← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃) - မင်း ဘာပြောလိုက်တာလဲ

လီယန်ချူသည် မျက်လုံးများ ပြူးသွားရတော့သည်။

ဒီမျောက်အိုကြီးက ဒီလောက်တောင် အစွမ်းထက်တာလား

ဝုန်း

ကောင်းကင်နှင့် မြေကြီးမှာ ရုတ်တရက် ကျယ်ပြောလင်းလက်သွားသည်။

မျောက်အိုကြီးသည် လိုဏ်ဂူဝကို ပိတ်ထားသော ကျောက်တုံးကြီးများကို တိုက်ရိုက် ဖယ်ရှားလိုက်ရာ ကြီးမားသော လမ်းကြောင်းတစ်ခု ပေါ်လာတော့သည်။

"ကျေးဇူးပဲ"

လီယန်ချူက မျောက်အိုကြီးကို ပြောလိုက်သည်။

ထို့နောက်တွင်တော့ သူသည် မဆိုင်းမတွဘဲ ကိုယ်ကို လှုပ်ရှားကာ အပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။

သူ၏ လက်ရှိအစွမ်းမှာ လေထဲတွင် လျှောက်လှမ်းနိုင်သည့် အဆင့်အထိ မရှိသေးသော်လည်း အပေါ်သို့ တိုးတက်တက်လှမ်းသည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ဤဂူသင်္ချိုင်းကြီးထဲမှ ခုန်ထွက် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်

တောင်ကို တူးဆွနေကြသော ကျင့်ကြံသူ အပေါင်းမှာ သူ့ကို ကြည့်ပြီး အံ့အားသင့် မှင်တက်သွားကြသည်။

ဒီတောင်ကြီးက ဘယ်လိုလုပ်ပြီး ဖယ်ရှားခံလိုက်ရတာလဲ

ကံကောင်းသည်မှာ လီယန်ချူသည် တာအိုကျမ်းစာများ ရေးထိုးထားသော ထိုအစီရင်ဝတ်စုံကို ချက်ချင်း ပြန်သိမ်းလိုက်ခြင်းပင်။

မဟုတ်လျှင် သူ အစီရင်ဝတ်စုံ ဝတ်ထားသည့် ပုံစံကို မြင်လျှင် ဤကျင့်ကြံသူများမှာ ပို၍ပင် အံ့သြသွားကြပေလိမ့်မည်။

"မင်း တကယ် တော်တာပဲ၊ ခုနက တောင်ကို ဖယ်လိုက်တာ မင်းလား "

ပိုင်ဟုန်းထူက ပြေးလာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ပြီးနောက် လီယန်ချူ၏ ရင်ဘတ်ကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။

"ဟေ့ ပိုင်ကြီး၊ မင်း ငိုနေတာ မဟုတ်လား"

လီယန်ချူက ပိုင်ဟုန်းထူကို တစ်ချက်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

ပိုင်ဟုန်းထူက ပြောသည်

"မင်း ကျောက်တုံးတွေပိပြီး သေပြီလို့ ငါထင်နေတာ၊ မငိုဘဲ နေမလား "

လီယန်ချူက အသာအယာ ပြုံးလိုက်သည်။

ရှန်ဆန်းဆရာတော်တို့ အဖွဲ့လည်း ရောက်လာကြပြီး လီယန်ချူ၏ အခြေအနေကို အလွန် စိတ်ပူစွာ မေးမြန်းကြသည်။

"လီတာအိုဆရာ၊ ခုနက တောင်ကြီး တုန်ခါသွားတဲ့ ထူးခြားမှုက မင်းနဲ့ ပတ်သက်နေတာလား"

ရှန်ဆန်းဆရာတော်က မေးလိုက်သည်။

လီယန်ချူက ခေါင်းယမ်းလိုက်ပြီး

"ခုနက မျောက်အိုကြီး ပေါ်လာပြီး ဂူခန်းကို ပိနေတဲ့ ကျောက်တုံးတွေကို ဖယ်ပေးလိုက်တာပါ"

တောင်ရွှေ့မျောက်

အားလုံးမှာ အသက်ရှူမှားသွားကြပြီး မျက်ဝန်းထဲတွင် အံ့သြရိပ်များ ပေါ်လာကြသည်။

ဒါဟာ အရပ်ထဲက ဒဏ္ဍာရီ ပုံပြင်တွေမှာ ခဏခဏ ပါလေ့ရှိတဲ့ နတ်ဘုရား တိရစ္ဆာန် တစ်မျိုးပဲ၊ ခွန်အား အလွန်ကြီးမားပြီး တောင်ကိုတောင် ရွှေ့နိုင်တဲ့ အစွမ်းရှိတယ်။

လူတော်တော်များများဟာ အရင်က မြေပြန့်ဖြစ်တဲ့ နေရာမှာ တောင်ကြီးတစ်လုံး ရုတ်တရက် ပေါ်လာရင် ဒါဟာ တောင်ရွှေ့မျောက်ရဲ့ လက်ချက်လို့ ယူဆကြတယ်။

တကယ်တော့ ချန်နိုင်ငံ ရဲ့ ကျင့်ကြံခြင်း လောကမှာလည်း တောင်ရွှေ့မျောက် အကြောင်း ဒဏ္ဍာရီတွေ ရှိပေမဲ့ ဘယ်သူမှ မမြင်ဖူးကြဘူး။

ဒီဂူသင်္ချိုင်းထဲက မိစ္ဆာမျောက်ဟာ ဒဏ္ဍာရီထဲက တောင်ရွှေ့မျောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားမိဘူး။

ဝုန်း

ခုနက တည်ငြိမ်သွားသော တောင်ကြီးမှာ ရုတ်တရက် ပြန်လည် တုန်ခါလာပြန်သည်။

ကြည့်ရသည်မှာ ထိုတောင်ရွှေ့မျောက်သည် လေးလံလှသော ကျောက်တုံးကြီးများကို မူလအတိုင်း ပြန်ပိတ်လိုက်ပုံရသည်။

ထိုလုပ်ရပ်မှာ ဤဂူသင်္ချိုင်းကြီးကို နောက်တစ်ကြိမ် လောကအလင်း ပြန်မမြင်စေချင်တော့သည့် သဘောပင် ဖြစ်သည်။

အားလုံးလည်း ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

ဒီတစ်ကြိမ် ဂူထဲဝင်သည့် ကျင့်ကြံသူ အများအပြားမှာ ဤတောင်ကြီးအောက်တွင် ထာဝရ မြှုပ်နှံခံလိုက်ရပြီ ဖြစ်သည်။

ဒီကျင့်ကြံသူတွေရဲ့ အင်အားနဲ့တင် တူးဆွဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့သည် မြင်းလှည်းစီးကာ ဝေမြို့သို့ ပြန်လာကြသည်။ ဟွေ့ကျိန်းဆရာတော်ကတော့ ဝေမြို့သို့ မလိုက်တော့ဘဲ ချင်းလုံဘုရားကျောင်း သို့ ပြန်သွားခဲ့သည်။

ထိုက်ဖင်တည်းခိုခန်း

နေ့ခင်းဘက်တွင် စျေးရောင်းကောင်းလှသဖြင့် မူလကဆိုလျှင် ဆိုင်ရှင်မ ၏ အပြုံးမှာ အလွန် လှပနေရမည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် စိုးရိမ်ရိပ်လေးတစ်ခု ရှိနေသည်။

"ဒီတစ်ခါ မိစ္ဆာနှိမ်နင်းသွားတာ ဘာမှ မဖြစ်ပါစေနဲ့နော် "

သူမ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေသည်။

သိသာပါသည်၊ သူမသည် လီယန်ချူ၏ ဘေးကင်းရေးကို စိတ်ပူနေခြင်းပင်။

သူမသည် အလွန်ကိတ်ထနေသော ရင်သားအစုံကို စားပွဲပေါ်တွင် တင်ထားကာ၊ လက်တစ်ဖက်ဖြင့် သူမ၏ လှပသော မေးစေ့လေးကို ထောက်ရင်း မျက်ဝန်းထဲတွင် အတွေးကိုယ်စီနှင့် ရှိနေသည်။

ထိုဆွဲဆောင်မှုရှိလှသော အလှတရားမှာ ထိုက်ဖင်တည်းခိုခန်းအတွင်း ဝင်ထွက်သွားလာနေသော ဧည့်သည်များကို ရင်ခုန် စိတ်လှုပ်ရှားစေပြီး အာခေါင်များ ခြောက်သွေ့စေသည်။

ဆိုင်ရှင်မ ၏ အလှမှာ ယခုနောက်ပိုင်း ပို၍ပင် ဆွဲဆောင်မှု ရှိလာသည်။

နွေဦးမိုးရေ သောက်ထားသော လယ်ကွင်းပြင်ကဲ့သို့ပင်။

တစ်ကိုယ်လုံးမှာလည်း ရွှန်းစိုဝင်းပနေပြီး အလှတရားများမှာ ၃ ဆခန့် ပိုမိုတိုးလာသလိုပင်။

ရုတ်တရက်။

ဆံပင်ကို အပေါ်သို့ စုစည်းထားပြီး ကြည့်ရသည်မှာ ထက်မြက်မည့်ပုံရှိသော မိန်းကလေးငယ်တစ်ဦးသည် တည်းခိုခန်းတံခါးဝတွင် ရပ်ကာ ဆိုင်ရှင်မကို လက်လှမ်းပြလိုက်သည်။

"အစ်မ၊ ခဏလောက် လာခဲ့ပေးလို့ ရမလားဟင်"

မိန်းကလေးငယ်၏ အသံမှာ အလွန်နုနယ်ပြီး အကြည့်များမှာလည်း ကြည်လင်လှသည်။

ဆူညံလှသော တည်းခိုခန်းအတွင်းမှာပင် ထိုအသံမှာ ဆိုင်ရှင်မ၏ နားထဲသို့ အလွန် ရှင်းလင်းစွာ ရောက်ရှိလာသည်။

ဆိုင်ရှင်မ၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားပြီးနောက်၊ ဆွဲဆောင်မှုအပြည့်ဖြင့် တစ်ချက် ပြုံးလိုက်သည်။

"ကောင်းပြီလေ "

သူမသည် ချက်ချင်းပင် ထရပ်ပြီး ထိုဘက်သို့ လျှောက်သွားတော့သည်။

သူမ လမ်းလျှောက်သွားသည့် အမူအရာမှာ တစ်ကယ့်ကို လူတွေရဲ့ အကြည့်ကို ဆွဲဆောင်ထားသလိုပါပဲ။

"ဘာဖြစ်လို့လဲ"

အန်တီကြီးက ပြုံးကာ မေးလိုက်သည်။

ဆံပင်စုစည်းထားသော မိန်းကလေးငယ်က အသံကျယ်ကျယ်ဖြင့် ပြောသည်

"အစ်မကြီး၊ သမီးနောက်ကို လိုက်ခဲ့ပါ"

နေသာလှသော နေ့ခင်းကြောင်တောင်တွင် ရုတ်တရက် မသိကျွမ်းသော မိန်းကလေးငယ်တစ်ဦး ပေါ်လာသည်။

ပြီးတော့ သူ့နောက်ကို လိုက်ခဲ့ဖို့ ပြောလာသည်။

သာမန်လူဆိုလျှင် လိုက်သွားမည် မဟုတ်ဘဲ အနည်းဆုံးတော့ ဘာကြောင့်လဲဟု မေးမြန်းပေလိမ့်မည်။

ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက သူ့အလိုလို ထူးဆန်းနေလို့ပါပဲ။

သို့သော် ဆိုင်ရှင်မက မမေးဘဲနှင့်

"ကောင်းပြီ"

ဟု တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

သူမ၏ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်လှသော မျက်ဝန်းအစုံမှာ အသက်ဓာတ် ပျောက်ကွယ်သွားသလိုမျိုး၊ ခံစားချက်မရှိသော ရုပ်သေးရုပ်ကြီးအလား ပြောင်းလဲသွားသည်။

သူမသည် ထိုမိန်းကလေးငယ်၏ နောက်သို့ တည်ငြိမ်စွာ လိုက်ပါသွားတော့သည်။

ဆိုင်အတွင်းရှိ ဆိုင်ရှင်မကို ခိုးကြည့်နေကြသော ဧည့်သည်များမှာ အနည်းငယ် နားမလည် ဖြစ်သွားကြသည်။

ဆိုင်ရှင်မက တံခါးဝမှာ တစ်ယောက်တည်း ဘာတွေ ပြောနေတာလဲ

ရှေ့မှာ လူတစ်ယောက် ရှိနေသလိုမျိုးပါလား။

သူတို့ရဲ့ မျက်လုံးထဲမှာတော့ ဘယ်မိန်းကလေးငယ်မှ မရှိပါဘူး၊ ဆိုင်ရှင်မက တံခါးဝကို ကြည့်ပြီး တစ်ချက်ပြုံးတာကိုပဲ မြင်လိုက်ရတာပါ။

ပြီးတော့ အဲဒီနေရာကို သွားပြီး ခေါင်းငုံ့ကာ ဘာတွေပြောမှန်းမသိ ပြောပြီး တည်းခိုခန်းထဲက ထွက်သွားတာကိုပဲ မြင်လိုက်ရပါတယ်။

ဆိုင်ရှင်မ သည် ထိုမိန်းကလေးငယ်၏ အနောက်သို့ ရုပ်သေးရုပ်တစ်ရုပ်လို လိုက်သွားနေသည်။

မကြာခင်မှာပင် လူစည်ကားလှသော လမ်းမကြီးမှ ဝေးကွာသွားပြီး လမ်းကြားလေးတစ်ခုထဲသို့ ရောက်ရှိသွားသည်။

ထိုလမ်းကြားမှာ နက်ရှိုင်းပြီး တိတ်ဆိတ်လှကာ နေ့ခင်းဘက်ဖြစ်သော်လည်း အေးစိမ့်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

လူကို နေရထိုင်ရ အလွန်ခက်ခဲစေသည်။

သန်မာထွားကျိုင်းလှသော အနက်ရောင် ခွေးကြီးတစ်ကောင်မှာ အရိပ်ထဲမှ ထွက်လာပြီး ဆိုက်ရှင်မကို မြင်လိုက်ရသည့်အခါ ၎င်း၏ မျက်နှာပေါ်တွင် တပ်မက်လောဘဇောများ ပေါ်လာတော့သည်။

"ကျန်းဖိန်၊ ဒီမိန်းမကို မင်းလက်ထဲ အပ်လိုက်ပြီ"

မိန်းကလေးငယ်မှာ ယခုအချိန်တွင် ရင့်ကျက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။

နုနယ်သော ကိုယ်ခန္ဓာထဲတွင် အိုမင်းလှသော ဝိညာဉ်တစ်ခု ကိန်းအောင်းနေသလိုပင်။

သန်မာလှသော ခွေးကြီး၏ ပါးစပ်ထဲမှ ကျောက်စိမ်းကွဲ တစ်ခု ထွက်လာသည်။

ပန်းပုံသဏ္ဍာန်မှာ ရှေးဟောင်းလက်ရာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ခံစားချက်ကို ပေးစွမ်းသည်။

ဒါဟာ အရင်က လီယန်ချူ ရရှိခဲ့တဲ့ ကျောက်စိမ်းကွဲမျိုးပါပဲ။

ဒါဟာ ဟွေ့ကျိန်းဆရာတော် ပြောခဲ့တဲ့ ဝေမြို့အနားက လောကနိဗ္ဗာန် ကို ဖွင့်နိုင်တဲ့ သော့ပါပဲ။

မိန်းကလေးငယ်သည် ကျောက်စိမ်းကွဲကို လှမ်းယူလိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။

"မင်း ဂူထဲမှာ တကယ်ပဲ ရှာတွေ့ခဲ့တာပဲ၊ မဆိုးဘူး၊ ဒီမိန်းမကို မင်းလက်ထဲ အပ်လိုက်မယ်၊ သေအောင်တော့ မလုပ်နဲ့ဦး"

မိန်းကလေးငယ်က ပြောလိုက်သည်။

ခွေးကြီးသည် အနီရောင် လျှာကြီးဖြင့် တစ်ချက် သပ်လိုက်ပြီး၊ ဆွဲဆောင်မှုရှိသော ဆိုင်ရှင်မ၏ ကိုယ်လုံးကိုယ်ထည်ကို တပ်မက်စွာ ကြည့်လိုက်သည်။

"သိပါပြီ၊ ဒီလောက်လှတဲ့ မိန်းမကို ငါက သတ်ရက်ပါ့မလား"

မိန်းကလေးငယ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"မင်းသိရင် ပြီးတာပဲ၊ အလုပ်ပျက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းသိတယ်နော် "

သူမ၏ အသံမှာ အိုမင်းနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ပါဝင်နေသည်။

အကယ်၍ လီယန်ချူသာ ဒီမှာ ရှိနေရင်။

သေချာပေါက် အံ့သြသွားပေလိမ့်မည်။

ရုပ်ရည်နဲ့ မလိုက်အောင် အိုမင်းတဲ့ အသံပိုင်ရှင် မိန်းကလေးငယ်ကို သူ သိနေလို့ပါပဲ၊ သူ အရင်က လုံမန်ရွာ မှာ ရှိတုန်းက တွေ့ခဲ့တဲ့ မိန်းကလေးငယ် "ဟူထို" ပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက သူမကို ကျိုးမုဆိုးမရဲ့ သမီးလို့ ထင်ခဲ့ကြပေမဲ့ နောက်ဆုံး ဝိုင်းဝန်းသတ်ဖြတ်ကြတဲ့ အချိန်မှာတော့ ဒီမိန်းကလေးက ရွာသားတွေနဲ့ လုံးဝမတူတဲ့ အမူအရာမျိုး ပြခဲ့တာပါ။

သူမ မသေဘဲနဲ့ ဝေမြို့ကို ရောက်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ဒီခွေးကြီးကိုလည်း သူ သိပါတယ်၊ ဒါဟာ ဂူထဲဝင်တုန်းက ပထမဆုံး အသတ်ခံလိုက်ရတဲ့ ကျင့်ကြံသူပဲ။

အနောက်တောင်ဘက်က သားရဲထိန်းကျောင်းသူ ကျန်းဖိန် ပဲ

အဲဒီတုန်းက သူပိုင်တဲ့ ခွေးနက်ကြီးက လမ်းရှာရင်း အပြင်ကို ပြေးထွက်သွားခဲ့တာ၊ အဲဒီနောက်ပိုင်း ဘာသတင်းမှ မကြားရတော့ဘူး။

အားလုံးကတော့ ဂူထဲမှာပဲ သေသွားပြီလို့ ထင်နေကြတာပါ။

မထင်မှတ်ဘဲ သူက ကြိုပြီး အပြင်ထွက်လာရုံတင်မကဘဲ ဂူထဲက ကျောက်စိမ်းကွဲကိုပါ ရှာတွေ့ခဲ့ပုံရပါတယ်။

သန်မာလှသော ခွေးကြီးသည် ဆွဲဆောင်မှုရှိသော ဆိုင်ရှင်မလဆီသို့ ခုန်အုပ်ရန် ပြင်ဆင်လိုက်သည်။

သူသည် အောက်တန်းကျစွာဖြင့် တိရစ္ဆာန်ခန္ဓာကိုယ်ထဲကို ဝင်ရောက်နေထိုင်ခဲ့ရသဖြင့် တိရစ္ဆာန်ဗီဇအချို့ကို ထိန်းချုပ်ရန် ခက်ခဲနေသည်။

ဆိုင်ရှင်မ လို လှပတဲ့ မိန်းမ၊ ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးကိုယ်ထည်ကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့ စိတ်ရိုင်းတွေက ထိန်းမရအောင် ဖြစ်လာတာပါ။

"မင်းကို ငါ သေချာလေး ချစ်ပေးပါ့မယ်"

ခွေးကြီးက လူစကားကို ပြောလိုက်သည်။

ဘုန်း

နောက်တစ်စက္ကန့်မှာပဲ သူဟာ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုကြောင့် တိုက်ရိုက် လွင့်ထွက်သွားတော့သည်။

ဆိုင်ရှင်မ ၏ အသက်မဲ့နေသော မျက်ဝန်းများမှာ ချက်ချင်းပင် အသက်ဝင်လာပြီး သရော်လိုသော အမူအရာများတောင် ပါဝင်နေသည်။

သူမ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး

"မင်း ဘာပြောလိုက်တာလဲ"

အခန်း (၁၄၄) - ဂူဖုန်း

ဆိုင်ရှင်မ၏ စကားသံအဆုံးတွင်။

ဤနက်ရှိုင်းပြီး မှောင်မိုက်သော လမ်းကြားလေးအတွင်း၌ ရုတ်တရက် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းသွားတော့သည်။

ကျန်းဖိန်သည် တိရစ္ဆာန်လမ်းစဉ်သို့ ပြောင်းလဲကျင့်ကြံကာ ဝင်ရောက်ကပ်ငြိနေသော ထိုသန်မာလှသည့် ခွေးနက်ကြီး၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာသည်။

ဆွဲဆောင်မှုအပြည့်ရှိသော ထိုမိန်းမမှာ သိသာစွာပင် သာမန်လူတစ်ယောက် မဟုတ်ပေ။

မိန်းကလေးငယ် ဟူထို၏ မျက်နှာတွင်လည်း ရက်စက်သော အမူအရာများ ပေါ်လာသည်။

"စိတ်ဝင်စားဖို့ကောင်းသားပဲ၊ မျက်စိအောက်မှာတင် ဒီလိုမျိုး ကျွမ်းကျင်ပညာရှင်တစ်ယောက် ပုန်းနေလိမ့်မယ်လို့ မထင်ထားမိဘူး"

ဆိုင်ရှင်မက သာယာစွာ ပြုံးလိုက်သည်။

"မင်းတို့နှစ်ယောက်ကလည်း တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ၊ တစ်ယောက်က လူအဖြစ်မနေချင်ဘဲ ခွေးသွားလုပ်တယ်၊ နောက်တစ်ယောက်ကတော့ မိစ္ဆာဝိညာဉ်ကနေ ကလေးအလောင်းထဲ ဝင်ပြီး လူ့ခန္ဓာကိုယ်ရအောင် ကျင့်ကြံနေတယ်"

မိန်းကလေးငယ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

ထိုက်ဖင်တည်းခိုခန်းက ထိုချောမောလှပသော ဆိုင်ရှင်မမှာ သူမ၏ ကျင့်စဉ်လမ်းကြောင်းကို တစ်ချက်ကြည့်ရုံနှင့် အကုန်ပြောနိုင်နေသည် မဟုတ်ပါလား။

ဆိုင်ရှင်မက အသာအယာ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်

"ချိကဲဘက်ဂိုဏ်းက အခုဆိုရင် ဘယ်လို မိစ္ဆာမျိုးကိုမဆို လက်ခံနေတာပဲလား၊ ဂူဖုန်း ကလည်း ဒါတွေကို မထိန်းချုပ်ဘူးလား"

ဒီတစ်ကြိမ်တွင်မူ မိန်းကလေးငယ် ဟူထို တကယ့်ကို ထိတ်လန့်သွားတော့သည်။

သူမက အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်

"နင်... နင်က တကယ်တော့ ဘယ်သူလဲ"

ဆိုင်ရှင်မ ပြောလိုက်သော "ဂူဖုန်း" ဆိုသည်မှာ ချိကဲဘက်ဂိုဏ်း၏ ကောင်းကင်ဘုရင် လေးပါးထဲမှ တစ်ပါးဖြစ်သည့် ဂူဖုန်းကောင်းကင်ဘုရင် ပင် ဖြစ်သည်။

သူတို့အားလုံးမှာ ဂူဖုန်းကောင်းကင်ဘုရင်၏ လက်အောက်ခံများ ဖြစ်ကြသည်။

ချိကဲဘက်ဂိုဏ်းသည် ယခုအခါ လျှို့ဝှက်စွာ လှုပ်ရှားနေသဖြင့် အပြင်လူများမှာ ဂိုဏ်း၏ ဖွဲ့စည်းပုံနှင့် လူစာရင်းကို လုံးဝ မသိနိုင်ကြပေ။

ဆိုင်ရှင်မက ပြုံးကာ ပြောသည်

"ငါက ထိုက်ဖင်တည်းခိုခန်းရဲ့ ဆိုင်ရှင်မလေ၊ မင်းတို့က ငါ့ကိုဖမ်းပြီး ငါ့လူကို ခြိမ်းခြောက်ချင်တာ မဟုတ်ဘူးလား "

မိန်းကလေးငယ် ဟူထို၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်မှုများ ပေါ်လာသည်။

သူမ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

ထိုဆွဲဆောင်မှုရှိသော မိန်းမမှာလည်း ချိကဲဘက်ဂိုဏ်းက လူများ ဖြစ်နေမလား

ဆိုင်ရှင်မ၏ အလွန်ကြည်လင်လှသော မျက်ဝန်းအစုံမှာ ကျန်းဖိန် ပူးကပ်နေသော ခွေးနက်ကြီးထံသို့ ရောက်သွားသည်။

ကျန်းဖိန်သည် ရုတ်တရက် ရေခဲတိုက်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

တိရစ္ဆာန်လမ်းစဉ်ထဲ ရောက်သွားပြီးနောက် သူသည် အန္တရာယ်ကို အာရုံခံနိုင်စွမ်း ပို၍ ထက်မြက်လာသည်။

သူသည် ချက်ချင်းပင် ထွက်ပြေးရန် ကြံစည်လိုက်သည်

သို့သော် ဆိုင်ရှင်မက သူမ၏ ဖြူစင်နုနယ်သော လက်ညှိုးလေးကို အသာအယာ ဆန့်ထုတ်ကာ တို့လိုက်သည်။

ဘုန်း

ဤသန်မာလှသော ခွေးနက်ကြီးမှာ ချက်ချင်းပင် တစ်စစီ ကွဲကြေသွားကာ သွေးသားအိုင်အဖြစ် ပြောင်းလဲသွားတော့သည်။

မှင်တက်နေသော အမျိုးသားတစ်ဦး၏ ဝိညာဉ်ပုံရိပ်ယောင်မှာ လေထဲတွင် ပေါ်လာသည်။

သူသည် တိရစ္ဆာန်လမ်းစဉ်သို့ ကျဆင်းသွားပြီး အလွန်ယုတ်ညံ့သော လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် သူ၏ ဝိညာဉ်မှာ လူသေသားစား၍ ကြီးပြင်းလာသော ထိုခွေးဆိုးကြီးနှင့် တစ်သားတည်း ဖြစ်နေခဲ့ပြီဖြစ်သည်။

မထင်မှတ်ဘဲ ယခုအခါတွင် တစ်စုံတစ်ယောက်က အတင်းအကျပ် ခွဲထုတ်လိုက်ခြင်းပင်

ဒါဟာ သူ့ရဲ့ အသိဉာဏ်နဲ့ နားမလည်နိုင်တော့တဲ့ နတ်ဘုရားဆန်တဲ့ နည်းလမ်းတွေပဲ

ဆိုင်ရှင်မ၏ မျက်နှာမှာ တည်ငြိမ်နေပြီး လက်ချောင်းလေးဖြင့် အသာအယာ ဝှေ့ယမ်းလိုက်သည်။

ကျန်းဖိန်၏ ဝိညာဉ်မှာ ရုတ်တရက် အသားထဲသို့ ဓားဖြင့် မွှန်းနေသလို ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး၊ အရေပြားများ ကွဲအက်ကာ သွေးများ တစိမ့်စိမ့် ထွက်လာတော့သည်။

သို့သော် ပါးစပ်ကြီးကို ဟထားသော်လည်း မည်သည့်အသံမှ ထွက်မလာပေ

အသားကို အပိုင်းပိုင်း မွှန်းသတ်ခြင်း

လူ့ကိုယ်ထဲဝင်နေသော မိစ္ဆာဝိညာဉ် မိန်းကလေးငယ် ဟူထိုမှာ မျက်လုံးများ ပြူးသွားရသည်။

သူမသည် သိစိတ်မပါဘဲ ထွက်ပြေးရန် ပြင်လိုက်သည်

သို့သော် ဆိုင်ရှင်မက လေထဲတွင် အသာအယာ တစ်ချက် တို့လိုက်ရုံသာ ရှိသေးသည်။

မှန်းဆ၍မရနိုင်သော ကြီးမားလှသည့် သတ်ဖြတ်လိုသော အရှိန်အဝါများက ဟူထို၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ပေါက်ကွဲစေခဲ့သည်

ဆံပင်ဖားလျားနှင့် မိစ္ဆာဝိညာဉ်ကြီး တစ်ခု ပေါ်လာသည်။

သူမမှာလည်း အသားကို အပိုင်းပိုင်း မွှန်းခြင်းဒဏ်ကို အလားတူ ခံစားနေရသည်

ခဏအကြာတွင် ဆိုင်ရှင်မက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့နဲ့ ဒီမှာ အချိန်ဖြုန်းမနေတော့ဘူး"

ပြောပြီးသည်နှင့်။

သူမသည် ကျောက်စိမ်းကွဲကို ယူဆောင်ကာ လှည့်ထွက်သွားတော့သည်

ကျန်းဖိန်၏ ဝိညာဉ်နှင့် ထိုမိစ္ဆာဝိညာဉ်ကြီးကို အေးစိမ့်လှသော လမ်းကြားလေးထဲတွင် အသားကို အပိုင်းပိုင်း မွှန်းခြင်း ဝေဒနာကို ခံစားနေရန် ချန်ထားရစ်ခဲ့သည်။

နောက်ဆုံးတွင် သူတို့နှစ်ယောက်မှာ မခံမရပ်နိုင်ဖြစ်ကာ ပြာအဖြစ် ကြွေလွင့် ပျောက်ကွယ်သွားတော့သည်

ဆိုင်ရှင်မ၏ ကိုယ်လုံးကိုယ်ထည်မှာ အလွန်ပင် ဆွဲဆောင်မှုရှိလှပြီး လမ်းလျှောက်သည့်အခါ တုန်ခါနေမှုမှာ လူတို့၏ ဝိညာဉ်ကိုပင် ဆွဲဆောင်ထားသလို ရှိသည်။

မည်သို့ပင် ကြည့်ကြည့် သူမသည် လူတိုင်း နှစ်သက်ကြမည့် မိန်းမတစ်ဦးပင်။

ဝင်းမှည့်နေသော မက်မွန်သီးတစ်လုံးလိုပင်။

မမြည်းစမ်းဘဲ မနေနိုင်လောက်အောင်ပင်။

သို့သော် သူမ၏ ကိုယ်ခန္ဓာကို တပ်မက်နေကြသော အမျိုးသားများမှာ မသိကြသည်မှာ... ခုနကတင် ထိုနက်ရှိုင်းပြီး အေးစိမ့်သော လမ်းကြားလေးထဲတွင်။

ကြောက်မက်ဖွယ်ကောင်းလှသော မိစ္ဆာနှစ်ကောင်ကို ထိုဆွဲဆောင်မှုရှိသော ဆိုင်ရှင်မက အယုတ်မာဆုံး နည်းလမ်းဖြင့် အပြီးတိုင် နှိမ်နင်းလိုက်ခြင်းပင်။

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ ဝေမြို့သို့ ပြန်ရောက်လာသည့်အခါ ရင်းနှီးနေသော လမ်းမများကို ကြည့်ပြီး။

တကယ့်ကို ဘဝတစ်ခုစာလောက် ဝေးကွာသွားသလို ခံစားလိုက်ရသည်။

ဤတစ်ကြိမ် ဂူထဲဝင်သည့် အချိန်မှာ အလွန်မကြာသော်လည်း၊ ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်များနှင့် အလှည့်အပြောင်းများမှာ စွဲထင်ကျန်ရစ်စေသည်။

အထူးသဖြင့် ပိတ်ဆို့နေသော မှောင်မိုက်သည့် ဂူသင်္ချိုင်းကြီးထဲတွင် ရှိနေခဲ့ရခြင်းပင်။

ဝေမြို့သို့ ပြန်ရောက်သည့်အခါ နှစ်ယောက်သား စိတ်ထဲတွင် သက်ပြင်းကိုယ်စီ ချမိကြသည်။

လီယန်ချူသည် တာအိုကျောင်းတွင် မနေဘဲ ထိုက်ဖင်တည်းခိုခန်းတွင်သာ တည်းခိုခဲ့သည်။

ဤနောက်ဖေးခြံဝင်းမှာ ဆိုင်ရှင်မ၏ နေအိမ်ဖြစ်ပြီး အေးချမ်းဆိတ်ငြိမ်လှသည်။

အခန်းတွင်း၌ မီးရောင်များ လင်းထိန်နေသည်။

လီယန်ချူသည် သစ်သားရေချိုးကန်ထဲတွင် စိမ်နေသည်၊ ဆိုင်ရှင်မက သူ့အတွက် ရေနွေးကို ကြိုတင်ပြင်ဆင်ပေးထားပြီး အတွင်း၌ ပင်ပန်းနွမ်းနယ်မှုများကို ပျောက်ကင်းစေသော ဆေးဖက်ဝင် အပင်များစွာ ထည့်ပေးထားသည်။

လီယန်ချူသည် အဝတ်အစားများ ချွတ်ထားသဖြင့် သန်မာလှသော ကြွက်သားများ ပေါ်လွင်နေပြီး ရေချိုးကန်တွင် အပန်းဖြေနေသည်။

သူ အဝတ်အစား ဝတ်ထားသည့်အခါတွင်မူ ချောမောခန့်ညားသော လူငယ်တစ်ဦးအသွင် ရှိသော်လည်း။

ယခုကဲ့သို့ ကြွက်သားများ ပေါ်နေသည့်အခါတွင်မူ လူကို အံ့အားသင့်စေသည်။

သာမန် သိုင်းသမားများလို ထွားကျိုင်းကြီးမားသည့် ပုံစံမဟုတ်သော်လည်း၊ သူ၏ ကြွက်သားများမှာ အလွန် ကျစ်လျစ်ပြီး ပေါက်ကွဲအား အပြည့်ရှိနေသည်။

မည်မျှပင် တော်သော ပန်းချီဆရာ ဖြစ်ပါစေ သူ၏ ထိုယောက်ျားပီသလှသော အရှိန်အဝါကို သရုပ်ဖော်နိုင်မည် မဟုတ်ပေ။

ဆိုင်ရှင်မသည် ပါးလွှာသော အဝတ်အစားကို ဝတ်ဆင်ထားကာ လီယန်ချူ၏ ပုခုံးကို နှိပ်နယ်ပေးနေသည်။

လီယန်ချူသည် ခေါင်းကို နောက်သို့ မှီထားကာ အသက်ကို အသာအယာ ပြင်းပြင်း ရှူထုတ်လိုက်သည်။

"နေလို့ ကောင်းရဲ့လား"

ဆိုင်ရှင်မက ညင်သာစွာ မေးလိုက်သည်။

"အင်း"

လီယန်ချူက အသာအယာ ပြန်ထူးလိုက်သည်။

"ရှင် အပြင်ထွက်သွားတဲ့ အချိန်တုန်းက ကျွန်မ စိတ်ထဲမှာ တစ်ခုခု ဖြစ်တော့မလိုလိုနဲ့ ဂဏာမငြိမ် ဖြစ်နေတာ၊ ရှင့်ကို တစ်ခုခု ဖြစ်မှာ အရမ်းစိုးရိမ်နေတာ"

ဆိုင်ရှင်မက လီယန်ချူ၏ လည်ပင်းကို အသာအယာ ပွတ်သပ်ရင်း လေပြေလေးများ သွတ်သွင်းနေသည်။

လီယန်ချူက မျက်လုံးကို မှိတ်ထားရင်း ပြုံးကာ မေးလိုက်သည်

"ငါမရှိတုန်းက မင်း တစ်ခုခု ထူးထူးဆန်းဆန်း ကြုံခဲ့သေးလား "

ဆိုင်ရှင်မက ခေါင်းယမ်းကာ

"မကြုံပါဘူး"

လီယန်ချူက အသာအယာ ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့

လီယန်ချူသည် ဆိုင်ရှင်မ၏ နေအိမ်မှ ထွက်လာသည့်အခါ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေပြီး ပင်ပန်းနွမ်းနယ်မှု အားလုံး ပျောက်ကွယ်သွားတော့သည်။

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်သွားသည်။

ဆိုင်ရှင်မကတော့ ကုတင်ပေါ်တွင် နွမ်းလျစွာ မှီနေပြီး မျက်နှာမှာ ဝင်းပနေသည်။

သို့သော် ကိုယ်ခန္ဓာမှာတော့ အားအင်မရှိဘဲ လက်မောင်းကိုတောင် မမသလို ဖြစ်နေသည်။

လီယန်ချူသည် ချင်းယွန်းကျောင်း သို့ ပြန်ရောက်သည့်အခါ ထျန်းကန်းလက်ကွက် ကို လေ့ကျင့်လိုက်သည်။

ယခုအခါ သူ၏ လက်သီးခြေထောက်များထဲတွင် စစ်မှန်သော မိုးကြိုးနှင့် မီးတောက် အရှိန်အဝါများ ပါဝင်နေပြီး အရင်ကထက် ပိုမို ပြင်းထန်လှသည်။

လီယန်ချူသည်လည်း ဤကဲ့သို့သော တိုးတက်မှုကို ဝမ်းသာစွာ သတိပြုမိသည်။

ဒါဟာ ဂူထဲမှာ လင်ကွမ်းဖိတ်ခေါ်အဆောင်ကို အကြိမ်ကြိမ် သုံးခဲ့တာနဲ့လည်း ဆက်စပ်နေသလို၊ သူရရှိခဲ့တဲ့ အစီရင်ဝတ်စုံနဲ့လည်း ဆက်စပ်နေပါတယ်။

တစ်ကိုယ်လုံးမှာ ထူးခြားသော အရှိန်အဝါများ ရှိနေပြီး သိုင်းပညာ အရှင်သခင် တစ်ဦး၏ ဟန်ပန်မျိုး ရှိနေပြီဖြစ်သည်။

ခန္ဓာကိုယ်မှာ ပိုမို သန်မာလာပြီး အရေပြား၊ ကြွက်သား၊ အရိုးအဆစ်နှင့် သွေးချီများမှာ အရင်ကထက် များစွာ ကွာခြားသွားပြီ ဖြစ်သဖြင့် ထုတ်ဖော်နိုင်သော အစွမ်းမှာလည်း အရင်လို မဟုတ်တော့ပေ။

ကိုယ်ပေါ်ရှိ သွေးချီများမှာ အလွန်ပင် ပူပြင်းလှသဖြင့် လှုပ်ရှားလိုက်သည့်အခါ မီးတောက်များ ထွက်ပေါ်လာသလိုပင်။

"လီယန်ချူ၊ မင်းရဲ့ သိုင်းပညာက နောက်တစ်ဆင့် တက်သွားပြန်ပြီလို့ ငါ ခံစားနေရတယ် "

ပိုင်ဟုန်းထူက အံ့သြစွာ မေးလိုက်သည်။

လီယန်ချူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ ပြောင်းလဲမှုမှာ အလွန် သိသာလွန်းလှသဖြင့် လက်သီးလေ့ကျင့်နေရုံနှင့်ပင် ပိုင်ဟုန်းထူကဲ့သို့ သိုင်းပညာ အခြေခံရှိသူတစ်ဦးက အထူးအဆန်းဖြစ်နေခြင်းပင်။

"သေခြင်းရှင်ခြင်း တိုက်ပွဲကို ကြုံတွေ့ခဲ့ရလို့ အနည်းငယ် နားလည်သွားတာပါ"

လီယန်ချူ၏ အကြည့်များမှာ အတိတ်ကို ပြန်တွေးနေသလို ရှိသည်။

ပိုင်ဟုန်းထူမှာ ရုတ်တရက် စိတ်ထဲတွင် ထိတ်ခန့်သွားသည်။ သွားပြီ။

ဒါမျိုးလား

ငါကရော ဘာလို့ ဘာမှ မဖြစ်တာလဲ

သူသည် မူလက မိမိကိုယ်ကိုယ် ကျင့်ကြံခြင်း ပါရမီ အလွန်မြင့်မားပြီး ဓားပျံသိုင်း မှာလည်း အလွန် အစွမ်းထက်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ဝေမြို့ကို ရောက်လာပြီးနောက် လီယန်ချူထံမှ စိတ်ပျက်အားငယ်မှုများကို ဆက်တိုက် ခံစားနေရသည်။

ဤလူမှာ ကျင့်ကြံခြင်း ပါရမီက သာမန်သာ ရှိသော်လည်း သိုင်းပညာကိုတော့ ထိုအသက်အရွယ်နှင့် ဤမျှ မြင့်မားသော အဆင့်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။

ထို့အပြင် အလွန် ဆန်းကြယ်သော တာအိုအတတ်များကိုလည်း တတ်မြောက်ထားသေးသည်။

လူကို တကယ် အံ့သြစေသည်။

ကံကောင်းသည်မှာ ပိုင်ဟုန်းထူသည် စိတ်ထားပွင့်လင်းသူဖြစ်ပြီး လူရှေ့သူရှေ့ ဟန်ရေးပြရတာကို ဝါသနာပါကာ သီချင်းနားထောင်ရတာကို ကြိုက်နှစ်သက်သော လူငယ်ကောင်းတစ်ဦး ဖြစ်ခြင်းပင်။

အနည်းငယ် စိုးရိမ်စိတ် ဝင်သွားသော်လည်း ချက်ချင်းပင် မေ့ပျောက်လိုက်သည်။

ဒီညတော့ သီချင်းသွားနားထောင်ပြီး အနားယူလိုက်ဦးမယ်။

All Chapters