← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

​​အခန်း (၁၅၃) - လေငြိမ်ပုတီး

​နောက်တစ်နေ့တွင်

လီယန်ချူသည် ကချေသည်တွေ ဆီမှ ပြန်လာသော ပိုင်ဟုန်းထူအား မနေ့ညက ချင်းယီမယ်တော်အတွက် မိစ္ဆာစိတ်အာရုံကို သတ်ပေးခဲ့သည့်အကြောင်း ပြောပြလိုက်သည်။

​"ဘာ..."

​"မင်းက အဲဒီမိစ္ဆာစိတ်အာရုံကို သတ်လိုက်ပြီ ဟုတ်လား"

​ပိုင်ဟုန်းထူမှာ အနည်းငယ် အံ့အားသင့်သွားသည်။

မူလက ဤကိစ္စတွင် သူကိုယ်တိုင် မပါဝင်သော်လည်း၊ ထိုစဉ်က ရွှီလင်းစုက သူတို့နှစ်ဦးစလုံးကို အသိပေးခဲ့ခြင်း ဖြစ်သည်။

သူ့စိတ်ထဲတွင်လည်း အမြဲမှတ်ထားမိသည်။

​ဒါဟာ ဘုရားကျောင်းစောင့်နတ် တစ်ပါးပဲလေ

ပြီးတော့ ကိုးကွယ်သူ အလွန်များပြားတဲ့ ဘုရားကျောင်းကြီးတစ်ကျောင်း။

ဒီလို တည်ရှိမှုမျိုးဟာ သာမန်ကျင့်ကြံသူတွေ ယှဉ်ပြိုင်နိုင်တဲ့အရာ မဟုတ်ဘူး။

​လီယန်ချူသည် စကားအပြောအဆို ကောင်းမွန်လွန်းသူတစ်ဦး မဟုတ်သဖြင့် မိစ္ဆာကို သတ်ခဲ့သည့် ဖြစ်စဉ်ကို အနည်းငယ်မျှသာ အကျဉ်းချုံး ပြောပြလိုက်သည်။

စကားလုံးအနည်းငယ်သာ ဖြစ်သော်လည်း၊ ထိုအတွင်းက အန္တရာယ်ကြီးမားပုံမှာ နားထောင်သူကိုပင် ကျောချမ်းစေသည်။

​ပိုင်ဟုန်းထူမှာ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ဝင်လာသည်။

ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

​"ဘာဖြစ်လို့လဲ ပိုင်ကြီး "

လီယန်ချူက မေးလိုက်သည်။

​ပိုင်ဟုန်းထူက ဝမ်းနည်းပူဆွေးစွာဖြင့်

"မနေ့ညက မင်းက အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေချိန်မှာ၊ ငါကတော့ ကချေသည်တွေဆီမှာ ပျော်ပါးနေခဲ့တယ်၊ ငါ့စိတ်ထဲမှာ တကယ်ပဲ မကောင်းဘူးကွာ"

​လီယန်ချူက တည်ငြိမ်နေသော်လည်း မနေ့ညက တိုက်ပွဲမှာ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရပြီး ဒဏ်ရာများစွာ ရခဲ့လိမ့်မည်ဟု သူက ယူဆထားသည်။

ဘယ်လောက်တောင် ဒဏ်ရာပြင်းထန်လိုက်မလဲ။

​ဒါဟာ ချင်းယီမယ်တော်ပဲလေ

​"မင်း အခုကြည့်ရတာ ဘာမှမဖြစ်သလိုပဲဆိုပေမဲ့၊ တကယ်တော့ ကုလို့မရတဲ့ အတွင်းဒဏ်ရာတွေ ကျန်ခဲ့တာ မဟုတ်လား"

ပိုင်ဟုန်းထူက စိုးရိမ်တကြီး မေးလိုက်သည်။

​လီယန်ချူ ခဏမျှ ကြောင်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး"

​ပိုင်ဟုန်းထူက သက်ပြင်းချကာ

"ယန်ချူ၊ မင်းက တကယ်ကို ကြံ့ခိုင်တာပဲ၊ မနေ့ညက ချင်းယီမယ်တော်ရဲ့ မိစ္ဆာစိတ်အာရုံနဲ့ အချီပေါင်း ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီးမှ ကံကောင်းထောက်မစွာ အနိုင်ရခဲ့တာ ဖြစ်ရမယ်"

သူ့မျက်ဝန်းများမှာ လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

​လီယန်ချူမှာ နောက်တစ်ကြိမ် ကြောင်သွားရပြန်သည်။

ပြန်စဉ်းစားကြည့်လျှင်။

မနေ့ညက ဒဏ်ရာ လုံးဝမရခဲ့ဘဲ ထိုမိစ္ဆာပုံရိပ်ယောင်ကို တိုက်ရိုက်ပင် ချေမှုန်းခဲ့ခြင်း ဖြစ်သည်။

သူမ၏ အစွမ်းမှာလည်း ချင်းယီမယ်တော်၏ ဖိနှိပ်ထားမှုကြောင့် အလွန်အားနည်းနေခဲ့သည်။

လုံးဝ အထွတ်အထိပ် အခြေအနေ မဟုတ်ပေ။

​သို့သော်လည်း။

လီယန်ချူက ထိုကိစ္စကို အသေးစိတ် ရှင်းမပြတော့ပေ။

ပိုင်ဟုန်းထူကို ဆွဲပြီး

"မစိုးရိမ်ပါနဲ့၊ မနေ့က အဲဒီမိစ္ဆာအကြွင်းအကျန်ကို ပြန်တောင် မခုခံနိုင်အောင် ငါ ရိုက်နှက်ခဲ့တာပါ"

လို့ သွားပြောဖို့ကျတော့လည်း။

​ဒါက လူရှေ့ကြွားဝါသလို ဖြစ်နေမည်ဟု သူ ခံစားရသည်။

​နှစ်ယောက်သား ခဏမျှ စကားစမြည် ပြောဖြစ်ကြသည်။

ပိုင်ဟုန်းထူသည် သူ၏ စေ့စပ်ထားသူ ရွှီလင်းစုအကြောင်းကို လုံးဝ မမေးမြန်းပေ။

ထိုအမျိုးသမီးကို သူ အလွန်ပင် ခေါင်းခဲနေပုံရသည်။

​လီယန်ချူကလည်း စကားစမတင်ပေ၊ သူတို့နှစ်ဦး၏ ပတ်သက်မှုကို သိချင်သော်လည်း။

ပိုင်ဟုန်းထူက မပြောလျှင်။

သူလည်း ဇွတ်အတင်း မေးမြန်းနေမည် မဟုတ်ပေ။

​"ကဲ သွားစို့၊ ဒီနေ့ ငါ ဧည့်ခံမယ်၊ ချွန်းဖုန်းခန်းမ ကို သွားပြီး မင်းအတွက် အောင်ပွဲခံ အရက်သောက်ရအောင်"

​ပိုင်ဟုန်းထူက လက်ဝှေ့ယမ်းကာ ရက်ရောစွာ ပြောလိုက်သည်။

သူသည် ထိုက်ဖင်တည်းခိုခန်းကို သွားရတာ မကြိုက်ပေ၊ အကြောင်းတစ်ခုမှာ ဆိုင်ရှင်မ က သူ့ကို သိပ်မကြည်ခြင်းကြောင့် ဖြစ်သည်။

နောက်တစ်ခုမှာ ထိုက်ဖင်တည်းခိုခန်းက စားဖိုမှူးလက်ရာက ချွန်းဖုန်းခန်းမကို မမှီခြင်းကြောင့် ဖြစ်သည်။

ယခုအခါ ပိုင်သခင်လေး၏ လက်ထဲတွင် ငွေကြေး အနည်းငယ် ပေါများနေပြီဖြစ်ရာ၊ သဘာဝကျကျပင် အကြီးအကျယ် သုံးဖြုန်းချင်နေသည်။

​နှစ်ယောက်သား ယှဉ်တွဲပြီး ထွက်လာကြသည်။

ရုတ်တရက်။

​ပိုင်ဟုန်းထူ ခြေလှမ်းရပ်သွားပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။

သူတို့ရှေ့တွင် အဝါနုရောင် အင်္ကျီဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ရပ်နေသည်၊ အသက် ၁၃၊ ၁၄ နှစ်အရွယ်ခန့် ရှိပြီး သန့်ရှင်းစင်ကြယ်လှသည်။

သူမကား ရွှီလင်းစုပင်။

​"ဟုန်းထူအစ်ကို၊ မတွေ့တာ ကြာပြီနော်၊ ကျွန်မကို သတိရနေရဲ့လား "

ရွှီလင်းစုက ပြုံးပြီး မေးလိုက်သည်။

​ဗိုက်ဟုန်ထူ၏ အမူအရာမှာ သဘာဝမကျဖြစ်သွားကာ

"သ... သဘာဝကျကျ သတိရတာပေါ့"

​ရွှီလင်းစုက မျက်တောင်ခတ်လိုက်ပြီး

"ကျွန်မ မယုံပါဘူး၊ အစ်ကိုက ကချေသည်မိန်းကလေးတွေနဲ့ အရမ်းပျော်နေတာ မြင်သားပဲ"

ပိုင်ဟုန်းထူက လက်ကာပြလိုက်သည်

"ဒါက ပတ်ဝန်းကျင်အရ ဟန်ဆောင်ကစားတာပါ၊ အတည်ယူလို့ မရပါဘူး"

​ရွှီလင်းစုက ခေါင်းညိတ်လိုက်ပြီး အပြစ်ကင်းစင်သော အပြုံးမျိုး ပြုံးလိုက်သည်။

"ဒါကိုတော့ ကျွန်မ ယုံပါတယ်"

​ပိုင်ဟုန်းထူ ကြောင်သွားသည်။

​ရွှီလင်းစုက တိုးညှင်းစွာ ပြောလိုက်သည်

"မဟုတ်ရင် အစ်ကိုက ဘယ်လိုလုပ် ယွဲ့နီယန် နဲ့ ရှန်းလင် ဆိုတဲ့ မိန်းကလေး နှစ်ယောက်လုံးကို တစ်ပြိုင်နက် ရှာမလဲ၊ သူတို့ပြောတဲ့ စကားတွေကလည်း အကုန်လုံး မတူကြဘူးလေ"

​ပိုင်ဟုန်းထူ၏ လည်ပင်းမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ပေါ်လာသည်။

သူက တဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်ရာ၊ ရွှီလင်းစုကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်နေမိသည်။

​ရွှီလင်းစုက ချိုသာစွာ ပြုံးလိုက်သည်။

​"အဲဒါတွေက ကျွန်မ ဆွဲထားတဲ့ အလှပဂေးပုံရိပ်တွေလေ၊ ဟုန်းထူအစ်ကို ကြိုက်တတ်တဲ့ ပုံစံအတိုင်း ဆွဲပေးထားတာ"

​"ဟုန်းထူအစ်ကို၊ အစ်ကိုက ယွဲ့နီယန်ကို ပိုကြိုက်လား၊ ဒါမှမဟုတ် ရှန်းလင်ကို ပိုကြိုက်လား "

​ပိုင်ဟုန်းထူမှာ မိုးကြိုးပစ်ခံရသလို ဖြစ်သွားပြီး နေရာတင် ကျောက်ရုပ်ဖြစ်သွားသည်။

ဤခန့်ညားထည်ဝါလှသော သခင်လေးမှာ လူသိရှင်ကြား သိက္ခာကျ သွားလေပြီ

ကချေသည်ခန်းမမှာ မိမိ အသည်းစွဲ ချစ်ခင်ခဲ့ရတဲ့ မိန်းကလေး နှစ်ယောက်လုံးက ရွှီလင်းစု ဆွဲထားတဲ့ ပုံရိပ်တွေ ဟုတ်လား။

​ဖူး

​ဘေးက လီယန်ချူမှာ မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။

ပန်းချီလမ်းစဉ် က ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေဟာ ကျင့်ကြံသူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသည်။

ဆိုလိုသည်မှာ ပိုင်ဟုန်းထူက ကချေသည်တွေဆီမှာ ဘယ်ပြန်ညာပြန် ဖက်လဲတကင်းနဲ့ ကာမစည်းစိမ် ခံစားနေရတယ်လို့ ထင်နေတာက။

တကယ်တော့ ရွှီလင်းစုက သူ့ကို ဇာတ်ကောင်စရိုက် အမျိုးမျိုးပြောင်းပြီး ကစားနေခြင်းပင်

​လီယန်ချူသည် ရွှီလင်းစုကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ဒီမိန်းကလေးကတော့ တကယ့်ကို ကိစ္စရှာနိုင်လွန်းလှသည်။

​ပိုင်ဟုန်းထူမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်၊ သူ့အတွက်တော့ အချိန်တွေ ရပ်တန့်သွားသလိုပင်။

တစ်ကမ္ဘာလုံးတွင် သူတစ်ယောက်တည်း ကျန်ခဲ့သလို ခံစားရသည်။

ဆောင်းဦးလေက အေးစက်စက် တိုက်ခတ်နေပြီး သစ်ရွက်ခြောက်များ လွင့်ပျံနေသည်။

ကျီးကန်းကလည်း ခေါင်းပေါ်ကနေ အားအားနဲ့ အော်ပြီး ပျံသွားသည်။

​ဘေးကကြည့်နေတဲ့ လီယန်ချူတောင် သူ့ကိုယ်စား အနေရခက် လာသည်။

​"မိတ်ဆွေရဲ့ ဇနီးလောင်းလေး၊ ဒီနေ့ လာတာက ဒီကိစ္စလေး ပြောဖို့တင် မဟုတ်ဘူးမလား "

​လီယန်ချူက "ဇနီးလောင်း" ဟု ခေါ်လိုက်ခြင်းက ပိုင်ဟုန်းထူရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ သိက္ခာစောင်လေးကို ဆွဲချွတ်လိုက်သလိုပင်။

ပိုင်ဟုန်းထူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ လှုပ်ခါသွားသည်။

​ရွှီလင်းစုသည် လီယန်ချူကို ရင်ဆိုင်သည့်အခါတွင်မူ အမူအရာက အေးဆေးတည်ငြိမ်သွားသည်။

​"ကျွန်မတို့ မယ်တော်က ခိုင်းလိုက်လို့ပါ၊ လီတာအိုဆရာကို လက်ဆောင်တစ်ခု ပေးဖို့ လာခဲ့တာပါ"

​ပြောရင်းနှင့် ရွှီလင်းစုက ပုတီးစေ့ တစ်စေ့ ထုတ်ပေးလိုက်သည်။

​မနေ့ညကတည်းက သူတို့သည် မယ်တော်နှင့် အဆက်အသွယ် ရခဲ့ကြသည်၊ သို့သော် မယ်တော်က ဂူဗိမာန် နတ်မြေ ကိစ္စကို ထုတ်ဖော်ပြောရန် မလိုကြောင်း၊ လီယန်ချူသည် ဝေမြို့၏ လှိုင်းထန်နေသော နယ်မြေအတွင်း ရောက်နေသဖြင့် ကံတရားအတွင်း ပါဝင်နေပြီဖြစ်ရာ သဘာဝအတိုင်းသာ လွှတ်ထားရန် ပြောခဲ့သည်။

ထုတ်ဖော်ပြောလိုက်ခြင်းက ကိစ္စရပ်များကို လျှို့ဝှက်စွာ ပြောင်းလဲသွားစေနိုင်ပြီး အခက်အခဲများ ပိုတိုးလာစေနိုင်သည်။

​ဗေဒင်နှင့် ဟောကိန်း တတ်ကျွမ်းသူများမှာ ထိုအတိုင်းပင် ဖြစ်သည်၊ ကောင်းကင်လျှို့ဝှက်ချက် ကို တိုက်ရိုက် မပြောနိုင်ဘဲ၊ သဲလွန်စပေးခြင်း သို့မဟုတ် လျှို့ဝှက်စွာ အကွက်ချခြင်းသာ ပြုလုပ်နိုင်သည်။

​လီယန်ချူ သေချာကြည့်လိုက်ရာ၊ ထိုပုတီးစေ့ပေါ်တွင် ခရမ်းရောင် အခိုးအငွေ့များ မှိန်ပျပျ ထွက်ပေါ်နေသဖြင့် ရိုးရိုးပစ္စည်း မဟုတ်ကြောင်း သိသာလှသည်။

​ရွှီလင်းစုက ဆက်ပြောသည်

"မယ်တော်က ဒါဟာ သူမရဲ့ ကျေးဇူးတင်လွှာလေးပါတဲ့၊ အခု သူမက ကျင့်ကြံမှုရဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ ကိုယ်တိုင်လာတွေ့ဖို့ မအားသေးဘူး၊ ဒါလေးနဲ့ အရင် ကျေးဇူးတင်ပါရစေတဲ့၊ နောက်မှ ကိုယ်တိုင်လာပြီး ကျေးဇူးတင်ပါ့မယ်တဲ့"

​ဒီချင်းယီမယ်တော်ကတော့ တကယ့်ကို စနစ်ကျလှသည်။

​လီယန်ချူက အသာအယာ ခေါင်းညိတ်လိုက်သည်။

​ရွှီလင်းစုက ပြောသည်

"ဒါကို လေငြိမ်ပုတီး လို့ ခေါ်ပါတယ်၊ လေကို ရပ်တန့်စေနိုင်တဲ့ နတ်ဘုရားစွမ်းအား ရှိပါတယ်၊ ပစ္စည်းအသေးအဖွဲလေးမို့ လီတာအိုဆရာ အနေနဲ့ မနှိမ်ဖို့ မျှော်လင့်ပါတယ်"

​လီယန်ချူ၏ မျက်လုံးများ လင်းလက်သွားသည်။

​"လေငြိမ်ပုတီး "

​အကယ်၍ ဒါဟာ တကယ့် အဲဒီရတနာဆိုရင်တော့ ရွှီလင်းစုပြောသလို "ပစ္စည်းအသေးအဖွဲလေး" မဟုတ်တော့ပေ။

​ဒီအရာကို သူ "အနောက်သို့ ခရီးသွားခြင်း" ပုံပြင်ထဲမှာ ကြားဖူးသည်၊ သို့သော် ထိုကမ္ဘာတွင်လည်း လေငြိမ်ပုတီးနှင့် ပတ်သက်သော မှတ်တမ်းများ ရှိသည်။

​အစီရင်ဝတ်စုံနှင့် မတူသည်မှာ၊ လေငြိမ်ပုတီး၏ မူလအစကို မည်သူမျှ မသိကြပေ။

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ရဟန်းတော်ကြီးတစ်ပါး ရရှိခဲ့ဖူးသည်ဟုသာ သိရသည်။

​ထိုစဉ်က ရဟန်းတော်ကြီးသည် အနောက်ဘက် သဲကန္တာရအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ကာ ထာဝရအသက်ရှင်ဆေး ကို ရှာဖွေခဲ့သည်။

သဲကန္တာရ၏ ရာသီဥတုမှာ ခန့်မှန်းရခက်ပြီး လေပြင်းများစွာ တိုက်ခတ်တတ်သည်။

အထူးသဖြင့် လေဆင်နှာမောင်းနှင့် သဲမုန်တိုင်းများမှာ အလွန်ပင် ပြင်းထန်လှသည်။

ဒါဟာ လူသားရဲ့ စွမ်းအားနဲ့ မယှဉ်နိုင်တဲ့ အရာပင်။

​ထိုရဟန်းတော်ကြီးသည် သဲကန္တာရထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ထာဝရအသက်ရှင်ဆေးကို ရှာမတွေ့ခဲ့သော်လည်း၊ လေကို ငြိမ်သက်စေနိုင်သည့် သူ၏ အံ့ဖွယ်စွမ်းအားများမှာ ကုန်သည်များမှတစ်ဆင့် အလယ်ပိုင်းဒေသသို့ ပြန့်နှံ့လာခဲ့သည်။

​လေငြိမ်ပုတီးသည်လည်း ထိုစဉ်ကတည်းက ကမ္ဘာကျော်ခဲ့ခြင်း ဖြစ်သည်။

​ဒါဟာ တကယ့် နတ်ဘုရားလက်နက် တစ်ခုပင်။

​သို့သော်လည်း အခြား အသုံးဝင်ပုံများ ရှိသေးသလားဆိုသည်ကိုမူ နောက်ပိုင်းလူများ မသိကြတော့ပေ။

အချို့သော ကောလာဟလများအရ လေငြိမ်ပုတီးအတွင်းမှာ ထာဝရအသက်ရှင်ဆေး၏ လျှို့ဝှက်ချက် ပါဝင်နေသည်ဟု ဆိုကြသော်လည်း၊ အချိန်များစွာ ကြာမြင့်သွားပြီဖြစ်ရာ စစ်ဆေးရန် မဖြစ်နိုင်တော့ပေ။

​ခြုံပြောရလျှင် ထိုရတနာ၏ တန်ဖိုးမှာ တာအိုအစီရင်ဝတ်စုံထက် မနိမ့်ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် ပို၍ပင် ရှားပါးလှသည်။

​အကယ်၍ လူ့လောကထဲသို့ ရောက်သွားပါက အကြီးအကျယ် လုယက်တိုက်ခိုက်မှုများ ဖြစ်လာပေလိမ့်မည်။

​လီယန်ချူသည် ဝိညာဉ်စွမ်းအား အနည်းငယ်ကို လေငြိမ်ပုတီးအတွင်းသို့ ထည့်လိုက်သည်။

ပတ်ဝန်းကျင်က တိုက်ခတ်နေသော လေပြေများမှာ ချက်ချင်းပင် ရပ်တန့်သွားပြီး ထပ်မံ မလှုပ်ရှားတော့ပေ။

​ဒါဟာ အလွန် ထူးဆန်းအံ့ဩဖွယ်ကောင်းသော ခံစားချက်ပင်။

​"မယ်တော်ကို ကျုပ်ကိုယ်စား ကျေးဇူးတင်ပေးပါဦး "

​လီယန်ချူက ပြောလိုက်သည်။

​ဒါဟာ ပစ္စည်းအသေးအဖွဲလေး မဟုတ်တော့ဘဲ၊ တကယ့်ကို ရှားပါးလှတဲ့ ရတနာကြီးပင်။

နိုင်ငံတော်အဆင့် အဖိုးတန်ပစ္စည်း အဖြစ်တောင် သတ်မှတ်နိုင်သည့် အရာမျိုး ဖြစ်သည်။

​အခန်း (၁၅၄) - အမှောင်ဖုံးအတတ်

​ရွှီလင်းစုနဲ့ ပိုင်ဟုန်းထူတို့ နှစ်ယောက် ဘယ်ကို ရောက်သွားကြသလဲ မသိရပေ။

မူလက နှစ်ယောက်သား ချွန်းဖုန်းခန်းမမှာ အရက်သွားသောက်ဖို့ ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

​လီယန်ချူကတော့ ထိုက်ဖင်တည်းခိုခန်းဆီကို ရောက်လာခဲ့သည်။

တကယ်တော့ သူက ဒီနေရာကို လာရတာ ပိုကြိုက်သည်။

ဆိုင်ရှင်မလိုမျိုး စိတ်သဘောထားပြည့်ဝပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက် အဖော်ပြုပေးနေရင် စိတ်တွေက အလိုလို လန်းဆန်းသွားတတ်သည်။

​"အခု မင်းပေးတဲ့ ခံစားချက်က အရင်နဲ့ မတူတော့ဘူးပဲ၊ ထက်မြက်လွန်းတဲ့ ခံစားချက်မျိုး ပေးနေတယ်"

ဆိုင်ရှင်မက ပြုံးရွှင်စွာ ပြောလိုက်သည်။

​လီယန်ချူ ကြောင်သွားပြီးနောက် အသာအယာ ပြုံးကာ

"ဖြစ်နိုင်တာကတော့ အခုတလော လူတွေနဲ့ ခဏခဏ တိုက်ခိုက်နေရလို့ သတ်ဖြတ်လိုစိတ် တွေ များနေတာကြောင့် ဖြစ်လိမ့်မယ်"

​ဆိုင်ရှင်မက ရည်ရွယ်ချက်ရှိရှိနှင့် လီယန်ချူ၏ ကိုယ်ပေါ်ကို သူမ၏ ဆောင်းဦးရေလှိုင်းအလား မျက်ဝန်းအစုံဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကျွန်မကတော့ အကုန်ကြိုက်ပါတယ်"

​ပြောပြီးသည်နှင့် သူမက လှည့်ထွက်သွားပြီး ဟင်းလျာတွေ ပြင်ဆင်တော့သည်။

လီယန်ချူ လာလျှင် သူမက များသောအားဖြင့် ကိုယ်တိုင်ချက်ပြုတ်လေ့ရှိသည်။

ဆိုင်ရှင်မ၏ လက်ရာမှာ အလွန်ကောင်းမွန်လှသဖြင့် သာမန်စားဖိုမှူးကြီးများပင် မယှဉ်နိုင်ပေ။

​လီယန်ချူ၏ မျက်လုံးများထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာသည်။

သူ့ရင်ဘတ်ထဲက လေငြိမ်ပုတီးကို မသိစိတ်ဖြင့် တစ်ချက် စမ်းကြည့်မိသည်။

​"အခု ငါ့ကိုယ်ပေါ်မှာ ရတနာတွေ အများကြီး ရှိနေတာဆိုတော့၊ တချို့ကျင့်ကြံသူတွေရဲ့ မျက်စိထဲမှာ သိသာလွန်းနေမလားပဲ"

​မိုးကြိုးငါးပါးအဆောင်၊ လင်ကွမ်းဖိတ်ခေါ်အဆောင်၊ ကျန်ကျောင်းဓား၊ ရှစ်ခွင်မှန် နဲ့ ချင်းယီမယ်တော် ပေးလိုက်တဲ့ လေငြိမ်ပုတီး။

ဒါတွေအားလုံးက အလွန်ရှားပါးတဲ့ ရတနာတွေချည်းပင်။

​ထိုက်ဖင်တည်းခိုခန်းမှာ နေ့လယ်စာ စားပြီးနောက် သူက တာအိုကျောင်းဆီ ပြန်လာခဲ့သည်။

စားပွဲရှေ့မှာ ထိုင်ပြီး ဟွမ်ထင်တာအိုကျမ်း ကို ဖွင့်ဖတ်လိုက်သည်။

​ဟွမ်ထင်တာအိုကျမ်းထဲမှာ ကျင့်စဉ်တွေ၊ တရားထိုင်နည်းတွေ၊ အသက်ရှူအသွင်းအထုတ် နည်းစနစ်တွေတင်မကဘဲ နက်ရှိုင်းလှတဲ့ အတတ်ပညာ တွေလည်း အများကြီး ပါဝင်နေသည်။

​အရင်က လီယန်ချူဟာ စွမ်းအားစုစည်းခြင်း အဆင့်မှာပဲ ရှိသေးသဖြင့်၊ အတတ်ပညာတော်တော်များများကို နားမလည်နိုင်ခဲ့သလို၊ သူကိုယ်တိုင်ကလည်း တိုက်ခိုက်ရေးစွမ်းရည် ထက်မြက်နေသဖြင့် ကျင့်ဖို့ အလျင်မလိုခဲ့ပေ။

​ဒါပေမဲ့ ခုနက ဆိုင်ရှင်မ ပြောတဲ့ စကားကို ကြားလိုက်ရတဲ့အခါ၊ လီယန်ချူဟာ အခုအချိန်မှာ သူ့ရဲ့ အရှိန်အဝါက သိသာလွန်းနေတာကို ရုတ်တရက် သတိပြုမိသွားသည်။

ကိုယ့်ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်မယ့် အတတ်ပညာ တစ်ခုကို ကျင့်ကြံဖို့ လိုအပ်နေပြီ။

​သူက ဟွမ်ထင်တာအိုကျမ်းကို အစအဆုံး ဖတ်ကြည့်လိုက်တဲ့အခါ၊ အဲဒီထဲမှာ အလွန်ပြင်းထန်တဲ့ အတတ်ပညာတစ်ခု ပါဝင်နေတာကို တွေ့လိုက်ရသည်။

​အမှောင်ဖုံးအတတ်

​ဒီပညာကို တတ်မြောက်သွားရင် ကောင်းကင်ကို ဖုံးကွယ်နိုင်သလို၊ ကောင်းကင်လျှို့ဝှက်ချက် တွေကိုလည်း ကွယ်ကာထားနိုင်ပြီး သူတစ်ပါးကို ဗေဒင်တွက်တာ၊ ချောင်းကြည့်တာမျိုးတွေ လုပ်လို့မရအောင် တားဆီးထားနိုင်သည်။

ကိုယ်ပေါ်က အရှိန်အဝါတွေကိုလည်း ဖုံးကွယ်ထားနိုင်သဖြင့် သူတစ်ပါးက အလွယ်တကူ ထိုးဖောက်မြင်နိုင်တော့မည် မဟုတ်ပေ။

​ဟွမ်ထင်တာအိုကျမ်းထဲမှာ ကျင့်စဉ်နည်းလမ်းတွေကို ရေးသားထားသည်။

​လီယန်ချူသည် တရားထိုင်ပြီး အသက်ရှူသွင်းထုတ်ကာ စိတ်ကို တည်ငြိမ်စေလိုက်သည်၊ မလိုအပ်တဲ့ အတွေးမှန်သမျှကို ဖယ်ရှားပစ်လိုက်သည်။

ထို့နောက်မှသာ ဤအတတ်ပညာကို စတင် ဆင်ခြင်ကျင့်ကြံတော့သည်။

​နှစ်နာရီ ကြာပြီးနောက်၊

လီယန်ချူ၏ ကိုယ်ပေါ်က အရှိန်အဝါတွေဟာ တစ်ခဏအတွင်းမှာပဲ ဒြပ်မဲ့စွမ်းအားတစ်ခုနဲ့ အကုန်လုံး အဆက်အသွယ် ပြတ်တောက်သွားသည်။

​ဒီလုပ်ငန်းစဉ်တစ်ခုလုံးက အလွန်ရှုပ်ထွေးလှသော်လည်း တစ်ခဏချင်းမှာတင် အောင်မြင်သွားခဲ့သည်။

​ဒါဟာ အလွန်ဆန်းကြယ်လှတဲ့ ဖြစ်စဉ်တစ်ခုပင်။

​သူက မျက်လုံးနှစ်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး ကိုယ်ပေါ်က အရှိန်အဝါတွေကို သေချာ ခံစားကြည့်လိုက်သည်။

မိုးကြိုးငါးပါးအဆောင်နဲ့ လင်ကွမ်းဖိတ်ခေါ်အဆောင်တို့က သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ဆက်လက် ပြုစုပျိုးထောင်ပေးနေဆဲပင်။

သန့်စင်တဲ့ ယန်မိုးကြိုးအရှိန်အဝါကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရဆဲဖြစ်သလို၊

နတ်ဘုရားလမ်းစဉ်ရဲ့ အရှိန်အဝါ ဆက်နွှယ်မှုကိုလည်း ခံစားနေရသည်။

​တစ်ချိန်တည်းမှာပဲ၊

​နောက်ထပ် ရှင်းလင်းလှတဲ့ ခံစားချက်တစ်ခုကတော့၊ ကိုယ့်ကိုယ်ပေါ်မှာ ရှိနေတဲ့ အဲဒီအရှိန်အဝါတွေဟာ ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားသလို ခံစားချက်မျိုးပင်။

​ဒီခံစားချက် နှစ်မျိုးစလုံးက တစ်ပြိုင်နက်တည်း ရှိနေသည်။

​"အောင်မြင်ပြီ"

​လီယန်ချူဟာ စိတ်ထဲကနေ သိမြင်သွားပြီး အမှောင်ဖုံးအတတ်ကို တတ်မြောက်သွားပြီဆိုတာ သိလိုက်ရသည်

​"ငါ့ရဲ့ ခန္ဓာကိုယ်က တစ်ခုခု ပြောင်းလဲသွားတာ သေချာတယ်"

လီယန်ချူက စိတ်ထဲက တွေးလိုက်သည်။

​သူဟာ တာအိုကျင့်စဉ် တွေ ကျင့်တဲ့နေရာမှာ ပါရမီ သိပ်မရှိသော်လည်း အတတ်ပညာ တွေကို သင်ယူတဲ့နေရာမှာတော့ အလွန်ပဲ မြန်ဆန်လှသည်။

​အရင်က နတ်ပင့်အတတ်၊ ချုပ်နှောင်ခြင်းအတတ်၊ အဝေးကနေ ပစ္စည်းလှမ်းယူတဲ့ အတတ် စတဲ့ တာအိုအတတ်ပညာတွေလိုမျိုးပင် သာမန် ကျင့်ကြံသူတွေဆိုရင် သုံးလေးငါးနှစ်လောက် ကြိုးစားအားထုတ်မှ အခြေခံကို နားလည်နိုင်မယ့်အရာတွေကို၊ လီယန်ချူကတော့ အချိန်တိုအတွင်းမှာတင် တတ်မြောက်သွားတတ်သည်။

​ဒီ အမှောင်ဖုံးအတတ် ကလည်း ထိုနည်းတူပင်။

အလွန်မြင့်မားတဲ့ ဉာဏ်အလင်း လိုအပ်ပြီး ဆင်ခြင်ကျင့်ကြံဖို့ အလွန်ခက်ခဲလှသည် အကြောင်းမှာ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ခြင်း၊ အရှိန်အဝါကို ဖုံးကွယ်ခြင်း စတဲ့ မြင့်မားလှတဲ့ အဆင့်တွေနဲ့ ပတ်သက်နေလို့ပင်။

​ကျင့်ကြံသူတစ်ယောက်ဟာ ၁၀ နှစ်အတွင်းမှာ ဒီအတတ်ကို နားလည်သွားရင်တောင် ထိပ်တန်းပါရမီရှင်လို့ ခေါ်လို့ရနေပြီ။

​ဒါပေမဲ့ လီယန်ချူကတော့ ၂ နာရီပဲ သုံးလိုက်ရတယ်

​ချင်းယီမယ်တော်ဘုရားကျောင်းမှာတော့၊

ရဲမက်ဝတ်စုံဝတ်ထားတဲ့ အဘိုးကြီးတစ်ယောက်က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး အံ့ဩသံလေး တစ်ချက် ထွက်လာသည်။

​"ကောင်းကင်လျှို့ဝှက်ချက်တွေက ဘာလို့ ရောထွေးကုန်တာလဲ "

​ရွှဲစန်းရဲ့ အမူအရာက လေးနက်သွားပြီး၊ လက်ချောင်းလေးတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ မျက်နှာက ပိုပြီး ထူးဆန်းသွားသည်။

​သူဟာ လီယန်ချူနဲ့ ကံတရားချင်း ဆက်နွှယ်နေသဖြင့် ခံစားချက်က အလွန်အားကောင်းသည်။

မူလက သူဟာ လီယန်ချူကို အနည်းငယ်လောက် ချောင်းကြည့် လို့ ရနိုင်သော်လည်း၊ အခုအချိန်မှာတော့ လီယန်ချူရဲ့ ကိုယ်ပေါ်က အရာအားလုံးက ကွယ်ကာထားခြင်း ခံလိုက်ရပြီ။

​တွက်ချက်လို့ မရတော့ဘူး...

​ချင်းယွန်းကျောင်းအတွင်းမှာတော့။

​လီယန်ချူဟာ သူ့ရဲ့ ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာက ပြုံးရွှင်သွားသည်။

သက်ပြင်းအေးကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး။

​စိတ်ကို တစ်နေရာတည်းမှာ စုစည်းကာ ကျောင်းထဲမှာပဲ ဒီ အမှောင်ဖုံးအတတ်ကို ဆက်လက် ဆင်ခြင်ကျင့်ကြံနေလိုက်သည်။

​လီယန်ချူ နောက်တစ်ခေါက် ထိုက်ဖင်တည်းခိုခန်းကို ရောက်လာတဲ့အခါမှာတော့၊ တစ်ကိုယ်လုံးက အငွေ့အသက်တွေက တိတ်တဆိတ် ပြောင်းလဲသွားပြီး အရှိန်အဝါတွေက အတွင်းထဲမှာပဲ ငုပ်လျှိုးနေသည်။

ကြည့်ရတာကတော့ လောကီနယ်ပယ်က သိုင်းသမားတွေလို ထက်မြက်လှတဲ့ အရှိန်အဝါမျိုး မရှိသလို၊ ကျင့်ကြံသူတွေလိုမျိုး လောကပြင်ပကလူလို ခံစားချက်မျိုးလည်း မရှိတော့ပေ။

​ကြည့်ရတာ သာမန်လူတစ်ယောက်လိုမျိုးပင်။

ကိုယ်ပေါ်က အဖိုးတန်ရတနာတွေရဲ့ ထူးခြားတဲ့ အရှိန်အဝါတွေကိုလည်း ဖုံးကွယ်ထားပြီးသား ဖြစ်သွားသည်။

​ဆိုင်ရှင်မရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားသည်။

စိတ်ထဲမှာလည်း အံ့ဩသွားရသည်၊

​ဒါက မြန်လွန်းနေပြီ။

​နောက်ပိုင်းရက်တွေမှာတော့ လီယန်ချူဟာ နေ့တိုင်း ဟွမ်ထင်တာအိုကျမ်းကို ကျင့်ကြံပြီး အမှောင်ဖုံးအတတ်ကို ဆင်ခြင်နေခဲ့သည်။

အမှောင်ဖုံးအတတ်တင်မကဘဲ၊ ချုပ်နှောင်ခြင်းအတတ်၊ အဝေးကနေ ပစ္စည်းလှမ်းယူတဲ့အတတ်၊ နတ်ပင့်အတတ်၊ မူလဝိညာဉ် ခန္ဓာပြင်ပထွက်တဲ့အတတ် စတဲ့ အတတ်ပညာတွေအားလုံးမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

​ကျန်ကျောင်းဓားဟာ သုံးကြိမ်တိုင်တိုင် အစီရင်ခံ ပြီးနောက်မှာတော့၊ ဓားအတွင်းမှာ အားကောင်းလှတဲ့ အရှိန်အဝါတစ်ခု ကိန်းအောင်းနေပြီဖြစ်သည်။

လီယန်ချူ ဓားကျင့်တဲ့အခါမှာ အဲဒီအရှိန်အဝါက သူ့ရဲ့ အရိုးအဆစ်နဲ့ ခန္ဓာကိုယ်ကိုပါ ပြန်လည် ပျိုးထောင်ပေးနိုင်သည်။

​ဒီတွေ့ရှိချက်က သူ့ကို အတော်လေး ဝမ်းသာသွားစေသည်။

​ပိုင်ဟုန်းထူကတော့ နေ့ရက်တွေကို အေးအေးဆေးဆေး ဖြတ်သန်းနေသည်၊ လက်ဖက်ရည်ဆိုင်မှာ ပုံပြောတာ နားထောင်ပြီး ပြန်လာတဲ့အခါ။

စိတ်လှုပ်ရှားစွာနဲ့ လီယန်ချူကို လာရှာသည်။

​"ကြားပြီးပြီလား၊ ဝမ့်ကျန်းတောင် ဘက်က ပါးရှ ကျောက်ရုပ်က အသက်ဝင်လာသလိုပဲတဲ့ "

​"တချို့လူတွေဆိုရင် မနက်စောစောမှာ ပါးရှကျောက်ရုပ်ရဲ့ ဟိန်းဟောက်သံကို ကြားရတယ်လို့ ပြောကြတယ်"

​ပိုင်ဟုန်းထူက ဒီကိစ္စကို လီယန်ချူအား စိတ်လှုပ်ရှားစွာ ပြောပြနေသည်။

​အဲဒီ ပါးရှကျောက်ရုပ် ဟာ ရှေးကျပြီး အိုဟောင်းနေပြီဖြစ်ရာ၊ ဝေမြို့ မြစ်ကမ်းဘေးက ထူးခြားတဲ့ အမှတ်အသားတစ်ခုပင် ဖြစ်သည်။

အစိုးရက ဦးဆောင်ပြီး ပါးရှကျောက်ရုပ်ရှိတဲ့ နေရာမှာ ဇရပ်တစ်ခု ဆောက်ထားခဲ့သည်၊ အဲဒါကိုလည်း ဖုန်းရွှေဆရာကို ငှားပြီး အသေအချာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

​ဒီ ပါးရှကျောက်ရုပ်ရဲ့ အစွမ်းနဲ့ ဝေမြို့ကို ရာသီဥတု သာယာစေဖို့ ဆုတောင်းကြသည်။

ဝေမြို့မှာ ချင်းယီမယ်တော်ဘုရားကျောင်းအပြင်၊ အခုလို ဝမ့်ကျန်းတောင် ဆိုတဲ့ နေရာတစ်ခု ထပ်တိုးလာသဖြင့် အဝေးက ခရီးသွားတွေကိုလည်း ဆွဲဆောင်နေသည်။

​"အသက်ဝင်လာတာလား"

​လီယန်ချူ မျက်ခုံးပင့်လိုက်သည်။

​မြို့ထဲက ကောလာဟလတွေဆိုတာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ချဲ့ကားတတ်ကြသည်မှာ ထုံးစံပင်။

အထူးသဖြင့် "ကြားရသလောက်" တို့ "ပြောကြတာတော့" တို့ဆိုရင် ယုံကြည်ရခဲလှသည်။

​ပိုင်ဟုန်းထူက ခေါင်းညိတ်ပြီး

"ဒီကိစ္စက အစက သုံးလေးယောက်ပဲ ဟိန်းသံကြားရတာ၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ တော်တော်များများသော တံငါသည်တွေနဲ့ လှေသမားတွေပါ ပါးရှကျောက်ရုပ်ရဲ့ ဟိန်းသံကို ကြားရတယ်လို့ ဆိုကြတယ်၊ ဒါကတော့ မမှားနိုင်တော့ဘူး"

​ပါးရှကျောက်ရုပ်က တကယ်ပဲ အသက်ဝင်လာတာလား

​လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်၊

ကျောက်ရုပ်မှာ ဝိညာဉ်ဝင်တာမျိုးက ဖြစ်နိုင်ခြေ ရှိသလို၊ တာအိုအတတ်ပညာတွေထဲမှာလည်း ပစ္စည်းတွေကို အသက်သွင်းတဲ့ အတတ် မျိုး ရှိသည်။

ပစ္စည်းတစ်ခုခုကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံမျိုး ပြောင်းလဲပစ်နိုင်သည်။

​နှစ်ယောက်သား သူတို့ရဲ့ တိရစ္ဆာန်တွေကို စီးပြီး မြို့ပြင်က ဝမ့်ကျန်းတောင်ဆီကို ယှဉ်တွဲထွက်ခွာလာကြသည်။

ဂူဗိမာန် နတ်မြေကနေ ဆင်းသက်လာတယ်လို့ ပြောကြတဲ့ ဒီပါးရှကျောက်ရုပ်ကြီးမှာ။

တကယ်ပဲ ဘာတွေ ထူးခြားပြောင်းလဲကုန်သလဲဆိုတာ သွားကြည့်ချင်ကြလို့ပင်။

​မည်းကြီးကတော့ အခုထိ ခန္ဓာကိုယ်က ပြောင်းလဲမသွားသေးပေ၊ ဒါပေမဲ့ မသိလိုက်မသိဘာသာနဲ့ ထွက်ပေါ်လာတဲ့ လှောင်ပြုံး မျိုးကတော့။

တကယ့်ကို ဝိညာဉ်ရှိတဲ့ ပုံစံမျိုး ပေါက်နေသည်။

​အပြင်ပန်းကကြည့်ရင် မည်းကြီးဟာ သာမန် မြည်းနက်တစ်ကောင်လိုပဲဖြစ်ပြီး ရုပ်ရည်ကလည်း ထူးခြားမနေပေ။

ဒါပေမဲ့ ပိုင်ဟုန်းထူ စီးလာတဲ့ မြင်းကတော့ မည်းကြီးကို အတော်လေး ကြောက်နေပြီး။

မည်းကြီးနဲ့ ဘေးချင်းယှဉ်တောင် မရပ်ရဲပေ။

​နောက်ဆုံး လီယန်ချူက မည်းကြီးရဲ့ ခေါင်းကို တစ်ချက် ပုတ်လိုက်ပြီး၊ ပိုင်ဟုန်းထူကလည်း ဇက်ကြိုးကို ထိန်းလိုက်မှသာ မနည်း လိုက်ပါလာနိုင်တော့သည်။

All Chapters