← Chapters

စွမ်းအင်ကာလ သိုလှောင်မှု ဟင်းလင်ပြင်

Vol. 1 Ch. 10

စွမ်းအင်ကာလ သိုလှောင်မှု ဟင်းလင်ပြင်

Vol. 1 Ch. 10

‎လည်ဆွဲတစ်ခု...

‎အတိအကျပြောရလျှင် အလယ်တွင် စိမ်းဖန့်ဖန့် ကျောက်မျက်တစ်ခုပါသည့် ရွှေရောင်ဆွဲကြိုးလေးဖြစ်သည်။ ရိုးရှင်းသော်လည်း အလွန်လှပလွန်းလှသည်။

‎"ဟင်... ဒါက ဘာကြီးလဲ" သူမတစ်သက်တွင် တစ်ခါမျှ မမြင်ဖူးခဲ့သော ထိုလည်ဆွဲကို စိုက်ကြည့်ရင်း အိုင်ဗီ တိုးတိုးလေး ရေရွတ်လိုက်သည်။

‎"ဒါက ရတနာတစ်ခုခုလား ဒါမှမဟုတ် လက်စွပ်လိုမျိုး ရှေးဟောင်းပစ္စည်း တစ်ခုခုများလားသွေးစက်ချကြည့်ရမလား" အိုင်ဗီသည် သူမ၏ လက်ညှိုးကို သွေးထွက်လာသည်အထိ သွားနှင့် ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။

‎မျက်မှောင်တစ်ချက်ပင် မကုတ်ဘဲ အိုင်ဗီသည် လည်ဆွဲပေါ်သို့ သွေးတစ်စက် ချလိုက်ရာ သူမ မျှော်လင့်ထားသည့်အတိုင်းပင် လည်ဆွဲက သွေးကို စုပ်ယူသွားတော့သည်။

‎တောက်ပသော အလင်းတန်းတစ်ခုက အိုင်ဗီ့ကို လွှမ်းခြုံသွားပြီး သူမ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် မြေကွက်လပ်တစ်ခုပေါ်သို့ ရောက်ရှိနေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။

‎ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူဖြူများ ဖုံးလွှမ်းနေပြီး အိုင်ဗီအတွက် ဘာကိုမှ သေချာမြင်ရန် ခဲယဉ်းလှသည်။

‎"အင်း... ငါ ခန့်မှန်းကြည့်ရရင်... ဒါက ရွှေလက်ချောင်းဆိုတဲ့ အစွမ်းမျိုးလား ဟင်းလင်းပြင် တစ်ခုလား? ဒါဆို ဒီမှာ စမ်းရေတွင်းလည်း ရှိရမှာပေါ့၊ ဟုတ်တယ်မလား" အိုင်ဗီ ကိုယ့်ဘာကိုယ် တွေးနေမိသည်။

‎ကမ္ဘာမပျက်ခင်တုန်းက သူမသည် 'ကမ္ဘာပျက်ကပ်' ဝတ္ထုများစွာကို ဖတ်ဖူးခဲ့သည်။ ထိုဝတ္ထုများတွင် ဇာတ်ဆောင်အမျိုးသမီးက ဟင်းလင်းပြင်တစ်ခု ပိုင်ဆိုင်လေ့ရှိပြီး ထိုနေရာတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရုံသာမက လူ့ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သည့် စမ်းရေတွင်းများလည်း ပါရှိတတ်သည်။

‎သို့သော် သူမ၏ စိတ်အာရုံကမူ ထိုသို့မဟုတ်ဟု ပြောနေသည်။

‎အကယ်၍ ၎င်းသည် ဟင်းလင်းပြင်တစ်ခုသာဆိုလျှင် ဒီလောက် ထူးဆန်းသော ပတ်ဝန်းကျင်မျိုး ရှိနေစရာ အကြောင်းမရှိပေ။

‎ဤနေရာသည် အေးစက်နေပြီး မည်သည့်နွေးထွေးမှုမျှ မရှိချေ။ နေရောင်ခြည်၏ အငွေ့အသက်ပင် မတွေ့ရဘဲ ထိုနေရာတွင် ရပ်နေရုံနှင့်ပင် လေထုထဲမှ အအေးဓာတ်ကို အိုင်ဗီ ခံစားနေရသည်။ ဒီနေရာက ဘာဖြစ်နိုင်မလဲဟု သူမ တွေးတောနေစဉ်မှာပင် စက်ရုပ်ဆန်ဆန် အသံတစ်ခုကို ကြားလိုက်ရသည်။

‎[မင်္ဂလာပါ။ 'စွမ်းအင် သိုလှောင်မှု ဟင်းလင်းပြင်'မှ ကြိုဆိုပါသည်။]

‎'စွမ်းအင် သိုလှောင်မှု ဟင်းလင်းပြင်? အဲဒါက ဘာကြီးလဲ' အိုင်ဗီ့ခေါင်းထဲ ပထမဆုံးဝင်လာသည့် မေးခွန်းဖြစ်သည်။

‎[ဤနေရာတွင် သင်သိုလှောင်ထားသမျှ ပစ္စည်းအားလုံးကို အချိန်ကြာမြင့်စွာ မပျက်မစီးအောင် ထိန်းသိမ်းထားနိုင်ပါသည်။ ၎င်းအပြင် သင်၏ စူပါပါဝါကို အသုံးပြု၍ သိမ်းဆည်းသော ပစ္စည်းတိုင်းကို (၂၅) ဆအထိ တိုးပွားစေမည် ဖြစ်ပါသည်။]

‎"ဘာပြောတယ်" အိုင်ဗီ ဆွံ့အသွားရသည်။ သူမ နားထဲတွင် အသံများ ပဲ့တင်ထပ်နေသလိုမျိုးပင် ခံစားလိုက်ရတော့သည်။

‎(၂၅) ဆ တောင်လား

‎ဒါပေမဲ့ စည်းကမ်းချက်က...

‎"ငါ့ရဲ့ စူပါပါဝါကို အသုံးပြုပြီးမှလား" အိုင်ဗီ တိုးတိုးလေး ရေရွတ်မိသည်။

‎သူမ၏ အတိတ်ဘဝ အတွေ့အကြုံအရဆိုလျှင် သူမပိုင်ဆိုင်ခဲ့သော စူပါပါဝါများထဲမှ တစ်ခုမှ ရိက္ခာစုဆောင်းရန်အတွက် အသုံးမဝင်ခဲ့ချေ။

‎အလျင်နှုန်း ၊ ခွန်အား နှင့် စိတ်စွမ်းအင် ကဲ့သို့သော စွမ်းအားများသည် ရိက္ခာများကို လုယူရန် သို့မဟုတ် ခိုးယူရန်အတွက်သာ အထောက်အကူပြုနိုင်သည်။

‎သို့သော် အခြားစွမ်းအားတွေရော ၎င်းတို့မှာ အသုံးမဝင်လှပေ။

‎အိုင်ဗီသည် ထိုအကြောင်းအရာကို ဆက်လက်တွေးတောမနေတော့ဘဲ မေးခွန်းတစ်ခုသာ ထုတ်လိုက်သည်။

‎"ဒါဆို ငါ ဒီမှာ ပစ္စည်းတွေ သိမ်းလို့ရပြီပေါ့... ဒါပေမဲ့ ဒီဟင်းလင်းပြင်က ဘယ်လောက်တောင် ကျယ်တာလဲ?"

‎ထိုအသံရှင်မှာ မည်သူပင်ဖြစ်စေ သူမ၏မေးခွန်းကို ပြန်မဖြေဘဲ လမ်းညွှန်ချက်များကိုသာ ဆက်လက်ပြောကြားနေတော့သည်။

‎[အသက်ရှိသတ္တဝါများကိုလည်း သိမ်းဆည်းထားနိုင်ပါသည်။ သို့သော် ၎င်းတို့သည် အတွင်း၌ တစ်ရက်သာ နေထိုင်နိုင်မည်ဖြစ်သည်။ (၂၄) နာရီ ပြည့်သွားပါက ၎င်းတို့ကို အပြင်သို့ ပြန်လည်နှင်ထုတ်မည် ဖြစ်ပါသည်။]

‎[ပိုင်ရှင်ဖြစ်သူမှာမူ (၅) ရက်အထိ နေထိုင်နိုင်ပါသည်။]

‎[အဆင့်မလုံလောက်သေးသဖြင့် အပင်များနှင့် အခြားအရာများကို ဤနေရာ၌ စိုက်ပျိုး၍ မရနိုင်သေးပါ။]

‎[ဤ 'စွမ်းအင် သိုလှောင်မှု ဟင်းလင်းပြင်' သည် ကံတရားစွမ်းအင် နှင့် ကြင်နာမှုစွမ်းအင် တို့ဖြင့် လည်ပတ်ခြင်း ဖြစ်သည်။ သင်၏ ပစ္စည်းများကို ပွားများစေခြင်း သို့မဟုတ် မပျက်စီးအောင် ထိန်းသိမ်းခြင်းတို့အတွက် ထိုစွမ်းအင်များကို အသုံးပြုမည် ဖြစ်ပါသည်။]

‎[လက်ရှိ သိုလှောင်ထားသော ကံတရားစွမ်းအင် - ၂၀ KB]

‎[မှတ်ချက် - KB ဆိုသည်မှာ ကြင်နာမှုအမှတ် သို့မဟုတ် ကံတရားအမှတ် ကို ဆိုလိုခြင်း ဖြစ်သည်။]

‎အိုင်ဗီ : "..." ဘာကြီးလဲ?

‎ခဏတာမျှ အိုင်ဗီတစ်ယောက် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားရသည်။ "ကြင်နာမှုအမှတ်" တို့ "ကံတရားစွမ်းအင်" တို့ဆိုသည့် ဝေါဟာရများကို သူမ တစ်သက်နှင့်တစ်ကိုယ် ကြားဖူးသည်မဟုတ်။

‎တကယ်ပဲ ကံတရားနဲ့ လည်ပတ်နေတဲ့ အရာမျိုး ရှိနိုင်ပါ့မလား

‎'တကယ့်ကို ထူးဆန်းတဲ့ အဓိပ္ပာယ်မရှိတာတွေပဲ...' ဟု အိုင်ဗီ တွေးမိသည်။

‎သို့သော် သူမ တစ်ခုတော့ သတိထားမိလိုက်သည်။ ဤအသံမှာ တစ်စုံတစ်ယောက်က ကူညီပေးနေသည့် အထောက်အပံ့ပေးသူ မျိုးမဟုတ်ဘဲ လမ်းညွှန်ချက်စာအုပ်တစ်ခုကဲ့သို့သာ ဖြစ်နေခြင်းပင်။

‎ထို့ကြောင့် ထိုအသံက ထူးဆန်းသော စကားများကို ဆက်လက်ပြောကြားနေစဉ် သူမမှာ အံ့ဩမှင်သက်နေသော မျက်နှာပေးဖြင့်သာ နားထောင်နေခဲ့ရသည်။

‎[ဤနေရာတွင် မည်သည့်အရာကိုမျှ အသစ်ဖန်တီး၍ မရပါ။ ပစ္စည်းများကို ပွားများစေခြင်း ကို ပြုလုပ်နိုင်သော်လည်း ၎င်းအတွက် ကြင်နာမှုစွမ်းအင် လိုအပ်ပါသည်။ 'စွမ်းအင် သိုလှောင်မှု ဟင်းလင်းပြင်' တွင် ကြင်နာမှုတိုင်းတာစက် တစ်ခု တပ်ဆင်ထားပြီး ၎င်းသည် ကြင်နာမှု သို့မဟုတ် ကံတရားစွမ်းအင်များကို ဖမ်းယူသိုလှောင်ကာ နောက်ပိုင်းတွင် ပစ္စည်းများ ပြောင်းလဲပွားများရန်အတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။]

‎"တော်ပြီ။ လမ်းညွှန်ချက်တွေကို ခဏ ရပ်ထားလိုက်ဦး" ဟု အိုင်ဗီ အမိန့်ပေးလိုက်သည်။

‎ကျန်ရှိနေသော လမ်းညွှန်ချက်များကို အချိန်မရွေး နားထောင်နိုင်သော်လည်း အချိန်လွန်သွားပါက ရိက္ခာရှာဖွေရန်အတွက် ခက်ခဲသွားမည် မဟုတ်ပါလား။

‎[ကောင်းပါပြီ။]

‎အံ့ဩစရာကောင်းသည်မှာ လမ်းညွှန်ချက်များ ချက်ချင်း ရပ်တန့်သွားခြင်းပင်။ 'ကစားသည်။'၊ 'ခဏ' သို့မဟုတ် '‌ ‌ရပ်ထားသည်' ကဲ့သို့သော အခြေခံ အမိန့်ပေးစကားလုံးများမှာ အလုပ်ဖြစ်ပုံရသည်။

‎အပြင်သို့ ရောက်သောအခါ အိုင်ဗီသည် လည်ဆွဲကို ဝတ်ဆင်လိုက်သည်။ ထိုအခါ သူမ၏ စိတ်ထဲတွင် အသံတစ်ခု ထပ်မံထွက်ပေါ်လာ၏။

‎[မမြင်ရသော လုပ်ဆောင်ချက်ကို ဖွင့်လိုပါသလား]

‎'အဆင်ပြေလိုက်တာ...' အိုင်ဗီ တွေးရင်း "အင်း... ဖွင့်လိုက်မယ်" ဟု ပြန်ဖြေလိုက်သည်။

‎အိုင်ဗီသည် Spa ထဲမှ ထွက်လာခဲ့သည်။ သူမ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ အနည်းဆုံးတော့ ပစ္စည်းများ သိုလှောင်ရန် နေရာမရှိမှာကို စိုးရိမ်နေစရာ မလိုတော့ပေ။

‎"ဟင်း... ငါ ဘယ်ကို အရင်သွားရမလဲ?" အိုင်ဗီ တိုးတိုးလေး ရေရွတ်မိသည်။

‎သူမရဲ့ အရင်ဘဝတုန်းကတော့ သူမ ဘဝတစ်ခုလုံးဟာ မိသားစုအရေးတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကြားမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့ရတာပါ။ ပြင်ပလောကကြီးမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အာရုံစိုက်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ်အတွက်တောင် အချိန်မပေးနိုင်ခဲ့ရှာပါဘူး။ယခုမှာလဲ... ရိက္ခာများကို မည်သည့်နေရာတွင် ရနိုင်မည်နည်းဆိုသည်ကို သူမ မသိချေ။

‎"အဲဒါ အိုင်ဗီ မဟုတ်လား?" အံ့ဩတုန်လှုပ်နေသော လေသံဖြင့် အသံတစ်သံက မေးလိုက်သည်။

‎

‎

‎

‎

‎

All Chapters