အတိတ်နှင့် လက်ရှိဘဝ
Vol. 1 Ch. 7
"မကောင်းဆိုးဝါးမ ဟုတ်လား?"
အိုင်ဗီက ထိုစကားကို ထပ်ဆင့်ရေရွတ်လိုက်သည်။
သူမ၏ လက်ထဲတွင် ကြိမ်လုံးကို ပတ်ချာလည် ကစားနေရင်း ထွက်ပေါ်လာသော အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တည်ငြိမ်နေ၏။ "ဟုတ်ပါတယ်..မကောင်းဆိုးဝါးမပေါ့... ဒါဆိုရင်... ရှင့်ကိုရော ဘာလို့ ခေါ်ရမလဲ၊ အမေ လို့လား?"
ထိုသို့ပြောလိုက်စဉ် အိုင်ဗီ၏ စိတ်ထဲတွင် ဖခင်ဟု ခေါ်တွင်ခဲ့သူ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် အတိတ်များက ပြန်လည် အစီအရင်လိုက် ပေါ်လာတော့သည်။
..................
ရွှမ်း
"နင်လို နာခံမှုမရှိတဲ့ကလေးက ဘယ်လိုတောင် သတ္တိရှိလို့ စာမေးပွဲမှာ ခိုးချပြီး အိုင်စလာရဲ့ အမှတ်စာရင်းနဲ့ လဲရတာလဲ? နင့်ကြောင့်နဲ့ သူ့အမှတ်တွေ ကျကုန်ပြီ" မက်ဂနပ်စ်က ဟိန်းဟောက်လိုက်သည်။
ငယ်ရွယ်သေးသည့် အိုင်ဗီလေးအတွက်မူ ထိုအော်ဟစ်သံနှင့်အတူ စူးရှလှသော နာကျင်မှုကပါ ဒွန်တွဲပါလာခဲ့သည်။ မိဘများက သူမအပေါ် အထင်လွဲနေသည်ဟု ထင်မှတ်ကာ သူမက အကျိုးအကြောင်း ရှင်းပြရန် ကြိုးစားခဲ့မိသည်။
"ဖေဖေ... သမီး မလုပ်ပါဘူး! တကယ်... တကယ် မလုပ်ခဲ့တာပါ။ အိုင်စလာက... အိုင်စလာက လိမ်နေတာပါ"
သို့သော် သူမ မသိခဲ့သည့် အချက်မှာ... သူမ၏ 'မိဘ' ဆိုသူများက သူမကို ဘယ်တုန်းကမှ ထူးချွန်စေချင်ခဲ့ခြင်း မရှိသည်မှာပင်။ တိုင်တန်းသူမှာ သူတို့၏ သမီးအရင်းဖြစ်နေသရွေ့ သူတို့က အိုင်ဗီကို မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။
"နင်က ပြန်ပြောရဲသေးတယ်ပေါ့ ဟုတ်လား။ နေဦးပေါ၊ ဒီနေ့သာ နင့်ကျောက အရေခွံတစ်လွှာ ကွာမထွက်သွားရင် ငါ့နာမည်ကို ပြောင်းပစ်လိုက်မယ်!" မက်ဂနပ်စ်က အော်ဟစ်ကျိန်းဝါးရင်း အိုင်ဗီကို မနားတမ်း ရိုက်နှက်တော့သည်။
မက်ဂနပ်စ် ကဒီအတိုင်းစကားအဖြစ်သာ ပြောခြင်း မဟုတ်ပေ။ ထိုနေ့က အိုင်ဗီ၏ ကျောပြင်မှ အရေပြားများ အမှန်တကယ်ပ ကွာဆုတ်ခဲ့ရသည်။
၎င်းမှာ သူမအတွက် သင်ခန်းစာတစ်ခုပင်။
အိုင်စလာကို မည်သည့်အခါမျှ အာမခံရဲစေရန် ပေးလိုက်သည့် သင်ခန်းစာဖြစ်၏။
ထိုသင်ခန်းစာမှာ သူမ၏ အရိုးထဲထိအောင် စွဲထင်သွားခဲ့သဖြင့် အိုင်ဗီသည် အိုင်စလာကို တော်လှန်ရန် တစ်ခါမျှ မဝံ့ရဲခဲ့ပေ... သူတို့က သူမ၏ စူပါပါဝါ ကို ခိုးယူသွားသည့် အချိန်အထိတိုင်အောင်ပင်။
..................
အတိတ်ဘဝက
...
"ဖေဖေ... တောင်းပန်ပါတယ် ကျေးဇူးပြုပြီး သမီးကို ကြိမ်နဲ့မရိုက်ပါနဲ့! ကျိန်ဆိုရဲပါတယ်... အိုင်စလာရဲ့ မုန့်ကို သမီးမခိုးခဲ့ပါဘူး သမီးမဟုတ်ပါဘူး" အိုင်ဗီက မျက်ရည်အပြိုင်ပြိုင် ကျဆင်းရင်း အသနားခံနေရှာသည်။
ကြိမ်လုံးကို မြင်လိုက်ရသည်နှင့် သူမ၏ ခန္ဓာကိုယ်လေးမှာ တုန်ရီနေတော့၏။
'ကျေးဇူးပြုပြီး... ဒီနေ့တော့ မလုပ်ပါနဲ့တော့... ဒီနေ့တော့ မလုပ်ပါနဲ့... သမီး... သမီး တကယ်ကြောက်လို့ပါ' ဟု သူမ စိတ်ထဲက တဖွဖွ ဆုတောင်းနေမိသည်။
"အိုင်ဗီ ရဗင်ခရော့ဖ်! နင် ဘယ်လိုတောင် ဒီလောက်အတ္တကြီးသွားရတာလဲ အစက နင့်အစ်မရဲ့ အစားအစာကို ခိုးတယ်၊ အခုတော့ နင်က လိမ်ပါလိမ်နေပြီ! နင် ဘယ်လောက်တောင် အရှက်မရှိဖြစ်နေပြီလဲ ကြည့်စမ်းပါဦး" မက်ဂနပ်စ်က စိတ်ပျက်အားလျော့ဟန် မျက်ဝန်းများဖြင့် အိုင်ဗီကို အော်ဟစ်လိုက်သည်။
သို့သော် အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုမျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားကျေနပ်နေသည့် အရိပ်အယောင် အနည်းငယ်ကိုလည်း တွေ့နိုင်သည်။
ကြောက်လန့်နေသည့် အိုင်ဗီကမူ ထိုအရာကို သတိမထားမိဘဲ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်သာ ကြိုးစားနေခဲ့သည်။
"ဖေဖေ... သမီး မလိမ်ပါဘူး။ ကြောင်တစ်ကောင်ကောင် စားသွားတာ ဖြစ်မှာပါ။ ကျေးဇူးပြုပြီး... သမီး တောင်းပန်ပါတယ်။ သမီးကို ကြိမ်လုံးနဲ့မရိုက်ပါနဲ။ သမီး... သမီး တကယ်ကြောက်လို့ပါ။ အဲဒါက အရမ်းနာလို့ပါ..."
သို့သော် သူမ၏ ရှင်းပြချက်ကို မည်သူမျှ နားမထောင်ခဲ့ကြချေ။
ရွှမ်း...
ရွှမ်း...
"ဖေဖေ... သမီး တောင်းပန်ပါတယ်။"
ရွှမ်း... နောက်ထပ် စူးရှပူလောင်သည့် နာကျင်မှုတစ်ခုက သူမ၏ အရေပြားပေါ်သို့ ဖြတ်ကနဲ့စီးသွားပြန်သည်။
"တောင်းပန်ပါတယ်... သမီး မှားသွားပါပြီ။"
ရွှမ်း...
"ကောင်းတယ်..." မက်ဂနပ်စ်က ကြိမ်လုံးကို အကြိမ်ကြိမ် ဆက်တိုက် ရိုက်နှက်ရင်း ပြောလိုက်သည်။ "နောက်တစ်ခါ... နင်... မလိမ်နဲ့တော့! နင့်အစ်မရဲ့ ပစ္စည်းတွေကိုလည်း မစားနဲ့"
ရွှမ်း...
နွားသားရေပတ်ကြိမ်က သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်စပ်ပျင်းနေသည့် အနီရောင်အစင်းကြောင်းများ ထင်ကျန်စေခဲ့စဉ်တိုင်အောင် အိုင်ဗီမှာ ထောင့်တစ်နေရာ၌ ကွေးကွေးလေး ခံနေရရှာတော့သည်။
မက်ဂနပ်စ်မှာမူ သူ၏ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားရင်း ငိုယိုနေတော့သည်။ မျက်ရည်နှင့် နှပ်ချေးများမှာလည်း ရောထွေးနေပြီး ဘာမှန်းမသိသည့် စကားလုံးများကို တတွတ်တွတ် ရေရွတ်နေရှာသည်။
ဆာဖီနာက အော်ဟစ်လိုက်ရင်း တုန်ရီနေသည့် မက်ဂနပ်စ်၏ အနားသို့ ပြေးသွားကာ ကာကွယ်ပေးလိုက်သည်။
“နင်... မကောင်းဆိုးဝါးမ! ဒီအရူးလုပ်ရပ်တွေကို အခုချက်ချင်းရပ်စမ်း အိုင်ဗီ”
သို့သော် အိုင်ဗီ၏ ခြေလှမ်းများက နှေးကွေးသော်လည်း တည်ငြိမ်လွန်းနေသည်။ သူမက ကြိမ်လုံးကို တစ်ဖန်ပြန်မြှောက်လိုက်ပြီး သေမင်းတမျှ အေးစက်လှသော လေသံဖြင့်
"ရှင့်အလှည့်ပဲ မေမေ။ ရှင့်ရဲ့ သည်းခံနိုင်စွမ်းကို တစ်ချက်လောက် စမ်းကြည့်ရအောင်" ဟု ပြောလိုက်သည်။
ရွှမ်း
ကြိမ်လုံးက ဆာဖီနာ၏ လက်မောင်းကို ရိုက်မိသွားကာ ပိုးသားအင်္ကျီလက်ကိုတာင် ဖောက်ထွက်သွားပြီး သူမ၏ အသားပေါ်တွင် ရက်စက်လှသော အနီရောင်အစင်းကြောင်းတစ်ခုကို ထင်ကျန်စေခဲ့သည်။
"အားးး" ဆာဖီနာက အော်ဟစ်ရင်း အနောက်သို့ ယိုင်လဲသွားသည်။ "နင်... ပြန်လက်ပါရဲတယ်ပေါ့ ဟုတ်လား"
ရွှမ်း
"ဒါက ရှင် အမြဲတမ်း မျက်ကွယ်ပြုခဲ့သမျှ အရာအားလုံးအတွက်"
ရွှမ်း
"ပြီးတော့ ဒါက..." အိုင်ဗီက သူမ၏ ပေါင်ကို ရိုက်နှက်လိုက်ရင်း လေသံနှိမ့်ကာ အော်ဟစါလိုက်သည်။
"ကျွန်မ ငိုနေတဲ့အချိန်မှာ ရှင် လှောင်ရယ်ခဲ့တဲ့အတွက်"
ရွှမ်း
ဆာဖီနာမှာ သူမ၏ လက်ခြေများကို ဆုပ်ကိုင်ထားရင်း ဒူးထောက်ကျသွားတော့သည်။
သူမ၏ ဒဏ်ရာများမှ သွေးထွက်နေသည်ထက် သူမ၏ မာနများက ပိုမိုမြန်ဆန်စွာ ပြိုလဲပျက်စီးနေလေသည်။
"တော်တော့... ငါက နင့်အမေလေ..."
"ရှင်က ကျွန်မအမေ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး" အိုင်ဗီက တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ရှင်က ငရဲခန်းထဲက ကျွန်မကို စောင့်ကြည့်နေတဲ့ ငရဲသားတစ်ယောက်ပဲ။"
ရွှမ်း