← Chapters

ထုတ်ဖော်‌ ပြောပြခြင်း

Vol. 2 Ch. 17

ထုတ်ဖော်‌ ပြောပြခြင်း

Vol. 2 Ch. 17

‎"နောက်ဆုံးတော့... ပြီးသွားပြီဟေ့။" ဟင်နရီသည် သူတို့ရရှိထားသည့် အမဲလိုက်ပစ္စည်းများကို ကြည့်ပြီး အားရကျေနပ်စွာ ပြောလိုက်သည်။

‎အမီလီယာ ကမူ မျက်မှောင်ကြုတ်လျက် - "ဒါတွေကို ဂျစ်ကားတစ်စီးတည်းနဲ့ ဘယ်လိုသယ်မှာလဲ?"

‎ဒီလောက်အများကြီးကို သယ်ဖို့ဆိုလျှင် အနည်းဆုံး ကုန်တင်ကားကြီး ၅ စီးလောက်တော့ လိုအပ်ပေလိမ့်မည်။ သူမ၏ မေးခွန်းကြောင့် တစ်ဖွဲ့လုံး တိတ်ဆိတ်သွားစဉ် အိုင်ဗီကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ သူမတွင် အဖြေရှိသော်လည်း မိမိကိုယ်ကိုယ် ဖော်ကောင်မလုပ်မိစေဘဲ ဤကိစ္စကို မည်သို့တင်ပြရမည်နည်းဟု စဉ်းစားနေခြင်းဖြစ်သည်။

‎'မဟုတ်ဘူး... ငါ လုပ်နိုင်တာပဲ။' ရုတ်တရက် အတွေးတစ်ခုကြောင့် အိုင်ဗီ့မျက်ဝန်းများ တောက်ပသွားသည်။

‎"ကျွန်မတို့ နှစ်ယောက်တည်း စကားပြောလို့ ရမလား" အိုင်ဗီက ဆိုင်းလပ်စ်ကို ထပ်မံတောင်းဆိုလိုက်ပြန်သည်။

‎ဟင်နရီ၊ အမီလီယာ နှင့် ကိုးလ် : (ကြောင်အလျက်) (နောက်တစ်ခါလား ဘာလို့လဲ)

‎ဆိုင်းလပ်စ်သည် သူ့ထံသို့ ရောက်ရှိလာသော စပ်စုသည့်အကြည့်များကို လျစ်လျူရှုကာ ချောင်းတစ်ချက်ဟန့်ရင်း ခေါင်းညိတ်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် စကားပြောသံကို မကြားနိုင်အောင် (နှုတ်ခမ်းလှုပ်ရှားမှုကို မဖတ်နိုင်အောင်) ကျန်သောအဖွဲ့သား သုံးဦးနှင့် အလှမ်းဝေးရာသို့ ထွက်လာခဲ့ကြသည်။

‎အိုင်ဗီသည် အသက်ကို ပြင်းပြင်းရှူကာ ဆိုလိုက်သည်။

‎"ကျွန်မ... ကျွန်မမှာ စွမ်းအားတစ်ခုရှိတယ်။ ဘာမဆို သိုလှောင်ထားလို့ရတဲ့ စွမ်းအားမျိုးပေါ့။ ဒါက ဘယ်လိုရလာလဲဆိုတာကိုတော့ အခုလောလောဆယ် မပြောပြနိုင်သေးဘူး။ ဒါပေမဲ့ ရှင်တို့ လိုချင်တဲ့အချိန်တိုင်း ကျွန်မ ပြန်ထုတ်ပေးမယ်လို့တော့ အာမခံရဲပါတယ်။ အခု ရှင့်ကို လက်တွေ့ပြပါရစေ။"

‎ဆိုင်းလပ်စ် မျက်တောင်တခတ်ခတ်ဖြစ်သွားသည်။ တစ်မိနစ်ခန့် ကြာမှ သတိပြန်ဝင်လာကာ ခေါင်းညိတ်ပြလိုက်၏။

‎"ကောင်းပြီလေ။ ဒါဆို နင့်ရဲ့စွမ်းအားကို ပြ‌ ပေးပါ။"

‎အိုင်ဗီသည် ဆိုင်းလပ်စ်က ဘာမှထပ်မမေးသည့်အတွက် ကျေနပ်သွားမိသည်။

‎ဆိုင်းလပ်စ်သည်လည်း သူ၏ သိလိုစိတ်ကို အတင်းအကျပ် ထိန်းထားရခြင်းဖြစ်သည်။ သူ စပ်စုချင်စိတ် မရှိဘူးဆိုလျှင် လိမ်ရာရောက်ပေလိမ့်မည်။ သို့သော် အိုင်ဗီ့ကို သူနှင့်ဝေးရာသို့ တွန်းမပို့ချင်ပေ။ အကယ်၍ သူသာ အတင်းအကျပ် မေးမြန်းနေပါက သူမသည် သူမ၏ လျှို့ဝှက်ချက်များကို သူ့အား ဘယ်သောအခါမှ ပြောပြတော့မည်မဟုတ်ပေ။

‎အိုင်ဗီသည် နောက်ဆုံးတွင် သူ့အပေါ် စိတ်ချယုံကြည်စပြုလာပြီဟု သူ ခံစားရသည်။ တစ်နေ့နေ့တွင်တော့ သူမသည် ရင်ထဲရှိ အကြောင်းအရာများအားလုံးနှင့် ဤလျှို့ဝှက်ချက်များ၏ အရင်းအမြစ်ကိုပါ ပွင့်ပွင့်လင်းလင်း ပြောပြလာလိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။

‎'နောက်ထပ် အနည်းငယ်လေးပါပဲ... သူမ ငါ့အပေါ် စတင်ဖွင့်ဟလာပြီ။ ငါ သူမကို ယုံကြည်ပေးပြီး ငါ့ရဲ့ပိုင်ဆိုင်မှု ဖြစ်လာအောင် လုပ်ရမယ်...'

‎မထွက်ခွာမီ သူက မေးလိုက်သည်။ "ဒီစွမ်းအားအကြောင်းကို တခြားသူတွေ သိသွားဖို့ရော နင် အဆင်ပြေလား?"

‎အိုင်ဗီက ခေါင်းခါလိုက်သည်။ သူမသည် သူတို့အားလုံးကို ယုံကြည်သော်လည်း... တစ်ဖက်တွင်မူ သူမသည် အတ္တကြီးသူဖြစ်သည်။ ကမ္ဘာပျက်ကပ် ကာလအတွင်း ရှင်သန်ခဲ့ရသဖြင့် လောကကြီး၏ ရက်စက်မှုကို သူမ ကောင်းကောင်းသိသည်။ မနာလိုစိတ်ဆိုသည်မှာ အရုပ်ဆိုးလှသော ခံစားချက်ဖြစ်ပြီး အကောင်းဆုံးသော ဆက်ဆံရေးများကိုပင် ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။

‎ဆိုင်းလပ်စ်သည် အိုင်ဗီ၏ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့် အမီလီယာ ၊ ဟင်နရီနှင့် ကိုးလ်တို့ကို ကားဆီသို့ ပြန်သွားရန် ခိုင်းစေလိုက်သည်။ သူတို့အားလုံး ထွက်သွားသည်နှင့်...

‎အိုင်ဗီသည် သူမ၏လက်ကို ဝေ့ယမ်းလိုက်ပြီး သားကောင်အားလုံးကို "စွမ်းအင် သိုလှောင်မှု ဟင်းလင်းပြင်ဟင်လင်းပြင်' ထဲသို့ ထည့်ရန် စိတ်ကူးလိုက်သည်။

‎[သားကောင်အသား ကီလို ၆၀၀၀ ခန့်ကို သိုလှောင်ခန်းထဲ ထည့်သွင်းမလား?]

‎'ဘာ' အိုင်ဗီသည် ထိုအရေအတွက်ကို ကြည့်ပြီး မှင်တက်သွားသည်။ အသား ကီလို ၆၀၀၀ တောင်လား

‎လူတစ်ယောက်လျှင် ကီလို ၁၂၀၀ စီ ဝေစုရမည်ဆိုပါက သူမအတွက် ၃ နှစ်၊ ၄ နှစ်စာ လောက်ပေလိမ့်မည်။ ချွေတာစားမည်ဆိုပါက ၈ နှစ်စာပင် ရှိသည်။

‎'ဟုတ်ကဲ့။' အိုင်ဗီက စိတ်ထဲမှ ဖြေကြားလိုက်သည်။

‎[အသား ကီလို ၆၀၀၀ အား နှစ်ပေါင်း ၁၀၀ ကြာသည်အထိ လတ်ဆတ်အောင် ထိန်းသိမ်းရန် ၀.၁ KB ကုန်ကျပါမည်။ လက်ခံပါသလား]

‎'ဝါး ၀.၁ KB ပဲလား' အိုင်ဗီ တကယ်ကို ရင်ခုန်သွားရသည်။

‎သူမတွင် ၂၀ KB ရှိသော်လည်း ဤမျှအများကြီး သိုလှောင်ပြီးသည့်တိုင် ၀.၁ KB သာ ကုန်ကျသည်မှာ အံ့သြစရာပင်။

‎'လက်ခံပါတယ်။' သူမ ဖြေလိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်ရှိ သားကောင်များအားလုံး ရုတ်ချည်း ပျောက်ကွယ်သွားပြီး သူမ၏ သိုလှောင်ခန်းထဲသို့ ရောက်ရှိသွားတော့သည်။

‎ဆိုင်းလပ်စ် မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။ ခုနလေးတင် သူ့ရှေ့မှာ ရှိနေသည့် သားကောင်များမှာ ယခုတော့ မရှိတော့ချေ။ လောကမှာ တကယ်ပဲ ထူးခြားစွမ်းအားတွေ ရှိနေပါလားဟု သူ နားလည်လိုက်ရသည်။

‎ဆိုင်းလပ်စ်သည် တအံ့တသြ ဖြစ်နေရသည်မှ အမြန်ဆုံး သတိပြန်သွင်းလိုက်ပြီး အိုင်ဗီ့ကို ခေါင်းညိတ်ပြကာ -

‎"ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒါနဲ့... အဖွဲ့ ဘီ က ဖမ်းမိတဲ့ သားကောင်တွေကိုပါ မင်း သိုလှောင်ပေးထားလို့ ရမလား"

‎အိုင်ဗီက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ ဆိုင်းလပ်စ်၏ အဖွဲ့ကို ကူညီဖို့ဆိုလျှင် သူမက အမြဲအသင့်ပင်။

‎အတိတ်ဘဝက ဆိုင်းလပ်စ် သေဆုံးသွားပြီးနောက်တွင် ရာဗင်ခရော့ဖ်။ မိသားစုက သူမကို နှင်ထုတ်ခဲ့သဖြင့် ဆိုင်းလပ်စ်၏ အဖွဲ့သားများကသာ သူမကို ခေါ်ယူကျွေးမွေးခဲ့ကြသည်။ ထိုစဉ်က သူမသည် မျက်စိကွယ်နေပြီး သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့သော်လည်း သူတို့က သူမကို မပစ်ပယ်ခဲ့ကြပေ။ ဆိုင်းလပ်စ်၏ လက်အောက်ငယ်သားများသည် သူမကို ကာကွယ်ပေးခဲ့ကြပြီး သူမ အသက်ရှင်ခွင့်ရရန်အတွက် သူတို့ကိုယ်တိုင် အသက်ပေးသွားခဲ့ကြသူများ ဖြစ်သည်။

‎အိုင်ဗီအတွက်တော့ သူမရဲ့ မိဘအရင်းတွေနဲ့ ဆိုင်းလပ်စ် ပြီးရင် သူမအပေါ် အကောင်းဆုံး ဆက်ဆံခဲ့သူတွေဟာ ဆိုင်းလပ်စ်ရဲ့ အဖွဲ့သားတွေနဲ့ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။

‎မကြာခင်မှာပဲ သူတို့ဟာ အဖွဲ့ ဘီ ရှိရာကို ရောက်ရှိသွားကြပါတယ်။ ဒါပေမဲ့ ဆိုင်းလပ်စ်က အဖွဲ့ ဘီ က အဖွဲ့ဝင်တွေကိုရော၊ အမီလီယာ ၊ ဟင်နရီနဲ့ ကိုးလ်တို့ကိုပါ အနားကနေ ခေတ္တဖယ်ခိုင်းထားခဲ့ပါတယ်။

‎အဖွဲ့ ဘီ ဖမ်းဆီးရမိထားတဲ့ အသား ကီလို ၅၄၂၀ နီးပါးကို အိုင်ဗီက သိုလှောင်ခန်းထဲ ထည့်ပြီးတဲ့နောက်မှာတော့ ဆိုင်းလပ်စ်ဘက်ကို လှည့်ပြီး ပြောလိုက်ပါတယ်။

‎"ရှင် ကားထဲမှာ ခဏသွားစောင့်နေပေးလို့ ရမလား။ ကျွန်မ ဒီတောင်ပေါ်မှာ တစ်ခုခု လုပ်စရာ ကျန်သေးလို့ပါ"

‎

All Chapters