← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 17 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 17 Ch. 173-174

🍃 Chapter 173

"လီမင်လော့! စိတ်ထိန်းစမ်း... ငါတိုက တစ်ယောက်တည်းပဲလေ!"

သိုသော် ရှန်တုပိုင်၏အသံသည် အနီရောင်ဝတ်အမျိုးသမီး ၏အသံအောက်တွင် နစ်မြုပ်သွားသည်။

"မင်လော့! ငါ သူ့ကိုမသတ်နိုင်ဘူး! ငါ့ကိုကူညီပါဦး! ငါတကယ်ကြောက်နေပြီ! ငါ့အစား သူ့ကိုသတ်ပေးပါနော်!"

ထိုစကားကိုကြားသောအခါ အဖြူရောင်ဝတ်အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။

"ရှန်တုပိုင်ကိုမသတ်နဲ့! ရှင် သူ့ကိုထိခွင့်မရှိဘူး!"

အနီရောင်ဝတ်အမျိုးသမီးသည် မြေပြင်ပေါ်သို ပုံလျက်သားလဲကျသွားပြီး ရှိက်ကြီးတငင်ငိုကြွေးလေသည်။

"ငါကြောက်တယ် မင်လော့ရဲ့... တစ်နေ့ကျရင် ရှန်တုပိုင်က ငါ့ကိုသတ်ပစ်ရင်ဘယ်လိုလုပ်မလဲ!"

အဖြူရောင်ဝတ်အမျိုးသမီး၏မျက်လုံးများ လက်ကနဲဖြစ် သွားသည်။

"ပါးစပ်ပိတ်ထားစမ်း! နင့်ဆီမှာ အခု ရှန်တုပိုင်နဲ့ ပတ်သက်တဲ့မှတ်ဉာဏ်တွေ မရှိလိုသာ... ရှိရင် နင် သူ့ကို သေချာပေါက်သတ်ချင်မှာမဟုတ်ဘူး!"

လီမင်လော့၏မျက်လုံးများတွင် သွေးကြောများ ယှက်သန်းလာသည်။

သူ ရှန်တုပိုင်ကို အမြန်သတ်မှဖြစ်မည်။ ကျီချောင်ချင် အတိတ်မှတ်ဉာဏ်တွေပြန်မရခင် သူ့ဆီမှ ကျီချောင်ချင်ကို ဘယ်သူမှလုယူလိုမရအောင်လုပ်ရမည်။ သိုမဟုတ်ပါက ကျီချောင်ချင်မှတ်ဉာဏ်ပြန်ရသွားသည်နှင့် သူမ နှလုံးသားထဲတွင် သူ့အတွက် နေရာရှိတော့မည်မဟုတ်ပေ။

"ရှန်တုပိုင်!"

လီမင်လော့ ဟိန်းဟောက်လိုက်သည်။ ဒေါသကြောင့် သူ့မျက်နှာထားမှာရှုတွနေသည်။

"ငရဲဆီသာ သွားလိုက်တော့!”

အနီရောင်နှင့် အဖြူရောင်ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခုသည် လီမင်လော့ကို ဝိုင်းဝန်းလှည့်စားကာ လုပ်ကြံသတ် ဖြတ်ရန် ကြိုးပမ်းနေကြသည်ကို ရှန်တုပိုင် အထင်းသားမြင်လိုက်ရသည်။

လီမင်လော့ကိုမြင်လိုက်ချိန်တွင် ရှန်တုပိုင်သည်အလိုအ လျောက်ခုခံရန် ကြိုးစားလိုက်သော်လည်း မထင်မှတ်ထားစွာပင် သူ့ခန္ဓာကိုယ်မှအင်အားများ စုပ်ယူခံလိုက်ရသကဲ့သို ခံစားလိုက်ရသည်။

"ဟ... ဟား!"

လီမင်လော့၏ ရှည်လျားသောဓားသွားသည် ရှန်တုပိုင်၏ ခန္ဓာကိုယ်အတွင်းသို တစ်လက်မချင်းစိုက်ဝင်သွားတော့သည်။

လီမင်လော့သည် သူ့ဘဝတွင် ဤမျှကျေနပ်အားရစရာကောင်းသောခံစားချက်မျိုး တစ်ခါမှမကြုံဖူးပေ။ ရှန်တုပိုင် နောက်ဆုံးတွင်သေရချေသည်။ သူသည် နောက်နောင်တွင် မည်သူ့၏အရိပ်မှဖြစ်စရာမလိုတော့သလို ကျီချောင်ချင်ကိုလည်း အပြည့်အဝ ပိုင်ဆိုင်ရတော့မည်ဖြစ်သည်။

ရှန်တုပိုင်သည် နာကျင်မှုကြောင့် ဟိန်းဟောက်လိုက်ပြီး အသက်ရှူသံများပြင်းထန်လာသည်။ သွေးများသည် ရင်ဘတ်မှစီးကျလာကာ မြေပြင်ပေါ်သို စိမ့်ဝင်သွားလေသည်။

သူ မကျေနပ်ပေ။ လုံးဝမကျေနပ်နိုင်ချေ။ ရန်သူ့လက်ချက်ဖြင့်မဟုတ်ဘဲ သူ၏အားနည်းချက်များ စုစည်းထားသော ကိုယ်ပွားကြောင့် သေဆုံးရလိမ့်မည်ဟု ရှန်တုပိုင် တစ်ခါမှမတွေးခဲ့ဖူးပေ။

ဒါက တကယ့်ဟာသပဲ...

ခန္ဓာကိုယ်မှအသက်ဓာတ်များ လျင်မြန်စွာ ယုတ်လျော့လာသည်နှင့်အမျှ သူ့ဘဝလမ်းဆုံးသို ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှန်တုပိုင်သည် မျှော်လင့်ချက်မဲ့စွာ ဒူးထောက်ကျသွားသည်။

သူ သေရတော့မည်။

ရှန်တုပိုင်၏အကြည့်တိုသည် ကျီချောင်ချင်ထံသို အလိုအ လျောက် ရောက်ရှိသွားသည်။

ကျီချောင်ချင်နှစ်ယောက် ယှဉ်တွဲရပ်နေသည်ကို သူတွေ့လိုက်ရသည်။ တစ်ယောက်က အေးစက်သော မျက်နှာထားနှင့်ဖြစ်ပြီး နောက်တစ်ယောက်မှာမူ ပျော်ရွှင်မှုကြောင့် မျက်နှာ၌အပြုံးပန်းများဝေဆာနေသည်။ နှစ်ယောက်စလုံး အတိုင်းထက်အလွန် ဝမ်းသာနေကြပုံရသည်။

ရှန်တုပိုင်သည် ခါးသီးစွာရယ်မောလိုက်ရာ ဒွါရခုနစ်ပေါက်မှသွေးများ လျင်မြန်စွာစီးကျလာတော့သည်။

"ငါ မကျေနပ်ဘူး! ငါ အရာအားလုံးကိုစွန့်လွှတ်ခဲ့ပေမယ့် နောက်ဆုံးတော့ဘာမှမရခဲ့ဘူး၊ နှစ်ထောင်ချီ ကြိုးစားခဲ့ပြီးမှ ငါ့ကံကြမ္မာကဒီလိုဖြစ်ရတယ်လို!"

ရှန်တုပိုင်၏အသိစိတ်များ ဝေဝါးလာသည်။ သူ့လက်သည် ကျီချောင်ချင်ရှိရာသိုလှမ်းလိုက်မိသော်လည်း ထူးဆန်းသောအင်အားတစ်ခုက သူ့ကို အောက်ဘက်မှဆွဲယူနေသည်ကို အာရုံခံလိုက်မိသည်။

တစ်ခဏအတွင်းမှာပင် ကျီချောင်ချင်ဘာလုပ်နေသလဲဆိုသည်ကို ရှန်တုပိုင် သဘောပေါက်သွားသည်။ သူ့ခြေ ထောက်အောက်တွင် မှော်အစီအရင်တစ်ခုရှိနေခဲ့ခြင်းပင်။

ရုတ်တရက် အဝေးမှဇီးပင်များလှုပ်ခတ်သွားပြီး သွေးရောင်လွှမ်းသောဇီးပွင့်ဖတ်များ မိုးရွာသကဲ့သို ကြွေကျလာသည်။ အေးစက်သောရနံ့တစ်ခုသည် ရှန်တုပိုင်ထံသို တိုက်ခတ်လာသည်။

ထိုအခါမှ ရှန်တုပိုင် ချက်ချင်းနားလည်သွားတော့သည်။

"ကျီချောင်ချင်... မင်း ငါ့အပေါ် ပြန်ဝင်စားခြင်းအစီအရင် ကိုသုံးလိုက်တာပဲ၊ မင်း ဘယ်သူ့အသက်ကိုကယ်ချင်လိုလဲ... ရှန်ကျွင်းလား? ရယ်စရာကောင်းလိုက်တာ! ဒါပေမဲ့ ရှန်ကျွင်းအတွက်နဲ့တော့ ငါ့အသက်ကိုမလဲနိုင်ဘူး! ငါစိတ်မပါသရွေ့

ဒီအစီအရင်ရဲ့စည်းမျဉ်းတွေက ငါ့ကိုမသတ်နိုင်ဘူးကွ!"

ထိုစကားကိုကြားသောအခါ အဖြူရောင်ဝတ်ဆင်ထားသူက လှောင်ပြောင်သရော်သောအပြုံးဖြင့် ရယ်မောလိုက်သည်။

စွပ်!

ရှန်တုပိုင်၏ကျောဘက် ရင်အုံတည့်တည့်သို ဓားချက်တစ်ခု ထပ်မံစိုက်ဝင်လာပြန်သည်။ သူ ခက်ခက်ခဲခဲ ခေါင်းလှည့်ကြည့်လိုက်ရာ လီမင်လော့က နောက်ထပ်တစ်ချက် ထပ်ခုတ်လိုက်ခြင်းဖြစ်သည်။

မှန်ပေသည်။ လီမင်လော့သည် တစ်နည်းအားဖြင့် ရှန်တုပိုင် ၏အစိတ်အပိုင်းတစ်ခု၊ ရှန်တုပိုင် ကိုယ်တိုင်ပင်။ အကယ်၍ လီမင်လော့ကရှန်တုပိုင်ကို သတ်ချင်သည်ဟုဆိုလျှင် ရှန်တုပိုင်ကိုယ်တိုင်က သူ့အသက်ကိုစွန့်လွှတ်ရန်ဆန္ဒရှိသည်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။

ရှန်တုပိုင်သည် ထိုအရူးကောင်၏သစ္စာဖောက်မှုကြောင့် စကားပင်မပြောနိုင်လောက်အောင် ဆွံအသွားရသည်။ သူ အမှန်တရားကိုပြောပြချင်သော်လည်း လီမင်လော့က သူ့လည်ပင်းကို ဓားဖြင့် ပိုင်းဖြတ်လိုက်လေပြီ။

အနီရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။

"လီမင်လော့ကို ဘာမှပြောနေမနေနဲ့တော့၊ သူက ရူးသွပ်သွားပြီ၊ အကျိုးအကြောင်းနားလည်နိုင်တဲ့အသိမရှိတော့ဘူး"

ရှန်တုပိုင် စကားမပြောနိုင်တော့ပေ။ သူ ပါးစပ်အဟောင်း သားဖြင့် သေဆုံးသွားလေသည်။

သူသည် ယခင်က မည်သည့်အရာကိုမျှမတိုက်ခိုက်၊ မလုယူခဲ့ဖူးသော်လည်း ဘာမှမပိုင်ဆိုင်ခဲ့ရပေ။ နောက်ပိုင်းတွင် သူ စတင်တိုက်ခိုက်လုယူခဲ့သော်လည်း နောက်ဆုံးတွင် လက်ဗလာဖြင့်သာ ကျန်ရစ်ခဲ့ရသည်။

ရှန်တုပိုင်၏ဘဝဖြစ်စဉ်များသည် တစ်မဟုတ်ချင်း အိပ်မက်တစ်ခုပမာ သူ့မျက်စိရှေ့တွင် ပြန်လည်ပေါ်လာသည်။ အကယ်၍ အစကနေပြန်စခွင့်ရမယ်ဆိုရင်၊ အကယ်၍သာ ပြန်စခွင့်ရခဲ့ရင်... သူ ကျီချောင်ချင်ကို စွန့်ပစ်ခဲ့မှာမဟုတ်ဘူး...

— လွန်ခဲ့သော အတိတ်ကာလဆီသို —

ထိုစဉ်က ကျီချောင်ချင်၏အမည်မှာ ကျီချောင်ချင် မဟုတ်ဘဲ ချောင်ချောင်ဖြစ်သည်။

ချောင်ချောင်သည် အပြစ်ကင်းစင်ပြီး ပူပန်မှုကင်းမဲ့သော၊ ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံး မိန်းကလေးငယ်တစ်ဦးဖြစ်သည်။

ထိုအချိန်က ရှန်တုပိုင်၏အမည်မှာလည်း ရှန်တုပိုင် မဟုတ်ဘဲ ချီပိုင်ဟုခေါ်သည်။

ချီပိုင်သည် တာအိုတရားကိုသာ တစိုက်မတ်မတ် ကျင့်ကြံအားထုတ်နေသော ဖြောင့်မတ်တည်ကြည်သည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ကောင်းကင်ဘုံမှ သူ့ကုသိုလ်များကိုမြင်ပြီး နတ်ဘုရားအဖြစ်ချီးမြှင့်မည့်အချိန်ကိုမျှော်လင့်လျက် နေ့စဉ်နှင့်အမျှ ဖျားနာသူများကိုကုသပေးကာ အသက်များကိုကယ်ဆယ်ပေးခဲ့သည်။

တစ်နေ့တွင် လမ်းဘေး၌ဒုက္ခရောက်နေသော မိန်းကလေးငယ်တစ်ဦးကို သူကယ်တင်ခဲ့သည်။ သူ ကယ်တင်လိုက်ပြီးနောက်တွင် ထိုမိန်းကလေးသည် သူ့နောက်သို့ အမြီးလေးတစ်ချောင်းလို တကောက်ကောက်လိုက်ပါလာပြီး သူ့နှင့်အတူကျင့်ကြံချင်ကြောင်းပြောကာ သူ့ကို ရှစ်ရှုန်းဟုပင် ရဲရဲတင်းတင်း ခေါ်ဝေါ်ခဲ့သည်။

ရှန်တုပိုင်သည် ထိုကဲ့သို့သောအမျိုးသမီးများအပေါ် မည်သည့်ခံစားချက်မျှမရှိခဲ့ပေ။ သူသည် လူများစွာကိုကယ်တင်ခဲ့ဖူးပြီး၊ ထိုသူများက ကျေးဇူးတင်ရှိကြောင်းပြောကာ သူ့ထံတွင် တစ်သက်လုံး ကျွန်ခံလိုကြသော်လည်း နောက်ဆုံးတွင် သူတို့အားလုံး ထွက်ခွာသွားကြသည်ချည်းပင်။

သူတို့ထွက်ခွာသွားကြခြင်းအတွက် ရှန်တုပိုင်ဝမ်းမနည်းခဲ့ ချေ။ သူဂရုစိုက်သည်မှာ လူ့လောက၌ သူ့အတွက် ဘုရားကျောင်းဆောင် ဘယ်နှဆောင် ဆောက်လုပ်ပေးကြသလဲ၊ သူ့ကိုယုံကြည်ကိုးကွယ်သူ ဘယ်လောက်ရှိသလဲဆိုသည်ကိုသာဖြစ်သည်။

သူသည် အခြားအရာအားလုံးကိုလျစ်လျူရှုထားပြီး နတ်ဘုရားဖြစ်လာရေးကိုသာ အာရုံစိုက်ထားခဲ့သည်။

"ရှစ်ရှုန်း! ဒီနှမ်းမုန့်လေးမြည်းကြည့်ပါဦး၊ စားလို့မကောင်းဘူးလားဟင်!"

"ရှစ်ရှုန်း၊ ရှစ်ရှုန်းရေ! ညီမလမ်းမလျှောက်နိုင်တော့ဘူး၊ ပင်ပန်းနေပြီ၊ ညီမကိုကုန်းပိုးပါလားဟင်?"

"ရှစ်ရှုန်းရေ၊ ဒီကမ္ဘာပေါ်မှာ ညီမလောက် အစ်ကို့ကိုသဘော ကျတဲ့သူမရှိပါဘူးနော်၊ ဒါကြောင့် ညီမကို လက်ခံလိုက်!"

သို့သော် ချောင်ချောင်က အလွန်စကားများပြီး ဇွဲကောင်းလွန်းသည်။ ရှန်တုပိုင်၏ဘေးတွင် အခြားမည်သူမျှမရှိသဖြင့် ကြာလာသောအခါ သူ မသိမသာနေသားကျလာသော်လည်း သူမကို လျစ်လျူရှုထားဆဲပင်။

"စိတ်မပူပါနဲ့ ရှစ်ရှုန်းရယ်၊ ညီမ ရှစ်ရှုန်းကို အသက်နဲ့ရင်းပြီးကာကွယ်ပေးမှာပါ!"

"ရှစ်ရှုန်း... ညီမ ဘာမှမတောင်းဆိုပါဘူး၊ ရှစ်ရှုန်းဘဝလေးအေးချမ်းပျော်ရွှင်ပြီး ဆန္ဒတွေအားလုံး ပြည့်ဝပါစေလို့ပဲ ဆုတောင်းပေးတာပါ"

"ရှစ်ရှုန်းရေ၊ ညီမ ရှစ်ရှုန်းကို တကယ်သဘောကျတာ၊ အရမ်း အရမ်းသဘောကျတာနော်!"

နံနက်ခင်းနေရောင်ခြည်ကဲ့သို့ တောက်ပသောချောင်ချောင် ၏စိုပြေမှုကို မည်သူမျှမလွန်ဆန်နိုင်ပေ။ တစ်နေ့တွင်မူ ချီပိုင်သည် မသိစိတ်၏စေ့ဆော်မှုဖြင့် သူမကိုပြန်မေးလိုက်မိသည်။

"မင်း ငါ့ကို ဘယ်လောက်တောင်သဘောကျလို့လဲ?"

ချောင်ချောင်က ပျော်ရွှင်စွာဖြင့်ပြန်ပြောသည်။

"ရှစ်ရှုန်း! နောက်ဆုံးတော့ ညီမကိုစကားပြောပြီပေါ့! ရှစ်ရှုန်း ညီမကိုကယ်ခဲ့တဲ့နေ့ကစလို့ အခုမှပဲ ညီမကို စကားပြန်ပြောဖူးတာနော်!"

ချီပိုင်သည် သူမကို စကားပြန်ပြောမိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ဘဲ တစ်ခဏအတွင်းမှာပင် အကြောင်းပြချက်မရှိဘဲ သူ့စိတ်ထဲ၌ ဒေါသတစ်ခုကိန်းအောင်းလာခဲ့သည်။

ချီပိုင်သည် သူ့ကို ကိုးကွယ်ယုံကြည်သူများအပေါ် မည်သည့်အခါကမျှ မကောင်းသောစိတ်ခံစားချက် မထားရှိခဲ့ဖူးပေ။ သူတို့၏စွမ်းအားက သူ့အတွက် မည်မျှအရေးကြီးကြောင်း သူသိသည်။ သို့သော် ယခုအခါ အမျိုးသမီးတစ်ဦးအပေါ်တွင်မူဒေါသထွက်မိနေသည်။

ဒေါသဟူသည် သာမန်လူသားတို့၏စိတ်ခံစားမှုသာ ဖြစ်ပြီး ဇာတိမြင့်သူများ ခံစားရမည့်အရာမဟုတ်သလို နတ်ဘုရားများဆိုလျှင် ပိုလို့ပင်မခံစားသင့်ပေ။

ထိုအချက်ကိုသတိထားမိလိုက်သောအခါ ချီပိုင် ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။

"လူသားတွေက အသည်းနှလုံးမရှိတတ်ကြဘူး၊ သွားစမ်းပါ... မင်း ငါ့ကိုသဘောကျတယ်ဆိုတာ ငါ မယုံဘူး"

ဤအေးစက်သောစကားလုံးများက မိန်းကလေးငယ်ကို ငိုကြွေးစေလိမ့်မည်ဟု သူထင်မှတ်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် ချောင်ချောင်သည် သူ့ဝတ်ရုံလက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ကြည်လင်သောမျက်လုံးဝိုင်းများဖြင့် သူ့ကိုစိုက်ကြည့်ကာပြောလိုက်သည်။

"ညီမ ရှစ်ရှုန်းကို သေလောက်အောင်သဘောကျတယ်"

သေဟူသောစကားလုံးက အလွန်လေးနက်လွန်းလှသည်။ သူမနောက်ပြောင်နေခြင်း လုံးဝမဟုတ်ပေ။

ချီပိုင်၏နှလုံးခုန်သံများ ရုတ်တရက်မြန်ဆန်လာသည်။ ထိုအချိန်က သူသည် အာဏာအတွက် အရာအားလုံးကိုစွန့်လွှတ်မည့် ရက်စက်သောရှန်တုပိုင် မဟုတ်သေးဘဲ၊ အခက်အခဲမကြုံဖူးသေးသည့်၊ နတ်ဘုရားဖြစ်လာရေးကိုသာ အာရုံစိုက်နေသော လူငယ်လေးတစ်ဦးသာဖြစ်သည်။ သူသည် ပြာပြာသလဲလဲ ဖြစ်သွားပြီး သူ့ဝတ်ရုံစကိုအတင်းရုန်းဖယ်လိုက်ကာ ပြောလိုက်သည်။

"မင်း ဘာပြောနေလဲဆိုတာသိရဲ့လား? လွှတ်စမ်း!"

ချောင်ချောင်သည် တစ်စုံတစ်ခုကိုအာရုံခံမိလိုက်သကဲ့သို့ ချီပိုင်၏ဝတ်ရုံစကို တင်းတင်းကျပ်ကျပ် ဆွဲထားရင်းပြောလိုက်သည်။

"ညီမသိတယ်၊ ညီမ ရှစ်ရှုန်းကို သေလောက်အောင် သဘော ကျတယ်၊ ရှစ်ရှုန်းရေ... ညီမ တကယ် သဘောကျတာပါ၊ နောက်နေတာမဟုတ်ရပါဘူး”

🍃 Chapter 174

ချောင်ချောင်သည် ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း ချီပိုင်သည် သူ့ကိုယ်သူ သူမအပေါ်အာရုံစိုက်လွန်းခြင်းမရှိစေရန် အမြဲသတိထားခဲ့သည်။

ချီပိုင်သည် နတ်ဘုရားတစ်ပါးဖြစ်လာရန် ကံပါလာသူဖြစ် သည်။ ချောင်ချောင်သည် သူနှင့်အတူ အမတလမ်းစဉ်ကို လိုက်ပါကျင့်ကြံခဲ့သော်လည်း သူမ၏ ပါရမီမှာသိပ်မမြင့်မားလှပေ။ နောက်ထပ်နှစ်ငါးရာထက်မပိုသောကာလတစ်ခုတွင် သူမပြန်လည်ဝင်စားရတော့မည်ကို ချီပိုင်သိနေသည်။ သူတို့နှစ်ယောက်ကြားတွင် ရှေ့ဆက်စရာအနာဂတ်ဟူ၍မရှိနိုင်ပါ။

ချီပိုင်သည် ချောင်ချောင်နှင့်အတူနေထိုင်ခဲ့ပြီး သူမကိုထွက်သွားခိုင်းရန် စိတ်ကူးမရှိခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။ ဤဘဝတွင် ချောင်ချောင်၏အေးချမ်းမှုနှင့် ပျော်ရွှင်မှုကိုကာကွယ်ပေးနိုင်ရန် သူမျှော်လင့်ခဲ့သည်။ သို့သော် ချောင်ချောင်သည် အလွန်တရာ တောက်ပလွန်းလှသဖြင့် ချီပိုင်သည် မသိစိတ်၏ စေ့ဆော်မှုဖြင့် သူမထံသို့တိမ်းညွှတ်သွားခဲ့ရသည်။ သူသည် မိမိကိုယ်ကို အတင်းအကျပ်ထိန်းချုပ်ကာ ချောင်ချောင်အပေါ် မောင်နှမသံယောဇဉ်ထက်မပိုသော ခံစားချက်မျိုးသာ ထားရှိရန်ကြိုးစားခဲ့သည်။

သူသည် လူ့ပြည်တွင်ရှိသော သူ့ဘုရားကျောင်းဆောင်များကို ထပ်ခါတလဲလဲစစ်ဆေးခြင်း၊ သူ့ကုသိုလ်များကို ထပ်ခါတလဲလဲတွက်ချက်ခြင်းတို့ပြုလုပ်ကာ နတ်ဘုရားဖြစ်လိုသောသူ့ဆန္ဒကို ကိုယ်တိုင်အမြဲသတိပေးနေခဲ့ရသည်။ လောကီအာရုံ ကာမဂုဏ်များကြောင့် စိတ်မရှုပ်ထွေးစေရန် သူ့စိတ်ကိုသူထိန်းသိမ်းခဲ့သည်။

သို့သော် ချောင်ချောင်၏တောက်ပမှုသည် လွန်ကဲလွန်းလှသည်။ သူမ၏ပြင်းထန်သော အလင်းရောင်အောက်တွင် သူလျှောက်လှမ်းရမည့်လမ်းကို သဲကွဲစွာမမြင်နိုင်တော့သလောက်ဖြစ်လာခဲ့သည်။

"ရှစ်ရှုန်းရေ၊ ညီမ ကောအတွက်သီးသန့်ဝယ်လာတဲ့ ချိုချဉ်မုန့်လေးတွေလေ၊ ဆောင်းတွင်းမှာဆို ဟင်းရည်ပူပူလေးနဲ့ ဒီမုန့်လေးနဲ့ကအလိုက်ဖက်ဆုံးပဲ!"

"ကော ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းမခံပါနဲ့၊ ကပ်ရောဂါကဆိုးရွားတယ်၊ ကော ကျန်းမာရေးကိုလည်း ဂရုစိုက်ဦးမှပေါ့!"

"ကော၊ ကောမှာကိုယ်ပိုင်ဓားမရှိသေးဘူးဆို? ကြည့်လိုက်! ဒါက ညီမ ကောအတွက်သွန်းလုပ်ပေးထားတဲ့ကောင်းကင်ဓားလေ၊ နာမည်ပေးလိုက်ပါဦး!"

ထိုသည်မှာ အအေးဓာတ်နှင့်ညစ်ညမ်းမှုအပေါင်းကို ဖယ်ရှားပေးနိုင်သော ရေခဲချိုးဖျက်ဓားပင်။

ချီပိုင်၏ကုသိုလ်များ စုဆောင်းမိလာပြီးနောက် တစ်နေ့တွင် သူနတ်ဘုရားဖြစ်မည့်ရက်နီးကပ်လာပြီဟုခံစားလိုက်ရသည်။

ထိုနေ့တွင် သူသည် နောက်ဆုံးလူနာ၏ဒဏ်ရာကို တည်ငြိမ်စွာကုသပေးနေစဉ် မမျှော်လင့်ဘဲ ထိုလူနာက ရုတ်တရက်တိုက်ခိုက်လာကာ သရဲမျိုးနွယ်၏ မြင့်မြတ်သောလက်နက်တစ်ခုဖြင့် သူ့ရင်ဘတ်ကို ထိုးဖောက်လိုက်လေသည်။

ချီပိုင်သည် အခြားသောကျင့်ကြံသူများထက် ဉာဏ်ပိုကောင်းပြီး စွမ်းအားကြီးမားသူဖြစ်သည်။ အခြားသူများမမြင်နိုင်သောအရာများကို ချီပိုင်မြင်နိုင်စွမ်းရှိသည်။ သူ့အသက်ဓာတ် လျင်မြန်စွာယုတ်လျော့သွားချိန်တွင် ကောင်း ကင်တာအို၏လျှို့ဝှက်ချက်ကို သူရိပ်စားမိလိုက်သည်။

ကျင့်ကြံသူများသည် မည်သည့်အခါမျှ နတ်ဘုရားဖြစ်လာနိုင်မည်မဟုတ်ပေ။ သူတို့အားလုံးသည် အတိတ်ကနတ်ဘုရားများကဲ့သို့ပင် ပျက်စီးကြရမည်သာဖြစ်သည်။

ကောင်းကင်တာအိုသည် ကျင့်ကြံသူများကို ထူးခြားသောစွမ်းရည်များပေးအပ်ထားပြီး အကန့်အသတ်မဲ့ပူဇော်မှုများကို ခံယူစေသည်။ ဤသည်မှာ သူတို့ကျဆုံးချိန်၌ သူတို့ ၏ဝိညာဉ်စွမ်းအားများဖြင့် သက်ရှိသတ္တဝါအပေါင်းကို ပြန်လည်ကျွေးမွေးပြုစုရန်အတွက်သာဖြစ်သည်။

ချီပိုင်သည် ဤနိဂုံးကိုလက်မခံနိုင်ပေ။ သူသည် ဒဏ်ရာများကိုဖုံးကွယ်ထားသော်လည်း သူ့ကံကြမ္မာ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာလျှောက်လှမ်းနေရခြင်းကို မတားဆီးနိုင်ခဲ့ချေ။

ချီပိုင်သည် မည်သူ့ကိုမျှအတွေ့မခံတော့ပေ။ ကမ္ဘာကြီးကိုကုစားပေးရန် သူ၏နာမကျန်းဖြစ်နေသော ခန္ဓာကိုယ်ကိုဆွဲကာ မသွားချင်တော့ချေ။ သူသည် ဤကဲ့သို့သောထိုးနှက် ချက်ကို ခံနိုင်ရည်မရှိသလို၊ သက်ရှိသတ္တဝါအပေါင်းအတွက် အစာအာဟာရ ဖြစ်လာမည့်အရေးကိုလည်း မတားဆီးနိုင်ခဲ့ပေ။

သူ ဘာလုပ်ရမှန်းမသိတော့ချေ။

ကောင်းကင်ဘုံသည် တကယ်ကိုဟန်ဆောင်ကောင်းလွန်းသည်။ သက်ရှိသတ္တဝါများကိုသနားသည်ဟုဆိုကာ ကယ် တင်ရန် ကျင့်ကြံသူများကိုစေလွှတ်သော်လည်း ဘုံခြောက်ပါးအတွင်းရှိ မငြိမ်သက်မှုများနှင့် အဆုံးမဲ့တိုက်ပွဲများကိုမူမတားဆီးခဲ့ပေ။

ကျင့်ကြံသူများသည် ကောင်းကင်ဘုံကရွေးချယ်ထားသူ များ၊ ကောင်းကင်ဘုံ၏အချစ်တော်များ၊ သူတို့၏ကံကြမ္မာသည် နှိုင်းယှဉ်၍မရနိုင်အောင် တန်ဖိုးကြီးမားသည်ဟု လူတိုင်းကပြောဆိုကြသည်။ သို့သော် ကောင်းကင်ဘုံသည် ကျင့်ကြံခြင်းအားဖြင့် နတ်ဘုရားဖြစ်လာနိုင်သည်ဟု သူတို့ကိုလှည့်စားခဲ့သည်။ သူတို့ကို ကောင်းမှုအမျိုးမျိုးပြုလုပ်စေပြီး အဆုံးတွင်မူ သက်ရှိသတ္တဝါအပေါင်းကို ကောင်းချီးပေးရန်အတွက် ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ယုံကြည်ချက်များပြိုလဲသွားခြင်းက ချီပိုင်ကို မခံမရပ်နိုင်အောင်နာကျင်စေသည်။ သူသည် နေ့စဉ်ရက်ဆက် အခန်းထဲတွင် မျှော်လင့်ချက်မဲ့စွာ ထိုင်ကာ သေမည့်နေ့ကိုသာစောင့် မျှော်နေခဲ့သည်။

သို့သော် ရုတ်တရက် တစ်နေ့တွင် ချီပိုင်၏ခန္ဓာကိုယ်ပြန် လည်ကောင်းမွန်လာသည်။

ပုပ်သိုးနေသောအသားများ ပျောက်ကွယ်သွားပြီး အသားသစ်များ အစားထိုးနေရာယူလာသည်။ သူ့အသားအရေမှာချောမွေ့လာပြီး အင်အားများမှာယခင်ကထက် ပိုမိုကြီးမားလာသည်ကို ခံစားလိုက်ရသည်။

အခန်းထဲမှထွက်လာချိန်တွင် နေရောင်ခြည်က သူ့အပေါ်ကျရောက်နေပြီး ပိန်လှီဖျော့တော့နေသော ချောင်ချောင်ကို သူတွေ့လိုက်ရသည်။

ချောင်ချောင်၏ရင်ခွင်ထဲတွင် အမြဲပိုက်ထားလေ့ရှိသော ဝိညာဉ်သားရဲလေးမရှိတော့သည်ကို ချီပိုင် သတိထားမိလိုက်သည်။ သို့သော် ဤသည်မှာ ချီပိုင်အတွက်အရေးမကြီးချေ။ သူသည် ချောင်ချောင်ကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး သူ့အသက်စွမ်းအားများ ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရသည်။

ချောင်ချောင်က သူမကို ချီပိုင်ကယ်တင်ခဲ့သည်ဟု မကြာ ခဏပြောလေ့ရှိသော်လည်း အမှန်တကယ်တွင်မူ သူမကသာ သူ့ကိုကယ်တင်ခဲ့ခြင်းဖြစ်သည်။

ချောင်ချောင်သည် နေ့စဉ် ဘုရားသခင်နှင့်ဗုဒ္ဓမြတ်တို့ထံဆုတောင်းနေသံကို သူကြားနေရသည်။ သူမ၏အသက်ကို သူ့အသက်နှင့်လဲလှယ်လိုကြောင်း၊ သူအသက်ရှင်နိုင်ရန် သူမပိုင်ဆိုင်သမျှ အရာအားလုံးကိုပေးဆပ်လိုကြောင်း ဆုတောင်းနေခဲ့သည်။

ဤကမ္ဘာလောကကြီးတွင် ကုသိုလ်ဆိုသည်မှာ အတုအ ယောင်၊ ပူဇော်မှုဆိုသည်မှာအတုအယောင်၊ နတ်ဘုရားဖြစ်ခြင်းဆိုသည်မှာလည်း အတုအယောင်သာ၊ အရာအားလုံးကအတုအယောင်တွေချည်းသာဖြစ်ပြီး ချောင်ချောင်တစ် ယောက်တည်းသာလျှင် အစစ်အမှန်ဖြစ်သည်။

လူသားများသည် ချီပိုင်၏ကုသိုလ်များကို မမှတ်မိနိုင်ကြပေ။ ချီပိုင် စိတ်ပျက်အားငယ်နေသောကာလအတွင်း လူသားများသည် အခြားအရာများကို ပြောင်းလဲကိုးကွယ်ခဲ့ကြပြီး ချီပိုင်ကိုတဖြည်းဖြည်း မေ့လျော့လာကြသည်။ သူ၏ကိုယ်ကျိုးစွန့် အနစ်နာခံမှုအားလုံးသည် ဟာသတစ်ခုဖြစ်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ချီပိုင်သည် လမ်းမှားသို့ ရောက်ရှိသွားသော ကျင့်ကြံသူတစ်ဦးဖြစ်သွားတော့သည်။

ဤကမ္ဘာကြီးသည် အစကတည်းက ညစ်ညမ်းမှုများနှင့်ရှုပ်ထွေးပွေလီနေသော နေရာတစ်ခုဖြစ်သည်။ ကောင်းကင် ဘုံက သူ့ကိုလှည့်စားခဲ့မှတော့ သူကဘာကြောင့် ဒီညစ်ညမ်းတဲ့ကမ္ဘာကြီးကို ကယ်တင်ပေးရမှာလဲ?

ထိုအချိန်မှစ၍ ချီပိုင်သည် မည်သူ့ကိုမျှထပ်မံပြီးမကယ် တင်တော့ပေ။

ချောင်ချောင်သည် ချီပိုင်အကြောင်း အရာအားလုံးကိုနားလည်သော်လည်း သူ့ကိုသဘောမပေါက်နိုင်ခဲ့ပေ။ ဒုက္ခရောက်နေသူများကို သူ အဘယ်ကြောင့်မကူညီချင် တော့သလဲ၊ ကောင်းကင်တာအိုအပေါ် သူ ဘာကြောင့်လက်စားချေချင်နေသလဲဆိုသည်ကို သူမနားမလည်ခဲ့ချေ။

သူ့အလုပ်သူ ရိုးရိုးရှင်းရှင်းလုပ်နေရင်ရတာပဲကို...

သူတို့နှစ်ယောက် အမြဲလိုလို သဘောထားကွဲလွဲလာကြပြီး ချောင်ချောင်၏မျက်ဝန်းထဲတွင်နက်ရှိုင်းသောအက်ကွဲကြောင်းတစ်ခု အမြဲခိုအောင်းနေတတ်သည်။ သူမ သူ့ကိုထားသွားချင်နေပြီဟု ချီပိုင်ခံစားမိလိုက်သည်။

ချီပိုင် ထိတ်လန့်သွားသည်။ ချောင်ချောင်၏ အဖော်ပြုမှုနှင့် နေသားကျနေသည်မှာကြာပြီဖြစ်သည်။ သူမသာ ထွက်သွားလျှင် သူဘယ်လိုလုပ်မလဲ?

ထို့ကြောင့် ချီပိုင်သည် လမ်းမှားရောက်နေသော ကျင့်ကြံသူဖြစ်သော်လည်း လူများကိုကုသကယ်တင်နိုင်သေးကြောင်း ချောင်ချောင်ကို လိမ်ညာပြောဆိုခဲ့သည်။ သူမရှေ့တွင် လူများကိုကုသပေးသော်လည်း ကွယ်ရာတွင်မူ ထိုသူအားလုံးကို ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

လမ်းခရီးတစ်လျှောက်တွင် ချီပိုင်သည် တွေ့သမျှလူတိုင်းကိုသတ်ဖြတ်ပြီး မြင်သမျှဘုရားကျောင်းဆောင်တိုင်းကိုဖျက် ဆီးခဲ့သည်။ ချောင်ချောင်၏အစွမ်းကနည်းပါးသဖြင့် သူ့ရုပ်သေးရုပ်များနှင့်သာမန်လူများကိုခွဲခြားမသိနိုင်မှန်း သူသိသည်။

သို့သော် သူ ချောင်ချောင်၏ဉာဏ်ရည်ကို လျှော့တွက်ခဲ့မိသည်။

တစ်ညတွင် ချောင်ချောင်သည် ချီပိုင်၏အခန်းထဲသို့ ဝင်လာရာ သူ မရှိသည်ကိုတွေ့လိုက်ရသည်။ သူမ အပြင်ထွက်ရှာဖွေကြည့်ရာ နေရာတိုင်းတွင် ရုပ်သေးရုပ်များကိုသာတွေ့လိုက်ရသည်။ ထိုရုပ်သေးရုပ်များသည် မျက်တောင်တစ်ခတ်အတွင်း သက်ရှိလူသားများကိုဝါးမျိုပြီး ရုပ်သေးရုပ်များအဖြစ်ပြောင်းလဲပစ်နေကြသည်။

ချောင်ချောင် လူတစ်ယောက်ကိုကယ်တင်လိုက်ချိန်တွင် ရုပ်သေးရုပ်အပေါ်၌ ချီပိုင်၏မှော်စွမ်းအင် အငွေ့အသက်များကို ရှာဖွေတွေ့ရှိသွားသည်။

ချောင်ချောင် တိတ်တဆိတ်ထွက်ခွာသွားသည်။ ချီပိုင် မည်မျှပင်ကြိုးစားရှာဖွေပါစေ သူမကို

ရှာမတွေ့တော့ပေ။

သူ ဖန်တီးထားသောရုပ်သေးရုပ်များသည် ချောင်ချောင်ကိုအန္တရာယ်မပြုနိုင်မှန်း ချီပိုင်သိသော်လည်း ကမ္ဘာကြီးက ပရမ်းပတာဖြစ်နေပြီဖြစ်ကာ တစ်စုံတစ်ယောက်က သူမကိုဒုက္ခပေးမည်ကို စိုးရိမ်နေမိသည်။

ချောင်ချောင်၏အစွမ်းမှာနည်းပါးသဖြင့် သူမ တစ်ခုခုဖြစ်သွားမှာကို ချီပိုင် တကယ်ကြောက်ရွံ့လာသည်။

ထို့ကြောင့် ချီပိုင်သည် ရုပ်သေးရုပ်များကိုအသက်သွင်းပြီး ချောင်ချောင်ကို မမောမပန်းရှာဖွေခိုင်းခဲ့သည်။

သို့သော် ချောင်ချောင်က သူ့ကို တမင်ရှောင်ဖယ်နေခြင်းဖြစ်သည်။

ချီပိုင်သည် ဒေါသရော ဝမ်းသာမှုပါဖြစ်မိသည်။ ချောင်ချောင်က သူ့ကို တမင်ပုန်းရှောင်နေ၍ ဒေါသထွက်ရသလို၊ သူမ ပါးနပ်သောကြောင့် သူ မသိသော တစ်နေရာတွင် အဆင်ပြေနေလောက်သည်ဟုတွေးမိပြီးဝမ်းသာရသည်။

ချီပိုင်သည် ဆက်လက်ရှာဖွေရင်း တစ်ဖက်တွင်လည်း နတ်ဆိုးဘုံမှတော်ဝင်မိသားစုနှင့်ပူးပေါင်းကာ ရုပ်သေးရုပ်များကိုပိုမိုဖန်တီးခဲ့သည်။

ရုတ်တရက် တစ်နေ့တွင် ချီပိုင်သည် မမျှော်လင့်ဘဲ ချောင်ချောင်ကိုရှာတွေ့ခဲ့သည်။

အမှန်တကယ်တွင်မူ ချောင်ချောင်က သူ့ထံသို ကိုယ်တိုင်လာရောက်ခဲ့ခြင်းဖြစ်သည်။ သူမက ချီပိုင်ကို နတ်ဆိုးလမ်းစဉ်လိုက်နေခြင်းအား ရပ်တန့်ရန်နှင့် ကျင့်ကြံသူမျိုးနွယ်အမည်ခံပြီး ကမ္ဘာလောကကို ဒုက္ခပေးနေခြင်းများ ရပ်တန့်ရန်တောင်းဆိုခဲ့သည်။

ကျင့်ကြံသူမျိုးနွယ်ဟုတ်လား? ချီပိုင်သည် ယခင်ကကျင့် ကြံသူမျိုးနွယ်အကြောင်း တွေးမိသွားသည်။ သေချာသည်တော့ ကျင့်ကြံသူမျိုးနွယ်ဆိုသည်မှာ လူသားများကိုလှည့် စားရန် ကောင်းကင်တာအိုက သုံးသော လှည့်ကွက်တစ်ခုသာဖြစ်လိမ့်မည်။

ချီပိုင်သည် ချောင်ချောင်၏တောင်းဆိုမှုကို ငြင်းပယ်လိုက်သည်။ သူမက သူနှင့်အတူတကွသေဆုံးရန် ကြိုးစားလိမ့် မည်ဟု သူလုံးဝထင်မထားခဲ့ပေ။

ချီပိုင်၏စွမ်းရည်များသည် အလွန်မြင့်မားလှသဖြင့် ချောင်ချောင်၏စွမ်းရည်ဖြင့် သူ့ကိုဒုက္ခမပေးနိုင်သော်လည်း မထင်မှတ်ဘဲ တိုက်ခိုက်ခံလိုက်ရသဖြင့် ဒဏ်ရာရသွားခဲ့သည်။

ချီပိုင်သည် ချောင်ချောင်၏ကော်လံစကိုဆွဲကိုင်လိုက်သည်။ ဒေါသနှင့်ဝမ်းနည်းမှုတို ရောပြွမ်းနေလျက်

"မင်း ဘာလို ငါ့ကိုသတ်ချင်ရတာလဲ?"

ချောင်ချောင်၏မျက်ဝန်းများတွင် အပြစ်ကင်းစင်မှုနှင့် ချစ်ခင်မှုတိုမရှိတော့ဘဲ မုန်းတီးမှုဖြင့်သူ့ကို ကြည့်နေသည်။

"ရှင်က ကမ္ဘာကြီးကိုပျက်စီးစေခဲ့တာလေ! ရှင့်ကြောင့် လူဘယ်နှယောက်အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ချစ်ရသူတွေကိုဆုံးရှုးခဲ့ရလဲ! ဒီကမ္ဘာကြီးကိုကြည့်စမ်းပါဦး၊ ဘယ်နေရာမှာငြိမ်းချမ်းမှုကျန်နေသေးလိုလဲ?"

ျောင်ချောင်၏စိတ်ခံစားချက်များမှာ သန့်စင်သည်။ အစွန်း ရောက်ချစ်ခြင်း သိုမဟုတ် အစွန်းရောက်မုန်းတီးခြင်း၊ ဤနှစ်မျိုးသာရှိသည်။

ချောင်ချောင်က သူ့ကို ထိုကဲ့သိုကြည့်နေသည်ကို ချီပိုင် သည်းမခံနိုင်ပေ။ သူ အတင်းအကျပ်ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။

"ငါ မင်းအသက်ကိုကယ်ခဲ့တာနော်!"

ချောင်ချောင်သည် အသက်ရှူရခက်ခဲလာသည်။

"အဲဒါကြောင့်ပဲ အသက်ရှင်ရတာကို အရမ်းရွံရှာမိတာ!"

သူမ၏သန်မာသောစိတ်ဓာတ်က ချီပိုင်ကျေးဇူးကိုလက်ခံရန် ခွင့်မပြုသဖြင့် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးရန် ဝန်မလေးခဲ့ပေ။

All Chapters