← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

လီယန်ချူ

​အခန်း (၁၅၁) - ချင်းယီမယ်တော် စိတ်ဝိညာဉ်၊မိတ်ဆွေ၏ ခန္ဓာကိုယ်ကို ငှား၍ လူ့ပြည်ပြန်ခြင်း

​ပတ်ဝန်းကျင်တစ်ခုလုံးတွင် သူမ၏ အသံများ ရုတ်တရက် ပဲ့တင်ထပ်လာသည် လူပေါင်းများစွာ တစ်ပြိုင်နက်တည်း စကားပြောနေသကဲ့သို့ပင် မိစ္ဆာစိတ်အာရုံ ချင်းယီမယ်တော်၏ လက်ထဲတွင် ထက်မြက်သော ဓားတစ်လက် ပေါ်လာပြီး လီယန်ချူဆီသို့ တိုက်ရိုက် ထိုးစိုက်လာသည်။

​ဒေါင်

လီယန်ချူက ဓားဖြင့် ခုခံကာကွယ်လိုက်ပြီးနောက် ဘေးတိုက် တစ်ချက် ပြန်လည် ခုတ်လိုက်သည်။

​ပူပြင်းထက်မြက်လှသော လျိုယန်ကျင့်စဉ် အတွင်းအားများက လေလှိုင်းများကို ဆူပွက်သွားစေသည်။

​ချင်းယီမယ်တော်၏ မိစ္ဆာစိတ်အာရုံ ပုံရိပ်ယောင်သည် လက်ထဲက ရှည်လျားသော ဓားကို တိုက်ရိုက် လွှတ်ထုတ်လိုက်သည်။

​ထိုဓားသည် လေထုထဲတွင် သွေးရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် လီယန်ချူဆီသို့ ပြေးဝင်ဝါးမြိုရန် ကြိုးစားတော့သည်။

​တစ်ကိုယ်လုံးတွင် ကောင်းကင်သို့ ထိုးတက်နေသော မိစ္ဆာအရှိန်အဝါ များ ဖုံးလွှမ်းနေသည်။

​လီယန်ချူ၏ ဓားအလင်းတန်း မှာ ချက်ချင်းပင် အေးခဲသွားပြီးနောက် သွေးနဂါးကြီး၏ ဝါးမြိုခြေမွခြင်းကို ခံလိုက်ရသည်။

​ဒါဟာ မိစ္ဆာအရှိန်အဝါ အလွန်အမင်း ပြင်းထန်နေသည့် လက္ခဏာပင်။

လီယန်ချူ၏ သန့်စင်သော ယန်အတွင်းအား ကိုပင် ပြန်လည် ဖိနှိပ်ထားနိုင်သည်။

​"နဂါးအသွင် ပြောင်းတာလား"

​လီယန်ချူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။

​သွေးနဂါးကြီးသည် ပဓာနဆောင်အတွင်း၌ ဝဲပျံနေပြီးနောက် အောက်သို့ ဝုန်းကနဲ ထိုးဆင်းတိုက်ခိုက်လာသည်။

​ရှပ်

သွေးနဂါးကြီးမှာ ချက်ချင်းပင် နှစ်ပိုင်း ပြတ်သွားတော့သည်။

​လီယန်ချူ၏ လက်ထဲက ကျန်ကျောင်းဓားသည် အလွန်ပင် ထက်မြက်လှပြီး ဓားတစ်ချက်တည်းနှင့်ပင် သွေးနဂါးကို ဖြတ်တောက်ပစ်လိုက်သည်။

​"မင်းက ငါ့ကို လာပြီး စမ်းသပ်နေတာလား"

​လီယန်ချူက လှောင်ပြောင်လိုက်သည်။

​မိမိက ကျန်ကျောင်းဓား ကို အသုံးပြုနေချိန်တွင်၊ ဤမိစ္ဆာစိတ်အာရုံက သွေးနဂါးတစ်ကောင်ကို ဖန်တီးပြီး အသေခံခိုင်းနေခြင်းပင်။

​မိစ္ဆာစိတ်အာရုံ ပုံရိပ်ယောင်၏ မျက်နှာတွင် နာကျည်းမုန်းတီးမှုများ ပိုမို ထူပြောလာသည်။

ဘာမှ ပြန်မပြောပေ။

​လီယန်ချူကို ကြောက်ရွံ့သောအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ရုံသာ။

​ထိုလူငယ် တာအိုဆရာသည် အရင်တစ်ခေါက်ကထက်စာလျှင် အစွမ်းများစွာ ပိုမို ထက်မြက်လာသည်။

ထို့အပြင် ပြင်းထန်လှသော မိုးကြိုးအတတ်ကိုလည်း အသုံးမပြုရသေးပေ။

​မိစ္ဆာလမ်းစဉ် အကြွင်းအကျန် ဆိုသည်မှာ မကောင်းသော စိတ်ခံစားချက် အမျိုးမျိုးကို စုစည်းထားခြင်းဖြစ်ရာ ဘုရားကျောင်းစောင့်နတ် တစ်ပါးကဲ့သို့ စိတ်ဓာတ်ခိုင်မာမှု မရှိပေ။

​သို့မဟုတ်လျှင် ကျင့်ကြံမှု မြင့်မားသော ပညာရှင်တစ်ဦး ရှိသင့်သည့် စိတ်အခြေအနေမျိုး မရှိဟု ဆိုရမည်။

​သူမသည် လီယန်ချူကို စူးစိုက်ကြည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

​ဒါဟာ ချင်းယီမယ်တော်၏ စိတ်ဝိညာဉ်ကမ္ဘာ ဖြစ်သလို သူမ၏ အိမ်ကွင်းလည်း ဖြစ်သည်။

အကယ်၍ သူမက အသည်းအသန် ထွက်ပြေးပုန်းရှောင်မည်ဆိုပါက ဤလူငယ်က သူမကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ဟု သူမ ယုံကြည်နေသည်။

​"ရပ်စမ်း "

​လီယန်ချူသည် အမှန်တရားစကားလုံး ကို ရွတ်ဆိုကာ၊ ချုပ်နှောင်ခြင်းအတတ် ကို အသုံးပြုလိုက်သည်။

ယခုအခါ သူသည် ကျင့်စဥ်ဒုတိယ အဆင့် သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုအတတ်၏ စွမ်းအားမှာ ပိုမို ပြင်းထန်လှသည်။

​မိစ္ဆာစိတ်အာရုံ ပုံရိပ်ယောင်မှာလည်း ခဏမျှ ရပ်တန့်သွားရသည်။

​သူမ သတိပြန်ဝင်လာပြီး ခန္ဓာကိုယ်အတွင်းက အချုပ်အနှောင်ကို ချိုးဖျက်လိုက်သည့် အချိန်တွင်မူ။

​လီယန်ချူက အနားသို့ ရောက်ရှိနေပြီဖြစ်ပြီး၊

ဓားတစ်ချက် ခုတ်ချလိုက်လေပြီ

​မိစ္ဆာစိတ်အာရုံ၏ ကျင့်ကြံမှု အများစုမှာ ချင်းယီမယ်တော်၏ ဖိနှိပ်ခြင်းကို ခံထားရသဖြင့်၊ ယခုအခါ လီယန်ချူ၏ လျှပ်စီးကဲ့သို့ ပြင်းထန်လှသော ဓားချက်ကို။

လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ပေ

​ဒိုင်း

​ထိုဟင်လင်းပြင်အတွင်း၌ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်

​မိစ္ဆာစိတ်အာရုံ ပုံရိပ်ယောင်မှာ လီယန်ချူ၏ ဓားချက်အောက်တွင် လုံးဝ ပြာအဖြစ် ပျောက်ကွယ်သွားတော့သည်။

​ထိုအဖြူအမည်းကမ္ဘာအတွင်း၌ မရပ်မနားသော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာသည်၊ ၎င်းမှာ ဤဟင်းလင်းပြင် ပြိုကွဲတော့မည့် လက္ခဏာပင်။

​လီယန်ချူသည် နတ်ရုပ်အတွင်းမှ ထွက်ပေါ်လာသော နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးရှေ့သို့ ရောက်လာသည်။

ဒါဟာ ချင်းယီမယ်တော်၏ စိတ်ဝိညာဉ် အစစ်အမှန်ပင် ဖြစ်သည်။

​ချင်းယီမယ်တော်၏ ကိုယ်ပေါ်ရှိ သွေးအလင်းတန်းများမှာ တဖြည်းဖြည်း အက်ကွဲလာပြီးနောက် ကွဲအက်ပျောက်ကွယ်သွားသည်။

​ချင်းယီမယ်တော်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

​ထိုမျက်ဝန်းအစုံမှာ အလွန်ပင် အသက်ဝင်လှပြီး ဉာဏ်ပညာနှင့် ကြင်နာသနားမှု အလင်းတန်းများ ကိန်းအောင်းနေသည်။

​ချင်းယီမယ်တော်သည် လူသားဘဝ မှ ကိုးကွယ်မှုအရှိန်အဝါများ စုစည်းကာ ဘုရားကျောင်းစောင့်နတ် ဖြစ်လာနိုင်ခြင်းမှာ။

ထို့အပြင် များစွာသော ဘုရားကျောင်း၊ တာအိုကျောင်းများကို ကျော်ဖြတ်ကာ နာမည်ကျော်ကြားလှသော အထွတ်အထိပ် နယ်မြေတစ်ခု ဖြစ်လာစေခြင်းမှာ။

​ချင်းယီမယ်တော်ကိုယ်တိုင်သည် တကယ့်ကို ဉာဏ်ပညာကြီးမားပြီး စိတ်နှလုံး ကောင်းမွန်သူတစ်ဦး ဖြစ်ရပေလိမ့်မည်။

​"မင်းက ချင်းယီမယ်တော်လား"

​လီယန်ချူက မေးလိုက်သည်။

​"ဟုတ်ပါတယ်"

​"မိတ်ဆွေက ကျွန်မရဲ့ မိစ္ဆာစိတ်အာရုံကို သတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်မ ဘယ်တော့မှ ပြန်လည် သတိဝင်လာတော့မှာ မဟုတ်ဘူး"

​ချင်းယီမယ်တော်၏ အသံမှာ အလွန် အားနည်းနေသည်။

သို့သော် သူမ၏ အသံမှာ လူကို နွေဦးလေပြည်ကဲ့သို့ အေးချမ်းစေသည်။

​"မယ်တော် အားနာစရာ မလိုပါဘူး၊ ကျွန်တော်က ရွှီလင်းစုရဲ့ ဖိတ်ကြားချက်အရ မယ်တော်ကို ကူညီဖို့ လာခဲ့တာပါ"

​လီယန်ချူက တည်ငြိမ်စွာ ပြောလိုက်သည်။

​ချင်းယီမယ်တော်က ခေါင်းအသာအယာ ညိတ်လိုက်သည်။

​"လင်းစုက ကျွန်မရဲ့ တပည့်ပါ၊ ဒီနှစ်တွေထဲမှာ သူမ တော်တော်လေး ပင်ပန်းခဲ့ရရှာတယ်"

​တပည့်

လီယန်ချူ မျက်ခုံးပင့်လိုက်သည်။

​ချင်းယီမယ်တော် ထရပ်လိုက်သည့်အခါ သူမ၏ ခန့်ညားထည်ဝါလှသော အရှိန်အဝါမှာ ပြန်လည် ထွက်ပေါ်လာပြီး လူကို လေးစားရိုသေစိတ် ပေါ်ပေါက်စေသည်။

​"တာအိုအစီရင်ဝတ်စုံ၊ နတ်ဘုရားလက်နက်... အာမိတ်ဆွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ကျင့်ကြံမှုနဲ့ ကံတရားရှိတာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်"

​ချင်းယီမယ်တော်၏ မျက်လုံးများထဲတွင် ချီးကျူးသည့် အရိပ်အယောင်များ ပေါ်လာသည်။

​လီယန်ချူက အသာအယာ ပြုံးလိုက်သည်။

​"ကျွန်မ ဒီနေရာမှာ ပိတ်လှောင်ခံထားရတာ ကြာပါပြီ၊ စိတ်ဝိညာဉ်ကမ္ဘာလည်း ညစ်ညမ်းသွားခဲ့ပြီ၊ အခု မိစ္ဆာစိတ်အာရုံကို သတ်လိုက်ပြီဆိုတော့ စိတ်ဝိညာဉ်ကမ္ဘာက မတည်မငြိမ် ဖြစ်လာတယ်၊ မိတ်ဆွေ ကျွန်မကို ဒီကနေ ထွက်ခွာနိုင်အောင် ကူညီပေးပါဦး"

​ချင်းယီမယ်တော်က ပြောလိုက်သည်။

သူမ၏ မျက်ခုံးကြားတွင် ဖုံးကွယ်မရသော ပင်ပန်းနွမ်းနယ်မှုများ ရှိနေသည်။

​စကားပြောပြီးသည်နှင့်။

​ပတ်ဝန်းကျင်က တုန်လှုပ်ခြောက်ခြားဖွယ် ပေါက်ကွဲသံကြီးများမှာ ပိုမို နီးကပ်လာပြီး ဟင်လင်းပြင်တစ်ခုလုံး လှုပ်ခါနေတော့သည်။

​"ကျွန်တော် ဘာလုပ်ပေးရမလဲ"

​"နတ်ရုပ်လေး ကို ခွဲလိုက်ရမလား"

​လီယန်ချူက မေးလိုက်သည်။

မလာခင်က ရွှီလင်းစု ပြောခဲ့သည်မှာ အကယ်၍ မနိုင်ပါက နတ်ရုပ်လေးကို ခွဲပြီး ထွက်ခွာနိုင်သည်ဟု ဆိုသည်။

​ချင်းယီမယ်တော်က ခေါင်းခါကာ တိုးညှင်းစွာ ပြောလိုက်သည်

"နတ်ရုပ်လေးဆိုတာ စိတ်ဝိညာဉ်ကမ္ဘာ မပြိုကွဲခင်မှာ သုံးလို့ရတာပါ၊ မိတ်ဆွေ ခုနက တိုက်ပွဲက ကမ္ဘာပျက်မတတ် ပြင်းထန်လို့ ဒီဟင်လင်းပြင်က ပြိုကွဲတော့မယ်"

​သူမ ပြောသည့် ဟင်လင်းပြင် ပြိုကွဲသည်မှာ စိတ်ဝိညာဉ်ဖြင့် တည်ဆောက်ထားသော ကမ္ဘာကို ဆိုလိုခြင်း ဖြစ်သည်၊ အကယ်၍ တကယ့် လူ့ပြည်ဆိုပါက လီယန်ချူတွင် ထိုမျှအစွမ်း မရှိသေးပေ။

​ချင်းယီမယ်တော်က ဆက်ပြောသည်

"ကျွန်မ အခု အလွန် အားနည်းနေပါတယ်၊ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကို ခဏလောက် အသုံးပြုပြီး အားပြန်ဖြည့်ကာ မိတ်ဆွေ ထွက်သွားဖို့ လမ်းကြောင်း ဖွင့်ပေးချင်ပါတယ်"

​စကား၏ အဓိပ္ပာယ်မှာ။

လီယန်ချူ၏ ကိုယ်ပေါ်သို့ ပူးဝင်လိုခြင်း ဖြစ်သည်။

​သို့သော် သာမန် ဝိညာဉ်ဆိုးများမှာ လီယန်ချူ၏ ခန္ဓာကိုယ်အနားသို့ပင် မကပ်နိုင်ပေ၊ သူ၏ တောက်ပလှသော သွေးချီများမှာ အလွန် ပူပြင်းလှသော မီးဖိုကြီးနှင့် တူလှသည်။

ပူးဝင်ရန် ကြိုးစားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင်

​သို့သော်လည်း၊ ချင်းယီမယ်တော်ကဲ့သို့ ဘုရားကျောင်းစောင့်နတ်မျိုးမှာမူ တတ်နိုင်သည်။

သူမသည် ယင်နတ်ဘုရား အမျိုးအစား ဖြစ်သော်လည်း ကိုးကွယ်မှုအရှိန်အဝါဖြင့် ရွှေကိုယ်ထည် တည်ဆောက်ထားသဖြင့် လီယန်ချူ၏ ယန်မီးတောက်ကို ခုခံနိုင်သည်။

​သို့သော်လည်း၊ ၎င်းမှာ လီယန်ချူက သူ၏ စိတ်ကို ဖွင့်ပေးပြီး ချင်းယီမယ်တော် စိတ်ဝိညာဉ်ကို ဝင်ခွင့်ပြုမှသာ ဖြစ်နိုင်သည်။

မဟုတ်လျှင် လီယန်ချူကို အတင်းအဓမ္မ ပူးဝင်ရန် လုံးဝ မဖြစ်နိုင်ပေ။

​လီယန်ချူ ခဏမျှ တွေးတောပြီးနောက် ပြုံးကာ ပြောလိုက်သည်

"ကောင်းပါပြီ"

​"လူကောင်းလုပ်တာ အဆုံးထိ လုပ်ရမှာပေါ့၊ မယ်တော်က ကုသိုလ်ရှိတဲ့ နတ်ဘုရားတစ်ပါးပဲ၊ ကျွန်တော့် ခန္ဓာကိုယ်နဲ့ မယ်တော် ထွက်ခွာနိုင်အောင် ကူညီပေးပါ့မယ် "

​ချင်းယီမယ်တော်သည် လီယန်ချူကို အရိုအသေပြုကာ

"မိတ်ဆွေရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ဟု ဆိုသည်။

သူမ၏ အမူအရာနှင့် အသံမှာ ခန့်ညားထည်ဝါလှသဖြင့် လူကို ယုံကြည်စေသည်။

​"မိတ်ဆွေ စိတ်ကို လျှော့ထားပါ၊ ကျွန်မ ခဏလေးအတွင်းမှာပဲ စွမ်းအားတွေကို ပြန်စုစည်းနိုင်မှာပါ"

​"ကောင်းပြီ"

​ချင်းယီမယ်တော်က အသာအယာ ပြုံးလိုက်သည်။

ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ဝေဝါးလာသည်။

ဒါဟာ သူမ၏ မူလဝိညာဉ် ပင် ဖြစ်သည်။

​လီယန်ချူသည် ကျန်ကျောင်းဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ၊ အစီရင်ဝတ်စုံကို သိမ်းလိုက်ပြီး ကိုယ်ပေါ်က အရှိန်အဝါတွေကိုလည်း ငြိမ်သက်စေလိုက်သည်။

စိတ်အာရုံကိုလည်း လုံးဝ ဖွင့်ပေးလိုက်သည်။

အရာအားလုံးကို လက်ခံရန် အဆင်သင့်ဖြစ်နေသော ပုံစံမျိုးပင်။

​ချင်းယီမယ်တော်၏ စိတ်ဝိညာဉ်မှာ ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ လီယန်ချူ၏ မျက်ခုံးကြားရှိ လင်ကွမ်း ဆီသို့ ပျံဝင်သွားသည်။

၎င်းမှာ ကျင့်ကြံသူတစ်ဦးအတွက် အလွန် အရေးကြီးသော နေရာပင် ဖြစ်သည်။

​"အား "

​ချင်းယီမယ်တော်မှာ စူးရှစွာ အော်ဟစ်လိုက်ပြီး၊ ခန္ဓာကိုယ်မှာ တုန်ခါနေကာ အလွန်ပင် နာကျင်နေပုံရသည်။

​အကြောင်းမှာ လီယန်ချူ၏ မျက်လုံးနှစ်ဖက်မှ သန့်စင်သော ယန်မိုးကြိုးအတတ် များ ဝုန်းကနဲ ပွင့်ထွက်လာပြီး စိုက်ကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် ပြင်းထန်နေသောကြောင့် ဖြစ်သည်။

​"မိစ္ဆာကောင်၊ ပုံစံပြောင်းပြီး ငါ့ကို လာလိမ်ရဲတယ်ပေါ့ "

​"မိုးကြိုးငါးပါး စစ်မှန်သောတရား ရဲ့ စွမ်းအားကို မြည်းစမ်းကြည့်လိုက်စမ်း "

​လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ထွက်ပေါ်လာသည်။

​အကယ်၍ ချင်းယီမယ်တော်သည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အသုံးပြုပြီးမှ ထွက်ခွာရမည်ဆိုပါက ရွှီလင်းစုက မပြောဘဲ နေလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ခုနက မိစ္ဆာစိတ်အာရုံကို သတ်လိုက်ချိန်တွင် ကုသိုလ်မှတ် လုံးဝ မရခဲ့ပေ

ဆိုလိုသည်မှာ သူမ လုံးဝ မသေသေးခြင်းပင်

​နောက်တစ်ချက်မှာ အကယ်၍ ချင်းယီမယ်တော်သည် မိစ္ဆာစိတ်အာရုံ၏ ဖိနှိပ်ခြင်းကို ခံထားရသည်ဆိုလျှင် သူမ၏ အစွမ်းမှာ ဤမျှလောက် အားနည်းနေလိမ့်မည် မဟုတ်ပေ။

ဒါဟာ မိစ္ဆာစိတ်အာရုံက မူလကိုယ်ထည်ကို ဖိနှိပ်ထားခြင်းပင်။

​ထို့ကြောင့် နတ်ရုပ်အတွင်းက ပေါ်လာသော ဤနန်းတွင်းဝတ်စုံနှင့် အမျိုးသမီးမှာ တကယ့် မိစ္ဆာစိတ်အာရုံ အစစ်အမှန်သာ ဖြစ်နိုင်သည်။

သူမက မိမိ၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး လူ့ပြည်ပြန်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

​ဒိုင်း

ကောင်းကင်က မိုးကြိုးပစ်ချလိုက်ပြီ

မိုးကြိုးငါးပါး စစ်မှန်သော ယန်

​​အခန်း (၁၅၂) - ကုသိုလ်မှတ် တစ်သောင်း ၊ ငါ့ဆရာက ပညာရှင်ကြီးလား

​ကြည်လင်လှသော ဟင်လင်းပြင်ထက်မှ မိုးကြိုးများ ကျဆင်းလာသည်။

​ထိုချင်းယီမယ်တော်အပေါ်သို့ ဝုန်းကနဲ ပစ်ချလိုက်တော့သည်။

​စိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံးမှာ ချက်ချင်းပင် ဖြူဖွေးသွားတော့သည်!

အမြင်အာရုံများ ပြန်လည်ကြည်လင်လာချိန်တွင်မူ၊ ထိုချင်းယီမယ်တော်ဟု ဆိုသော စိတ်ဝိညာဉ်မှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။

​ကုသိုလ်မှတ် တစ်သောင်း

ဒီတစ်ကြိမ်တွင်တော့ ရင်းနှီးနေကျဖြစ်သော မဟာတရားတော်၏ သိမြင်နားလည်မှု ဆင်းသက်လာခဲ့ပြီဖြစ်သည်။

​မိုးကြိုးအတတ်သည် လောကကြားရှိ အမြင့်ဆုံး ယန်စွမ်းအား ပင်။

​အညံ့အဆိုးနှင့် အညစ်အကြေးမှန်သမျှကို မိုးကြိုးငါးပါး စစ်မှန်သောတရားက ဖယ်ရှားပစ်လိမ့်မည်။

​ယခုအချိန်၌ စိတ်ဝိညာဉ်ဟင်လင်းပြင်အတွင်းတွင် မိုးကြိုးငါးပါး၏ သန့်စင်သော ယန်အရှိန်အဝါများ ပြည့်နှက်နေသည်။

​လီယန်ချူ၏ မျက်စိရှေ့ရှိ အရာအားလုံးမှာ ဝေဝါးလာပြီး ရေလှိုင်းများကဲ့သို့ လှုပ်ခတ်ကာ တဖြည်းဖြည်း လိမ်ဖည်သွားတော့သည်။

​နောက်တစ်ခဏတွင်။

​လီယန်ချူသည် ရွှီလင်းစုနှင့် ရွှဲစန်းတို့၏ ရှေ့မှောက်သို့ တိုက်ရိုက် ပေါ်လာသည်။

​ရွှီလင်းစုမှာ ထိတ်လန့်သွားပြီး၊

မျက်စိရှေ့ရှိ လီယန်ချူသည် အစီရင်ဝတ်စုံကို ဝတ်ဆင်ထားကာ လက်ထဲတွင် ကျန်ကျောင်းဓားကို ကိုင်ဆောင်ထားပြီး တစ်ကိုယ်လုံးတွင် မိုးကြိုးနှင့် မီးတောက်အရှိန်အဝါများ ဝန်းရံနေသည်။

​ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးအလား၊

​ရွှဲစန်းမှာ နောက်သို့ အထပ်ထပ် ဆုတ်သွားရပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေသည်။

​လီယန်ချူသည် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး အစီရင်ဝတ်စုံကို ပြန်သိမ်းလိုက်သည်။

​ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာလည်း ငြိမ်သက်သွားပြီး တောက်ပလှသော နေမင်းကြီးကဲ့သို့ လူကို စိုက်မကြည့်ရဲအောင် မဖြစ်တော့ပေ။

​"အောင်မြင်သွားပြီလား"

​ရွှီလင်းစုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

​"မိစ္ဆာစိတ်အာရုံကို ငါ သတ်လိုက်ပါပြီ"

လီယန်ချူက တည်ငြိမ်စွာ ပြောလိုက်သည်။

​သူ၏ အမူအရာမှာ အေးဆေးနေပြီး အရေးမပါသော ကိစ္စလေးတစ်ခုကို လုပ်ဆောင်ခဲ့သကဲ့သို့ပင်၊

​ရွှီလင်းစုနှင့် ရွှဲစန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်နေသည်။

​ရွှယ်စန်းမှာ အသက်ရှူပင် မြန်လာရသည်၊

​ဒီလူငယ် တာအိုဆရာက တကယ်ကို ကြမ်းတမ်းလှချည်လား

​"မယ်တော်ကို ကူညီပေးတဲ့အတွက် လီတာအိုဆရာကို ကျေးဇူးအများကြီး တင်ပါတယ် "

​"ဒီကျေးဇူးကို ကျမ တို့ မှတ်ထားပါ့မယ်"

​နှစ်ယောက်သား ပြိုင်တူ ပြောလိုက်ကြသည်။

​လီယန်ချူက အသာအယာ ခေါင်းညိတ်လိုက်သည်။

​သူသည် စိတ်ဝိညာဉ်ကမ္ဘာအတွင်း ကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုက်ရာ၊ ရွှီလင်းစုနှင့် ရွှဲစန်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကျောချမ်းသွားရသည်။

​ဒီကိစ္စက သူတို့ ထင်ထားတာထက် ပိုပြီး အန္တရာယ်များလွန်းလှသည်

​"တော်သေးတာပေါ့၊ လီတာအိုဆရာ က ထိုမိစ္ဆာစိတ်အာရုံရဲ့ ပရိယာယ်ကို အချိန်မီ သိမြင်သွားလို့၊ မဟုတ်လို့ကတော့ သူမက ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်ပြန်လာနိုင်ရင် အကျိုးဆက်က တွေးဝံ့စရာ မရှိဘူး"

​ရွှီလင်းစုမှာ ရင်တုန်ပန်းတုန် ဖြစ်နေဆဲပင်

​ရွှဲစန်းက ခေါင်းညိတ်ကာ

"ဟုတ်တယ်၊ ဒီမိစ္ဆာစိတ်အာရုံက ဒီလောက် ကောက်ကျစ်ပြီး လူ့စိတ်ကို အကွက်ချတွက်ချက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

​ရွှဲစန်းမှာ နားထောင်နေရုံနှင့်ပင် စိတ်ထဲတွင် ကြောက်စိတ်ဝင်လာသည်၊ သူသာဆိုလျှင် စိတ်ဝိညာဉ်ကမ္ဘာက ထိုချင်းယီဘုရားကျောင်းနားကိုတောင် မကပ်နိုင်ဘဲ သေနေလောက်ပြီ...

​သို့သော် ထို တာအိုဆရာ ကမူ တစ်လမ်းလုံး အကုန်အစင် တိုက်ခိုက်ချေမှုန်းသွားခဲ့သည်၊

​တကယ့်ကို ကြမ်းတမ်းလှတဲ့လူပဲ

​လီယန်ချူက မျက်မှောင်ကြုတ်ကာ

"မင်းတို့ မယ်တော်က ဘာလို့ အစကနေ အဆုံးထိ ပေါ်မလာတာလဲ "

​တစ်ဖက်လူက တစ်ချိန်လုံး လိုင်းကျနေသလို ဖြစ်နေတာက နည်းနည်းတော့ တာဝန်မဲ့သလိုပဲ။

​ရွှီလင်းစုက ရှင်းပြသည်

"မယ်တော်မှာ ပြဿနာရှိနေလို့ပါ၊ မိစ္ဆာစိတ်အာရုံနဲ့ ရောထွေးနေပြီး စွမ်းအားတွေ အလွန်အမင်း ကုန်ဆုံးသွားတဲ့အတွက် သတိအမြဲ မရှိနေနိုင်လို့ပါ တာအိုဆရာအနေနဲ့ အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်"

​သူမသည် တကယ်ပင် ပါးနပ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး လီယန်ချူ၏ စကားထဲက အဓိပ္ပာယ်ကို ချက်ချင်း ဖမ်းမိကာ အထင်လွဲမှုများကို ဖယ်ရှားပေးလိုက်သည်။

​သူမအနေဖြင့် ဤကဲ့သို့သော လူငယ်ပါရမီရှင်နှင့် အဆင်မပြေဖြစ်ရန် လုံးဝ အလိုမရှိပေ နောင်တစ်ချိန်တွင် လီယန်ချူသည် တာအိုလောက၏ ထိပ်သီးပညာရှင်ကြီး ဖြစ်လာနိုင်သည်မဟုတ်ပါလား၊ ထိုကဲ့သို့သော ပါရမီရှင်များ၏ တိုးတက်မှုနှုန်းမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

​ခင်မင်အောင် ပေါင်းနိုင်သလို၊ ခပ်ခွာခွာလည်း နေနိုင်သည်၊ သို့သော် ရန်သူတော့ လုံးဝ မဖြစ်သင့်ပေကံကြမ္မာ ကြမ်းတမ်းလွန်းသူ များသည် တစ်ခါတစ်ရံ ကံထူးရှင် များထက် ပို၍ ကြောက်စရာ ကောင်းလှသည်။

​လီယန်ချူက ခေါင်းညိတ်လိုက်သည်၊ ဤဘုရားကျောင်းစောင့်နတ်များနှင့် ပတ်သက်သော ကိစ္စများကို သူ သိပ်မသိပေ ဘုရားကျောင်းစောင့်နတ် ဆိုသည်မှာလည်း နတ်ဘုရားလမ်းစဉ် ထဲမှာ ပါဝင်ပြီး ကိုးကွယ်မှုအရှိန်အဝါ ကို စုပ်ယူ ကျင့်ကြံကြခြင်း ဖြစ်သည်။

​သူတို့ကဲ့သို့ ကျင့်ကြံသူများမှာမူ လေချီကျင့်ကြံခြင်း နှင့် ယင်နတ်ဘုရား စုစည်းခြင်း လမ်းစဉ်ကို လျှောက်လှမ်းကြသူများ ဖြစ်ကြသည်။

​ထို့အပြင် ထိုချင်းယီမယ်တော်၏ အဆင့်အတန်းမှာ မိမိထက် များစွာ သာလွန်နိုင်သဖြင့် မိမိ နားမလည်သော နည်းစနစ်အချို့ ရှိနေခြင်းမှာလည်း သဘာဝကျပါသည်။

​အဓိကအချက်မှာ ယခုတစ်ခေါက်တွင် ကုသိုလ်မှတ် တစ်သောင်း ရရှိခဲ့သဖြင့် မရှုံးဟု ဆိုရမည်။

​သူက ဆက်လက် မမေးမြန်းတော့သည်ကို တွေ့ရသဖြင့် ရွှီလင်းစုနှင့် ရွှဲစန်းတို့မှာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။

​"တော်သေးတာပေါ့ ဟုန်ထူအစ်ကိုက သူနဲ့ သူငယ်ချင်း ဖြစ်နေလို့၊ မဟုတ်ရင် ဒီလူရဲ့ သတ်ဖြတ်လိုစိတ် ပြင်းထန်တဲ့ စရိုက်နဲ့ဆို စကားပြောရတာ ဒီလောက် လွယ်မှာ မဟုတ်ဘူး"

​"ချင်းယီမယ်တော် ကိစ္စ ပြီးပြီဆိုတော့ ငါ ပြန်တော့မယ်"

လီယန်ချူက လေးနက်စွာ ပြောလိုက်သည်။

​သူနှင့် ရွှီလင်းစုတို့ ဘေးချင်းယှဉ်ဖြတ်သွားချိန်တွင်မူ သူက ရုတ်တရက် ခြေလှမ်းရပ်လိုက်သည်။

​ရင်ဘတ်ထဲမှ နတ်ရုပ်လေး ကို ထုတ်ပြီး ရွှီလင်းစုကို ကမ်းပေးလိုက်သည်။

​"ဒီနတ်ရုပ်လေးက အသုံးမဝင်လိုက်ဘူး၊ ပြန်ပေးလိုက်မယ်"

​ရွှီလင်းစုက လက်ခံလိုက်ပြီး

" တာအိုဆရာ က ခုနက မယ်တော်အတွက် မိစ္ဆာစိတ်အာရုံကို သတ်ပေးပြီး ကူညီခဲ့တာ တကယ့်ကို သူရဲကောင်းဆန်ပါတယ်၊ မယ်တော် သတိပြန်ရလာတဲ့အထိ စောင့်ပြီးရင် ကျွန်မတို့ ကိုယ်တိုင် အိမ်တိုင်ရာရောက် ကျေးဇူးလာတင်ပါ့မယ် "

ဟု လေးလေးနက်နက် ပြောလိုက်သည်။

​လီယန်ချူက အသာအယာ ပြုံးပြပြီး နှစ်ယောက်သားကို နှုတ်ဆက်လိုက်သည်။

​ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်နှင့် ဤနေရာမှ ထွက်ခွာသွားပြီး၊ မှောင်မည်းလှသော ညအမှောင်ထုအတွင်း ပျောက်ကွယ်သွားတော့သည်။

​ခြေလှမ်းဆယ်လှမ်းလျှင် လူတစ်ယောက်ကို သတ်နိုင်ပြီး မိုင်ထောင်ချီ ခရီးကိုလည်း အနှောက်အယှက်မရှိ သွားလာနိုင်သည့် ရဲရင့်ပြတ်သားသော အငွေ့အသက်များ ကျန်ရစ်ခဲ့သည်။

​ရွှီလင်းစုနှင့် ရွှဲစန်း နှစ်ယောက်သာ ကျန်ခဲ့တော့သည်။

​လီယန်ချူ ထွက်သွားသည့် ဘက်ကို ကြည့်ရင်း နှစ်ယောက်သား ငေးမောနေမိကြသည်၊ မိစ္ဆာစိတ်အာရုံက ဒီလိုပဲ အသတ်ခံလိုက်ရတာလား။

​ရွှီလင်းစုက မေးလိုက်သည်

"ရွှဲစန်း၊ နင် ဒီ လီတာအိုဆရာ ကို ဘယ်လို ထင်လဲ "

​ရွှဲစန်းက ခဏမျှ စဉ်းစားပြီးမှ

"လူတွေထဲက နဂါးနဲ့ ဖီးနစ် "

ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။

​ရွှီလင်းစုက ပြုံးကာ

"ဟုတ်တယ်၊ သတ်ဖြတ်ရာမှာ ပြတ်သားတယ်၊ စိတ်ဓာတ်က လွတ်လပ်တယ်၊ အဓိကကတော့ ကံကြမ္မာက အရမ်းကြမ်း တယ်၊ နောင်တစ်ချိန်မှာ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လာမှာ သေချာတယ်"

​ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် သော့ချက်က လူငယ် တာအိုဆရာတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး ကြီးမားလှတဲ့ ဘေးဒုက္ခတစ်ခုကို အစအနမကျန် ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တယ်။

​သူမက ရွှဲစန်းကို လှည့်ပြောလိုက်သည်

"အခု မိစ္ဆာစိတ်အာရုံကို သတ်လိုက်ပြီဆိုတော့ မယ်တော်ရဲ့ ကျင့်စဉ်ကိုယ်ထည် ပြန်လည် စုစည်းနိုင်အောင် မြန်မြန် ကူညီပေးရမယ်"

​ရွှဲစန်းက ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာရာ ရသွားကာ သက်ပြင်းချရင်း ပြောသည်

​"မယ်တော်က ဟောကိန်းထုတ်ဖူးတယ်၊ အခုက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခေတ်ကြီး ရောက်လာပြီ၊ အချုပ်အနှောင်တွေ တဖြည်းဖြည်း ပွင့်လာပြီး ပျောက်ကွယ်နေတဲ့ ဂူဗိမာန် နတ်မြေ တွေ ပြန်ပေါ်လာလိမ့်မယ်တဲ့၊ ဒီတစ်ခေါက် ဝေမြို့မှာ နတ်မြေတစ်ခု ပွင့်လိမ့်မယ်၊ ဒီ လီတာအိုဆရာ ကတော့ နတ်ဘုရားကံတရား ကို အရယူနိုင်မလားပဲ "

​ရွှီလင်းစု၏ မျက်လုံးများ လင်းလက်သွားသည်

"နတ်မြေက ဝေမြို့မှာလား "

​တာအိုဘာသာ၏ ဂူဗိမာန် ၃၆ ခုနှင့် နတ်မြေ ၇၂ ခု၊ ထိုနေရာများတွင် ရတနာများစွာ ရှိနေပြီး နတ်ဘုရားကံတရားနှင့် ထာဝရအသက်ရှင်ခြင်း လျှို့ဝှက်ချက်များ ရှိနေသည်မဟုတ်ပါလား။

​လီယန်ချူသည် မကြာမီမှာပင် ချင်းယွန်းကျောင်းသို့ ပြန်ရောက်လာသည်။

​တစ်လမ်းလုံးတွင် အလွန် မြန်ဆန်လှသဖြင့် ညအမှောင်ထဲတွင် လူရိပ်ပင် မမြင်ရပေ၊ ၎င်းမှာ သူ၏ ကိုယ်ဖော့ပညာ မှာ အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေခြင်းပင်။

​သူက အသာအယာ ခုန်လိုက်သည်နှင့် ချင်းယွန်းကျောင်းအတွင်းသို့ ရောက်ရှိသွားသည်။

​မြေပြင်ပေါ်သို့ ဆင်းသက်ပုံမှာ ဂွမ်းကဲ့သို့ပင် မည်သည့်အသံမျှ မထွက်ပေ။

​သို့သော်လည်း ခြံထဲတွင် ချည်ထားသော မြည်းနက်ကြီး မည်းကြီး မှာမူ ရုတ်တရက် လည်ပင်းကို ဆန့်ပြီး လှည့်ကြည့်လာသည်။

​ထက်မြက်လှသော အရှိန်အဝါတစ်ခု ခဏမျှ ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန်ငုပ်လျှိုးသွားပြီး ခေါင်းပြန်ငုံ့သွားသည်။

​လီယန်ချူက မြည်းရှိရာဘက်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။

​"မည်းကြီး က ပိုပြီး သန်မာလာသလိုပဲ"

​ယခု မြည်းသည် ညအမှောင်ထဲတွင် ရပ်နေသည်မှာ တည်ငြိမ်သော အရှိန်အဝါတစ်ခု ရှိနေသဖြင့် လူကို အံ့ဩစေသည်။

​သာမန် ဒဏ္ဍာရီပုံပြင်များတွင် တာအိုပညာရှင်ကြီးများ၏ ဘေးတွင် ထူးဆန်းသော သတ္တဝါကြီးများ အမြဲ ရှိတတ်ကြသည်။

​လီယန်ချူက အသာအယာ ပြုံးလိုက်သည်။

​မြည်းစီးရတာလည်း မဆိုးပါဘူးဟု သူ တွေးလိုက်မိသည်။

​သူသည် အခန်းထဲသို့ ပြန်ဝင်ကာ ထိုင်လိုက်သည်။

​မည်းကြီး ကတော့ အစောင့်အရှောက်တစ်ဦးကဲ့သို့ ခြံထဲတွင် ရပ်နေပြီး နှာခေါင်းမှ အခိုးအငွေ့များ ရံဖန်ရံခါ ထွက်နေသည်။

​လီယန်ချူသည် ဒီညတွင် ချင်းယီမယ်တော်အတွက် မိစ္ဆာစိတ်အာရုံကို သတ်ပေးရင်း အတွေ့အကြုံများစွာ ရခဲ့သည်။

​သို့သော်လည်း ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ရုတ်တရက် မေးခွန်းတစ်ခု ပေါ်လာသည်၊

​သူ့ရဲ့ဆရာ ရွှမ်ချိန် က တကယ်ပဲ သာမန် တာအိုဆရာတစ်ယောက် ဟုတ်ရဲ့လား အစပိုင်းမှာတော့ လီယန်ချူက ဘာမှ ထူးခြားတယ်လို့ မထင်ခဲ့ဘူး၊ဒါပေမဲ့ သူကျင့်ကြံနေတဲ့ ဟွမ်ထင်တာအိုကျမ်း အဲဒီထဲက အတတ်တွေက အလွန် ထူးခြားဆန်းပြားလွန်းပြီး၊ အခုခေတ် ချန်နိုင်ငံ က တာအိုကျင့်ကြံသူ တော်တော်များများတောင် မတတ်ကြဘူး။

​ဥပမာ - အရှိန်အဝါကြည့်အတတ် ၊ ချုပ်နှောင်ခြင်းအတတ် ။

​ပြီးတော့ အဆင့်အတန်းလည်း မြင့်မားပြီး ကျင့်ကြံမှုလည်း အရမ်းမြင့်တဲ့ ယုံရှင်းကျောင်းရဲ့ ဂိုဏ်းချုပ် ယွမ်ယိတာအိုဆရာ ။

​သူကတောင် သူ့ဆရာကို သိနေပြီး သူတို့နှစ်ယောက်ကြားမှာ ပတ်သက်မှုတွေ ရှိနေတယ်ဆိုတာလား

​ဒါက တကယ့်ကို စဉ်းစားစရာပဲ။

​သာမန် တာအိုဆရာတစ်ယောက်က ဘယ်လိုလုပ် ယုံရှင်းကျောင်း ဂိုဏ်းချုပ်ရဲ့ မျက်စိထဲ ရောက်နေမှာလဲ၊ ပြီးတော့ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ရှိခဲ့တဲ့ပုံပဲ

​"ငါ့ဆရာက တကယ်ပဲ ပုန်းအောင်းနေတဲ့ ပညာရှင်ကြီး လား "

​လီယန်ချူက စိတ်ထဲက တွေးလိုက်မိသည်။

All Chapters