← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း။ ၈၃

ရုပ်သေးဂိုဏ်း၏ မိစ္ဆာမြေရိုင်း...

တောင်ပတ်လည်တွင် လိပ်တက်နေသော သွေးရောင်ခြည် အခိုးအငွေ့များသည် ယခင်ကဲ့သို့ ကြောက်မက်ဖွယ် မကောင်းတော့ပေ။ အကြောင်းမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဧရာမ မြေခွေးမိစ္ဆာကြီး၏ အရိပ်သည် မိစ္ဆာမြေရိုင်း၏ သွေးနီရောင် အရှိန်အဝါများကို ဖိနှိပ်ထားသောကြောင့်ပင်။

မှောင်မိုက်သော အရိပ်ထဲမှ မြေခွေးမိစ္ဆာ အမြောက်အမြားသည် ဝှစ်ခနဲ ဝှစ်ခနဲ ထွက်ပေါ်လာကြသည်။ ဝိညာဉ်သရဲများ ပျံဝဲနေပြီး အရိပ်ရုပ်သေးများ သောင်းကျန်းနေသော်လည်း အဆင့်မြင့် မိစ္ဆာသတ္တဝါ အမြောက်အမြားကို ရင်ဆိုင်ရသည့်အခါတွင်မူ အသာမရနိုင်ကြပေ။

မိစ္ဆာမြေရိုင်း၏ ဗဟိုချက်ရှိ သွေးနီရောင် မြူထုအတွင်းမှ ထူးဆန်းသော မျက်လုံးတစ်စုံသည် ကောင်းကင်ယံမှ အရိပ်ကြီးကို စိုက်ကြည့်နေသည်။ ထိုမျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ထို့ကြောင့်ပင် ထိုမျက်လုံးပိုင်ရှင်မှာ အမှောင်ထဲတွင်သာ ပုန်းအောင်းနေပြီး အမြီးမြောက်မြားစွာပါသော နဂါးမြေခွေးနှင့် အသေအလဲ တိုက်ခိုက်ရန် မဝံ့ရဲဘဲ ဖြစ်နေသည်။

သူတို့နှစ်ဦး မှော်ပညာဖြင့် တိုက်ခိုက်ပြီးခဲ့ပြီ ဖြစ်သည်။ ကျန်းဟန်ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ မြေခွေးသခင်မကြီးလည်း ဒဏ်ရာရနိုင်သော်လည်း သိသာထင်ရှားမှုမရှိသဖြင့် ကျန်းဟန်မှာ ထပ်မံတိုက်ခိုက်ရန် မစွန့်စားဝံ့တော့ပေ။ နောက်ဆုံးတွင် မြေခွေးသခင်မကြီး၏ ပစ်မှတ်မှာ မိစ္ဆာမြေရိုင်း သို့မဟုတ် သူမဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။

ဒါဆို ဘာကြောင့် အသက်ကို အလဟဿ အဆုံးရှုံးခံရမှာလဲ။

ထိုအချိန်တွင်... ကိုယ်ခန္ဓာတစ်ခုလုံးမှ အနက်ရောင် အခိုးအငွေ့များ ထွက်နေသော အဘိုးအိုတစ်ဦးသည် မိစ္ဆာမြေရိုင်း၏ သွေးစွန်းသော မြေပြင်ပေါ်တွင် ထက်ရှသော ခြေသည်းငါးချောင်းဖြင့် ဖိနှိပ်ခြင်း ခံထားရသည်။

ထိုအဘိုးအိုမှာ အခြားသူမဟုတ်ပေ။ ကျောက်သားအကြီးအကဲပင်။

မနေ့က ဤအချိန်တွင် သူသည် သူ၏ လျှို့ဝှက်အတတ်ပညာကို စုန်ယန်က ပေါက်ကြားအောင် လုပ်မည်ကို စိုးရိမ်နေပြီး စုန်ယန်အား ဘယ်လို သတ်ပစ်ရမလဲဟု ကြံစည်နေသူဖြစ်သည်။ သို့သော် ယနေ့တွင်မူ... ကောင်းကင်မှ ကျရောက်လာသော ဘေးဒုက္ခက သူ့ဆီသို့ ပထမဆုံးရောက်ရှိလာခဲ့သည်။

မြေခွေးစစ်သည်တော်များနှင့် စစ်သူကြီးများသည် တောင်တန်းတစ်ခုလုံးတွင် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မြေခွေးသခင်မကြီး ကိုယ်တိုင်လည်း ပေါ်လာခဲ့သည်။ မြေခွေးသခင်မကြီးသည် အရိပ်ရုပ်သေးတောင်ထိပ်၏ တောင်ထိပ်သခင်ဟောင်းကို ဆွဲဖြဲပစ်လိုက်ပြီးနောက် ဝိညာဉ်ကျင့်ကြံသူများ၏ နယ်မြေထဲမှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော ကျန်းဟန်နှင့် ရင်ဆိုင်ခဲ့သည်။

ကျန်းဟန် ရှုံးနိမ့်သွားပြီးနောက် မိစ္ဆာမြေရိုင်းထဲသို့ ပုန်းအောင်းရန် ကြိုးစားနေစဉ် ဝိညာဉ်

ကျင့်ကြံသူတစ်ဦး၏ ဆရာကြီးကျောက်ဟူသော အော်ဟစ်သံကြောင့် သူသည် မြေခွေးမိစ္ဆာများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး မြေခွေးသခင်မကြီးထံသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။

ကျောက်သားအကြီးအကဲသည် သူ၏ရှေ့မှ မြေခွေးသခင်မကြီးကို ထိတ်လန့်တကြား ကြည့်နေမိသည်။ သူမသည် အနားတွင် ရှိနေသော်လည်း သူမ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမသည် အဆိုးရွားဆုံး အိပ်မက်ဆိုးများထဲတွင်သာ တွေ့ရတတ်သည့် ပုံပျက်ပန်းပျက် ဝိညာဉ်အရိပ်ကြီးတစ်ခုကဲ့သို့ပင်။ ထိုမျက်လုံးများကို ကြည့်လိုက်ရရုံနှင့်ပင် သူ၏ ခြေလက်များ အေးစက်သွားပြီး အသက်ရှူရ ခက်ခဲလာသည်။

"ပြောစမ်း ဒါ မင်းလက်ချက်လား"

ထူးဆန်းပြီး စူးရှလှသော အသံကြီး ထွက်ပေါ်လာရာ ကျောက်သားအကြီးအကဲမှာ သူ၏ ဝိညာဉ်ပင် တုန်ခါသွားသလို ခံစားရပြီး တုန်တုန်ရင်ရင်ဖြင့် "သခင်မ... သခင်မကြီး... အမှန်အတိုင်း ပြောရရင် ကျွန်တော်... ကျွန်တော် ဘာမှနားမလည်ပါဘူး..." ဟု ပြောလိုက်သည်။

"ငါလည်း နားမလည်ဘူး"

ထိုဝိညာဉ်အရိပ်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက ငါ့ရဲ့ ပစ္စည်းကို ဘယ်လိုများ ခိုးရဲရတာလဲ"

ကျောက်သားအကြီးအကဲမှာ ကြောက်လန့်လွန်းသဖြင့် ဝိညာဉ်လွင့်မတတ် ဖြစ်သွားပြီး "ကျွန်တော့်ကို... ကျွန်တော့်ကို သတ္တိအဆပေါင်း တစ်ရာပေးရင်တောင်... သခင်မကြီးရဲ့ ပစ္စည်းကို... ခိုးဖို့ မဝံ့ရဲပါဘူး" ဟု အလောတကြီး ငြင်းဆိုရှာသည်။

"ဝိညာဉ်ကျင့်ကြံသူ၊ အမြီးတစ်ချောင်းမြေခွေးမိစ္ဆာ အရိပ်ရုပ်သေး၊ ခရမ်းရောင်နန်းတော်

အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာ၊ ပြီးတော့ ကိုယ်ထည်မဲ့ အရိပ်ကျီးကန်းကို ထိန်းချုပ်ထားတဲ့ မင်းရဲ့ လျှို့ဝှက်အတတ်ပညာ..."

မြေခွေးသခင်မကြီး၏ ဝိညာဉ်အရိပ်သည် ကျောက်သားအကြီးအကဲ၏ ပြစ်မှုများကို စီရင်ချက်ချနေသကဲ့သို့ တစ်လုံးချင်း ထွက်ပေါ်လာသည်။

"မင်း မဟုတ်ရင် တခြား ဘယ်သူရှိဦးမှာလဲ"

ဒေါသထွက်နေသော မြေခွေးသခင်မကြီးသည် သူမ၏ လက်ချောင်းငါးချောင်းဖြင့် အားထည့်၍ ဖိနှိပ်လိုက်သည်။

ကျောက်သားအကြီးအကဲမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး "စုန်ယန်ပါ" ဟု အလောတကြီး အော်ဟစ်လိုက်သည်။

"စုန်ယန်လား"

မြေခွေးသခင်မကြီး၏ လေသံမှာ လှောင်ပြောင်သံ ပါဝင်နေသည်။

ကျောက်သားအကြီးအကဲက "ဟုတ်ပါတယ် ဟုတ်ပါတယ်" ဟု ထပ်မံအတည်ပြုသည်။

မြေခွေးသခင်မကြီးက "ငါ သုံးအထိ ရေတွက်မယ်။ ပြီးရင် ဝိညာဉ်ရှာဖွေခြင်းအတတ်ကို သုံးတော့မယ်" ဟု အေးစက်စွာ ပြောလိုက်သည်။

"တစ်..."

ကျောက်သားအကြီးအကဲမှာ ဆွံ့အသွားသည်။ သူသည် မြေခွေးသခင်မကြီး ခုနကပြောသွားသော စကားများကို အသည်းအသန် ပြန်လည်စဉ်းစားကြည့်သည်။ မြေခွေးသခင်မကြီး ဖော်ပြနေသော သူခိုး၏ ဝိသေသလက္ခဏာများသည် သူနှင့် တစ်ထေရာတည်း တူညီနေသည်။

"ကျွန်တော် မဟုတ်ပါဘူး... တစ်စုံတစ်ယောက်က... တစ်စုံတစ်ယောက်က ကျွန်တော့်ကို ထောင်ချောက်ဆင်နေတာပါ"

"နှစ်..."

မြေခွေးသခင်မကြီးသည် သူ၏ စကားများကို လုံးဝဂရုမစိုက်ပေ။ သူမသည် အချိန်အတော်ကြာအောင် လျှို့ဝှက်စုံစမ်းခဲ့ပြီးမှ အချက်အလက်အားလုံး တိုက်ဆိုင်နေသူမှာ ဤကျောက်သားအကြီးအကဲ ဖြစ်နေသည်ဟု ကောက်ချက်ချထားခြင်း ဖြစ်သည်။ သူမသည် ဤနေရာအနီးတွင် ကြိုတင်ပုန်းအောင်းနေခဲ့စဉ်ကလည်း ထိုကိုယ်ထည်မဲ့ အရိပ်ကျီးကန်းလှည့်လည်သွားလာနေသည်ကို တွေ့ရှိခဲ့ရသည်။ ကျောက်သားအကြီးအကဲတွင် အရိပ်

ရုပ်သေးများကို အဝေးမှ ထိန်းချုပ်နိုင်သော စွမ်းအားရှိနေသည်မှာ ထင်ရှားလှသည်။

ထို့ကြောင့်ပင် ဈေးပွဲတော်ဖွင့်ချိန်ကို အခွင့်ကောင်းယူ၍ မိစ္ဆာမြေရိုင်းကို အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အခုလိုအချိန်မှတော့ ကျောက်သားအကြီးအကဲရဲ့ စကားတစ်ခွန်းကြောင့် နောက်ဆုတ်သွားရန် အစီအစဉ်မရှိပေ။

လူက လိမ်နိုင်သော်လည်း မှတ်ဉာဏ်ကမူ မလိမ်နိုင်ချေ။

ကျောက်သားအကြီးအကဲ၏ ဦးနှောက်မှာလည်း အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။

ရုတ်တရက် အတွေးတစ်ခု သူ၏ခေါင်းထဲသို့ ဝှစ်ခနဲ ဝင်လာသည်။ အကယ်၍... အကယ်၍ ထိုသစ္စာဖောက်တပည့် စုန်ယန်သည် ထူးကဲချီ သန့်စင်ခြင်း သတ္တမအဆင့်ထက် ပိုမိုအစွမ်းထက်နေခဲ့လျှင်ရော သို့ဆိုလျှင် မြေခွေးသခင်မကြီး ပြောနေသည့် ဝိသေသလက္ခဏာများနှင့် ကိုက်ညီနေမည်ပင်။

သို့သော် ၎င်းမှာလည်း မဖြစ်နိုင်သေးပေ။ ထိုတပည့်မှာ နန်ဝူဓားဂိုဏ်း၏ သူလျှိုတစ်ဦး ဖြစ်သည်။

သူက ဘယ်လိုလုပ်ပြီး ဝိညာဉ်ကျင့်ကြံသူ ဖြစ်နေနိုင်မှာလဲ ဘာကြောင့် ဝိညာဉ်ကျင့်ကြံသူ ဖြစ်နေရမှာလဲ။

"သုံး..."

မြေခွေးသခင်မကြီး စိတ်မရှည်တော့ပေ။

ကျောက်သားအကြီးအကဲသည် သူ့အတွက် လွတ်လမ်းမရှိတော့သည်ကို သိလိုက်ရသည်။ သို့သော် သူ့အား မည်သူက ထောင်ချောက်ဆင်နေသည်ကိုပင် မသိရဘဲ သေဆုံးရတော့မညဖြစ်ရာ သူသည် ရူးသွပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

"ငါ့အတွက်... ကလဲ့စား... ချေပေးကြပါဦး"

ထိုအသံမှာ မိစ္ဆာမြေရိုင်းတစ်ခုလုံးတွင် ဟိန်းထွက်သွားကာ အဝေးသို့ ပဲ့တင်ထပ်သွားတော့သည်။

ကျောက်သားအကြီးအကဲ၏ နောက်ဆုံးစကားမှာ မည်သူ့ကို ရည်ရွယ်သည်ကို မည်သူမျှ မသိနိုင်ပေ။

ဒါကမိစ္ဆာမြေရိုင်းထဲမှ အခြား ဝိညာဉ်ကျင့်ကြံသူလား သို့မဟုတ် သူ့ပညာရပ်များကို အမွေဆက်ခံထားသူ တစ်စုံတစ်ယောက်လား...

ဝေးကွာသော နေရာတစ်ခုတွင်မူ...

ဝမ်စုစုသည် လေထဲတွင် လွင့်ပါလာသော သူမ၏ ဆရာဖြစ်သူ၏ နောက်ဆုံးဆန္ဒများကို ကြားလိုက်ရချိန်တွင် အဝေးသို့ အပြင်းအထန် ပြေးလွှားနေသည်။ သူမက မျက်လုံးလေး ကလယ်ကလယ်ဖြင့် "အဘိုးကြီးကတော့... ဒီတိုင်းကြီး သေသွားတာပဲ။ ဘယ်သူက နင့်အတွက် ကလဲ့စားချေပေးဖို့ အချိန်အားလို့လဲ။ နင် ငါ့ကို မသင်ပေးရသေးတဲ့ ပညာတွေ ကျန်သေးလားမသိဘူး။ နင့်ရဲ့ အမွေအနှစ်တွေကို ငါ့အရည်အချင်းနဲ့ ငါရအောင် ယူခဲ့တာပဲ ဟွန့်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဟူး..."

စုန်ယန်သည် ထိုအကြီးအကဲစွန်းကို နောက်ဆုံးတွင် အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူသည် အသီးတစ်ရာဖျော်ရည်ကို ထုတ်ယူကာ ကျေနပ်အားရစွာ သောက်သုံးနေတော့သည်။ တစ်ဖက်တွင်လည်း သူ၏ ဝိညာဉ်ပုံသွင်း မြေခွေးမိစ္ဆာအရိပ်ရုပ်သေးသည် ဈေးပွဲတော်အတွင်း အဖိုးတန်ပစ္စည်းအချို့ကို ရရှိခဲ့သည်။

ခြေရာဖျောက် စီရင်စုအလံအား ထူးကဲကျောက်စိမ်းခဲ ၉ ခုပေး၍ ဝယ်ယူခဲ့သည်။ အလံလေးခုပါဝင်ပြီး အသုံးပြုပုံမှာ ရိုးရှင်းသည်။ မြေပြင်တွင် စိုက်ထူလိုက်ရုံဖြင့် အလိုအလျောက် အသွင်ဖျောက် စီရင်စုတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် အိမ်တစ်လုံးစာ အတိုင်းအတာအတွင်းရှိ လူနှင့် အသံများကို အပြင်လူ မမြင်၊ မကြားနိုင်အောင် ဖုံးကွယ်ပေးထားသည်။ အထူးသဖြင့် စွမ်းအင်စားသက်သာလှရာ လူတစ်ဦးတည်းအတွက်ဆိုလျှင် ကျောက်စိမ်းစေ့လေး တစ်စေ့တည်းဖြင့် တစ်နှစ်ပတ်လုံး အသုံးပြုနိုင်သည်။

မှော်အဆောင် အစုံအား ထူးကဲကျောက်စိမ်းခဲ ၁၀ ခုအထိ အကုန်အကျခံ၍ ဝယ်ယူခဲ့သည်။ ၎င်းတို့ထဲတွင် စိတ်ကြည်လင် အဆောင်က မည်မျှပင် ဆိုးရွားသော အခြေအနေဖြစ်ပါစေ စိတ်ကို အေးချမ်းစေသည်။

လူသတ်စိတ်နှိုးဆော်သော အဆောင်က ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို မြှင့်တင်ပေးသည်။

လေဟုန်အဆောင်ကမူ လှုပ်ရှားမှုကို မြန်ဆန်စေသည်။

ထို့အပြင် ကျင့်ကြံသူများ ပြုလုပ်ထားသော လူသားအရေခွံ မျက်နှာဖုံးများနှင့် လူသားလောကတွင် အသုံးဝင်သည့် အမွှေးတိုင်အချို့ကိုလည်း ဝယ်ယူ၍ ဖြည့်တင်းခဲ့သည်။

ယခုအခါ စုန်ယန်သည် ပြန်လည်ရောက်ရှိလာသော ယွီကျွမ်းလေးနှင့်အတူ အေးအေးလူလူ စားသောက်ရင်း သူ၏ မြေခွေးအရိပ်ရုပ်သေးမှတစ်ဆင့် ပစ္စည်းလဲလှယ်ပွဲနှင့် လေလံပွဲနေရာများကို လိုက်လံစုံစမ်းနေသည်။ သူ၏ ရည်မှန်းချက်မှာ ခရမ်းရောင်နန်းတော်အဆင့်နှင့် ပတ်သက်သော ကျင့်စဉ်များ သို့မဟုတ် မှော်ပညာများကို ရှာဖွေရန် ဖြစ်သည်။

သို့သော် လေလံပွဲများတွင် စုံစမ်းကြည့်ရာ ခရမ်းရောင်နန်းတော်အဆင့်နှင့် ပတ်သက်လျှင် အဆင့်မြင့် မိစ္ဆာသတ္တဝါသွေးကိုသာ အဓိကထား ရောင်းချကြသည်ကို သိလိုက်ရသည်။ အဆင့်တက်ရန်အတွက် ထိုသွေးကို အထောက်အကူပြုပစ္စည်းအဖြစ် လိုအပ်သည်ဟူသော အချက်ကို စုန်ယန် သိရှိပြီးသားပင်။

စုန်ယန်၏ သိုလှောင်လက်စွပ်ထဲတွင် ထူးဆန်းသော အနက်ရောင်အရိပ်ထံမှ ရရှိထားသည့် သွေးများ ရှိနေနှင့်ပြီးဖြစ်ရာ လေလံပွဲမှ အဆင့်မြင့်မိစ္ဆာသွေးများမှာ သူ့အတွက် ဆွဲဆောင်မှုမရှိတော့ပေ။

...

ထိုစဉ် ဝေးကွာသောနေရာမှ ဝတ်ရုံဖြူဝတ်ထားသူတစ်ဦး ပေါ်လာသည်။ သူ၏ အရှိန်အဝါမှာ အေးစက်လှပြီး မျက်ဝန်းများမှာလည်း တစ်မျိုးထူးဆန်းနေသည်။ စုန်ယန် မော့ကြည့်လိုကသောအခါ ၎င်းမှာ စီနီယာအစ်ကို ယင်ဝူထိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

စုန်ယန်က အဝေးမှပင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ယင်ဝူထိုင်မှာ ဖြတ်သွားဖြတ်လာရုံသာဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း သူက မထွက်သွားဘဲ စုန်ယန်၏ဘေးတွင် ဝင်ထိုင်လိုက်ကာ ရယ်မောလျက် "ဂျူနီယာညီလေးစုန်... ဓားဂိုဏ်းက မင်းရဲ့လူဟောင်းတွေကို တွေ့ခဲ့လား" ဟု မေးလိုက်သည်။

"တွေ့ခဲ့ပါတယ်"

စုန်ယန်က ဖြေလိုက်ပြီး "စည်းကမ်းတွေကိုလည်း ကျွန်တော် အကုန်နားလည်ပါတယ်" ဟု ထပ်လောင်းပြောလိုက်သည်။

"မင်း နားလည်တာ ကောင်းတာပေါ့"

ယင်ဝူထိုင်မှာ ထိုကိစ္စကို ဆက်လက်ပြောဆိုရန် စိတ်ဝင်စားပုံမရဘဲ "ခဏနေရင် ဂိုဏ်းကို ပြန်ရတော့မှာ မဟုတ်လား။ ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ် ညီလေး" ဟု ပြောလိုက်သည်။

စုန်ယန်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်များ ခဏမျှ ဖြတ်ပြေးသွားသော်လည်း သူက ခေါင်းညိတ်ကာ "ကောင်းပါပြီ စီနီယာအစ်ကိုနဲ့အတူ လိုက်ခဲ့ပါ့မယ်။ ဒါနဲ့... စီနီယာက ဘယ်အချိန်လောက် ထွက်ခွာဖို့ စဉ်းစားထားလဲ" ဟု မေးရာ ယင်ဝူထိုင်က နောက်သို့မှီလိုက်ရင်း "ဘာကို အလျင်လိုနေတာလဲ အချိန်တွေ အများကြီး ရှိပါသေးတယ်" ဟု ခပ်အေးအေးပင် ပြောလိုက်တော့သည်။

ရှဲ...

မြေခွေးအဘွားအိုသည် လက်ကိုမြှောက်ကာ ကျောက်သားအကြီးအကဲကို အလွယ်တကူပင် သတ်ဖြတ်လိုက်သည်။ သူမ၏ မြေခွေးမျက်လုံးအစုံမှာ အကြီးအကျယ် စိတ်ပျက်မှုနှင့်အတူ ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ပျောက်ဆုံးသွားသော အနှစ်သာရသွေးမှာ သာမန်ကျင့်ကြံရေးပစ္စည်းတစ်ခု မဟုတ်ဘဲ သူမ၏ အသက်အန္တရာယ်နှင့် တိုက်ရိုက်ပတ်သက်နေသော အရေးကြီးသည့်အရာပင်။ သူမ ၎င်းကို အသည်းအသန် ပြန်လည်ရယူရန် လိုအပ်သည်။

ဝိညာဉ်ရှာဖွေခြင်းပြီးဆုံးသွားသော်လည်း ရလဒ်မှာ သူမကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ပေ။ သူမသည် အဆုတ်ထဲမှ ချောင်းနှစ်ချက်ခန့် အသာအယာ ဆိုးလိုက်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ကျန်းဟန်နှင့် တိုက်ခိုက်ခဲ့ရမှုမှာ သူမအတွက်လည်း အထိအခိုက် မနည်းလှပေ။

သို့သော် ရပ်တန့်နေရန် အချိန်မရှိပေ။ မြေခွေးအဘွားအို၏ ဦးနှောက်ထဲတွင် နာမည်တစ်ခု ဝှစ်ခနဲ ပေါ်လာသည်။

စုန်ယန်…

ဝိညာဉ်ကျင့်ကြံသူ မဟုတ်ခြင်းနှင့် ကျင့်စဉ်အဆင့် မကိုက်ညီခြင်းမှအပ ကျန်ရှိသော အခြေအနေအားလုံးမှာ စုန်ယန်နှင့် ကိုက်ညီနေသည်။ ထို့ပြင် စုန်ယန်မှာ သူမ သတ်ခဲ့သော ဖုမိသားစုဝင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သည်။

ကျောက်သားအကြီးအကဲ၏ မှတ်ဉာဏ်ထဲမှ အချက်အလက်အချို့အရ တောင်ဘက်ဝါးတောင်ထိပ်မှ ကျင့်ကြံသူများအားလုံး သေဆုံးသွားချိန်တွင် ဖုမိသားစုမှ အမျိုးသမီးနှစ်ဦးနှင့် စုန်ယန်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

မကြာသေးမီက စုန်ယန်သည် အမြီးတစ်ချောင်းမြေခွေးမိစ္ဆာကို ဖော်စပ်ရင်း စွမ်းအားတန်ပြန်

သက်ရောက်မှုကို ခံစားခဲ့ရသည်။

ဤအချက်များအားလုံးမှာ တိုက်ဆိုင်မှုဟု ပြောရန် အလွန်ပင် များပြားလွန်းနေသည်။

"အကယ်၍ စုန်ယန်က တစ်ခုခုကို ဖုံးကွယ်ထားပြီး ငါ့ရဲ့ အာရုံကို ကျောက်သားအကြီးအကဲဆီ ရောက်အောင် တမင်လမ်းလွှဲခဲ့တာဆိုရင်... ဒီကောင်က တကယ့်ကို ကောက်ကျစ်တဲ့ သူခိုးလေးပဲ"

သေဟန်ဆောင်ခြင်း၊ ရတနာဟန်ဆောင်၍ သူတစ်ပါး၏ ဘဏ္ဍာတိုက်ထဲ ဝင်ရောက်ခြင်း၊ ထို့နောက် လူမရှိခိုက် ဘဏ္ဍာတိုက်ကို ဖောက်ထွင်းခြင်း...

ဒါက လူတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား။

မြေခွေးအဘွားအိုသည် အံတင်းတင်းကြိတိကာ အော်ဟစ်လိုက်ပြီး အေးစက်သော စမ်းအိုင်ချိုင့်ဝှမ်း ဈေးပွဲတော်ဆီသို့ အဟုန်ဖြင့် ပျံသန်းသွားတော့သည်။ စုန်ယန်သာ အမှန်တကယ် သူခိုးဖြစ်ခဲ့လျှင် ကျောက်သားအကြီးအကဲ သေဆုံးမှုက သူ့ကို သတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူ မလွတ်မြောက်မီ ဖမ်းဆီးသတ်ဖြတ်ကာ သူ၏မှတ်ဉာဏ်ထဲမှ လျှို့ဝှက်ချက်များကို ရှာဖွေရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

အခန်း။ ၈၄

မိစ္ဆာမြေရိုင်းအတွင်းတွင် ပရမ်းပတာများ ဖြစ်ပွားနေသော်လည်း အေးစက်သော စမ်းအိုင်

ချိုင့်ဝှမ်းဈေးပွဲတော်မှာမူ စည်ကားမြဲ စည်ကားလျက် ရှိနေသည်။

နိုင်ငံသုံးနိုင်ငံမှ ကျင့်ကြံသူ အမြောက်အမြား ဤနေရာတွင် စုဝေးနေကြပြီး သတင်းရရှိထားသော ခရမ်းရောင်နန်းတော်အဆင့်ကျွမ်းကျင်သူ အနည်းငယ်ကလည်း ဤပွဲတော်၏ လေထုကို ဖျက်ဆီးရန် ရည်ရွယ်ချက် မရှိကြပေ။

အကြောင်းမှာ ရုပ်သေးဂိုဏ်းနှင့် နန်ဝူဓားဂိုဏ်းတို့အတွက် ဤဈေးပွဲတော်သည် မဟာမိတ်ဖွဲ့ခြင်း၏ သင်္ကေတတစ်ခုထက်မကဘဲ အလွန်နက်နဲသော အဓိပ္ပာယ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ၎င်းမှာ စည်းလုံးညီညွတ်ခြင်းပင်။

နိုင်ငံသုံးနိုင်ငံရှိ ကျင့်ကြံသူအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်ဆောင်နိုင်မည့် အခွင့်အရေးမှာ ဤဈေးပွဲတော်တွင်သာ ရှိသည်။ အကယ်၍ ဤဈေးကွက်ကို ရေရှည်တည်တံ့အောင် ထိန်းထားနိုင်ပါက ၎င်းကို ထိန်းချုပ်ထားသူများသည် ကျင့်ကြံသူအားလုံးကို မိမိတို့၏ လက်အောက်သို့ ရောက်ရှိလာအောင် စည်းရုံးနိုင်မည်ပင်။

လောကတွင် သုညမှ တစ်သို့ ပြောင်းလဲခြင်းမှာ အခက်ခဲဆုံးဖြစ်သည်။ အေးစက်သော စမ်းအိုင်ချိုင့်ဝှမ်း ဈေးပွဲတော်သည် ထိုတစ်ဖြစ်လာရန် ရည်မှန်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဂူဟွမ်ကျီ ဖြစ်စေ၊ အကြီးအကဲချုပ် ဖြစ်စေ ဤပွဲတော်အတွင်း မည်သည့် မတော်တဆမှုမျိုးကိုမျှ မဖြစ်ပေါ်စေလိုကြပေ။

ထို့အပြင် မိစ္ဆာမြေရိုင်းထဲတွင် မြေခွေးအဘွားအို ပေါ်လာခြင်းက ဤဘက်ရှိ ဈေးပွဲတော်နှင့် ဘာဆိုင်မှာလဲဟု သူတို့ တွေးထင်ထားကြသည်။

ထို့ကြောင့် ဂိုဏ်းနှစ်ခုစလုံးမှ အထူးချွန်ဆုံး ကျွမ်းကျင်သူများကို ရုပ်သေးဂိုဏ်း၏ မိစ္ဆာမြေရိုင်းသို့ လျှို့ဝှက်စွာ စေလွှတ်လိုက်ကြသည်။

...

အခြေအနေကို သိရှိသူ အနည်းငယ်မှအပ ကျန်ရှိသော လူအားလုံးမှာ အမှောင်ထဲတွင်သာ ရှိနေကြဆဲပင်။ ယင်ဝူထိုင်မှာမူ ထိုသတင်းကို သိရှိထားသူထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ယခုအချိန်တွင် သူသည် စုန်ယန်အား ဈေးပွဲတော်အတွင်းရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး ဖြစ်သည်။ သူတို့သည် ဘေးချင်းကပ် အခန်းနှစ်ခန်းတွင် တည်းခိုနေကြသော်လည်း တည်းခိုခန်း၏ အပြင်ဘက်တွင်မူ စုန်ယန် ထွက်ပြေး၍မရအောင် ယင်ဝူထိုင်၏ ယုံကြည်ရသော နောက်လိုက်များက ဝိုင်းရံစောင့်ကြပ်နေကြသည်။

စုန်ယန်က အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ခဲ့သည်။ သူ အပြင်ထွက်ရန် ကြိုးစားတိုင်း ယင်ဝူထိုင်က တစ်ခုမဟုတ်တစ်ခု အကြောင်းပြချက်ပေးကာ အမြဲတမ်း လိုက်ပါလာတတ်သည်။ သို့သော် သူက ချောင်ယွီကျွမ်းကို အပြင်လွှတ်သည့်အခါတွင်မူ မည်သူကမျှ အရေးတယူ မလုပ်ကြပေ။

စုန်ယန်မှာ စတင်၍ စပ်စုလိုစိတ် ဖြစ်ပေါ်လာတော့သည်။

သူ မည်မျှပင် ထိုးထွင်းဉာဏ်ရှိသူဖြစ်ပါစေ။

မြေခွေးအဘွားအိုသည်လည်း ပရိယာယ်သုံးကာ လူအားလုံး အပြင်ထွက်နေခိုက် သူမ၏ အိမ်ထဲသို့ ခိုးဝင်သွားခဲ့သည်ဆိုသောအချက်ကိုမူ စိတ်ကူးပင် မယဉ်မိခဲ့ပေ။

ထို့ကြောင့် သူ၏ စုံစမ်းမှုများကို "ရုပ်သေးဂိုဏ်းနဲ့ နန်ဝူဓားဂိုဏ်းတို့ကြားမှာ အဖုအထစ်တွေ ဖြစ်နေပြီလား" ဆိုသည့်အချက်ပေါ်မှာသာ အာရုံစိုက်ထားတော့သည်။

အမှန်စင်စစ် သူသည် နန်ဝူဓားဂိုဏ်း၏ သူလျှိုတစ်ဦးဖြစ်ပြီး ဤနေရာတွင် ရှိနေခြင်းမှာ တရားသောလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့အကြား ချောမွေ့အောင် ညှိနှိုင်းပေးရသူတစ်ဦးအဖြစ် ဟန်ဆောင်နေရခြင်းပင်။ အကယ်၍ ဂိုဏ်းနှစ်ခုသာ တကယ်တမ်း စိတ်ဝမ်းကွဲသွားခဲ့လျှင် ရုပ်သေးဂိုဏ်းအနေဖြင့် သူ ထွက်ပြေးသွားမည်ကို သေချာပေါက် စိုးရိမ်မည်မှာ အမှန်ပင်။

ယင်ဝူထိုင်သည် လိမ္မာပါးနပ်သူပီပီ စုန်ယန်၏ အတွေးများကို ရိပ်မိနေသည်။ ထို့ကြောင့် သူသည် ဂျူနီယာညီလေး၏ သံသယကို ပိုမိုခိုင်မာစေရန် အောက်ပါအတိုင်း လှောင်ပြုံးပြုံးလျက် ပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။

"မှတ်ထားစမ်းပါ ညီလေး... မင်းက အခု ငါ့ရဲ့ ဂျူနီယာညီလေးပဲ။ မင်းသာ ဓားဂိုဏ်းကို ပြန်သွားရင်တောင် ငါတို့ ရုပ်သေးဂိုဏ်းမှာ ရထားတဲ့ ဂုဏ်သိက္ခာမျိုးကို ရပါဦးမလား"

ထို့နောက် သူသည် စုန်ယန်၏ ပုခုံးကို ရင်းရင်းနှီးနှီးပုတ်လိုက်ပြီး အနည်းငယ် နီမြန်းနေသော သူ၏ မျက်ဝန်းများကို နှိမ့်ချလျက် တိုးတိုးလေး ပြောလိုက်သည်။

"ငါဝန်ခံပါတယ်... နန်ဝူဓားဂိုဏ်းမှာ တကယ့်လူရိုးလူအတွေ ရှိသလို အများစုကတော့ သူတော်ကောင်းယောင်ဆောင်တဲ့ လူလိမ်တွေပဲ။ မင်း ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ပြီး စီစဉ်စမ်းပါ။ လူမှားဘက်မှာ ရပ်တည်ပြီး အမှားကြီး မလုပ်မိစေနဲ့"

စီနီယာအစ်ကိုယင်က သူ့အပေါ် ဤမျှအလေးထားကာ ပြောဆိုနေသည်ကို မြင်သောအခါ စုန်ယန်သည် ဂိုဏ်းနှစ်ခု စိတ်ဝမ်းမကွဲသေးကြောင်း ချက်ချင်း သိလိုက်ရသည်။

ဒါဆို... အခု ဘာတွေဖြစ်နေတာလဲ။

သူသည် ခဏမျှ အဖြေရှာမရဘဲ ဖြစ်နေသည်။ လက်ရှိတွင် သူသည် တည်းခိုခန်းအတွင်း၌သာ ရှိနေသော်လည်း သူ၏ ဝိညာဉ်ပုံသွင်း အရိပ်ရုပ်သေးမှာမူ အပြင်ဘက်တွင် လှုပ်ရှားနေဆဲပင်။ နေဝင်ရိုးရီ အချိန်ရောက်သောအခါ ထိုအရိပ်ရုပ်သေးသည် ပစ္စည်းလဲလှယ်ပွဲတစ်ခုကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဤလဲလှယ်ပွဲသည် ယာယီစီစဉ်ထားခြင်းဖြစ်ပြီး တက်ရောက်လာသူများမှာ ခရမ်းရောင်

နန်းတော်အဆင့်ကို စိတ်ဝင်စားကြသည့် တစ်ကိုယ်တော်ကျင့်ကြံသူများ၊ နန်ဝူဓားဂိုဏ်းနှင့် ရုပ်သေးဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။

စုစုပေါင်း လူ ၇ ဦး တက်ရောက်နေပြီး သူတို့မှာ နန်ဝူဓားဂိုဏ်းမှ တပည့် ၂ ဦး၊ ရုပ်သေးဂိုဏ်းမှ တပည့် ၂ ဦး၊ သွေးအလောင်းတောင်ထိပ်မှ တပည့် ၁ ဦးဖြစ်ပြီး သူ၏နောက်တွင် အဝတ်စများဖြင့် တင်းကျပ်စွာ ပတ်ထားသော၊ ခရမ်းရောင်အသားအရေရှိသည့် ခရမ်းရောင်အလောင်း တစ်ခု ပါဝင်သည်။ ၎င်းသည် ထူးကဲချီ သန့်စင်ခြင်း အဋ္ဌမအဆင့်ခန့် စွမ်းအားရှိသည်။

ဤအဖွဲ့ငယ်လေးသည် ဈေးပွဲတော်၏ လူသူကင်းဝေးသော ထောင့်တစ်ခုတွင် စုဝေးနေကြခြင်း ဖြစ်သည်။ စုန်ယန်၏ အရိပ်ရုပ်သေးသည် အမှောင်ထဲမှနေ၍ သူတို့၏ စကားဝိုင်းကို နားစွင့်နေမိသည်။ သူတို့သည် ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းရန် လိုအပ်သည့် အဆင့်မြင့် မိစ္ဆာသွေးနှင့် လျှို့ဝှက်ကျင့်စဉ်များအကြောင်းကို အချင်းချင်း လဲလှယ်ရန် ကြိုးစားနေကြသည်။

စုန်ယန်အတွက် ဤသည်မှာ ရွှေကဲ့သို့ အဖိုးတန်သော အခွင့်အရေးဖြစ်သည်။ သူသည် ဤလူများထဲမှ တစ်စုံတစ်ယောက်ထံ၌ မြေခွေးအဘွားအို၏ သွေးနှင့် ပတ်သက်သည့် လျှို့ဝှက်ချက် သို့မဟုတ် ၎င်းကို အဆိပ်ဖြေနိုင်မည့် နည်းလမ်းများ ရှိနေမလားဆိုသည်ကို သိချင်နေခြင်းပင်။

ရုပ်သေးဂိုဏ်း၏ စက္ကူရုပ်တောင်ထိပ်မှ အကြီးအကဲကိုယ်တိုင် သင်ကြားပေးထားသည့် ထူးချွန်တပည့်တစ်ဦးမှာ ဝတ်ဆင်ထားသော သံချပ်ကာအင်္ကျီမှ ထွက်ပေါ်နေသည့် ထူးခြားသော အရှိန်အဝါကြောင့် သိသာထင်ရှားနေသည်။ သူသည် ထူးကဲချီ သန့်စင်ခြင်း ကိုးခုမြောက်အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်ရှိသော သူနှစ်ဦးမှာမူ စုန်ယန်ကဲ့သို့ပင် မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားသည့် အမည်မသိဝတ်စုံများ ဝတ်ဆင်ထားကြသည်။ အေးစက်သော စမ်းအိုင်ချိုင့်ဝှမ်း ဈေးပွဲတော်၏ စည်းကမ်းမှာ "မည်သည့်နေရာမှလာသည်၊ မည်သူဖြစ်သည်ကို မမေးမြန်းရ၊ လူသားမျိုးနွယ်ဖြစ်လျှင် ကြိုဆိုသည်" ဟူ၍ ဖြစ်ရာ ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်ထားသရွေ့ မည်သို့ပင် ပုံဖျက်ထားပါစေ မည်သူမျှ ဂရုမစိုက်ကြပေ။

ဓားဂိုဏ်းနှင့် ရုပ်သေးဂိုဏ်းမှ တပည့်များသည် တစ်ဦးကိုတစ်ဦး အေးစက်စွာ ကြည့်ရှုရင်း ခပ်ခွာခွာသာ နေကြသည်။ လဲလှယ်ပွဲ စတင်ချိန်တွင် လူ ၇ ဦးစလုံးက သူတို့ သိလိုသည့် အချက်အလက်များကို တင်ပြကြရာ ဂိုဏ်းသားများက ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းရန် မည်သည့် မိစ္ဆာသွေးက အခြေခံအုတ်မြစ်အတွက် အသင့်တော်ဆုံး ဖြစ်မလဲ။ မိစ္ဆာသတ္တဝါများ၏ အသိုက်အအုံများ ဘယ်မှာရှိသလဲ စသည်တို့ကို မေးမြန်းကြသည်။

အမည်မသိ ကျင့်ကြံသူများက ခရမ်းရောင်နန်းတော်အဆင့်ကို ဘယ်လိုတက်လှမ်းရမလဲ" နှင့် "လဲလှယ်ရန် ခရမ်းရောင်နန်းတော်အဆင့် ကျင့်စဉ်များ ရှိမလား" ဟူသော အချက်များကို အာရုံစိုက်ကြသည်။

စုန်ယန်သည်လည်း ထိုသူများကဲ့သို့ပင် နောက်ထပ်တက်လှမ်းရန် လမ်းစပျောက်နေသူ ဖြစ်ရာ တူညီသော မေးခွန်းများကိုပင် မေးမြန်းလိုက်သည်။

တစ်ကိုယ်တော် ကျင့်ကြံသူနှစ်ဦးမှာ ထူးခြားသော အတွေ့အကြုံများ ရှိပုံရပြီး ရတနာအမြောက်အမြား သယ်ဆောင်လာကြသည်။ သွေးအလောင်းတောင်ထိပ်မှ တပည့်ဖြစ်သူသည် ထိုသူတစ်ဦးနှင့် လဲလှယ်ပြီးနောက် စုန်ယန်ကို အချက်ပြကာ ဘေးသို့ ခေါ်ထုတ်သွားသည်။

သွေးအလောင်းတောင်ထိပ်တပည့်: "ငါ့ဆီမှာ ခရမ်းရောင်နန်းတော်အဆင့် ကျင့်စဉ်အပိုင်းအစ တစ်ခုရှိတယ်။ ဒါဟာ ငါတို့ ရုပ်သေးဂိုဏ်းက ပညာရပ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အစပြုဖို့အတွက်တော့ အာမခံတယ်။ မင်း ဘာနဲ့ လဲမှာလဲ"

စုန်ယန်: "ထူးကဲကျောက်စိမ်းနဲ့ပဲ"

သွေးအလောင်းတောင်ထိပ်တပည့်က မျက်မှောင်ကြုတ်လျက်ဖြင့် "တခြား ဘာမှမရှိတော့ဘူးလား"

စုန်ယန်: "မင်းအတွက် အသုံးဝင်မယ့် တခြားအရာ ငါ့မှာ ရှိမှာမဟုတ်ဘူး"

ထိုတပည့်သည် ခဏမျှ စဉ်းစားလိုက်သည်။ ၎င်းမှာ မိတ္တူကူးထားသည့် ကျင့်စဉ်သာ ဖြစ်

သဖြင့် တစ်ဦးပိုရောင်းရသည်ဖြစ်စေ လျော့ရောင်းရသည်ဖြစ်စေ သူ၏ မူရင်းပညာရပ်ကို ထိခိုက်မှု မရှိပေ။ ထို့ကြောင့် သူက ပြတ်သားသော ဈေးနှုန်းတစ်ခုကို တောင်းဆိုလိုက်သည်။

"ဈေးနှုန်းက အသေပဲ။ ထူးကဲကျောက်စိမ်းစေ့ငယ် ၂၀၀ ဒါမှမဟုတ် ထူးကဲကျောက်စိမ်းခဲ ၂ တုံး"

All Chapters