းနဲ့!"

အနီရောင်ဝတ်ကျီချောင်ချင်က ထပ်မံရယ်မောလိုက်သည်။

"ဆရာတုပိုင်... အဲ့ဒီ့မိန်းမယုတ်စကားကို နားမထောင်နဲ့! ဒီလောကမှာ ရှင့်ကိုအချစ်ဆုံးက ကျွန်မတစ်ယောက်တည်းရှိတာ!"

သူသည် အကြောင်းရင်းမသိရသော်လည်း သူတိုနှစ်ဦး၏ ဘေးပတ်လည်တွင် သွေးပျက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူတိုနှစ်ယောက်လုံးမှာ အလွန်လှပနေသော်လည်း လှပသောအရေခွံကိုဝတ်ဆင်ထားသည့် နတ်ဆိုးသရဲများကဲ့သို ထူးဆန်းစွာ ခြောက်ခြားဖွယ်ကောင်းနေသည်ဟု ရှန်တုပိုင် ခံစားလိုက်ရသည်။

ဝေဝါးသောအလင်းရောင် အာရုံမှားမှုများကြားတွင် အဖြူရောင်ဝတ်ကျီချောင်ချင်၏ မျက်နှာထားသည် နာကြည်းမှုများဖြင့်ပြည့်နှက်နေသည်ကို သူမြင်လိုက်ရသည်။

"ရှစ်ရှုန်း... ရှစ်ရှုန်းက ညီမနဲ့အမြဲတူတူရှိနေပါ့မယ်ဆို၊ ဘာလို ညီမကိုလိမ်ခဲ့တာလဲ! ဘာလို ညီမကို စွန့်ပစ်ခဲ့တာလဲ!"

အနီရောင်ဝတ်ကျီချောင်ချင်၏ မျက်နှာထားမှာလည်းတွန့်လိမ်နေသည်။

"ဆရာ! ဆရာက တပည့်ကိုမနာကျင်စေပါဘူးနော်... ဟုတ်တယ်မလား၊ တပည့်က ဆရာကိုယ်တိုင် ပျိုးထောင်ခဲ့တဲ့သူလေ! ဘာလို့ တပည့်ကို နာကျင်အောင်လုပ်ရတာလဲ!"

ရှန်တုပိုင်၏ခေါင်းတစ်ခုလုံးကိုက်ခဲနေသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ဝေဝါးသောစိုးရိမ်ပူပန်မှုတစ်ခုက နှလုံးသားထဲသို့ တိုးဝင်လာသော်လည်း ဤအာရုံမှားမှုမှ ရုန်းမထွက်နိုင်ဖြစ်နေသည်။

"ဘာလို့လဲ! ဆရာ... ဘာလို့ တပည့်ကိုစွန့်ပစ်ခဲ့တာလဲ! ဘာလို့ တပည့်ကိုအသုံးချခဲ့တာလဲ!"

"ရှစ်ရှုန်း! ချောင်ချောင်ကသွေးကြောက်တယ်လေ! ဘာလို့ ညီမကိုလူသတ်ခိုင်းတာလဲ! ကျွန်မ သွေးကြောက်တယ်!"

"ရှစ်ရှုန်း! ညီမကိုမစွန့်ပစ်ပါနဲ့!"

"ကိုယ်..."

ရှန်တုပိုင်၏ဆင်ခြင်တရားနှင့် စိတ်ခံစားမှုတို့ တစ်စစီဆွဲ ဆုတ်ခံနေရသည်။

"ကိုယ်... မင်းကို ဘယ်တော့မှမစွန့်ပစ်ခဲ့ပါဘူး..."

ထိုစကားဆုံးသည်နှင့် ကျီချောင်ချင်နှစ်ယောက်လုံး ချက် ချင်းပျောက်ကွယ်သွားပြီး ရှန်တုပိုင်သည် အဖြူရောင်မြူမှုန်များကြားတွင် ကျန်ရစ်ခဲ့သည်။ သူ မည်သည့်နေရာရောက်နေမှန်း မသိသော်လည်း ပတ်ဝန်းကျင်အခြေအနေက အလွန် တရာ အန္တရာယ်များကြောင်းသိနေသည်။

ရှက်သွေးဖြာနေသော ချိုသာသည့်အသံလေးတစ်ခု လေထဲတွင်ပျံ့လွင့်လာသည်။

"အာ! ချီပိုင်ကော! ကော ဒီမှာရှိနေတာကိုး! ညီမလေ ကောကိုနေရာအနှံ့လိုက်ရှာနေတာ!"

ရှန်တုပိုင်၏ ဦးရေပြားကျဉ်တက်သွားသည်။ အဝေးတစ်နေရာတွင် လှပသောမိန်းကလေးတစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူမသည် သူ့ကို မြင်သည်နှင့် သူ့ဆီသို့အပြေးကလေးလာနေသည်။

ထိုမိန်းကလေးမှာ ကျီချောင်ချင်၏အတိတ်ဘဝပုံစံ ဖြစ် သည်။ သူမသည် အဝါရောင်ဖျော့ဖျော့ဂါဝန်လေးကိုဝတ် ဆင်ထားပြီး ဆံပင်ကိုကျစ်ဆံမြီးလေးများ သပ်ရပ်စွာကျစ်ထားကာ အဝါရောင်ဖဲပြားလှလှလေးများဖြင့် တန်ဆာဆင်ထားသဖြင့် ချစ်စဖွယ် ကောင်းလှသည်။

ဤသည်မှာ အသက်(၁၅)နှစ်အရွယ်ချောင်ချောင်၏ ပုံစံဖြစ် သည်။ နွေဦးရောင်ခြည်ထက် ပိုလင်းလက်ပြီး၊ နွေရာသီပန်းပွင့်များထက် ပိုမိုတောက်ပနေသည်။ မည်သူမျှ ချောင်ချောင်ကိုမငြင်းဆန်နိုင်သလို၊ ယခုလက်ရှိ ရှန်တုပိုင်ပင်မငြင်းဆန်နိုင်ပေ။

ချောင်ချင်က သူ့ထံသို့အပြေးအလွှားရောက်ရှိလာပြီး သူ့လက်မောင်းကိုဖက်တွယ်လိုက်ရာ နူးညံ့သော ရနံ့သင်းသင်းလေးရလိုက်သည်ကို ရှန်တုပိုင် ငေးမောကြည့်နေမိသည်။

ချောင်ချောင်က ဆော့ကစားလိုစိတ်ဖြင့် ရန်တွေ့လိုက်သည်။

"ရှစ်ရှုန်း! ကော ဘယ်တွေသွားနေတာလဲ!"

ရှန်တုပိုင်သည် မသိစိတ်အရပြန်ဖြေလိုက်သည်။

"ကိုယ်... ကိုယ် မင်းကြိုက်တဲ့မုန့်တွေသွားရှာနေတာ"

ချောင်ချောင်က မေးသည်။

"ညီမက ဘာအကြိုက်ဆုံးလဲ?"

ရှန်တုပိုင်၏နှုတ်မှ လွှတ်ကနဲထွက်သွားသည်။

"မင်းက စားလို့ရတာမှန်သမျှ အကုန်ကြိုက်တာပဲကို"

ချောင်ချောင်က ခြေဆောင့်လိုက်သည်။

"မဟုတ်တာ! ညီမက အဲ့လောက်မငတ်ပါဘူးနော်!"

သူမနှုတ်ခမ်းဆူနေသည်ကို မြင်လိုက်ရသောအခါ ရှန်တုပိုင် ၏နှလုံးသားထဲတွင် ချိုမြိန်သောခံစားမှုတစ်ခု လှိုက်တက်လာသည်။

"ချောင်ချောင်?"

ချောင်ချောင် အားပါးတရခေါင်းညိတ်ပြသည်။

"ရှစ်ရှုန်း! တို့တွေ ထာဝရအတူတူရှိနေကြရအောင်နော်... ဟုတ်ပြီလား?"

ချောင်ချောင်၏အနောက်တွင် တောက်ပသော နေရောင်ခြည်ဖြာကျနေသည်မှာ လူတစ်ယောက်၏ စိတ်နှလုံးကို ဖြူစင်သန့်ရှင်းသွားစေသည့်အလားပင်။

ချောင်ချောင်... ချောင်ချောင်... တွေးလိုက်မိရုံနှင့်ရှန်တုပိုင်၏ နှလုံးသားကို နာကျင်စေသူ...

ရှန်တုပိုင် "ကောင်းပြီလေ"

ထို ကောင်းပြီလေဆိုသည့်စကားသည် သဘာဝကျစွာထွက်ပေါ်လာသဖြင့် ပြောပြီးသည်နှင့် ရှန်တုပိုင် တစ်ခဏမျှကြောင်အသွားသည်။

ချောင်ချောင်... ချောင်ချောင်... သူ တကယ်ကို ချောင်ချောင့်ကိုချစ်မြတ်နိုးခဲ့သည်။

ရွှပ်!

နောက်တစ်စက္ကန့်တွင်မူ ပြုံးရယ်နေသော ချောင်ချောင်၏ လက်ချက်ဖြင့် သူ့နှလုံးသားထိုးဖောက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ရိုက်ချခံလိုက်ရသည်။

နေရောင်ခြည်မှေးမှိန်သွားသည်နှင့် သင်းပျံ့သောရနံ့လေး လုံးဝပျောက်ကွယ်သွားပြီး မိန်းကလေး၏တောက်ပသောအပြုံးသည် ကြောက်မက်ဖွယ်ရာပုံစံသို့ပြောင်းလဲကာ ပြူးကျယ်လာသည်။

ပတ်ဝန်းကျင်ကောင်းကင်သည် မည်းမှောင်သွားပြီး ထူထဲပြီးညှီစော်နံသော သွေးနံ့များ လေထုထဲတွင် ပြည့်နှက်သွားသည်။ မိန်းကလေး၏အဝါရောင်ဂါဝန်သည် သွေးရောင်လွှမ်းသောအနီရောင်သို့ ပြောင်းလဲသွားပြီး သူမ၏ရယ်သံမှာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ဖြစ်နေသည်။

"တွေ့လား... သူ့ကို အရင်ဆုံး ဓားနဲ့ထိုးတာငါပဲ! နင့်ရဲ့ခွင်းလွန်ဓားက အသုံးမကျပါဘူး!"

ထိုသို့ပြောပြီးနောက် အနီရောင်ဝတ်မိန်းကလေးသည် ဓားကို လျင်မြန်စွာဆွဲထုတ်လိုက်ရာ ရှန်တုပိုင်မှာ မတ်တပ်မရပ်နိုင်တော့ဘဲ ဒူးထောက်လဲကျသွားသည်။

သွေးများ မြေပြင်ပေါ်သို့ပန်းထွက်သွားပြီး အမည်မသိအရာ တစ်ခု၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။

အစောက ရှန်တုပိုင်မြင်ခဲ့ရသော အ၀ါရောင်ဝတ်ပုံရိပ်နှင့်မတူဘဲ ယခုလက်ရှိ အဖြူရောင်ဝတ်ပုံရိပ်သည် ရှန်တုပိုင်လဲကျသွားသည်ကို အမှိုက်တစ်စကို ကြည့်သကဲ့သို့ အေးစက်စွာကြည့်နေလေသည်။

ရှန်တုပိုင်သည် ရင်ဘတ်ထဲမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး ဒဏ်ရာကိုမတားဆီးနိုင်တော့ပေ။ သူ သတိပြန်ဝင်လာပြီဖြစ်သည်။ ကျီချောင်ချင်က သူ့ကိုသတ်ချင်နေမှန်း သူ ဘယ်လိုလုပ်နားမလည်ဘဲ နေမည်နည်း။ အစောက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက အာရုံမှားမှုတွေသာဖြစ်သည်။ ကျီချောင်ချင်၏သိုင်းကွက်အားလုံးကို သူကိုယ်တိုင်သင်ပေးခဲ့ပါလျက်နှင့် သူသတိမထားမိခဲ့ပေ။

ရှန်တုပိုင်သည် တုံဆိုင်းမနေဘဲ အသက်ကယ် အဆောင်လက်ဖွဲကိုဆွဲထုတ်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ သူ၏နေရာရွှေ့ပြောင်းမည့် အဆောင်လက်ဖွဲကို လက်တစ်ဖက်က ဖမ်းဆွဲလိုက်သည်။ သူမော့ကြည့်လိုက်သောအခါ လီမင်လော့ ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

လီမင်လော့၏မျက်နှာထားမှာ ခက်ထန်ကြမ်းကြုတ်နေပြီး မျက်လုံးများက ရှန်တုပိုင်ကို အစိမ်းလိုက်ဝါးစားချင်နေပုံရသည်။

"ရှန်တုပိုင်! ခင်ဗျား ကျီချောင်ချင်ကိုဘာလုပ်ချင်နေတာလဲ!"

အနီရောင်ဝတ်အမျိုးသမီးက ချက်ချင်းပင် မျက်ရည်စများနှင့် မျက်နှာထားလုပ်လိုက်သည်။

"မင်လော့! ငါကြောက်တယ်! သူ ခုနက တိုတွေကို သတ်ဖိုကြိုးစားနေတာ! သူက ဘာစွမ်းအားဆိုလား လိုချင်တယ်တဲ့! ငါအရမ်းကြောက်တာပဲ!"

စွမ်းအားဆိုသည့်စကားလုံးကို ကြားလိုက်ရသောအခါ လီမင်လော့သည် သူတိုဝိညာဉ်ချိတ်ဆက်ပြီးနောက် ရှန်တုပိုင်၏ စိတ်ထဲတွင် ကျီချောင်ချင်၏ ခန္ဓာကိုယ်ကိုအသုံးပြုပြီး စွမ်းအားသိုလှောင်ရန် ကြံစည်နေသည့်အစီအစဉ်အကြောင်း ကြားခဲ့ဖူးသည်ကို သတိရသွားသည်။ ရှန်တုပိုင်သည် အနည်း ငယ်တွန့်ဆုတ်နေသော်လည်း ကျီချောင်ချင်ကိုအသုံးပြုလိုစိတ်ရှိနေသေးကြောင်း သိထားသည်။

ကျီချောင်ချင်၏ခန္ဓာကိုယ်ထဲတွင် ရှန်တုပိုင် လိုချင်သော စွမ်းအားများရှိနေသေးသည်လား၊ ဒါဆို ကျီချောင်ချင် ဘာဖြစ်သွားမလဲ? သူမ သေသွားမှာလား၊ သူ အတော်လေးရှာဖွေခဲ့ရတဲ့ရတနာလေးက ရှန်တုပိုင်လက်ချက်နဲ့ ထပ်ပြီးအသတ်ခံရတော့မှာလား?

ရှန်တုပိုင်သည် အလွန်အမင်း နာကျင်ခံစားနေရသည်။ သူသည် လီမင်လော့၏ပုံမှန်မဟုတ်သော အခြေအနေကိုသတိ ပြုမိပြီး ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်မှုလိုင်းပြတ်နေသည်။

All Chapters