← Chapters

သာလွန်သောဖြစ်တည်မှု

Vol. 1 Ch. 3

သာလွန်သောဖြစ်တည်မှု

Vol. 1 Ch. 3

‎ထိုနေ့ညမှာပင် အိုင်ဗီတစ်ယောက် အိပ်မပျော်ဘဲ ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေစဉ် အသံတစ်သံကို ကြားလိုက်ရသည်။

‎

‎"သာလွန်မွန်မြတ်တဲ့ ဖြစ်တည်မှုမျိုးကို လိုချင်နေလား။ ငါ မင်းကို ကူညီနိုင်တယ်။ ငါနဲ့ ဝိညာဉ်ချင်း ချိတ်ဆက်လိုက်ရုံပဲ။"

‎

‎အိုင်ဗီသည် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူမ စဉ်းစားမနေတော့ဘဲ လက်စွပ်ကို ချက်ချင်း ချွတ်ပစ်ခဲ့သည်။

‎

‎နောက်တစ်နေ့ မနက်တွင် သူမသည် ထိုလက်စွပ်ကို ပေးအပ်ခဲ့ပြီး သတိပါ ပေးခဲ့သေးသည်။

‎"မေမေ... ဒီလက်စွပ်က တကယ်ကို ကျိန်စာသင့်တယ်။ မနေ့ညက ကျွန်မကို အဆင့်မြင့်တဲ့လူပုဂ္ဂိုလ်ဖြစ်ချင်သလားလို့ မေးနေတဲ့ အသံတစ်သံ ကြားခဲ့ရတယ်။ တကယ်လို့ ဒေမီယန် သာ ဝတ်မယ်ဆိုရင် သူလည်း ဒီအသံကို ကြားရမှာပဲ"

‎

‎အိုင်စလာ၏ မိခင်ဖြစ်သူ ဆာဖီနာ ရာဗင်ခရော့ဖ် ဘာလုပ်ခဲ့သနည်း။

‎

‎သူမသည် တဟားဟား ရယ်မောကာ သဘောတူခဲ့သည်။

‎

‎ယခင်ဘဝတုန်းက အိုင်ဗီသည် သူမ၏ ကြောက်တတ်သော စရိုက်ကြောင့် ဒေမီယန် လက်စွပ်ဝတ်လိုက်တာကို ငြိမ်သက်စွာ ကြည့်နေခဲ့ရသည်။ ဒေမီယန်သည် တစ်လအကြာတွင် ထူးခြားသောအစွမ်း နှင့်အတူ နိုးထလာခဲ့ပြီး ကိုယ်ပိုင် ကြေးစားစစ်သည်အုပ်စုကို တည်ထောင်ခဲ့သည်။

‎

‎နောက်တစ်ကြိမ် ဒေမီယန်ကို ပြန်တွေ့ရချိန်မှာတော့ သူသည် လူသစ်တစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထက်မြက်တယ်၊ လှည့်ပတ်တတ်တယ်၊ တွက်ချက်မှုလဲမြန်တယ်၊ အေးစက်သလို၊ ဉာဏ်ကောင်းပြီး အလွန်အမင်းကိုပင် အစွမ်းထက်လာသည်။

‎လူသားအားလုံး၏ အထက်တွင် ရှိနေသော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ပင်။

‎

‎ယခုဘဝတွင်မူ သူမသည် ထိုအခွင့်အရေးကို အရယူပြီး အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေရမည်။ သူမ၏ ချစ်ခင်ရသောမိသားစုဝင်များနှင့် ချစ်သူကို အမှောင်ထဲကနေ ကာကွယ်ပေးမည်။

‎သူတို့ကို ပြန်ပြီး အသိအမှတ်ပြုဖို့လား?

‎

‎"မလုပ်ဘူး... သူတို့အနားကို ငါမသွားဘူး... ငါက ကျိန်စာသင့်နေတာ။ ငါ့နားကို ချဉ်းကပ်တဲ့သူမှန်သမျှ... ကြောက်စရာကောင်းတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာပဲ။ ဆိုင်းလပ်စ် လည်း ငါ့ကိုကယ်ရင်း သေခဲ့ရသလို၊ ငါ့မိဘအရင်းတွေလည်း အဲ့ဒီအတိုင်းပဲ..."ဟု အိုင်ဗီက တိုးတိုးလေး ရေရွတ်လိုက်သည်။

‎

‎ဆိုင်းလပ်စ်အကြောင်း တွေးလိုက်မိချိန်တွင် အိုင်ဗီ၏ နှလုံးခုန်သံများ မြန်လာသည်။

‎

‎တကယ်လို့ သူမသာ အချိန်ခရီးနှင်ပြီး အတိတ်ကို ပြန်ရောက်လာတာမှန်ရင်... ဆိုင်းလပ်စ်လည်း အသက်ရှင်နေဦးမှာပဲ မဟုတ်လား?

‎

‎"သူ့ကို အဝေးကနေပဲ ငါကြည့်ပါမယ်... သူ့အနားကိုတော့ မသွားတော့ဘူး..." သူမ၏ စကားသံများတွင် မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုတို့က ရောထွေးနေသည်။

‎

‎သူမ အခန်းထဲမှ ထွက်လာချိန်တွင် ရင်ထဲ၌ ဝမ်းသာပီတိလှိုင်းများ ထနေ၏။

‎

‎ကံကောင်းထောက်မစွာပင် သူမ၏ ဟန်ဆောင်မိသားစုက အပြင်သို့ ထွက်သွားကြပြီဖြစ်သည်။

‎

‎ဇွန်ဘီများ စတင်ပေါ်ပေါက်လာသည်မှာ ၃ လသာ ရှိသေးသည်။ နောက်ထပ် ၁၀ နှစ်အကြာတွင် ဖြစ်ပေါ်လာမည့် လူသားပျက်သုဥ်းသော ကမ္ဘာပျက်ကပ်နှင့် နှိုင်းယှဉ်လိုက်ပါက ယခုလက်ရှိ ကမ္ဘာကြီးက အိုင်ဗီအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုလိုပင် ရှိသေးသည်။

‎

‎ဇွန်ဘီများ စတင်ပေါ်ထွက်လာချိန်တွင် နိုင်ငံအသီးသီးမှ အစိုးရများသည် ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့ကြပြီး Lockdown များ ချမှတ်ခဲ့ကြသည်။

‎

‎ထိုအစီအစဉ်က အလွန်ထိရောက်ခဲ့သည်။ ဇွန်ဘီအရေအတွက်လည်း လျော့နည်းသွားခဲ့သည်။

‎အနည်းဆုံးတော့ အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်နေသယောင် ရှိသည်။

‎

‎သို့သော် အိုင်ဗီကတော့ အမှန်တရားကို ပို၍သိသည်။

‎နောက်ထပ် တစ်ရက်အတွင်းမှာတင် အစိုးရနှင့် စစ်တပ်က အသည်းအသန် ဖုံးကွယ်ထားချင်ကြသည့် အမှန်တရားကြီး ပေါ်ထွက်လာပြီးနောက် စနစ်တကျ ထိန်းသိမ်းထားမှုများမှာ ပြိုလဲကျသွားတော့မည်ဖြစ်သည်။

‎

‎ဇွန်ဘီအရေအတွက်က လျော့နည်းသွားခြင်း မဟုတ်ဘဲ ပို၍သာ တိုးပွားလာနေခြင်းဖြစ်သည်။

‎

‎ဓာတ်ခွဲခန်းများမှာလည်း ဇွန်ဘီဗိုင်းရပ်စ်ကို စမ်းသပ်ရန်ပင် မစွမ်းသာကြသေးရာ ကုသဆေး ရှာဖွေနိုင်ဖို့ဆိုသည်မှာ ဝေးနိုင်သမျှ ဝေးနေဆဲပင်ဖြစ်သည်။

‎

‎နောက်ထပ် ၅ ရက်အကြာတွင် ဇွန်ဘီဗိုင်းရပ်စ်သည် ယခင်ထက် ပိုမိုပြင်းထန်စွာ ကူးစက်ပျံ့နှံ့လာတော့မည်။

‎

‎ယင်းမှာ နောက်ထပ် ၂ ရက်အကြာတွင် ရွာသွန်းမည့် 'စွမ်းအင်မိုး' ကြောင့်ပင် ဖြစ်သည်။

‎'စွမ်းအင်မိုး' ဆိုသည့်အတိုင်း ထိုမိုးရေထဲတွင် ထူးခြားသော ဘက်တီးရီးယားများ ပါဝင်နေသည်။ ထိုဘက်တီးရီးယားများသည် လူသားတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက သူတို့ကို ဇွန်ဘီအဖြစ် ပြောင်းလဲသွားစေနိုင်သလို 'စွမ်းအားရှင်များ'အဖြစ်လည်း ပြောင်းလဲပေးနိုင်သည်။

‎

‎စွမ်းအင်မိုး ရွာသွန်းပြီးတဲ့နောက် ဇွန်ဘီများ ပိုမိုထွက်ပေါ်လာမည်ဖြစ်ရာ သွားလာကန့်သန့်ထားခြင်းမှာ အရာမထင်တော့ဘဲ ပရမ်းပတာ အခြေအနေများ ပျံ့နှံ့သွားတော့မည်ဖြစ်သည်။

‎အိုင်ဗီ လှေကားထစ်များကို အလောတကြီးပြေး ဆင်းလာစဉ်တွင် ရင်းနှီးနေသော အသံတစ်ခု သူမ၏ နားထဲသို့ ပဲ့တင်ထပ်ဝင်လာသည်။

‎"ဆိုင်းလပ်စ် .. ငါက ရန်တိုက်ပေးချင်လို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမဲ့ အဲ့ဒီကောင်မလေး အိုင်ဗီက အရမ်းအတ္တကြီးပြီး ပြဿနာရှာလွန်းတယ်!"

‎အိုင်ဗီ ထိုအသံကို မှတ်မိသည်။

‎သူက ဟင်နရီ ပါကာ ပင် ဖြစ်သည်။

‎အိုင်ဗီက ဟင်နရီကို အလွန်အမင်း မုန်းတီးရသည့် အကြောင်းရင်းတစ်ခုမှာ သူသည် ပွင့်လင်းလွန်းသော စရိုက်ရှိပြီး မည်သည့်စကားကိုမဆို အရှိကိုအရှိအတိုင်း ပြောတတ်သောအကျင့်ကြောင့်ဖြစ်သည်။

‎ယခင်ဘဝတုန်းက ဆိုင်းလပ်စ် မသေဆုံးမီအထိ ဟင်နရီသည် အိုင်ဗီကို အမြဲတမ်း ကဲ့ရဲ့လှောင်ပြောင်ခဲ့ဖူးသည်။

‎သို့သော် ဆိုင်းလပ်စ် သေဆုံးပြီးနောက်တွင်တော့ ဟင်နရီသည် တိတ်ဆိတ်သွားခဲ့သည်။ သူသည် အိုင်ဗီကို လျစ်လျူရှုထားခဲ့ပြီး တာဝန်အရသာ သူမကို ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။

‎ဆိုင်းလပ်စ်၏ လက်အောက်ငယ်သားများက သူမကို မုန်းတီးကြသော်လည်း သူမအပေါ်တွင် အာဃာတမထားခဲ့ကြကြောင်းကို ဆိုင်းလပ်စ် သေဆုံးပြီးမှသာ အိုင်ဗီ နားလည်ခဲ့ရသည်။

‎သူတို့ သူမကို မုန်းရခြင်းမှာ သူမက ဆိုင်းလပ်စ်ကို အသုံးချခဲ့သောကြောင့်သာ ဖြစ်သည်။

‎သို့သော် ယခုအချိန်တွင် အိုင်ဗီသည် မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပါ။ သူမသည် လှေကားထစ်၏ အောက်ဆုံးအဆင့်တွင် ရပ်နေရင်း အဝေးမှ ဆိုင်းလပ်စ်၏ ကျောပြင်ပုံရိပ်ကို မြင်တွေ့နေရပြီဖြစ်သည်။

‎သူမ၏ နှလုံးသားလေးမှာ ပြင်းထန်စွာ ခုန်လှုပ်လာပြီး ရင်ထဲက တမ်းတမှုများမှာလည်း ပိုမိုပြင်းထန်လာလေသည်။

‎သူမ သူ့ဆီသို့ ပြေးသွားပြီး ဖက်ထားလိုက်ချင်သည်။ သူ့ကို ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲဆိုတာကို သူမ ပြောပြချင်နေမိသည်။

‎အိုင်ဗီ၏ လည်ချောင်းထဲတွင် တစ်ခုခုတစ်ဆို့နေသလို ခံစားရပြီး ရှိုက်သံတစ်ခု သူမ၏ ပါးစပ်မှ ထွက်သွားသည်။

‎သူမ၏ နာကျင်မှုကို အာရုံခံမိသလိုမျိုး ဆိုင်းလပ်စ်သည် လှည့်ကြည့်လိုက်သည်။

‎အိုင်ဗီသည် ချက်ချင်းဆိုသလို ကျောခိုင်းလိုက်ပြီး သူမဝတ်ထားသော ဟူဒီ ခေါင်းစွပ်ကို အုပ်လိုက်သည်။ သူမ၏ လက်များမှာ တုန်ရီနေပြီး သူ့ကို ပြန်မကြည့်မိစေရန် စိတ်ကိုအတော်လေးပင် ထိန်းချုပ်နေရသည်။

‎သူမသည် သူ့ကို ပိုင်ဆိုင်ရန် မထိုက်တန်တော့ပါ။

‎ကျိန်စာသင့်နေတဲ့... ကျိုးပဲ့နေတဲ့... အာဃာတတွေ ပြည့်နှက်နေတဲ့ သူမလို မိန်းကလေးတစ်ယောက်က... သူနဲ့ မထိုက်တန်တော့ပါဘူး။

‎သူမက အလင်းရောင်ကို ငေးကြည့်ရုံသာ တတ်နိုင်ပြီး ထိုအလင်းရောင်ကို ညစ်နွမ်းအောင် မလုပ်သင့်သည့် ကြွက်တစ်ကောင်သာသာ ဖြစ်သည်။

‎"ဆိုင်းလပ်စ်... ငါ မင်းကို ပြောနေတာလေ! အခုချိန်မှာ ရိက္ခာတွေက ဘယ်လောက်တောင် အဖိုးတန်သလဲဆိုတာ မင်းသိသားပဲ! အဲ့ဒါကို မင်းရဲ့ ရိက္ခာဝေစုတွေကို သူမဆီ အကုန်ပုံပေးလိုက်တယ်ပေါ့။ မင်း ဒီလောက်တောင် မျက်စိကန်းနေရတာလား”

All Chapters