← Chapters

အတိတ်နှင့် လက်ရှိဘဝ - ၂

Vol. 1 Ch. 8

အတိတ်နှင့် လက်ရှိဘဝ - ၂

Vol. 1 Ch. 8

‎အိုင်ဗီသည် သူမ၏ အတိတ်ဘဝကို ငရဲတွင်းဖြစ်အောင် ဖန်တီးခဲ့သည့် ထိုလင်မယားနှစ်ယောက်ကို ကြိမ်ဖြင့် ရိုက်နှက်ရင်း သူမ၏ နာကျည်းမှု၊ စိတ်ပျက်အားငယ်မှု၊ နာကျင်မှုနှင့် စိတ်ပျက်မှု အားလုံးကို ပေါက်ကွဲထုတ်ပစ်လိုက်သည်။

‎

‎သူမ၏ စိတ်ခံစားချက်မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီဖြစ်ကာ ထိုသူများကို ဤနေရာတွင်တင် အသေသတ်ပစ်ချင်စိတ်များ ပေါက်နေတော့သည်။

‎

‎သူမထံမှ ထွက်ပေါ်လာသော လူသတ်ငွေ့များက အိုင်စလာကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် သူမသည် ဘာမှမပြောရဲဘဲ ထောင့်တစ်နေရာ၌သာ ငြိမ်သက်စွာ ပုန်းနေမိသည်။

‎

‎သို့သော် သူမ၏ ရင်ထဲတွင်မူ အိုင်ဗီကို အငြိုးအတေး ထားနေဆဲပင်။

‎

‎'ဒီကောင်မ ငါ့မိဘတွေကို ဘယ်လိုတောင် ရိုက်ရဲတာလဲ ငါ့အစ်ကို ပြန်လာတာနဲ့ နင်နဲ့ ငါနဲ့ တွေ့ကြသေးတာပေါ့။ ငါ့မိဘတွေကို ရိုက်ပြီးရင် ဒီအတိုင်း လွတ်သွားမယ်လို့ နင် ထင်နေတာလား'

‎

‎အိုင်စလာက ပါးနပ်သည်။ သူမသည် အာရုံစိုက်မခံရအောင် ငြိမ်ငြိမ်လေးနေပြီး အန္တရာယ် ကင်းသွားမှသာ တန်ပြန်တိုက်ခိုက်ရန် ကြံစည်ထားခြင်း ဖြစ်သည်။

‎

‎ကံဆိုးစွာပင် ကံတရားက သူမဘက်မှာ ရှိမနေခဲ့ပေ။ မကြာခင်မှာပင် အိုင်ဗီသည် အိုင်စလာဘက်သို့ အာရုံလှည့်လာခဲ့သည်။

‎

‎အိုင်စလာ၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ခဏတာမျှ ထွက်ပြေးချင်စိတ်များ ပေါက်သွားသည်။ သူမ တွန့်ဆုတ်မနေတော့ဘဲ စိတ်ထဲရှိသည့်အတိုင်း တံခါးဆီသို့ ပြေးသွားကာ ဆွဲဖွင့်လိုက်တော့သည်။

‎

‎သို့သော် သူမ အပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် လက်တစ်ဖက်က သူမ၏ ဆံပင်ကို ဆွဲကိုင်ကာ အိမ်ထဲသို့ ပြန်လည် ဆွဲခေါ်သွားခဲ့သည်။

‎

‎"အားးး ငါ့ဆံပင် ငါ့ဆံပင် နင်လို ခွေးမက အခုချက်ချင်း လွှတ်စမ်း" သူမက အိမ်နီးနားချင်းများ သတိထားမိစေရန် မျှော်လင့်ချက်ဖြင့် အစွမ်းကုန် အော်ဟစ်လိုက်သည်။

‎

‎အိုင်ဗီက ခပ်တိုးတိုး ရယ်မောလိုက်၏။ အိုင်စလာ ဘာတွေးနေသည်ဆိုသည်ကို သိရန် သူမအတွက် အထူးတလည် စဉ်းစားနေစရာပင် မလိုချေ။

‎

‎ဘာပဲဖြစ်ဖြစ်... အိုင်ဗီကိုယ်တိုင်လည်း အတိတ်ဘဝတုန်းက သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် ဤနည်းလမ်းကိုပင် သုံးခဲ့ဖူးသည် မဟုတ်ပါလား။

‎.....

‎

‎"အားးး! အိုင်စလာ... ကျေးဇူးပြုပြီး... အဲလိုမလုပ်ပါနဲ့! တောင်းပန်ပါတယ် ငါ ဆိုင်းလပ်စ်ကို ဘယ်တော့မှ လှည့်မကြည့်တော့ပါဘူး ကျေးဇူးပြုပြီး တော်ပါတော့"

‎

‎ဒေမီယန်နှင့် ဆာဖီနာတို့က သူမကို ဖိထားစဉ် အိုင်ဗီက အသနားခံနေရှာသည်။ အိုင်စလာကတော့ ဖယောင်းတိုင်မီးဖြင့် အပူပေးထားသည့် ဓားကိုကြည့်ကာ သရော်ပြုံး ပြုံး‌နေလေရဲ့။

‎ပူပြင်းနေသည့် ဓားမြှောင်ဆီမှ တရှဲရှဲအသံများ ထွက်ပေါ်နေပြီး အိုင်ဗီမှာမူ ကြောက်လန့်တကြား ချွေးစေးများ ပြန်နေတော့သည်။

‎

‎"မေမေ... သူ့အင်္ကျီကို ဆွဲလှန်လိုက်။ သူ့ရဲ့ အကျင့်ပျက်တဲ့ အမူအရာတွေကို တခြားသူတွေ ပေးသိလို့မဖြစ်ဘူးမလား?" အိုင်စလာက ပြောလိုက်သည်။ သူမ၏ အပြစ်ကင်းစင်သော မျက်နှာတွင် ယုတ်မာသော အမူအရာများ ထင်ဟပ်နေ၏။

‎

‎အိုင်ဗီမှာ ထိတ်လန့်တုန်လှုပ်နေပြီး အသည်းအသန် ရုန်းကန်ရင်း သူမကို ဖိထား‌ေသာသူ‌‌တွေရဲ့လက်များကို ပူလောင်စေလိုက်သည်။

‎

‎"အားးး" ဆာဖီနာက အော်ဟစ်ကာ လက်ကို ပြန်ရုပ်လိုက်ရသလို ဒေမီယန်မှာလည်း အိုင်ဗီ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပူရှိန်ကြောင့် လောင်ကျွမ်းသွားရသည်။

‎

‎အိုင်ဗီ တောင်းပန်မနေတော့ပေ။ ပထမဆုံးအကြိမ်အဖြစ် သူမကိုယ်သူမ ဒီမိသားစုရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်တော့သလို ခံစားလိုက်ရသည်။ ငရဲပဲ... သူမသည် သူတို့၏ ရန်သူပင် ဖြစ်နေနိုင်သည်။

‎

‎သူမ အသက်လုကာ ပြေးထွက်ရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။ ထို့နောက် ရှိသမျှ အင်အားကို အသုံးပြုကာ—

‎"ကယ်ကြပါဦး! ကယ်ကြပါဦး!" ဟု အော်ဟစ်လိုက်တော့သည်။

‎

‎သူမ ခြေလှမ်းတစ်လှမ်း လှမ်းရုံရှိသေးသော်လည်း အိုင်စလာက သူမ၏ ဆံပင်ကို ဆွဲကိုင်ကာ အခန်းထဲသို့ ပြန်လည် ဆွဲခေါ်သွားပြီး ဒေမီယန်က တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်သည်။

‎"နင်လို ကောင်မက တော်တော်ကို သတ္တိကောင်းနေတာပါလား" အိုင်စလာက ဒေါသတကြီးဖြင့် မီးရဲနေသည့် ဓားနှင့် ထိုးစိုက်လိုက်ရာ အိုင်ဗီမှာ အပြင်းအထန် နာကျင်လွန်းသဖြင့် ကိုယ်လေး ညွတ်ခွေကာ အော်ဟစ်လိုက်ရသည်။

‎‎ထက်ရှသော အရာတစ်ခုက ခန္ဓာကိုယ်တွင်း အင်္ဂါများကို ပိုင်းဖြတ်သွားသည့် ခံစားချက်နှင့်အတူ အလွန်အမင်း ပူလောင်သည့် ဒဏ်ရာကို ပေါင်းစပ်ခံစားလိုက်ရခြင်းမှာ လွန်စွာ ခံရခက်လှသည်။

‎‎ထိုအချိန်သည် အိုင်ဗီတစ်ယောက် သေချင်စိတ် ပထမဆုံးအကြိမ် ပေါက်ခဲ့သည့် အချိန်ပင်။ နာကျင်မှုက ပြင်းထန်လွန်းလှသဖြင့် သူမ သွေးအန်ကာ ထိုနေရာမှာတင် မေ့လဲသွားတော့သည်။

‎သို့သော်လည်း အိုင်စလာကတော့ အားမရသေးချေ။ အိုင်ဗီကို ထပ်မံ နှိပ်စက်ချင်နေသေးသော်လည်း အိမ်နီးနားချင်းများက တံခါးကို လာရောက် ထုရိုက်နေကြပြီ ဖြစ်သည်။

‎........

‎

‎အိုင်ဗီသည် အိုင်စလာကို အိမ်ထဲသို့ ပြန်လည် ဆွဲခေါ်ကာ တံခါးပိတ်လိုက်သည်။ ထို့နောက်... ကြိမ်လုံးဖြင့် ဆုံးမပွဲကြီး စတင်ပါတော့သည်။

‎‎"အားးး တော်တော့ နင်လို ခွေးမ! ငါ့ကို နာအောင် လုပ်နေတာလား အားး ရပ်စမ်း" အိုင်စလာက အော်ဟစ်ရင်း ကိုယ်ကို လုံးထွေးကာ ခေါင်းကို ကာထားတော့သည်။

‎‎ရိုက်ချက် နှစ်ချက်၊ သုံးချက်လောက်နှင့်တင် အိုင်စလာတစ်ယောက် ငိုယိုကာ အသနားခံလာတော့သည်။

"အိုင်ဗီ အိုင်ဗီ... ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ရပ်ပါတော့ ထပ်မလုပ်နဲ့တော့နော် နာတယ် တကယ်ကို သေလုမတတ် နာနေပြီ"

‎သူမ၏ ရှိုက်ကြီးတငင် ငိုသံများက အိုင်ဗီ့ကို တုန်လှုပ်စေခြင်း အလျဉ်းမရှိပေ။ အတိတ်ဘဝတုန်းက အိုင်ဗီ့အပေါ် ဒီလောက်ထိ ရက်စက်ဖို့ ဘယ်သူက ခိုင်းခဲ့လို့လဲ

‎‎'ဒီဘဝမှာ သူငါ့ကို မနှိပ်စက်ရသေးလို့ လက်စားမချေတော့ဘူး' ဆိုသည့် အဓိပ္ပာယ်မရှိသော စကားမျိုးကို သူမ မယုံကြည်ပေ။

‎‎သူမ အသက်ရှင်ချင်တယ်ဆိုရင် သူတို့အားလုံး သေကိုသေရမည်

‎‎ဒေါက်... ဒေါက်...

‎‎တံခါးခေါက်သံကြောင့် ကြိမ်လုံးရိုက်သံများ ခေတ္တရပ်တန့်သွားသည်။

‎‎သူမ၏ အစ်ကို ပြန်လာပြီဟု ထင်မှတ်ကာ အိုင်စလာသည် တံခါးဆီသို့ ချက်ချင်း ပြေးသွားတော့သည်။ အိုင်ဗီကလည်း မတားဆီးဘဲ တံခါးကိုသာ စိုက်ကြည့်နေလိုက်သည်။

‎‎ကျန်နေသေးသည့် နောက်ထပ် လူယုတ်မာတစ်ယောက်ကိုပါ သူမ တစ်ခါတည်း စာရင်းရှင်းပစ်ချင်သည်။

‎တံခါးပွင့်သွားသောအခါ မေးရိုးချွန်ချွန်၊ ဆံပင်ဖျော့ဖျော့နှင့် မျက်လုံးနက်နက်တို့ဖြင့် ဒေါသထွက်နေသည့် အရှိန်အဝါရှိသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။

‎အိုင်စလာသည် ထိုအမျိုးသမီးနှင့် ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ သူမကို ပြေးဖက်ကာ ငိုယိုတော့သည်။

‎"ဒေါ်လေးဂျူန်း... ကယ်ပါဦး ကယ်ပါဦး ကျွန်မညီမ ရူးသွားပြီ! သူ ကျွန်မတို့ကို ရိုက်နေတယ် ကျွန်မတို့ အားလုံးကို သူ လိုက်ရိုက်နေတာ"

‎အိုင်စလာ၏ ငိုယိုသံကြောင့် ဂျူးန်တစ်ယောက် အံ့အားသင့်သွားပြီး သူမလက်ထဲမှ ကြိမ်လုံးကို စိုက်ကြည့်နေသည့် အိုင်ဗီ့ကို လှမ်းကြည့်လိုက်သည်။

‎ထို့နောက် သူမက တွန့်ဆုတ်မနေဘဲ အော်ဟစ်လိုက်သည်မှာ—

‎"ဘာတွေဖြစ်နေတာလဲ? နင် သူ့ကို ထပ်ပြီး နှိပ်စက်နေပြန်ပြီလား?"

‎‎အိုင်စလာက ငိုရင်း ခေါင်းညိတ်ပြကာ— "ဟုတ်တယ် အဲဒါပဲ ဒေါ်လေးဂျူးန်၊ ပြောလိုက်စမ်းပါ နင်က ငါ့ကို ဘယ်လိုတောင် နှိပ်စက်ရဲရတာလဲ"

‎‎"ငါက အိုင်ဗီ့ကို အပြစ်တင်နေတာ မဟုတ်ဘူး၊ နင့်ကို ကောင်မရဲ့" ဒေါ်လေးဂျူးန်က အိုင်စလာကို တွန်းဖယ်လိုက်ပြီး အိုင်ဗီ့ဆီသို့ လျှောက်သွားကာ— "အိုင်ဗီ... နင် အဆင်ပြေရဲ့လား?" ဟု မေးလိုက်တော့သည်။

All Chapters